CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 31, 2018
ပဲခူးမြို့က ကိုယ်ပိုင်အထက်တန်းကျောင်တစ်ကျောင်းမှာ သချာင်္ဘာသာကျတဲ့ အတွက် ပြင်းပြင်းထန်ထန်အရိုက်ခံရတဲ့ကျောင်းသား/ကျောင်းသူတစ်ချို့ ကျောင်း မတက်နိုင်သည့်အပေါ် ကျောင်သားမိဘများစိုးရိမ်နေ
ပဲခူး၊ ဇန်နဝါရီ ၃၁
ဇန်နဝါရီလ(၃၀)ရက်နေ့က ပဲခူးမြို့၊ပန်းလှိုင်ရပ်ကွက်၊ကျုံးရိုးလမ်းရှိ ကိုယ်ပိုင်
အထက်တန်းကျောင်းတစ်ကျောင်းမှာ မြို့နယ်အဆင့်စာမေးပွဲဖြေဆိုခဲ့ကြတဲ့ကျောင်း
သား/ကျောင်းသူ(၆၀)ဦးအနက် (၁၅)ဦးမှာ သချာင်္ဘာသာမှာကျရှုံးခဲ့တဲ့အတွက် သချာင်္ဆရာ(ကျောင်းပိုင်ရှင်)က ကြိမ်လုံးနဲ့ တင်ပါးနဲ့ခါးတွေကို(၅)ချက်ကနေ(၁၈)
ချက်အထိ ရိုက်နှက်ခဲ့တဲ့အတွက် ရရှိခဲ့တဲ့သည့်ဒါဏ်ရာတွေကြောင့် ကျောင်းသား၊
ကျောင်းသူတစ်ချို့ ကျောင်းမတက်နိုင်ကြတဲ့အပေါ် ကျောင်းသားမိဘတွေးစိုးရိမ်မှု
တွေဖြစ်ပွားနေကြတယ်လို့ သိရသည်။
``သမီးက သချာင်္ဘာသာမှာ၂၇မှတ်နဲ့ကျလို့တင်ပါးကို၁၅ချက်အရိုက်ခံရတယ်။
အရင်တုန်းကတစ်ဘာသာကျရင်အဲ့လောက်မရိုက်ဘူး။အခုရိုက်တဲ့ကြိမ်လုံးကအကြီး
ကြီးဘဲ။ဆရာက အခုမေးမယ့်မေးခွန်းကမြို့နယ်အဆင့်တဲ့။ဒီမေးခွန်းကျရင်မရိုက်ဘူး
တဲ့။မေးခွန်းထွက်လာမှ ကျတဲ့သူတွေကိုရိုက်မယ်လို့ပြောတာ။ရိုက်မယ့်ညနေက အ
ချိန်ပိုရှိတယ်လို့ပြောပြီး ဟိုဘက်ကျောင်းကိုခေါ်ပြီးရိုက်တာ။အားလုံး ၁၅ ယောက်အ
ရိုက်ခံရတယ်။သမီးသူငယ်ချင်းတစ်ယောက်ဆိုရင် ၂၅မှတ်နဲ့ကျလို့ ၁၈ချက်အရိုက်ခံ
ရတယ်။တစ်ချို့ကျောင်းသားတွေဆို ခါးအထိအရိုက်ခံရတယ်။သမီး ဒီဒါဏ်ရာတွေနဲ့
ကျောင်းမတက်နိုင်ဘူး။အများရှေ့မှာအရိုက်ခံရတဲ့အတွက်ရှက်လည်းအရမ်းရှက်
တယ်။သမီး ဒီကျောင်းကိုလည်းဆက်မတက်ချင်တော့ဘူး။ဒီကျောင်းဆရာမျက်နှာကို
လည်းမကြည့်ချင်တော့ဘူး " ဟု ၁၅ချက်အရိုက်ခံခဲ့ရသူ ၁၀တန်းကျောင်းသူလေး
တစ်ဦးက ပြောပါတယ်။
ရိုက်နှက်ခဲ့တဲ့ကျောင်းဆရာဟာ သချာင်္နဲ့ရူပဗေဒဘာသာသင်ကျောင်းဆရာဖြစ်
ပြီး အဲဒီကျောင်းကိုတည်ထောင်ထားသူလည်းဖြစ်တယ်လို့သိရပါတယ်။သူငယ်တန်း၊
အလယ်တန်းနဲ့အထက်တန်းအဆင့် ကျောင်းဆောင်များခွဲပြီးသင်ကြားတယ်လို့သိရ
ပါတယ်။ကျောင်းလခမှာ တစ်လ(၉)သောင်းပေးရပြီး ကျောင်းဝင်ကြေး(၅)သောင်း
နဲ့ကျောင်းဝတ်စုံကြေးအဖြစ် (၂၅၀၀၀)ပေးရတယ်လို့သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကျောင်းသားမိဘတစ်ဦးက ``ကလေးကိုရိုက်တာများ
အရှိုးရာတွေကိုထပ်နေတာပဲ။ကျမက ဒီလိုလုပ်တာတော့မသင့်ပါဘူးလို့ အဲဒီကျောင်း
ကိုသွားပြောတော့ ဆရာမတစ်ယောက်က အမလေး ဆရာတောင်မှလက်နာသွား
သေးတယ်တဲ့။ကျမဖြင့် အသားတွေတစ်ဆတ်ဆတ်တောင်တုန်တယ်။ကျမကတော့
အဲဒီကျောင်းမှာ ကိုယ့်ကလေးကိုပေးမတက်ချင်တော့ဘူး။ကျမ သည်းညည်းမခံနိုင်
ဘူး။ကျမ အဲဒီကျောင်းဆရာအိမ်ကိုလိုက်ပြီးသွားပြောဦးမှာ။တစ်ကယ်ဆို ကျောင်း
သားတွေစာမေးပွဲမဖြေနိုင်လို့ရိုက်တာတော့ရိုက်ပါ။ဒါပေမဲ့ ဒီလောက်ကြီးအထိတော့
မရိုက်သင့်ဘူး။မိဘတွေကိုတိုင်ရမှာ။ခေါ်ပြီးဆွေးနွေးရမှာ။အခုလိုရိုက်တာနှစ်ခါရှိပြီ။
အခု ကလေးက အဲဒီဒါဏ်ရာတွေနဲ့ကျောင်းမတက်နိုင်တော့ဘူး " လို့ပြောပါတယ်။
ကလေးတွေကိုကျောင်းအပ်စဉ်က အခုလိုရိုက်နှက်အပြစ်ပေးခဲ့ရင် ကျေကျေနပ်
နပ်ခံယူဖို့ အဲဒီကျောင်းတည်ထောင်သူ(ကျောင်းဆရာ)နဲ့သဘောတူလက်မှတ်ထိုး
ထားခဲ့ခြင်းမရှိဘူးလို့ ကျောင်းသားမိဘတစ်ဦးကလည်းပြောပါတယ်။ရိုက်နှက်ခံခဲ့ရတဲ့
ကျောင်းသား ၁၅အနက် ၃ဦးကတော့ ကျောင်းမတက်နိုင်တော့လို့ဒီနေ့ခွင့်တိုင်ထား
ရပြီး ဒီနေ့လည်း ဘာသာရပ်အလိုက်ကျတဲ့သူတွေကိုဆက်ရိုက်မးဆိုတဲ့သတင်း
ကြောင့် ကျောင်းသား ၁၀ဦးရဲ့ကျောငိးသားမိဘများ ခွင့်တိုင်ကြားထားတယ်လို့ သိ
သိရပါတယ်။၎င်းဖြစ်စဉ်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာပြန်လည်ဖြေရှင်းပြောဆိုနိုင်ဖို့အ
တွက် ကျောင်းတည်ထောင်သူနဲ့သွားရောက်တွေ့ဆုံမေးမြန်းဖို့စီစဉ်ထားပါတယ်။
■ဧရာ(ပဲခူး)
ပြည်ခိုင်ဖြိုးပါတီ အလံ ပြောင်းလဲရန်အတွက် နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကို မှ အခါတော်ပေး
ဦးဇေယျာကို
ပြည်ခိုင်ဖြိုးပါတီ အလံ ပြောင်းလဲရန်အတွက် နက္ခတ်ဗေဒပညာရှင် ဦးဇေယျာကို မှ အခါတော်ပေး
နိုင်ငံတစ်နိုင်ငံအတွက် ................လွန်စွာအရေးကြီးလှသော အခါပေးပညာ.....
မင်းဧကရာဇ်များ လက်ထက်ကထဲက လေးစားလိုက်နာခဲ့သောအခါပေး ပညာ...........
အမေရိကန် အိမ်ဖြူတော်နှင့် စီအိုင်အေတွင်လည်း အခါပေးပညာရှင်များ ရှိကြသည်............
နိုင်ငံတော်အတွက် မဖြစ်မနေ လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာများဖြစ်သည်.......
ပြည်ခိုင်ဖြိုးပါတီအစိုးရတာဝန်ယူစဉ်လက်ထက်.............
နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး ဆရာဒေါက်တာနေဇင်လတ်မှ
သမ္မတရုံးတွင် နိုင်ငံတော်နှင့်သမ္မတကို အကြံပေးနိုင်မည့် အဖွဲ့လေး
တစ်ဖွဲ့ ဖွဲ့ပေးဖို့ မိမိကို အဖွဲ့ခေါင်းဆောင်တာဝန်ပေးပြီး လူရှာခိုင်းသည်....
အားလုံး Ready ဖြစ်ရင် သမ္မတကြီးထံတင်ပြဖို့ စီစဉ်ထားသည်..............
နောင် အစိုးရပြောင်းသွားလဲ .....ဒီအဖွဲ့လေးကို ဆက်လွှဲပေးခဲ့မယ်.......
သူတို့ကြိုက်ရင်လည်းသုံး...မကြိုက်ရင်လည်း လူရှာလဲလှယ်ဖို့.......
ပြောကြဆိုကြသည်..................................
ထိုအချိန် မိမိကိုယ်တိုင်လည်း ဒီအလုပ်နဲ့ပတ်သက်ပြီး အစိုးရ၀န်ထမ်း
တာဝန်တစ်ခုလို ပြန်မထမ်းဆောင်လိုတော့..............
အပြင်မှာ မျက်စိပွင့်နားပွင့်နှင့်........ကိုယ် လုပ်တတ်လို့
အရည်အချင်းရှိလျှင်...... နာရီတိုင်းမှာ လုပ်ငန်း၊ငွေကြေး အကျိုး
အမြတ်များစွာ ရရှိနေသည်.............................
နိုင်ငံတော်အစိုးရတာဝန်နှင့် ၀န်ထမ်းလစာကို မမက်မောနိုင်တော့......
ဆရာလိုရင်အချိန်မရွေး ခိုင်းပါ..တိုင်းပြည်အကျိုးအတွက် သစ္စာရှိရှိ
ဆောင်ရွက်ပေးပါ့မယ်....
ကျွန်တော်တို့ အပြင်ကပဲတိုင်းပြည်အကျိုးကူညီပါမည်ဟု ပြောဆိုပြီး သမ္မတရုံးတွဲဖက်ထားမည့်နက္ခတ်ပညာပိုင်းဆိုင်ရာ အကြံပေးအဖွဲ့ကို ရှောင်ရှားခဲ့မိသည်............သမ္မတရုံးတွင်ထိုအဖွဲ့ငယ်လေးလည်း
မပေါ်ပေါက်လာခဲ့ပါ..................
ပြည်ခိုင်ဖြိုးပါတီအတွက်........ပါတီဝင်လည်းမဟုတ်ပါ........
ဘယ်ပါတီကိုမှလည်း ဘ၀တစ်သက်တာ ၀င်ရောက်လိမ့်မည်မဟုတ်ပါ...
ဒါပေမယ့် အကူအညီတောင်းလာသောအခါ ကူညီပေးဖြစ်သည်.......
ဗုဒ္ဓသာသနာတော်အခမ်းအနားဖြင့် အဆုံးသတ်ပေးထားသလို.......
ဇဗ္ဗူဒီပါလယျာင်္တောင်ကျွန်း အောင်နမိတ်ထွန်းသော အရပ်တွင်
အလံတော်အစား " အောင်လံတော် " ဟုသုံးနှုန်းထားပါသည်။
နောင်မျိုးဆက်သစ်များ လက်ဆင့်ကမ်းလေ့လာနိုင်ရန် ရည်ရွယ်ပါ
သည်...................
ဦးဇေယျာကို(နက္ခတ်သိပ္ပံ)
https://www.facebook.com/zayar.ko.77/post
Democracy နဲ့ လက်နက်
Democracy နဲ့ လက်နက်
လက်နက်နဲ့ဒီမိုကရေစီ
ကာတွန်းသန်းကြွယ်
ပြည်ထောင်စုနေ့စဉ်သတင်းစာ
4.12.1957
http://www.themeltingpot4u.com/2018/01/democracy.html
Monday, January 29, 2018
ဧည့်သည်တစ်ယောက်က နယ်ကမြေလေး ဝယ်ချင်လို့
ဒီနေ့ဧည့်သည်တစ်ယောက်က နယ်ကမြေလေး ဝယ်ချင်လို့ ကျနော့ဆီ ဖုန်းဆက်မေးတယ်၊ဝယ်လို့ရမရပေါ့။ ရွာမြေလို့ပြောတာပဲ၊ပေ ၆၀×၇၀ လောက်ကျယ်တယ်၊အကြံပေးပါအုံးတဲ့။
ဒါနဲ့ကျနော်လည်း ခင်များဝယ်မဲ့မြေအတွက်
ရှိတဲ့စာရွက်လေးပို့ပေးပါပေါ့ ။
သူကလည်း viber ကနေ မြေပုံလေးတစ်ပုံပို့ပေးတယ်။
ကျနော်ကကြည့်ပီး ခင်များဟာ လယ်မြေအမျိုးအစားပဲ
သစ်ပင်စိုက်ဖို့ဝယ်တာလားလို့မေးတော့
မဟုတ်ဘူး နေဖို့ပဲ
၊ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ၊ဝိုင်းကွက်တွေနဲ့ပဲတဲ့။
ဆရာကဒီနေရာကိုရောက်ဘူးလားတဲ့။
ကျနော်ကလည်း မရောက်ဘူးပါဘူး။
မြေပုံမှာ ပါတဲ့ သင်္ကေတနဲ့ မြေပုံဆွဲထားတဲ့
အရောင်ကိုကြည့်ပီးပြောတာပါလို့ပြောလိုက်တော့ ။
အဲလိုကြည့်လို့ရလားတဲ့။
ရပါတယ်
ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်နဲ့ဆွဲတယ်ဗျာ၊
ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို အပြာရောင်နဲ့ဆွဲတယ်ဗျာ၊
အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို ခရမ်းရောင်နဲ့ ဆွဲတယ်ဗျာ၊
ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပီး၊သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်လို့ ။
အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း
ဘာမြေအမျိုးအစားဖြစ်နိုင်တယ်
၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား
၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့်
ခွဲခြားလို့ရတယ်လို့ အများလည်းသိအောင်၊
ကျနော်လည်း စုပီးသားဖြစ်သွားအောင်
သိထားသလောက်လေး ပြောရရင်..
မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....
၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
ပထမတန်းစားဆိုရင် R1
ဒုတိယတန်းစားဆိုရင် R2
တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင် တတိယတန်းစား R3
တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင် စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။
၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG
၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP
၎။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM
၅။ မူရင်းလယ်မြေဆိုရင် M/MY
၆။ ချောင်းရေဝင် မြေဆိုရင် C
၇။ ယာမြေ ဆိုရင် Y
၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR
၉။ တောင်ယာ မြေဆိုရင် TY/YY
၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY
၁၁။ ကိုင်းမြေရင့်ဆိုရင် KY
၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U
၁၃။ ဓနိမြေဆိုရင် D
၁၄။ အပိုင်ရမြေ O
၁၅။ အပိုင် ဂရန်မြေ G
၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီး
မိမိဘာသာ အကြမ်းဖျင်းခွဲခြားနိုင်ပါတယ်။
Data Credit to Ko Tin Aung Moe
Sunday, January 28, 2018
ဗေဒင်ဟောတယ်ဆိုပြီး မိန်းကလေးတွေကို ဟိုကိုင်ဒီကိုင်လုပ်တဲ့ ကိုးထပ်ကြီးဘုရားက အောင်ချစ်ပို ဗေဒင်ခန်းအကြောင်း
ဗေဒင်ဟောတယ်ဆိုပြီး မိန်းကလေးတွေကို ဟိုကိုင်ဒီကိုင်လုပ်တဲ့ ကိုးထပ်ကြီးဘုရားက အောင်ချစ်ပို ဗေဒင်ခန်းအကြောင်း
ကျောင်းထုတ်ခံရတဲ့ကျောင်းသား ၃၆ယောက်နှင့် တက္ကသိုလ်ကောလိပ်အမည်များ
ရတနာပုံတက္ကသိုလ်မှ
ကျောင်းထုတ် ခံရတဲ့ ကျောင်းသား ၁၄ယောက်--------
၁။ကိုကျော်သီဟရဲကျော်
၂။ကိုရဲမျိုးဆွေ
၃။ကိုမျိုးသူရ
၎။ကိုဘုန်းမြင့်ကျော်
၅။ကိုနိုင်လင်းအောင်
၆။ကိုအောင်ပြည့်ဖြိုး
၇။ကိုရဲရင့်အောင်
၈။ကိုမင်းခန့်စိုး
၉။ကိုမင်းသူဟိန်း
၁၀။မအင်ကြင်းကိုကို
၁၁။မအေးမြငြိမ်း
၁၂။မမြတ်ဆုဆုအောင်
၁၃။မအိရွှေစင်
၁၄။မမြင့်မြင့်မော်
ရမည်းသင်းနည်းပညာတက္ကသိုလ်မှ ကျောင်းထုတ်ခံရသောကျောင်းသား၁၁ယောက်------
၁။ ရာဇာထွန်း
၂။ သီဟဇော်
၃။ အောင်မြတ်သူ
၎။ အောင်သူဝင်း
၅။ တေဇာဟိန်း
၆။ သျှားမြတ်အောင်
၇။ ကျော်သူအောင်
၈။ ကျော်သက်ဖြိုး
၉။ ရဲမာန်ဦး
၁၀။ ဇွဲသွန်အောင်
၁၁။ ဝင်းမိုးကျော်
မိတ္ထီလာနည်းပညာတက္ကသိုလ် ၁ယောက်
---------
၁။ ကိုပြည့်စုံ
မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ဗကသကျောင်းသား ၆ယောက်
----------
၁။ကိုအောင်ကျော်ဟိန်း
၂။ကိုဇင်မင်းသန့်
၃။ကိုဇင်မင်းထွန်း
၎။ကိုတိုက်ထွေး
၅။မစုလှိုင်ဝင်း
၆။မခင်ရတနာ
မိုးညှင်းဒီဂရီကောလိပ်က ကျောင်းသား ၄ယောက်
၁။မမြတ်နိုး
၂။မစုလှိုင်ဝင်း
၃။ကိုနေမင်းခ
၎။မသွန်းမှုံခ
#copy
ကျောင်းထုတ် ခံရတဲ့ ကျောင်းသား ၁၄ယောက်--------
၁။ကိုကျော်သီဟရဲကျော်
၂။ကိုရဲမျိုးဆွေ
၃။ကိုမျိုးသူရ
၎။ကိုဘုန်းမြင့်ကျော်
၅။ကိုနိုင်လင်းအောင်
၆။ကိုအောင်ပြည့်ဖြိုး
၇။ကိုရဲရင့်အောင်
၈။ကိုမင်းခန့်စိုး
၉။ကိုမင်းသူဟိန်း
၁၀။မအင်ကြင်းကိုကို
၁၁။မအေးမြငြိမ်း
၁၂။မမြတ်ဆုဆုအောင်
၁၃။မအိရွှေစင်
၁၄။မမြင့်မြင့်မော်
ရမည်းသင်းနည်းပညာတက္ကသိုလ်မှ ကျောင်းထုတ်ခံရသောကျောင်းသား၁၁ယောက်------
၁။ ရာဇာထွန်း
၂။ သီဟဇော်
၃။ အောင်မြတ်သူ
၎။ အောင်သူဝင်း
၅။ တေဇာဟိန်း
၆။ သျှားမြတ်အောင်
၇။ ကျော်သူအောင်
၈။ ကျော်သက်ဖြိုး
၉။ ရဲမာန်ဦး
၁၀။ ဇွဲသွန်အောင်
၁၁။ ဝင်းမိုးကျော်
မိတ္ထီလာနည်းပညာတက္ကသိုလ် ၁ယောက်
---------
၁။ ကိုပြည့်စုံ
မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ဗကသကျောင်းသား ၆ယောက်
----------
၁။ကိုအောင်ကျော်ဟိန်း
၂။ကိုဇင်မင်းသန့်
၃။ကိုဇင်မင်းထွန်း
၎။ကိုတိုက်ထွေး
၅။မစုလှိုင်ဝင်း
၆။မခင်ရတနာ
မိုးညှင်းဒီဂရီကောလိပ်က ကျောင်းသား ၄ယောက်
၁။မမြတ်နိုး
၂။မစုလှိုင်ဝင်း
၃။ကိုနေမင်းခ
၎။မသွန်းမှုံခ
#copy
နွဲ့ တင်အတွက်သီချင်းတစ်ပုဒ်နဲ့ ဒေါက်တာစိုင်းခမ်းလိတ်
လူရည်ချွန်ဖြစ်တဲ့ နွဲ့နွဲ့တင်ကတော့ ရုပ်လှတယ်။ စာတော်တယ်။ အဲဒီခေတ်တုံးက ကျောင်းမှာ စူပါစတားပေါ့။ ကျောင်းသားတွေအားလုံး နွဲ့နွဲ့တင်ကို အားကျသလို စိုင်းခမ်း လိတ်တစ်ယောက်လည်း သူများနည်းတူ နွဲ့နွဲ့တင်ကို အားကျမိသူပါ။
သူတို့နှစ်ယောက်ရဲ့ ပွဲဦးထွက်ဇာတ်လမ်း တစ်ပုဒ်ကတော့ ကျောင်းနံရံကပ်စာစောင် ကနေ စခဲ့တယ်။ နံရံကပ်စာစောင်ဆိုတာက စာပေဝါသနာပါတဲ့ ကျောင်းသားတွေ လွတ်လပ် စွာ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုတွေရေးပြီး ဆရာဆရာမများက ရွေးချယ်ပြီး ကောင်းတဲ့ဟာ တွေကိုကျောက်သင်ပုံးမှာ လှပစွာ ပြန်လည် ကပ်ထားပေးတယ်။ ကျောင်းသူကျောင်းသား တွေက ဝိုင်းကြည့်ကြတာပေါ့။ အဲဒီနံရံကပ်စာစောင်မှာ စိုင်းခမ်းလိတ်က ကဗျာလေးတစ်ပုဒ် ရေးကာ သွားကပ်ထားလိုက်တယ်။ သူ့ရဲ့ ခံစားချက်ကို တင်ပြတာပါ။ ဒါပေမယ့် သူတင်ပြချက် ကတော့ အသွားနှစ်ဖက် ရှိတဲ့ ကဗျာလေးပါ။ ကဗျာခေါင်းစဉ်ကိုက လူရည်ချွန်ကို ရအောင်ယူမည် တဲ့။ ကျောင်းသားတွေ အဲဒီကဗျာလေးကို ဖတ်ပြီးတော့ ဟိုးလေးတကျော်ဖြစ်သွားတာ ပေါ့။ လူသတင်း လူချင်းဆောင်ဆိုသလို နွဲ့နွဲ့တင်လည်း ကြားသိသွားတယ်။ စုံစမ်းကြည့်တော့ ရေးတဲ့သူက စိုင်းခမ်းလိတ်ဖြစ်နေတော့ ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေအား လုံး အဲဒီအကြောင်းကို စိတ်ဝင်စားနေကြတယ်။ နွဲ့တင်ကတော့ မိန်းမသားတစ်ယောက် အနေ နဲ့ သူမကို ယခုလို စောင်းလား ချိတ်လား တင်စီးပြီး ရေးထားတာကို မြင်ရတော့ မခံချင်တာ အမှန်ပါ။ ဒီကျောင်း တစ်ကျောင်းလုံးမှာ သူမတစ်ယောက်ထဲသာ လူရည်ချွန်ဖြစ်နေလေတော့ စိုင်းခမ်းလိတ်က သူမကို ရည်ရွယ်ပြီး တမင်သက်ကက် ရေးတဲ့အကြောင်း ကျောင်းအုပ်ဆရာ ကြီးကို သွားတိုင်ပါလေရော။ ဒီကိစ္စကို ကျောင်းအုပ်ကြီးကိုယ်တိုင် စိုင်းခမ်းလိတ်ကို ရုံးခန်းမှာ ခေါ်တွေ့တယ်။ စိုင်းခမ်းလိတ်က ပြုံးပြုံးနဲ့ပဲ အဖြေပေးလိုက်တယ်။
`ကျွန်တော် သူမလို လူရည်ချွန်ဖြစ်ချင်လို့ လူရည်ချွန်ကို ရအောင်ယူမယ်လို့ ရေးတာ ဟာ ကျွန်တော်ရဲ့ ရည်ရွယ်ချက်ပါ`တဲ့။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ ပြဿနာလည်း ပြေလည် သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ခင်မင်ရင်းနီးသွားတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းအစ လူရည်ချွန်ကလို့ ဆိုရပါလိမ့်မယ်။
ရည်ရွယ်ချက်ရှိတဲ့အတိုင်း နဝမတန်းရောက်တော့ စိုင်းခမ်းလိတ်လည်း လူရည်ချွန် အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ နွဲ့တင်ကလည်း လူရည်ချွန်နှစ်ထပ်ကွမ်း ဖြစ်ပြန်တယ်။ (ဒသမ တန်းလည်း နွဲ့နွဲ့တင်က လူရည်ချွန် သုံးထပ်ကွမ်းအဖြစ် ထပ်မံရွေးချယ်ခံရပြန်တယ်) မေမြို့ လူရည်ချွန်အနေနဲ့ သူတို့နှစ်ယောက် လူရည်ချွန်ခရီးအဖြစ် အတူတူသွားလာကြရလို့ ပိုပြီး ခင်မင်ရင်းနီးလာပါတော့တယ်။
ဒေါက်တာစိုင်းခမ်းလိတ်ရဲ့ သီချင်းကောင်းတွေ၊ စာသားလှလှတွေ ပေါ်ထွက်လာဖို့ အဓိက အိပ်မက်လှလှပေးတဲ့သူကတော့ နွဲ့နွဲ့တင်ပဲဖြစ်တယ်။ ဗမာသီချင်း အပုဒ် ၆၀၀ ကျော် ထဲမှာ နွဲ့နွဲ့တင်ကို ပတ်သက်တဲ့ အချစ်အကြောင်းတွေ အများကြီး တွေ့ရပါတယ်။ အထင်ရှား ဆုံးကတော့ “ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်“ နဲ့ “ ဒို့နှစ်ယောက်ရဲ့ အချစ်“ ပဲဖြစ်တယ်။ အဲဒါက လူရည်ချွန်ကို ရအောင်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်က စခဲ့တာ။
သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကတော့ ရှစ်တန်းကျောင်းသားဘဝက စခဲ့တယ်။ ကိုးတန်းရောက်တော့ အတူတူ လူရည်ချွန်ဖြစ်ပြီး ဒေသန္တရ ဗဟုသုတ အတူတူသွားခဲ့ရလို့ ပိုမို ရင်းနီးခဲ့တယ်။ ဆယ်တန်းရောက်တော့ စိုင်းခမ်းလိတ်က နမ္မတူကို ပြန်သွားရတယ်။ သို့သော် ဆေးတက္ကသိုလ်တက်တော့ မန်းမြေမှာ ပြန်ဆုံခဲ့ကြတယ်။ ဆရာတူတပည့်ဘဝနဲ့အတူ ကျောင်းနေဘက်မှာ ခင်ခဲ့ကြတဲ့ ခင်မင်မှုဟာ အခြားကျောင်းသားတွေအကြားကို ရောက်သွား ရင် ပိုမိုပြီး အလေးအနက်ရှိလာတတ်ကြတယ်။ ဒါကြောင့် စိုင်းခမ်းလိတ်နဲ့ နွဲ့နွဲ့တင်တို့ရဲ့ ခင်မင်မှုဟာလည်း ရင်းနီးမှုကို ပိုပြီးတော့ ဖြစ်စေခဲ့တယ်။
စိုင်းခမ်းလိတ် ကျောင်းပျက်လို့ အတန်းမတက်ခဲ့ရင် သူ့ကို ကူညီပေးခဲ့တဲ့သူက နွဲ့နွဲ့တင်ပဲဖြစ်တယ်။ သူ့ရဲ့ မှတ်စုစာအုပ်တွေဟာ များသောအားဖြင့် နွဲ့နွဲ့တင်ရဲ့ လက်ရေးတွေသာများပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနီးဖို့ ဆိုတာ (၁) ရှေးဘဝတုံးက မေတ္တာရေစက်ရှိခဲ့ကြတယ်။ (၂) ဒီဘဝမှာ တစ်ယောက်ကို တစ် ယောက်ကူညီဖေးမခဲ့ကြတယ်။ ဒီအကြောင်းနှစ်ခုကြောင့် တစ်ယောက်ကို တစ်ယောက် ချစ် ကြိုက်သွားကြတာပဲ။ သူတို့နှစ်ယောက်ကတော့ နှစ်ခုစလုံးကြောင့်ထင်တယ်။ စိုင်းခမ်းလိတ် လည်း လူရည်ချွန်ကို ရအောင်ယူမယ် ဆိုတဲ့ သူ့ရည်ရွယ်ချက်အတိုင်း ၁၉၇၃ ခုနှစ်မှာ လူရည်ချွန်သုံးထပ်ကွမ်းဖြစ်တဲ့ နွဲ့နွဲ့တင်နဲ့ လက်ထပ်လိုက်ကြတယ်။
အိမ်ထောင်ပြုဖို့အတွက် စိုင်းခမ်လိတ်တစ်ယောက် အတွေးတွေများစွာနဲ့ မိုးလင်းခဲ့ပေါင်း မနဲတော့ပါ။ နွဲ့နွဲ့တင်နဲ့ အိမ်ထောင်ပြုတဲ့ကိစ္စကို သူ့ရဲ့ သီချင်းဖြစ်တဲ့ `ဒို့နှစ် ယောက်ရဲ့အချစ်“သီချင်းကို ခံစားကြည့်ရင် နားလည်ကြမှာပါ။ သူနဲ့ မဆုံဖြစ်ခဲ့တဲ့ ရှမ်းမင်း သမီးများအတွက်လည်း ရှမ်းသီချင်းအချို့ စိုင်းခမ်းလိတ်ရေးထားတာ ရှိပါတယ်။ အဓိပ္ပါယ်အချို့ကတော့ “ တစ်ညလုံး နိုးခဲ့သော်လည်း အိပ်ယာကမထဘဲနဲ့ မိုးလင်းတဲ့အခါ ငါ့ကို မှတ်မိရင်လည်း မခေါ်နဲ့တော့“ တဲ့။ နောက်တစ်ပုဒ်ကတော့ `လွယ်ဆမ်ဆစ်` သီချင်း ပါ။ အိမ်ထောင်ပြုပြီဆိုရင် အမျိုးသားက အိမ်ထောင်ဦးစီးတာဝန်ကို ဦးလည်မသုန် ထမ်းရွက်ရ မှာဖြစ်ပါတယ်။ အဲဒီတာဝန်ကို ကျေပြွန်အောင် ဒေါက်တာစိုင်းခမ်းလိတ် ထမ်းဆောင်ခဲ့လို့ သူရေးတဲ့ `ဒီတောင်ကို မောင်ဖြိုပါ့မယ်`ဆိုတဲ့သီချင်းက ပေါ်လွင်စေခဲ့တယ်။
နောက်ပြီးတော့ သူများရဲ့ သမီးပျိုကို လက်ထပ်ယူပြီး မိမိရဲ့ ကြင်ယာအပေါ် ကတိ သစ္စာမရှိခဲ့ရင်၊ အိမ်ထောင်ရေးတာဝန် မကျေပြွန်ခဲ့ရင် `အလကားလူ` ဆိုပြီး အများရဲ့ ကဲ့ရဲ့မှုကို ခံရမယ်။ ဒေါက်တာစိုင်းခမ်းလိတ်လဲ သူ့အချစ်ဟာ သူများထက်မလျှော့ကြောင်း `မန္တလေးရောက် ရှမ်းတစ်ယောက်`သီချင်းက `မန်းပျိုဖြူတစ်ယောက်ကို ရှမ်းချစ်လည်း ဗမာထက် မလျှော့တာ တကယ်တမ်းပြခဲ့တယ်`လို့ ဆိုထားတယ်လေ။
.
Credit to original writer
သူတို့နှစ်ယောက်ရဲ့ ပွဲဦးထွက်ဇာတ်လမ်း တစ်ပုဒ်ကတော့ ကျောင်းနံရံကပ်စာစောင် ကနေ စခဲ့တယ်။ နံရံကပ်စာစောင်ဆိုတာက စာပေဝါသနာပါတဲ့ ကျောင်းသားတွေ လွတ်လပ် စွာ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတိုတွေရေးပြီး ဆရာဆရာမများက ရွေးချယ်ပြီး ကောင်းတဲ့ဟာ တွေကိုကျောက်သင်ပုံးမှာ လှပစွာ ပြန်လည် ကပ်ထားပေးတယ်။ ကျောင်းသူကျောင်းသား တွေက ဝိုင်းကြည့်ကြတာပေါ့။ အဲဒီနံရံကပ်စာစောင်မှာ စိုင်းခမ်းလိတ်က ကဗျာလေးတစ်ပုဒ် ရေးကာ သွားကပ်ထားလိုက်တယ်။ သူ့ရဲ့ ခံစားချက်ကို တင်ပြတာပါ။ ဒါပေမယ့် သူတင်ပြချက် ကတော့ အသွားနှစ်ဖက် ရှိတဲ့ ကဗျာလေးပါ။ ကဗျာခေါင်းစဉ်ကိုက လူရည်ချွန်ကို ရအောင်ယူမည် တဲ့။ ကျောင်းသားတွေ အဲဒီကဗျာလေးကို ဖတ်ပြီးတော့ ဟိုးလေးတကျော်ဖြစ်သွားတာ ပေါ့။ လူသတင်း လူချင်းဆောင်ဆိုသလို နွဲ့နွဲ့တင်လည်း ကြားသိသွားတယ်။ စုံစမ်းကြည့်တော့ ရေးတဲ့သူက စိုင်းခမ်းလိတ်ဖြစ်နေတော့ ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေအား လုံး အဲဒီအကြောင်းကို စိတ်ဝင်စားနေကြတယ်။ နွဲ့တင်ကတော့ မိန်းမသားတစ်ယောက် အနေ နဲ့ သူမကို ယခုလို စောင်းလား ချိတ်လား တင်စီးပြီး ရေးထားတာကို မြင်ရတော့ မခံချင်တာ အမှန်ပါ။ ဒီကျောင်း တစ်ကျောင်းလုံးမှာ သူမတစ်ယောက်ထဲသာ လူရည်ချွန်ဖြစ်နေလေတော့ စိုင်းခမ်းလိတ်က သူမကို ရည်ရွယ်ပြီး တမင်သက်ကက် ရေးတဲ့အကြောင်း ကျောင်းအုပ်ဆရာ ကြီးကို သွားတိုင်ပါလေရော။ ဒီကိစ္စကို ကျောင်းအုပ်ကြီးကိုယ်တိုင် စိုင်းခမ်းလိတ်ကို ရုံးခန်းမှာ ခေါ်တွေ့တယ်။ စိုင်းခမ်းလိတ်က ပြုံးပြုံးနဲ့ပဲ အဖြေပေးလိုက်တယ်။
`ကျွန်တော် သူမလို လူရည်ချွန်ဖြစ်ချင်လို့ လူရည်ချွန်ကို ရအောင်ယူမယ်လို့ ရေးတာ ဟာ ကျွန်တော်ရဲ့ ရည်ရွယ်ချက်ပါ`တဲ့။ ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ ပြဿနာလည်း ပြေလည် သွားတယ်။ တစ်ယောက်နဲ့ တစ်ယောက်လည်း ခင်မင်ရင်းနီးသွားတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းအစ လူရည်ချွန်ကလို့ ဆိုရပါလိမ့်မယ်။
ရည်ရွယ်ချက်ရှိတဲ့အတိုင်း နဝမတန်းရောက်တော့ စိုင်းခမ်းလိတ်လည်း လူရည်ချွန် အဖြစ် ရွေးချယ်ခံခဲ့ရတယ်။ နွဲ့တင်ကလည်း လူရည်ချွန်နှစ်ထပ်ကွမ်း ဖြစ်ပြန်တယ်။ (ဒသမ တန်းလည်း နွဲ့နွဲ့တင်က လူရည်ချွန် သုံးထပ်ကွမ်းအဖြစ် ထပ်မံရွေးချယ်ခံရပြန်တယ်) မေမြို့ လူရည်ချွန်အနေနဲ့ သူတို့နှစ်ယောက် လူရည်ချွန်ခရီးအဖြစ် အတူတူသွားလာကြရလို့ ပိုပြီး ခင်မင်ရင်းနီးလာပါတော့တယ်။
ဒေါက်တာစိုင်းခမ်းလိတ်ရဲ့ သီချင်းကောင်းတွေ၊ စာသားလှလှတွေ ပေါ်ထွက်လာဖို့ အဓိက အိပ်မက်လှလှပေးတဲ့သူကတော့ နွဲ့နွဲ့တင်ပဲဖြစ်တယ်။ ဗမာသီချင်း အပုဒ် ၆၀၀ ကျော် ထဲမှာ နွဲ့နွဲ့တင်ကို ပတ်သက်တဲ့ အချစ်အကြောင်းတွေ အများကြီး တွေ့ရပါတယ်။ အထင်ရှား ဆုံးကတော့ “ သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်“ နဲ့ “ ဒို့နှစ်ယောက်ရဲ့ အချစ်“ ပဲဖြစ်တယ်။ အဲဒါက လူရည်ချွန်ကို ရအောင်ယူမယ်ဆိုတဲ့ ရည်ရွယ်ချက်က စခဲ့တာ။
သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကတော့ ရှစ်တန်းကျောင်းသားဘဝက စခဲ့တယ်။ ကိုးတန်းရောက်တော့ အတူတူ လူရည်ချွန်ဖြစ်ပြီး ဒေသန္တရ ဗဟုသုတ အတူတူသွားခဲ့ရလို့ ပိုမို ရင်းနီးခဲ့တယ်။ ဆယ်တန်းရောက်တော့ စိုင်းခမ်းလိတ်က နမ္မတူကို ပြန်သွားရတယ်။ သို့သော် ဆေးတက္ကသိုလ်တက်တော့ မန်းမြေမှာ ပြန်ဆုံခဲ့ကြတယ်။ ဆရာတူတပည့်ဘဝနဲ့အတူ ကျောင်းနေဘက်မှာ ခင်ခဲ့ကြတဲ့ ခင်မင်မှုဟာ အခြားကျောင်းသားတွေအကြားကို ရောက်သွား ရင် ပိုမိုပြီး အလေးအနက်ရှိလာတတ်ကြတယ်။ ဒါကြောင့် စိုင်းခမ်းလိတ်နဲ့ နွဲ့နွဲ့တင်တို့ရဲ့ ခင်မင်မှုဟာလည်း ရင်းနီးမှုကို ပိုပြီးတော့ ဖြစ်စေခဲ့တယ်။
စိုင်းခမ်းလိတ် ကျောင်းပျက်လို့ အတန်းမတက်ခဲ့ရင် သူ့ကို ကူညီပေးခဲ့တဲ့သူက နွဲ့နွဲ့တင်ပဲဖြစ်တယ်။ သူ့ရဲ့ မှတ်စုစာအုပ်တွေဟာ များသောအားဖြင့် နွဲ့နွဲ့တင်ရဲ့ လက်ရေးတွေသာများပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနီးဖို့ ဆိုတာ (၁) ရှေးဘဝတုံးက မေတ္တာရေစက်ရှိခဲ့ကြတယ်။ (၂) ဒီဘဝမှာ တစ်ယောက်ကို တစ် ယောက်ကူညီဖေးမခဲ့ကြတယ်။ ဒီအကြောင်းနှစ်ခုကြောင့် တစ်ယောက်ကို တစ်ယောက် ချစ် ကြိုက်သွားကြတာပဲ။ သူတို့နှစ်ယောက်ကတော့ နှစ်ခုစလုံးကြောင့်ထင်တယ်။ စိုင်းခမ်းလိတ် လည်း လူရည်ချွန်ကို ရအောင်ယူမယ် ဆိုတဲ့ သူ့ရည်ရွယ်ချက်အတိုင်း ၁၉၇၃ ခုနှစ်မှာ လူရည်ချွန်သုံးထပ်ကွမ်းဖြစ်တဲ့ နွဲ့နွဲ့တင်နဲ့ လက်ထပ်လိုက်ကြတယ်။
အိမ်ထောင်ပြုဖို့အတွက် စိုင်းခမ်လိတ်တစ်ယောက် အတွေးတွေများစွာနဲ့ မိုးလင်းခဲ့ပေါင်း မနဲတော့ပါ။ နွဲ့နွဲ့တင်နဲ့ အိမ်ထောင်ပြုတဲ့ကိစ္စကို သူ့ရဲ့ သီချင်းဖြစ်တဲ့ `ဒို့နှစ် ယောက်ရဲ့အချစ်“သီချင်းကို ခံစားကြည့်ရင် နားလည်ကြမှာပါ။ သူနဲ့ မဆုံဖြစ်ခဲ့တဲ့ ရှမ်းမင်း သမီးများအတွက်လည်း ရှမ်းသီချင်းအချို့ စိုင်းခမ်းလိတ်ရေးထားတာ ရှိပါတယ်။ အဓိပ္ပါယ်အချို့ကတော့ “ တစ်ညလုံး နိုးခဲ့သော်လည်း အိပ်ယာကမထဘဲနဲ့ မိုးလင်းတဲ့အခါ ငါ့ကို မှတ်မိရင်လည်း မခေါ်နဲ့တော့“ တဲ့။ နောက်တစ်ပုဒ်ကတော့ `လွယ်ဆမ်ဆစ်` သီချင်း ပါ။ အိမ်ထောင်ပြုပြီဆိုရင် အမျိုးသားက အိမ်ထောင်ဦးစီးတာဝန်ကို ဦးလည်မသုန် ထမ်းရွက်ရ မှာဖြစ်ပါတယ်။ အဲဒီတာဝန်ကို ကျေပြွန်အောင် ဒေါက်တာစိုင်းခမ်းလိတ် ထမ်းဆောင်ခဲ့လို့ သူရေးတဲ့ `ဒီတောင်ကို မောင်ဖြိုပါ့မယ်`ဆိုတဲ့သီချင်းက ပေါ်လွင်စေခဲ့တယ်။
နောက်ပြီးတော့ သူများရဲ့ သမီးပျိုကို လက်ထပ်ယူပြီး မိမိရဲ့ ကြင်ယာအပေါ် ကတိ သစ္စာမရှိခဲ့ရင်၊ အိမ်ထောင်ရေးတာဝန် မကျေပြွန်ခဲ့ရင် `အလကားလူ` ဆိုပြီး အများရဲ့ ကဲ့ရဲ့မှုကို ခံရမယ်။ ဒေါက်တာစိုင်းခမ်းလိတ်လဲ သူ့အချစ်ဟာ သူများထက်မလျှော့ကြောင်း `မန္တလေးရောက် ရှမ်းတစ်ယောက်`သီချင်းက `မန်းပျိုဖြူတစ်ယောက်ကို ရှမ်းချစ်လည်း ဗမာထက် မလျှော့တာ တကယ်တမ်းပြခဲ့တယ်`လို့ ဆိုထားတယ်လေ။
.
Credit to original writer
ဝန်ကြီးချုပ်နဲ့ဝန်ကြီးတွေကို ဘယ်လိုစွပ်စွဲပြစ်တင်မလဲ
အခြေခံဥပဒေ ၂၀၀၈ အရ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ ဝန်ကြီးတွေကို စွပ်စွဲပြစ်တင်တာ impeachment လုပ်နိင်တယ်ဆိုပေမဲ့ လက်တွေ့မှာ မကြာခင်ကမှ ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးတယောက်ကို စွပ်စွဲပြစ်တင်ပီး တာဝန်က ရပ်စဲနိင်ခဲ့ပါတယ်။
ပြည်နယ်တိုင်းဒေသကြီးဝန်ကြီးချုပ်တွေ ဝန်ကြီးတွေကို ဘယ်အခြေအနေတွေမှာ စွပ်စွဲပြစ်တင်နိင်သလဲ သိဘ်ု့လိုပါတယ်။
1. နိင်ငံတော်ရဲ့ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း (တိတိကျကျ အဓိပ္ပါယ်ဖွင့်ဆိုထားတာ မရှိပါ)
2. ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း
3. အကျင့်သိက္ခာပျက်ပြားခြင်း
4. ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ပြည်နယ်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးရဲ့အရည်အချင်း ပျက်ယွင်းခြင်း
5. ဥပဒေအရ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာမဆောင်ရွက်ခြင်း(လိုသလို အဓိပ္ပါယ်ဖွင့်လို့ရ။ ဥပမာ ၆ လတာ အမျိုးသားစီမံကိန်းအရ ဗဟိုအစိုးရက သတ်မှတ်ပေးထားတဲ့ ပြည်နယ်တိုင်းဒေသကြီးအစိုးရတွေရဲ့ တိုးတက်မှု% မရရင် ဝန်ကြီးချုပိတွေ ဝန်ကြီးတွေကို စွပ်စွဲပစ်တင်ပီး ရာထူးကဖြုတ်ပစ်မှာလား စဥးစားစရာပါ)
ဆိုလိုတာက အထက်က ၅ ချက်အနက် တချက်ချက်နဲ့ငြိရင် ဝန်ကြီးချုပ်ဖြစ်စေ ဝန်ကြီးကိုဖြစ်စေ စွပ်စွဲပြစ်တင်ခြင်း impeachment လုပ်နိင်တဲ့သဘော။ အဲလို စွပ်စွဲပြစ်တင်လိုတယ်ဆိုရင်
1. တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ လေးပုံတပုံက လက်မှတ်ထိုးပီး စွပ်စွဲချက်ကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌထံ တင်ပြရပါမယ်
2. သက်ဆိုင်ရာ လွှတ်တော်ဥက္ကဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပီး စစ်ဆေးမဲ့ကာလကိုပါ သတ်မှတ်ပေးရမယ်။
3. စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးတဲ့အခါ သက်ဆိုင်ရာဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးကို ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်နဲ့ဖြစ်စေ ချေပခွင့်ပေးရမယ်။
4. စွပ်စွဲပြစ်တင်မှုမှန်ကန်တယ်လို့ယူဆပီး အစွပ်စွဲခံရတဲ့ ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးကို တာဝန်ဆက်ထမ်းဆောင်ဘို့မသင့်ကြောင်း အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံက ဆုံးဖြတ်ရင် ဒီဆုံးဖြတ်ချက်ကို လွှတ်တော်ဥက္ကဌက သမတထံ တင်ပြရမယ်။
5. သမတဟာ တင်ပြချက်ရတာနဲ့ အစွပ်စွဲခံရတဲ့ ဝန်ကြီးချုပ် ဒါမှမဟုတ် ဝန်ကြီးကို ရာထူးက ရပ်စဲရပါမယ်။ (ရခိုင်အစိုးရစည်ပင်ဝန်ကြီးကို သမတကအမိန့်ထုတ်တော့ တာဝန်ကရပ်စဲတယ်လို့ သုံးပါတယ် ရာထူးကရပ်စဲတာနဲ့ အတူတူပါဘဲ)
6. စွပ်စွဲပြစ်တင်မှု မမှန်ကြောင်း သက်ဆိုင်ရာလွှတ်တော်ကဆုံးဖြတ်ရင် ဒီဆုံးဖြတ်ချက်ကို လွှတ်တော်ဥက္ကဌက သမတထံ တင်ပြရပါမယ်။
အထက်ဖော်ပြပါအချက်တွေဟာ အခြေခံဥပဒေပုဒ်မ ၂၆၃ ကခဂဃင ကိုခြုံရေးထားတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော်ကိုကြည့်ရင် ဒေါက်တာအေးမောင်ပါတီက အမတ်နေရာ အများဆုံးရထားတဲ့အတွက် အမတ်ဦးရေရဲ့ လေးပုံတပုံက လက်မှတ်ထိုးစွပ်စွဲရာမှာဖြစ်စေ စွပ်စွဲမှုမှန်ကန်ကြောင်း အမတ်သုံးပုံနှစ်ပုံက ဆုံးဖြတ်ရာမှာဖြစ်စေ အားသာနေမှာ ဖြစ်ပါတယ်။
အန်အယ်ဒီပါတီဟာ ရခိုင်ပြည်နယ်အစိုးရမှာ အားအနည်းဆုံး ဖြစ်ပါတယ်။
...........
ခြေဥ ၁၉၉၊ က။ နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည်နိုင်ငံတော်သမတဖြစ်သည်။
၂၆၄၊ ခ၊ ၁။နိုင်ငံတော်သမတသည်လုပ်ငန်းတာဝန်ကိုကျေပွန်စွာမထမ်းဆောင်နိုင်သော တိုင်း သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအားတာဝန်မှနုတ်ထွက်ရန် ညွန်ကြားနိုင်သည်။
ညွန်ကြားသည့်အတိုင်းလိုက်နာခြင်း မပြုလျှင် တာဝန်မှရပ်စဲရမည်။
လူခိုင်းတာ မလုပ်နိုင်လို့ မဟန မလုပ်ခဲ့တဲ့ မစိုးရိမ်ဆရာတော်
ဆရာတော်ဦးသိရိန် ပျံလွန်တော်မူတော့ ငါ့ကို မဟန အဖွဲ့ထဲ ဝင်ဖို့ မောင်ခင်ညွန့်တို့က
လျှောက်တယ်။
အေး အဲဒီတော့ ငါက ပြန်မေးလိုက်တယ်
"ငါက မဟန(နိုင်ငံတော်သံဃမဟာနာယကအဖွဲ့)ထဲ ဝင်ပြီ ဆိုပါစို့၊ မင်းတို့က ငါ ခိုင်းတာ လုပ်မှာလား? ၊ငါက မင်းတို့
ခိုင်းတာ လုပ်ရမှာလား? ပြန်မေးလိုက်တယ်"
မောင်ခင်ညွန့် အဖြေ မပေးနိုင်ဘူး။
"အေး အဲဒီတော့ ငါက မင်းတို့ ခိုင်းတာ လုပ်ရမှာဆိုရင်
ငါ မဟန ထဲ မဝင်နိုင်ဘူးလို့ ပြောလိုက်တယ်နော်.."
"အေး အဲဒီလို ပြောလိုက်တယ်၊ နောက်တော့ ငါ့ ဆက်ပြီး
မဟနထဲ ဝင်ဖို့ မလျှောက်တော့ဘူးပေါ့ကွာ.."ဟူ၏။
===
ဆရာတော် ဦးရာဇဓမ္မာဘိဝံသ
မစိုးရိမ်တိုက်သစ်ကြီးများ၏ အဓိပတိမဟာနာယကချုပ်
Dhamma Metta
OG ဆရာဝန် တစ်ဦး ရေးတဲ့စာ ( ကျွန်မနှင့် သက်ငယ်မုဒိမ်း)
ပုဂ္ဂလိက ဆေးခန်းကြီးတခုမှ
အစ်မရေ... လူနာရှိတယ်ဆိုတာနဲ့ သွားကြည့်မိတယ်. အခန်းထဲမှာအသင့်စောင့်နေတာက ခပ်ငယ်ငယ် မိန်းကလေးနှစ်ယောက်...
တယောက်ကစကပ်တိုလေးနဲ့...
ဘာဖြစ်လာတာလဲလို့မေးတော့ လည်လည်ဝယ်ဝယ်ရှိဟန်တူတဲ့ အကြီးမလေးက ဝင်ဖြေပါတယ်။
ကျွန်မညီမလေးရာသီမလာတာ ၅ လလောက်ရှိပြီပြောလို့ပါတဲ့. ဖျတ်ခနဲတချက်အကြည့်မှာ ကျင့်သားရနေတဲ့ ကျွန်မမျက်စေ့ထဲမြင်မိတာက ခပ်စူစူဝမ်းဗိုက်၊ စာအုပ်ကအသက်ကိုကြည့်မိတော့ ၁၄နှစ်တဲ့၊
လေးလံသွားသောစိတ်ကိုအသာဖြေရင်း လူနာကိုခုတင်ပေါ်တက်၊ ပါးစပ်ကမေးရင်း
လက်ကလည်း စမ်းကြည့်တော့ 24 weeks အရွယ်ပါ. သေချာအောင် fetal doppler နဲ့ကလေးနှလုံးခုန်သံထောက်ပြပြီး သမီးလေးဗိုက်ထဲမှာ ကလေးရှိနေတယ်၊ ဘယ်သူနဲ့လဲမှန်မှန်ဖြေဆိုတော့
အကြောက်အကန်ငြင်းပါတယ်.
သမီးဘယ်သူနဲ့မှမအိပ်ဖူးဘူးတဲ့.
သူ့အမကိုလဲပြန်အော်ပါတယ်.
သမီးဘယ်သူနဲ့မှမအိပ်ဖူးဘူး.
ရည်းစားလဲမရှိဘူးလို့ ဘယ်နှစ်ခါပြောရမလဲ. သမီးဘာမှမသိဘူး. လာမမေးနဲ့တဲ့လေ
ကျွန်မလဲစိတ်ကိုလျှော့ချပြီး သမီး. ဗိုက်ကြီးတယ်ဆိုတာလေ. ယောက်ျားတယောက်နဲ့တညလုံးယှဉ်အိပ်စရာမလိုဘူး. သမီးရဲ့ အောက်ပိုင်းကို သူ့အောက်ပိုင်းနဲ့ လုပ်တာနဲ့ ဗိုက်ကြီးတာ. အဲ့ဒါမျိုးဘယ်သူလုပ်လဲလို့မေးတော့မှ...(သည်းခံပါရှင်. ဒီလိုမေးမှအဖြေရခဲ့လို့ပါ)
အဲ့ဒါဆိုအမေ့လင်လုပ်တာတဲ့. သူ့အမက သေချာပြီဆရာမ. အဲ့အကောင်ရိပ်မိလို့နေမယ်၊
ခုပြေးပြီ၊ အိမ်မှာမရှိတော့ဘူး၊ ကျွန်မကအိမ်ထောင်ကွဲ၊ ညီမလေးတခုခုဖြစ်မှာစိုးလို့ ခေါ်ထားတာ ရက်ပိုင်းပဲရှိသေးတယ်၊ ဘယ်လိုလုပ်ရမလဲတဲ့၊
Ultrasound လေးရိုက်တော့. သားလေး၊
24 weeks ရှိနေပြီ
ဒီပြသနာဟာ မုဒိမ်းမှုဆိုတော့ ခုသမီးအမေတို့. ရပ်ကွက်လူကြီးတို့ကို ပြောပြီး လုပ်သွားတဲ့
ပထွေးကိုအမြန်ဖမ်း. ကိစ္စတွေပြီးရင်ဆရာမဆီပြန်လာ၊ ကလေးမွေးဖို့. မွေးပြီး မလိုချင်ရင် မွေးစားမယ်၊့သူရှာဖို့ဆရာမအကူအညီပေးမယ်။ ကလေးတော့
့ဖျက်မချနဲ့နော်၊ သေတတ်တယ်လို့ပြောပြီး
လုပ်စရာရှိတာလေးတွေလုပ်ပေးပြီးပြန်လွှတ်လိုက်ပါတယ်။
(ခုဆိုသူပြသွားတာတစ်လကျော်ပါပြီ၊ ပြန်မလာသေးပါ)
ဒီနေရာမှာကျွန်မပြောချင်တာက sex လိင်ကိစ္စ နဲ့
ပတ်သက်တဲ့ ပညာပေးခြင်း ပါ။
သူသိတာ အလွန်ဆုံး
သူ့အိမ်ကဘယ်ယောက်ျားလေးနဲ့မှမအိပ်ရဘူး.
အိပ်ရင်ဗိုက်ကြီးမယ်လို့သင်ထားခဲ့ပုံရပါတယ်၊
ကျွန်မတို့မေးတော့မအိပ်ဘူးဘဲ အကြောက်အကန်
ငြင်းနေတာလေ၊ ဒီလိုလုပ်ရင်၊ ဒီလိုနေရင်
ဗိုက်ကြီးတတ်တယ်ဆိုတာ ပြောမပြထားပုံပါပဲ၊
ဟိုတစ်နေ့က ဗွီဒီယိုလေးတခုတက်လာလို့
ကြည့်မိပါတယ်၊ သူတို့သင်တာက မိန်းကလေးတွေပေးမထိရမယ့်နေရာသုံးနေရာဆိုပြီးပြောပြ. သင်ပြနေတာပါ။
နှုတ်ခမ်း. ရင်ဘတ်. မိန်းမကိုယ်. အဲ့နေရာတွေကိုထိဖို့ ကြိုးစားလာရင် အော်ဖို့ရယ်. အထိမခံဖို့ရယ်. လူကြီးတွေကို တိုင်ဖို့ပါ။
မှန်ပါတယ်.
ကျွန်မတို့တွေ ကလေးတွေကို sex education
လိင် ပညာပေးတာ လိုနေပါတယ်.
ဒီနေရာမှာ အမရဲ့လူနာက မသိချင်ယောင်ဆောင်သလားလို့မမေးပါနဲ့. သေချာတယ်. သူမသိပါဘူး. ဒီလိုလုပ်လားလို့မေးတော့လုပ်တယ်လို့ခပ်လွယ်လွယ်ပဲဖြေတာပါ၊ ဖုံးထားတာမျိုးမဟုတ်ပါ. စာအသင်မခံရတဲ့ တောသူကလေးပါ။
မုဒိမ်းမှုတွေများများလာနေတဲ့ ယနေ့မြန်မာပြည်မှာ ကျွန်မတို့ရဲ့ ကလေးငယ်တွေဟာ မသိတာကို အခွင့်ကောင်းယူပြီးအသုံးချခံနေရတာ လူမသိသေးတဲ့ case ဘယ်လောက်များနေပြီလဲ၊ ကျွန်မတို့ ကလေးတွေကို sex education လိင်ပညာပေးသင်ခန်းစာကို
စာသင်ခန်းထဲမှာပါ သင်သင့်နေပြီလို့ထင်ပါတယ်.
သင်ရင်လည်း ပွင့်ပွင့်လင်းလင်း သင်ရပါတယ်။
သားလေးတို့... သမီးလေးတို့ရဲ့
ဒီသုံးနေရာကိုဘယ်သူမှပေးမထိရဖူးနော်။
ထိလာတာနဲ့ အော်ပစ်၊ ရုန်းပစ်၊
ထွက်ပြေးပြီးရင် လူကြီးတွေကို တိုင် လို့လေ။
အဲဒီ သုံးနေရာက
နှုတ်ခမ်း lips
ရင်ဘတ် chest
ကိုယ်ခန္ဓာ အောက်ပိုင်း
ဘယ်လို သင်ပေးရမယ်ဆိုတာ သက်ဆိုင်ရာ တာဝန် ရှိသူများ အမြန်ဆုံး လုပ်သင့်ပါပြီ။
{သုံးခွက်ပဲသောက် ခါးနာပျောက်တဲ့ဆေး}
{သုံးခွက်ပဲသောက် ခါးနာပျောက်တဲ့ဆေး}
•••••••••••••••••••••••••••••••••••••
မိမိကိုယ်တွေ့ ဆေးဓါတ်စာပါ ဒါဏ်ဖြစ်ပြီးမကြာခဏ ခါးနာနေသူများကြက်ခြေထောက် သုံးချောင်ကိုနူးအိသည်ထိ ပြုတ်ပါ ပြီးလျှင်အသင့်ပြင်ထားသည့်ဂွေးတောက်ရွက် လက်တစ်ဆုပ်ကို ထိုကြက်ချေထောက်ပြုတ်အိုးထဲသို့သုံးမိနစ်ခန့်ထည်မွှေပြီး ကြွေပုဂံထဲသို့ထည့်သောက်ပါ။
သုံးကြိမ် သောက် ပျောက်ပါပြီ
( ကျန်းမာရေးသုခပြည့်ကြပါစေ )
Credit:Ma Su
ယိုသူမရှက်...မြင်သူရှက်ရတဲ့...(ပွဲ) ပါပဲ...
Performance လို့ပဲ လွယ်လွယ်ပြောကြပါစို့ (art မလုပ်လိုက်ပါနဲ့... art အဆင့် မရှိပါ) .... Performance လုပ်ပြီဟေ့ ဆိုရင် အင်မတန် သတိထားရမယ့် အချက်တစ်ချက် ရှိတယ်... Performance ဆိုတာမျိုးက အလွန် ထိလွယ်ရှလွယ်တယ်... နောက်တစ်နည်း ပြောရရင် Performance နဲ့ ငပေါကြီး ဖြစ်သွားခြင်းကြားမှာ စည်းပါးပါးလေးပဲ ခြားထားတယ်... မလုပ်တတ်တာနဲ့ တစ်ခါတည်း ငပေါ တန်းဖြစ်တာပဲ... ဒါကို နားမလည်ဘဲ ဗမာပြည် ပြည်တွင်းစစ် အကြောင်း ဂဃနဏ ခြေခြေမြစ်မြစ် ထဲထဲဝင်ဝင် မသိဘဲ၊ မသိရင်လည်း မသိသလို မနေဘဲ ခုလို မိုက်ကယ်ဂျက်ဆင် Heal the world အမ်တီဗီ အကွက်မျိုး ထလုပ်တော့ သမိန်ပေါသွပ် ဖြစ်ကုန်တော့တာပဲ.... မှားတာမှ ခြေဆုံးခေါင်းဆုံး ဖြစ်ကုန်တော့တာပဲ... နဂို အတွေးအခေါ် နုံချာရတဲ့ အထဲ ထပ်ဆင့် အိုင်ဒီယာ ချာလိုက်ပုံက ကလေးတွေကပဲ ဟိုဘက်ဒီဘက် စစ်တိုက်နေတဲ့ သူတွေကို လက်အုပ်သွားချီ နေရသေးတယ်.... ဒီလို လက်အုပ်ချီနေရတာ တွေက လွတ်ဖို့ လုပ်နေကြံနေ မျိုးဆက် နဲ့ ချီပြီး ကြိုးပမ်းနေရပါတယ် ဆိုမှ တစ်ခါ ထပ်ပြီး လက်အုပ်ထပ်ချီ ခိုင်းနေပြန်တော့ ဒီ အိုင်ဒီယာ ထုတ်တဲ့သူကိုတော့ နောက်တစ်ခါ အများပြည်သူ နဲ့ ဆိုင်တဲ့ နေရာတွေမှာ အိုင်ဒီယာ ထုတ်ဖော်ပြသခွင့် ပိတ်ရတော့မယ့် သဘောမှာ ရှိတယ်လို့ပဲ ပြောရတော့မယ် ထင်တယ်။
နောက် ကျွန်တော်တို့ အလွယ်သာ ငြိမ်းချမ်းရေး ခေါင်းစဉ် တပ်နေတာပါ… တကယ်က အပစ်အခတ် ရပ်စဲရေး ဆိုရင် အမှန်တရား နဲ့ ပိုနီးစပ်မှာပါ…. တကယ်က တကယ့် ငြိမ်းချမ်းရေး ဆိုတာ ကျွန်တော်တို့ တိုင်းပြည် အခြေအနေ နဲ့ အဝေးကြီးမှာ ရှိနေပါသေးတယ်…. နောက်ပြီး ငြိမ်းချမ်းရေး ဆိုတာ တမင်သက်သက်ကြီး တည်ဆောက်လို့ရ၊ ဖန်တီးလို့ရ တာမျိုးမှ မဟုတ်ဘဲ…. ငြိမ်းချမ်းရေး ဆိုတာ တရားမျှတခြင်း ဆိုတဲ့ မြေအပြင် မှာ ပေါက်လာတဲ့ လွတ်လပ်ခြင်း ဆိုတဲ့ အပင်ကြီးကနေ သီးလာပွင့်လာတဲ့ အသီးအပွင့်တွေပဲ….အနှစ်အသား အရ အဲဒါကိုပဲ ကျွန်တော်တို့ လိုချင်တာပဲ မဟုတ်လား.... ငြိမ်းချမ်းရေး ဆိုတာ အကျိုးတရားပဲဟာ…. ဥပမာ မြောက်ကိုရီးယား မှာ ဒီ နှစ်ပေါင်းလေးငါးဆယ် သေနတ်သံ တစ်ချက် ကြားရလို့လား…. မကြားရလို့ မြောက်ကိုရီးယား မှာ ငြိမ်းချမ်းနေပါတယ် လို့ သွားပြောရင် ပြောတဲ့သူ အရူးပေါ့ …. ဘယ် ဥာဏ်ရှိတဲ့သူ က လက်ခံနိုင်မှာလဲ…. ရန်ကုန်မှာကော ဒုတိယကမ္ဘာစစ် ပြီးကတည်းက ဘယ်မှာ သေနတ်သံ ကြားရလို့လဲ…. အဲဒီတော့ ရန်ကုန်က ငြိမ်းချမ်းသွားလား ။
'ဒီလို...ပွဲမျိုးမှာ...
Theme ဆိုတဲ့.... ကိုယ်ပေးချင်တဲ့...message ကို... entertaining ဖြစ်အောင်... အနုပညာသည်တွေနဲ့ပေါင်းပြီး ...
တင်ဆက်ကြလေ့ရှိပါတယ်.....
နိုင်ငံရေးအတွေအခေါ်အဆင့်အတန်းနဲ့... အနုပညာအဆင့်အတန်းကို..ဒီလို.. (ပွဲ) တွေက..ဖေါ်ထုတ်လေ့ရှိပါတယ်.....
အတွေးအခေါ်..မရှိတဲ့...နိုင်ငံရေးသမားတွေနဲ့.. ပေါချောင်ကောင်းတွေရိုက်ထုတ်တဲ့.. .မြန်မာ့ အနုပညာသည်တွေပေါင်းလိုက်တော့....
အဓိပ္ပါယ်မရှိတဲ့ ....သရုပ်ပျက်.... တွေ..ထွက်လာတာပါပဲ.....
တိုင်းရင်သားတွေက...(ပင်လုံ) ..စကားလုံးကို..မထဲ့ဖို့ပြောကြပါသေးတယ်.....
အဓိပ္ပါယ်...အမျိုးမျိုးကောက်လို့ရလို့ပါပဲ.....
ငြိမ်းချမ်းရေးဆိုတာ..ဒီလိုသရုပ်ပျက်...( ရှိုး ) ပွဲတွေ..လုပ်ပြ...တာနဲ့.... မအောင်မြင်နိုင်ပါ
ငြိမ်းချမ်းရေး..ဆိုတာ.. (၂) လမ်းသွားပါ....
ဥါဏ်ကိုလွှာသုံးတတ်ရပါတယ်...သည်းညည်းခံနိုင်...Dedication ရှိရပါတယ်...
ရွှေပြည်တော်....မျှော်လို့...ဝေး...နေပြီလား?
မေးရမှာက...ငြိမ်းချမ်းရေးကို..ဘယ်သူဦးဆောင်နေတာလဲ?
တာဝန်ခံမဲ့သူရော.... ရှိရဲ့လား?
Rudderless process ကြီးဖြစ်နေရင်....ဘယ်လို...အောင်မြင်မှုရမှာလဲ?
ယိုသူမရှက်...မြင်သူရှက်ရတဲ့...(ပွဲ) ပါပဲ....' Bo Bo Kyaw Nyein
ဆီးအတွက် လက်တွေ့ပျောက်တဲ့ ဆေးတစ်ခွက်ပါ
ဆီးအတွက် လက်တွေ့ပျောက်တဲ့ ဆေးတစ်ခွက်ပါ
-=================================
ဆီးသွားတဲ့အခါနာကျင်ခြင် မပြီးသလိုအောင့်ခြင်း ပြီးခါနီးနာကျင်ခြင်း ဆီးသွားတဲ့အခါ အဖြူအဖက်လေလိုလို အခဲအနည်းငယ်ပါကာ
သွားတဲ့အခါမှာ အောင့်ခြင်း အလုပ်ပျက်အောင်နာကျင်နေပါက
-
လိုအပ်တာလေးက မခက်ခဲပါဘူး
ကြက်သွန်နီ ၃ လုံး
ရေနွေးပူပူလေး အနည်ငယ်
သကြားအနည်းငယ်ပဲလိုပါတယ်
-
ကြက်သွန်နီ ကိုနွှာပြီးမှ ရေမဆေးရ
ပါးပါးလှီးပြီး သကြားအနည်းငယ်ထည့်ပေါ့
-
ထည့်ပြီရေနွေးပူပူလေးထည့်ပြီး ခဏ အုပ်ထားပါ
ပူနွေးနွေးလေးအရည်းသောက်လိုက်ပါ
ကြက်သွန်ဖက်တွေ မစားရ အရေသောက်ယုံနဲ့နေ့ခြင်းပျောက်ပါတယ် ။
Credit :Original uploader
Saturday, January 27, 2018
ဦးနှောက် ဆေးပစ်ခြင်း Brainwashing နှင့် ပညာပေးခြင်း Education ကွာခြားချက်
A သည် ဦးနှောက် ဆေးပစ်ခြင်း ကိုပြုလုပ်နေပြီး B သည် ပညာပေးခြင်းကို ပြုလုပ်နေသည်ဆိုပါစို့
A- တဖက်သားကို မတွေးနိုင်အောင် အဖက်ဖက်မှ ပိတ်ဆို့တားဆီးသည်။
B-တဖက်သားကို တွေးတတ်အောင်သင်ကြားပေးသည်။
A- မေးခွန်းများအလိုမရှိ
B- မေးခွန်းများကို ကြိုဆိုနေသည်။
A- မိမိကောင်းစားရေးအတွက် တဖက်သားအား မိမိပြောသမျှကို မှန်သည်ဟု မုချ ယူဆစေသည်။
B- မိမိက အနစ်နာခံသည်။ လောကရှိ အရာအားလုံးသည် မှားသည် မှန်သည် .. ဆိုသည်ထက် ကွဲပြားသော အတွေးအခေါ်အမျိုးမျိုးအကြောင်းဆွေးနွေးသည်။
A- မိမိဖြစ်ချင်သည်များကို သူတပါးကဖြစ်ချင်သလို တွေးမိအောင်လုပ်၍ ခိုင်းစေသည်။
B- သူတပါးဖြစ်ချင်သည်ကို ကူညီပံ့ပိုး၍ အမှန်ဘက်သို့ ရောက်အောင်တွန်းပို့ပေးသည်။
မရွှေမိုး
“ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်တဲ့ အချက် (၃) ချက်”
- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘မီးခိုးဗုံး’ လို့ ပြောပေးခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ ပြောပေးခဲ့တယ်လို့ ကျနော် နားလည်ပေးတယ်။
- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘နော်အုန်းလှ၊ ဒေါ်မြင့်မြင့်အေး (မိတ္တီလာ)၊ ကိုဟန်ဝင်းအောင်’ တို့လို NLD အမာခံတွေကို ပစ်ပယ်ခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ ပစ်ပယ်ခဲ့တယ်လို့ ကျနော် နားလည်ပေးတယ်။
- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘ဗကသ ပညာရေးဥပဒေပြင်ဆင်ရေး သပိတ်တိုက်ပွဲ’ ကို အားမပေးခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ အားမပေးခဲ့တာလို့ ကျနော် နားလည်ပေးတယ်။
- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘ကိုပါကြီး၊ ဒေါ်ခင်ဝင်း၊ ကချင်ဆရာမနှစ်ဦး’ တို့လို သေမှုသေခင်းတွေမှာ နှုတ်ဆိတ်နေပေးခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ နှုတ်ဆိတ်နေပေးခဲ့တယ်လို့ ကျနော် နားလည်ပေးတယ်။
- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘အလုပ်သမား၊ လယ်သမား သပိတ်တိုက်ပွဲ’ တွေနဲ့ ခပ်ကင်းကင်းနေခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ ခပ်ကင်းကင်းနေခဲ့တယ်လို့ ကျနော် နားလည်ပေးတယ်။
- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘အတိတ်ဆိုတာ နောက်ကြောင်းပြန် အပြစ်ယူဖို့မဟုတ်ဘူး’ လို့ ပြောခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ ပြောခဲ့တယ်လို့ ကျနော် နားလည်ပေးတယ်။
- ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ‘ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငွေစက္ကူ ပုံနှိပ်ထုတ်ဝေဖို့ထက် အရေးကြီးတဲ့အရာတွေ အများကြီးလုပ်ဖို့ ရှိသေးတယ်’ လို့ ပြောခဲ့သလဲ။
+ စစ်အာဏာရှင်တွေနဲ့ ယုံကြည်မှုတည်ဆောက်ချင်ဇောနဲ့ ပြောခဲ့တယ်လို့ ကျနော် နားလည်ပေးတယ်။
------------------------
- ဒေါ်အောင်ဆန်းစုကြည်အတွက် ကျနော် စိုးရိမ်တဲ့ အချက် (၃) ချက်ပဲ ရှိတယ်။
(၁) ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာရှင်တွေက ယုံကြည်မှုပိုပိုလာပြီး ပြည်သူတွေက တဖြေးဖြေး အယုံအကြည်မဲ့သွားမှာကို ကျနော် စိုးရိမ်တယ်။
(၂) စစ်မှန်တဲ့ အမျိုးသားပြည်လည်ရင်ကြားစေ့ရေး ဖြစ်မလာဘဲ စစ်အာဏာရှင်တွေ မငြိုငြင်အောင် သူတို့ရဲ့အကျိုးစီးပွားတွေကို အကာအကွယ်ပေးရင်း စစ်အုပ်စုရဲ့ထောင်ချောက်နွံထဲက ပြန်ရုန်းမထွက်နိုင်ဘဲ စစ်ခေါင်းဆောင်တွေနဲ့ အတွဲညီညီ မဲဆန္ဒရှင် ပြည်သူလူထုအပေါ် အာဏာရှင်ဆန်ဆန် ပိုပိုပြီး ပြုမူလာမှာကို ကျနော် စိုးရိမ်တယ်။
(၃) သမိုင်းမလှမပနဲ့ နိဂုံးကမ္ပတ် အဆုံးသတ်မှာကို ကျနော် စိုးရိမ်တယ်။
အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၁၀ နာရီ ၂၅ မိနစ်
၉ ဒီဇင်ဘာ ၂၀၁၅
“Her face was quivering, and if she had been a little closer to me, she might have hit me, she was so furious,”
- Citing ‘Whitewash,’ Bill Richardson Quits Rohingya Post
https://www.nytimes.com/2018/01/24/world/asia/bill-richardson-myanmar-rohingya.html
Friday, January 26, 2018
ဆီးချို သွေးတိုး တို့ကိုဗမာတိုက်ကြက်ဥ ရှားဇောင်းလက်ပတ်တို့ကလက်တွေ့ကျကျသက်သာပျောက်ကင်းသွားပါပြီ
လူလေး အမေရောဂါဆီးချို သွေးတိုး တို့ကိုဗမာတိုက်ကြက်ဥ ရှားဇောင်းလက်ပတ်တို့ကလက်တွေ့ကျကျသက်သာပျောက်ကင်းသွားပါပြီ ပြုလုပ်ပုံအဆင့်ဆင့်က ၁ ကြက်ဥနှစ်လုံး ၂ ရှားဇောင်းလက်တထွာလောက် ကြက်ဥအနှစ်ကိုမသုံးရအရည်ကြည်ကိုသာသုံးရန် ရှားဇောင်းအနှစ်ကိုကြက်ဥအကာနဲ့သံဂျီးရောင်ဖြစ်သိထိမွေပါ အင်္ဂလိပ်ဆေးသောက်ထားလျှင်၃နာရီခြားသောက်ပါ ၁ပတ်ကို၂ခါသောက်ရင်သိသာပါမယ် လက်ဆင့်ကမ်းနိုင်ပါစေ
ရွှေရသစုံ-ရွှေရသစုံ