![]() |
သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ ကို ၂ဝ၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့က မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်။ Photo: Kyaw Lwin Oo/RFA |
ဒေသခံတွေကန့်ကွက်နေတဲ့ မင်းလွင်တောင်မှာ စမ်းသပ်တာတွေ မလုပ်ဖို့ ဒီနေ့ မွန်ပြည်နယ်လွှတ်တော်မှာ မေးမြန်းခဲ့သလို ပြည်နယ် ၀န်ကြီးချုပ်ကို စာပေးပို့ထားတယ်လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ပြောပါတယ်။
အဲဒီမင်းလွင်တောင်မှာ ဓာတ်သတ္ထုစမ်းသပ် တိုင်းတာရေးနဲ့ ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက မြေဧက ၉၀၀ကျော်မှာ ပြည်ထောင်စု သတ္ထုတွင်းဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ ဖြူမင်းထွန်းကုမ္ပဏီက ရရှိထားတာဖြစ်ပါတယ်။
မင်းလွင်တောင်ဟာ ထုံးကျောက်တောင်တွေ၊ သဘာဝလှိုင်ဂူတွေရှိပြီး ကရင်တိုင်းရင်းသားတွေ အထွတ်အမြတ် ထားရာ နေရာဖြစ်ပါတယ်။
မွန်ပြည်နယ် သစ်တောသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက မင်းလွင်တောင်မှာ ဓာတ်သတ္ထုစမ်းသပ်တိုင်းတာရေးနဲ့ ဖြစ်မြောက်နိုင်စွမ်းလေ့လာရေးကို ဖြူမင်းထွန်းကုမ္ပဏီက ရရှိထားကြောင်းနဲ့ ပြည်ထောင်စု အစိုးရက ခွင့်ပြုထားတာဖြစ်ပြီး ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့် မရှိကြောင်း ပြောပါတယ်။
RFA Burmese
https://www.rfa.org/burmese
No comments:
Post a Comment