Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 28, 2018

အချိန်တန်ရင်တော့ ပြင်ကြတာပေါ့(Dr. Andrew @ ဆလိုင်း ငွန်ကျုံးလျန် ရေးသည်။ )


(မတ်လ ၁ ရက်၊ ၂၀၁၃)

"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လုံးဝ “လုံးဝ” မကောင်းဘူး။ လွပ်လပ်ရေးနဲ့အပြိုင် ကံဆိုးစွာ ပေါ်ပေါက်လာခဲ့ပြီး ပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ဟိုလူဒီလူ သမ္မတ လုပ်နိုင်မှာမဟုတ်ဘူး။ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေ လုပ်ပိုင်ခွင့် လုံးဝ “လုံးဝ” မရှိဘူး။ ဖက်ဒရယ်စနစ်ကို လုံးဝ "လုံးဝ" တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ “Civilian Supremacy” ကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ “Separation of Powers and Check and Balance of Powers” ကို အားမပေးဘူး။ “Judicial Independence” ကို ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ တပ်မတော်က အချိန်မရွေး အာဏာသိမ်းနိုင်လို့ လုံးဝ မကောင်းဘူး .............." စသည်ဖြင့် ၂၀၀၈ အခြေခံဥပဒေထဲက ကောင်းနိုးရာရာကို ဥပေက္ခာပြု၊ ၊ တခုလုံးကို အမှိုက်ပုံးထဲ ထည့်လိုတဲ့ ပြည်မြန်မာ ပြည်တွင်း ပြည်ပက၊ အခြေခံဥပဒေ သုခမိန် တချို့ကို အမေရိကန်ပြည်ထောင်စု တည်ထောင်သူဖခင်ကြီး “The Founding Fathers of America” ထဲက ကျွန်တော်အလွန်လေးစားကြည်ညို ပြီး “Constitutional Convention” တက်သူတွေထဲမှာ အသက်အကြီးဆုံးလည်းဖြစ်တဲ့ “Benjamin Franklin” ပြောခဲ့တဲ့ စကားလေးကို မျှဝေလိုပါတယ်။

"I confess that there are several parts of this constitution which I do not at present approve, but I am not sure I shall never approve them: For having lived long, I have experienced many instances of being obliged by better information, or fuller consideration, to change opinions even on important subjects, which I once thought right, but found to be otherwise.... On the whole, Sir, I cannot help expressing a wish that every member of the Convention who may still have objections to it, would with me, on this occasion doubt a little of this own infallibility, and to make manifest our unanimity, put his name to this instrument." (Benjamin Franklin)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ကောင်းတဲ့အချက်တွေ အများကြီး ရှိသလို၊ နိုင်ငံသားတွေ မကြိုက်မနှစ်သက်တဲ့ အချက်တွေလည်း ရှိပါတယ်။ ကမ္ဘာမှာ ခြောက်ပြစ်ကင်းစင်၊ သဲလည်းစင်တဲ့ အခြေခံဥပဒေ မရှိပါဘူး။ ပြင်ဆင်ကြတယ်။ ဖြည့်စွက်ကြတယ်။ ဒီလိုနဲ့ နိုင်ငံတခုကို တည်ထောင်ကြတာပါ။

အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံ ရေးတုန်းကလည်း “Bill of Rights” ကို ထည့်သွင်းလိုသူနဲ့ မထည့်သွင်းလိုသူတွေအကြားမှာ အကြီးအကျယ်ပြဿနာတက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ထည့်သွင်းလိုသူတွေက လက်လျော့ခဲ့ကြရပါတယ်။ နောက်မှပဲ တဖြည်းဖြည်းနဲ့ ဖြည့်စွက်လာခဲ့ကြတာ (၂၇)ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အခြေခံဥပဒေတခုကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ဆိုတာတွေဟာ အမေရိကန်အခြေခံဥပဒေ သမိုင်းကို သေသေချာချာ လေ့လာမယ်ဆိုရင် အချိန်အခါ “Timing” က အရေးအကြီးဆုံးပါ။ အချိန်မသင့်တဲ့ အခါမှာ အခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်ပါတယ်။ ပကတိဖြစ်နေတဲ့ အနေအထားကို ကြည့်ပြီး၊ ၅ နှစ်မှာ ပြင်ဆင်ဖြည့်စွက်နိုင်တဲ့ ပုဒ်မ၊ ၁၀ နှစ်မှာ ပြင်ဆင်ဖြည့်စွက်နိုင်တဲ့ ပုဒ်မ၊ ၁၅ နှစ်မှာ ပြင်ဆင်ဖြည့်စွက်နိုင်တဲ့ ပုဒ်မ၊ ၂၀ နှစ်မှာ ပြင်ဆင်ဖြည့်စွက်နိုင်တဲ့ ပုဒ်မ၊ နှစ် ၃၀ ကျော် ကျွန်တော်တို့ “Facebook Generation” တွေ အသက် ၉၀ ကျော်တဲ့အခါ၊ ဒါမှမဟုတ် တမလွန်ဘဝရောက်တဲ့အခါ ပြင်သင့်တဲ့ ဥပဒေ နဲ့ နှစ်ပေါင်း ၂၀၀ ကျော်မှ ပြင်သင့်တဲ့ အခြေခံဥပဒေ ဆိုပြီး ပိုင်းခြားထားသင့်တယ်လို့ ယူဆပါတယ်။

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေသမိုင်းရဲ့ အခြေခံဥပဒေပြင်ဆင် ဖြည့်စွက်မှု သမိုင်းလေးကို ဥပမာ မျှစေလိုပါတယ်။

- “Bill of Rights” လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြည့်စွက်ချက် (၁၀) ခုကို အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ အသက်ဝင်တဲ့ ၁၇၈၇ ခုနှစ်က စပြီး ၄ နှစ်အကြာ ၁၇၉၁ ခုနှစ် မှာဘဲ ဖြည့်စွက်နိုင်ခဲ့ပါတယ်။

- Citizenship, Due Process Clause and Equal Protection Clause တွေကို အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ အသက်ဝင်တဲ့ ၁၇၈၇ ခုနှစ်က စပြီး နှစ်ပေါင်း ၈၁ နှစ်အကြာ ၁၈၆၈ ခုနှစ်မှဘဲ ဖြည့်စွက်နိုင်တာ ဖြစ်ပါတယ်။

- ကျေးကျွန်စနစ်နဲ့ အတင်းအဓမ္မ စေခိုင်းတဲ့စနစ်ကို အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ အသက်ဝင်တဲ့ ၁၇၈၇ နှစ်က စပြီး ၇၈ နှစ်နောက်ပိုင်း ၁၈၆၅ ခုနှစ်မှဘဲ ဖြည့်စွက်နိုင်တာဖြစ်တယ်။

- အမျိုးသမီးတွေ မဲပေးခွင့်ကို အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ အသက်ဝင်တဲ့ ၁၇၈၇ နှစ်က စပြီး နှစ်ပေါင်း ၁၃၃ နှစ်ကြာ ၁၉၂၀ နှစ်မှဘဲ ဖြည့်စွက်နိုင်တာ ဖြစ်ပါတယ်။

- လွှတ်တော်အမတ်တွေရဲ့ လစာ၊ ခံစားခွင့် တွေနဲ့ ပါတ်သက်ပြီး ၁၇၈၇ ခုနှစ်မှာ ဖြည့်စွက်ဘို့ အဆိုတင်သွင်းထားတဲ့ အခြေခံဥပဒေ ဖြည့်စွက်ရေးအဆိုကို ၁၉၉၂ ခုနှစ် (နှစ်ပေါင်း ၂၀၃) နှစ် ကြာမှ ဖြည့်စွက်နိုင်ခဲ့တာပါ။

ပြင်လို့မရတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာမရှိပါဘူး။ ကျွန်တော်တို့ ၂၀၁၃ မှာ အသက်ရှင်နေကြတဲ့ လူတွေ အမေရိကန်လို နှစ်ပေါင်း ၂၀၃ နှစ် ကြာမှ ပြင်လို့ ရမယ့် အခြေခံဥပဒေ ပုဒ်မတွေလည်း ၂၀၀၈ အခြေခံဥပဒေမှာ ရှိနိုင်ပါတယ်။ ဒီနှစ်ကနေ နှစ်ပေါင်း ၂၀၃ ပေါင်းကြည့်လိုက်ရင် နှစ်ပေါင်း ၂၂၁၆ ဖြစ်သွားပါပြီ။ ၂၀၁၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံမှာ အသက်ရှင်နေထိုင်ကြတဲ့ မွေးကင်းစ ကလေးကအစ၊ အသက်အကြီးဆုံး လူကြီး ဘယ်သူမဆို သက္ကရာဇ် ၂၂၁၆ ကို ရောက်ရှိကြမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ကမ္ဘာကြီး တည်နေသေးသော်၊ ပြည်ထောင်စုကြီး မပြိုကွဲခဲ့သော်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲခဲ့သော်၊ အချုပ်အခြာအာဏာ တည်မြဲနေသေးသော် ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတိုင်းရင်းသားတိုင်းရင်းသူများ အားလုံးပါဝင်ကြတဲ့ မြန်မာနိုင်ငံသူ/နိုင်ငံသားတွေဆိုတာ ၂၂၁၆ ခုနှစ်မှာ မြေကြီးလက်ခတ်မလွဲ ရှိနေအုံးမှာပါ။

နှစ်ပေါင်း ၄၀ ကျော် မလျှောက်လှမ်းခဲ့တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ လျှောက်လှမ်းလာကြတာ တနှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ဒီမိုကရေစီခရီးလမ်းကြောင်းဆိုတာ အစဉ်ဖြောင့်ဖြူးသာယာ နေတာမဟုတ်ပါဘူး။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ အဖုအထစ်တွေ၊ အတက်အဆင်းတွေ၊ ဆူးငြောင့်ခလုတ်တွေ အပြည့်နဲ့ပါ။ ဒီလိုမျိုး မသွားဘူး မလာဘူးတဲ့ ခရီးကြမ်းကို အတူတကွလျှောက်လှမ်းကြတဲ့ အချိန်မှာ စောင့်ထိန်းအပ်သော ကျင့်ဝတ်တွေ အများကြီး ရှိပါတယ်။ မိမိကိုယ်ကို ထိန်းချုပ်ခြင်းမရှိ၊ အောင့်အီး သည်းခံစိတ်မထား ပြောလိုရာပြော၊ ရေးလိုရာရေး၊ တွေးလိုရာတွေး လုပ်နေကြရင် ပန်းတိုင်ကို အတူရောက်နိုင်မှာ မဟုတ်ပါဘူး။

လူတကာ မပြောရဲ၊ မဆိုရဲ၊ မကိုင်တွယ်ရဲ တဲ့ ကိစ္စတွေကို ပြောရဲ၊ ဆိုရဲ၊ ကိုင်တွယ်ရဲမှ ရဲရင့်သော သုခမိန် မဟုတ်ပါ။ ပြောသင့်၊ ဆိုသင့်၊ ကိုင်တွယ်သင့်တဲ့ အချိန်အခါကို သိပြီး၊ သူတပါးကို မငြိစွန်းအောင်ပြောတတ်သူ၊ ဆိုတတ်သူ၊ လုပ်တတ်သူ၊ ကိုင်တွယ်တတ်သူသာလျှင် ပါးနပ်လိမ္မာသော သုခမိန် အစစ်အမှန် ဖြစ်ပါသည်ဟု ယူဆမိပါကြောင်း။

မှတ်ချက်။ မည်သူ့ကိုမှ ရည်ရွယ်ခြင်းမရှိပါ။

အားလုံးကို လေးစားခင်မင်လျှက်

ဆလိုင်း ငွန်ကျုံးလျန်
Camp/Indianapolis

Ps - ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်ဟာ အင်ဒီယားနား တက္ကသိုလ်ကနေ ဥပဒေ အထူးပြုနဲ့  ဒေါက်တာဘွဲ့ ရသူ ဖြစ်ပါတယ် ။

၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်မှု ၃ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီး


မြန်မာပြည်မှာထူးဆန်းတာက ဒုစရိုက်သမားတွေကို မျက်နှာတွေကို
အမည်းတွေအုပ်ပစ်ပြီး၊ ကျူလွန်ခံရတဲ့သူတွေရဲ့မျက်နှာတွေကိုတော့
ဖုံးအုပ်ဖော်ပြခြင်းမရှိကြတာပါ။

မနေ့ကတက်လာတဲ့ ၁၀နှစ်သမီးလေးကိုမုဒိန်းကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်တဲ့ မုဒိန်းလူသတ်သမားတွေရဲ့
မျက်နှာတွေကို အမည်းတွေနဲ့ပုံဖျက်ထားပြီး လူမမည် ၁၀နှစ်သမီးလေး
ရဲ့ ပိုးစိုးပက်စက်ဖြစ်နေပုံကို ဒီအတိုင်းပဲ တင်ထားတာတွေ့ရပါတယ်။

အခုကနေစပြီး ဒုစရိုက်သမားတွေရဲ့ မျက်နှာတွေကို
အုပ်ပြီးဖော်ပြတဲ့ မှားယွင်းတဲ့ အဓိပ္ပါယ်မဲ့အလေ့အထကို
စတင်ပြောင်းလဲကြဖို့ ဆော်သြပါတယ်။
admin
...............................
၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်မှု ၃ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီး
========================================
မိုးကောင်း ဖေဖော်ဝါရီ ၂၈
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ညောင်ထောက်ကလေးကျေးရွာ ပရဟိတကွင်း(ဒေသအခေါ် နောင်တာလ ကွင်းအမှတ် ၇၃)တွင် ဖေဖော်ဝါရီ၂၅ရက် နံနက်ပိုင်းက အသက် ၁၀ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးအား အဓ္ဓမပြုကျင့် သတ်ဖြတ်ခဲ့သူနှစ်ဦးအား ၃ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ၂၅ရက် နံနက်ပိုင်းက မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ညောင်ထောက်ကလေးကျေးရွာ ပရဟိတကွင်း(ဒေသအခေါ် နောင်တာလ ကွင်းအမှတ် ၇၃)တွင် ညောင်ထောက်ကလေးကျေးရွာနေ အောင်မင်္ဂလာအခြေခံပညာမူလတန်းကျောင်းမှ စတုတ္ထတန်းကျောင်းသူ မမွှေးမွှေး(၁၀)နှစ်(ဘ)ဦးမောင်အိုက်သည် ထင်းခွေသွားရာမှ ပြန်ရောက်မလာသဖြင့် ရေရှင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှလိုက်လံရှာဖွေရာ ဓားဒါဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ မိုးကောင်းမြို့မရဲစခန်းသို့ အကြောင်းကြားပြီး အမှုဖွင့်တိုင်တန်းခဲ့သည်။
မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်အောင်ဦးစီး မြို့မရဲစခန်းမှူးနှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှ အမှုနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါ ၁၀ နှစ်အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာနေ ခင်မောင်ဌေး(ခ)မောင်ဌေး(၃၇)နှစ် အောင်မင်္ဂလာကျေးရွာနေ ဦးမောင်ရီ(ခ)ဦးငင်းဆိုင်(၅၈)နှစ် တို့နှစ်ဦးဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

Credit*ဝင်းနိုင် ကချင်မြေ






Passport သက်တန်းတိုးတဲ့အခါကြိုတင်တိုးထားစေလိုကြောင်း


ကျနော် Passport စာအုပ်စကိုင်တာ ၂၀၀၄ ခုနှစ်ထဲကပါ သက်တန်းလဲအကြိမ်ကြိမ်တိုးခဲ့ပါတယ် ၂၀၀၈ ကစပြီး နိုင်ငံခြားလဲအကြိမ်ကြိမ်သွားဖူးပါတယ်//

ပြီးခဲ့တဲ့လက Passport သက်တန်းသွားတိုးတော့
နောက်ဆုံးစလစ်ဖြတ်တဲ့နေရာရောက်မှ အကိုနဲ့ ကုလားတကောင်နဲ့မှတ်ပုံတင်နံပါတ်တူနေတယ်တဲ့(လ.ဝ.က) ကောင်တာကိုပြန်သွားရမယ်တဲ့ ဒါနဲ့ကျနော်လဲ(လ.ဝ.က)ဦးစီးအခန်းထဲဝင်ပြောပြပါတယ် သူတို့က ကျနော်မှတ်ပုံတင်ထုတ်ခဲ့တဲ့မြို့မှာရှိတဲ့ (လ.ဝ.က) ကို ဖုန်းဆက်မေးရမှာဖြစ်ကြောင်း အပြင်ထွက်စောင့်ပေးရမှာဖြစ်ကြောင်း ပြောလို့ ထမင်းတောင်မစားဘူး တနေ့ခင်းလုံးထိုင်စောင့်နေတာ ညနေ ၄:၃၀ လောက်ကြတော့ ကျနော်လဲ သည်းမခံနိုင်တော့ပါဘူး လ.ဝ.က ဦးစီး အခန်းထဲဝင်ပြီးတော့ ဖုန်းဆက်ပေးပါလို့ နယ်ကရုံးလဲပိတ်တော့မှာပါလို့ အခု မှတ်ပုံတင်ကိစ္စ ကလဲ ကျနော်အမှားမဟုတ်ပါဘူးလို့ ခင်ဗျားတို့ ဌာနက မှားထုတ်ပေးလိုက်လို့ဒီလိုဖြစ်ရတာပါလို့ ပြောတော့မှဖုန်းစဆက်တယ် ဒါတောင် သူတို့ဌာနအမှား မဟုတ်ကြောင်း ကျနော်နဲ့ မှတ်ပုံတင်တူတဲ့ ကုလားက ၂၀၀၉ ထဲက Passport ထုတ်ထားတဲ့အတွက် ကျနော်ထက်တောင်စောကြောင်းပြန်ငြင်းသေးတယ် ကျနော်လဲ Passport မှာသာ ၂၀၁၃ လို့ရေး ထားတာပါလို့ ကျနော်က Passport ကို ၂၀၀၄ ကထဲက စကိုင်တာပါလို့ ရှင်းပြရသေးတယ်//

၁ နာရီလောက်နေတော့ ညီလေးမှန်ပါတယ် ညီလေးကိုအမှန်ပေးပါတယ် ဟိုမှတ်ပုံတင်ကို Cancel လုပ်ပေးပါမယ် လို့ပြောပါတယ် ကျနော် လဲအဲ့ဌာနက လူတွေကို အဲ့လိုဘာလို့ဖြစ်တာလဲလို့မေးကြည့်တော့ မသိပါဘူးတဲ့ဗျာ//

စလစ်သွားထုတ်တော့ ရဲက အခုနောက်ပိုင်း Computerize လုပ်လိုက်တော့ အရင်နံပါတ်တူထုတ်ပေးခဲ့တာတွေပေါ်လာတာဖြစ်ကြောင်းကုလားတွေနဲ့တူတာများကြောင်း တလောကဆို ၃ ယောက်တူတာတောင်တွေ့ဖူးကြောင်းပြောပါတယ်//

အဲ့ဒီ့အပြင် ၁၀ ရက်နဲ့ထုတ်ပေးရမယ် Passport က အခုတလကျော်သွားပါပြီ မထုတ်ပေးသေးပါဘူး ဒီနေ့လဲတန်းစီနေရပါတယ် အချိန်ကုန် လူပန်း အလုပ်ပျက် စိတ်ပျက်စရာကြီးပါ//

ကျနော့်မှတ်ပုံတင်နံပါတ်နဲ့ မြန်မာပြည်မှ Passport ထုတ်ပြီး နိုင်ငံခြားရောက်သွားပြီဖြစ်သော နိုင်ငံခြားသား ကုလားကြီးကိုလဲ လေးစားအားကျမိကြောင်း

ကိုယ့်နိုင်ငံသားချင်း ဒုက္ခရောက်အောင် မညာမတာဆောင်ရွှက်ပေးကြတဲ့ကျေးဇူးတော်ရှင် လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းကြီးများအားလဲ ဤနေရာမှဂါဝရ ပြုပါကြောင်း နှင့်

သူတို့ဌာနက အသုံးမကျလို့ဖြစ်လာတဲ့ပြဿနာကို တာဝန်ယူ ဖြေရှင်းမပေးပဲ မသိချင်ရောင်ဆောင် အကြာကြီးထိုင်စောင့်ခိုင်းတက်သော Passport ရုံးမှ လ.ဝ.က ဝန်ထမ်းများ၏ အရည်အချင်းကိုလဲ ဂုဏ်ယူမိပါကြောင်းနှင့်

သူငယ်ချင်းတို့လဲ Passport သက်တန်းတိုးတဲ့အခါကြိုတင်တိုးထားစေလိုကြောင်းနှင့် သွားခါနီးမှတိုးမိရင် ကျနော်လို့ပဲ ဒုက္ခရောက်နိုင်ပါ ကြောင်း သတိပေးအပ်ပါသည်ခင်ဗျ!
Zay Yar Myo

Tuesday, February 27, 2018

မိကျောင်းပါးစပ်ထဲချိန်းတွေ့တဲ့ စုံတွဲ


ရှင်မွေးလွန်းနှင့်မင်းနန္ဒာတို့ ငမိုးရိပ်ပါးစပ်အတွင်း
ချိန်းတွေ့ နေစဉ် 😃😃😃
Credit ...Bago Thu





Unicodeရင်သားကင်ဆာ အတွက် ကုက္ကိုရွက်ပါပဲဒီရောဂါအတွက်ဆေးတစ်လက်က ကုက္ကိုရွက်ပါပဲ။ကုက္ကိုက နှစ်မျိုးရှိပါတယ်။အညာကုက္ကိုနဲ့ ကုလားကုက္ကိုပါ။ရန်ကုန်လိုအောက်ပြည်အောက်ရွာမှာပေါက်တာက ကုလားကုက္ကိုပင်ပါ။လမ်းဘေးတွေမှာဖေါဖေါသီသီတွေ့နိုင်ပါတယ်။ဒီနည်းကိုအကြောပြင်ဆရာမဒေါ်လှ (လှိုင်သာယာ)ကပြောပြတာပါ။“ကျွန်မတို့နားက ခလေးမလေးနို့ကင်ဆာတော်တော်နဲ့ မပျောက်နိုင်ပဲဖြစ်နေတာ အသိတစ်ယောက်ကအိမ်ရှေ့က ကုလားကုက္ကိုပင်ကိုလက်ညှိုးထိုးပြပြီး ကုက္ကိုရွက်နုလက်တစ်ဆပ်စာကိုခူး ရေစင်အောင်ဆေးပြီး တစ်နေ့သုံးကြိမ်ထောင်းသောက်ခိုင်းတယ်။လက်တစ်ဆုပ်စာတစ်ခါထောင်းရင် အကြမ်းပန်းကန် လုံးတစ်ဝက်သာသာပဲရတယ်တဲ့။သူပြောတဲ့အတိုင်းသူ့ချည်းသက်သက်ဘာမှမရောပဲတစ်နေ့သုံးကြိမ် သောက်တာလေးလလောက်ကြာတော့ နေထိုင်ကောင်းလာလို့ဆေးပြန်စစ်တာ အဲဒီနို့ကင်ဆာရောဂါကြီးမရှိ တော့ဘူး။အခုတော့အရင်ကလိုစိုစိုပြေပြေပါပဲ။ဒီနေ့ဥပုသ်စောင့်ရင်းတောင် ဆုံခဲ့သေးတယ်”အပင်တွေရဲ့ဆေးစွမ်းက အံ့မခမ်းရှိပါပေစွ။မိမိပါတ်ဝန်းကျင်မှာ သဘာဝသမားတော်တွေရှိနေကြပါတယ်။ဒါကိုပညာမျက်စိနဲ့သာတွေ့မြင်နိုင်ကြပါတယ်။တန်ဘိုးမသိသူတို့မှာကားထင်းခုတ်ရုံမှတစ်ပါးမသိမြင်နိုင်ကြပါပေ။“အနာနှင့်ဆေး တည့်ကြပါစေ”
သဘာဝဆေးနည်းများနှင့် ကျန်းမာသုတများ

အဲဒါပထ၀ီမဟုတ်တော့ဘူး

အဲဒါပထ၀ီမဟုတ်တော့ဘူး

Sunday, February 25, 2018

ကြွက်လား၊မြွေလား


ဓါတ်ပုံက လူတိုင်းနဲ့ ရင်းနှီးမယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ဓါတ်ပုံဆိုလိုရင်းကို လူတိုင်းနားမလည်းကြပါဘူး ။ ကျွန်တော် အပါအဝင်ပါ ။

ကျွန်တော် ဒီဓါတ်ပုံကို စမြင်တုန်းက သဘောရိုးပဲတွေးမြင်ခဲ့တာပါ၊ ကြောင်လေးက မြွေဟောက်ရဲ့ အမြီးကို ကြွက်လို့ထင်ပြီး ဖမ်းဖို့ ပြင်နေတဲ့ ပုံပေါ့။

သေချာ လေ့လာကြည့်မှ ဒါဟာဓါတ်ပုံမဟုတ်ပဲ အီတလီပန်းချီဆရာတစ်ယောက်ဖြစ်တဲ့ Mr. Marco Melgrati ရေးဆွဲခဲ့တဲ့ သက်ဝင်ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။

ပန်းချီဆရာဖော်ကျူးချင်တဲ့ အဓိပ္ပာယ်ကဒီလိုပါ။

မင်းကိုယ်မင်း ဟုတ်လှပြီးလို့ တွေးပြီး ကစားနေတဲ့လူဟာ ဘယ်လိုလူလည်းဆိုတာ မင်းလုံးဝမသိသေးပဲ လွယ့်လင့်တစ်ကူ မကစားပါနဲ့ ၊ သူများက မင်းအကြောင်း အကုန်လုံးမြင်ပြီး သိပြီးသား ၊ မင်းကို မသတ်ချင်သေးလို့ ကြည့်နေတယ် ဆိုတာ မှတ်ပါ။

ဘာလုပ်လုပ် ဘယ်လိုလူစားနဲ့ တွေ့တွေ့ လူတိုင်းကိုလေးစားပါ ၊ ရိုးသားပါ ၊ မကစားပါနဲ့ ။
မင်းကစားလို့ လက်တစ်လောမင်းနိုင်ချင်နိုင်ပေမဲ့ နောက်လှည့်ရင် သေပွဲဝင်ရမယ်ဆိုတာ အမြဲ သတိရပါ။

ကြောင်သိပ်မလုပ်ကြပါနဲ့ ။

ALEI !

Via ဟိန်းထက် #credit

သူတို့ဘာမှားခဲ့လို့လဲ ။ သူတို့ဘာတွေမှားနေလဲ ။


၁ ။

သူ့နာမည်က ဦးစိုး ၊အသက်က ၅၀ ကျော်နေပြီ။ သူက ရပ်ကွက်ဈေးလေးတခုမှာနေတယ် ။ သူ့အလုပ်အကိုင်က နာရီပြင်တယ် ။ သူကနာရီပြင်တာတော်တယ် ။ သူကိုယ်တိုင်လည်း ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ် ။ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကတည်းက နာရီပြင်လာတဲ့ နာရီပြင်ဆရာ ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်တုန်းက လူတိုင်းလိုလို နာရီပတ်တုန်းက သူလုပ်ငန်း တော်တော်ကောင်းခဲ့တယ် ။ တနေ့တနေ့ သူ့ ဝင်ငွေမနည်း ။

အခုတော့သူက ညည်းရှာတယ် ။

" အခုနောက်ပိုင်းခေတ်တွေရောက်လာတော့ နာရီပြင်တဲ့ အလုပ်တွေမကောင်းတော့ဘူးကွာ ။

ဖုန်းတွေပေါ်လာပြီး နောက်ပိုင်း နာရီပတ်တဲ့ သူတွေတော်တော်ရှားလာတယ် ငါ့တူရ

ဒီအလုပ်မလုပ်ဘဲ အခြားအလုပ်ပြောင်းလုပ်ဖို့ကလည်း အသက်အရွယ်က ရလာတာရယ် ။ အခြားဘာမှ မလုပ်တတ်တာရယ်နဲ့ ဒီအလုပ်လေးပဲ လုပ်နေရတယ် " ။

၂ ။

သူ့နာမည်က ဒေါ်တင့် ။ သူက အိမ်မှာ တပိုင်တနိုင်စက်ချုပ်တယ် ။ အသက် ၂၀ လောက်ကတည်းက စက်ချုပ်ခဲ့တဲ့ ဒေါ်တင့် အခု အသက်ပဲ ၄၀ ကျော် ၅၀ နားကပ်နေပြီ ။
ဒေါ်တင့် စက်ချုပ်သက်တမ်း ကိုယ့်ဘာသာ ကိုယ်ပဲ မှန်းကြည့်ပေတော့ ။

ဒေါ်တင့်စက်ချုပ်လုပ်ငန်းလေးက အရမ်းမအောင်မြင်သော်လည်း သူ့အရပ်နဲ့ သူ့ဇာတ် ချုပ်ထည်များလက်ခံရတာမို့ စားလောက်ရုံသောက်လောက်ရုံ အဆင်ပြေပြေတော့ နေနိုင်တယ်ပေါ့ ။

သူ့ဆီ အပ်ထည်အပ်သူတွေ ဖောက်သည်တွေက
နာမည်ကြီး ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေ အဆင်တွေ ချုပ်ပုံ ချုပ်နည်း အသစ်အဆန်းတွေ ဒေါ်တင့်ဆီယူလာပြီး ပြရင်

ဒေါ်တင့်က

" ဒီ ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေက ငါတို့ ချုပ်တာတွေနဲ့ ဘာမှ မထူးပါဘူးအေ ၊ ငါတို့ချုပ်တာတွေနဲ့ တူတူပါပဲ ။ ငါ အသက် ၂၀ ကတည်းက ဒီပုံပဲချုပ်လာတာ ။ သူတို့ပုံတွေ ဒီဇိုင်းတွေက ဒါတွေပါပဲ အေ " လို့ ဒေါ်တင့်အမြဲပြောတတ်လေသည် ။

ဒေါ်တင့် အနှစ် ၂၀ ကျော် ၃၀ ကျော် ချုပ်လာတဲ့ ဒီဇိုင်းတွေက တခါလာလည်း ဒီပုံ တခါလာလည်း ဒီပုံတွေကြီးပဲလို့ အရပ်ထဲတော့ ပြောစမတ်ရှိကြလေသတတ် ။

၃ ။

သူ့နာမည်က ကိုအောင် ။ သူက တီဗွီပြင်ဆရာ ။ သူပြင်တဲ့ တီဗွီတွေက ဟိုးအရင် ခေတ်ဟောင်းတီဗွီ Tube Type ဖင်အလုံးကြီးတွေနဲ့ တီဗွီတွေပြင်တဲ့ ပြင်ဆရာ ။

သူတို့ခေတ်မှာတော့ သူက နာမည်ကြီး တီဗွီပြင်ဆရာကြီး ပေါ့ ။ သူ့ခေတ်သူ့အခါ သူ့တီဗွီပြင်ဆိုင်က နာမည်ကြီး ။သူ့ဆိုင် သူ့အလုပ်ကလည်း ဝင်ငွေကောင်း တဲ့ အလုပ်တခုပေါ့ ။

ဒီလိုနဲ့ တဖြည်းဖြည်း ခေတ်တွေပြောင်းပြီး Tube Type ကနေ LCD တီဗွီတွေများလာတော့ သူ့အလုပ်အကိုင်သိပ်မကောင်းတော့ ။

LCD တီဗွီတွေ စပေါ်စ LCD တီဗွီပြင်နည်းသင်တန်းတွေ ဖွင့်တယ် ဆိုတာကို ကိုအောင်ကြားတော့

" အလကားပါကွာ ၊ LCD TV ဆိုတာ လူတိုင်းဝယ်နိုင်တာမဟုတ်ဘူး ဘာသင်တန်းမှ တက်နေစရာမလိုဘူး၊ ဒီခေတ်ဟောင်းတီဗွီတွေ ရှိနေသ၍ ကိုအောင် ထမင်းမငတ်ဘူးဟေ့ " လို့ ကိုအောင် ကျွေးကြော်နေကြ ။

အခု ကိုအောင့် အတတ်ပညာနဲ့ ကိုအောင် ထမင်းတော့ မငတ်ပါ ။ ဒါပေမယ့် အရင် ဝင်ငွေ မျိုးတော့ ကိုအောင် ရအောင်မရှာနိုင်တော့ ။ ကိုအောင့် ဝင်ငွေ တဖြည်းဖြည်း ခမ်းသထက်ခမ်းလာလေပြီ ။

၎ ။

သူ့နာမည်ကိုတော့ မသိ ။ ဒါပေမယ့် သူ့အလုပ်အကိုင်က ကားစက်ပြင်ဆရာ ။

" ငါက ဟိုး လေးဘီးကားခေတ်ကတည်းက ကားစပြင်လာတာကွ " လို့တော့ အဲ့ဦးလေးကြီး အမြဲပြောတတ်သည် ။

" ဒီနေရာ ဒီဆိုင်မှာ ဟိုးအရင်ကဆို ကားတွေအပြည့်ကွ " လို့ သူတဆက်တည်းပြောတတ်သေးသည် ။

သူ့ မျက်လုံးထဲမှာလည်း ဟိုးအရင်ရွှေထီးဆောင်းခဲ့ချိန်ကို ပြန်လည်တမ်းတမိနေသလိုလို ။

အခု ဟိုးရှေးရိုးကားတွေ ရှေးရိုး အင်ဂျင်တွေကနေ EFI စနစ် ၊ Computerize စနစ် OBD စနစ်တွေ Electronic Wiring စနစ်တွေ ပြောင်းသွားချိန် သူအလုပ်ရုံလေးမှာ ကားလာပြင်သူတွေ သိပ်မလာတော့ ။

နောက်ပိုင်းစနစ်တွေ သူ မနိုင်နင်းမှန်း Customer တွေက သိသည်လေ ။

သူကလည်း ပြောတတ်သည်

" ဒီကားစနစ်တွေ ဒီလောက်ထိပြောင်းသွားမယ်လို့ ငါဘယ်တုန်းကမှ မထင်ဘူးကွ "

၅ ။

သူနာမည်က ကိုလှ ။ သူအလုပ်က ဓာတ်ပုံဆရာ ။ သူကျင်လည်ကျက်စားရာက ဘုရားပေါ်မှာ ။ ဘုရားပေါ်မှာ အလှဓာတ်ပုံရိုက်သည့် အလုပ်ကို ကိုလှ လူပျိုပေါက် ဘဝကတည်းကလုပ်သည် ။

ကိုလှတို့ လူပျိုပေါက်တုန်းက ဘုရားပေါ် ဓာတ်ပုံရိုက်သည့် အလုပ်က ကိုလှတို့အတွက် မဆိုး ။

ခုနောက်ပိုင်းမှာ ဖုန်းကင်မရာတွေ ပေါ်လာပြီးနောက်ပိုင်း ကိုလှတို့ အလုပ်အကိုင်သိပ်မကောင်း ။ ဘုရားပေါ် ဓာတ်ပုံရိုက်ပေးမယ် ခုရိုက်ခုရသည် လို့ ဆယ်ယောက်ကိုခေါ်လို့ လူတယောက်ဓာတ်ပုံလာမရိုက်တော့ ။

အမှတ်တရဓာတ်ပုံရိုက်တာလောက်တော့ လူတိုင်းလက်ထဲက တန်ဖိုးနည်း တန်ဖိုးကြီး Andorid ဖုန်းလေးကိုယ်စီနဲ့ အလုပ်ဖြစ်နေကြလေပြီ ။

ကိုလှ ငယ်စဉ်က ဓာတ်ပုံရိုက်နေတုန်းကတည်းက ထမင်းစားရတော်ပြီ ပိုက်ဆံရတော်ပြီ ဘုရားကိုလူတွေ လာနေသမျှ ငါတော့ အလုပ်ကောင်းမှာပဲဆိုတာမျိုး ကိုလှအမြဲတွေးသည် ။

အခြားခြားသော အသစ်သစ်သော ဓာတ်ပုံရိုက်နည်းပညာတွေ ဘာတွေကိုလှ စိတ်မဝင်စားခဲ့ ။

ခုတော့ ကိုလှရဲ့ အမှတ်တရ အမြန်ရဓာတ်ပုံလုပ်ငန်း ဘုရားပေါ်မှာ သိပ်အလုပ်မဖြစ်တော့ ။

$$$$$$$$

ဘဝကို Upgrade မြှင့်ပါ

အပေါ်မှာ ပြောထားတဲ့ လူတွေ ဘာတွေ မှားနေသလဲ ။
သူတို့ သူတို့အလုပ်အကိုင်တွေကို ပုံမှန်လုပ်နေကြတာပဲ ။ ဒါပေမယ့် မအောင်မြင်ဘဲ ဘာကြောင့် ဆုတ်ယုတ်သွားသလဲ ။ သူတို့အလုပ်အကိုင်တွေ အသက်အရွယ်တွေ ကျားမတွေသာ မတူတာ သူတို့မအောင်မြင်ရခြင်း သူများနောက်မှာ ကျန်နေခဲ့ရခြင်း အကြောင်းအရင်းကတော့ တခုတည်းပဲ ။

အဓိက အကြောင်းက ကိုယ်နေရာတခုကို ရောက်သွားတာနဲ့ တစ်ဘဝလုံးစာ Perfect ဖြစ်ပြီ ဆိုပြီး ကိုယ့်ကိုကိုယ် Upgrade လုပ်ဖို့ မေ့မျောသွားလို့ ပါပဲ ။

ကျနော်တို့ ပတ်ဝန်းကျင်မှာ အဲ့လိုလူတွေ အများကြီးပဲ ။ လူငယ်လေးတွေဆိုလည်း ဂိမ်းထဲမှာသာ ကိုယ့် ဂိမ်းဇာတ်ကောင်တွေ ၊ ကိုယ့်တပ်ဖွဲ့တွေကို အသဲအသန် Upgrade လုပ်နေကြတာ ၊ အပြင်မှာ ဘဝကို အမြဲ
Upgrade လုပ်ရမယ်ဆိုတာ မေ့နေကြတယ် ။

နေရာတခုရထားပြီး ဆရာဝန်တွေ အင်ဂျင်နီယာတွေ က စလို့ ဟိုးအောက်ခြေဝန်ထမ်းတွေအထိ နေရာလေးတခု မှာ ခိုင်မြဲနေပြီ ပုံမှန်ဝင်ငွေလေးရနေပြီ ဘဝလေးက အိုကေစိုပြေနေပြီဆို ကိုယ့်ကိုကိုယ် Upgrade လုပ်ဖို့မေ့သွားကြတယ် ။

ဒီအလုပ်က ငွေရနေပြီပဲကွာ ၊ငါတော့ အေးဆေးပါပဲ ဒီအလုပ်ကနေ ငွေ အမြဲဝင်နေမှာပဲ ။ ဒီရာထူးက အမြဲမြဲနေမှာပဲ ။ ဒီပညာသာတတ် တသက်လုံးထမင်းမငတ်ဘူး ။ အလုပ်က ပင်ပန်းတယ် ကျန်တာတွေ ဆက်လေ့လာဖို့ အချိန်မရှိဘူး ။

ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုကိုယ်ရောက်တဲ့ နေရာလေးမှာ ရပ်တန့်ပစ်လိုက်ကြတယ် ။

အဲ့လိုရပ်တန့်နေတဲ့ သူတွေ က ခေတ်နဲ့ ဘယ်လောက်ကွာသွားတယ်ဆိုတာ တစ်နှစ် မသိသာသေးဘူး ။ ၂ နှစ် မသိသာသေးဘူး ။ ၁၀ နှစ် ၂၀ နှစ်တွေလဲရောက်ရော ။

ဒါတွေ ငါလိုက်မမီတော့ ဘူး ။ ငါမလုပ်တတ်တော့ဘူး ။ နောက်ကလေးတွေ လုပ်ရမယ့်အရာတွေပါကွာ ငါတို့တွေ လေ့လာလို့မရတော့ဘူး ။ ဆိုတာတွေဖြစ်ပြီး အကုန်ကွာဟသွားတော့တာပါပဲ ။


အဓိက အကြောင်းရင်းက ကျနော်တို့ မြန်မာနိုင်ငံမှာသာ တစ်နေ့နဲ့ တစ်နေ့ ထင်သလောက်မတိုးတက်လို့ အရမ်းမကွာဟဘူးထင်နေရတာ ။ သူများနိုင်ငံတွေမှာက
Challenge of Technology Age ဆိုသလိုပဲ ။

နေ့တိုင်း နေ့တိုင်း တစ်ယောက်နဲ့ တယောက် ။ Company တစ်ခုနဲ့ တစ်ခု အသည်းအသန် ပြိုင်ဆိုင် ယှဉ်ပြိုင်နေရတာ ။

ဒီနေ့ ဒီ Company က နည်းပညာအသစ်တခု ထုတ်နိုင်ချိန် နောက် Company တခုက ဘာမှ မလုပ်နိုင်ရင် ဈေးကွက်ထဲမှာ နောက်ကျကျန်နေခဲ့မှာပဲ ။

ကြားဖူးတာတခုဆို ဟိုးအရင်က ဖုန်းထဲမှာနာမည်ကြီး
Nokia ဖုန်းကုမ္ပဏီကြီးဆို Andorid တွေ ပေါ်လာချိန် နည်းပညာနောက်ကျပြီး ဈေးကွက်မှာ နောက်ကောက်ကျသွားရတာမျိုးဟာ အခုပြောတဲ့ အတိုင်း Upgrade လုပ်ဖို့ နောက်ကျကျန်နေခဲ့လိုပါပဲ ။

အခု ကမ္ဘာပေါ်မှာ နည်းပညာအဖွဲ့အစည်းကြီးတွေ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေ ထိပ်တန်းအမြဲရောက်နေရခြင်း အကြောင်းရင်းကလည်း နေ့တိုင်း အချိန်တိုင်း စက္ကန့်တိုင်း Upgrade ဖြစ်အောင် အမြဲမြှင့်နေလို့ ကြိုးစားနေလို့ ရှာဖွေနေလို့ လေ့လာနေလို့ပါပဲ ။

မြန်မာနိုင်ငံမှာတော့ ပိုက်ဆံရှာတာက အဓိက ကျပြီး လုပ်ငန်းတခုက ပုံမှန်ဝင်ငွေလေး နှစ်ပဲခြောက်ပြားလောက်ရပြီဆို ပြီးပြည့်စုံသွားပြီယူဆပြီး ကိုယ့်ကိုကိုယ်ရပ်တန့်လိုက်ကြတာမျိုးကိုးဗျ ။

ဒါကြောင့်လည်း သူများနိုင်ငံတွေက လွန်ခဲ့တဲ့ နှစ်တရာကျော်လောက်ကမှ Transistor ဆိုတဲ့ အီလက်ထရောနစ်ပစ္စည်း စပေါ်လာပြီး ခုတော့ ကမ္ဘာ့အပြင်ဖက်တောင် လူမပါဘဲ လွှတ်ကုန်ကြပြီ ။

ကျတော့်မိတ်ဆွေလည်း ဒီစာကိုဖတ်နေတဲ့ အချိန် ကိုယ့်ကိုယ်ကို ပြန်ကြည့် ကိုယ့်အခြေအနေကိုယ်တွေးကြည့်

နေ့တိုင်း နေ့တိုင်း ဘာတွေ Upgrade ဖြစ်လာသလဲ ။

ကိုယ့်အလုပ်အကိုင်လေးမှာ ပိုက်ဆံလေးရရင် ဝင်ငွေလေးရရင်တော်ပြီဆိုပြီး ကိုယ့်ကိုကိုယ် Upgrade မြှင့်ဖို့ ခများမေ့နေရင် ဘာကိုမှ ဆက်လက်လေ့လာဖို့ ဆည်းပူးဖို့ သင်ယူဖို့ မေ့လျော့နေတယ်ဆိုရင်တော့ နောင် ဆယ်စုနှစ်ကျော်ကျော်မှာ ခများသူများနောက်ကျန်ကို ကျန်နေခဲ့လိမ့်မယ်လို့ ကျနော်ရဲရဲကြီးပြောလိုက်မယ်ဗျာ ။

ရပ်နေသူနဲ့ လှမ်းနေသူ ၊ လှမ်းနေသူနဲ့ ပြေးနေသူ ဘယ်သူက ခရီးပိုရောက်မလဲ ဘယ်သူက နောက်ကျ ကျန်နေခဲ့မလဲဗျာ ။

ဘဝမှာ မှားတာမလုပ်တိုင်း အောင်မြင်တာမဟုတ် ၊ မှန်တာတွေကို လုပ်ဖို့ လိုနေရင်လည်း အမြင့်ဆုံးအောင်မြင်မှုကိုဘယ်တော့မှရမယ်မဟုတ်ကြောင်းပါဗျာ ။

( အပေါ်က အလုပ်အကိုင်တွေနဲ့ နာမည်တွေက မျက်စိရှေ့ ပတ်ဝန်းကျင်ရှေ့မြင်ရကြားရတာတွေကို စိတ်ကူးနဲ့ရေးထားတာပါ ။ သူတပါးအလုပ်အကိုင်တွေကို စော်ကားလိုစိတ် အလျဉ်းမရှိတာမို့ တိုက်ဆိုင်မှုများရှိရင် နားလည်ပေးစေလိုကြောင်းပါ )

Lynn Zarni
Photo Crd

မှန်တယ်၊မှားတယ်ဆိုတာထက် ပိုက်လိုင်းကြီးတစ်လျှောက် စစ်ဆေးချက်များ ပြုလုပ်သင့်ပါကြောင်း



ယခုရက်ပိုင်း ''ဒေါက်တာခင်မောင်ဝင်း''ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ရန်ကုန်မြို့က ဂျိုးဖြူရေ သုံးစွဲနေသူတွေအကြား ဂယက်ထသွားစေခဲ့တယ်။

သူပြောလိုက်တာက ဂျိုးဖြူရေပိုက်တွေထဲမှာ မစင်တွေပြန့်ပွားနေတာ တွေ့ရှိတဲ့အကြောင်း ပြောလိုက်တာပါ။

အသည်းရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ ခင်မောင်းဝင်းရဲ့ သုံးသပ်ချက်ကို အချို့က လက်ခံကြသလို အချို့ကလည်း လက်မခံကြပါဘူး။

ဆရာဝန်ကြီးရဲ့ပြောစကားနဲ့ ပတ်သက်ပြီး ကျွန်တော်မှတ်ချက်ပြုချင်တာက မစင်တွေဆိုတာထက် ပြင်ပက ရေဆိုး၊ရေညစ်တွေ တွေ့ရှိတယ်ဆိုတာက ပိုပြီး သဘာဝကျပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ မစင်ဆိုတာ (ချေး)ချီးကိုဆိုလိုပြီး ချီးဆိုတာကလည်း လူတိုင်း ရွံရှာကြတယ်မဟုတ်လား...
ဖြစ်နိုင်ပါတယ်...ဖြစ်နိုင်တယ်ဆိုတာက ဆရာဝန်ကြီး
ပြောသလို မစင်ဆိုတာထက် ပြင်ပရေဆိုးဆိုရင် ပိုမှန်
ပါလိမ့်မယ်။

ကျွန်တော် သိထားသလောက်တော့ ဂျိုးဖြူရေ
ပိုက်လိုင်းကြီးဟာနှစ်ပေါင်းကြာမြင့်နေပြီဖြစ်သည့်
အလျောက် အချို့သော နေရာတွေဟာ Water Leaking ဖြစ်နေပါတယ်။ရေတွေစိမ့်ထွက်၊ပေါက်ထွက်နေတာကို ပြောတာပါ။

ဂျိုးဖြူပိုက်ကြီး သွယ်တန်းထားပုံကလည်း လူနေအိမ်၊
ရပ်ကွက် နှင့် မြစ်ချောင်းတွေကြားကနေတဆင့် သွယ်တန်းထားတာဆိုတော့ နည်းနည်းတော့ ကြံဖန်ပြီး
တွေးတောစဉ်းစားကြည့်ရမှာပေါ့နော...
ဥပမာဗျာ... ပျက်စီးပေါက်ကွဲနေသော (၄)လက်မ အရွယ်အစားရှိတဲ့ PVC ကော် ရေပိုက်တစ်ခုကို
တပ်ဆင်အသုံးပြုပြီးတော့ ရေစုပ်စက်ဖြင့် ရေမောင်း
တင်ကြည့်ပါ..ရေ၏တွန်းကန်အားကြောင့် ပေါက်ပြဲ
နေသည့်နေရာက ရေများပမ်းထွက်လာပါလိမ့်မယ်။

ဒီလိုရေအားနဲ့တွန်းကန်ပေါက်ထွက်နေချိန်မှာ ပြင်ပရေဟာ ဒီပေါက်ထွက်နေတဲ့နေရာကနေတဆင့် ဒီpvc ပိုက်ထဲကို ဝင်ရောက်ဖို့ဆိုတာ လုံးဝမလွယ်ကူ
ပါဘူး...ဘာဖြစ်လို့လဲဆိုတော့ ပေါက်ထွက်နေတဲ့
နေရာက အပေါက်ဟာရေဖိ့အားကြောင့်မှုတ်ထုတ်၊
တွန်းထုတ်နေခြင်းကြောင့်ဖြစ်ပါတယ်။

အကယ်၍ ဒီအပေါက်ရှိတဲ့ pvc ပိုက်ဟာ ရေအပြည့်
ပို့လွှတ်မထားဘူး ပိုက်တစ်ဝက်မျှသာ ပို့လွှတ်ထား
တယ်ဆိုရင် ၄င်းအပေါက်ဟာ ပိုက်ရဲ့အောက်ပိုင်းမှာ
မဟုတ်ပဲ ရေမရောက်တဲ့ ပိုက်ရဲ့အထက်မှာတည်ရှိ
နေမယ်ဆိုရင် ရေကြီးရေလျှံချိန်၌ ပြင်ပရေများ၊ရေဆိုး
များဝင်ရောက်နိုင်စွမ်းရှိပါတယ်။

ဂျိုးဖြူပိုက်ဟာလည်းထိုနည်းတူစွာပါပဲ...
ဂျိုးဖြူပင်မပိုက်ကြီးပဲဖစ်ဖြစ်၊ဂျိုးဖြူပိုက်ကြီးမှ
တဆင့်ခွဲထွက်တဲ့ ဂျိုးဖြူပိုက်လက်တက်ပဲဖြစ်ဖြစ် ရေအပြည့်ပို့လွတ်ထားခြင်း၊ရေအပြည့်ပို့လွတ်နိုင်ခြင်း၊
ပိုက်အပြည့်မဟုတ်ပဲနဲ့ရေအားလျော့နည်းနေခြင်း
များဖြစ်ပေါ်ချိန်၌ရေနက်ပိုင်း၊ချောင်း၊မြောင်းတွေမှ
တဆင့်သွယ်တန်းထားတဲ့ ဂျိုးဖြူပိုက်ဟာ အကယ်၍ ၄င်းနေရာများ၌အပေါက်ရှိမည်ဆိုပါလျှင်ရေကြီး
ရေလျှံချိန်များ၌ ပြင်ပရေဆိုးများ စိမ့်စီး ဝင်ရောက်နိုင်
ပါတယ်။

ယခုနေ ဂျိုးဖြူရေကို ခပ်ယူပြီး စစ်ဆေးချက်တွေ
ပြုလုပ်ပေမဲ့ ပြစ်ချက်ကတွေ့ရင်လည်းတွေ့မယ်၊
မတွေ့ရင်လည်းမတွေ့ဘူး...ဘာဖြစ်လို့လဲဆိုတော့ ဂျိုးဖြူပိုက်ဆိုတာက ရေသန့်ပို့လွှတ်တဲ့ပိုက်ဖြစ်နေတာဆိုတော့ ပြင်ပက
ရေဆိုးအနည်းငယ်ဝင်ရောက်တာမှန်ပေမဲ့ ရေဆိုး
ပမာဏထက်ရေသန့်ပမာဏကပိုများနေခြင်းကြောင့်
စစ်ဆေးချက်များပြုလုပ်ပေမဲ့ သန့်စင်ပါတယ် ဆိုတဲ့
အဖြေသာထွက်လာပါလိမ့်မယ်။

ဒါ့ကြောင့် ဂျိုးဖြူရေထဲ၌ ပြင်ပရေဆိုးပါဝင်နေခြင်း၊မပါဝင်ခြင်းဆိုတာ မှန်တယ်၊မှားတယ်ဆိုတာထက် ပိုက်လိုင်းကြီးတစ်လျှောက် စစ်ဆေးချက်များပြုလုပ်
သင့်ပါကြောင်း အကြံပြုရင်း ရေးသားဖော်ပြ
လိုက်ပါသည်။

ကျေးဇူးတင်ပါတယ်..
ဘဝခါးခါး✏
COPY-San Min Htun FB.
ဓာတ်ပုံအားလုံးက Facebook ကပေါ်ကရှာထားတော့ မူရင်းပိုင်ရှင်များကို Credit ပေးပါတယ်။
















...............................................................
India ကရေပိုက်ပုံတွေကိုယူလာပြီး ရန်ကုန်ကရေပိုက်တွေပါဆိုပြီးလုပ်ကြံနေကြပြန်လေ၏။ 






Saturday, February 24, 2018

လျှို့ဝှက် စာများနှင့်ဒီဇိုင်းဖော်ထားသောအင်္ကျီ နှင့်အနဂ္ဂ


YOUK SHI ကို ဒိုးပြီ
အင်္ကျီဒီဇိုင်းကို ပုံဖော်ပေးတဲ့ Teligion ကျေးဇူးပါ
Anegga
...........
လျှို့ဝှက် စာများနှင့်ဒီဇိုင်းဖော်ထားသောအင်္ကျီ နှင့်အနဂ္ဂ

တလွဲ အဓိပ္ပာယ်​ ​ကောက်​​နေကြလို့
ဘာသာ ပြန်​​ပေးလိုက်​ပါတယ်
*************************
လှ
စ ပယ်

ခူး မယ့်​ သူ
မ​ အေး​ လေး

ငံ့ လင့်​ မယ့်​ သူ
မ မြ စန်း ပွင့်
ဖွေး လို့ မွှေး သူ
ကြူ မယ့်​ ကို ​လေး
=================
ဘာသာပြန်​ ဇိုင်​မျိုး​လှော်

မြန်မာပြည်က လက်မဲကြီးတွေ

မြန်မာပြည်က လက်မဲကြီးတွေ
photo _Irrawaddy

ကျောက်ကပ်ရောဂါသည်ကြီးများအတွက် လက်တွေဆေးနည်း

ဒီအသီးလေးဟာမဟော်ဂနီသီးလေးပါ လက်တွေ့ကျောက်ကပ်ရောဂါသည်ကြီးများ ကောင်းစေလို၍တင်ပေးလိုက်ခြင်းစေတနာအမှန်ပါ ။
သူရဲ့အဆံလေးစားပေးပါ ။ရေနွေပူနွေးနွေးလေးလည်းသောက်ပေးပါ။

ကျောက်ကပ်တစ်ဘက်ပျက်နေသူများပင်၆လခံတော့မည်ဆိုသူတို့ပင်၁၀နှစ်ကျော်အထိရှိနေကြပါသေးသည်။

၇ စေ့မှ ၁၀စေ့အထိစားပေးပါ။
တောင်ပေါ်ရောက်တုံးတွေ့သောကြောင့်စေတနာအပြည့်ဖြင့်တင်ပေးချင်းဖြစ်ပါတယ် သူ့အဆံလေးမှာအလွန်ပင်ခါးသော်လည်း အသက်များစွာထောက်ပန့် ကူညီနိုင်၍ဆေးဒါနပြုခြင်းပါနော်
အားလုံးမင်္ဂလာပါခင်ဗျာ။

အထွေထွေဗဟုသုတ
Myawady Health

Friday, February 23, 2018

အောင်လကွ

အောင်လကွ

ခါးနာရောဂါသမားများအတွက်

်မနေ့က ခါးတအားနာပြီး အိပ်ယာအတွင်းလဲနေရာအိမ်သို့
မိတ်ဆွေတစ်ယောက်လာရင်းခါးနာရောဂါကို လက်တွေ့ပြသလုပ်ပေးသွားရာ ကျုပ် လုံးဝ
သက်သာပြီးချက်ချင်းထပြီး
သွားနိုင်သည့် အထိကောင်းသွားသဖြင့် ခါးနာသမား
မိတ်ဆွေများအား ပြန်လည်မျှ
ဝေသလိုမိတ်ဆွေအပေါင်း
ကလည်းပြန်လည်မျှဝေပေးကြပါ ။
၁။ပုဆိုးတစ်ထည်အားပုံမှာပါသည့် အတိုင်းပုဆိုးကိုကျစ်ကျစ်ကရွတ်ခွေလိပ်ပါ မပြေပါစေနှင့် ။

၂။ထိုနောက်လူအလျှားမှောက်လိုက် ပြီးပုဆိုး၏ ကရွတ်ခွေအားမိမိ၏ချက်အောက်တည့်
တည့်ထားပါ ။ မလွဲ ပါစေ နှင့်
သေချာထားပါ ပုဆိုး ထမီ အားဖြေလျှော့ပြီး ဗိုက်သား
ွှ့ိ နှင့်ထိ​အောင်ထားပါ ။

၃။မိမိနှင့်ကိုယ်အလေးချိန်တူ သို့မဟုတ်အနည်းငယ်ကွာသူကို ကျောပေါ် {၁}မီးနစ်ခန့်
နင်းစေပြီးမိမိ၏ ချက်၏အပေါ်တွင်ငြိမ်၍နင်းထားပါစေ .မိမိ ခံနှိုင်သည့်အထိနေပါစေ ။
မခံနိုင်ပါ ဆင်းခိုင်းပါ ။

မိမိ မှလည်းတတ်နှိုင်သလောက် အသက်မှန်မှန်ရှုပါ ထိုကဲ့သို့ {၃}ကြိမ်လုပ်ပေးပါ မိမိကိုယ် မှအပူများချွေးများထွက်ပြီးလုံးဝ သက်သာ သွားပါလိမ့်မည်။

ခါးနာဝေဒနာသည်များအားလုံး သက်သာပျောက်ကင်းကြပါစေ။
.============
Comments များစုဆောင်းပေးလိုက်ပါတယ်။

**ဟုတ်​ပါတယ်​ အဲဒီခါးနာ​ရောဂါကို ကျွန်​​တော်​ သုံးနှစ်​ခန့်​​ဝေဒနာခံစားရပါတယ်​ ​ဆေးရုံသွားပြ​တော့ ​ အရိုးအ​ကြောပါဓကူက ဆေးရုံတက်​ခိုင်းတယ်​ အချိန်​ ၂ လ​လောက်​ကြာမယ်​ ဆိုလို့ မတက်​ဖြစ်​တာပါ ဟိုဆရာပြ ဒီဆရာပြနဲ့ မ​ပြောက်​ပါဘူးဗျာ 
နောက်​ဆုံးဆရာကြမှ ယ္ခု​ပြောတဲ့နည်းအတိုင်း လုတ်​​ပေးမှ 
ကောင်းသွားပါတယ်​ ဘာနတ်​ ဘာ​ပ​ရောဂ မှမဟုတ်​ဘူး​​နော်​​..

**လုပ်ကြည့်ပါကျမတောင်
တွေ့ပြီးချက်ချင်းလုပ်ကြည့်တာ
တော်တော်ပေါ့ပြီခါးလှည့်ချိုးလို့ရသွားတယ်ခါးကတောင့်
နေပြီးဟိုဘက်ဒီဘက်
လှည့်ချိုးလို့တောင်မရတာ..
လုပ်ပြီးခါးချိုးလိုက်တာဂျိုးဂျိုးဂျွတ်ဂျွတ်နဲ့ပေါ့ပြီသွားတာဘဲ တင်
ပေးတဲ့သူရောနည်းပေးတဲ့သူ
ရောကျေးဇူးတင်ထိုက်သူတွေပါ

.**အသည်းရောဂါရှိသူများ
ဤနည်းကိုအသုံးမပြုသင့်ပါ။အသိထဲကအဲ့လိုပဲခါးကိုက်လို့ခါးနားတက်နင်းခိုင်းလိုက်တာအသည်းကြေပြီး
ဆုံးသွားတယ်။ထိုင်း က
ချင်းမိုင်မှာစီပိုးရှိလို့ငွေတော်တော်ကုန်ခံပြီးကုထားတာ၊
ရောဂါပျောက်ပြီး တစ်နှစ်
လောက်နေပြီးမှဖြစ်သွားတာပါ။

Credit.. ....

ရန်ကုန်တက္ကသိုလ်(ပင်မ)RCထဲက သန့်စင်ခန်း

ရန်ကုန်တက္ကသိုလ်(ပင်မ)RCထဲက သန့်စင်ခန်း

ဘယ်လမ်းရွေးရပါ့



အောင်လ တစ်ချီနဲ့ အနိုင်ယူ။


အောင်လ တစ်ချီနဲ့ အနိုင်ယူ။