Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 30, 2018
တရားဖြင့်သေခြင်း (အချိန်မဆွဲနဲ့)
ကိုထွန်းသန်း( Maryland, U.S.A) - အသက် ၄၉ နှစ်
သဲအင်း ယောဂီအမှတ် 187
ယောဂီသစ် တရားစခန်းဝင်ကာလ - March 2 - 13, 2018
ဘဝတပါးကူးပြောင်းသည့်နေ့ March 30, 2018
သဲအင်းဂူ ယောဂီဟောင်း ကိုထွန်းသန်း (Maryland, U.S.A) သည် မင်္ဂလာဒုံ၊ ကုန်းတလပေါင် တိုက်ခွဲ ၃၂ သဲအင်းဂူ ဝိပဿနာ ဓမ္မ ရိပ်သာတွင် အောင်လံ ဆရာတော်ဘုရားကြီး အရှင် စန္ဒိမာ ကြီးကြပ်သော ယောဂီသစ် ၁၀ ရက် အဓိဋ္ဌာန် တရားစခန်းပွဲ ( March 2 - 13, 2018) တွင် သဒ္ဓါတရားထက်တန်စွာ ဖြင့် အသည်းကင်ဆာရောဂါ ခံစားနေစဉ်မှာပင် မဟာပလ္လင်ကျင့်စဉ် ၅နာရီ အောင်မြင်သည် အထိ လာရောက် အားထုတ်ခဲ့ပါသည်။
ယောဂီ ကိုထွန်းသန်းသည်၊ December 18, 2017 တွင် ညာဘက်တခြမ်းအောင့်၍ ဆရာဝန်နှင့် ပြသရာမှ ဆေးစစ်ချက်အရ liver cancer stage 4 အဖြစ် ပထမဆုံးအကြိမ် တုန်လှုပ်စွာ သိရှိ ခဲ့ရသည်။ သို့ပါသော်လည်း Chemotherapy ကို လက်မခံခဲ့ဘဲ ထိုအချိန်မှစ၍ အစား အသောက် အထူးဆင်ခြင်ပြီး Alternative medicine အဖြစ် ဓာတ်စာများကိုသာ သောက်သုံးကာ မိမိ ကျန်ရှိနေသည့် လက်ကျန်ကာလကို အကျိုးရှိစွာ အသုံးပြုချင်နေခဲ့သည်။
January 12, 2018 တွင် ကိုထွန်းသန်း နှင့် interview ခဲ့စဉ်က သူ့ရင်တွင်းမှ ခံစားချက်ကို အောက်ပါအတိုင်းပြောကြားခဲ့သည်။ "သေခြင်းကို တရားသဘောနဲ့ သိက္ခာရှိရှိ ရင်ဆိုင်ချင်တယ်။ ဒီလိုအခြေအနေရောက်လို့ ဆရာဝန်က ပြောတဲ့ အချိန်မှာ သူရဲဘောကြောင်ပြီး အိပ်ယာထဲလှဲနေတဲ့ အချိန်မျိုးတွေနဲ့ မနေချင်ဘူး။ ဒီကိစ္စမှာ အနိစ္စ ဒုက္ခ အနတ္တ သဘောတွေ နားလည်ဖို့ ဆရာလိုတယ်လို့ ကျွန်တော်ယူဆမိတယ်။ "
ထိုအချိန်မှစတင်၍ တိုက်ခွဲ ၃၂ သဲအင်းဂူယောဂီ တစ်ဦး ၏ လမ်းညွှန်မှု နှင့် မိမိခံစားလာရမည့် ဝေဒနာ နှင့် သေခြင်းဆင်းရဲမှ လွတ်မြောက်ရန်အတွက် အာမခံနှင့် တရားပြသပေးနေသည့် အောင်လံဆရာတော်ဘုရားကြီး ထံတွင် တရားအားထုတ်လိုသည့် စိတ်များဖြစ်ပေါ်ခဲ့ပြီး မတ်လ လူသစ် တရားစခန်းပွဲသို့ ဝင်ရောက်ခဲ့သည်။
အောင်လံဆရာတော်ဘုရားကြီး နှင့် တရားပြ တရားထောက်များ၊ ဆရာဝန်ကြီးများ၊ ဝေယျာဝစ္စအကျိုးဆောင်များကလည်း သဒ္ဓါတရားအပြည့် နှင့် တရားအားထုတ် သည့် ယောဂီ ကိုထွန်းသန်းအား ကြပ်ကြပ်မတ်မတ် စောင့်ရှောက်ခဲ့ပါသည်။
တရားစခန်းပွဲ အပြီး March 16 တွင်အမေရိကန်သို့ ပြန်ရောက်ခဲ့ပြီးနောက် အောင်လံ သင်္ကြန်တရားစခန်း ၌လည်း တရားအားထုတ်လိုသည့် ဆန္ဒရှိခဲ့ပါသေးသည်။ နှစ်ပတ်ကျော် အကြာ March 30 ရက်နေ့တွင် ထိုယောဂီသည် (အောင်လံဆရာတော် ဘုရား ကြီး ၏ သြဝါဒ စကားများထဲမှအတိုင်း) လောက ဇာတ်ခုံမှာ သားခန်း ယောက်ျားခန်း အဖေခန်းတို့ကို သရုပ်ဆောင်ခဲ့ပြီး US မှ မြန်မာနိုင်ငံသို့ သွားမည့် လေယာဉ်ပေါ်မှာပင် ဇနီးသည်ဘေး၌ သူမအား မသိစေခဲ့ဘဲ ဝဋ္ဋ်ကြွေးများကိုဆပ်ကာ ငြိမ်းချမ်းစွာဖြင့် ဘဝတပါးသို့ကူးပြောင်းသွားခဲ့သည်။
အောင်လံဆရာတော်ဘုရားကြီး ၏ တရားထူးတရားမြတ်များကို အားထုတ်ခဲ့သည့် အကျိုးများကြောင့် အသေတတ်၍ မြင့်မြတ်သော ဘုံဘဝ တခုကိုပြောင်းသွားပါလိမ့် မည်ဟုလည်း အကြွင်းမဲ့ ယုံကြည်မိပါသည်။ ဘဝ တပါးပြောင်းသွားချိန်တွင် အမျိုးသမီး ဖြစ်သူနှင့် ၃ နှစ် အရွယ် သမီးငယ် တစ်ယောက် ကျန်ရစ်ခဲ့သည်။
ထိုသဲအင်းဂူ ယောဂီသည် ၎င်း၏ မိတ်ဆွေ ဖြစ်သူ သဲအင်းဂူယောဂီဟောင်း တဦး ထံမှ ( တိုက်ခွဲ အမှတ် ၃၂ သဲအင်းဂူ တရားစခန်းပွဲ ) တရားအတွေ့အကြုံများကို ကြားရပြီးသည့်နောက် သဒ္ဓါတရားထက်သန်စွာဖြင့် မတ်လ ယောဂီသစ် စခန်းကို ဝင်ရောက်ဖို့ ဆန္ဒပြင်းပြခဲ့ပြီး နေမကောင်းသည့်ကြားမှ အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံသို့ အချိန်မဆွဲဘဲ တယောက်တည်း လာရောက်အားထုတ်ခဲ့ခြင်းဖြစ်သည်။
စာရေးသူ၏ ရေးသားသော post ကို ဖတ်ရသော ယောဂီ သူတော်ကောင်းများ အနေဖြင့် အောင်လံ ဆရာတော် ဘုရားကြီးဟောကြားခဲ့သည့် မပိုင်တဲ့ဘဝ မခိုင်တဲ့ တခဏ ကိုယ်ဖြစ်ချင် သလို မဖြစ်နိုင်တဲ့ သံသရာခရီးသည်တွေ ပါလားလို့ နောက်ထပ် ဘဝ ဇာတ်လမ်းထဲ မဝင်မိအောင် ဤယောဂီကို စံနမူနာယူလျက် ရက် လ နှစ် တို့ကို အချိန်မဆွဲဘဲ မိမိကို အသေတတ်၍ အနေမြတ်အောင် သင်ကြားပေးနိုင်သော ဆရာကောင်းများထံတွင် တရားထူးတရားမြတ်များရသည်အထိ ကြိုးစားအားထုတ်ကြပါရန် နှိုးဆော် အသိပေးလိုက်ပါသည်။
စားကြွင်း
ယောဂီကိုထွန်းသန်းသည် ကွယ်လွန်ချိန်တွင် ပြုံးနေကြောင်း ကျန်ရစ်သူ ဇနီးသည်က မျက်မြင် တွေ့လိုက်ရသည်ဟု ကြားသိရပါသည်။
ကျန်ရစ်သူ မိသားစုဝင်များ ခွင့်ပြုချက်ဖြင့် ကွယ်လွန်သူ၏ ဓာတ်ပုံ အား ဖော်ပြအပ်ပါသည်။ သို့ပါသော်လည်း ကျန်ရစ်သူ မိသားစု ဝင်များကို ငဲ့ညှာသောအားဖြင့် ဓမ္မရုပ်ခန္ဓာပုံအား ချန်လှပ်ခဲ့ ပါသည်။
Thu Thu
တစ်​ချိန်​က နိုင်​ငံတကာ​ထောက်​လှမ်း​ရေး​လောကတွင်​ အလွန်​ထင်​​ပေါ်ခဲ့​သော စပိုင်​မင်းသား
မောင်​တင်​ဦး​လေးကိုမွန်ပြည်နယ် မုဒုံမြို့မှာ မွေးဖွားခဲ့တယ်​။ ​မောင်​တင်ဦးဟာ မွန်လူမျိုးဖြစ်ပါတယ်။
ဆယ်တန်းပညာသင်ကြား​နေစဉ်​ ရဲ​ဘော်​သုံးကျိတ်​ ဂျပန်​နှင့်​အတူ ယိုးဒယားမှမြန်​မာပြည်​သို့ ပြန်​ဝင်​လာ​သောအခါ အကိုနှစ်​ဦးနှင့်​အတူ အသက် ၁၅ နှစ်အရွယ်မှာ စစ်ထဲဝင်ခဲ့ပါတယ်။ အရပ်ရှည်တာကြောင့် အသက် ၁၈ နှစ်ရှိပြီလို့ ပြောတာကို ယုံကြည်ပြီး ​တော်​လှန်​​ရေးတပ်​သား စုဆောင်းရေးက လက်ခံခဲ့ပါ တယ်။ ဒါကြောင့်သူ၏ တပည့်ဦးဘိုနီစသည့် သူ့လက်အောက်အရာရှိ အများစုးသည် သူ့ထက်အသက်ကြီးသူများဖြစ်တယ်။ အင်္ဂလိပ်တပ်တွေကို ​တော်​လှန်​တိုက်ခိုက်ဖို့ ဗိုလ်နေဝင်းဦးဆောင်တဲ့ ဂျပန်နဲ့ မြန်မာတပ်တွေ ရန်ကုန်ကို ချီတက်လာတဲ့ အချိန်မှာတော့ သူက တပ်စုမှူးအဖြစ်​နဲ့ လိုက်​ပါသွားခဲ့တယ်​။
မြန်မာနိုင်ငံအတွင်းကို ဂျပန်တပ်တွေနဲ့ အတူ ဗိုလ်​နေဝင်း ပြန်လည်ဝင်ရောက်လာချိန်မှာ ​မောင်​တင်ဦးနဲ့ စတင်​သိကျွမ်းခဲ့တယ်။ ဒို့ဗမာအစည်းအရုံးရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးတဲ့ ​မောင်​တင်ဦးရဲ့ မိဘတွေက စစ်ထဲဝင်သွားကြတဲ့ သား ၃​ယောက်ကို စောင့်ရှောက်ပေးဖို့ ဗိုလ်​နေဝင်းကို မေတ္တာရပ်ခံခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ညီအစ်ကိုတွေထဲက အကို၂ယောက် စစ်အတွင်း ကျဆုံးခဲ့ကြတယ်။ ဒါကြောင့် ဗိုလ်​နေဝင်းက ထက်မြက်ပြီး ပါရမီရှိတဲ့မောင်တင်ဦးကို စစ်မြေပြင်ကို မလွှတ်တော့ဘဲ သူ့ရဲ့ မျက်စိ အောက်မှာပဲထားဖို့ ဆုံးဖြတ်လိုက်တယ်။
စစ်​ကြီးပြီးတဲ့နောက် မောင်တင်ဦးဟာ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆက်တက်ပြီး စီးပွားရေးနဲ့ သမိုင်းပညာရပ်တွေ သင်ယူတယ်။ ဒါ့အပြင် တက္ကသိုလ်တက်ရင်း မာ့က်စ်ဝါဒကို လေ့လာခဲ့သလို လက်ဝဲအယူအဆတွေကို ယုံကြည်တဲ့ ကျောင်းသား တွေနဲ့လည်း သိကျွမ်းခဲ့တယ်။
သူ့ရဲ့ ကျောင်းနေဖက်တွေထဲက တစ်​ဦးကတော့ ၁၉၈၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တစ်​ယောက်ဖြစ်တဲ့ စာရေးဆရာ မောင်စူးစမ်း ဖြစ်လာမယ့် မောင်ချမ်းအေးဖြစ်ပါတယ်။ မောင်ချမ်းအေးက သူ့ကိုကွန်မြူနစ်ပါတီဝင်ဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် မောင်တင်ဦးက စိတ်မဝင်စားခဲ့ဘူး။ ဘွဲ့ရပြီးနောက်မှာတော့ စစ်တပ်ကိုပဲ ပြန်ရောက်သွားတယ်​။ စ​ကော့တလန်​ယာဒ်​ ​တော်​ဝင်​ အင်္ဂလန်​ဘုရင့်​စစ်​တက္ကသိုလ်​ကိုတက်​ပြီး ဗိုလ်​ဖြစ်​ခဲ့တယ်​။ ​နောက်​​တော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကိုယ်ရေးအရာရှိ ဖြစ်လာတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းက သူ့ကို ထိရောက်မှု့မရှိတဲ့ ထောက်လှမ်းရေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဖို့နဲ့ စစ်ထောက်လှမ်းရေးဌာန တည်ထောင်ဖို့ တာဝန် ပေးခဲ့တယ်။
ဗိုလ်ချုပ်ကြီးနေဝင်းက သူ့ကို ပစိဖိတ်သမုဒ္ဒရာထဲက အိုကီနာဝါစစ်စခန်း ဆိုင်ပန်ကျွန်းမှာ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီ (CIA) ကဖွင့်တဲ့ သင်တန်းတက်ဖို့ စေလွှတ်ခဲ့တယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးတဲ့ နောက်မှာတော့ သမ္မတဟောင်း မန်းဝင်းမောင်နဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုအပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ရန်ကုန်မြို့ပြင်မှာရှိတဲ့ ရေကြည်အိုင်လို့ ခေါ်ကြတဲ့ စခန်းမှာ ထိန်းသိမ်းဖို့ ဒုဗိုလ်မှူးကြီးတင်ဦးက တာဝန်ယူ တည်​​ဆောက်​ရတယ်။ အာဏာသိမ်းရာမှာ အဓိက player ဖြစ်​တယ်​။ ဦးနုနဲ့ အစိုးရ အဖွဲ့ဝင်တွေကို ကယ်ဆယ်ဖို့ ကြိုးစားလာမှု မှန်သမျှကို ကာကွယ်နိုင်ဖို့လည်း သူကကြိုတင်​ ပြင်ဆင်တယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ဒါမှမဟုတ် နိုင်ငံခြားက အထူးတပ်ဖွဲ့တွေ လေကြောင်းချီ စစ်ဆင်ရေး ပြုလုပ်လာရင်လည်း တုံ့ပြန်နိုင်ဖို့ သနက ၄ တပ်ရင်းရဲ့ အကူအညီနဲ့ ပြင်ဆင်ထားတယ်။ သူရဦးတင်​ဦးနဲ့ ကွဲပြား​အောင်​ လူ​တွေက သူ့ကို မျက်​မှန်​တင်​ဦးလို့ စတင်​​ခေါ်ဆိုကြတယ်​။ ဗိုလ်​​နေဝင်းရဲ့ လက်​ရုံး တင်​ဦးနှစ်​​ယောက်​ဟာ ဒီကာလက ထင်​ရှားကြတယ်​။
မျက်​မှန်​တင်​ဦးဟာ ဗိုလ်ချုပ်ကြီးနေဝင်းကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုတွေကိုလည်း ကြိုတင်​ဖယ်ရှား ပေးနိုင်ခဲ့တဲ့အတွက် သဘောကျနှစ်ခြိက်မှု အကြီးအကျယ် ရရှိခဲ့ပါတယ်။ ဗကပယူဂျီ လက်​ချက်​ 7 July အ​ရေးအခင်း အလုပ်​သမားအ​ရေးအခင်း ဦးသန့်​အ​ရေးအခင်း စတာ​တွေကို ​ဖြေရှင်းခဲ့ရတယ်​။ ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်​ဆင်​​ရေး ဆင်​နွဲချိန်​မှာ ထိ​ရောက်​တဲ့ ​ထောက်​လှမ်း​ရေး အ​ရေးပါပုံကို ပြသခဲ့တယ်​။ ဗကပအလံဖြူအဖွဲ့ခေါင်းဆောင် သခင်သန်းထွန်း သေဆုံးမှုကို အတည်ပြုပေးနိုင်ဖို့ အတွက် စစ်မြေပြင်ကိုလည်း လိုက်သွားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့မယားညီအစ်ကို တစ်ယောက်လည်းဖြစ်တဲ့ သခင်သန်းထွန်းကို သူပုန်းခိုရာ တောတွင်းစခန်းတခုမှာ တပ်ပြေးတယောက်လို့ ယူဆရသူ တစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ ဗိုလ်​နေဝင်းအပေါ် ကြည်ညိုလေးစားမှုကိုလည်း ဖုံးကွယ်မထားခဲ့ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝီစကီသောက်တဲ့အခါတိုင်း “ကျနော့်မှာ ဘုရားတစ်​ဆူပဲ ရှိတယ်။ အဲဒါ ဗိုလ်ချုပ်ကြီး နေဝင်းပဲ” လို့ ပြောတတ်ပါတယ်။ တဖက်မှာလည်း ဗိုလ်​နေဝင်းက သူ့ကို အရမ်းယုံကြည် အားထားပါတယ်။ ဝန်ကြီးအဖွဲ့နဲ့ စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးတွေ ခန့်ထားဖို့ကိုတောင်မှ ဆုံးဖြတ်ချက်မချခင် ဗိုလ်မှူးချုပ်တင်ဦးရဲ့ အကြံ ဥာဏ် ရယူလေ့ရှိပါတယ်။ ၁၉၈၀ နောက်ပိုင်းမှာတော့ ဗိုလ်မှူးချုပ်တင်ဦးဟာ နိုင်တော်ကောင်စီဝင်​ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဖြစ်လာပါတော့တယ်။ ထလရကိုလည်း အနားယူခွင့်​မရခဲ့ပါဘူး။ စစ်​ယူနီ​ဖောင်းကို ​ပြောင်းလဲပြီး ဝတ်​ဆင်​ခွင့်​မရတဲ့ တစ်​ဦးတည်း​သော ဒီကာလ ပါတီ​ခေါင်း​ဆောင်​ပါ။ ထိုကာလက ပါတီထဲ​ကို ​ရောက်​သွားသူတိုင်း အရပ်​ဝတ်​ကိုချက်​ခြင်း လဲကြရပါတယ်​။ လက်အောက်ငယ်သားတွေကလည်း ဗိုလ်​နေဝင်းကို “နံပါတ်တစ်” လို့ စတင် ခေါ်လာကြပြီး သူ့ကိုတော့ “တစ်ခွဲ” လို့ သူတို့ နောက်ကွယ်မှာ ခေါ်ကြပါတယ်။ နှစ်ကတော့ ဗိုလ်​စမ်းယုပေါ့။ နောက်ဆုံးတော့ ၁၉၈၃ ခုနှစ် ရောက်တဲ့အခါမှာ တပည့်​​ကျော်​ ဦးဘိုနီကိစ္စနဲ့ ဗိုလ်မှူးချုပ်တင်ဦးကို နိုင်ငံပိုင်ဘဏ္ဍာ အလွဲသုံးစား လုပ်မှုနဲ့ဖမ်းပြီး ထောင်ဒဏ် တစ်​သက်တကျွန်းချတယ်။ သားဖြစ်သူရဲ့ ကြီးကျယ်ခမ်းနားတဲ့ မင်္ဂလာပွဲကိစ္စ၊ သူ့ရဲ့သား ထိုင်းနိုင်ငံကို သွားတဲ့အခါမှာ ဘန်ကောက် မြန်မာသံရုံးက ကော်ဇောနီခင်းပြီး ကြိုဆိုခဲ့ရတာတွေအပြင် ဗိုလ်မှူးချုပ်တင်ဦးရဲ့ အကျင့်ပျက် ခြစားမှုတွေ အကြောင်းကို အစိုးရက စွပ်စွဲရေးသားခဲ့တယ်။ ဒါပေမယ့် မဟုတ်မှန်ပဲ အကျင့်ပျက်ခြစားမှုကြောင့် အရေးယူတယ်ဆိုတာ အဓိပ္ပာယ်မရှိတာ အားလုံးလူတိုင်းသိကြတယ်။ လေ့လာသူတွေကတော့ အာဏာကိုစုစည်းနိုင်ဖို့ လှုပ်ရှားတာ အရမ်းမြန်သွားတဲ့အတွက် ဗိုလ်မှူးချုပ်တင်ဦး ဖယ်ရှားခံရတာလို့ ခန့်မှန်းကြတယ်။
အင်းစိန်ထောင်ထဲမှာ ရှိနေစဉ် ဗိုလ်မှူးချုပ် (ဟောင်း)တင်ဦးက ဗိုလ်​နေဝင်းဆီကို အသနားခံစာ တစ်​စောင်ရေးသား ပေးပို့ခဲ့တယ်။ စာထဲမှာ သူ့အနေနဲ့ အကျဉ်းထောင်အတွင်း လက်တုံ့ပြန်ခံရမှာကို ကြောက်လန့်နေပြီး မျောက်ပွဲလို ဝိုင်းကြည့်ခံရမှာ မလိုချင်ဘူးလို့ ရေးခဲ့တယ်။ ၁၉၈၈ ခုနှစ် အရေး အခင်းကာလအတွင်း ထောင်ဆူတဲ့အချိန် အသတ်ခံရမှာ စိုးရိမ်တဲ့အတွက် ထောင်အရာရှိတွေက သူ့ကို လုံခြုံစိတ်ချရတဲ့ ထိန်းသိမ်းရေး စခန်းတစ်​ခုဆီ အလျင်အမြန် ရွှေ့ပြောင်းပေးခဲ့ရတယ်။
စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးတဲ့ နောက်မှာတော့ သူ့ကို အိမ်ပြန်ခွင့် ပြုလိုက်ပါတယ်။ နေစရာအိမ်ပိုင် မရှိတဲ့အတွက် ဗိုလ်စောမောင်က မြေဝယ်အိမ်ဆောက် ပေးရတယ်။ အဂတိလိုက်စားခြင်း အလွဲသုံးစားခြင်း ကင်းသူစစ်သားကောင်း ဖြစ်ပါတယ်။ ၁၉၉၈ခုနှစ် ကွယ်လွန်ချိန်အထိ ဗိုလ်မှူးချုပ်(ဟောင်း)တင်ဦးဟာ တခြားစစ်သားဟောင်းကြီး တွေလိုပဲ ဗုဒ္ဓတရားကို လေ့လာခြင်း၊ တရားထိုင်ခြင်း စတာတွေနဲ့ ဘဝကိုအချိန်ကုန်စေခဲ့တယ်။ သူဟာ သူ့ကို ရက်​စက်​ခဲ့တဲ့ ဗိုလ်​နေဝင်းကို ဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူး။ ​ထောင်​ကထွက်​ပြီး​နောက်​ ဦးနေဝင်းရဲ့နေအိမ်သို့ မကြာခဏ သွားရောက်ခဲ့တယ်။ ထောက်လှမ်းရေးအကြီးအကဲဟောင်းဟာ အာဏာရှင်ဆိုကြတဲ့ ဗိုလ်​နေဝင်းရဲ့ လျှို့ဝှက်ချက်တွေကို အုတ်ဂူထဲ ရောက်တဲ့အချိန်အထိ ထိန်းသိမ်းသွားခဲ့တယ်။ သူသေဆုံးသွားချိန်မှာတော့ ဗိုလ်​နေဝင်းက နိုင်ငံတော်တံဆိပ် တပ်ဆင်ပေးပြီး မျက်ရည်ကျ ဝမ်းနည်းကြေကွဲကြောင်း ပြသခဲ့တယ်။ မျက်​မှန်​ကို အ​လောင်းမှာတပ်​မှာတပ်​ပြီး မျက်​မှန်​ကြီး ဆိုတာဒီလိုမှ​ပေါ့လို့ ရယ်​​မောပြီး စိတ်​ပြန်​​ဖြေခဲ့ပုံပါပဲ။
သင်ခန်းစာယူရန် – (စည်းလုံးခြင်းရဲ့အင်အား)
Cridet မောင်မှန်
မှတ်ချက်။ ။ စကော့တလန်​ယာဒ်​ သည် ​တော်​ဝင်​ အင်္ဂလန်​ဘုရင့်​စစ်​တက္ကသိုလ်​မဟုတ်ပါ။ ဗြိတိသျှ ရာဇဝတ်မှု ထောက်လှမ်းရေး ဌာနဖြစ်ပါသည်။
Photo Ko Myat Hein
မြန်မာအလုပ်သမမိန်းကလေးများစွာကို မုဒိမ်း ကျင့်ဖျက်ဆီးခဲ့သော တရားခံ မြန်မာပွဲစားအားဖမ်းမိပြီး အခုထောင်နန်းစံနေရ
မြန်မာအလုပ်သမမိန်းကလေးများစွာကို မုဒိမ်း ကျင့်ဖျက်ဆီးခဲ့သော တရားခံ မြန်မာပွဲစားအားဖမ်းမိပြီး အခုထောင်နန်းစံနေရ
ပြောခဲ့ပါတယ်။
ဖမ်းဆီးစဉ်က သတင်း
များ ဝင်ဖမ်းဆီးစဉ်
Unicode Read
မြန်မာအလုပ်သမမိန်းကလေးများစွာကို မုဒိမ်း
ကျင့်ဖျက်ဆီးခဲ့သော တရားခံ မြန်မာပွဲစားပုံကိုဖော်ပြပေးလိုက်ရပါတယ် နာမည်သုံးမျိုး နဲ့တောင်ပေါ်တိုင်းရင်းသားစပ်ဖြစ်ပါတယ်။
ယခု ထောင်နန်းစံနေပါပြီ သူ့ကို မဟာချိုငရဲစခန်းတွင် စကားပြန်လုပ်ရန် ခေါ်လာသောဌင်းရဲ့ဆရာပုလိပ်စကားပြန်က AAC အဖွဲ့ကိုပြန်တရားစွဲမယ် ဟု ကြိမ်းဝါးနေသလို ပွဲစားလုပ်ဖော်ကိုင်ဘက်ဌင်းရဲ့သူငယ်ချင်း ပွဲစားတစ်ဦးမှလည်း ယခုလိုမိန်းကလေးတွေ မုဒိမ်းကျင့်ခံရတာ သူတို့ အလို့ ခံရတာလို့ AAC အဖွဲ့နဲ့ တွေ့ဆုံစဉ် ပြောရာ AAC အဖွဲ့သားများကဌင်းပွဲစားကို”ဒါဆို မင်းနှမဆို ဘယ်လိုနေမလဲမေးရာ ငါ့နှမဆိုလဲ အလို့ ခံရတာပဲ ခံပေါ့” ဟု
ပြောခဲ့ပါတယ်။
ဖမ်းဆီးစဉ်က သတင်း
မြန်မာအလုပ်သမလေးတွေကို CI စာအုပ်လုပ်ပေး
မယ်ဆိုပြီး တည်းခိုခန်းခေါ်မုဒိမ်းကျင့်တဲ့ မြန်မာပွဲစား
တစ်ဦးကို နယ်မြေခံထိုင်းရဲနှင့် အတူ AAC အဖွဲ့မှ
ယနေ့ည(1) နာရီ ခန့်မှာ တည်းခိုခန်းထဲဝင် ဖမ်းဆီး
လိုက်နိင်ပါပြီ။
တရားခံ အောင်မျိုးမင်း ဟာ ပတ်စပို့ CI ပွဲ
စားလုပ်သလို မဟာချိုင်ရဲစခန်းတွင်လည်း ပုလိပ်
စကားပြန်လုပ်စားနေသူဖြစ်ပြီး မြန်မာမိန်းကလေး
တွေရဲ့ပတ်စပို့စာအုပ် CI စာအုပ်များကို ယုံကြည်
အောင်ပြောပြီး ယူထား၍ စာအုပ်လိုချင်ပါက သူ
ချိန်းနေကျ မဟာချိုင် CI စင်တာ(1) သို့ အမြဲ
ချိန်း၍ လာယူခိုင်းပြီး စင်တာဘေးတည်းခိုခန်းထဲ
သို့ ခေါ် ကာ အတင်းအဓမ္မပြုကျင့်နေတာ ဖြစ်ပြီး
လက်ရှိ AAC ကို လာတိုင်ထားသော မိန်းကလေး
နှစ်ဦးကို သက်သေထွက်ချက်စစ်ဆေးပြီး ဝင်ဖမ်း
နိင်ခဲ့ခြင်းဖြစ်သည်။
”ဒီကောင် မိန်းခလေးတွေ ခေါ်ခေါ် လာတာ ကျတော်
သိသလောက်(10)ယောက်လောက်ရှိပြီ အစကတော့
မရိပ်မိဘူး မိန်းကလေးတွေက မနက်ဆို ငိုငိုပြီး
ပြန်သွားတာ သူက ကျတော့်ရည်းစား စိတ်ဆိုးသွား
တာဆိုပြီး ပြောတယ်” ဟု တည်းခိုခန်းအစောင့်က
ပြောသည်။
ယနေ့ညမှာလည်း မဟာချိုင် ထိုင်းယူနစ်ရပ်ကွက်
မှ တနင်္သာရီတိုင်း ဘိတ်သူမိန်းကလေးတစ်ဦးအား
စာအုပ်ယူချင်ပါက စင်တာ (1) ကို လာဆိုပြီးချိန်းဆိုကာ တည်းခိုခန်းထဲခေါ် စာအုပ်လိုချင်ပါကသူနဲ့ ဒီည အိပ်ရမည်ဟု ခြိမ်းခြောက်အကျပ်ကိုင်နေစဉ် ထိုင်းရဲနှင့် AAC အဖွဲ့မှ လွန်ခဲ့သောသုံးရက် ဌင်းအဓမ္မပြုကျင့်ထားသော မိန်းကလေးသက်သေဖြင့် အချိန်မီဝင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
တည်းခိုခန်းကတော့ မဟာချိုင် CI စင်တာ(1) ဘေး
ကပ်ရပ်မှ မြန်မာပွဲစားများ အမြဲတည်းခိုကျက်စား
နေသော တည်းခိုခန်းဖြစ်ပါသည်။
28-3-2018 ဗုဒ္ဓဟူးည (1) နာရီ ခွဲ
ထိုင်းနိင်ငံ မဟာချိုင်နယ်မြေ CI စင်တာ(1) ဘေး
တည်းခိုခန်းတွင် ထိုင်းရဲများနှင့် AAC အဖွဲ့သား
များ ဝင်ဖမ်းဆီးစဉ်
AAC တွေ ဒီညမအိပ်ရပေမယ့် လူယုတ်မာကို
ဖမ်းဆီးနိင်သောကြောင့် ကျေနပ်မိပါတယ်။
AAC မဟာမိတ်အဖွဲ့(ယာယီဖျက်သိမ်း)
အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ခံရအောင် စောင့်မိတဲ့ ကျွန်တော့်ရဲ့အဖြစ် ကိုယ်တွေ့မို့ အကြံလေးပေးပါရစေ
Zawgyi
Image may contain: screen, outdoor and water
ဟိုဆေးခန်းကောင်းတယ်။
အနယ်နယ်အရပ်ရပ်ကလူတွေနဲ့တွေ့ရတယ် အပြင်အထူးကုမှာသိန်း၅၀ကျမယ်ဆိုလို့ဒီဆေးရုံမှာလာလိုက်တာ ၇၀၀၀၀ ကျပ်ဘဲကျလို့အံ့ဩချီးမွမ်းသွားတာလည်းတွေ့ခဲ့ရတယ်
တစ်ကယ်တော့ ထည့်ရတဲ့ပစ္စည်းအမျိုးမျိုးပေါ်မူတည်ပီးဈေးကွာကြတာပါ ခွဲစိတ်ခ အခန်းခ ဆေးဘိုးဆေးရုံတက်နေစဉ်သောက်တဲ့ဆေး ဘာ မှမကုန်free ပါဆေးရုံမှာမရှိတဲ့ဆေးတော့ဝယ်ရပါတယ်
ခါးထဲထဲ့မဲ့ပစ္စည်းက လေးချောင်းပါ ဈေးကလေးချောင်းကိုဘဲအမျိုးမျိုးရှိပါတယ်။
၅သိန်း
၇သိန်း
၁၀သိန်း
နိုင်ငံကွာလို့ဈေးကွာရတာပါတဲ့။
အချိန်ကုန် လူပန်း ငွေပန်းဖြစ်ကြမစိုးလို့တိုက်တွန်းတာပါ ကြည့်မြင်တိုင်ဆေးရုံရှေ့တည့်တည့်တော်ဝင်အိုအေစစ်မှာပြသရင်လည်းရတယ်ဗျို့လိုအပ်ရင်ဒီဆေးရုံမှာခွဲပေးပါလိမ့်မယ်။
Toe Toe Aye
Unicode
အပ်နဲ့ထွင်းခံရမှာကိုပုဆိန်နဲ့ပေါက်ခံရအောင်စောင့်မိတဲ့ကျနော့်အဖြစ်
ကိုယ့်လိုခါးနာဝေဒနာခံစားနေစတဲ့သူများကိုကျနော့်လိုငွေကုန်ကြေးကျမဖြစ်စေချင်လို့အကြံပေးပါရစေ။
ခါးနာတာကိုမွေးမထားကြပါနဲ့သက်သာလိုသက်သာငြားပြင်ပဆေးကုဌာနအမျိုးမျိုးမှာငွေကုန်ကြေးကြခံ
ရောင်စုံဆေးများကြားမှာနစ်မြောမနေစေချင်ဘူး။
လူအမျိုးမျိုးစကားကိုကြားရပီးခါးခွဲခံရမှာစိုးလို့ ၂၀၁၄ မတ်လမှာရန်ကုန်ကြည့်မြင်တိုင်ဆေးရုံကြီးမှာခါးထဲကိုဆေးထိုးခဲ့တယ်ဆေးထိုးယုံနဲ့ ပျောက်တဲ့သူတွေပျောက်ပါတယ်။
ကျနော်က ၁၅ရက်လောက်ဘဲသက်သာပါတယ်။
ဆေးရုံကတစ်ခါထဲမှာလိုက်ပီးသား ဒီဆေးထိုးလို့မှမသက်သာရင် ၆ လအကြာပြန်လာပါခါးခွဲရမယ်လို့မှာလိုက်ပါတယ် ။
စကားမစပ်ပြောပါရစေ ၂၀၁၄ ကျနောပြင်ပလူနာဌာနမှာပြတုန်းကလည်းဆေးရုံကဆေးအချို့အလကားရပါတယ် အပြင်မှာ ၁၀၀၀၀ကျပ်ပေးဝယ်ရတဲ့ဆေးတောင်အလကားရပါတယ်။
တစ်ချို့ကအခုမှပေးတယ်ထင်နေကြလို့ပါ။
ခါးမခွဲနဲ့အောက်ပိုင်းသေသွားမယ်ဆိုတဲ့တခြားလူအချို့စကားကိုကြားပီးကျနော်ဆေးရုံပြေးဘဝကို ၅ နှစ်ကြာပတ်ပြေးနေသလိုပါဘဲ
ဟိုဆေးခန်းကောင်းတယ်။
ဒီဆေးခန်းကောင်းတယ် ။မော်လမြိုင်မှာကောင်းတယ်
တောင်ငူမှာကောင်းတယ်ရန်ကုန်မြို့ဘယ်ဆေးခန်းဘယ်လိုကောင်းတာ
ကြားသမျှမြင်သမျှအကုန်လိုက်ပြ
ကျနော့်အထင်ဆေးဘိုးခရီးစရိတ် ၅ နှစ်အတွင်းများပေါင်းလိုက်ရင် မနဲဘူး
ရိုက်လိုက်ရတဲ့ဓာတ်မှန်ပေါင်းလည်းမနည်း
ခုနောက်ဆုံးပြလိုက်တဲ့အပြင်ကနာမည်ကြီးအထူကုဆေးရုံနာမည်ကြီးဆရာဝန် ဆရာသန့်စင်နိုင် ဆရာအရမ်းတော်ပါတယ်။
ဆရာကMRI ပြန်ရိုက်ဖို့ တပ်တော်စစ်ဆေးရုံကိုလွှတ်ပါတယ်
စ်ဆေးရုံမှာMRI ရိုက်တဲ့ခါ ဝန်ထမ်းဖြစ်တဲ့အတွက် ၅၀၀၀၀ ကျပ်ဘဲကျပါတယ်။
MRI အဖြေကတော်တော့ကိုဆိုးပါတယ်။ဆရာသန့်စင်နိုင်ကိုအဖြေပြန်ပြတော့ခွဲရမယ်ခါးဆစ်ထဲပစ္စည်းထည့်မှရမယ်တဲ့အဖြေကြားရတော့ခွဲမယ်ပေါ့ဒီအပြင်ဆေးရုံမှာတော့ခွဲနိုင်ဘို့ငွေအင်အားမရှိပါဘူးဆရာဆိုတော့ကြည့်မြင်တိုင်အရိုးဆေးရုံကိုသွားပါ
ခွဲစိတ်ဆရာဝန်အားလုံးတော်ကြပါတယ်လို့ပြောပါတယ်။
အပြင်ဆေးရုံရဲ့ကုန်ကျစရိတ်ကိုလည်းစုံစမ်းခဲ့ပါတယ်အမှန်တသ်ကယ်ခွဲစိတ်ထားသူနဲ့လည်းတွေ့ခဲ့ပါတယ်ကုန်ကျစရိတ်သိန်း၃၀ ရှိပါပြီ တဲ့
သွေးတိုးသွားတာမှ၁၆၅ ၁၀၀ ထိဘယ်လိုတတ်နိုင်ပါ့မလည်း နေ့ငို ညငို
ဆေးရုံသွားမပြသေးဘူး အမိုက်မက အပြင်အကြောပြင်မှာကားကြမ်းကြမ်းစီးပြီးသွားပြသေးတာ။
ဂျပန်ဆေးတဲ့၅၀၀၀၀ကျော်ဘိုးဝယ်သောက်လိုက်သေးတာ အမှတ်ကိုမရှိသေးတာ နောက်ဆုံးတော့
ရန်ကုန်ကြည့်မြင်တိုင်အရိုးဆေးရုံကိုသာနောက်ဆုံးရိုက်ထားတဲ့MRIဓာတ်မှန်တစ်ချပ်နဲ့ရောက်ခဲ့ရပါတယ်
ကိုယ့်အလှည့်ရောက်ဘို့တော်တော်တော့စောင့်လိုက်ရပါတယ်။
ကို့MRIကြည့်ပီးဆရာတွေကချက်ချင်းဆေးရုံတက်ပါခွဲရမယ်နော်လို့ပြောလိုက်ချိန်မျက်ရည်များအလိုလိုကျလာလို့ဆရာကကြောက်လို့လားသေးသေးလေးခွဲရမှာပါလို့အားပေးစကားပြောပါတယ်
တစ်ယောက်ထဲလာတာလေဆေးရုံကိုအိမ်ပြန်ပစ္စည်းအချို့ပြန်ယူမယ်ဆိုတာတောင်မပြန်ရပါဘူးအိမ်ကလုတွေလာပို့ခိုင်းပါတဲ့
အာ့လို အာ့လိုနဲ့ဆေးရုံတက်ဖြစ်သွားပါတယ်။
ဆေးရုံတက်နေသူအများကတော့နယ်တွေကများတယ် ရန်ကုန်ကလူတိုးင်အပြင်ဆေးရုံဆေးခန်းငွေကုန်လူပန်းပီးမှဒီဆေးရုံရောက်လာကြတာများတယ်ကျနော်အပါပေါ့
အနယ်နယ်အရပ်ရပ်ကလူတွေနဲ့တွေ့ရတယ် အပြင်အထူးကုမှာသိန်း၅၀ကျမယ်ဆိုလို့ဒီဆေးရုံမှာလာလိုက်တာ ရ၀၀၀၀ ကျပ်ဘဲကျလို့အံ့ဩချီးမွမ်းသွားတာလည်းတွေ့ခဲ့ရတယ်
အပြင်မှာတကရင်သိန်း၅၀ ကျမှာကိုဒီမှာ ၂၂သိန်းဘဲကျတာလည်းတွေ့ရတယ်။
တစ်ကယ်တော့ ထည့်ရတဲ့ပစ္စည်းအမျိုးမျိုးပေါ်မူတည်ပီးစျေးကွာကြတာပါ ခွဲစိတ်ခ အခန်းခ ဆေးဘိုးဆေးရုံတက်နေစဉ်သောက်တဲ့ဆေး ဘာ မှမကုန်free ပါဆေးရုံမှာမရှိတဲ့ဆေးတော့ဝယ်ရပါတယ်
ဆရာဝန်ဆရာမတွေအရမ်းတော်ကြပါတယ်နွေးနွေးထွေူထွေးဆက်ဆံကြပါတယ် ။ကျေနော်ကရိုးရိုးခွဲမရခါူထဲပစ္စည်းထဲရမှာမို့ကြောရိုးကုဆောင်ရောက်သွားပါတယ်။
ခါးထဲထဲ့မဲ့ပစ္စည်းက လေးချောင်းပါ စျေးကလေးချောင်းကိုဘဲအမျိုးမျိုးရှိပါတယ်။
၅သိန်း
၇သိန်း
၁၀သိန်း
နိုင်ငံကွာလို့စျေးကွာရတာပါတဲ့။
၇သိန်းအလယ်အလတ်ရွေးချယ်လိုက်ပါတယ် ခုတော့ခွဲစိတ်ပီးလို့အိမ်တောင်ပြန်ရောက်နေပီ
ချုပ်ရိုးအနာတင်းတာကလွဲလို့ဘာနာကျင်မှုမှမရှိတော့ပါဘူး။
ရိုးရိုးအကြောညပ်ခွဲတာဆိုသွေးစစ်ဘိုးကုန်တာလွဲလို့တစပြားမှမကုန်ပါဘူး ။လေဆာနဲ့ဘဲခွဲစိတ်ရရင်တစ်သိန်းခွဲဘဲကျပါမယ်
ခါးစောင်းတာခါးကုန်းတာတွေလဲခွဲနေကြတာတွေ့ခဲ့ရတယ် ကျနော်တောင်ခါးစောင်းနေခဲ့တာခုမတ်သွားပီ
ခါးနာတာ ခါးကြော ညပ်တာအပြင်မှာကုကြမဲ့အစားရန်ကုန်အရိုးအထူးကုကြည့်မြင်တိုင်ဆေးရုံကိုသာသွားပြကြပါ။
အချိန်ကုန် လူပန်း ငွေပန်းဖြစ်ကြမစိုးလို့တိုက်တွန်းတာပါ ကြည့်မြင်တိုင်ဆေးရုံရှေ့တည့်တည့်တော်ဝင်အိုအေစစ်မှာပြသရင်လည်းရတယ်ဗျို့လိုအပ်ရင်ဒီဆေးရုံမှာခွဲပေးပါလိိမ့်မယ်။
Toe Toe Aye
comment တွေများနေတဲ့ ထီးချိုင့်လွှတ်တော်အမတ်ရဲ့ အိမ်
တစ်ခါက fb မှာကျွန်တော့်အိမ်ကိုအကြောင်းပြုပြီးအပြစ်တင်တာ
အတော်များများတွေ့လိုက်ရတယ်။အရမ်းစိတ်မကောင်းဖြစ်မိလိုက်တယ်။တကယ်တော့ဒါဟာရိုးရိုးသားသားပါ။ပြည်သူတွေ
ကိုကျွန်တော်ချပြတာပါ။ပြည်သူတွေအပေါ်ကျွန်တော့်ရဲ့
စိတ်ရင်းအမှန်ပါ။
Umyint Maw
ရုပ်ရှင်ကိုဒီလိုပိတ်ကားထောင်ပြီးပြတာ ကြည့်ခဲ့ဘူးတယ်ဆိုရင်…
ရုပ်ရှင်ကိုဒီလိုပိတ်ကားထောင်ပြီးပြတာ
ကြည့်ခဲ့ဘူးတယ်ဆိုရင်…
သင်ဟာ
အသက်(၄၀)အထက်မှာရှိနေပြီ…
သံချပ်ဆိုတာ ခေတ်ရဲ့ ပုံရိပ်
သံချပ်ဆိုတာ ခေတ်ရဲ့ ပုံရိပ်
သစ်ခုတ်သမားထုလို့မရတော့ဘူး ပန်းပုဆရာနဲ့ ထုရမှာပဲ
တိုက်ပွဲကာလမှာ တိုက်ရည်ခိုက်ရည်ရှိတဲ့သူတွေ
လိုအပ်တယ်။
ပြန်လည်တည်ဆောက်ရေးကာလရောက်ရင်တော့
တတ်သိပညာရှင်တွေလိုအပ်တယ်
သစ်ပင်ခုတ်တဲ့အခါ
သစ်ခုတ်သမားက ခုတ်ရပေမယ့်
အဲဒီသစ်ကိုပန်းပုထုတဲ့အခါမှာတော့
သစ်ခုတ်သမားထုလို့မရတော့ဘူး
ပန်းပုဆရာနဲ့ ထုရမှာပဲ
ဒေါ်အောင်ဆန်းစုကြည်
အင်းစိန်(၈၈) မျိုးဆက်ကျောင်းသား ကိုထွန်းထွန်းသန်းလေယာဉ်ပေါ်တွင်ကွယ်လွန်
အင်းစိန်(၈၈) မျိုးဆက်ကျောင်းသား ကိုထွန်းထွန်းသန်း ဒီနေ့ မြန်မာပြည်ပြန်အလာ လေယဉ်ပေါ်တွင် သေဆုံးသွားပါသဖြင့်၊ သူငယ်ချင်းရဲဘော်အပေါင်းအား စိတ်မကောင်းစွာ အသိပေးအကြောင်းကြားအပ်ပါသည်။
(၈၈)အရေးတော်ပုံတွင်အင်းစိန်မြို့နယ်၊ကျောင်းသားသမဂ္ဂတွင်လှုပ်ရှားခဲ့ပြီး၊(၁၉၉၁၊ဒီဇင်ဘာလတွင်) ဒေါ်အောင်ဆန်းစုကြည်နိုဗာယ်ဆုရခြင်းထောက်ခံပွဲနင့်စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမူတွင် တရားဟောစတင်ဖောကိခွဲဦးဆောင်ခဲ့သူ၊ဖြစ်ပြီး ထိုင်းနယ်စပ်မှတဆင့်၊ အမေရီးကားတွင် နေထိုင်နေပြီး လွန်ခဲ့သည့် ၂ လခန့် (ဒီဇင်ဘာလ နောက်ဆုံးပါတ်)
ကစ၍ အသဲကင်ဆာ ရောဂါဖြစ်နေကြောင်းသိရှိပြီး
ပြီးခဲ့သည့်လဖေဖော်ဝါရီ(၂၆)ရက်နေ့တွင်မြန်မာနိုင်ငံသို့ပြန်လာခဲ့ပြီး၊အမေရီးကားသိုပြန်သွား၍ ရောဂါအခြေနေမ
သက်သာသဖြင့်မြန်မာပြည်သို့
မန်မာပြည်သို့ ယနေ့(၃၀.၃.၂၀၁၈) ရက်နေ့တွင်ပြန်အလာ လေယာဉ်ပေါ်တွင်ပင် အသက်ဆုံးပါးခဲ့ပါရသည်။
ထို့ကြောင့်မိသားစုနှင့်ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်
ရကြောင်းနှင့်မိတိဆွေသူငယ်ချင်းများအားအသိပေးအကြောင်းကြားအပ်ပါသည်။
စိတ်မကောင်းစွာဖြင်။
ဆန်နီ
အကယ်ဒမီနေတိုးရဲ့ တဖက်ကမ်းခတ်အောင် တော်တဲ့ အသံတုပညာ
1
တိတ်ဆိတ်သောသမ္မတ၊ ကျယ်လောင်သောပဲ့တင်သံ
မနေ့ညက ဘီဘီစီကနေ ဒီနေ့ ( မတ် ၃၀ )ရက်နေ့ သမ္မတ တာဝန်လွှဲပြောင်းပွဲ အခမ်းအနား ဘယ်လိုလုပ်မယ်လို့ထင်သလဲ၊ ၂၀၁၆ သမ္မတတာဝန်လွှဲပြောင်းချိန်က ဘာတွေလုပ်ခဲ့သလဲ လို့ ကျွန်တော့်ကို မေးတယ်။ ဒီနေ့မနက်ကျွန်တော့်စာမျက်နှာမှာ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ ဦးသိန်းစိန် နဲ့ ဦးထင်ကျော် သမ္မတ တာဝန်လွှဲပြောင်းတဲ့အခမ်းအနားဓာတ်ပုံလေး အမှတ်တရပြန်ပေါ်လာတယ်။ ဒီလိုနဲ့ ကျွန်တော့်စိတ်တွေက အတိတ်ကိုပြန်ရောက်သွားတော့ တယ်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့တွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရ တာဝန်လွှဲပြောင်းမှုကို တည်ငြိမ်အေးချမ်းစွာဆောင် ရွက်နိုင်ဖို့အတွက် နှစ်ဘက်အဖွဲ့ဖွဲ့စည်းပြီးဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။
အဲဒီသဘောတူညီချက်အရ ကျွန်တော်တို့ဘက်က ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကျွန် တော်နဲ့ ကိုဇော်ဌေး ၊ အင်န်အယ်လ်ဒီဘက်က ဦးဝင်းထိန်၊ ဒေါက်တာအောင်သူ၊ ဒေါက်တာ မျိုးအောင်တို့ ပါတဲ့အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီ အဖွဲ့နှစ်ဖွဲ့ဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ပါတယ်။ အဲဒီနေ့က ဦးလှထွန်းက ခရီးလွန်နေတဲ့အတွက် ကျွန်တော်၊ ကိုဇော်ဌေး နဲ့ သမ္မတ အိမ်တော်ပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့ ဒုညွှန်ချုပ် ဦးမောင်မောင်အုန်းတို့ တက်ပါတယ်။ ဦးဝင်းထိန်အဖွဲ့ကတော့အားလုံးတက်ပါတယ်။
အဲဒီအစည်းအဝေးမှာ ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းခြင်းအခမ်းအနား အစီအစဉ်ကို နိုင်ငံတကာ ဆောင်ရွက်ချက်များ၊ မြန်မာ့သမိုင်းမှာရှိခဲ့တဲ့ သမ္မတတာဝန်လွှဲပြောင်းခြင်းဆိုင်ရာဆောင်ရွက်ချက်များကို ပြန်လည်လေ့လာပြီးရေးဆွဲနေတဲ့အကြောင်းတင်ပြခဲ့ ပါတယ်။သမ္မတ ဦးသိန်းစိန်ကလည်း သမ္မတသစ်ဦးထင်ကျော်ကို တာဝန်လွှဲပြောင်း မှုဟာ ၁၉ ၄၈ ခုနှစ်ထဲက ရွေးကောက်ပွဲနဲ့အာဏာရလာတဲ့အစိုးရတစ်ရပ်က နောက်ရွေးကောက်ပွဲမှာ နိုင်တဲ့ အခြားနိုင်ငံရေးပါတီတစ်ခုကို ငြိမ်းချမ်းစွာတာဝန်လွှဲပြောင်းပေးတဲ့ ပထမဆုံးဖြစ်စဉ် ဖြစ်တဲ့ အတွက် နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပဖို့ ဆန္ဒရှိခဲ့ပါတယ်။
နောက်တစ်ကြိမ် တာဝန်လွှဲပြောင်းမှုအစည်းအဝေးမှာတော့ ကျွန်တော်တို့ဘက်က သမ္မတနှစ်ဦး တာဝန်လွှဲပြောင်းတဲ့အခမ်းအနားနဲ့ပတ်သက်ပြီး လျာထားချက်ကို ရှင်းပြခဲ့ပါတယ်။ အဲဒီ အစီ အစဉ်က ဒီလိုပါ
၁။ သမ္မတသစ် ဦးထင်ကျော်က ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြု၊ မိန့်ခွန်းပြော မယ်။
၂။ ပြည်ထောင်စုလွှတ်တော်မှ သမ္မတအိမ်တော်ကို ယာဉ်တန်းဖြင့်ထွက်ခွာမယ်။
၃။ သမ္မတဦးသိန်းစိန်က သမ္မတအိမ်တော်ဆင်ဝင်ကနေ ကြိုဆိုမယ်။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် အစိုးရအဖွဲ့သစ်၊ အစိုးရအဖွဲ့အဟောင်းမှ ပြည်ထောင်စု ၀န်ကြီးများက လျှောက်လမ်းဝဲယာမှ တန်းစီပြီး ကြိုရမယ်။
၎။ လက်ရှိသမ္မတနဲ့ သမ္မတသစ် နှစ်ယောက် အလေးပြုခံစင်မြင့်ကို သွားမယ်။
၅။ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ က သမ္မတနှစ်ယောက်ကို အလေးပြုမယ်။ အဲဒီအချိန်မှာ အစိုးရအဖွဲ့ နှစ်ခုရဲ့ ၀န်ကြီးတွေကနောက်မှာ ရပ်နေရမယ်။
၆။ သမ္မတသစ်ဦးထင်ကျော်က ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးမယ်။ သမ္မတ ဦးသိန်းစိန်က ဘေးက လိုက်မယ်။
၇။ လက်ရှိသမ္မတ ဦးသိန်းစိန်က သမ္မတသစ်ဦးထင်ကျော်ကို သူ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ နဲ့ မိတ်ဆက်ပေးမယ်။
၈။ သမ္မတသစ်ဦးထင်ကျော်က လက်ရှိသမ္မတ ဦးသိန်းစိန်ကို သူ့အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ နဲ့ မိတ်ဆက်ပေးမယ်။
၉။ သမ္မတနှစ်ဦး သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမမှာ တာဝန်လွှဲပြောင်းပေးမှု အခမ်းအနားကျင်းပမယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းတက်ရောက်မယ်။
၁၀။ အစိုးရဟောင်းကအစိုးရသစ်ကိုလက်ဖက်ရည်ပွဲနဲ့ ဧည့်ခံမယ်။
၁၁။ သမ္မတဟောင်းဦးသိန်းစိန်က သမ္မတသစ် ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတရုံး ကို လိုက်လံပြသမယ်။ သမ္မတဟောင်းဇနီးဒေါ်ခင်ခင်ဝင်း က သမ္မတသစ်ဇနီး ဒေါ်စုစုလွင်ကို သမ္မတ အိမ်တော်ကို လိုက်လံပြသမယ်။
၁၂။ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဇနီး ထွက်ခွာမယ်။ သမ္မတသစ်နဲ့ ဇနီး ကနှုတ်ဆက်မယ်။
ဒီအစဉ်အစဉ်မှာ အဓိက အစီအစဉ်ကျတာက နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ကနေ သမ္မတသစ် ဦးထင်ကျော် ကို အလေးပြုတာနဲ့အစစ်ဆေးခံတဲ့အစီအစဉ်ပါ။ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ဆိုတာက တပ်မတော် ကြည်းရေလေစစ်သည်များနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံ တကာခေါင်းဆောင်များရဲ့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်များမှာ ဂုဏ်ပြု ကြိုဆိုတဲ့တပ်ဖွဲ့ဖြစ်ပါ တယ်။ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့ သမ္မတသစ်ကို အလေးပြုခြင်း၊ သမ္မတ သစ်က ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခြင်းဆိုတာဟာ တပ်မတော်က သမ္မတသစ်ဦးထင်ကျော်ကို အလေးအမြတ်ထား ကြိုဆို ဂုဏ်ပြုတာလည်းဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရေးအနှစ်သာရ အရကြည့် ရင် အလွန်အရေးကြီး ပါတယ်။
ဒါပေမယ့် နောက်တစ်ကြိမ် အစည်းအဝေးမှာ ဦးဝင်းထိန်က ကျွန်တော်တို့ဘက်က အစီအစဉ်ကို သဘောမတူကြောင်းပြောပါတယ်။ အစီအစဉ်တွေများတယ်လို့အကြောင်းပြပါတယ်။ သူတို့က တာဝန်လွှဲပြောင်းတာကို လွှတ်တော်မှာပဲလုပ်မယ်လို့ပြောတယ်။ ကျွန်တော်တို့ဘက်ကတော့ သမ္မတ တာဝန်လွှဲပြောင်းတာကို သမ္မတအိမ်တော်မှာပဲ လုပ်တာသင့်တော်တယ်လို့ ပြန်ဆွေး နွေးတယ်။ နောက်ဆုံးတော့ အစည်းအဝေးတွေမှာ အပြန်အလှန်ဆွေးနွေးပြီးတဲ့အခါ ဂုဏ်ပြု တပ်ဖွဲ့နဲ့ အလေးပြုတဲ့အစီ အစဉ် ၊အစိုးရအဖွဲ့ဟောင်း၊အဖွဲ့သစ်က ကြိုဆိုတဲ့အစီအစဉ်တွေကို ဖြုတ်လိုက်ပြီး သံတမန်ဆောင်ဧည့်ခန်းမမှာပဲ တာဝန်လွှဲပြောင်းတဲ့အခမ်းအနားကို အကျဉ်းချုံး ပြီးဆောင်ရွက်ခဲ့ရပါတယ်။ လက်ဖက်ရည်ပွဲမပါသလို အိမ်တော်နဲ့ သမ္မတရုံးခန်းကိုလိုက်လံ ပြသ တဲ့အစီအစဉ်တွေမပါတော့ပါဘူး။ အဲဒီအစား အစိုးရသစ်က သူ့အစီအစဉ်နဲ့ သူ ညစာစားပွဲ လုပ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခမ်းအနားပြီးတာနဲ့ သမ္မတအိမ်တော်နဲ့ သမ္မတ ရုံး ကိုလိုက်လံစစ်ဆေးပြီးနေရာချထားမှုတွေကို စီစဉ်ပါတယ်။
ကျွန်တော်ကတော့ ကိုယ့်ပါတီရဲ့ သမ္မတ ဦးထင်ကျော်ကို တပ်မတော်သား တွေနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံတော် ဂုဏ်ပြုတပ်ဖွဲ့က အလေးပြု၊ အစစ်ဆေး ခံတဲ့အစီအစဉ်ကို အင်န်အယ်လ်ဒီဘက်က ဘာ့ကြောင့် ပယ်ချတယ်ဆိုတာ အခု စဉ်းစားလို့မရပါဘူး။
ဒီလိုနဲ့ သမ္မတ ဦးထင်ကျော်ဟာ ကတိသစ္စာပြုအခမ်းအနားမှာ သုံးမိနစ်စာ မိန့်ခွန်းကို တိုတို တုတ်တုတ်ပြော၊ တာဝန်လွှဲပြောင်းမှုအခမ်းအနားကို အကျဉ်းချုံးလုပ်၊ သမ္မတသက်တမ်း နှစ် နှစ်တာကာလကိုလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ဖြတ်သန်းသွားခဲ့ပါတယ်။
သူ နှုတ်ထွက်မယ်ဆိုတာကိုတောင် သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်လေးနဲ့ပဲ လူထုကို အသိပေးသွားခဲ့တယ်။ သူနှုတ်ထွက်ရတဲ့အကြောင်းအရင်းကို ပြည်သူလူထုကို မိန့်ခွန်း ပြော လေမလား၊ ဒါမှမဟုတ် ပြည်ထောင်စုလွှတ်တော်ကို သ၀ဏ်လွှာပေးပို့လေမလားလို့ မျှော် လင့်ခဲ့ပေမယ့်လည်း မကြားခဲ့ရပါဘူး။
သမ္မတသစ် ဦးဝင်းမြင့် ကတိသစ္စာပြုပြီးနောက် တာဝန်လွှဲပြောင်းမှုအခမ်းအနားမှာ သမ္မတ ဟောင်း ဦးထင်ကျော်ကို မြင်ရမယ်၊ သူ့စကားကို ကြားရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် သမ္မတ သစ် ဦးဝင်းမြင့်ကို သမ္မတအိမ်တော်မှာ ကြိုဆိုပွဲ အခမ်းအနားလုပ်တာပဲ တွေ့ခဲ့ရပါတယ်။ သမ္မတ ဟောင်းဦးထင်ကျော်ကို ပြည်သူတွေမမြင်ခဲ့ရဘူး။
သမ္မတဦးထင်ကျော်အနေနဲ့ အခြေခံဥပဒေက“ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံး တွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည် “ လို့ ပြဋ္ဌာန်းထားပေမယ့် သူ့ပါတီ ရဲ့ လိုအပ်ချက်အရ ပါလီမန်ခေတ်က အဆောင် အယောင် သမ္မတလောက်တောင် နေရာမရခဲ့ တဲ့အခြေအနေမှာ နိုင်ငံအကျိုးအတွက် မာန်မာနတွေ၊ ဂုဏ်သိက္ခာတွေကို ထည့်မတွက်ပဲ ပေးတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်။
သူဟာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ နိုင်ငံတော်အကြီးအကဲနေရာကို ရောက်လာခဲ့ပြီး ဒီနေရာက နေ တိုးတိတ်ညင်သာစွာပဲ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
ဒါပေမယ့်သူရဲ့ လူကြီးလူကောင်း ဆန်မှု၊ ကိုယ်ကျိုးစွန့်လွှတ်မှု၊ သိမ်မွေ့ နှိမ့်ချမှုတွေက ပြည်သူတွေကြားမှာ ကျယ်လောင်စွာ ပဲ့တင် ထပ် နေမှာကတော့ သေချာပါတယ်။
Ye Htut
သမိုင်းတွင်ပြီ။ ကဗျာဆရာ့သား၊ စာရေးဆရာ သမ္မတ
သမိုင်းတွင်ပြီ။
ကဗျာဆရာ့သား၊ စာရေးဆရာ သမ္မတ
ဦးထင်ကျော်
ဦးဝင်းမြင့်နှင့် ဒေါက်တာဇော်မြင့်မောင်တို့ကို အဖွဲ့ချုပ် ဒုဥက္ကဋ္ဌများအဖြစ် ခန့်အပ်
    By ဒီဗွီဘီ
    30 March 2018
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ခေါင်းဆောင်မှုပိုင်းကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ထိပ်တန်းခေါင်းဆောင်နှစ်ဦးအဖြစ် ဦးဝင်းမြင့်နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ကို ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌ (၁) အဖြစ် ဦးဝင်းမြင့်နဲ့ ဒုဥက္ကဋ္ဌ (၂) အဖြစ် ဒေါက်တာဇော်မြင့်မောင်တို့ကို တာဝန်ပေးလိုက်ကြောင်း အဖွဲ့ချုပ်က မတ်လ ၂၆ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။
အလားတူ အဖွဲ့ချုပ်ရဲ့ သဘာပတိအဖွဲ့ဝင်တွေအဖြစ် ဦးဝင်းထိန်၊ ဦးအုံးကြိုင်၊ ဦးကျော်ခင်နဲ့ မန်းဂျော်နီတို့ကို တာဝန်ပေးလိုက်တယ်လို့လည်း တရက်တည်းမှာပဲ သီးခြားကြေညာချက် ထုတ်ပြန်ထားပါတယ်။
အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပါတီကို ဘယ်သူတွေ ခေါင်းဆောင်မယ် ဆိုတာ အသိပေးလိုက်တာ ဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
“ပါတီကို အစဉ်အဆက် တာဝန်ယူသွားနိုင်မယ့် ပုဂ္ဂိုလ်တွေကို လျာထားလိုက်တာပါ။ သဘာပတိကတော့ ဂုဏ်ထူးဆောင်တာဝန်တွေ ခင်ဗျ၊ အဓိက ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ-၁၊ ဒုဥက္ကဋ္ဌ-၂၊ နောက် အတွင်းရေးမှူးတွေ၊ နောက် သာမန်အဖွဲ့ဝင်တွေ၊ အဲဒီလို သွားပါမယ်။ တာဝန်လျာထား သတ်မှတ်လိုက်ခြင်းအားဖြင့် အစဉ်အဆက် ဘယ်လို တာဝန်ယူမယ် ဆိုတာကို ပါတီဝင်တွေကြားမှာ ထင်သာမြင်သာ ဖြစ်သွားစေချင်ပါတယ်။”
ပါတီကို အမြဲတမ်းသစ်လွင်နေအောင် အမြဲတမ်း အပြောင်းအရွှေ့တွေ လုပ်နေမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
အဖွဲ့ချုပ်ရဲ့ ၂၀၁၈ မတ်လ ၃၀ရက် ထုတ်ပြန်ချက်အရ အဖွဲ့ချုပ်သဘာပတိအဖွဲ့မှာ နာယက သူရဦးတင်ဦး အပါအဝင် သဘာပတိ ၅ ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဒုဥက္ကဋ္ဌ-၁ ဦးဝင်းမြင့်၊ ဒုဥက္ကဋ္ဌ-၂ ဒေါက်တာဇော်မြင့်မောင်၊ အတွင်းရေးမှူးအဖွဲ့ဝင် နှစ်ဦးအဖြစ် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်တို့နဲ့ ဖွဲ့စည်းထားပါတယ်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေကတော့ ဒေါက်တာမေဝင်းမြင့်၊ ဒေါ်ခင်ဌေးကြွယ်၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဒေါက်တာမျိုးအောင်၊ ဦးထွန်းထွန်းဟိန်၊ ဒေါက်တာအောင်မိုးညို၊ ဦးညီပု၊ ဦးအောင်စိုး၊ ဒေါက်တာမျိုးညွန့်နဲ့ ဦးဖြိုးမင်းသိန်းတို့ ဖြစ်ကြပါတယ်။
ပါတီပြောရေးဆိုခွင့်ရှိသူတွေအဖြစ်တော့ ဒေါက်တာဇော်မြင့်မောင်နဲ့ ဒေါက်တာမျိုးညွန့်တို့ကို တာဝန်ပေးထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အဖွဲ့ချုပ်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ပြီးတဲ့နောက် ပါတီကို ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်း စသူတို့ ပါဝင်တဲ့  ပါတီအတွင်းရေးမှူး အဖွဲ့က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပါတီခေါင်းဆောင်ပိုင်းကို ပြင်ဆင်ဖွဲ့စည်းလိုက်ပေမယ့် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီ ဒုဥက္ကဋ္ဌ-၁ ဦးဝင်းမြင့်တို့ဟာ နိုင်ငံအကြီးအကဲတာဝန်တွေ ထမ်းဆောင်နေရတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအရ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခွင့်မရဘဲ ကန့်သတ်ခံထားရပါတယ်။
DVB
ဓာတ်ပုံ – ဒေါက်တာအောင်မိုးညို
Thursday, March 29, 2018
ကို​နေဝင်းရဲ့ ​သီချင်းေ​ရးဆရာ ဆိုတဲ့ ယူဆချက်
အလကာင်္ အတွဲ ၁၊အမှတ်​ ၁ မှာ ​ဖော်​ပြခဲ့တဲ့
ကို​နေဝင်းရဲ့ ​သီချင်းေ​ရးဆရာ ဆိုတဲ့ ယူဆချက်​ပါ၊
အမှတ်​တရ ပြန်​လည်​​ဖော်​ပြ​ပေးလိုက်​ပါတယ်​။ဆံပင်​ရှည်​​တွေ ​ငွေမှင်​နဲ့ပိတ်​ခဲ့ရတာလည်း ​ခေတ်​တစ်​​ခေတ်
ရဲ့ အမှတ်​တရ​တွေ​ပေါ့။
Alinkar Music Journal
နိုင်ငံတော်အကြီးအကဲရဲ့ ဇနီးဆွာ....
နိုင်ငံတော်အကြီးအကဲရဲ့ ဇနီးဆွာ....
Wednesday, March 28, 2018
သုတေသနစာတမ်း ရေးနည်းလမ်းညွှန်
Research Methodology အပိုင်း(၈)
Literature Review or Review of Literature ဘယ်လိုရေးမလဲ။
သုတေသန စာတမ်းရဲ့ အပိုင်း (၂) မှာ Literature review ကိုရေးရပါတယ်။ literature review ရေးဖို့ မစတင်ခင် literature view ဆိုတာ ဘာကိုခေါ်သလဲဆိုတာကို ကိုပြောပြပါမယ်။
-----------------------------------------------------
Review of Literature ဆိုတာဘာလဲ။ (What is Review of Literature ?)
Review of Literature ဆိုတာ မိမိရေးသားပြုစုမယ့် သုတေသနစာတမ်းခေါင်းစဉ်နဲ့ပတ်သတ်ဆက်နွယ်မှု့ရှိ ၊စာရေးဆရာ များ၊သုတေသီများ နှင့်အခြားအခြားသော scholars များ ရှာဖွေပြုစုရေးသားထားတဲ့ (ထုတ်ဝေပြီး၊ မထုတ်ဝေရသေးတဲ့) စာအုပ်၊မဂဇင်း၊ဆောင်းပါးနှင့် အွန်လိုင်းစာစောင် စသည်တို့မှ ဖတ်ရှုရမိတဲ့ အကြောင်း အရာတို့ကို မိမိဟာ ယခုရေးသားနေတဲ့ သုတေသနစာတမ်းနဲ့ပတ်သတ်လို့ ဘယ်လောက်ထိ ဗဟုသုတ ရှိကြောင်း၊ဖတ်ရှု့လေ့လာထားကြောင်း စာဖတ်သူ မိမိပရိတ်သတ်ကို ပြသခြင်းဖြစ်ပါတယ်။
----------------------------------------------------------------------------------------------
သို့ပေမယ့် ဖတ်ရှုရမိတဲ့အကြောင်းအရာများကို ပြန်လည်ပြောပြခြင်း( narrative style) ၊အကျဉ်းချုံးပြခြင်း ( summaries) မျိုးတော့မဟုတ်ပါ။ ဖတ်ရှု့လေ့လာပြီး (ထုတ်ဝေပြီး၊မထုတ်ဝေရသေးတဲ့) စာအုပ်၊ စာစောင်များ ၊မဂဇင်းများမှ မိမိရေးသားမယ့် သုတေသနစာတမ်းနဲ့ ဆက်နွယ်မှု့ရှိတဲ့အကြောင်းအရာများကို critical view မှနေပြီး ၄င်းတို့ရဲ့ အဆိုပြုမှု့၊ချဉ်းကပ်မှု့၊တွေးခေါ်ယူဆထားရှိမှု့ (different arguments, theories and approaches) စသည်တို့ရဲ့ကွဲပြားခြားနားမှု့၊တူညီမှု့ တို့ကို လေ့လာရင်း (analysis and Discussion) ဝေဘန် ဆွေးနွေးသုံးသပ်တင်ပြရမှာဖြစ်ပါတယ်။ ဒါကို Theoretical literature လို့ခေါ်ကြပါတယ်။ ရေးသားတဲ့အခါ conceptual and Theoretical framework နဲ့ဆက်နွယ်မှု့ရှိအောင် ဆွေးနွေးတင်ပြရတာပါ။
--------------------------------------------------
သိထားသင့်သောအကြောင်းအရာများ
Literature review ရေးတော့မယ်ဆိုရင် -
- မိမိရေးသားမယ့် literature review ဟာ ၇ှင်းလင်းပြမယ့် သုတေသန မေးခွန်းက ဘာလဲ၊ သုတေသန ပြဿနာက ဘာလဲ ဆိုတာကို သိရှိနားလည်သဘောပေါက်ထားရပါမယ်။
- ဘယ်လို literature review ကိုရေးသားမှာလဲ၊
- ဘယ်Theory လဲ၊ ဘယ် methodology၊ လဲ၊ဘယ်policy လဲ၊
quantitative research လား၊ qualitative research လားဆိုတာကိုလည်းသေချာနားလည်ထားရပါမယ်။
- Literature review ရဲ့ scope က ဘာတဲ့လဲ။
- ဘယ်လို စာရွက်စာတမ်းများ၊ကို အကိုးကားအဖြစ်အသုံးပြုမလဲ။
(e.g., journals, books, government documents, popular media)
- ဘယ်လို စည်းကမ်းဘောင်အတွင်း သုတေသနလုပ်မှာလဲ။ (e.g., nursing, psychology, sociology,medicine) စတာတွေကို သိရှိနား လည်သဘောပေါက်ထားရပါမယ်။
- ဘယ်ခောတ်၊ဘယ်ကာလမှ အခြေနေတွေကို စိတ်ဝင်စားမှု့ရှိသလဲ။
- ဘယ်လို နယ်မြေတွေမှာ သုတေသနလုပ်မှာလဲ။
-
- ဘယ်လို material တွေကို အသုံးပြုမလဲ။
- စတဲ့အရာတွေကို မိမိကိုယ်တိုင် မေးခွန်းထုတ်ပြီး နားလည်သဘောပေါက်အောင်လုပ်ထားရပါမယ်။
-------------------------------------------------
*** ရည်ရွယ်ချက် ( its purpose ) ***
Review of Literature ရေးရတဲ့ ရည်ရွယ်ကတော့ -
၁။ သုတေသနစာတမ်းဟာ အခြားသောသူများရေးထားပြုစုပြီးစာ
များနှင့်ဆက်စပ်မှု့ရှိကြောင်းပြောဆိုဖို့ရန်၊
၂။ ယခင်ပြုလုပ်ပြီး သုတေသနများကြား တစ်စုံတရာ လစ်လပ်ကွာ
ဟနေမှု့ ကိုမီးမောင်းထိုးပြရန်၊ဖွင့်ဆိုဖို့ နည်းလမ်းသစ်များ ရှိနေကြောင်း သက်သေပြဖို့ရန်၊
၃။ယခင် လေ့လာမှု့များနဲ့ ဆန့်ကျင်နေပုံရတဲ့အရာများကြား ပဋိပက္ခကိုဖြေရှင်းပေးဖို့ရန်၊
၎။ ဆက်လက်သုတေသနပြုလုပ်ဆောင်ရမည့် လမ်းကြောင်းများကို
ညွှန်ပြရန်။
၅။ မိမိလုပ်မယ့် သုတေသနနဲ့ ပတ်သက်ပြီး အစောပိုင်း သုတေသနပညာရှင်တွေ၊ လက်ရှိ ပညာရှင်တွေက ဘာတွေ့ တွေ့ရှိပြီးကြပြီဆိုတာကိုပြောဆိုဖို့ရန်။
စတဲ့ ရည်ရွယ်ချက်များကြောင့် ရေးသားရတာဖြစ်ပါတယ်။
-----------------------------------------------------------------------------------
*** ဘာကြောင့် ရေးသားဖို့လိုအပ်သလဲ။(why Why do I need a literature review?)***
စာဖတ်သူတွေက သင့်ရဲ့ စာတမ်းကို လာဖတ်တဲ့အခါ သူတို့တွေဟာ သင့်ရဲ့ စာတမ်း၊ဝေဘန် ဆန်းစစ်မှု့တွေက ကောင်းပါတယ်လို့ တော်ရုံပြောဆိုကြမှာ မဟုတ်ပါဘူး။ ဒီသုတေသနစာတမ်းဟာ တကယ်လုပ်ထိုက်တယ်၊ တကယ်ကြောင်းကျိုး ညီညွှတ်ပါတယ် ဆိုတာလည်း သူတို့ကိုပြောပြတာ လိုလားကြတယ်။ အဲတော့ သူတို့ တွေခုလို မေးခွန်းထုတ်ကြလိမ့်မယ်။
၁။ ဘယ်သုတေသနမေးခွန်းကို သင်က မေးမြန်းထားသလဲ။
၂။ ဘာလို့ ဒီလို မေးခွန်း ထုတ်ရတာလဲ။
၃။အခြားတစ်ယောက်ယောက်များ ခုလိုအလားတူမေးခွန်း ထုတ်ဖူးသလား။
၎။သင့်ရဲ့စာတမ်းဟာ သင်လေ့လာတဲ့ နယ်ပယ်ထဲက သီအိုရီ၊လက်တွေ့ ကျင့်ကြံမှု့၊သုတေသနတွေနဲ့ ကိုက်ညီမှု့၊ ညီညွှတ်မှု့ကောရှိရဲ့လား။
၅။ဒီအကြောင်းအရာနဲ့ပတ်သတ်လို့ အစောပိုင်းက သိရှိပြီး၊နားလည်ပြီးတဲ့ အရာက ဘာများရှိလဲ။
၆။ဒီလိုနားလည်သိရှိထားတဲ့အထဲကို သင့်ရဲ့သုတေသနက ဘယ်လိုများထပ်ပြီးဖြည့်စွက်ပေးနိုင်မလဲ၊သို့မဟုတ် အစောပိုင်း သီအိုရီတွေ၊ယုံကြည်ချက်တွေကိုဘယ်လိုများ စိန်ခေါ်မှု့လုပ်နိုင်သလဲ။
ဒီမေးခွန်းတွေဟာ သင်ကိုယ်တိုင် မေးခွန်းထုတ်ပြီးလောက်တဲ့ အရာတွေပါပဲ။ အထက်ပါ စာဖတ်သူများရဲ့ မေးခွန်းများနှင့် ထင်မြင်ယူဆချက်များကို ဖြေရှင်းဖို့အတွက် Literature review ကိုရေးသား ရခြင်း ဖြစ်ပါတယ်။
----------------------------------------------------------------------
*** ဘာတွေပါဝင်သလဲ ( what is included in )***
Review of Literature ဆိုတာ ရွေးချယ်ထားတဲ့ နယ်ပယ်နဲ့ဆက်နွယ်တဲ့ စာပေများထဲက တွေ့ရှိထားတဲ့ အရာများ(ထင်မြင်ချက်၊ယူဆချက်တို့ရဲ့ အားနည်းချက်၊အားသာချက်၊ကန့်ကွက်ချက်၊သဘောတူချက်) တို့ကို အကျဉ်းချုံးခြင်း၊အကဲဖြတ်ခြင်း၊ တန်ဖိုးဖြတ်ခြင်းများပြုလုပ်ထားတဲ့ report တခုသာဖြစ်ပါတယ်။
Literature review မှာ အစိတ်အပိုင်း (၃) ခုပါဝင်ပါတယ်။ (1) introduction (2) body (3) conclusion ။
၁။ခေါင်းစဉ်နဲ့ပတ်သတ်လို့ စာရေးဆရာများရဲ့ မတူညီတဲ့အမြင်များ၊ခံယူချက်များ၊ထင်မြင်ချက်များကို နှိုင်းယှဉ်ကြည့်ခြင်း၊ဆန့်ကျင်ဘက်တွေးခေါ်ကြည့်ခြင်းတွေနဲ့ရေးသားတင်ပြရပါမယ်။
၂။တူညီကောက်ချက်ချမှု့တွေကိုလုပ်တဲ့ စာရေးသူများကို အုပ်စုလိုက်
စုပြီး ၄င်းတို့ရဲ့ ထင်မြင်ချက်၊ယူဆချက် တို့ကို ဆွေးနွေးရပါမယ်။
၃။ methodology( Quantitative or Qualitative approach)ရှုထောင့်ကနေ ဆန်းစစ်ဝေဘန် ပြရပါမယ်။
၎။သဘောထားမတူညီတဲ့ စာရေးသူများကို တစ်စုတဝေးဖော်ပြရပါမယ်။
၅။ သုတေသနထဲက ကွာဟချက်၊အားနည်းချက်များကို note ထုတ်ပြခြင်းလုပ်ရပါမယ်။
၆။ယခင် ပြုလုပ်ထားကြပြီးသောသုတေသန စာတမ်းများ၊လေ့လာမှု့များနဲ့ မည်ကဲ့သို့ဆက်နွယ်မှု့ရှိကြောင်း ဖော်ပြရပါမယ်။
----------------------------------------------------------
*** ဘယ်လိုပြင်ဆင်ရမလဲ ( how to prepare)***
မိမိစာတမ်းရဲ့ အားနည်းချက်၊အားသာချက်များ၊သဘောတူချက်၊ကွဲပြား ချက် ကို သိရှိနားလည် သဘောပေါက် ထားဖို့ အရေးကြီးပါတယ်။ ပြီးမှ resource တွေ လိုက်ရှာတဲ့အခါ မိမိက ဘာတွေ လိုချင်နေ သလဲဆိုတာ ရှင်းလင်းနေမှာပါ။ မိမိ ရှာဖွေလိုတဲ့အကြောင်းအရာ ခေါင်းစဉ်ကို ကျုံ့နိုင်သမျှ ကျုံလိုက်ပါ။ မိမိလေ့လာဖတ်ရှု့ရမယ့် scope ကိုကျုံပြီးလုပ်နိုင်လေ ရှာဖွေဖတ်ရှုရမယ့် နေရာက လွယ်ကူလေ ပါပဲ။
*** ညွှန်ကြားမှု့ ***
၁။ သက်ဆိုင်ရာ စာအုပ်တွေကို စုဆောင်းပါ။
၂။ စာအုပ်တခုလုံးကိုလိုက်ဖတ်နေစရာမလိုပါ။ စာအုပ်ရဲ့ အမြည်း သဘောအနေနဲ့ ရေးထားတဲ့ abstract တို့ကိုသေချာဖတ်ပါ။
သူတို့ရဲ့ research problem က ဘာလဲ၊ မိမိရဲ့ research problem က ဘာလဲဆိုတာကို သိထားဖို့လိုပါတယ်။ ကိုယ်လုပ်မယ့် သုတေသန စာတမ်းနဲ့ ဆက်နွယ်မှု့ကော ရှိလား သေချာကြည့်ပါ။ thesis statement ကို သေချာဖတ်ပါ။ findings တွေက ဘယ်လိုလဲဆိုတာကို လေ့လာပါ။
၃။ စာအုပ်ရဲ့အခန်းစဉ်တိုင်းကို ဖတ်စရာမလိုပါ။ စာဖတ်တဲ့အခါ skim
ဖတ်နည်းကိုအသုံးပြုပါ။ မိမိစာတမ်းနဲ့ ဆက်နွယ်တဲ့အပိုင်းကိုရှာပြီးဖတ်ပါ။
၎။ မိမိဖတ်ရှုနေတဲ့ စာအုပ်ဟာ up to date လား ။စာအုပ်က ဟောင်းနေပြီလား၊ဆိုတာကို သေချာကြည့်ပါ။
၅။ ဖတ်ရှု့လေ့လာရတဲ့ စာတမ်း၊စာအုပ်၊မဂဇင်း၊ဆောင်းပါး၊အင်တာနက် ၀က်ဆိုက် ဆောင်းပါး တို့မှ မိမိရေးသားနေတဲ့ စာတမ်းနဲ့ပတ်သတ်လို့ ၄င်းတို့ရဲ့ အားနည်းချက်၊အားသာချက်၊ သဘောတူမှု့၊ ကန့်ကွက်မှု့တို့ကို ကဏ္ဍအလိုက် အုပ်စုလိုက် စာရင်းပြုစု စုဆောင်းထားပါ။ ( လိုအပ်တဲ့အခါ စနစ်တကျ တင်ပြလို့ရအောင်)
--------------------------------------------------
ဝါကျဆက် စကားလုံးအသုံးစွဲများ( use of linking words)
Review of Literature ကိုရေးသားခြင်းဟာ တူညီမှု့၊ မတူညီမှု့၊
ကွဲပြားခြားနဲ့ ခံယူချက်၊ထင်မြင်ယူဆချက် တို့ကို နှိုင်းယှဉ်ကြည့်ခြင်း၊ဆန့်ကျင်ဘက်တွေးဆခြင်းတွေနဲ့ critical view ကနေ ရေးသားရ
တာဖြစ်လို့ အောက်ပါဝါကျဆက်စကားဆက်တွေ မသုံးမဖြစ်သုံးရပါမယ်။
တူညီတဲ့ထင်မြင်ယူဆချက်အတွက် (Similar opinion)
similarly, in addition, also, again
ဆန့်ကျင့်ဘက်ရှုထောင့်ကို ပြချင်တဲ့အခါ ( contradictory view)
however, on the other hand, conversely, nevertheless, but, moreover
----------------------------------------------------------
ကာလ ကိုသုံးစွဲခြင်း (use of Tenses)
စည်းကမ်းချက် (၁)
Literature review ရဲ့ နိဒါန်းပျိုးခန်း( Introduction) မှာ present simple သို့မဟုတ် present perfect tense ကို ယေဘုယျအားဖြင့်တော့ သုံးစွဲကြပါတယ်။
ဥပမာ-
၁။ In the literature there are several examples of new strategies to perform these tests, which all entail setting new parameters [Peters 1997, Grace 2004, Gatto 2005].
၂။ . Many different approaches have been proposed to solve this issue.
စည်းကမ်းချက် (၂)
သုတေသီတစ်ယောက်ဟာအကြောင်းအရာတခုနဲ့ပတ်သတ်လို့ သုတေသနပြုလုပ်နေဆဲ ၊သို့မဟုတ် ဆက်လက်ဖြစ်ပျက်နေဆဲဖြစ်တဲ့အခြေနေတခုအတွက် present perfect ကို သုံးစွဲရပါမယ်။ တကယ်လို့ ဖြစ်ပွားမှု့ကာလအစဟာ အတိတ်ဖြစ်နေပေမယ့်၊၄င်းအဖြစ်အပျက်ဟာဆက်လက်ဖြစ်ပျက်နေဆဲ( သုတေ သနပြုလုပ်နေကြဆဲ) အနာဂါတ်မှာ လည်း ဆက်လက်ဖြစ်ပျက်နေအုန်းမယ်ဆိုရင်လည်း present perfect tense ကိုသုံးစွဲရပါမယ်။
ဥပမာ-
၁။ Since 1998 there have been many attempts to establish an index [Mithran 1999, Smithson 2002], but until now no one has managed to solve the issue of ….
၂။ S4. As yet, a solution to Y has not been found, although three attempts have been made. [Peters 1997, Grace 2004, Gatto 2007].
၃။ So far researchers have only found innovative ways to solve X, but not Y [5, 6, 10].
မှတ်ချက်။ အထက်ပါ အကြောင်းပြချက်များအတွက် past tense ကို လုံးဝ မသုံးစွဲရပါ။
စည်ကမ်းချက်(၃)
ယခင်ထုတ်ဝေပြီးဖြစ်တဲ့စာအုပ်များ၊ရှင်းလင်းချက်များ၊ဆောင်းပါးများကို ပြန်လည်ဆွေးနွေးပြောဖို့အတွက် present simple tense ကိုသုံးစွဲရပါမယ်။
ဥပမာ-
1. The theorem states that the highest degree of separation is achieved when …
2. The lemma asserts that, for any given strategy of Player 1, there is a corresponding…
စည်းကမ်းချက် (၄)
ပြီးဆုံးသွားပြီဖြစ်တဲ့ လုပ်ရပ်တခုကို ပြောဆိုတဲ့အခါ၊(သို့) မိမိဖတ်ရှု့တဲ့စာအုပ်၊စာစောင်စသည်တို့ကို ရေးသားခဲ့တဲ့ရက်စွဲအတိအကျတို့ကို ဖော်ပြတဲ့အခါ၊ထုတ်ဝေတဲ့ခုနှစ်ကို စာသားအတွင်း ထည့်ပြီး ရေးသားတဲ့အခါ “Simple past tense” ကိုသုံးစွဲရပါမယ်။
ဥပမာ -
၁။ The first approaches used a manual registration of cardiac images, using anatomical markers defined by an expert operator along all images in the temporal sequence. Then in 1987, a new method was introduced which …
၂။. This problem was first analyzed in 1994 [Peters].
၃။ Various solutions were found in the late 1990s [Bernstein 1997, Schmidt 1998].
--------------------------------------------------------------------------
ဘယ်စနစ်ကို ကျင့်သုံးမလဲ ( which citation style is used)
မိမိ လေ့လာနေတဲ့ subject ၊တက်ရောက်နေတဲ့ တက္ကသိုလ်ရဲ့ စံ အတိုင်း citation စနစ်ကို သုံးကြရမှာဖြစ်ပါတယ်။ Citation style ဟာ အောက်ပါအတိုင်း အမျိုးမျိုးရှိပါတယ်။
APA စနစ် ၊MLA စနစ် ၊Harvard စနစ် ၊Vancouver စနစ် ၊Oxford စနစ် ၊Chicago စနစ် စသည်။
မိမိတက်ရောက်လေ့လာနေတဲ့ တက္ကသိုလ်ဟာ APA citation နဲ့သာ သုတေသနလုပ်တယ်ဆိုရင် ၄င်း APA စနစ်ဟာ ဘယ်နှစ်ကြိမ်မြောက် (edition) ထုတ်ဝေထားတဲ့စာအုပ်လဲ ဆိုတာကို သိရှိထားရမှာဖြစ်ပါတယ်။ပြီးမှ ၄င်းစနစ်မှာ direct quotation လုပ်နည်း၊ Paraphrasing နည်း၊ summarizing လုပ်နည်းတွေ လုပ်နည်းသဘော သဘာဝကို နားလည်ထားဖို့လိုပါတယ်။
ဥပမာ -
APA (6 edition) ဆိုပါစို့၊အောက်ပါအတိုင်း direct quotation လုပ်ရပါမယ်။
Lee (2007) emphasized the necessity of flexibly applied thinking to cope with rapidly changing technology (p. 82).
Lee in 2007 emphasized the necessity of flexibly applied thinking to cope with rapidly changing technology (p. 82).
In 2007,Lee emphasized the necessity of flexibly applied thinking to cope with rapidly changing technology (p. 82).
Lee (2007) emphasized the necessity of flexibly applied thinking to cope with rapidly changing technology.
------------------------------------------------
စာခိုးချခြင်း (Plagiarism)
စာခိုးချတယ်ဆိုတာ သူတပါးရေးသားထားတဲ့စာများကို ကော်ပီကူးယူခြင်းဖြင့်သော်၎င်း၊ သူတပါးကိုရေးသားစေခိုင်းမှု့ဖြင့်သော်၎င်း မိမိကိုယ်ပိုင်စာပေအရေးသားအဖြစ် ပြုလုပ်ခြင်းကိုဆိုလိုပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို တက္ကသိုလ်၊ကောလိပ်စတဲ့ နယ်ပယ်တွေမှာ ခွင့်မပြုပါ။ ဒီလိုလုပ်ရပ်မျိုးဟာလည်း မရည်ရွယ်ပဲကျုးလွန်မိတတ်ပါတယ်။ ဒါကြောင့် မိမိတို့ကျင့်သုံးရမယ့် citation style ရဲ့ သဘောတရားကို မှန်မှန်ကန်ကန် သိရှိနားလည်ထားဖို့လိုအပ်ပါတယ်။တခါတရံမှာ ပင်ပင်ပန်းပန်းရှာဖွေစုဆောင်းတင်ပြထားတဲ့ အကြောင်းအရာများဟာ မမှန်ကန်တဲ့ citation စနစ်၊ reference မှားယွင်းမှု့များကြောင့် academic လောကထဲမှာ လျစ်လျုရှုမှု့ကို ခံရတတ်ပါတယ်။ဒါကြောင့် citation စနစ်ကို ကောင်းကောင်းလေ့လာပါ။
ဒီလောက်ဆိုရင် review of literature သဘောတရားကိုတော့ နားလည်သဘောပေါက်လောက်ပြီထင်ပါတယ်။
အလင်း
၇၊၁၀၊၂၀၁ရ
Credit: သုတေသနစာတမ်း ရေးနည်းလမ်းညွှန်
Studying at TMDU
မိတ်ဆွေများ ဂျင်းအထည့်မခံကြရစေလို(bff,You’re The Best Best Wishes You Got This Congratulations)
Facebook အသုံးပြုသူတိုင်း ကိုယ့် account ကို ကိုယ်စစ်နိုင်ပါပြီ
Facebook ပိုင်ရှင် CEO Mark Zukerburgဟာ BFFဆိုတဲ့စာလုံး ပြုလုပ်ထားပါတယ်။ hackerတွေရဲ့ အန္တာရယ်က လွတ်အောင်ပါ။
ကွန်မန့်မှာ BFF ကို ရိုက်ကြည့်ပြီး ကိုယ့်account ရဲ့ security ကောင်းမကောင်းကြည့် လို့ရပါတယ်
အဆိုပါ BFF လေးဟာ အစိမ်းရောင်ပြောင်းသွားပါက ကိုယ့် FB account လုံခြုံကြောင်းသိရမှာပါ...
အကယ်၍ မီးစိမ်းမပြောင်သွားပါက မိမိ Password ကိုချက်ချင်း ပြောင်းလဲရန် Facebook ပိုင်ရှင် Mark Zukerberg ကိုယ်တိုင်ပြောဆိုထားပါတယ်။
သင့်သူငယ်ချင်းများသိအောင်လဲ ရှယ်ပေးပါ။
...............
နောက်ဆက်တွဲကတော့
 You’re The Best
Best Wishes
You Got This
 Congratulations
 XOXOကိုရိုက်လို့ အရောင်တွေ ပြောင်းမပြောင်းလဲ
စစ်ဆေးကြည့်ကြပါဦး။
.....................................
မိတ်ဆွေများ ဂျင်းအထည့်မခံကြရစေလို။
အစိမ်းရောင်ပြောင်ခြင်းနှင့် ကောင်လုံခြုံရေးဘာမျှ မသက်ဆိုင်ပါကြောင်း..........
Tuesday, March 27, 2018
ဂရုချက်ခေါင်းဆောင်နဲ့ နောက်ဆက်တွဲပြောဆိုမှု စခရင်ရှော့များ ထပ်မံ ပေါက်ကြား
အကယ်ဒမီပေးပွဲပြီတာနဲ့အတူ ဖေ့စ်ဘွက်တစ်ခုလုံးကို ပွတ်လောရိုက်စေခဲ့တဲ့ ဂရုချက်ကိစ္စရဲ့ နောက်ဆက်တွဲ စကားများနဲ့ ယင်းဂရုကိုပဲ့ကိုင်သူတို့အကြောင်း ထပ်မံပေါက်ကြားလာပြန်ပါတယ်။ ဂရုချက်ကိစ္စဟာ အနုပညာလောကသားများကို သိက္ခာကျ အရှက်ရစေခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ မတ်လ ၂၇ ရက်မှာတော့ ယင်းဂရုချက် နောက်ဆက်တွဲလှုပ်ရှားနေမှုများကို ဒါရိုက်တာကိုပေါက်ရဲ့ အကောင့် အဟက်ခံရတာကနေ ထပ်မံပေါက်ကြားလာတာ ဖြစ်ပါတယ်။ အဲ့ဒိလို ပေါက်ကြားပြီး ထွက်ပေါ်လာတဲ့ စခရင်ချော့တွေထဲမှာတော့ ခင်ဝင့်ဝါ၊ သွန်းဆက်၊ ဇာဂနာ၊ သန္တာဗိုလ်၊ ကျော်ကျော်၊ နေမင်း၊ မောင်သီ၊ စိုးမြတ်နန္ဒာ၊ ထားထက်ထက်၊ နန်းခင်ဇေယျာ၊ ဆုမြတ်နိုးဦး၊ သင်ဇာနွယ်ဝင်း စသူတို့ စကားပြောထားတာ တွေ့ရပါတယ်။
ဒီကရုရဲ့ ကွန်ထိုးလုပ်သူကတော့ စိုးမြတ်နန္ဒာဖြစ်ပြီး ခုလိုဖြစ်သွားတဲ့အတွက် ပေါက်ကွဲပြီး ဂရုထဲကရှိတဲ့ လူတွေအများကြီးကို လောလောဆယ် ထုတ်ပယ်နေပါတယ်။ ဂရုနာမည်ကတော့ မင်းသား၊ မင်းသမီးများ ဆိုတာပဲဖြစ်ပါတယ်။ ဒီဂရုဟာဆိုရင် ဖေ့စ်ဘွက်သုံးတဲ့ ထိပ်တန်းမင်းသားမင်းသမီးတွေ အားလုံးနီးပါးပါဝင်တဲ့ အကြီးဆုံးဂရုလည်းဖြစ်ပါတယ်။
roadofcele.com
ပေါင်းတည်မြို့က ဈေးမှာ စကားများပြီး လင်ဖြစ်သူက မယားဖြစ်သူကို ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား
သေဆုံးသူ DB အား ​စေတနာ နာ​ရေးကူညီမှုအသင်းမှ အသင်းသားများ HSE-5453 (နိဗ္ဗာန်​ယာဉ်​)ဖြင့်​သွား​ရောက်​ခဲ့ပြီး အခင်းဖြစ်​ပွားရာ​နေရာတွင်​ ဘယ်​ဘက်​ရင်အုံထိုးသွင်း ဒဏ်​ရာတစ်​ချက်​ဖြင့်​ ​သေဆုံးလျှက်​​တွေ့ရှိရ​သော အမျိုးသမီးတစ်​ဦ ရုပ်​အ​လောင်းအား ပေါင်းတည်​​ဆေး​ရုံ(ရင်ခွဲရုံဌာန)သို့ ပို့​ဆောင်​ကူညီ​ပေးခဲ့ပါသည်​။
#Unicode Version#
ယနေ့ မတ်လ ၂၇ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ အုပ်ဖို(၂)ရပ်ကွက်၊ ဈေးသစ်ဝန်း(မြောက်ပိုင်းဈေး)အတွင်း ဈေးသည်လင်မယား စကားများရာမှ လင်ဖြစ်သူမှ မိန်းမဖြစ်သူအား ဓါးဖြင့်ထိုး၍ သေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း သိရပါသည်။
သေဆုံးသူ DB အား စေတနာ နာရေးကူညီမှုအသင်းမှ အသင်းသားများ HSE-5453 (နိဗ္ဗာန်ယာဉ်)ဖြင့်သွားရောက်ခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင် ဘယ်ဘက်ရင်အုံထိုးသွင်း ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးလျှက်တွေ့ရှိရသော အမျိူ းသမီးတစ်ဦ ရုပ်အလောင်းအား ပေါင်းတည်ဆေးရုံ(ရင်ခွဲရုံဌာန)သို့ ပို့ဆောင်ကူညီပေးခဲ့ပါသည်။
စေတနာ နာရေးကူညီမှုအသင်း(ပေါင်းတည်)
ကိလေသာ ၁၀ ပါး
ယင်းတို့မှာ...
••••••••••••
🍃..စွဲလမ်းတပ်မက်သော
#လောဘ
#ဒေါသ
🌾..အမှားကိုသာသိသော
#မောဟ
#မာန
#ဒိဋ္ဌိ
#၀ိစိကိစ္ဆာ
#ထိန
🌷..စိတ်ပျံ့လွင့်ခြင်း...
#ဥဒ္ဓစ္စ
#အဟိရိက
#အနောတ္တပ္ပ
               ...... ဟူ၍ဖြစ်သည်။
Credit: dhammasarpay
# Unicode Version ဖြင့် ဖတ်ပါ #
ဝိပဿနာပွားများရခြင်းကြောင့် မဂ်ကိုရသည်။  မဂ်ကိုရသောကြောင့် ဆိုင်ရာ ကိလေသာသေသည်။
ကိလေသာသေသော်ကြောင့် အပါယ်တံခါး ပိတ်ပြီး နိဗ္ဗာန်ဝင်သည်။
စိတ်ကိုညစ်နွမ်းစေကြောင်း ပူလောင်စေခြင်းကို ကိလေသာဟုခေါ်သည်။
ကိလေသာ အကျယ်အားဖြင့် ထောင့်ငါးရာ... အကျဉ်းအားဖြင့် ၁၀ ပါးရှိ၏။
ယင်းတို့မှာ...
••••••••••••
🍃..စွဲလမ်းတပ်မက်သော
#လောဘ
🌸..စိတ်ဆိုးအမျက်ထွက်သော
#ဒေါသ
🌾..အမှားကိုသာသိသော
#မောဟ
🍀..ထောင်လွှားတက်ကြွခြင်း...
#မာန
🍂..ပုဂ္ဂိုလ် သတ္တဝါရှိသည်ဟု အယူမှားခြင်း...
#ဒိဋ္ဌိ
🌺.. ငါသည် အရင်ကဖြစ်ခဲ့သလား စသည်ဖြင့် ယုံမှားခြင်း ...
#ဝိစိကိစ္ဆာ
🌿..စိတ်၏လေးလံထိုင်းမှိုင်း ( ငိုက်မျဉ်း) ခြင်း...
#ထိန
🌷..စိတ်ပျံ့လွင့်ခြင်း...
#ဥဒ္ဓစ္စ
🌴..အကုသိုလ်မှမရှက်ခြင်း...
#အဟိရိက
🌲..အကုသိုလ်မှ မကြောက်ခြင်း...
#အနောတ္တပ္ပ
               ...... ဟူ၍ဖြစ်သည်။
Credit: dhammasarpay
ကလေးများနဲ့ အနီးကပ်မှာရှိပီး သတိမမူမိတဲ့ အဆိပ်
အဲ့တော့ကိုယ့်မယ်
ညီမလေးက
ကိုယ်က
မိဘတွေဟာ ကျန်တဲ့ဆေးတွေကို သိမ်းချင်သိမ်းမယ် paracetamol အရည်တွေဟာ နီးစပ်လွန်းတဲ့ အဆိပ်မှန်း သတိမထားမိကြဘူး
မေတ္တာဖြင့်
#Unicode Version#
ဟိုနေ့က ကလေးဆေးရုံမှာ
စာသွားသင်တဲ့ အမနောက်လိုက်ပီးကိုယ်တွေ ပြန်လာတော့ FA ညီမလေးကလာပြောတယ်
‘ အမရေ အသက်က ၂နှစ်ခွဲနဲ့ ကလေးလေး Paracetamol overdose နဲ့ NA အသစ်လေး ရောက်လာတယ် ‘
အဲ့တော့ကိုယ့်မယ်
‘ ဟယ် ဘယ်လိုဖြစ်တာလဲ ‘ ဆိုတော့
ညီမလေးက
‘ အမရေ သူ့အမေမရှိခင် ဘေးမှာတင်ထားတဲ့ Paracetamol 250/5ml ပါနဲ့ Biogesic တပုလင်းလုံးကို ဖွင့်ပီး သောက်လိုက်တာ ၅ စီစီ ပဲကျန်တယ်မရေ ,အန္တရာယ်ရှိတဲ့ level ကို သောက်လိုက်တာ , ခု ကလေးကတော့ကောင်းပါတယ် အန်တာလဲမရှိဘူးအမ သောက်တာတော့ ၂ နာရီ ခွဲရှိပီ အမ ‘
ကိုယ်က
‘အေးအေး ဒါဆိုလဲ အမ ဆရာတို့ အမ Professor တို့ကိုပြောလိုက်မယ် , paracetamol level ကိုသောက်ပီး ၄ နာရီအကြာဖေါက် N acetylcysteine သွင်းဖို့လုပ်ရအောင် ‘
အဲဒီအချိန် ကိုယ်တွေမှာ ပြာယာခက်နေပီ ကိုယိသိတယိလေ ၈ နာရီ အတွင်း ဖြေဆေးမသွင်းရင် အသည်း အရမ်းပျက်မယ် , ကျောက်ကပ် ဆိုးဝါးစွာပျက် မယ်သိနေတော့ပြာယာခါတ်တာပေါ့++++
ကလေးမေမေကို ကြည့်လိုက်တော့ သူကတော့ အေးအေးဆေးဆေးပါပဲ စိတ်သိပ်မပူ !!
ဘယ်ပူမလဲလေ သောက်လိုက်တာက အရငိ တိုက်နေကျ ကိုယ်ပူကျဆေး စိတ်ချရတဲ့ Paracetamol အရည်လေ !!
များပီးဝင်သွားတာများ ဒီဆရာဝန်တွေ ဘာလို့ ဒလောက် စိတ်တွေပူ ရှူတ်ရှက်ခတ် ဟိုလူ့ပြော ဒီလူ့ပြောနဲ့ ပြာယာခတ် အလုပိရှုတ်နေပါလိမ့်လို့ ထင်ကောင်းထင်နေမယ် !!
တကယ်တော့ နိုင်ငံတကာမှာ paracetamol poisoning incidence ဖြစ်ပွားနှုနိးဟာများပြားလာနေတယ်တဲ့
Spanish study တခုမှာ paracetamol poisoning ကြောင့် အသည်းပျက်ဆီး တာ 9.8 persent ရှိတယ် .
UK နဲ့ USA study မှာ အသည်းပျက်စီးရတဲ့ အကြောင်းရင်း ရဲ့ ၁၄ ရာခိုင်နှူန်းဟာ paracetamol poisoning ကြောင့်တဲ့
အဲ့ဒီတော့ ဒီဆရာဝန်တွေ ကြောက်ကြတာ မဆန်းဘူးလေ++ ..
ရှင်းပြစရာရှိတာရှင်းပြတော့မှ ကလေးမေမေ ခမျာ မျက်စိလေး ကလယ် ကလယ်
ကိုယ့်ရဲ့ ကလေးဆရာဝန်သက်တန်း နဲနဲ လေး အတွင်းမှာ ကလေးလေးတွေ အထူးသဖြင့် ၅ နှစ်အောက်ကလေးလေးတွေ paracetamol ကို အချိုရည်လိုလုပ်သောက်တာ ဒီတစ်ယောက်အပါအဝင်ဆိုရင် ၅ ယောက်တိတိရှိပီ —+
ကျန်ကလေးဆရာဝနိတွေ တွေ့ဖူးတာလဲမနဲ —-
Singapore study တခုမှာလဲ incidence အရမ်းများလာတဲ့ အတွက် လေ့လာကြည့်လိုက်တော့
မိဘတွေဟာ ကျန်တဲ့ဆေးတွေကို သိမ်းချင်သိမ်းမယ် paracetamol အရည်တွေဟာ နီးစပ်လွန်းတဲ့ အဆိပ်မှန်း သတိမထားမိကြဘူူး
ပီးတော့ ကလေးတော်တော်များများကို paracetamol အရည်လေးတွေဟာ သောက်ကောင်းတာများတော့ အချိုရည်သောက် အချိုရည်လေးသောက်လို့ ပြောပီးတိုက်မိကြတယ်
ဆေးကောင်တာတွေမှာလဲ toddlers လေးတွေ လက်လှမ်းမှီတဲ့နေရာလေးတွေမှာ ထားပီးရောင်းတော့ မိဘတွေဟာလဲ လက်လှမ်းမှီရာထားတတ်ကြတယိတဲ့
ခုတော့ သူတို့ဟာ နိုင်ငံ law နဲ့ ဘယိလိုထားသိုရမယ်ဆိုတာ လုပ်ဖို့ စီစဉ်နေကြတယ်တဲ့
တခြားနိုင်ငံ UK , Ireland ,Netherland စတဲ့နိုင်ငံတွေမှာ paracetamol သောက်ပီး teenagers တွေ suiside လုပ်တာများလို့ ဘယ်လောက် ဘယ်နှစ်လုံး ဆိုရင် တော့ over the counter ဝယ်လိုရတယ် ဘယ်လောက်ထက်ကျော်ရင် မဝယ်ရစတဲ့ legislations တွေ ထုတ်လာကြတယ်တဲ့ !!!
ဒီလောက်ဆိုရင်တော့ အနီးစပ်ဆုံး အဆိပ် paracetamol အရည်တွေကို ကလေးတွေနဲ့ နီးနီးစပ်စပ်မှာ မထားကြဖို့နဲ့ လွယိလင့်တကူယူသောက်လို့မရအောင် ထားကြဖို့ သတိရှိလာမယ်လို့ထင်ပါတယ် နော် !!!
ကလေးတွေ အန္တရာယ်ကင်းကြပါစေ!!!
မေတ္တာဖြင့်
ဒေါက်တာခိုင်ဝါဝါထွန်း
https://www.facebook.com/mp4younews/photos/a.524358214287775.1073741826.450761394980791/1713675562022695/?type=3&theater
တိရိစ္ဆာန်မဟုတ်တဲ့ယောက်ျား
တိရိစ္ဆာန်မဟုတ်တဲ့ယောက်ျား
ဂျူးလူ့ အဖွဲ့ အစည်းတွေဆီက သင်ခန်းစာယူစရာတွေ
ဂျူးတွေက သူတို့ ရဲ့ သားသမီးတွေကို ဆယ်ကျော်သက်အရွယ်မှာကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် မောင်းနှင်ကြတယ်။ ယောက်ျားလေးဆိုရင် အသက် (၁၃) နှစ်၊ မိန်းကလေး ဆိုရင် (၁၂) နှစ် ဆိုပါတော့။
ဂျူးဘာသာရေးအဖွဲ့ အစည်းတွေဟာ သူတို့ လောကထဲက အထူးချွန်ဆုံးကျောင်းသား၊ ကျောင်းသူတွေကို စုတယ်။ ထောက်လှမ်းရေးနဲ့ ပတ်သက်တဲ့ တက္ကသိုလ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ နည်းပညာကျွမ်းကျင်သူတွေ နဲ့ ချိတ်ဆက်ပေးတယ်။
ဖေ့ဘွတ်ကို တည်ထောင်ခဲ့သူတွေ ဖြစ်တဲ့
ဟားဗတ်တက္ကသိုလ်ကျောင်းသားတွေကို ကြည့်လိုက်ပါ။
အားလုံးဟာ ဂျူးတွေ ဖြစ်တယ်။
ယူကရိန်းဂျူး
ရိုမီးနီးယား၊ ပိုလန် ဂျူး
ဘရာဇီးဂျူး
အမေရိကန်ဂျူး
ဂျူးတွေရဲ့ ထူးခြားချက်က
နိုင်ငံပေါင်းစုံကနေ အမေရိကန်ပြည်ထောင်စုကြီးဆီကို ရွေ့ပြောင်းလာကြတယ်။ လူမျိုးရေးပေါင်းစည်းမှုအောက်မှာ သူတို့ လူ့ အဖွဲ့ အစည်းကို ကြီးထွားအောင် လုပ်ကြတယ်။
သူတို့ ရဲ့ ငယ်ဘဝတွေကို လေ့လာကြည့်လိုက်မယ် ဆိုရင်
ဘာသာရေးအဖွဲ့ အစည်းတွေက သူတို့ ရဲ့ အနာဂတ်ကို ထိန်းကျောင်း ရွေးချယ်ခဲ့ကြတာဖြစ်တယ်။
မာ့က်ဇူကာဘတ်ခ်
အီဒူယာဒို ဆာဗရင်
ဒပ်စတင် မော့စကိုဗစ်
အင်ဒရူး
ခရစ်ရု ( ဂျ )
ဆိုသူတွေရဲ့ ငယ်ဘဝမှာ သင်ကြားခဲ့ရတဲ့ ကျောင်းတွေကို ကြည့်လိုက်ပါ။
ငွေကြေးချမ်းသာသူတွေတက်နိုင်တဲ့ Private School တွေ ချည်းပဲ
ဘာသာရေးအဖွဲ့ အစည်းတွေ၊ ထောက်လှမ်းရေးတွေ က ဦးဆောင်တည်ထောင်ထားတဲ့ ကျောင်းတွေ
မူလတန်းကျောင်း၊ အလယ်တန်းကျောင်းတွေဟာ
တနှစ်ကို အနည်းဆုံး ဒေါ်လာ (၆) သောင်းကျော် ကုန်တယ်။
ဒီကောင်လေးတွေက (၁၃) နှစ်သားလောက်မှာကတည်းက
ကိုယ်ပိုင်
ကွန်ပြူတာ ပရိုဂရမ်တွေ ရေးတတ်နေပြီ။
ဟားဗတ်တက္ကသိုလ်ကို ရောက်လာကြတယ် ဆိုတာ
အကြောင်းမဲ့ မဟုတ်ဘူး။
ပညာရေးလည်း ထူးချွန်တယ်
အဆက်အသွယ်တွေကလဲ ကောင်းတယ်။
သူတို့ မှာ တူညီတဲ့ ဇာတ်လမ်းတွေလည်း ရှိကြတယ်။
ဥပမာ ဖေ့ဘွတ်အောင်မြင်လာတော့
အမေရိကန်နိုင်ငံသား အဖြစ်မှာ စွန့် လွှတ်ပစ်တယ်
အခွန်မဆောင်ချင်ဘူး ဆိုတဲ့ ဇာတ်လမ်းတွေ
ဇာတ်လမ်းတွေ တူနေတာက စဉ်းစားစရာပါ။
တချို့ လူတွေကို ပြောပြချင်လို့ သူတို့ အကြောင်းရှင်းပြနေတာ
လူတယောက် ဥာဏ်ရည်ထက်မြက်တယ် ဆိုတာ
များသောအားဖြင့်တော့ ပါရမီ တခုတည်း နဲ့ မရဘူး။
ပါရမီ ကို ဖြည့်ဆည်းပေးရမယ့်သူတွေ၊ ရေခံမြေခံတွေ လိုတယ်။
ဘုရားရှင် ဗုဒ္ဓ တောင်မှ
သိဒတ္ထမင်းသားဘဝမှာ ပညာတွေ ပြည့်စုံအောင်သင်တယ်။
သူသိချင်တဲ့အရာတွေကို ရှင်းရှင်းလင်းလင်းသိချင်လို့
ခရီးထွက်ခဲ့ရတယ်။ လူ့ ဘဝကြီးကို စဉ်းစားဆင်ခြင်တယ်။
ပညာ အခံ မရှိပဲနဲ့ ဥာဏ်အလင်းဟာ အလိုလို မပွင့်နိုင်ဘူး
ဒါကြောင့်
စာသင်ကျောင်းတွေ မလိုပါဘူးကွာ ဆိုတဲ့ ရူးပေါပေါအတွေးအခေါ်တွေ မလုပ်ပါနဲ့
ကျနော်တို့ တုံးကလဲ
“ တော်လှန်ရေးသည် ပြတင်းတံခါးမှန်များကို ရိုက်ခွဲပြီး ဝင်လာလေတော့သည် ”
ဘာညာ ဆိုတဲ့ စာသားတွေရွတ်
စာသင်ခန်းတွေကို ကျောခိုင်းခဲ့ကြဘူးတာပဲ
ဘဝကြမ်းတွေကို ဖြတ်လိုက်တဲ့အခါကျမှ
ငွေ ( ဒါမှမဟုတ် ) ပညာ
နှစ်ခုထဲက တခုခုတော့ ရှိရမယ် ဆိုတာ ပိုလို့ သဘောပေါက်လာခဲ့တယ်။
နှစ်ခုလုံးရှိရင် ပိုကောင်းတာပေါ့။
စံနစ်တကျသင်ပေးတဲ့သူရှိရင်
ကိုယ့်အတွက် အလင်းတံခါးကို မြန်မြန်ဖွင့်လို့ ရတယ်
ဒါကြောင့် ရေခံ မြေခံကောင်းတဲ့ နေရာတွေကို ဖန်တီးကြရမယ်
လူငယ်တွေကို ပြုစုပျိုးထောင်မယ့်
အမြင်ကျယ်တဲ့ လူကြီးတွေ လိုပါတယ်။
ဘာပဲဖြစ်ဖြစ် ဂျူးလူ့ အဖွဲ့ အစည်းတွေဆီက သင်ခန်းစာယူစရာတွေ အများကြီးပါ ။
Aung Moe Win
https://www.facebook.com/mp4younews/photos/a.524358214287775.1073741826.450761394980791/1713564275367157/?type=3&theater
သင်ယူမှတ်သားထားသင့်တဲ့ ဂျူးလူမျိုးတို့ရဲ့စကားပုံများ =========================
၁။ ရေညစ်တစ်စက်ကြောင့် ရေကြည်တစ်ခွက် ညစ်ပတ်သွားတယ်။ ရေကြည်တစ်စက်ကြောင့် ရေညစ်တစ်ခွက် ဘယ်တော့မှ ကြည်လင်လာမှာ မဟုတ်ပါဘူး။
၂။ ဘယ်သူ့မှ ခိုးယူမသွားနိုင်တဲ့ အရာ သုံးမျိုး ရှိတယ်။ ဗိုက်ထဲကို ၀င်ပြီးတဲ့ အစာ၊ စိတ်အတွင်းထဲက အိမ်မက်နဲ့ ဦးနောက်ထဲအထိ ဖတ်မှတ်ထားတဲ့ စာကောင်းပေမွန်များ ဖြစ်ပါတယ်။
၃။ မြင်းတွေဟာ ပျော့ပြောင်းတဲ့ လမ်းပေါ်မှာ ခွာလိပ်သွားတတ်တယ်။ လူတွေဟာလည်း ချိုမြသောစကားသံများကြားမှာ နှစ်မွန်း သွားတတ်တယ်။
၎။ လူ့ ဘ၀ခရီးမှာ ကံဆိုးခြင်းနဲ့ ကံကောင်းခြင်းဆိုတာ သဲသဲကွဲကွဲ မခွဲထားပါဘူး။ ကံဆိုးခြင်းကနေ ရုန်းထွက်နိုင်ရင် ကံကောင်းခြင်းဖြစ်ပြီး၊ ကံကောင်းခြင်းအပေါ် စည်းဇိမ်​ခံ​နေရင် ကံဆိုးခြင်း ဖြစ်လာမှာပါ။
၅။ တကယ်လို့ သင်စာမဖတ်ခဲ့ဘူး ဆိုရင် မိုင်ပေါင်း တစ်သောင်း ခရီးထွက်ရင်လည်း စာပို့လုလင်အဆင့်သာ ဖြစ်တယ်။
၆။ သင့်ရဲ့ အိမ်နီးနားချင်း မနက် ( ၂ )နာရီအထိ စန္ဒာယားတီးနေရင်လည်း စိတ်မဆိုးပါနဲ့၊ သူ့ကို မနက် ( ၄ )နာရီမှာနိုးပြီး ၊ နားထောင်လို့ အရမ်းကောင်းကြောင်း ပြောပြလိုက်ပါ။
ရ။ သင် တောက်လျှောက်သာ စောင့်မျှော်နေမယ်ဆိုရင် ပြောင်းလဲမူတစ်ခုသာ ဖြစ်ပေါ် မယ်၊ သင်အိုသွားခြင်းပါပဲ။
၈။ သူငယ်ချင်းအစစ်ဆိုတာ ပြောမကုန်တဲ့ စကားတွေ ရှိနေတာမဟုတ်ပါဘူး။ ပြောစရာမရှိတဲ့ အချိန်လည်း အောင့်သက်သက် မခံစားရခြင်းပါ။
၉ ။ အချိန်ဟာ စိတ်အနာကို ကုစားနိုင်တဲ့ သမားတော်ကြီးပါ။ ပြသနာကို ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးတော့ မဟုတ်ပါဘူး ။
၁၀။ ကြိုးစားပြီးမှ နောင်တ ရ ရင် ရ ပါစေ၊ မကြိုးစားပဲ လွှဲသွားတဲ့ နောင်တ မျိုးတော့ မလိုချင်ဘူး။
Ref we chat
Credit