Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 27, 2018

ရန်​ကုန်​နဲ့​နေ့ချင်းပြန်​သွားလို့ရတဲ့၊ ကွမ်းခြံကုန်းမြို့နယ်​က ဆယ်​အိမ်​တန်းကမ်း​ခြေ


ရန်​ကုန်​နဲ့​နေ့ချင်းပြန်​သွားလို့ရတဲ့၊
ကွမ်းခြံကုန်းမြို့နယ်​က ဆယ်​အိမ်​တန်းကမ်း​ခြေ​လေးပါ။
ပင်​လယ်​ပြာပြာကြီးရယ်
လမ်းတစ်​​လျှောက်​စိမ်းစိုတဲ့
စပါးခင်း​တွေရယ်
100%သဘာဝအတိုင်းရှိ​နေ​သေးတဲ့ ပတ်​ဝန်းကျင်​ရယ်
ခံစားဖို့ ဖိတ်​​ခေါ်ပါ​ရစေ။
အပြန်​မှာ ကွမ်းခြံကုန်းမြို့ရဲ့ ထင်​ရှားတဲ့လက်​​ဆောင်​ဖြစ်​တဲ့ ပဲမုန့်​လည်းအရမ်း​ကောင်းတယ်​ လက်​​ဆောင်​​ပေးလို့​ကောင်း
စားလို့လည်း​ကောင်းတယ်​။
မြို့ထဲက လင်္ကာဒီပလက်ဘက်​ရည်ဆိုင်​မှာ
ဝင်​ဝယ်​လို့ရတယ်​ ပြီးရင်
မဟာတိ​လောကမှန်​ကူးသွန်းဘုရားကြီးဝင်​ဖူးမယ်​။
အချိန်​ရ​သေးရင်​ ​အပြန်​လမ်းမှာ ​ကော့မှူးမြို့နယ်၊
မြို့ကုန်းရွာက၊လင်းလွန်းတစ်​​ထောင်​ဘုရားဖူးကြမယ်​။

ကိုယ်​ပိုင်​ကားနဲ့လာမယ်​ဆိုရင်
လှိုင်​သာယာက​နေပတ်​ပြီး​တော့ဖြစ်​ဖြစ်​ ဒလက​နေကားဇတ်​ကူးပြီး​တော့ဖြစ်​ဖြစ်​ လာလို့ရပါတယ်​။
အကယ်​၍ ဒလက​နေ ကားငှားပြီး လာမယ်​ဆိုရင်​လည်းရပါတယ်​၊ ကား​လေးတက္ကစီ​တွေလည်းရှိပါတယ်​။
ပေါင်​မုန့်​ကားလို့​ခေါ်တဲ့ ကာစတန်​​တွေလည်းရှိပါတယ်​။
ဲဒလက​နေကားငှားရင်​​တော့ အသွားအပြန်​မှ အဆင်​​ပြေမယ်​ မဟုတ်​ရင်​ အပြန်​မှာကားအခက်​အခဲ​တွေ့နိုင်​လို့ပါ။
ဒလက​နေကားငှားရင်​ တက္ကစီကား​လေးဆိုရင်​ ​လေး​သောင်း​လောက်​ရှိပြီး ကာစတန်​ဆိုရင်​​တော့ ငါး​သောင်း​လောက်​​လောက်​ရှိတယ်​လို့သိရပါတယ်​ အသွားအပြန်​​ဈေး​ပေါ့။

ကမ်း​ခြေပဲသီးသန့်​သွားချင်​ရင်​​တော့ 
ကော့မှူးမြို့ တံတားအဆင်း​ဈေးထဲက​နေ
ပင်​လယ်​ကမ်း​ခြေကို ဆင်းရင်​ ပိုနီးပါတယ်​။
အဲဒါက​တော့ ဖြတ်​လမ်း​ပေါ့ 
ကော့မှူးမြို့နယ်​ မြို့ကုန်းရွာက လင်းလွန်းတစ်​​ထောင်​ဘုရားတို့ ကွမ်းခြံကုန်းမြို့ထဲတို့ မ​ရောက်​​တော့ဘူး​ပေါ့။

နောက်​ဆုံးသတိ​ပေးချင်​တာက
ကမ်း​ခြေက ​ရေမကြည်​ပါဘူး။
ပင်​လယ်​​ရေအတက်​အကျရှိပါတယ်​။

ကျောက်​​ဆောင်​​တွေဘာညာ အတက်​အဆင်းမရှိပါဘူး။
ကမ်း​ခြေထိလမ်း​ကောင်းပါတယ်​။
Ashin Sasana
Photos-credit