Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, December 31, 2018

အေမအိုကို အေလာင္းေတာ္ကႆပဘုရားဖူးေစခ်င္လြန္းလို႔ ကိုယ္တိုင္ထမ္းပိုးျပီး ပို႔ေနတဲ႔ ဆရာေတာ္တစ္ပါး


လမ္းမေလ်ွာက္နိုင္ေတာ့တဲ႔ အေမအိုကို
အေလာင္းေတာ္ကႆပဘုရားဖူးေစခ်င္လြန္းလို႔
ကိုယ္တိုင္ထမ္းပိုးျပီး ပို႔ေနတဲ႔ ဆရာေတာ္တစ္ပါးရဲ႕ ပံုပါ ။

အိေခ်ာပိုရဲ့က်က္သေရရွိတဲ့အလွ






































အိေခ်ာပိုရဲ့က်က္သေရရွိတဲ့အလွ

Sunday, December 30, 2018

သင္ဇာ၀င့္ေက်ာ္အလိုမရွိတဲ့။ အလုပ္မရွိေတာ့တဲ့ ပုဂၢိဳလ္မ်ား

သင္ဇာ၀င့္ေက်ာ္အလိုမရွိတဲ့။
photoshop နဲ့ကန့္ကြက္ျခင္းျဖစ္ပါသတဲ့။
ဘယ္လိုျဖစ္ျဖစ္ မမသင္ဇာ နာမည္ၾကီးသထက္ၾကီးေခ်ျပီ။



ဘဂၤလားေဒ့ရွ္ေရြးေကာက္ပြဲေၾကာင့္ ေသဆုံးသူ အနည္းဆုံး ၁၇ ဦးရွိ



ဘဂၤလားေဒ့ရွ္ ႏိုင္ငံမွာ လက္ရွိဝန္ႀကီးခ်ဳပ္ Sheikh Hasina တတိယအႀကိမ္ သက္တမ္းအတြက္ ျပန္လည္အေရြးခံရဖို႔ မ်ားေနခ်ိန္မွာပဲ တနဂၤေႏြေန႔ က်င္းပတဲ့ ေရြးေကာက္ပြဲနဲ႔ ဆက္ႏြယ္ၿပီး ျဖစ္ပြားတဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ေသဆံုးရသူ အေရအတြက္က အနည္းဆံုး ၁၇ ဦး ရွိေနၿပီျဖစ္ပါတယ္။

ေရြးေကာက္ပြဲကနဦး ရလဒ္ေတြအရ Awami League ပါတီက လက္ရွိဝန္ႀကီးခ်ဳပ္ Hasina က အျပတ္အသတ္ အႏိုင္ရေနတာပါ။ ဒါေပမယ့္ ေရြးေကာက္ပြဲမွာ မဲမသမာမႈေတြနဲ႔ ၿခိမ္းေျခာက္မဲဆြယ္မႈေတြ ရွိေနတယ္လုိ႔ အတိုက္အခံေတြက ေဝဖန္ေနၾကပါတယ္။

တနဂၤေႏြေန႔ ေရြးေကာက္ပြဲဟာ ပံုမွန္မဟုတ္တဲ့အတြက္ ရလဒ္ေတြကို လက္မခံဖို႔ အတိုက္အခံေခါင္းေဆာင္ Kamal Hossain က ေတာင္းဆိုေနတာပါ။

ေရြးေကာက္ပြဲ က်င္းပတဲ့ေန႔မွာ စစ္တပ္နဲ႔ တျခားလံုၿခံဳေရးတပ္သား ၆ သိန္းခ်ထားတာ အပါအဝင္ ႏိုင္ငံတလႊား လံုၿခံဳေရးေတြ တင္းတင္းၾကပ္ၾကပ္ ထားရွိတဲ့ၾကားကေန အတိုက္အခံနဲ႔ လက္ရွိအာဏာရ ပါတီကို ေထာက္ခံသူတို႔ၾကား အၾကမ္းဖက္မႈေတြ ျဖစ္ပြါးခဲ့တာ ျဖစ္ပါတယ္။

အာဏာရပါတီကို ေထာက္ခံသူနဲ႔ အတိုက္အခံပါတီကို ေထာက္ခံၾကသူေတြၾကား ျဖစ္ပြါးတဲ့ အဓိကရုန္းကေန ၁၃ ဦး ေသဆံုးခဲ့ရသလို ရဲပစ္ခတ္မႈေၾကာင့္ ေသဆံုးရသူက ၃ ဦး ရွိတယ္လို႔ ရဲကေျပာပါတယ္။ လက္နက္ကိုင္ေဆာင္ထားတဲ့ အတိုက္အခံ တက္ၾကြလႈပ္ရွားသူ တဦးေၾကာင့္ ရဲတဦးလည္း ေသဆံုးခဲ့ရတယ္လို႔ AP သတင္းက ေဖၚျပပါတယ္။

လက္ရွိဝန္ႀကီးခ်ဳပ္ Hasina ရဲ့ အဓိကၿပိဳင္ဘက္ ျဖစ္တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း Khaleda Zia ကေတာ့ အဂတိလုိက္စားမႈနဲ႔ အက်ဥ္းက်ခံေနရတာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com

ဟိုတယ္ဝန္ထမ္းတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး



တာခ်ီလိတ္ ဒီဇင္ဘာ ၂၉

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ ကြက္ရွိ Crown ဟိုတယ္၌ ဟိုတယ္ဝန္ထမ္း အမ်ိဳးသား တစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈ ဒီဇင္ဘာ ၂၉ ရက္ည ေနပိုင္းက ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။

ေသဆံုးသူ ေက်ာ္စြာထြန္း (၂၈ ႏွစ္)၊ ဟိုတယ္ဝန္ထမ္းသည္ ၄င္း ဟိုတယ္၏ အေနာက္ဘက္ အေရးေပၚထြက္ေပါက္ေလွကား အျမင့္ ၁၀ ေပခန္႔ရွိ သံေခ်ာင္းထုတ္တန္းတြင္ အရွည္ ၃ ေပခြဲခန္႔ရွိ ပန္းေရာင္မ်က္ႏွာသုတ္ပါဝါ တစ္ထည္ႏွင့္ ဂ်င္း ျပေရာင္ေဘာင္းဘီ အရွည္ တစ္ထည္တို႔အား ဆက္လ်က္ လည္ပင္းတြင္ ခ်ည္ေႏွာင္ၿပီး ျပင္ပဒဏ္ရာမရွိဘဲ ႀကိဳးဆြဲခ်ေသဆံုးေနေၾကာင္း စစ္ေဆးေတြ႕ရွိတယ္လို႔ ဆိုပါတယ္။

ဒီဇင္ဘာ ၂၉ ရက္ ညေန ၄ နာရီခြဲက တာခ်ီလိတ္ ၿမိဳ႕၊ မကာ ဟိုခမ္းရပ္ကြက္၊ Crown ဟိုတယ္တယ္ျဖစ္ပြားခဲ့ၿပီး အခင္းျဖစ္ရပ္သို႔ ေခတၲ ၿမိဳ႕မ စခန္းမွဴး ရဲအုပ္ ကိုကိုဦး၊ တာဝန္မွဴး ဒုရဲအုပ္ ျမင့္ေက်ာ္ တို႔သည္ သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခဲ့ေၾကာင္းသိရပါတယ္။

အမႈမွ ေက်ာ္စြာထြန္း (၂၈ ႏွစ္)၊ ဟိုတယ္ဝန္ထမ္း ႀကိဳးဆြဲခ်ေသ ဆံုးျခင္းႏွင့္ ပတ္သက္၍ ဓမၼတာအတိုင္ ေသဆံုးျခင္း ဟုတ္/မဟုတ္ စစ္ေဆးႏိုင္ရန္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက ေသမႈေသခင္း ေရးဖြင့္ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ျမင့္မိုရ္(တာခ်ီလိတ္)
https://www.facebook.com/mjin.mou.1

မဂၤလာဒံုၿမိဳ႕နယ္၌ ေရခဲေသတၱာအပူလြန္ကဲၿပီး လူေနအိမ္ ၈လံုး မီးေလာင္ဆံုးရံႈး

မီးေလာင္ျပင္အား မီးၿငိမ္းသတ္ေနမႈအားေတြ႔ရစဥ္(ျပည္ထဲေရး)
 ရန္ကုန္၊ ဒီဇင္ဘာ ၃၀ ရက္ (ဆင္ဟြာ)

    ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒံုၿမိဳ႕နယ္၊ စမ္းႀကီး၀ရပ္ကြက္တြင္ ဒီဇင္ဘာ ၂၉ ရက္ နံနက္ ၆နာရီ ၁၀မိနစ္က ေရခဲေသတၱာအပူလြန္ကဲ၍ မီးစတင္ေလာင္ကြၽမ္းခဲ့ရာ လူေနအိမ္ ၈လံုးထိ ကူးစက္ေလာင္ကြ်မ္းၿပီး ဆံုးရံႈးခဲ့ေၾကာင္း ျပည္ထဲေရး၀န္ႀကီးဌာနက ထုတ္ျပန္ေသာ သတင္းအရ သိရသည္။

အဆိုပါ ၿမိဳ႕နယ္အတြင္းရွိ သြပ္မိုး၊ ပ်ဥ္ကာ၊ ပ်ဥ္ခင္း ၃ ခန္းတြဲေနအိမ္မွ ေရခဲေသတၱာအပူလြန္ကဲ၍ မီးစတင္ေလာင္ကြၽမ္းခဲ့ရာ လူေနအိမ္ ၈ လုံးအား မီးကူးစက္ေလာင္ကြၽမ္းခဲ့ၿပီး အဆိုပါမီးေလာင္ကြ်မ္းမႈ စတင္ျဖစ္ေပၚခဲ့သည့္ ေနအိမ္မွ ကိုသန္႔ေဇာ္အား မဂၤလာဒုံၿမိဳ႕မရဲစခန္း(ပ)၁၃၁၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၅(မီးေလာင္မႈ)ျဖင့္ အမႈဖြင့္စုံစမ္းလ်က္ရွိေၾကာင္း သိရသည္။

“ သြပ္မိုးပ်ဥ္ကာအိမ္ေတြဆိုေတာ့ မိနစ္ ၂၀အတြင္း ၈လံုးအလ်င္အျမန္ကူးစက္သြားတယ္၊ မီးေဘးသင့္တဲ့ မိသားစုေတြ အနီးနားက ဘုန္းႀကီးေက်ာင္းမွာ ေခတၱေနရာခ်ေပးထားတယ္”ဟု စမ္းႀကီး၀ရပ္ကြက္က တာ၀န္ရွိသူတစ္ဦးက ဆိုသည္။

ယင္း မီးေလာင္ကြ်မ္းမႈကို ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႔က Level 2 အဆင့္သတ္မွတ္ၿပီး ယာဥ္အုပ္စုမ်ားထြက္ခြာ ၿငိမ္းသတ္ခဲ့ၿပီး နံနက္ ၆နာရီ၃၅မိနစ္တြင္မီးထိန္းႏိုင္ကာ ၆နာရီ ၄၅ မိနစ္တြင္ မီးၿငိမ္းႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

(Xinhua)
http://www.xinhuamyanmar.com/myanmar

ပုဏၰားကြ်န္းျမိဳ႕နယ္မွ လူငယ္တစ္ဦး မိုင္းနင္းမိ၍ ေဆးရံုတင္ထားရ


နိရဥၥရာ၊ ဒီဇင္ဘာ ၃၀

ရခိုင္ျပည္နယ္၊ ပုဏၰားကြ်န္းျမိဳ႕နယ္၊ လိပ္ဖေက်းရြာမွ ျမိဳတိုင္းရင္းသား လူငယ္တစ္ဦးကို မုိင္းနင္းမိ၍ ေက်ာက္ေတာ္ ေဆးရံုတြင္ တင္ထားရသည္ဟု သတင္းရရွိသည္။

ဒီဇင္ဘာ ၂၉ ရက္ ေန႔လယ္ ၁ နာရီခန္႔တြင္ လိပ္ဖေက်းရြာေန ဦးထြန္းေအာင္ေက်ာ္၏ သား မင္းမင္း (၁၆)ႏွစ္သည္ အစ္ကိုေတာ္စပ္သူ ကိုဦးေက်ာ္သိန္းႏွင့္အတူ ေက်ာက္ေတာ္ျမိဳ႕နယ္ ကန္ေစာက္ေက်းရြာသို႔ ေစ်းဝယ္ရန္လာစဥ္တြင္ လမ္းတြင္ မိုင္းနင္းမိခဲ့သည္ဟု သိရသည္။

“သူနဲ႔အတူပါလာတဲ႔ အစ္ကိုေတာ္စပ္သူ ေျပာျပတာကေတာ့ ကန္ေစာက္ေက်းရြာသို႔ ေစ်းဝယ္ဖို႔ လာစဥ္မွာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ျဖစ္တာက ေန႔လယ္ ၁ နာရီေလာက္မွာလို႔ ေျပာပါတယ္။လိပ္ဖေက်းရြာနဲ႔ ခေမာင္းေက်းရြအၾကား ေက်ာက္ေတာ္ျမိဳ႕နယ္ ခေမာင္းေခ်ာင္း အတက္ အေကြ႔နားမွာျဖစ္တယ္လို႔ အစ္ကို ေတာ္စပ္သူ ကိုဦးေက်ာ္သိန္းက ေျပာပါတတယ္”ဟု ေဆးရံုတင္ထားရသည့္ လူနာသတင္းသြားေမးသူ ေက်ာက္ေတာ္ျမိဳ႕မွ လူထုေဇာ္ဝင္းကေျပာသည္။

မိုင္းနင္းမိ၍ ဒဏ္ရာရရွိသူ မင္းမင္းအား ေက်ာက္ေတာ္ျမိဳ႕နယ္ ျဖဴစင္ေမတၱာပရဟိတမွ ယုိးေခ်ာင္းမွ တဆင့္ ေက်ာက္ေတာ္ျမိဳ႕နယ္ေဆးရံုသို႕ ပို႕ေဆာင္ခဲ့သည္ဟု သိရသည္။

လူနာကို ကိုယ္တိုင္သြားယူခဲ့သူ ေက်ာက္ေတာ္ျမိဳ႕နယ္ ျဖဴစင္ေမတၱာပရဟိတ အသင္းဥကၠ႒ ကိုညီပုက “ကြ်န္ေတာ္တို႔ ည ၇ နာရီ ၁၅ မိနစ္ေလာက္က သူကို ပုဏၰားကြ်န္းျမိဳ႕နယ္ ယိုးေခ်ာင္းနားကေန ကားနဲ႔ သြားယူတယ္။ ေက်ာက္ေတာ္ ေဆးရံုကို ည ၈ နာရီေနာက္မွာေရာက္ပါတယ္။ ညာေျခနဲ႔ လက္ႏွစ္ဖက္ လံုးမွာေတာ႔ ဒဏ္ရာေတြ ရထားတာေတြ႔ပါတယ္။ ဒဏ္ရာကေတာ႔ သိပ္စိုးရိမ္စရာမရွိဘူးလို႕ ေဆးရံုက ေျပာပါတယ္”ဟု ေျပာသည္။

ကာယကံရွင္ မိသားစုဝင္မ်ားထံသို႕ အေသးစိတ္သိရွိႏိုင္ရန္ ဖုန္းျဖင့္ဆက္သြယ္ခဲ႔ရာ ဆက္သြယ္မႈ မရရွိခဲ႔ပါ။

မင္းမင္းတြင္ ညာေျခဖဝါး၊ ညာလက္နွင့္ ဘယ္လက္တို႔တြင္ ဒဏ္ရာမ်ား အသီးသီး ရရွိခဲ့သည္ဟု သိရသည္။

သိန္းေဇာ္(ေမာင္ေတာ)
Narinjara
https://www.facebook.com/Narinjara

Saturday, December 29, 2018

အတုမရွိ ျမတ္စြာဘုရားဟာ ဘာေျကာင့္ ဆံေတာ္မပါယ္ခဲ့ပါသလဲ .. ?


ဒီေမးခြန္းကို စတင္ေမးခဲ့သူက ဘာသာျခားတစ္ေယာက္။
ၾကက္ေသေသၿပီး ဆြံအခဲ့သူက ကြၽန္ေတာ္နဲ႔သူငယ္ခ်င္းေတြ။
သူကေမးတယ္…

“”ဘုရားရွင္က ခ်စ္သားရဟန္းေတြက်ေတာ့ ဦးျပည္းေခါင္းတုံးနဲ႔။သူကိုယ္တိုင္က်ေတာ့ ဆံေတာ္အရွည္နဲ႔က်ေတာ့ သိပ္နည္းလမ္းမက်ဘူးမဟုတ္လား။
ေစာ္ကားခ်င္လို႔ေမးတာမဟုတ္ပါဘူး။
ႀကိဳၿပီးေတာင္းပန္တာပါ။ သိခ်င္လို႔ပါ။
တကယ္လို႔တပည့္ရဟန္းေတြကို ဦးျပည္းေခါင္းတုံးနဲ႔ဆိုရင္ သူလည္း ဦးျပည္းေခါင္းတုံးျဖစ္သင့္တယ္မဟုတ္လား။
ဒါမွနည္းလမ္းက်မွာေပါ့””….တဲ့။

ကိုယ့္ကိုယ္ကို ဗုဒၶဘာသာစစ္စစ္ပါလို႔ ရဲရဲႀကီးေႂကြးေၾကာ္တဲ့ ကြၽန္ေတာ္ အရွက္ရၿပီ။
ကိုယ္လည္းတစ္ခါမွ ဒီေလာက္ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္ မစဥ္းစားမိခဲ့။

ေမးသူကေမး။ ေျဖရမယ့္လူေတြက ဆြံ႕အ။ ေနာက္ဆုံးေတာ့ ဘာသာေရးနဲ႔ပတ္သက္တဲ့အတြက္ မေရရာပဲ ၿဖီးျဖန္းမေျဖခ်င္တဲ့အတြက္ ရွက္ရွက္နဲ႔ပဲ မသိဘူးလို႔ ဝန္ခံလိုက္ရပါတယ္။

သူျပန္သြားေတာ့ စိတ္တိုတိုနဲ႔ ဒီအေျဖကို မရရေအာင္ Web ေတြမွာ ေမႊေႏွာက္ရွာေဖြရင္း မထင္မွတ္ပဲ စာေရးဆရာတစ္ေယာက္ေရးထားတာေတြ႕မိတာနဲ႔ တစ္လက္စတည္း သူငယ္ခ်င္းေတြကို မွ်ေဝ ေပးလိုက္ပါတယ္။

ကြၽန္ေတာ္ကေတာ့ နားလည္လြယ္ေအာင္ ႐ိုး႐ိုးရွင္းရွင္းပဲေရးမယ္ေနာ္။

ျမတ္စြာဘုရားရွင္က ရဟန္းသံဃာေတြအေနနဲ႔ ဆံပင္အရွည္ထားရင္ ဆံပင္ၿဖီးသင္ျခင္း၊
ဆီလိမ္းျခင္း စတာေတြလုပ္ေနရင္ အျပင္ပန္း အလွအပေတြနဲ႔ အခ်ိန္ကုန္ေနမွာစိုးလို႔ ဆံပင္လက္ႏွစ္သစ္ထက္ ပိုၿပီးခြင့္မရွိဘူးလို႔ တိတိက်က်သတ္မွတ္ခဲ့ပါတယ္။ ဒါေပမယ့္ ဘုရားရွင္ကိုယ္တိုင္ဘာလို႔ဆံပင္အရွည္ထားခဲ့သလဲ။

ဒီလိုပါ…
ျမတ္စြာဘုရားရွင္က မဟာက႐ုဏာရွင္ႀကီးျဖစ္ပါတယ္။
ေျခေတာ္ရာေတာင္ ခုႏွစ္ဆူပဲခ်ထားေတာ္မူပါတယ္။ဘာလို႔လဲဆိုေတာ့ ေျခေတာ္ရာကို ေနာက္လူေတြေရွာင္ရ။နင္းမိရင္လည္း ငရဲႀကီးမွာစိုးတဲ့အတြက္ပါ။

ဒီေနရာမွာ စကားစပ္မိလို႔ ကြၽန္ေတာ္သိတာေလးတစ္ခုေျပာျပခ်င္ပါတယ္။ဘုရားရွင္တိုင္း သြားတဲ့လမ္းမွာေျခေတာ္ရာမထင္ပါဘူး။ေျခေတာ္ရာခ်သင့္တဲ့ေနရာမွသာ အဓိ႒န္ျပဳၿပီးခ်ေတာ္မူပါတယ္။
ဒါေျခေတာ္ရာပဲရွိေသးတယ္ေနာ္။

ဘုရားျဖစ္ၿပီးတဲ့ေနာက္ကစလို႔ ျမတ္စြာဘုရားရဲ႕ ဦးေခါင္းေတာ္ကို မကိုင္ေကာင္းဘူးေလ။
ျမတ္စြာဘုရားရဲ႕ဦးေခါင္းေတာ္ကိုင္ၿပီး ဆံေတာ္ရိတ္သင္ဖို႔ဆိုရင္ အနည္းဆုံးေတာ့ ျမတ္စြာဘုရားရဲ႕အျမင့္မွာေနရမယ္။ျမတ္စြာဘုရားထက္ျမင့္ျမတ္တဲ့သူ
ဒါမွမဟုတ္ ဆရာလည္း ျဖစ္ရမယ္ေလ။ျမတ္စြာဘုရားမွာ ဆရာမရွိတဲ့အျပင္ ျမတ္စြာဘုရားထက္ ျမင့္ျမတ္တဲ့သူကေရာ ဘယ္သူရွိလို႔လဲ။နည္းနည္းေတာ့စဥ္းစားၾကည့္ပါဦး။
ျမတ္စြာဘုရားရွင္ကေရာဘယ္သူ႔ကိုမ်ား သူ႔ဦးေခါင္းေတာ္ကိုင္ၿပီး ဆံပင္ရိတ္သင္ေစမွာလဲ။ဘယ္သူကေရာ ရိတ္သင္ရဲမွာလဲ။
ေနာက္ၿပီး ျမတ္စြာဘုရားရွင္ ဆံေတာ္ပယ္ၿပီးကတည္းက ဆံေတာ္က လက္ႏွစ္သစ္ပဲရွိပါတယ္။
အဲ့လက္ႏွစ္သစ္ကေနၿပီး သဘာဝအတိုင္း အေခြေလးေတြ လိပ္ထြက္လာၿပီး လက္်ာရစ္သူ႔အစုနဲ႔သူ တည္ေနပါတယ္။ဦးထိပ္ပိုင္းဆံေတာ္ေတြကေတာ့ သင္းက်စ္လို လက်္ာရစ္တည္ေနပါတယ္။
ေရွးေဟာင္းသမိုင္းစာေတြမွာေတာ့ ျမတ္စြာဘုရားရွင္ရဲ႕ ဆံေတာ္ဟာ ေတာ္ေတာ္ေလးကို ေကာက္ၿပီး လိပ္ေခြေနတယ္လို႔ ေရးသားၾကပါတယ္။

ဒါဆို ဘုရားရွင္က ဘာလို႔ တန္ခိုးေတာ္နဲ႔ ဆံေတာ္မရိတ္လဲ.. ေမးစရာရွိလာပါလိမ့္မယ္။
ျမတ္စြာဘုရားက လူသားစစ္စစ္ဘုရားျဖစ္တဲ့အတြက္လူသားတစ္ေယာက္လို သဘာဝက်က် ေနထိုင္ေတာ္မူပါတယ္။
တပည့္သာဝကေတြကို တန္ခိုးျပျခင္းကို အားေပးေတာ္မမူတဲ့အျပင္ ကိုယ္တိုင္လည္း တန္ခိုးျပျခင္းကို ေရွာင္ရွားေတာ္မူပါတယ္။

ဒါ့ေၾကာင့္ ဆံေတာ္မရွည္ေစနဲ႔လို႔ တန္ခိုးေတာ္နဲ႔လုပ္ေတာ္မမူပါဘူး။မဟာလူသားလို႔ တင္စားအပ္တဲ့ ဘုရားရွင္က လူသားတစ္ေယာက္လို
ပဲသဘာဝက်က်ေနထိုင္ေတာ္မူပါတယ္…လို႔ ဒီအေၾကာင္းေလးကို ဂ်ာမန္ ဘုန္းေတာ္ႀကီးတစ္ပါးရဲ႕
Good Answers for Good Questions ဆိုတဲ့ကမၻၻာေက်ာ္စာအုပ္ထဲမွာ ဒီလိုေလး ေရးျပထားပါတယ္။

ေနာက္ထပ္ ျမတ္ဗုဒၶနဲ႔ ပတ္သက္ၿပီး ႏႈိက္ႏႈိက္ခြၽတ္ခြၽတ္အေသးစိတ္သိထားတာေလးမ်ားရွိရင္လည္း ျပန္လည္ မွ်ေဝေပးပါဦးမယ္။

မင္းညိဳေသြး
.................
unicode


ဒီမေးခွန်းကို စတင်မေးခဲ့သူက ဘာသာခြားတစ်ယောက်။

ကြက်သေသေပြီး ဆွံအခဲ့သူက ကျွန်တော်နဲ့သူငယ်ချင်းတွေ။

သူကမေးတယ်…



“”ဘုရားရှင်က ချစ်သားရဟန်းတွေကျတော့ ဦးပြည်းခေါင်းတုံးနဲ့။သူကိုယ်တိုင်ကျတော့ ဆံတော်အရှည်နဲ့ကျတော့ သိပ်နည်းလမ်းမကျဘူးမဟုတ်လား။

စော်ကားချင်လို့မေးတာမဟုတ်ပါဘူး။

ကြိုပြီးတောင်းပန်တာပါ။ သိချင်လို့ပါ။

တကယ်လို့တပည့်ရဟန်းတွေကို ဦးပြည်းခေါင်းတုံးနဲ့ဆိုရင် သူလည်း ဦးပြည်းခေါင်းတုံးဖြစ်သင့်တယ်မဟုတ်လား။

ဒါမှနည်းလမ်းကျမှာပေါ့””….တဲ့။



ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာစစ်စစ်ပါလို့ ရဲရဲကြီးကြွေးကြော်တဲ့ ကျွန်တော် အရှက်ရပြီ။

ကိုယ်လည်းတစ်ခါမှ ဒီလောက်နှိုက်နှိုက်ချွတ်ချွတ် မစဉ်းစားမိခဲ့။



မေးသူကမေး။ ဖြေရမယ့်လူတွေက ဆွံ့အ။ နောက်ဆုံးတော့ ဘာသာရေးနဲ့ပတ်သက်တဲ့အတွက် မရေရာပဲ ဖြီးဖြန်းမဖြေချင်တဲ့အတွက် ရှက်ရှက်နဲ့ပဲ မသိဘူးလို့ ဝန်ခံလိုက်ရပါတယ်။



သူပြန်သွားတော့ စိတ်တိုတိုနဲ့ ဒီအဖြေကို မရရအောင် Web တွေမှာ မွှေနှောက်ရှာဖွေရင်း မထင်မှတ်ပဲ စာရေးဆရာတစ်ယောက်ရေးထားတာတွေ့မိတာနဲ့ တစ်လက်စတည်း သူငယ်ချင်းတွေကို မျှဝေ ပေးလိုက်ပါတယ်။



ကျွန်တော်ကတော့ နားလည်လွယ်အောင် ရိုးရိုးရှင်းရှင်းပဲရေးမယ်နော်။



မြတ်စွာဘုရားရှင်က ရဟန်းသံဃာတွေအနေနဲ့ ဆံပင်အရှည်ထားရင် ဆံပင်ဖြီးသင်ခြင်း၊

ဆီလိမ်းခြင်း စတာတွေလုပ်နေရင် အပြင်ပန်း အလှအပတွေနဲ့ အချိန်ကုန်နေမှာစိုးလို့ ဆံပင်လက်နှစ်သစ်ထက် ပိုပြီးခွင့်မရှိဘူးလို့ တိတိကျကျသတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဘုရားရှင်ကိုယ်တိုင်ဘာလို့ဆံပင်အရှည်ထားခဲ့သလဲ။
ဒီလိုပါ…
မြတ်စွာဘုရားရှင်က မဟာကရုဏာရှင်ကြီးဖြစ်ပါတယ်။
ခြေတော်ရာတောင် ခုနှစ်ဆူပဲချထားတော်မူပါတယ်။ဘာလို့လဲဆိုတော့ ခြေတော်ရာကို နောက်လူတွေရှောင်ရ။နင်းမိရင်လည်း ငရဲကြီးမှာစိုးတဲ့အတွက်ပါ။
ဒီနေရာမှာ စကားစပ်မိလို့ ကျွန်တော်သိတာလေးတစ်ခုပြောပြချင်ပါတယ်။ဘုရားရှင်တိုင်း သွားတဲ့လမ်းမှာခြေတော်ရာမထင်ပါဘူး။ခြေတော်ရာချသင့်တဲ့နေရာမှသာ အဓိဋ္ဌန်ပြုပြီးချတော်မူပါတယ်။

ဒါခြေတော်ရာပဲရှိသေးတယ်နော်။
ဘုရားဖြစ်ပြီးတဲ့နောက်ကစလို့ မြတ်စွာဘုရားရဲ့ ဦးခေါင်းတော်ကို မကိုင်ကောင်းဘူးလေ။
မြတ်စွာဘုရားရဲ့ဦးခေါင်းတော်ကိုင်ပြီး ဆံတော်ရိတ်သင်ဖို့ဆိုရင် အနည်းဆုံးတော့ မြတ်စွာဘုရားရဲ့အမြင့်မှာနေရမယ်။မြတ်စွာဘုရားထက်မြင့်မြတ်တဲ့သူ

ဒါမှမဟုတ် ဆရာလည်း ဖြစ်ရမယ်လေ။မြတ်စွာဘုရားမှာ ဆရာမရှိတဲ့အပြင် မြတ်စွာဘုရားထက် မြင့်မြတ်တဲ့သူကရော ဘယ်သူရှိလို့လဲ။နည်းနည်းတော့စဉ်းစားကြည့်ပါဦး။

မြတ်စွာဘုရားရှင်ကရောဘယ်သူ့ကိုများ သူ့ဦးခေါင်းတော်ကိုင်ပြီး ဆံပင်ရိတ်သင်စေမှာလဲ။ဘယ်သူကရော ရိတ်သင်ရဲမှာလဲ။
နောက်ပြီး မြတ်စွာဘုရားရှင် ဆံတော်ပယ်ပြီးကတည်းက ဆံတော်က လက်နှစ်သစ်ပဲရှိပါတယ်။

အဲ့လက်နှစ်သစ်ကနေပြီး သဘာဝအတိုင်း အခွေလေးတွေ လိပ်ထွက်လာပြီး လက်ျာရစ်သူ့အစုနဲ့သူ တည်နေပါတယ်။ဦးထိပ်ပိုင်းဆံတော်တွေကတော့ သင်းကျစ်လို လကျ်ာရစ်တည်နေပါတယ်။
ရှေးဟောင်းသမိုင်းစာတွေမှာတော့ မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ဟာ တော်တော်လေးကို ကောက်ပြီး လိပ်ခွေနေတယ်လို့ ရေးသားကြပါတယ်။
ဒါဆို ဘုရားရှင်က ဘာလို့ တန်ခိုးတော်နဲ့ ဆံတော်မရိတ်လဲ.. မေးစရာရှိလာပါလိမ့်မယ်။
မြတ်စွာဘုရားက လူသားစစ်စစ်ဘုရားဖြစ်တဲ့အတွက်လူသားတစ်ယောက်လို သဘာဝကျကျ နေထိုင်တော်မူပါတယ်။
တပည့်သာဝကတွေကို တန်ခိုးပြခြင်းကို အားပေးတော်မမူတဲ့အပြင် ကိုယ်တိုင်လည်း တန်ခိုးပြခြင်းကို ရှောင်ရှားတော်မူပါတယ်။

ဒါ့ကြောင့် ဆံတော်မရှည်စေနဲ့လို့ တန်ခိုးတော်နဲ့လုပ်တော်မမူပါဘူး။မဟာလူသားလို့ တင်စားအပ်တဲ့ ဘုရားရှင်က လူသားတစ်ယောက်လို
ပဲသဘာဝကျကျနေထိုင်တော်မူပါတယ်…လို့ ဒီအကြောင်းလေးကို ဂျာမန် ဘုန်းတော်ကြီးတစ်ပါးရဲ့
Good Answers for Good Questions ဆိုတဲ့ကမ္ဘ္ဘာကျော်စာအုပ်ထဲမှာ ဒီလိုလေး ရေးပြထားပါတယ်။

နောက်ထပ် မြတ်ဗုဒ္ဓနဲ့ ပတ်သက်ပြီး နှိုက်နှိုက်ချွတ်ချွတ်အသေးစိတ်သိထားတာလေးများရှိရင်လည်း ပြန်လည် မျှဝေပေးပါဦးမယ်။

မင်းညိုသွေး

တနဂၤေႏြေန ့ေမြးဖြားသူမ်ားအတြက္(၂၀၁၉)ခုနွစ္ တစ္နွစ္စာေဟာစာတမ္


တနဂၤေႏြသားသမီးတို႔သည္ ယခုႏွစ္တြင္ တကယ္လုပ္မည္ဆိုလ်ွင္ လူအမ်ားက မိမိအထင္ႀကီး၊ ေလးစား သိပ္အံ့ၾသသြားၾကလိမ့္မည္။
ထူးျခားျခား ထင္ေပၚ လာမည္။ အရာရာကို ဦးေဆာင္ဦးရြက္ လုပ္ကိုင္ရတတ္သည္။
အလုပ္ႏွင့္ပတ္သက္၍ ေနရာဌာေနေျပာင္းေရႊ႔ျခင္း၊ဘြဲ႔ထူး၊ ဂုဏ္ထူး၊ ခ်ီးျမႇင့္ ေျမာက္စားမႈမ်ားရရိွမည္။
အိမ္ေထာင္႐ွင္မ်ားအေန႔နဲ႔ အတူတကြ လက္တြဲလုပ္ကိုင္ႏိုင္မည့္ စီးပြားေရးလုပ္ငန္းမ်ားကို ဦးစာေပး၍ လုပ္ေဆာင္ပါ။

စီးပြားေရးက႑

စက္သံုးဆီေရာင္းဝယ္ျခင္း၊ စက္သြယ္ေရးပစၥည္းမ်ား၊အစု႐ွယ္ယာလုပ္ငန္းမ်ားႏွင့္ ေက်ာက္မ်က္ရတနာ တူးေဖာ္ေရာင္းဝယ္ျခင္းမ်ား
ေကာင္းမည္။ ကုမၸဏီထူေထာင္ျခင္း၊ ဘဏ္လုပ္ငန္း၊ အိမ္ေျမ၊ တိုက္ခန္းေရာင္းဝယ္ျခင္း၊ ငွါးရန္ျခင္း၊ အလွျပင္ဆိုင္၊
ဖက္႐ွင္ဒီဇိုင္နာ တီထြင္ျခင္း ႏွင့္ ဒီဇိုင္နာဆိုင္ဖြင့္ျခင္းမ်ား အက်ိဴးေပးပါလိမ့္မည္။
အထူးသျဖင့္ စီးပြားေရး အလုပ္အကိုင္မ်ားတြင္ ေငြးေၾကးရင္းႏွီးမတည္မႈႏွင့္ ျပဳျပင္ေျပာင္းလဲမႈ တို႔ကို စြန္႔စြန္႔စားစားလုပ္ကိုင္ျခင္းျဖင့္
လာဘ္လဘေပါမ်ား လာတတ္ပါသည္။ အဂၤါ၊ ၾကာသပေတး၊ ေသာၾကာသားသမီးမ်ားႏွင့္ မည္သည့္ကိစၥေဆာင္ရြက္ရာတြင္
ေအာင္ျမင္မႈရရိွမည္ႏွစ္ျဖစ္သည္။ မိမိလိုက္စား သင္ၾကာေနေသာ ပညာရပ္ မိမိဘဝကို ျမႇင့္တင္းေပးပါလိမ့္မည္။
မိတ္ေကာင္း၊ေဆြေကာင္းမ်ားႏွင့္ေတြ႔ဆံုၿပိး လုပ္ငန္းခြင္မ်ား ေအာင္ျမင္မည္။ႏိုင္ငံရပ္ျခားသြားလာျခင္း၊ရပ္ေဝးမိတ္ေဆြမ်ားႏွင့္
အစု႐ွယ္ယာဝင္လုပ္ငန္းမ်ားလုပ္ျခင္း၊အလုပ္အသစ္မ်ား စတင္ထူေထာင္ျခင္းမ်ားအက်ိဳးေပးမည္။ သို႔ေသာ္ ရံဖန္ရံခါ အခက္ခဲ
အက်ပ္အတည္းမ်ားျဖင့္ ရင္ဆိုင္ရတတ္ေသာ္လည္း တုန္လႈပ္မႈမရိွဘဲ ရဲဝံ့ရင္ဆိုင္ေက်ာ္လႊားရန္ လိုအပ္ပါလိမ့္မည္။
မိမိလုပ္ငန္းေဆာင္တာမ်ားေဆာင္ရြက္ရာတြင္ အဂၤါ၊ ၾကာသပေတး၊ ေသာၾကာသားသမီးမ်ားႏွင့္* ပူေပါင္းေဆာင္ရြက္လ်ွင္အက်ိဳးျမတ္ရတတ္သည္။ လုပ္ငန္းေအာင္ျမင္ျခင္း၊နာမည္သတင္း ဂုဏ္သတင္းေက်ာ္ေဇာၿပိး ေငြအစ့ုအလိုက္ ခ်မ္းသုခရတတ္သည္။

စေန႔သားသမီးမ်ား အထူးသတိထားပါ။ ဒုကၡေပးတတ္သည္။ မိမိ မိတ္ေဆြမ်ားထဲမွ လူမ်ိဳးျခား (သုိ႕)
စေနသားသမီး တစ္ဦးနဲ႔ အမႈအခင္း ကိစၥ ေပၚတတ္ပါသည္။
ထိုအျပင္ သဘာဝေဘးအႏၱရာယ္၊ မေမ်ာ္လင္ေသာ ယာဥ္အတိုက္အခိုက္ ဥပါဒ္အႏၱရာယ္ျဖင့္လည္း ၾကံဳေတြ႔ရတတ္ပါသည္။
တစ္ပါးသူ မိမိအသက္အႏၱရယ္ ထိပါးတတ္သည္။ အထူးသျဖင့္ ပတ္ဝန္းက်င္ကိုအျမဲသတိထားပါ။

အခ်စ္ေရးအိမ္ေထာင္ေရးက႑
လူပ်ိဳ၊အပ်ိဳရြယ္၊အပ်ိဳႀကီးမ်ား အိမ္ေထာင္မဂၤလာျပဳရတတ္သလို႔ ဤႏွစ္ထဲတြင္ လူပ်ိဳ၊ အပ်ိဳ အေပါင္းတို႔ အခ်စ္ေရးကိစၥရပ္မ်ားကိုဦးစာမေပးသင့္ႏွစ္ပါ။ အသက္အရြယ္ပိုင္းကြာျခားသူမ်ားႏွင့္ ဖူးစာၾကံဳတတ္သည္။ အိမ္ေထာင္ေရးအခ်စ္ေရးႏွင့္ နီးစပ္ရန္
လြယ္ကူသေလာက္ ခက္ခဲမူမ်ား ၾကံဳမည္။အျဖတ္အတားဆီးမ်ား အတိုက္အခိုက္ မနာလိုသူမ်ား ၾကံဳေတြ႔မည္။
အိမ္ေထာင္ေရး မသင့္မတင့္ ျဖစ္တတ္သည္။

ပညာေရးက႑
ပညာေရးတြင္ ဤႏွစ္ အထူးကံေကာင္းေသာႏွစ္ျဖစ္၍ လူငယ္၊ လူႀကီး မေရြး ႀကိဳးစာအားထုတ္ပါ။
ႏွစ္က်မ်ား ဤႏွစ္ စာေမးပြဲ ေအာင္ျမင္မႈ ရတတ္သည္။ မိမိရည္မွန္းခ်က္ ေအာင္ျမင္မႈမ်ား ဆြတ္ခူးႏိုင္မည္။ပညာေရးတြင္ ဝီရိယ၏အက်ိဴးျဖင့္ ထူးခြၽန္ေအာင္ျမင္မည္။ စက္မႈကိရိယာ ႏွင့္ ဖုန္းႏွင့္ဆက္စပ္ ဆက္သြယ္ေရးပ်က္စီးမ်ား ျပဳျပင္ျခင္း ပညာရပ္မ်ား သင္ယူျခင္းေကာင္း၏။

ျပည္ပရပ္ျခား အလုပ္အကိုင္
“အဂၤါ၊ ၾကာသပေတး၊ ေသာၾကာ”*စင္ကာပူ၊ မေလး႐ွား၊ ဘန္ေကာက္၊ ဗီယန္နမ္၊ ေဟာင္ေကာင္၊ သိရီလကၤာ အစစ ထိုေနနံ ႏိုင္ငံ
အခြင့္အလမ္းပြင့္လန္း၍ ပညာေရး ဘာသာရပ္စာေမးေျဖ ေအာင္ျမင္ျခင္းႏွင့္ ျပည္ပႏိုင္ငံ ေနရာေကာင္ဌာေနရရိွတတ္သည္။
အလုပ္အကိုင္ ၊အေရာင္းအဝယ္၊ပညာသင္ေဆးပညာလုပ္ငန္မ်ား ေအာျမင္မူရၿပိး အက်ိဳးျဖစ္ထြန္းမည္။
သို႔ေသာ္ စာေမးပြဲေျဖဆိုရာတြင္ အေႏွာက္အယွက္မ်ားဝင္လာတတ္သည္။ (14-6-2019)မွစ၍ လုပ္ငန္းခြင္တြင္အေလာတႀကီးမလုပ္သင့္ပါ။ ေဆြမ်ိဴ.းမိတ္ေဆြမ်ား လုပ္ငန္းတြင္ အေႏွာက္အယွက္ေပးတတ္သည္။

တနဂၤေႏြေန ့ေမြးဖြားသူမ်ား ၁
အသက္ ၃၄၊ ၃၆၊ ၃၉၊ ၄၃၊ ၄၆၊ ၄၉၊ ၆၉ႏွစ္ရိွသူေတြ႔ကေတာ့
ေငြေၾကးကိစၥ ၊ စာခ်ဳပ္စာတမ္းမ်ား အာမခံလက္မွတ္ေရးထိုးျခင္းမ်ား သတိထားျခင္းႏွင့္ *လံုးဝ*အထူးေ႐ွာင္ၾကဥ္ရပါလိမ့္မည္။
ေရြေငြေက်ာက္မ်က္ရတနာ၊ေပ်ာက္ဆံုးျခင္း၊အလိမ့္ခံရျခင္း၊ေဖာက္ထြင္းမ်ားၾကံဳေတြ႔ရတတ္သည္။ ေငြေၾကးကိစၥမ်ား အလြယ္တကူကတိေပးျခင္း၊လူမူေရျပသာနာမ်ား ႐ုတ္တရက္ရင္ဆိုင္ရတတ္သည္။

(2019/7လ-10လ) မ်ားတြင္ မထင္မွတ္ထားေသာ ေနရာေဒသ၊ ျပည္ပရပ္ျခားခရီးတို ခရီး႐ွည္ မ်ားသြားရကိန္းရိွသည္။
မိမိလက္​​ေအာက္​ငယ္​သားႏွင္​့ တပည္​မ်ားအား ​ေထာက္​ပံ့​ေပးရျခင္​း၊ လူမႈ​ေရးႏွင္ ​့ဘာသာ​ေရးဆိုင္​ရာလုပ္​ငန္​းမ်ားတြင္​ ကိုင္​တိုင္​
ဦးစီးရျခင္​း၊ အမ်ား သ​ေဘာတူညီမႈ​ေၾကာင္​့ ကုသိုလ္​​ေရးလုပ္​ငန္​းမ်ား လုပ္​ကိုင္​ရမည္​။
ဒါေပမဲ့ ဤလေတြ႔မွာ ေယဘုယ်အားျဖင့္ အိမ္ေထာင္ေရးျပႆနာ၊ အေမြအႏွစ္ကိစၥေတြ႔အတြက္ စကားမ်ားရတတ္သည္။
ညီကိုေမာင္ႏွမျခင္း စကားမ်ားမည္။ စက္ပစၥည္းႏွင့္ ထိခိုက္ဒဏ္ရာ ရတတ္သည္။ ေျမလြတ္၊ ေျမ႐ိုင္း၊ လယ္ယာ ဝယ္ထားသူးမ်ား
ပ်က္စီး႐ုပ္သိမ္းျခင္းကိစၥမ်ားျဖစ္ေပၚလာျခင္းမ်ားက ျပန္ေျပလည္းၿပိး မိမိဥစၥာ မိမိျပန္ရျခင္းႏွင့္ အစားထိုးေပးကမ္းျခင္း ၾကံဳေတြ႔ ရပါလိမ့္မည္။
ေငြကံေတာ့ေကာင္းပါလိမ့္မည္။

ယခုႏွစ္ 2019 ခု*1လ-8လ* မ်ားတြင္ အဖြဲ႔အစည္းမ်ားအတြင္း ျပႆနာအျငင္းပြားစရာမ်ား ျဖစ္လာတတ္သည္။
အဖြဲ႔အစည္းမ်ားအတြင္း ျပႆနာအျငင္းပြားစရာမ်ား ျဖစ္လာတတ္၍ နယ္ေျမ ျပည္တြင္း၊ ျပည္ပရိွသူမ်ားအေနနဲ႔ လူမ်ိဳးဘာသာရပ္
ကိစၥရပ္မ်ား၊ စဥ္းမ်ွည္း စည္းကမ္း ဥပေဒေျပာင္းလဲျခင္းႏွင့္ ဆူပူမႈးမ်ား အႏၱရာယ္ၾကံဳျခင္း၊ လုပ္ၾကံခံရျခင္း၊အဖမ္းအစည္းမ်ားခံရျခင္း ျဖစ္လာတတ္သည္။

စက္ယႏၱရားႏွင့္ အႏၱရာယ္ေပၚေပါက္လာႏိုင္၍ အထူးသတိထားျပိး ဂ႐ုတစုိက္ကိုင္တြယ္ရလိမ့္မည္။ ညီအကိုေမာင္ႏွမ ေဆြမ်ိဴးမ်ား
ေႏွာက္ယွက္မႈေၾကာင့္ မိမိလုပ္ငန္းခြင့္ အက်ိဴးျမတ္မ်ားပ်က္စီးတတ္သလို႔ မိန္းကေလးတစ္ဦးေၾကာင့္ မိမိလုပ္ငန္းလ်ိဳဝွက္

ပ႐ိုဂ်က္မ်ား ခိုးခံရျခင္း စီးပြားအေျခအေနယိုင္းသြားရတတ္သည္။
အသက္ ၅၊ ၆၊ ၁၁၊ ၁၃၊ ၁၅၊ ၁၉၊ ၃၁၊ ၃၅၊ ၃၆၊ ၃၉၊ ၅၁၊ ၅၃၊ ၅၆၊ ၅၉ႏွစ္ ပညာေရး၊ အခ်စ္ေရး၊ အိမ္ေထာင္းေရးႏွင့္ စီးပြားေရး
မိမိလုပ္ငန္းမ်ာေအာင္ျမင္ျခင္းႏွင့္ ျပည္ပအလုပ္အကိုင္းမ်ားအက်ိဳးျဖစ္၍ ျပည္တြင္းျပည္ပႏိုင္ငံရပ္ျခားဘာသာရပ္မ်ား
ေျဖဆိုမႈ ေအာင္ျမင္ျခင္း၊ ျပည္တြင္းျပည္ပခရီမ်ား သြားရပါလိမ့္မည္။
အသက္ ၂၂ႏွစ္ မွာ ႏွစ္ အသက္၃၀အတြင္း ႏွင့္ အသက္၄၀ႏွစ္မွာ ၅ဝအတြင္းရိွ စီပြားေရး၊ အခ်စ္ေရး၊ အိမ္ေထာင္းေရး၊ ပညာေရး၊
က်န္းမာေရး ညံပါလိမ့္မည္။ အသက္ ၂၂ႏွစ္ မွာ ႏွစ္ အသက္၃၀အတြင္း လူငယ္လူရြယ္မ်ား ခ်စ္သူေပၚ သံသယာစိတ္ဝင္လာတတ္လို႔
ႏွစ္ဖက္မိဘမ်ား သေဘာထား ကြဲလြဲမႈေၾကာင္း မိမိအခ်စ္ေရးမ်ား က်န္ၾကာေႏွာင္းနည္းျခင္းႏွင့္ ခိုးေျပးရကိန္မ်ား ၾကံဳေတြ႔ရ တတ္သည္။
ပ်ိဴ ရြယ္သူမ်ား တဖက္သတ္အေခ်စ္ေရးမ်ိဴ းမ်ားႏွင့္ ၾကံဳေတြ႔ရတတ္သည္။ အိမ္ေထာင္းေရမွာ မိသာစုျပသနာ ၊

ေယာကၼႏွင့္အဆင္မေျပမူ၊ မလိုလာျခင္း၊အမ်က္လိုမည့္။ အိမ္ေထာင္႐ွင္မ်ား ပတ္ဝန္းက်င္ေၾကာင့္ စကားမ်ားရတတ္သည္။

ေဘးစကား အတင္အပ်င္း၊ အသြားအလာ၊ ဆင္ျခင္မွာသာ မိမိအိမ္ေထာင္ သာယာစိုျပည့္လိမ့္မည္။

က်န္းမာေရးက႑

က်န္းမာေရးႏွင့္ ပတ္သတ္၍ မေမ်ာ္လင္ဘဲ ေရာဂါေဝဒနာမ်ား ဝင္ေရာက္လာတတ္သလို့ ဤႏွစ္တြင္ ေရာဂါဘယအမ်ိုဳးမ်ိဳး ႏိွပ္စပ္ျခင္း

ခံရတတ္သည္။ က်န္းမာေရးတြင္ အဖ်ားအနာေရာဂါ၊ ေသြးတိုးေရာဂါ၊ မ်က္စိေရာဂါ၊ အဆစ္အျမစ္ကိုက္ခဲခင္းေရာဂါမ်ား

ခံစား ရတတ္သည္။ 2019ခု 1လပိုင္း၊ 3လပိုင္း၊ 5လပိုင္းေတြ႔မွာ ခရီးသြားလာျခင္းမေကာင္းပါ။

ေဆာင္ရြက္စရာကိစၥ

ယခုႏွစ္တြင္ခရီးသြားျခင္းႏွင့္လုပ္ငန္းကိစၥအဆင္ေျပရန္အတြက္ *သမၺဳေဒၶဂါထာေတာ္* (၃)ေခါက္ ရြတ္ဆိုၿပိး ခရီးသြားျခင္း

*ကံေကာ္ၫြန္႔*ေဆာင္ျခင္းႏွင့္ *အနီေရာင္၊ ႏို႔ႏွစ္ေရာင္၊ အစိမ္းေရာင္ *အဝတ္အထည္မ်ား ဝတ္ဆင္ျခင္းႏွင့္ ထိုအေရာင္မ်ားကို

အေဆာင္အျဖစ္ အသံုးေဆာင္အျဖစ္ အသံုးျပဳႏိုင္သည္။

နီေရႊေရာင္၊ ပတၱျမား အဆင္းရိွေသာ ေက်ာက္မ်က္ရတနာ ဝတ္ဆင္ပါ။

အက်ိဴ းေပးေသာအကၡရာႏွင့္ဂဏန္းမ်ားမွာ (က၊ ခ၊ ဂ၊ င) (၈- ၆- ၀ -၄)

တနဂၤေႏြသားသမီးမ်ား တစ္ႏွစ္ပတ္လံုး ကံေကာင္းေစရန္

ေျမာက္ဘက္အရပ္ ေနရာ၌ သဲပံုေစတီ တည္ထားကိုးကြယ္ျခင္း၊ ပုန္းညက္ပင္ စိုက္ပ်ိဳးျခင္း ႏွင့္ အေနာက္ေျမာက္အရပ္သို႔

လမ္းေဘး ဝဲယာတြင္ ေဇာင္းယားပင္ စိုက္ပ်ိဳးျခင္းတို႔ကို ျပဳလုပ္၍ သင့္ထံ ကံေကာင္းျခင္းမ်ား လာလိမ့္မည္။

ယၾတာ မိမိေမြးေန႔တြင္ ကန္ဇြန္းၫြန္႔၊ ခေရၫြန္႔၊ ၾကာပြင့္၊ ဂႏၶမာပန္း(၅)ပြင့္ ဘုရားပူေဇာ္ေပးပါ။ မာလာကာသီး၊ ပန္းသီး၊

ေပါင္မုန္႔ တို႔ကို ဘုရားတြင္ ဆြမ္းေတာ္ကပ္လွဴ ေပးပါ။

ေဗဒင္ႏွင့္လကၡဏာ ဆရာမင္းသူရ 09456471357(Viber)
တနင်္ဂနွေသားသမီးတို့သည် ယခုနှစ်တွင် တကယ်လုပ်မည်ဆိုလျှင် လူအများက မိမိအထင်ကြီး၊ လေးစား သိပ်အံ့သြသွားကြလိမ့်မည်။

ထူးခြားခြား ထင်ပေါ် လာမည်။ အရာရာကို ဦးဆောင်ဦးရွက် လုပ်ကိုင်ရတတ်သည်။

အလုပ်နှင့်ပတ်သက်၍ နေရာဌာနေပြောင်းရွှေ့ခြင်း၊ဘွဲ့ထူး၊ ဂုဏ်ထူး၊ ချီးမြှင့် မြောက်စားမှုများရရှိမည်။

အိမ်ထောင်ရှင်များအနေ့နဲ့ အတူတကွ လက်တွဲလုပ်ကိုင်နိုင်မည့် စီးပွားရေးလုပ်ငန်းများကို ဦးစာပေး၍ လုပ်ဆောင်ပါ။

စီးပွားရေးကဏ္ဍ

စက်သုံးဆီရောင်းဝယ်ခြင်း၊ စက်သွယ်ရေးပစ္စည်းများ၊အစုရှယ်ယာလုပ်ငန်းများနှင့် ကျောက်မျက်ရတနာ တူးဖော်ရောင်းဝယ်ခြင်းများ

ကောင်းမည်။ ကုမ္ပဏီထူထောင်ခြင်း၊ ဘဏ်လုပ်ငန်း၊ အိမ်မြေ၊ တိုက်ခန်းရောင်းဝယ်ခြင်း၊ ငှါးရန်ခြင်း၊ အလှပြင်ဆိုင်၊

ဖက်ရှင်ဒီဇိုင်နာ တီထွင်ခြင်း နှင့် ဒီဇိုင်နာဆိုင်ဖွင့်ခြင်းများ အကျိူးပေးပါလိမ့်မည်။

အထူးသဖြင့် စီးပွားရေး အလုပ်အကိုင်များတွင် ငွေးကြေးရင်းနှီးမတည်မှုနှင့် ပြုပြင်ပြောင်းလဲမှု တို့ကို စွန့်စွန့်စားစားလုပ်ကိုင်ခြင်းဖြင့်

လာဘ်လဘပေါများ လာတတ်ပါသည်။ အင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမီးများနှင့် မည်သည့်ကိစ္စဆောင်ရွက်ရာတွင်

အောင်မြင်မှုရရှိမည်နှစ်ဖြစ်သည်။ မိမိလိုက်စား သင်ကြာနေသော ပညာရပ် မိမိဘဝကို မြှင့်တင်းပေးပါလိမ့်မည်။

မိတ်ကောင်း၊ဆွေကောင်းများနှင့်တွေ့ဆုံပြိး လုပ်ငန်းခွင်များ အောင်မြင်မည်။နိုင်ငံရပ်ခြားသွားလာခြင်း၊ရပ်ဝေးမိတ်ဆွေများနှင့်

အစုရှယ်ယာဝင်လုပ်ငန်းများလုပ်ခြင်း၊အလုပ်အသစ်များ စတင်ထူထောင်ခြင်းများအကျိုးပေးမည်။ သို့သော် ရံဖန်ရံခါ အခက်ခဲ

အကျပ်အတည်းများဖြင့် ရင်ဆိုင်ရတတ်သော်လည်း တုန်လှုပ်မှုမရှိဘဲ ရဲဝံ့ရင်ဆိုင်ကျော်လွှားရန် လိုအပ်ပါလိမ့်မည်။

မိမိလုပ်ငန်းဆောင်တာများဆောင်ရွက်ရာတွင် အင်္ဂါ၊ ကြာသပတေး၊ သောကြာသားသမီးများနှင့်* ပူပေါင်းဆောင်ရွက်လျှင်

အကျိုးမြတ်ရတတ်သည်။ လုပ်ငန်းအောင်မြင်ခြင်း၊နာမည်သတင်း ဂုဏ်သတင်းကျော်ဇောပြိး ငွေအစ့ုအလိုက် ချမ်းသုခရတတ်သည်။

စနေ့သားသမီးများ အထူးသတိထားပါ။ ဒုက္ခပေးတတ်သည်။ မိမိ မိတ်ဆွေများထဲမှ လူမျိုးခြား (သို့)

စနေသားသမီး တစ်ဦးနဲ့ အမှုအခင်း ကိစ္စ ပေါ်တတ်ပါသည်။

ထိုအပြင် သဘာဝဘေးအန္တရာယ်၊ မမျော်လင်သော ယာဉ်အတိုက်အခိုက် ဥပါဒ်အန္တရာယ်ဖြင့်လည်း ကြုံတွေ့ရတတ်ပါသည်။

တစ်ပါးသူ မိမိအသက်အန္တရယ် ထိပါးတတ်သည်။ အထူးသဖြင့် ပတ်ဝန်းကျင်ကိုအမြဲသတိထားပါ။

အချစ်ရေးအိမ်ထောင်ရေးကဏ္ဍ

လူပျို၊အပျိုရွယ်၊အပျိုကြီးများ အိမ်ထောင်မင်္ဂလာပြုရတတ်သလို့ ဤနှစ်ထဲတွင် လူပျို၊ အပျို အပေါင်းတို့ အချစ်ရေးကိစ္စရပ်များကို

ဦးစာမပေးသင့်နှစ်ပါ။ အသက်အရွယ်ပိုင်းကွာခြားသူများနှင့် ဖူးစာကြုံတတ်သည်။ အိမ်ထောင်ရေးအချစ်ရေးနှင့် နီးစပ်ရန်

လွယ်ကူသလောက် ခက်ခဲမူများ ကြုံမည်။အဖြတ်အတားဆီးများ အတိုက်အခိုက် မနာလိုသူများ ကြုံတွေ့မည်။

အိမ်ထောင်ရေး မသင့်မတင့် ဖြစ်တတ်သည်။

ပညာရေးကဏ္ဍ

ပညာရေးတွင် ဤနှစ် အထူးကံကောင်းသောနှစ်ဖြစ်၍ လူငယ်၊ လူကြီး မရွေး ကြိုးစာအားထုတ်ပါ။

နှစ်ကျများ ဤနှစ် စာမေးပွဲ အောင်မြင်မှု ရတတ်သည်။ မိမိရည်မှန်းချက် အောင်မြင်မှုများ ဆွတ်ခူးနိုင်မည်။

ပညာရေးတွင် ဝီရိယ၏အကျိူးဖြင့် ထူးချွန်အောင်မြင်မည်။ စက်မှုကိရိယာ နှင့် ဖုန်းနှင့်ဆက်စပ် ဆက်သွယ်ရေးပျက်စီးများ ပြုပြင်ခြင်း ပညာရပ်များ သင်ယူခြင်းကောင်း၏။

ပြည်ပရပ်ခြား အလုပ်အကိုင်

“အင်္ဂါ၊ ကြာသပတေး၊ သောကြာ”*စင်ကာပူ၊ မလေးရှား၊ ဘန်ကောက်၊ ဗီယန်နမ်၊ ဟောင်ကောင်၊ သိရီလင်္ကာ အစစ ထိုနေနံ နိုင်ငံ

အခွင့်အလမ်းပွင့်လန်း၍ ပညာရေး ဘာသာရပ်စာမေးဖြေ အောင်မြင်ခြင်းနှင့် ပြည်ပနိုင်ငံ နေရာကောင်ဌာနေရရှိတတ်သည်။

အလုပ်အကိုင် ၊အရောင်းအဝယ်၊ပညာသင်ဆေးပညာလုပ်ငန်များ အောမြင်မူရပြိး အကျိုးဖြစ်ထွန်းမည်။

သို့သော် စာမေးပွဲဖြေဆိုရာတွင် အနှောက်အယှက်များဝင်လာတတ်သည်။ (14-6-2019)မှစ၍ လုပ်ငန်းခွင်တွင်

အလောတကြီးမလုပ်သင့်ပါ။ ဆွေမျိူ.းမိတ်ဆွေများ လုပ်ငန်းတွင် အနှောက်အယှက်ပေးတတ်သည်။

တနင်္ဂနွေနေ့မွေးဖွားသူများ ၁

အသက် ၃၄၊ ၃၆၊ ၃၉၊ ၄၃၊ ၄၆၊ ၄၉၊ ၆၉နှစ်ရှိသူတွေ့ကတော့

ငွေကြေးကိစ္စ ၊ စာချုပ်စာတမ်းများ အာမခံလက်မှတ်ရေးထိုးခြင်းများ သတိထားခြင်းနှင့် *လုံးဝ*အထူးရှောင်ကြဉ်ရပါလိမ့်မည်။

ရွေငွေကျောက်မျက်ရတနာ၊ပျောက်ဆုံးခြင်း၊အလိမ့်ခံရခြင်း၊ဖောက်ထွင်းများကြုံတွေ့ရတတ်သည်။ ငွေကြေးကိစ္စများ အလွယ်တကူ

ကတိပေးခြင်း၊လူမူရေပြသာနာများ ရုတ်တရက်ရင်ဆိုင်ရတတ်သည်။

(2019/7လ-10လ) များတွင် မထင်မှတ်ထားသော နေရာဒေသ၊ ပြည်ပရပ်ခြားခရီးတို ခရီးရှည် များသွားရကိန်းရှိသည်။

မိမိလက်အောက်ငယ်သားနှင့် တပည်များအား ထောက်ပံ့ပေးရခြင်း၊ လူမှုရေးနှင့်ဘာသာရေးဆိုင်ရာလုပ်ငန်းများတွင် ကိုင်တိုင်

ဦးစီးရခြင်း၊ အများ သဘောတူညီမှုကြောင့် ကုသိုလ်ရေးလုပ်ငန်းများ လုပ်ကိုင်ရမည်။

ဒါပေမဲ့ ဤလတွေ့မှာ ယေဘုယျအားဖြင့် အိမ်ထောင်ရေးပြဿနာ၊ အမွေအနှစ်ကိစ္စတွေ့အတွက် စကားများရတတ်သည်။

ညီကိုမောင်နှမခြင်း စကားများမည်။ စက်ပစ္စည်းနှင့် ထိခိုက်ဒဏ်ရာ ရတတ်သည်။ မြေလွတ်၊ မြေရိုင်း၊ လယ်ယာ ဝယ်ထားသူးများ

ပျက်စီးရုပ်သိမ်းခြင်းကိစ္စများဖြစ်ပေါ်လာခြင်းများက ပြန်ပြေလည်းပြိး မိမိဥစ္စာ မိမိပြန်ရခြင်းနှင့် အစားထိုးပေးကမ်းခြင်း ကြုံတွေ့ ရပါလိမ့်မည်။

ငွေကံတော့ကောင်းပါလိမ့်မည်။

ယခုနှစ် 2019 ခု*1လ-8လ* များတွင် အဖွဲ့အစည်းများအတွင်း ပြဿနာအငြင်းပွားစရာများ ဖြစ်လာတတ်သည်။

အဖွဲ့အစည်းများအတွင်း ပြဿနာအငြင်းပွားစရာများ ဖြစ်လာတတ်၍ နယ်မြေ ပြည်တွင်း၊ ပြည်ပရှိသူများအနေနဲ့ လူမျိုးဘာသာရပ်

ကိစ္စရပ်များ၊ စဉ်းမျှည်း စည်းကမ်း ဥပဒေပြောင်းလဲခြင်းနှင့် ဆူပူမှုးများ အန္တရာယ်ကြုံခြင်း၊ လုပ်ကြံခံရခြင်း၊

အဖမ်းအစည်းများခံရခြင်း ဖြစ်လာတတ်သည်။

စက်ယန္တရားနှင့် အန္တရာယ်ပေါ်ပေါက်လာနိုင်၍ အထူးသတိထားပြိး ဂရုတစိုက်ကိုင်တွယ်ရလိမ့်မည်။ ညီအကိုမောင်နှမ ဆွေမျိူးများ

နှောက်ယှက်မှုကြောင့် မိမိလုပ်ငန်းခွင့် အကျိူးမြတ်များပျက်စီးတတ်သလို့ မိန်းကလေးတစ်ဦးကြောင့် မိမိလုပ်ငန်းလျိုဝှက်

ပရိုဂျက်များ ခိုးခံရခြင်း စီးပွားအခြေအနေယိုင်းသွားရတတ်သည်။

အသက် ၅၊ ၆၊ ၁၁၊ ၁၃၊ ၁၅၊ ၁၉၊ ၃၁၊ ၃၅၊ ၃၆၊ ၃၉၊ ၅၁၊ ၅၃၊ ၅၆၊ ၅၉နှစ် ပညာရေး၊ အချစ်ရေး၊ အိမ်ထောင်းရေးနှင့် စီးပွားရေး

မိမိလုပ်ငန်းမျာအောင်မြင်ခြင်းနှင့် ပြည်ပအလုပ်အကိုင်းများအကျိုးဖြစ်၍ ပြည်တွင်းပြည်ပနိုင်ငံရပ်ခြားဘာသာရပ်များ

ဖြေဆိုမှု အောင်မြင်ခြင်း၊ ပြည်တွင်းပြည်ပခရီများ သွားရပါလိမ့်မည်။

အသက် ၂၂နှစ် မှာ နှစ် အသက်၃၀အတွင်း နှင့် အသက်၄၀နှစ်မှာ ၅ဝအတွင်းရှိ စီပွားရေး၊ အချစ်ရေး၊ အိမ်ထောင်းရေး၊ ပညာရေး၊

ကျန်းမာရေး ညံပါလိမ့်မည်။ အသက် ၂၂နှစ် မှာ နှစ် အသက်၃၀အတွင်း လူငယ်လူရွယ်များ ချစ်သူပေါ် သံသယာစိတ်ဝင်လာတတ်လို့

နှစ်ဖက်မိဘများ သဘောထား ကွဲလွဲမှုကြောင်း မိမိအချစ်ရေးများ ကျန်ကြာနှောင်းနည်းခြင်းနှင့် ခိုးပြေးရကိန်များ ကြုံတွေ့ရ တတ်သည်။

ပျိူ ရွယ်သူများ တဖက်သတ်အချေစ်ရေးမျိူ းများနှင့် ကြုံတွေ့ရတတ်သည်။ အိမ်ထောင်းရေမှာ မိသာစုပြသနာ ၊

ယောက္မနှင့်အဆင်မပြေမူ၊ မလိုလာခြင်း၊အမျက်လိုမည့်။ အိမ်ထောင်ရှင်များ ပတ်ဝန်းကျင်ကြောင့် စကားများရတတ်သည်။

ဘေးစကား အတင်အပျင်း၊ အသွားအလာ၊ ဆင်ခြင်မှာသာ မိမိအိမ်ထောင် သာယာစိုပြည့်လိမ့်မည်။

ကျန်းမာရေးကဏ္ဍ

ကျန်းမာရေးနှင့် ပတ်သတ်၍ မမျော်လင်ဘဲ ရောဂါဝေဒနာများ ဝင်ရောက်လာတတ်သလို့ ဤနှစ်တွင် ရောဂါဘယအမျိုုးမျိုး နှိပ်စပ်ခြင်း

ခံရတတ်သည်။ ကျန်းမာရေးတွင် အဖျားအနာရောဂါ၊ သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ အဆစ်အမြစ်ကိုက်ခဲခင်းရောဂါများ

ခံစား ရတတ်သည်။ 2019ခု 1လပိုင်း၊ 3လပိုင်း၊ 5လပိုင်းတွေ့မှာ ခရီးသွားလာခြင်းမကောင်းပါ။

ဆောင်ရွက်စရာကိစ္စ

ယခုနှစ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်းကိစ္စအဆင်ပြေရန်အတွက် *သမ္ဗုဒ္ဓေဂါထာတော်* (၃)ခေါက် ရွတ်ဆိုပြိး ခရီးသွားခြင်း

*ကံကော်ညွန့်*ဆောင်ခြင်းနှင့် *အနီရောင်၊ နို့နှစ်ရောင်၊ အစိမ်းရောင် *အဝတ်အထည်များ ဝတ်ဆင်ခြင်းနှင့် ထိုအရောင်များကို

အဆောင်အဖြစ် အသုံးဆောင်အဖြစ် အသုံးပြုနိုင်သည်။

နီရွှေရောင်၊ ပတ္တမြား အဆင်းရှိသော ကျောက်မျက်ရတနာ ဝတ်ဆင်ပါ။

အကျိူ းပေးသောအက္ခရာနှင့်ဂဏန်းများမှာ (က၊ ခ၊ ဂ၊ င) (၈- ၆- ၀ -၄)

တနင်္ဂနွေသားသမီးများ တစ်နှစ်ပတ်လုံး ကံကောင်းစေရန်

မြောက်ဘက်အရပ် နေရာ၌ သဲပုံစေတီ တည်ထားကိုးကွယ်ခြင်း၊ ပုန်းညက်ပင် စိုက်ပျိုးခြင်း နှင့် အနောက်မြောက်အရပ်သို့

လမ်းဘေး ဝဲယာတွင် ဇောင်းယားပင် စိုက်ပျိုးခြင်းတို့ကို ပြုလုပ်၍ သင့်ထံ ကံကောင်းခြင်းများ လာလိမ့်မည်။

ယတြာ မိမိမွေးနေ့တွင် ကန်ဇွန်းညွန့်၊ ခရေညွန့်၊ ကြာပွင့်၊ ဂန္ဓမာပန်း(၅)ပွင့် ဘုရားပူဇော်ပေးပါ။ မာလာကာသီး၊ ပန်းသီး၊

ပေါင်မုန့် တို့ကို ဘုရားတွင် ဆွမ်းတော်ကပ်လှူ ပေးပါ။

ဗေဒင်နှင့်လက္ခဏာ ဆရာမင်းသူရ 09456471357(Viber)

ေျမစာပင္ခေလး ၃ ေယာက္


အေဖလုပ္သူက ေန႔တုိင္မူးရူးေနၿပီး မိန္းမလုပ္သူကုိရုိက္ႏွက္ေနေတာ့ မခံႏုိင္တဲ့အဆုံး မုိးေတြသဲႀကီးမဲႀကီး ရြာေနတဲ့ ညတစ္ညမွာခေလးေတြအေမ ထြက္ေျပးသြားေတာ့တယ္။ ဘယ္ဆီေျပးမွန္းမသိ ခုထိသတင္းအစေတာင္မရဘူး ခေလးေတြနဲ႔သူတုိ႔အေဖ ငမူးပဲက်န္ခဲ့တယ္။
ငမူးကေတာ့အိမ္ေလးကုိလည္းျပန္လာခ်င္လ ာတယ္ မလာခ်င္လည္းမလာဘူးတဲ့ ခေလးေတြခမ်ာသူတုိ႔ဖာသာသူတုိ႔ရွာေဖြ ေတာတုိး အရြက္ေတြခူး ဆန္ေလးနဲ႔ခ်က္စ ားၾကရရွာတယ္။
ပါတ္ဝန္းက်င္ကလည္း လက္လုပ္လက္စားေတြခ်ည္းဆုိေတာ့ အခ်ိန္ျပည့္ၾကည့္မေနႏုိင္ရွာဘူးေလ။

က်ေနာ္ စေတြ႕ေတာ့သေဘာၤသီးတစ္လုံး အစိမ္းကုိ အႀကီးေလးက ဓားကုိင္ၿပီးခြဲေနတာ အငယ္ေလးေတြေကြ်းမလုိ႔ထင္ပါရဲ႕ အိမ္ေလးကလည္းျမင္တဲ့အတုိင္းပါပဲ။
အေဖ အေမ မရွိေတာ့တဲ့ အိမ္ကေလးဟာ ေႏြးေထြးမႈ့ရွိပါအုန္းမလားဗ်ာ သူတုိ႔အေၾကာင္းေလးေတြသိရေအာင္လုိ႔ မ်က္ႏွာခ်င္းဆုိင္တဲအိမ္ကေလးကုိ ​ေမးၾကည့္ရာမွ အေပၚကအေၾကာင္းေတြကုိ အိမ္ရွင္ဦးႀကီးေျပာျပလုိ႔သိခဲ့ရပါတယ္။

က်ေနာ္တုိ႔မွာပါသမၽွ ဆီထမင္း ေကာ္ဖီမစ္ ေပါင္မုန္႔ ေျပာင္းဖူး အခ်ိဳရည္ စတာေတြကုိ ခေလး ၃ေယာက္ကုိေခၚေပးခဲ့ပါတယ္။ သူတုိ႔ပုံေလးေတြၾကည့္ၿပီးစိတ္လည္း ထိခုိက္မိပါတယ္။ ​
ေက်ာင္းေနအရြယ္ေလးေတြ ေက်ာင္းလည္းမတက္၇ရွာၾကဘူး ။ေကာ္ဖီေဖ်ာ္ၿပီးသားကုိဇလုံႀကီးနဲ႔ ထည့္ေတာ့ ဇလုံကအေပါက္ႀကီးပဲ ရွိတယ္တဲ့ ေကာ္ဖီေတြက တစ္ေတာက္ေတာက္က်လုိ..့..အဲ့ဒါႏဲ့ထည့္ၿပီးခ်က္ျခင္းေသာက္ခုိင္းရတယ္။

မင္းတုိ႔ဝဋ္ေႂကြးေတြေပါ့ခေလးငယ္တုိ႔ေ၇ ဒီဘဝ ဒီမၽွနဲ႔ ဒီလုိမိဘဆုိးေတြကုိၾကံဳေတြ႕ၾက ပါေစကြာ။ ေနာက္ႏွစ္ျပန္ေရာက္တဲ့အခါ မင္းတုိ႔ဆီလာခဲ့ပါအုန္းမယ္။ အမုိးအကာမလုံတဲ့ တဲေလးထဲ မေႏြးေထြးတဲ့ေအးစက္စက္ေဆာင္းညေတြမွာ မင္းတုိ႔မိဘေတြကုိ အမွတ္ရေနအုန္းမလား ခေလးတုိ႔ရယ္…… က်ိဳက္ထုိ ကဒတ္​​ေခ်ာင္​းတံတားအနီးမွာ အဲ့ခေလး ၃ေယာက္တဲေလးရွိပါတယ္။ ၾကံဳႀကိဳက္လုိ႔ရွိရင္ မိတ္ေဆြတုိ႔ပုိေနတဲ့မုန္႔ပဲ သြားရည္စာေလးသြားေပးလုိ႔ရပါတယ္ ။
ခေလးေတြဟာ ခုထိ လုံးဝ ေလၽွာက္မေတာင္းစားပါ။ သူတုိ႔ဖာသာ ေတာတုိးရွာၾကံ စားေသာက္ေနၾကျခင္းျဖစ္ပါတယ္။

Phoe Zaw






Unicode

အဖေလုပ်သူက နေ့တိုင်မူးရူးနေပြီး မိန်းမလုပ်သူကိုရိုက်နှက်နေတော့ မခံနိုင်တဲ့အဆုံး မိုးတွေသဲကြီးမဲကြီး ရွာနေတဲ့ ညတစ်ညမှာခလေးတွေအမေ ထွက်ပြေးသွားတော့တယ်။ ဘယ်ဆီပြေးမှန်းမသိ ခုထိသတင်းအစတောင်မရဘူး ခလေးတွေနဲ့သူတို့အဖေ ငမူးပဲကျန်ခဲ့တယ်။



ငမူးကတော့အိမ်လေးကိုလည်းပြန်လာချင်လ ာတယ် မလာချင်လည်းမလာဘူးတဲ့ ခလေးတွေခမျာသူတို့ဖာသာသူတို့ရှာဖွေ တောတိုး အရွက်တွေခူး ဆန်လေးနဲ့ချက်စ ားကြရရှာတယ်။

ပါတ်ဝန်းကျင်ကလည်း လက်လုပ်လက်စားတွေချည်းဆိုတော့ အချိန်ပြည့်ကြည့်မနေနိုင်ရှာဘူးလေ။



ကျနော် စတွေ့တော့သဘောၤသီးတစ်လုံး အစိမ်းကို အကြီးလေးက ဓားကိုင်ပြီးခွဲနေတာ အငယ်လေးတွေကျွေးမလို့ထင်ပါရဲ့ အိမ်လေးကလည်းမြင်တဲ့အတိုင်းပါပဲ။

အဖေ အမေ မရှိတော့တဲ့ အိမ်ကလေးဟာ နွေးထွေးမှု့ရှိပါအုန်းမလားဗျာ သူတို့အကြောင်းလေးတွေသိရအောင်လို့ မျက်နှာချင်းဆိုင်တဲအိမ်ကလေးကို မေးကြည့်ရာမှ အပေါ်ကအကြောင်းတွေကို အိမ်ရှင်ဦးကြီးပြောပြလို့သိခဲ့ရပါတယ်။



ကျနော်တို့မှာပါသမျှ ဆီထမင်း ကော်ဖီမစ် ပေါင်မုန့် ပြောင်းဖူး အချိုရည် စတာတွေကို ခလေး ၃ယောက်ကိုခေါ်ပေးခဲ့ပါတယ်။ သူတို့ပုံလေးတွေကြည့်ပြီးစိတ်လည်း ထိခိုက်မိပါတယ်။

ကျောင်းနေအရွယ်လေးတွေ ကျောင်းလည်းမတက်၇ရှာကြဘူး ။ကော်ဖီဖျော်ပြီးသားကိုဇလုံကြီးနဲ့ ထည့်တော့ ဇလုံကအပေါက်ကြီးပဲ ရှိတယ်တဲ့ ကော်ဖီတွေက တစ်တောက်တောက်ကျလို..့..အဲ့ဒါနဲ့ထည့်ပြီးချက်ခြင်းသောက်ခိုင်းရတယ်။



မင်းတို့ဝဋ်ကြွေးတွေပေါ့ခလေးငယ်တို့ရေ ဒီဘဝ ဒီမျှနဲ့ ဒီလိုမိဘဆိုးတွေကိုကြုံတွေ့ကြ ပါစေကွာ။ နောက်နှစ်ပြန်ရောက်တဲ့အခါ မင်းတို့ဆီလာခဲ့ပါအုန်းမယ်။ အမိုးအကာမလုံတဲ့ တဲလေးထဲ မနွေးထွေးတဲ့အေးစက်စက်ဆောင်းညတွေမှာ မင်းတို့မိဘတွေကို အမှတ်ရနေအုန်းမလား ခလေးတို့ရယ်…… ကျိုက်ထို ကဒတ်ချောင်းတံတားအနီးမှာ အဲ့ခလေး ၃ယောက်တဲလေးရှိပါတယ်။ ကြုံကြိုက်လို့ရှိရင် မိတ်ဆွေတို့ပိုနေတဲ့မုန့်ပဲ သွားရည်စာလေးသွားပေးလို့ရပါတယ် ။

ခလေးတွေဟာ ခုထိ လုံးဝ လျှောက်မတောင်းစားပါ။ သူတို့ဖာသာ တောတိုးရှာကြံ စားသောက်နေကြခြင်းဖြစ်ပါတယ်။

သင့္ စိတ္ထဲကို အမိႈက္လာသြန္တာ ခြင့္မျပဳပါနဲ႔

သိပ္ဖတ္လို႔ ေကာင္းတယ္။ အခ်ိန္ တစ္မိနစ္ပဲေပးပါ။ စိတ္ထဲ အမိႈက္လာသြန္မခံၾကရပါေစနဲ႔။ တစ္ေန့မွာ လူတစ္ေယာက္ဟာ အထုပ္ႀကီး တခုကို ပုခံုးမွာထမ္းျပီး အိမ္ထဲဝင္လာတယ္။

ျပီးေတာ့ ဘာမေျပာ ညာမေျပာနဲ့ အထုပ္ျကီးထဲက ပစၥည္းေတြကို ေည့္ခန္ကၾကမ္းျပင္ေပၚ ကို သြန္ခ်လိုက္တယ္။ ထြက္က်လာတာေတြက ဘာေတြလဲဆိုေတာ့ အမိွုက္သ႐ိုက္ေတြပါ။

ဒီေတာ့ သင္ဘာလုပ္မလဲ။”ေဟ့ လူ ဒါဘာ လုပ္ တာလဲ။ အဲဒီအမွိုက္ေတြကို ခ်က္ျခင္းျပန္ေကာက္လိုက္။ မေကာက္ဘူးဆိုရင္ေတာ့ မင္းကိုငါ သတ္ပစ္မယ္”ဆိုၿပီး ဓါးျဖစ္ျဖစ္ ေသ နတ္ျဖစ္ျဖစ္ သြားယူပါလိမ့္မယ္။

အဲဒီလူကလဲ ခ်က္ျခင္းပဲ အမွိုက္ေတြကို အိပ္ထဲျပန္ထဲ့တယ္။ အမွိုက္တစ မက်န္ေအာင္ ေသခ်ာ ေကာက္ ၿပီး ထဲ့တယ္။ ဒါတင္ မကေသးပဲ သူ႔ေဘာင္းဘီအိပ္ထဲက အဝတ္စတခုကို ဆြဲထုတ္ၿပီး ၾကမ္းကို ေသခ်ာေျပာင္ေအာင္ ျပန္သုတ္ ေပးလိုက္ တယ္။

ၿပီးေတာ့ ဘာစကားမွ မေျပာပဲ အိမ္ျပင္ကို သူ႔အမွိုက္ထုပ္ႀကီးတမ္းၿပီး ျပန္ထြက္သြားတယ္။ ၾကမ္းေပၚမွာအမွိုက္သ႐ိုက္ အစ အန ေလး တစက္ေတာင္မက်န္ခဲ့ဘူး။ ၾကမ္းဟာ အရင္အတိုင္း ျပန္ျဖစ္သြားေပမဲ့ သင့္ရဲ႕စိတ္အေျခအေနကေတာ့ အရင္လိုမဟုတ္ေ ေတာ့ပါ ဘူး။

ဒီအေၾကာင္းကို တနူံ့နံူ႔နဲ႔ ျပန္စဥ္းစားၿပီး ေဒါသထြက္ေနလိမ့္မယ္။ေနာက္တစ္ေန႔မွာ သင့္ရဲ႕သူငယ္ခ်င္းေတြကို အ႐ူးတစ္ ေယာက္ ဟာ သင့္အိမ္ထဲ ဝင္လာၿပီး အမွိုက္ေတြ သြန္ခ်သြားတယ္ဆိုတာ အတန္ၾကာေအာင္ ေျပာျပေနပါလိမ့္မယ္။

ဒီအျဖစ္မ်ိဳးၾကံဳဖူး သလားလို႔ ေမးရင္ အားလံုးကမၾကံဳဖူးပါဘူးလို႔ ေျဖၾကပါလိမ့္မယ္။ မွန္ပါတယ္။ သင့္အိမ္ထဲ အမွိုက္လာပံုသြားတာ မၾကံဳဖူးၾကေပမဲ့ သင့္စိတ္ထဲကို ေန႔စဥ္အမွိုက္လာသြန္ေနတာေတြကိုေတာ့ သင္သတိထားမိမွာ မဟုတ္ပါဘူး။

ဘယ္လို အမွိုက္မိ်ဳးေတြလဲ။ သင့္ကို သူမ်ားအေၾကာင္း အတင္းအဖ်င္းေတြ၊ အေရမရအဖတ္မရ အက်ိဳူမဲ့တဲ့စကားေတြ လာေျပာၾကလိ္မ့္မယ္။ သင္လဲ အက်ိဳးမဲ့တဲ့စာေတြဖတ္ မယ္။ ညစ္ညမ္းၿပီး မၾကည့္သင့္မၾကည့္အပ္တာေတြၾကည့္မယ္။

ဒါေတြဟာ သင့္စိတ္ထဲမွာ ေန႔စဥ္လာပံုေနတဲ့အမွိုက္ေတြပါ။ ဒါေပမဲ့ စိတ္ထဲ မွာ အမွိုက္လာ သြန္တာဟာ အိမ္ထဲမွာ အမွိုက္လာသြန္တာနဲ႔ မတူပါဘူး။ ပိုဆိုးပါတယ္။

အိမ္ထဲလာသြန္လိုက္တဲ့ အမႈိက္ကို ေသခ်ာျပန္ေကာက္ထဲ့ၿပီး သန္႔ရွင္းေရးလုပ္ေပးလိုက္ရင္ ၾကမ္းဟာ ေျပာင္သြားေပမဲ့ သင့္စိတ္ထဲက အမွိုက္ကေတာ့ ျပန္ရွင္းဖို႔မလြယ္ေတာ့ဘူး။

ဘာေၾကာင့္လဲ။ သင့္ကို လူတေယာက္က တျခားလူတေယာက္ရဲ႕မေကာင္းေၾကာင္းေတြ လာေျပာတယ္။ သင္လဲ နားေထာင္လိုက္တယ္။ အဲဒီလူလဲ ေျပာၿပီး ျပန္သြားတယ္။

ဒါေပမဲ့ သူထားခဲ့တဲ့အမွိုက္ဟာ သင့္ေခါင္းထဲမွာက်န္ခဲ့ၿပီ။ဘယ္လိုက်န္ခဲ့သလဲ။ အဲဒီလူျပန္သြားေပမဲ့ သင့္စိတ္ ထဲမွာဆက္ေတြးေနမိလိမ့္မယ္။ သူေျပာတာ ဟုတ္မွာပဲ။ သူေျပာလဲ ေျပာစရာပဲ။

အဲဒီလူက သိတ္မိုက္တာကိုး။.သူ႔မိန္းမနဲ႔ ကေလး ေတြေတာ့ ဒုကၡေရာက္ေတာ့မွာပဲစသျဖင့္ သင့္စိတ္က ဆင့္ကဲဆင့္ကဲဆက္ေတြးေနေတာ့မယ္။ ဒါက တႀကိမ္ပဲ ရွိေသးတယ္။

ေန႔စဥ္ ဒီလိုသာ ၾကံဳေနရင္ သင့္စိတ္မွာ အမွိုက္ေတြ ေတာင္လိုပံုေနေလာက္ၿပီ။ဒီေတာ့ စိတ္ထဲမွာ အမွိုက္ပံုႀကီးနဲ႔ျပည့္ေနတဲ့ လူတေယာက္ ရဲ႕စိတ္ဟာ ၾကည္လင္ပါအံုးမလား။

အၾကံသစ္ဉာဏ္သစ္ေတြ ထြက္ႏိုင္ပါ့အံုးမလား။ အလုပ္ထဲမွာေရာ စိတ္ၾကည္ၾကည္လင္လင္နဲ႔ အလုပ္လုပ္လို႔ရပါ့မလား။ သင့္မိသားစုနဲ႔ေကာ ေပ်ာ္ေပ်ာ္ရႊင္ေနႏိုင္ပါ့မလား။

ေက်ာင္းက စာေတြကိုေကာ အာရံုစူးစိုက္ သင္ယူႏိုင္ပါ့မ လား။ေသခ်ာစဥ္းစားၾကည့္ပါ။ဒါေတြမျဖစ္ခ်င္ဘူးဆိုရင္ သင့္စိတ္ ထဲ ကို အမွိုက္လာသြန္တာေတြကို လက္မခံပါနဲ႔။

အမွိုက္သြန္မဲ့လူေတြ ကို ေဝးေဝးေရွာင္ပါ။အခိ်န္ျပည့္ ေဖ့ဘုတ္ကို ပြတ္ၿပီး လူေတြစိတ္ကူးေပၚသလို ေရးခ်င္ရာေတြ ေရးထားတာကို ဖတ္ေနတာလဲ မိမိစိတ္ထဲ ကို အမွိုက္ေတြထဲ့ေနတယ္ဆိုတာကိုလဲ သေဘာေပါက္ေစခ်င္ပါတယ္။

(ဗဟုသုတရေအာင္၊ သတင္းသိရေအာင္ ဖတ္တာကိုမဆိုလိုပါ)။ အဆိုးဆံုးက ကြန္မင့္မွာေရးထားတဲ့ ဆဲစာေတြကို ဖတ္ေနျခင္းပါပဲ။

ဗန္းေမာ္သိန္းေဖ

သိပ်ဖတ်လို့ ကောင်းတယ်။ အချိန် တစ်မိနစ်ပဲပေးပါ။ စိတ်ထဲ အမှိုက်လာသွန်မခံကြရပါစေနဲ့။ တစ်နေ့မှာ လူတစ်ယောက်ဟာ အထုပ်ကြီး တခုကို ပုခုံးမှာထမ်းပြီး အိမ်ထဲဝင်လာတယ်။

ပြီးတော့ ဘာမပြော ညာမပြောနဲ့ အထုပ်ကြီးထဲက ပစ္စည်းတွေကို ညေ့်ခန်ကကြမ်းပြင်ပေါ် ကို သွန်ချလိုက်တယ်။ ထွက်ကျလာတာတွေက ဘာတွေလဲဆိုတော့ အမှိုက်သရိုက်တွေပါ။

ဒီတော့ သင်ဘာလုပ်မလဲ။”ဟေ့ လူ ဒါဘာ လုပ် တာလဲ။ အဲဒီအမှိုက်တွေကို ချက်ခြင်းပြန်ကောက်လိုက်။ မကောက်ဘူးဆိုရင်တော့ မင်းကိုငါ သတ်ပစ်မယ်”ဆိုပြီး ဓါးဖြစ်ဖြစ် သေ နတ်ဖြစ်ဖြစ် သွားယူပါလိမ့်မယ်။

အဲဒီလူကလဲ ချက်ခြင်းပဲ အမှိုက်တွေကို အိပ်ထဲပြန်ထဲ့တယ်။ အမှိုက်တစ မကျန်အောင် သေချာ ကောက် ပြီး ထဲ့တယ်။ ဒါတင် မကသေးပဲ သူ့ဘောင်းဘီအိပ်ထဲက အဝတ်စတခုကို ဆွဲထုတ်ပြီး ကြမ်းကို သေချာပြောင်အောင် ပြန်သုတ် ပေးလိုက် တယ်။

ပြီးတော့ ဘာစကားမှ မပြောပဲ အိမ်ပြင်ကို သူ့အမှိုက်ထုပ်ကြီးတမ်းပြီး ပြန်ထွက်သွားတယ်။ ကြမ်းပေါ်မှာအမှိုက်သရိုက် အစ အန လေး တစက်တောင်မကျန်ခဲ့ဘူး။ ကြမ်းဟာ အရင်အတိုင်း ပြန်ဖြစ်သွားပေမဲ့ သင့်ရဲ့စိတ်အခြေအနေကတော့ အရင်လိုမဟုတ်ေ တော့ပါ ဘူး။

ဒီအကြောင်းကို တနူံ့နူံ့နဲ့ ပြန်စဉ်းစားပြီး ဒေါသထွက်နေလိမ့်မယ်။နောက်တစ်နေ့မှာ သင့်ရဲ့သူငယ်ချင်းတွေကို အရူးတစ် ယောက် ဟာ သင့်အိမ်ထဲ ဝင်လာပြီး အမှိုက်တွေ သွန်ချသွားတယ်ဆိုတာ အတန်ကြာအောင် ပြောပြနေပါလိမ့်မယ်။

ဒီအဖြစ်မျိုးကြုံဖူး သလားလို့ မေးရင် အားလုံးကမကြုံဖူးပါဘူးလို့ ဖြေကြပါလိမ့်မယ်။ မှန်ပါတယ်။ သင့်အိမ်ထဲ အမှိုက်လာပုံသွားတာ မကြုံဖူးကြပေမဲ့ သင့်စိတ်ထဲကို နေ့စဉ်အမှိုက်လာသွန်နေတာတွေကိုတော့ သင်သတိထားမိမှာ မဟုတ်ပါဘူး။

ဘယ်လို အမှိုက်မျိုးတွေလဲ။ သင့်ကို သူများအကြောင်း အတင်းအဖျင်းတွေ၊ အရေမရအဖတ်မရ အကျိုူမဲ့တဲ့စကားတွေ လာပြောကြလိမ့်မယ်။ သင်လဲ အကျိုးမဲ့တဲ့စာတွေဖတ် မယ်။ ညစ်ညမ်းပြီး မကြည့်သင့်မကြည့်အပ်တာတွေကြည့်မယ်။

ဒါတွေဟာ သင့်စိတ်ထဲမှာ နေ့စဉ်လာပုံနေတဲ့အမှိုက်တွေပါ။ ဒါပေမဲ့ စိတ်ထဲ မှာ အမှိုက်လာ သွန်တာဟာ အိမ်ထဲမှာ အမှိုက်လာသွန်တာနဲ့ မတူပါဘူး။ ပိုဆိုးပါတယ်။

အိမ်ထဲလာသွန်လိုက်တဲ့ အမှိုက်ကို သေချာပြန်ကောက်ထဲ့ပြီး သန့်ရှင်းရေးလုပ်ပေးလိုက်ရင် ကြမ်းဟာ ပြောင်သွားပေမဲ့ သင့်စိတ်ထဲက အမှိုက်ကတော့ ပြန်ရှင်းဖို့မလွယ်တော့ဘူး။

ဘာကြောင့်လဲ။ သင့်ကို လူတယောက်က တခြားလူတယောက်ရဲ့မကောင်းကြောင်းတွေ လာပြောတယ်။ သင်လဲ နားထောင်လိုက်တယ်။ အဲဒီလူလဲ ပြောပြီး ပြန်သွားတယ်။

ဒါပေမဲ့ သူထားခဲ့တဲ့အမှိုက်ဟာ သင့်ခေါင်းထဲမှာကျန်ခဲ့ပြီ။ဘယ်လိုကျန်ခဲ့သလဲ။ အဲဒီလူပြန်သွားပေမဲ့ သင့်စိတ် ထဲမှာဆက်တွေးနေမိလိမ့်မယ်။ သူပြောတာ ဟုတ်မှာပဲ။ သူပြောလဲ ပြောစရာပဲ။

အဲဒီလူက သိတ်မိုက်တာကိုး။.သူ့မိန်းမနဲ့ ကလေး တွေတော့ ဒုက္ခရောက်တော့မှာပဲစသဖြင့် သင့်စိတ်က ဆင့်ကဲဆင့်ကဲဆက်တွေးနေတော့မယ်။ ဒါက တကြိမ်ပဲ ရှိသေးတယ်။

နေ့စဉ် ဒီလိုသာ ကြုံနေရင် သင့်စိတ်မှာ အမှိုက်တွေ တောင်လိုပုံနေလောက်ပြီ။ဒီတော့ စိတ်ထဲမှာ အမှိုက်ပုံကြီးနဲ့ပြည့်နေတဲ့ လူတယောက် ရဲ့စိတ်ဟာ ကြည်လင်ပါအုံးမလား။

အကြံသစ်ဉာဏ်သစ်တွေ ထွက်နိုင်ပါ့အုံးမလား။ အလုပ်ထဲမှာရော စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်လို့ရပါ့မလား။ သင့်မိသားစုနဲ့ကော ပျော်ပျော်ရွှင်နေနိုင်ပါ့မလား။

ကျောင်းက စာတွေကိုကော အာရုံစူးစိုက် သင်ယူနိုင်ပါ့မ လား။သေချာစဉ်းစားကြည့်ပါ။ဒါတွေမဖြစ်ချင်ဘူးဆိုရင် သင့်စိတ် ထဲ ကို အမှိုက်လာသွန်တာတွေကို လက်မခံပါနဲ့။

အမှိုက်သွန်မဲ့လူတွေ ကို ဝေးဝေးရှောင်ပါ။အချိန်ပြည့် ဖေ့ဘုတ်ကို ပွတ်ပြီး လူတွေစိတ်ကူးပေါ်သလို ရေးချင်ရာတွေ ရေးထားတာကို ဖတ်နေတာလဲ မိမိစိတ်ထဲ ကို အမှိုက်တွေထဲ့နေတယ်ဆိုတာကိုလဲ သဘောပေါက်စေချင်ပါတယ်။

(ဗဟုသုတရအောင်၊ သတင်းသိရအောင် ဖတ်တာကိုမဆိုလိုပါ)။ အဆိုးဆုံးက ကွန်မင့်မှာရေးထားတဲ့ ဆဲစာတွေကို ဖတ်နေခြင်းပါပဲ။

ဗန်းမော်သိန်းဖေ

သရဏဂံုစြမ္းရည္ အသက္ရွည္ ( ဗုဒၶဘာသာ၀င္တိုင္း ဖတ္ဖို႔)


ေဒၚခင္ေမ ေနထိုင္သည္က ေရႊျပည္သာၿမိဳ႕၊
၅/၅-ရပ္ကြက္၊ ႏွင္းဆီပန္းၿခံ။
ယခု ေဒၚခင္ေမအသက္ ၆၀-ေက်ာ္ခဲ့ပါၿပီ။
“သရဏဂံုသံုးပါးမစြဲၿမဲခဲ့ရင္ အေဒၚ့အသက္ဟာ
၄၀-ေလာက္ကတည္းက ေသေနပါၿပီ” ဟု ေဒၚခင္ေမက
အိမ္နီးခ်င္းမ်ားကို မၾကာခဏ ေျပာျပေလ့ရွိသည္။
ေဒၚခင္ေမ ေျပာျပမည္ ဆိုလွ်င္လည္း ေျပာျပခ်င္စရာပင္။
ေဒၚခင္ေမအသက္ ၄၀-အရြယ္ခန္႔က ေသလုေမ်ာပါး
ေရာဂါတစ္ခုျဖင့္ ရန္ကုန္ေဆး႐ံုသို႔ တက္ေရာက္ခဲ့ရ၏။
ေရာဂါ ျပင္းထန္လြန္းအားႀကီးသျဖင့္
႐ုတ္တရက္ေမ့ေမ်ာသြားခဲ့သည္။
ေဒၚခင္ေမ၏ ဝိညာဥ္က ခႏၶာကိုယ္မွခြာကာ
ေဆး႐ံုႀကီးအတြင္း လွည့္ပတ္ၾကည့္႐ႈေနမိသည္။
ထိုအခါက်မွ ဘုရားေဟာထားသည့္ တရားေတာ္မ်ား
မည္မွ်မွန္ကန္လွေၾကာင္းကို လက္ေတြ႕ျမင္ရပါေတာ့သည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ေဆး႐ံုႀကီး အတြင္း၌ လူအေရအတြက္ထက္
“သရဲ၊ တေစၧ၊ ၿပိတၱာ” အေရအတြက္က အဆ ေပါင္းမ်ားစြာ
သာလြန္ေနေသာေၾကာင့္ပါတည္း။
ဓမၼကထိက ဆရာေတာ္တစ္ပါး
ေဟာၾကားေသာ တရားသံကေလးက ေဒၚခင္ေမနားထဲတြင္
တဝဲဝဲႏွင့္ ၾကားေယာင္လာမိသည္။
“ဒကာ, ဒကာမတို႔၊ အေသျမတ္ခ်င္ရင္ ေသနည္းသင္ရမယ္၊
ေရႊထီးႀကီးမိုးၿပီး ေသရေသာ္လည္း အပါယ္က်တယ္ဆိုရင္
အေသျမတ္တယ္ မေခၚဘူး၊ လမ္းေဘးမွာ ေသရတာျဖစ္ေသာ္လည္း
သုဂတိဘံုေရာက္ရင္ ဒါအေသျမတ္တယ္လို႔ ေခၚရမွာပဲ။
ဒကာ, ဒကာမတို႔ ဒုကၡအေပးဆံုး တရားကေတာ့
စြဲလမ္းတပ္မက္တဲ့ ေလာဘတရားပဲ။
ေလာဘက ပရမတၳတရားျဖစ္လို႔ ဘယ္ေတာ့မွ မေဖာက္ျပန္
မေျပာင္းလဲဘူး၊ ဘယ္လို မေဖာက္ျပန္
မေျပာင္းလဲသလဲဆိုေတာ့ ေလာဘရဲ႕ သေဘာကလိုခ်င္တပ္မက္ျခင္းပဲ။

ေခြးသႏၲာန္မွာ ျဖစ္လည္း လိုခ်င္တပ္မက္တာပဲ၊
လူ႔သႏၲာန္မွာျဖစ္လည္း လိုခ်င္တပ္မက္တာပဲ၊
နတ္သႏၲာန္မွာျဖစ္လည္း လိုခ်င္တပ္မက္မွာပဲ၊
လိုခ်င္တပ္မက္ျခင္း သေဘာက ဘယ္ေသာအခါမွ မေဖာက္ျပန္ဘူး။
ေလာဘဟာ လိုခ်င္တပ္မက္ျခင္း သေဘာက ဘယ္ေတာ့မွ
မေဖာက္ျပန္သလို ေလာဘကို လက္ခံထားတဲ့သူ
မွန္သမွ်ကိုလည္း တေစၧ သရဲလို႔ေခၚတဲ့ ၿပိတၱာဘံုကို
ပို႔ေပးျခင္းအလုပ္ကေန ဘယ္ေတာ့မွ ေဖာက္ျပန္လိမ့္မယ္ မဟုတ္ဘူး။
လူပုဂၢိဳလ္ေတြ မဆိုထားနဲ႔ ဘုရားလက္ထက္က
“တိႆရဟန္းႀကီး” ေတာင္ မိမိစြဲလမ္းတဲ့ သကၤန္းေခါက္ထဲမွာ
ခုႏွစ္ရက္တိတိ သန္းၿပိတၱာ ျဖစ္ရေသးတယ္ မဟုတ္လား။
အဲဒါေၾကာင့္ ၿပိတၱာဘံု မေရာက္ခ်င္ရင္ ေလာဘကို
ၾကပ္ၾကပ္ႀကီး ထိန္းသိမ္းၾက”

“ေၾသာ္ – ဘုရားတရားေတာ္ေတြဟာ အၿမဲတမ္း
မွန္ကန္ေနတာပါပဲလား” ဟူေသာ အေတြးႏွင့္အတူ
ပတ္ဝန္းက်င္ကို ေစ့ေစ့စပ္စပ္ ၾကည့္လိုက္မိျပန္သည္။
ေဆး႐ံုကုတင္ေတြေအာက္ႏွင့္ ထုတ္တန္းေတြေပၚပါမက်န္
သရဲတေစၧမ်ား ျပည့္ၾကပ္ေနသည္ကို ေတြ႕ရသည္။
သူတို႔ကို ၾကည့္ၿပီး မိမိကိုယ္တိုင္ပင္ စိတ္က်ဥ္းၾကပ္သလို
ျဖစ္လာသျဖင့္ ေဆး႐ံုႀကီး ၿခံဝင္းႀကီးထဲ ဆင္းေလွ်ာက္လိုက္မိသည္။
ဆင္းေလွ်ာက္ရင္းမွပင္ “ငါ ကိုယ္တိုင္လည္းေသၿပီး
ၿပိတၱာမ်ား ျဖစ္ေနၿပီလား” ဟု ေတြးလိုက္မိသျဖင့္
ရင္ထဲတြင္ သိမ့္ခနဲ ေနေအာင္ ခံစားလိုက္ရသည္။
လူ႔ဘဝတန္ဖိုးကိုလည္း ေတာ္ေတာ္ နားလည္သြားသည္။
ထိုစဥ္မွာပင္ မိမိကို လွမ္းေျပာသလိုအသံမ်ိဳး ၾကားရသျဖင့္
ေသခ်ာနားစြင့္ၾကည့္လိုက္ရာ-

“နင္ မေသေသးဘူး၊ လူ႔ျပည္မွာ ေနရမယ့္ကံေတြ
ရွိေနေသးတယ္၊ ေလွ်ာက္သြားမေနနဲ႔၊ အႏၲရာယ္ရွိတယ္၊
နင့္ခႏၶာကိုယ္ ရွိတဲ့ေနရာ ျပန္သြားေတာ့”
ဟူေသာ အသံကိုၾကားရသျဖင့္ အသံလာရာ
သစ္ပင္ျမင့္ႀကီးထက္သို႔ ေမာ္ၾကည့္လိုက္ရာ ဝတ္ျဖဴစင္ၾကယ္ဝတ္
အဘိုးႀကီးတစ္ေယာက္ကို ေတြ႕လိုက္ရသည္။
“႐ုကၡစိုးနတ္ႀကီး ျဖစ္ရမည္” ဟု မွန္းဆမိသည္။
သတိေပးတာကို ေက်းဇူးတင္မိေသာ္လည္း
စကားကိုေတာ့ နားမေထာင္မိ။ အသြင္သစ္၊
အျမင္သစ္ႏွင့္ အ့ံၾသစရာမ်ားခ်ည္း ျဖစ္ေနသည့္အတြက္
ေဆး႐ံုႀကီး တစ္ပတ္လံုး လွည့္ၾကည့္ခ်င္စိတ္ ေပါက္လာမိသည္။
သို႔ႏွင့္ လွည့္ပတ္ၾကည့္႐ွုေနရာ တစ္ေနရာအေရာက္တြင္ကား
အ႐ုပ္ဆိုးဆိုး ၿပိတၱာငါးေယာက္ခန္႔ ေဒၚခင္ေမကို
ဝိုင္းဝန္းခ်ဳပ္ကိုင္လိုက္ၾကၿပီးလွ်င္-
“မင္း- ငါတို႔နဲ႔ တစ္ခါတည္းလိုက္ခဲ့၊ ဟိုမွာေတြ႕လား၊
အဲဒီထဲမွာ တစ္သက္လံုးေနရမယ္” ဟု
တစ္ေယာက္ကေျပာၿပီး လက္ညိႇဳးထိုးျပသျဖင့္
လွမ္းၾကည့္လိုက္ရာ ခပ္ေဝးေဝး ေနရာတစ္ခုေသာ
ေရႊေရာင္ေတာက္ေနေသာ လိုဏ္ဂူႀကီးတစ္ခုကို လွမ္းျမင္ေနရသည္။
သို႔ေသာ္ ေဒၚခင္ေမ စိတ္ထဲတြင္ ထိုေနရာသို႔
လံုးဝ သြားခ်င္စိတ္မရွိ။ သို႔ေသာ္ ထိုၿပိတၱာငါးေယာက္က
သူ႔ကို မလွဳပ္ႏိုင္ေအာင္ ခ်ဳပ္ကိုင္ထားၾကသည္။
ေဒၚခင္ေမက ရွိသမွ်အားႏွင့္ ႐ုန္းၾကည့္ေသးသည္။
ဘယ္လိုမွ မရ။ ဒီၾကားထဲ ေခါင္းေဆာင္ၿပိတၱာ
ေျပာလိုက္ေသာ စကားက အသည္းတုန္၊ ရင္တုန္စရာ
ေကာင္းလွသည္။ သူေျပာလိုက္သည္က…။

“ေဟ့ေကာင္ေတြ- ေတာ္ေတာ္ေလးၾကာေအာင္
ဆြဲထားၾကေဟ့။ သိပ္မလိုေတာ့ဘူး။မၾကာခင္မွာ သူ႔ခႏၶာနဲ႔ သူနဲ႔ အဆက္ျပတ္ေတာ့မွာ” တဲ့။
မည္မွ် ေၾကာက္စရာေကာင္းေသာ စကားပါနည္း။

ဤေနရာ၌ စိတ္ပညာစာအုပ္တစ္အုပ္တြင္ ဖတ္ရေသာ
“နာမ္လြင့္ျခင္း” ဟူေသာ အေၾကာင္းေလးကို
ယခုျဖစ္ရပ္ႏွင့္ဆက္စပ္ စဥ္းစားႏိုင္ရန္ အနည္းငယ္ တင္ျပပါမည္။
ထိုစာအုပ္တြင္ နာမ္လႊင့္ျခင္း ဟူေသာအခန္း၌
ေရးသားထားသည္မွာ အမ်ိဳးသားတစ္ေယာက္သည္
ေလ့က်င့္ထားေသာ စိတ္ပညာ၏ အစြမ္းျဖင့္ ညည
ေရာက္လွ်င္ သူ၏နာမ္ကို ႐ုပ္မွခြာကာ ကမၻာအရပ္ရပ္သို႔
လွည့္ပတ္ကာ ေလွ်ာက္သြားေလ့ရွိသည္။
သို႔ေသာ္ သတ္မွတ္ထားေသာ ျပန္ေရာက္သင့္သည့္
အခ်ိန္မွာေတာ့ မိမိခႏၶာကိုယ္ ရွိရာသို႔ ျပန္ေရာက္ရသည္။
တစ္ေန႔တြင္ေတာ့ ထိုသူသည္ အလည္လြန္သြားၿပီး
ျပန္ေရာက္သင့္သည့္အခ်ိန္တြင္ ခႏၶာကိုယ္ဆီ ျပန္မေရာက္သျဖင့္
အၿပီးတိုင္း ေသဆံုးသြားခဲ့ရသည္။ ေနာက္တစ္ေန႔ နံနက္
သူ႔အေလာင္းကိုေတြ႕မွ ေသဆံုးမွန္း သိၾကရသည္။
ယခု ျဖစ္ရပ္တြင္လည္း မေကာင္းဆိုးဝါးမ်ားက
ေဒၚခင္ေမကို သူ႔ခႏၶာကိုယ္ႏွင့္ အဆက္ျပတ္သြားရန္၊
တစ္နည္းအားျဖင့္ အၿပီးတိုင္ ေသသြားရန္
လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ထင္ရွားလွပါသည္။

ေဒၚခင္ေမ စိတ္ထဲတြင္လည္း ဤပံုစံအတိုင္းဆိုလွ်င္
ေနာက္တစ္ခဏ ၾကာလွ်င္ပင္ မိမိ ေသဆံုးရေတာ့မည္
ျဖစ္ေၾကာင္း အလိုလိုသိေနသည္။
ဤမေကာင္းဆိုးဝါးမ်ား လက္မွ လြတ္ေအာင္
ဘာကိုအားကိုးရမည္နည္း။ ေဟာ သတိရပါၿပီ။
“ဘုရား, တရား, သံဃာ သရဏဂံုသံုးပါး” ရွိေနတာပဲ။
တျခား ဘာအားကိုစရာမ်ား ရွာစရာလိုဦးမလဲ။
ရတနာသံုးပါးကို ၾကည္ညိဳအားထားေသာ သဒၶါစိတ္တို႔က
ျပည့္လွ်ံသည္အထိ ျဖစ္လာသည္။ တခဏမွ် မဆိုင္းေတာ့ပါ။
ဆရာေတာ္မ်ားေဆာက္တည္ေပးထားသည့္ အတိုင္းပင္
သရဏဂံုသံုးပါးကို ရြတ္ဆိုေဆာက္တည္လိုက္ပါေတာ့သည္။
ဗုဒၶံ သရဏံ ဂစၧာမိ။
ဓမၼံ သရဏံ ဂစၧာမိ။
သံဃံ သရဏံ ဂစၧာမိ။
သရဏဂံုသံုးပါး ေဆာက္တည္ၿပီးသည္ႏွင့္ တစ္ျပိဳင္နက္
ေဒၚခင္ေမကို ခ်ဳပ္ကိုင္ထားၾကေသာ မေကာင္းဆိုးဝါးမ်ားမွာ
တစ္စံုတစ္ေယာက္က ဆြဲယူကိုင္ေပါက္ပစ္လိုက္သကဲ့သို႔
သူမႏွင့္ ခပ္ေဝးေဝး ေနရာမ်ားဆီသို႔ ေအာ္ဟစ္
ညည္းညဴရင္း လြင့္စင္က်သြားသည္ကို ေတြ႕ျမင္လိုက္ရေတာ့သည္။
အခ်ဳပ္အေႏွာင္မွ လြတ္သြားၿပီျဖစ္ေသာ ေဒၚခင္ေမတစ္ေယာက္
မိမိခႏၶာရွိရာ ေဆး႐ံုထဲသို႔ ဒေရာေသာပါး ေျပးဝင္ရေတာ့သည္။
မိမိခႏၶာကိုယ္နား ေရာက္သည္ႏွင့္ တစ္စံုတစ္ေယာက္က
တြန္းလွဲလိုက္သလို ခႏၶာကိုယ္ေပၚ လဲက်သြားသည္ကိုပဲ
သတိထားမိလိုက္သည္။ ခဏအၾကာမွာပင္ ေဒၚခင္ေမ
သတိျပန္ရလာခဲ့ၿပီ။ သတိရလာေတာ့ ေဒၚခင္ေမကိုၾကည့္ၿပီး
အနားမွာ ေစာင့္ေနၾကသည့္ ခင္ပြန္းႏွင့္ သားသမီးမ်ားကို
ဆရာဝန္ႀကီး ေျပာလိုက္ေသာစကားက
“လူနာေရာ၊ ခင္ဗ်ာတို႔ေရာ အားလံုးကံေကာင္းတယ္ဗ်ာ၊
ေနာက္ထပ္ ငါးမိနစ္ရွိတဲ့အထိ သတိျပန္မလည္ရင္
ဒီလူနာ အသက္ရွင္စရာအေၾကာင္း မရွိေတာ့ဘူး” ဟူ၏။
ေဒၚခင္ေမတစ္ေယာက္ သရဏဂံုစြမ္းရည္ျဖင့္ အသက္ရွည္ခဲ့ျခင္း ပါတကား။

-【ေမတၱာရွင္(ေရႊျပည္သာ)၏ “သရဏဂံုအစြမ္း

အ့ံမခန္းျဖစ္ရပ္ဆန္းမ်ား” မွ ေကာက္ႏွဳတ္ပူေဇာ္မွ်ေဝပါသည္။】

Dhamma Dãna

Unicode Version

ဒေါ်ခင်မေ နေထိုင်သည်က ရွှေပြည်သာမြို့၊

၅/၅-ရပ်ကွက်၊ နှင်းဆီပန်းခြံ။

ယခု ဒေါ်ခင်မေအသက် ၆၀-ကျော်ခဲ့ပါပြီ။

“သရဏဂုံသုံးပါးမစွဲမြဲခဲ့ရင် အဒေါ့်အသက်ဟာ
၄၀-လောက်ကတည်းက သေနေပါပြီ” ဟု ဒေါ်ခင်မေက
အိမ်နီးချင်းများကို မကြာခဏ ပြောပြလေ့ရှိသည်။

ဒေါ်ခင်မေ ပြောပြမည် ဆိုလျှင်လည်း ပြောပြချင်စရာပင်။

ဒေါ်ခင်မေအသက် ၄၀-အရွယ်ခန့်က သေလုမျောပါး
ရောဂါတစ်ခုဖြင့် ရန်ကုန်ဆေးရုံသို့ တက်ရောက်ခဲ့ရ၏။

ရောဂါ ပြင်းထန်လွန်းအားကြီးသဖြင့်
ရုတ်တရက်မေ့မျောသွားခဲ့သည်။

ဒေါ်ခင်မေ၏ ဝိညာဉ်က ခန္ဓာကိုယ်မှခွာကာ
ဆေးရုံကြီးအတွင်း လှည့်ပတ်ကြည့်ရှုနေမိသည်။



ထိုအခါကျမှ ဘုရားဟောထားသည့် တရားတော်များ
မည်မျှမှန်ကန်လှကြောင်းကို လက်တွေ့မြင်ရပါတော့သည်။

အဘယ့်ကြောင့်ဆိုသော် ဆေးရုံကြီး အတွင်း၌ လူအရေအတွက်ထက်
“သရဲ၊ တစ္ဆေ၊ ပြိတ္တာ” အရေအတွက်က အဆ ပေါင်းများစွာ
သာလွန်နေသောကြောင့်ပါတည်း။

ဓမ္မကထိက ဆရာတော်တစ်ပါး
ဟောကြားသော တရားသံကလေးက ဒေါ်ခင်မေနားထဲတွင်
တဝဲဝဲနှင့် ကြားယောင်လာမိသည်။



“ဒကာ, ဒကာမတို့၊ အသေမြတ်ချင်ရင် သေနည်းသင်ရမယ်၊

ရွှေထီးကြီးမိုးပြီး သေရသော်လည်း အပါယ်ကျတယ်ဆိုရင်

အသေမြတ်တယ် မခေါ်ဘူး၊ လမ်းဘေးမှာ သေရတာဖြစ်သော်လည်း

သုဂတိဘုံရောက်ရင် ဒါအသေမြတ်တယ်လို့ ခေါ်ရမှာပဲ။

ဒကာ, ဒကာမတို့ ဒုက္ခအပေးဆုံး တရားကတော့

စွဲလမ်းတပ်မက်တဲ့ လောဘတရားပဲ။

လောဘက ပရမတ္ထတရားဖြစ်လို့ ဘယ်တော့မှ မဖောက်ပြန်

မပြောင်းလဲဘူး၊ ဘယ်လို မဖောက်ပြန်

မပြောင်းလဲသလဲဆိုတော့ လောဘရဲ့ သဘောက

လိုချင်တပ်မက်ခြင်းပဲ။

ခွေးသန္တာန်မှာ ဖြစ်လည်း လိုချင်တပ်မက်တာပဲ၊

လူ့သန္တာန်မှာဖြစ်လည်း လိုချင်တပ်မက်တာပဲ၊

နတ်သန္တာန်မှာဖြစ်လည်း လိုချင်တပ်မက်မှာပဲ၊

လိုချင်တပ်မက်ခြင်း သဘောက ဘယ်သောအခါမှ မဖောက်ပြန်ဘူး။

လောဘဟာ လိုချင်တပ်မက်ခြင်း သဘောက ဘယ်တော့မှ

မဖောက်ပြန်သလို လောဘကို လက်ခံထားတဲ့သူ

မှန်သမျှကိုလည်း တစ္ဆေ သရဲလို့ခေါ်တဲ့ ပြိတ္တာဘုံကို

ပို့ပေးခြင်းအလုပ်ကနေ ဘယ်တော့မှ ဖောက်ပြန်လိမ့်မယ် မဟုတ်ဘူး။

လူပုဂ္ဂိုလ်တွေ မဆိုထားနဲ့ ဘုရားလက်ထက်က

“တိဿရဟန်းကြီး” တောင် မိမိစွဲလမ်းတဲ့ သင်္ကန်းခေါက်ထဲမှာ

ခုနှစ်ရက်တိတိ သန်းပြိတ္တာ ဖြစ်ရသေးတယ် မဟုတ်လား။

အဲဒါကြောင့် ပြိတ္တာဘုံ မရောက်ချင်ရင် လောဘကို

ကြပ်ကြပ်ကြီး ထိန်းသိမ်းကြ”



“သြော် – ဘုရားတရားတော်တွေဟာ အမြဲတမ်း

မှန်ကန်နေတာပါပဲလား” ဟူသော အတွေးနှင့်အတူ

ပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် ကြည့်လိုက်မိပြန်သည်။

ဆေးရုံကုတင်တွေအောက်နှင့် ထုတ်တန်းတွေပေါ်ပါမကျန်

သရဲတစ္ဆေများ ပြည့်ကြပ်နေသည်ကို တွေ့ရသည်။

သူတို့ကို ကြည့်ပြီး မိမိကိုယ်တိုင်ပင် စိတ်ကျဉ်းကြပ်သလို

ဖြစ်လာသဖြင့် ဆေးရုံကြီး ခြံဝင်းကြီးထဲ ဆင်းလျှောက်လိုက်မိသည်။



ဆင်းလျှောက်ရင်းမှပင် “ငါ ကိုယ်တိုင်လည်းသေပြီး

ပြိတ္တာများ ဖြစ်နေပြီလား” ဟု တွေးလိုက်မိသဖြင့်

ရင်ထဲတွင် သိမ့်ခနဲ နေအောင် ခံစားလိုက်ရသည်။

လူ့ဘဝတန်ဖိုးကိုလည်း တော်တော် နားလည်သွားသည်။

ထိုစဉ်မှာပင် မိမိကို လှမ်းပြောသလိုအသံမျိုး ကြားရသဖြင့်

သေချာနားစွင့်ကြည့်လိုက်ရာ-



“နင် မသေသေးဘူး၊ လူ့ပြည်မှာ နေရမယ့်ကံတွေ

ရှိနေသေးတယ်၊ လျှောက်သွားမနေနဲ့၊ အန္တရာယ်ရှိတယ်၊

နင့်ခန္ဓာကိုယ် ရှိတဲ့နေရာ ပြန်သွားတော့”

ဟူသော အသံကိုကြားရသဖြင့် အသံလာရာ

သစ်ပင်မြင့်ကြီးထက်သို့ မော်ကြည့်လိုက်ရာ ဝတ်ဖြူစင်ကြယ်ဝတ်

အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။

“ရုက္ခစိုးနတ်ကြီး ဖြစ်ရမည်” ဟု မှန်းဆမိသည်။

သတိပေးတာကို ကျေးဇူးတင်မိသော်လည်း

စကားကိုတော့ နားမထောင်မိ။ အသွင်သစ်၊

အမြင်သစ်နှင့် အံ့သြစရာများချည်း ဖြစ်နေသည့်အတွက်

ဆေးရုံကြီး တစ်ပတ်လုံး လှည့်ကြည့်ချင်စိတ် ပေါက်လာမိသည်။

သို့နှင့် လှည့်ပတ်ကြည့်ရှုနေရာ တစ်နေရာအရောက်တွင်ကား

အရုပ်ဆိုးဆိုး ပြိတ္တာငါးယောက်ခန့် ဒေါ်ခင်မေကို

ဝိုင်းဝန်းချုပ်ကိုင်လိုက်ကြပြီးလျှင်-

“မင်း- ငါတို့နဲ့ တစ်ခါတည်းလိုက်ခဲ့၊ ဟိုမှာတွေ့လား၊

အဲဒီထဲမှာ တစ်သက်လုံးနေရမယ်” ဟု

တစ်ယောက်ကပြောပြီး လက်ညှိုးထိုးပြသဖြင့်

လှမ်းကြည့်လိုက်ရာ ခပ်ဝေးဝေး နေရာတစ်ခုသော

ရွှေရောင်တောက်နေသော လိုဏ်ဂူကြီးတစ်ခုကို လှမ်းမြင်နေရသည်။

သို့သော် ဒေါ်ခင်မေ စိတ်ထဲတွင် ထိုနေရာသို့

လုံးဝ သွားချင်စိတ်မရှိ။ သို့သော် ထိုပြိတ္တာငါးယောက်က

သူ့ကို မလှုပ်နိုင်အောင် ချုပ်ကိုင်ထားကြသည်။

ဒေါ်ခင်မေက ရှိသမျှအားနှင့် ရုန်းကြည့်သေးသည်။

ဘယ်လိုမှ မရ။ ဒီကြားထဲ ခေါင်းဆောင်ပြိတ္တာ

ပြောလိုက်သော စကားက အသည်းတုန်၊ ရင်တုန်စရာ

ကောင်းလှသည်။ သူပြောလိုက်သည်က…။

“ဟေ့ကောင်တွေ- တော်တော်လေးကြာအောင်

ဆွဲထားကြဟေ့။ သိပ်မလိုတော့ဘူး။

မကြာခင်မှာ သူ့ခန္ဓာနဲ့ သူနဲ့ အဆက်ပြတ်တော့မှာ” တဲ့။

မည်မျှ ကြောက်စရာကောင်းသော စကားပါနည်း။

ဤနေရာ၌ စိတ်ပညာစာအုပ်တစ်အုပ်တွင် ဖတ်ရသော

“နာမ်လွင့်ခြင်း” ဟူသော အကြောင်းလေးကို

ယခုဖြစ်ရပ်နှင့်ဆက်စပ် စဉ်းစားနိုင်ရန် အနည်းငယ် တင်ပြပါမည်။

ထိုစာအုပ်တွင် နာမ်လွှင့်ခြင်း ဟူသောအခန်း၌

ရေးသားထားသည်မှာ အမျိုးသားတစ်ယောက်သည်

လေ့ကျင့်ထားသော စိတ်ပညာ၏ အစွမ်းဖြင့် ညည

ရောက်လျှင် သူ၏နာမ်ကို ရုပ်မှခွာကာ ကမ္ဘာအရပ်ရပ်သို့

လှည့်ပတ်ကာ လျှောက်သွားလေ့ရှိသည်။

သို့သော် သတ်မှတ်ထားသော ပြန်ရောက်သင့်သည့်

အချိန်မှာတော့ မိမိခန္ဓာကိုယ် ရှိရာသို့ ပြန်ရောက်ရသည်။

တစ်နေ့တွင်တော့ ထိုသူသည် အလည်လွန်သွားပြီး

ပြန်ရောက်သင့်သည့်အချိန်တွင် ခန္ဓာကိုယ်ဆီ ပြန်မရောက်သဖြင့်

အပြီးတိုင်း သေဆုံးသွားခဲ့ရသည်။ နောက်တစ်နေ့ နံနက်

သူ့အလောင်းကိုတွေ့မှ သေဆုံးမှန်း သိကြရသည်။

ယခု ဖြစ်ရပ်တွင်လည်း မကောင်းဆိုးဝါးများက

ဒေါ်ခင်မေကို သူ့ခန္ဓာကိုယ်နှင့် အဆက်ပြတ်သွားရန်၊

တစ်နည်းအားဖြင့် အပြီးတိုင် သေသွားရန်

လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားလှပါသည်။

ဒေါ်ခင်မေ စိတ်ထဲတွင်လည်း ဤပုံစံအတိုင်းဆိုလျှင်

နောက်တစ်ခဏ ကြာလျှင်ပင် မိမိ သေဆုံးရတော့မည်

ဖြစ်ကြောင်း အလိုလိုသိနေသည်။

ဤမကောင်းဆိုးဝါးများ လက်မှ လွတ်အောင်

ဘာကိုအားကိုးရမည်နည်း။ ဟော သတိရပါပြီ။

“ဘုရား, တရား, သံဃာ သရဏဂုံသုံးပါး” ရှိနေတာပဲ။

တခြား ဘာအားကိုစရာများ ရှာစရာလိုဦးမလဲ။

ရတနာသုံးပါးကို ကြည်ညိုအားထားသော သဒ္ဓါစိတ်တို့က

ပြည့်လျှံသည်အထိ ဖြစ်လာသည်။ တခဏမျှ မဆိုင်းတော့ပါ။

ဆရာတော်များဆောက်တည်ပေးထားသည့် အတိုင်းပင်

သရဏဂုံသုံးပါးကို ရွတ်ဆိုဆောက်တည်လိုက်ပါတော့သည်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။

သရဏဂုံသုံးပါး ဆောက်တည်ပြီးသည်နှင့် တစ်ပြိုင်နက်

ဒေါ်ခင်မေကို ချုပ်ကိုင်ထားကြသော မကောင်းဆိုးဝါးများမှာ

တစ်စုံတစ်ယောက်က ဆွဲယူကိုင်ပေါက်ပစ်လိုက်သကဲ့သို့

သူမနှင့် ခပ်ဝေးဝေး နေရာများဆီသို့ အော်ဟစ်

ညည်းညူရင်း လွင့်စင်ကျသွားသည်ကို တွေ့မြင်လိုက်ရတော့သည်။

အချုပ်အနှောင်မှ လွတ်သွားပြီဖြစ်သော ဒေါ်ခင်မေတစ်ယောက်

မိမိခန္ဓာရှိရာ ဆေးရုံထဲသို့ ဒရောသောပါး ပြေးဝင်ရတော့သည်။



မိမိခန္ဓာကိုယ်နား ရောက်သည်နှင့် တစ်စုံတစ်ယောက်က

တွန်းလှဲလိုက်သလို ခန္ဓာကိုယ်ပေါ် လဲကျသွားသည်ကိုပဲ

သတိထားမိလိုက်သည်။ ခဏအကြာမှာပင် ဒေါ်ခင်မေ

သတိပြန်ရလာခဲ့ပြီ။ သတိရလာတော့ ဒေါ်ခင်မေကိုကြည့်ပြီး

အနားမှာ စောင့်နေကြသည့် ခင်ပွန်းနှင့် သားသမီးများကို

ဆရာဝန်ကြီး ပြောလိုက်သောစကားက



“လူနာရော၊ ခင်ဗျာတို့ရော အားလုံးကံကောင်းတယ်ဗျာ၊

နောက်ထပ် ငါးမိနစ်ရှိတဲ့အထိ သတိပြန်မလည်ရင်

ဒီလူနာ အသက်ရှင်စရာအကြောင်း မရှိတော့ဘူး” ဟူ၏။

ဒေါ်ခင်မေတစ်ယောက် သရဏဂုံစွမ်းရည်ဖြင့် အသက်ရှည်ခဲ့ခြင်း ပါတကား။


-【မေတ္တာရှင်(ရွှေပြည်သာ)၏ “သရဏဂုံအစွမ်း
အံ့မခန်းဖြစ်ရပ်ဆန်းများ” မှ ကောက်နှုတ်ပူဇော်မျှဝေပါသည်။】



Credit: Dhamma Dãna

လူ႔အသက္ေတြကို ကယ္တင္ဖို႔ အပ်ိဳစင္အေၾကာင္း အသိပညာေပးစို႔

ကြၽန္ေတာ္တို႔ေတြ အမ်ိဳးသမီးေတြရဲ႕ အပ်ိဳစင္ျဖစ္မႈအေၾကာင္း မေန႔က ေဆြးေႏြးခဲ့ၾကတယ္။ တစ္ခ်ိဳ႕က်ေတာ့ မိန္းကေလးတစ္ေယာက္ အပ်ိဳစင္ျဖစ္မႈကိုေသခ်ာေပါက္သိႏုိင္တာဆိုလို႔ သူတို႔ပထမဆံုး လိင္ဆက္ဆံခ်ိန္မွာ ေသြးထြက္ရမယ္လို႔ ဆိုၾကတယ္။ ေသခ်ာတာက အဲဒီလိုအေတြးအေခၚမ်ိဳးကို အမ်ားစုက ဆုပ္ကိုင္ထားၾကမွာျဖစ္ေပမယ့္ ဒါဟာမွားယြင္းေနပါတယ္။

ေသြးထြက္ျခင္းက မိန္းကေလးတစ္ေယာက္ အပ်ိဳစင္ျဖစ္မႈ၊ မျဖစ္မႈကို မဆံုးျဖတ္ေပးႏုိင္ပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ့္အေနနဲ႔ ဒီေဆာင္းပါးကို ကြၽန္ေတာ္တို႔ရဲ႕ ငယ္ရြယ္တဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးထုႀကီးအတြက္ ပညာေပးအေနနဲ႔ တင္ဆက္လုိက္ရတာျဖစ္ပါတယ္။

အမ်ိဳးသမီး အပ်ိဳစင္ယံုတမ္း

အမ်ိဳးသမီးအမ်ားစုဟာ သူတို႔ပထဆံုးလိင္ဆက္ဆံခ်ိန္မွာ ဘာေၾကာင့္ေသြးမထြက္ရသလဲ။ အေရွ႕နဲ႔ အလယ္အာရွမွာ အဲဒီယံုတမ္းဟာ ေတာ္ေတာ္ေခတ္စားပါတယ္။ အထူးသျဖင့္ပါကစၥတန္၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ အာဖဂန္နစၥတန္အစရွိသျဖင့္ေပါ့။ (ျမန္မာႏုိင္ငံလည္းပါဝင္ပါတယ္)။ ၿပီးေတာ့ အာဖရိက (ႏုိင္ဂ်ီးရီးယားနဲ႔ တျခားႏုိင္ငံေတာ္ေတာ္မ်ားမ်ား)လည္းပါဝင္ပါတယ္။ အဲဒီေဒသေတြမွာ အမ်ိဳးသမီးတစ္ေယာက္ အပ်ိဳစင္ျဖစ္ျခင္းကို သူတို႔ပထမဆံုးအႀကိမ္ လိင္ဆက္ဆံတဲ့အခါ ေသြးထြက္ျခင္းနဲ႔ ဆံုးျဖတ္ႏိုင္တယ္လုိ႔ ဆိုၾကတယ္။ ဒီအဆိုမွာ အမွန္တရားကေတာ့ သုညပါပဲ။ အမ်ိဳးသမီးတိုင္း ပထမဆံုး လိင္ဆက္ဆံတဲ့အခါေသြးမထြက္ၾကပါဘူး။ ဒီေဆာင္းပါးမွာ ရွင္းျပပါမယ္။

တစ္ခ်ိဳ႕အမ်ိဳးသမီးေတြ ေသြးထြက္ၿပီး တစ္ခ်ိဳ႕ေသြးမထြက္တဲ့ကိစၥကို နားလည္ဖို႔အတြက္ အေရးအႀကီးဆံုးကေတာ့ အပ်ိဳစင္အေျမႇး/ကညာေျမႇး ဘာလဲဆိုတာကို သိဖို႔လိုပါတယ္။ အပ်ိဳစင္အေျမႇးဆိုတာ အေျမႇးပါးတစ္ခုျဖစ္ၿပီး မိန္းမကိုယ္အေပါက္ (ေယာနိ)ကို ကာေပးထားပါတယ္။ (ဒီအေျမႇးပါးဟာ တစ္ခ်ိဳ႕ေတြ အေတြးမွားေနၾကသလိုမိန္းမကိုယ္အေပါက္တစ္ခုလံုးကို ပိတ္ဆို႔ထားျခင္း သို႔မဟုတ္ ကာကြယ္ထားျခင္းမရွိပါဘူး)။ ေနာက္ၿပီးေတာ့ အမ်ိဳးသမီးတုိင္းမွာ အပ်ိဳေျမႇးပါမလာခဲ့ၾကဘူး။ အဲဒီအပ်ိဳေျမႇးဟာလည္း အမ်ိဳးသမီးတစ္ေယာက္နဲ႔တစ္ေယာက္မတူၾကျပန္ဘူး။ အမ်ိဳးသမီးတုိင္းမွာ မတူညီတဲ့ အရပ္အေမာင္း၊ ကိုယ္အေလးအခ်ိန္နဲ႔ ႐ုပ္ဆင္းသြင္ျပင္ပိုင္ဆုိင္ထားသလိုေပါ့။ တစ္ခ်ိဳ႕အမ်ိဳးသမီးေတြမွာ အပ်ိဳေျမႇးထူထူပါတယ္၊ တစ္ခ်ိဳ႕ေတြမွာ ပါးပါးလ်လ်ေလးသာပါတယ္။ တစ္ခ်ိဳ႕မွာေတာ့ ပါကို မပါလာခဲ့ၾကဘူး။ တစ္ခ်ိဳ႕အမ်ိဳးသမီးေတြမွာ အပ်ိဳေျမႇးႀကီးႀကီးပါတယ္၊ တစ္ခ်ိဳ႕ေတြမွာ သဘာဝအတုိင္းကိုက အပ်ိဳေျမႇးေသးလြန္းတာေၾကာင့္ မိန္းမကိုယ္အေပါက္ကို ကာထားေပးႏုိင္ျခင္းမရွိဘူး (ဆိုလိုတာက ပထမဆံုး လိင္ဆက္ဆံတဲ့အခါ အပ်ိဳေျမႇးက လမ္းေၾကာင္းမွာခံေနမွာမဟုတ္ဘူး)။ ဆက္လက္ျဖည့္စြက္ေျပာရရင္ အပ်ိဳေျမႇးဟာ အသက္အရြယ္ႀကီးရင့္လာတာနဲ႔အမွ် တေျဖးေျဖးနဲ႔ သူ႔အလိုလို ကြယ္ေပ်ာက္သြားမွာပါ။
.
အမ်ိဳးသမီးအမ်ားစုမွာေတာ့ အပ်ိဳေျမႇးဟာ ကာယေလ့က်င့္ခန္းလုပ္ျခင္း၊ စက္ဘီး/ဆိုင္ကယ္စီးျခင္း၊ ျမင္းစီးျခင္းေတြေၾကာင့္ သူ႔အလိုလိုကြယ္ေပ်ာက္သြားႏုိင္ပါတယ္။ ကခုန္ျခင္းအပါအဝင္ တျခားလႈပ္ရွားသြားလာမႈေၾကာင့္လည္း ကြယ္ေပ်ာက္သြားႏုိင္ပါတယ္။ သို႔မဟုတ္ အမ်ိဳးသမီးလစဥ္သံုးပစၥည္းတစ္ခုျဖစ္တဲ့ ေသြးထိန္းေတာင့္ (Tampon) အသံုးျပဳရင္လည္း အပ်ိဳေျမႇးေပ်ာက္သြားႏုိင္ပါတယ္။ အထူးသျဖင့္ အပ်ိဳေျမႇးဟာ ေသးျခင္း သို႔မဟုတ္ ပါးလႊာျခင္းရွိရင္ေပါ့။ မိန္းကေလးငယ္အသက္ႀကီးလာတာနဲ႔အမွ် ေပ်ာက္သြားမွာပါ။

အကယ္လို႔ အမ်ိဳးသမီးတစ္ေယာက္ အပ်ိဳေျမႇးမပါဘဲေမြးလာခဲ့ရင္ သူပထမဆံုးလိင္ဆက္ဆံတဲ့အခါ ေသြးထြက္ခ်င္မွထြက္မွာပါ။ အကယ္လို႔ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အပ်ိဳေျမႇးက ေသးငယ္ၿပီး ပါးလႊာေနရင္လည္း ပထမဆံုးလိင္ဆက္ဆံတဲ့အခါ ေသြးထြက္ခ်င္မွ ထြက္မွာပါ။ အကယ္လို႔ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အပ်ိဳေျမႇးဟာ အသက္အရြယ္ေၾကာင့္ သူ႔ဟာသူကြယ္ေပ်ာက္သြားခဲ့ရင္(မိန္းကေလးငယ္ေတြ အရြယ္ေရာက္လာတဲ့အခါ ၾကံဳရေလ့ရွိ) ပထမဆံုးလိင္ဆက္ဆံတဲ့အခါ ေသြးထြက္ခ်င္မွ ထြက္မွာပါ။

ၿဗိတိသွ်ေဆးပညာဂ်ာနယ္ကေဖာ္ျပခဲ့တဲ့ ေလ့လာမႈတစ္ခုအရ အမ်ိဳးသမီးအမ်ားစု – အနည္းဆံုး ၆၃% ေသာအမ်ိဳးသမီးေတြဟာ သူတို႔ပထမဆုံး လိင္စ ဆက္ဆံတဲ့အခါ ေသြးမထြက္ၾကပါဘူးတဲ့။ ေသြးထြက္တဲ့အမ်ိဳးသမီးေတြထဲမွာ အပ်ိဳေျမႇးထူသူေတြ (လူဦးေရရာခုိင္ႏႈန္းေတာ္ေတာ္နည္းပါး)နဲ႔ ငယ္ရြယ္တဲ့ မိန္းကေလးေတြပါဝင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အပ်ိဳေျမႇးဟာ အသက္အရြယ္ႀကီးလာတာနဲ႔ အမွ်သူ႔အလိုလိုေပ်ာက္သြားတတ္ပါတယ္။ သေဘာက အသက္ (၁၆)ႏွစ္အရြယ္ အမ်ိဳးသမီးငယ္ဟာ အသက္ (၂၅)ႏွစ္အရြယ္ အမ်ိဳးသမီးထက္ ေသြးထြက္ႏုိင္ေျခပိုမ်ားပါတယ္။ မိမိကိုယ္တုိင္ဆံုးျဖတ္ႏုိင္တဲ့အသက္အရြယ္ သို႔မဟုတ္ အဲဒီအထက္ – (၁၈)၊ (၂၀)၊ (၂၄)ႏွစ္ အရြယ္ေတြေရာက္ရင္၊ ဥပမာအေနဲ႔ေပါ့၊ အဲဒီမိန္းကေလးေတြရဲ႕ အပ်ိဳေျမႇးဟာ သူ႔အလိုလိုကြယ္ေပ်ာက္သြားမွာပါ။ ဆိုလိုတာက သူမေသြးအမ်ားအျပားထြက္ခ်င္မွထြက္မယ္၊ မထြက္ခ်င္လည္း မထြက္ဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ မိန္းကေလးငယ္ေလးတစ္ေယာက္ဟာလည္း ကိုယ္ကာယလႈပ္ရွားမႈတက္တက္ၾကြၾကြရွိတယ္၊ ၿပီးေတာ့ ေသးငယ္ၿပီးပါးလႊာတဲ့ အပ်ိဳေျမႇးရွိတယ္၊ သို႔မဟုတ္ အပ်ိဳေျမႇးမပါလာဘူးဆိုရင္ သူပထမဆံုးလိင္ဆက္ဆံတဲ့အခါ ေသြးထြက္ခ်င္မွထြက္မွာပါ။

အမ်ားအားျဖင့္ အမ်ိဳးသမီးေတြ ေသြးထြက္ရတယ္ဆိုတာ သူတို႔ေတြဟာ ၾကမ္းၾကမ္းတမ္းတမ္းလိင္ဆက္ဆံတာနဲ႔ၾကံဳရလို႔ျဖစ္ပါတယ္။ အကယ္လို႔ အမ်ိဳးသမီးဘက္က အသင့္မျဖစ္ခင္၊ သက္ေတာင့္သက္သာမျဖစ္ခင္ သို႔မဟုတ္ စိတ္ပါလက္ပါမျဖစ္ခင္ အမ်ိဳးသားက အတင္းထိုးသြင္းခဲ့ရင္ မိန္းမကိုယ္ဒဏ္ရာရျခင္း သို႔မဟုတ္ ေသြးထြက္ျခင္းျဖစ္ႏုိင္ပါတယ္။ လူအမ်ားစုက အမ်ိဳးသမီးတစ္ေယာက္ ပထမဆံုးအႀကိမ္လိင္ဆက္ဆံရင္ ေသြးထြက္ျခင္းဟာ သာမန္ျဖစ္စဥ္တစ္ခုလို႔သာေတြးၾကၿပီး အပ်ိဳေျမႇးေပါက္လုိ႔မဟုတ္ဘဲ သူတို႔ေတြနာက်င္လို႔ေသြးထြက္ရတာဆိုတဲ့ အသိမ်ိဳးမရွိၾကပါဘူး။ ပထမဆံုးလိင္ဆက္ဆံတဲ့အခါ နာက်င္ျခင္းဟာ ေယဘုယ်ေျပာရရင္ အမ်ိဳးသမီးဘက္က သက္ေတာင့္သက္သာမရွိျခင္း သို႔မဟုတ္ စိတ္ပါလက္ပါမရွိေသးျခင္းေၾကာင့္ျဖစ္ၿပီး ရလဒ္ကေတာ့ နာက်င္ျခင္းသာျဖစ္ပါတယ္။ အပ်ိဳေျမႇးေပါက္လုိ႔ျဖစ္ရတာကေတာ့ ရွားရွားပါးပါးပါပဲ။

အဓိကအခ်က္ကို ျခံဳေျပာရရင္ အမ်ိဳးသမီးတစ္ေယာက္အပ်ိဳဟုတ္မဟုတ္ ဆံုးျဖတ္ဖို႔ နည္းလမ္းမရွိပါဘူး။ ေသြးထြက္ျခင္းကလည္း အပ်ိဳျဖစ္မျဖစ္နဲ႔ လားလားမွ်မဆုိင္ပါဘူး။ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ အပ်ိဳေျမႇးနဲ႔သာသက္ဆုိင္တယ္ဆိုေပမယ့္ အဲဒီအပ်ိဳေျမႇးကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ ေမြးကတည္းက မတူၾကျပန္ဘူး။ ဆိုေတာ့ ပထမဆံုးလိင္ဆက္တဲ့အခါ ေသြးထြက္တဲ့အမ်ိဳးသမီးရာခိုင္ႏႈန္းဟာ နည္းနည္းသာရွိပါတယ္။ (ၿဗိတိသွ်ေဆးပညာဂ်ာနယ္ရဲ႕ေဖာ္ျပခ်က္အရ အမ်ိဳးသမီး ၃၇% သာ ပထမဆံုးလိင္ဆက္ဆံခ်ိန္မွာ ေသြးထြက္ပါသတဲ့)။

ဒီအေၾကာင္းအရာကို သတိျပဳဆင္ျခင္ဖုိ႔ ဘာေၾကာင့္အေရးႀကီးတယ္ထင္ပါသလဲ။ ကမာၻတစ္ဝန္းမွာ အမ်ိဳးသမီးေတြဟာ ဒီအပ်ိဳစင္ယံုတမ္းေၾကာင့္ အလြဲသံုးစားလုပ္ခံရ၊ မေတာ္မတရားလုပ္ခံရ၊ ဒဏ္ရာအနာတရျဖစ္ေအာင္လုပ္ခံရတဲ့အျပင္ သတ္ျဖတ္ျခင္းပါခံေနရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူအမ်ားစု (အမ်ိဳးသားေရာ အမ်ိဳးသမီးေရာ) က ေသြးထြက္ျခင္းဟာ အပ်ိဳစင္ျဖစ္ျခင္းရဲ႕ လကၡဏာလို႔ ေတြးထင္ၾကပါတယ္။ ပထမဆံုးလိင္ဆက္ဆံခ်ိန္ ေသြးမထြက္တဲ့အမ်ိဳးသမီးေတြခမ်ာ ကြာရွင္းျပတ္စဲခံရျခင္း၊ သံသယေၾကာင့္ အိမ္တြင္းအၾကမ္းဖက္ခံရျခင္း၊ အႏုိင္က်င့္ေစာ္ကားခံရျခင္းနဲ႔ ဂုဏ္သိကၡာအတြက္ သတ္ျဖတ္ျခင္းေတြခံေနရပါတယ္။

အမ်ိဳးသမီးတစ္ေယာက္ ပထမဆံုးလိင္ဆက္ဆံခ်န္ ေသြးထြက္ဖို႔အေရးမႀကီးဘူးဆိုတဲ့အေၾကာင္းကို လူေတြ အသိဝင္ေအာင္ ပညာေပးဖို႔လိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အမ်ိဳးသမီးတုိင္းမွာ ထူထဲတဲ့ အပ်ိဳေျမႇးမပါပါဘူး။ ၿပီးေတာ့ တစ္ခ်ိဳ႕ဆိုရင္ အပ်ိဳေျမႇးကို ပါမလာခဲ့တာပါ။ ဒီလို ပညာေပးျခင္းဟာ လူ႔အသက္ေတြကို ကယ္ဆယ္ႏုိင္တဲ့အထိ အေရးပါလွပါတယ္။

ျဖည့္စြက္ခ်က္ – ေဖာ္ျပခဲ့တဲ့အေၾကာင္းအရာမ်ိဳးကို Share (မွ်ေဝ) ခ်င္ပါတယ္ဆိုရင္ေတာင္ လူတုိင္း Share အဆင္မေျပႏုိင္ဘူးဆိုတာ ကြၽန္ေတာ္နားလည္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ လူေတြကို ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး လူမ်ားမ်ားဆီေရာက္ႏုိင္သမွ်ေရာက္ေအာင္ အသိပညာေပးဖို႔အတြက္ News feed မွာ ပ်ံ႕ႏွံ႔ေနဖို႔လိုပါတယ္။ ဒီေတာ့ ေက်းဇူးျပဳၿပီး မွ်ေဝဖို႔ စဥ္းစားေပးပါ။ Share ဖု႔ိ မျဖစ္ႏုိင္ဘူးဆိုရင္လည္း Like လုပ္ပါ။ Comment ေလးတစ္ေၾကာင္းခ်န္ခဲ့ပါ။ သို႔မဟုတ္ သူငယ္ခ်င္းေတြဆီ ဆက္ပို႔ေပးပါ။ လူအမ်ားကို အသိပညာေပးဖို႔အတြက္ ဒီအေၾကာင္းအရာကို ျဖန္႔ႏုိင္သမွ်ျဖန္႔ေပးျခင္းဟာ လူ႔အသက္ေတြကိုကယ္ဆယ္ရာလည္းေရာက္ပါတယ္။

အခုပဲ #Share လုိက္ပါ။
#အပ်ိဳစင္
#အမ်ားျပည္သူနားလည္သေဘာေပါက္ေရး
#ဘာသာျပန္
မူရင္းေဆာင္းပါးရွင္ – Ameetab Amit
အထက္ပါ အသိပညာေပး အေတြးအျမင္ေဆာင္းပါးကို #MUNA မွ ဘာသာျပန္တင္ဆက္ပါတယ္။
Ameetab Amit

#Unicode Version#
ကျွန်တော်တို့တွေ အမျိုးသမီးတွေရဲ့ အပျိုစင်ဖြစ်မှုအကြောင်း မနေ့က ဆွေးနွေးခဲ့ကြတယ်။ တစ်ချို့ကျတော့ မိန်းကလေးတစ်ယောက် အပျိုစင်ဖြစ်မှုကိုသေချာပေါက်သိနိုင်တာဆိုလို့ သူတို့ပထမဆုံး လိင်ဆက်ဆံချိန်မှာ သွေးထွက်ရမယ်လို့ ဆိုကြတယ်။ သေချာတာက အဲဒီလိုအတွေးအခေါ်မျိုးကို အများစုက ဆုပ်ကိုင်ထားကြမှာဖြစ်ပေမယ့် ဒါဟာမှားယွင်းနေပါတယ်။

သွေးထွက်ခြင်းက မိန်းကလေးတစ်ယောက် အပျိုစင်ဖြစ်မှု၊ မဖြစ်မှုကို မဆုံးဖြတ်ပေးနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီဆောင်းပါးကို ကျွန်တော်တို့ရဲ့ ငယ်ရွယ်တဲ့ အမျိုးသား၊ အမျိုးသမီးထုကြီးအတွက် ပညာပေးအနေနဲ့ တင်ဆက်လိုက်ရတာဖြစ်ပါတယ်။

အမျိုးသမီး အပျိုစင်ယုံတမ်း

အမျိုးသမီးအများစုဟာ သူတို့ပထဆုံးလိင်ဆက်ဆံချိန်မှာ ဘာကြောင့်သွေးမထွက်ရသလဲ။ အရှေ့နဲ့ အလယ်အာရှမှာ အဲဒီယုံတမ်းဟာ တော်တော်ခေတ်စားပါတယ်။ အထူးသဖြင့်ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်အစရှိသဖြင့်ပေါ့။ (မြန်မာနိုင်ငံလည်းပါဝင်ပါတယ်)။ ပြီးတော့ အာဖရိက (နိုင်ဂျီးရီးယားနဲ့ တခြားနိုင်ငံတော်တော်များများ)လည်းပါဝင်ပါတယ်။ အဲဒီဒေသတွေမှာ အမျိုးသမီးတစ်ယောက် အပျိုစင်ဖြစ်ခြင်းကို သူတို့ပထမဆုံးအကြိမ် လိင်ဆက်ဆံတဲ့အခါ သွေးထွက်ခြင်းနဲ့ ဆုံးဖြတ်နိုင်တယ်လို့ ဆိုကြတယ်။ ဒီအဆိုမှာ အမှန်တရားကတော့ သုညပါပဲ။ အမျိုးသမီးတိုင်း ပထမဆုံး လိင်ဆက်ဆံတဲ့အခါသွေးမထွက်ကြပါဘူး။ ဒီဆောင်းပါးမှာ ရှင်းပြပါမယ်။

တစ်ချို့အမျိုးသမီးတွေ သွေးထွက်ပြီး တစ်ချို့သွေးမထွက်တဲ့ကိစ္စကို နားလည်ဖို့အတွက် အရေးအကြီးဆုံးကတော့ အပျိုစင်အမြှေး/ကညာမြှေး ဘာလဲဆိုတာကို သိဖို့လိုပါတယ်။ အပျိုစင်အမြှေးဆိုတာ အမြှေးပါးတစ်ခုဖြစ်ပြီး မိန်းမကိုယ်အပေါက် (ယောနိ)ကို ကာပေးထားပါတယ်။ (ဒီအမြှေးပါးဟာ တစ်ချို့တွေ အတွေးမှားနေကြသလိုမိန်းမကိုယ်အပေါက်တစ်ခုလုံးကို ပိတ်ဆို့ထားခြင်း သို့မဟုတ် ကာကွယ်ထားခြင်းမရှိပါဘူး)။ နောက်ပြီးတော့ အမျိုးသမီးတိုင်းမှာ အပျိုမြှေးပါမလာခဲ့ကြဘူး။ အဲဒီအပျိုမြှေးဟာလည်း အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်မတူကြပြန်ဘူး။ အမျိုးသမီးတိုင်းမှာ မတူညီတဲ့ အရပ်အမောင်း၊ ကိုယ်အလေးအချိန်နဲ့ ရုပ်ဆင်းသွင်ပြင်ပိုင်ဆိုင်ထားသလိုပေါ့။ တစ်ချို့အမျိုးသမီးတွေမှာ အပျိုမြှေးထူထူပါတယ်၊ တစ်ချို့တွေမှာ ပါးပါးလျလျလေးသာပါတယ်။ တစ်ချို့မှာတော့ ပါကို မပါလာခဲ့ကြဘူး။ တစ်ချို့အမျိုးသမီးတွေမှာ အပျိုမြှေးကြီးကြီးပါတယ်၊ တစ်ချို့တွေမှာ သဘာဝအတိုင်းကိုက အပျိုမြှေးသေးလွန်းတာကြောင့် မိန်းမကိုယ်အပေါက်ကို ကာထားပေးနိုင်ခြင်းမရှိဘူး (ဆိုလိုတာက ပထမဆုံး လိင်ဆက်ဆံတဲ့အခါ အပျိုမြှေးက လမ်းကြောင်းမှာခံနေမှာမဟုတ်ဘူး)။ ဆက်လက်ဖြည့်စွက်ပြောရရင် အပျိုမြှေးဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ တဖြေးဖြေးနဲ့ သူ့အလိုလို ကွယ်ပျောက်သွားမှာပါ။
.
အမျိုးသမီးအများစုမှာတော့ အပျိုမြှေးဟာ ကာယလေ့ကျင့်ခန်းလုပ်ခြင်း၊ စက်ဘီး/ဆိုင်ကယ်စီးခြင်း၊ မြင်းစီးခြင်းတွေကြောင့် သူ့အလိုလိုကွယ်ပျောက်သွားနိုင်ပါတယ်။ ကခုန်ခြင်းအပါအဝင် တခြားလှုပ်ရှားသွားလာမှုကြောင့်လည်း ကွယ်ပျောက်သွားနိုင်ပါတယ်။ သို့မဟုတ် အမျိုးသမီးလစဉ်သုံးပစ္စည်းတစ်ခုဖြစ်တဲ့ သွေးထိန်းတောင့် (Tampon) အသုံးပြုရင်လည်း အပျိုမြှေးပျောက်သွားနိုင်ပါတယ်။ အထူးသဖြင့် အပျိုမြှေးဟာ သေးခြင်း သို့မဟုတ် ပါးလွှာခြင်းရှိရင်ပေါ့။ မိန်းကလေးငယ်အသက်ကြီးလာတာနဲ့အမျှ ပျောက်သွားမှာပါ။

အကယ်လို့ အမျိုးသမီးတစ်ယောက် အပျိုမြှေးမပါဘဲမွေးလာခဲ့ရင် သူပထမဆုံးလိင်ဆက်ဆံတဲ့အခါ သွေးထွက်ချင်မှထွက်မှာပါ။ အကယ်လို့ အမျိုးသမီးတစ်ယောက်ရဲ့ အပျိုမြှေးက သေးငယ်ပြီး ပါးလွှာနေရင်လည်း ပထမဆုံးလိင်ဆက်ဆံတဲ့အခါ သွေးထွက်ချင်မှ ထွက်မှာပါ။ အကယ်လို့ အမျိုးသမီးတစ်ယောက်ရဲ့ အပျိုမြှေးဟာ အသက်အရွယ်ကြောင့် သူ့ဟာသူကွယ်ပျောက်သွားခဲ့ရင်(မိန်းကလေးငယ်တွေ အရွယ်ရောက်လာတဲ့အခါ ကြုံရလေ့ရှိ) ပထမဆုံးလိင်ဆက်ဆံတဲ့အခါ သွေးထွက်ချင်မှ ထွက်မှာပါ။

ဗြိတိသျှဆေးပညာဂျာနယ်ကဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ အမျိုးသမီးအများစု – အနည်းဆုံး ၆၃% သောအမျိုးသမီးတွေဟာ သူတို့ပထမဆုံး လိင်စ ဆက်ဆံတဲ့အခါ သွေးမထွက်ကြပါဘူးတဲ့။ သွေးထွက်တဲ့အမျိုးသမီးတွေထဲမှာ အပျိုမြှေးထူသူတွေ (လူဦးရေရာခိုင်နှုန်းတော်တော်နည်းပါး)နဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတွေပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပျိုမြှေးဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှသူ့အလိုလိုပျောက်သွားတတ်ပါတယ်။ သဘောက အသက် (၁၆)နှစ်အရွယ် အမျိုးသမီးငယ်ဟာ အသက် (၂၅)နှစ်အရွယ် အမျိုးသမီးထက် သွေးထွက်နိုင်ခြေပိုများပါတယ်။ မိမိကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့အသက်အရွယ် သို့မဟုတ် အဲဒီအထက် – (၁၈)၊ (၂၀)၊ (၂၄)နှစ် အရွယ်တွေရောက်ရင်၊ ဥပမာအနေဲ့ပေါ့၊ အဲဒီမိန်းကလေးတွေရဲ့ အပျိုမြှေးဟာ သူ့အလိုလိုကွယ်ပျောက်သွားမှာပါ။ ဆိုလိုတာက သူမသွေးအများအပြားထွက်ချင်မှထွက်မယ်၊ မထွက်ချင်လည်း မထွက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးငယ်လေးတစ်ယောက်ဟာလည်း ကိုယ်ကာယလှုပ်ရှားမှုတက်တက်ကြွကြွရှိတယ်၊ ပြီးတော့ သေးငယ်ပြီးပါးလွှာတဲ့ အပျိုမြှေးရှိတယ်၊ သို့မဟုတ် အပျိုမြှေးမပါလာဘူးဆိုရင် သူပထမဆုံးလိင်ဆက်ဆံတဲ့အခါ သွေးထွက်ချင်မှထွက်မှာပါ။

အများအားဖြင့် အမျိုးသမီးတွေ သွေးထွက်ရတယ်ဆိုတာ သူတို့တွေဟာ ကြမ်းကြမ်းတမ်းတမ်းလိင်ဆက်ဆံတာနဲ့ကြုံရလို့ဖြစ်ပါတယ်။ အကယ်လို့ အမျိုးသမီးဘက်က အသင့်မဖြစ်ခင်၊ သက်တောင့်သက်သာမဖြစ်ခင် သို့မဟုတ် စိတ်ပါလက်ပါမဖြစ်ခင် အမျိုးသားက အတင်းထိုးသွင်းခဲ့ရင် မိန်းမကိုယ်ဒဏ်ရာရခြင်း သို့မဟုတ် သွေးထွက်ခြင်းဖြစ်နိုင်ပါတယ်။ လူအများစုက အမျိုးသမီးတစ်ယောက် ပထမဆုံးအကြိမ်လိင်ဆက်ဆံရင် သွေးထွက်ခြင်းဟာ သာမန်ဖြစ်စဉ်တစ်ခုလို့သာတွေးကြပြီး အပျိုမြှေးပေါက်လို့မဟုတ်ဘဲ သူတို့တွေနာကျင်လို့သွေးထွက်ရတာဆိုတဲ့ အသိမျိုးမရှိကြပါဘူး။ ပထမဆုံးလိင်ဆက်ဆံတဲ့အခါ နာကျင်ခြင်းဟာ ယေဘုယျပြောရရင် အမျိုးသမီးဘက်က သက်တောင့်သက်သာမရှိခြင်း သို့မဟုတ် စိတ်ပါလက်ပါမရှိသေးခြင်းကြောင့်ဖြစ်ပြီး ရလဒ်ကတော့ နာကျင်ခြင်းသာဖြစ်ပါတယ်။ အပျိုမြှေးပေါက်လို့ဖြစ်ရတာကတော့ ရှားရှားပါးပါးပါပဲ။

အဓိကအချက်ကို ခြုံပြောရရင် အမျိုးသမီးတစ်ယောက်အပျိုဟုတ်မဟုတ် ဆုံးဖြတ်ဖို့ နည်းလမ်းမရှိပါဘူး။ သွေးထွက်ခြင်းကလည်း အပျိုဖြစ်မဖြစ်နဲ့ လားလားမျှမဆိုင်ပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ အပျိုမြှေးနဲ့သာသက်ဆိုင်တယ်ဆိုပေမယ့် အဲဒီအပျိုမြှေးကလည်း တစ်ယောက်နဲ့တစ်ယောက် မွေးကတည်းက မတူကြပြန်ဘူး။ ဆိုတော့ ပထမဆုံးလိင်ဆက်တဲ့အခါ သွေးထွက်တဲ့အမျိုးသမီးရာခိုင်နှုန်းဟာ နည်းနည်းသာရှိပါတယ်။ (ဗြိတိသျှဆေးပညာဂျာနယ်ရဲ့ဖော်ပြချက်အရ အမျိုးသမီး ၃၇% သာ ပထမဆုံးလိင်ဆက်ဆံချိန်မှာ သွေးထွက်ပါသတဲ့)။

ဒီအကြောင်းအရာကို သတိပြုဆင်ခြင်ဖို့ ဘာကြောင့်အရေးကြီးတယ်ထင်ပါသလဲ။ ကမ္ဘာတစ်ဝန်းမှာ အမျိုးသမီးတွေဟာ ဒီအပျိုစင်ယုံတမ်းကြောင့် အလွဲသုံးစားလုပ်ခံရ၊ မတော်မတရားလုပ်ခံရ၊ ဒဏ်ရာအနာတရဖြစ်အောင်လုပ်ခံရတဲ့အပြင် သတ်ဖြတ်ခြင်းပါခံနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအများစု (အမျိုးသားရော အမျိုးသမီးရော) က သွေးထွက်ခြင်းဟာ အပျိုစင်ဖြစ်ခြင်းရဲ့ လက္ခဏာလို့ တွေးထင်ကြပါတယ်။ ပထမဆုံးလိင်ဆက်ဆံချိန် သွေးမထွက်တဲ့အမျိုးသမီးတွေခမျာ ကွာရှင်းပြတ်စဲခံရခြင်း၊ သံသယကြောင့် အိမ်တွင်းအကြမ်းဖက်ခံရခြင်း၊ အနိုင်ကျင့်စော်ကားခံရခြင်းနဲ့ ဂုဏ်သိက္ခာအတွက် သတ်ဖြတ်ခြင်းတွေခံနေရပါတယ်။

အမျိုးသမီးတစ်ယောက် ပထမဆုံးလိင်ဆက်ဆံချန် သွေးထွက်ဖို့အရေးမကြီးဘူးဆိုတဲ့အကြောင်းကို လူတွေ အသိဝင်အောင် ပညာပေးဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသမီးတိုင်းမှာ ထူထဲတဲ့ အပျိုမြှေးမပါပါဘူး။ ပြီးတော့ တစ်ချို့ဆိုရင် အပျိုမြှေးကို ပါမလာခဲ့တာပါ။ ဒီလို ပညာပေးခြင်းဟာ လူ့အသက်တွေကို ကယ်ဆယ်နိုင်တဲ့အထိ အရေးပါလှပါတယ်။

ဖြည့်စွက်ချက် – ဖော်ပြခဲ့တဲ့အကြောင်းအရာမျိုးကို Share (မျှဝေ) ချင်ပါတယ်ဆိုရင်တောင် လူတိုင်း Share အဆင်မပြေနိုင်ဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေကို ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး လူများများဆီရောက်နိုင်သမျှရောက်အောင် အသိပညာပေးဖို့အတွက် News feed မှာ ပျံ့နှံ့နေဖို့လိုပါတယ်။ ဒီတော့ ကျေးဇူးပြုပြီး မျှဝေဖို့ စဉ်းစားပေးပါ။ Share ဖု့ိ မဖြစ်နိုင်ဘူးဆိုရင်လည်း Like လုပ်ပါ။ Comment လေးတစ်ကြောင်းချန်ခဲ့ပါ။ သို့မဟုတ် သူငယ်ချင်းတွေဆီ ဆက်ပို့ပေးပါ။ လူအများကို အသိပညာပေးဖို့အတွက် ဒီအကြောင်းအရာကို ဖြန့်နိုင်သမျှဖြန့်ပေးခြင်းဟာ လူ့အသက်တွေကိုကယ်ဆယ်ရာလည်းရောက်ပါတယ်။

အခုပဲ #Share လိုက်ပါ။
#အပျိုစင်
#အများပြည်သူနားလည်သဘောပေါက်ရေး
#ဘာသာပြန်

မူရင်းဆောင်းပါးရှင် – Ameetab Amit
အထက်ပါ အသိပညာပေး အတွေးအမြင်ဆောင်းပါးကို #MUNA မှ ဘာသာပြန်တင်ဆက်ပါတယ်။
Ameetab Amit

လူသတ္ေကာင္ကို ပုဂၢိဳလ္ကန္ေတာ့ခံျဖစ္ေၾကာင္းမၾကံၾကေလႏွင့္

ရန္ကုန္ျမိဳ႕ေတာ္ခန္းမ၌ ဒီဇင္ဘာလ၂၉ရက္ေန ့နက္ပုိင္းက က်င္းပတဲ ့ ၁၃၈၀ ျပည့္ႏွစ္ စာဆုိေတာ္ေန႔အထိမ္းအမွတ္ သက္ႀကီးစာေပပညာရွင္မ်ား ပူေဇာ္ကန္ေတာ့ပြဲမွာ စာအုပ္အခ်ဳိ႕ ေရးသားခဲ့ဖူးသည့္ ဗုိလ္ခ်ဳပ္ႀကီးေဟာင္း ဦးခင္ညြန္႕ပါဝင္ေနတာနဲ့ပတ္သက္ျပီး ၈ေက်ာင္းသားေဟာင္းကိုမင္းကိုနိူင္က "မည္သည့္အေၾကာင္းႏွင့္မွ်လူသတ္ေကာင္ကို ပုဂၢိဳလ္ကန္ေတာ့ခံျဖစ္ေၾကာင္းမၾကံၾကေလႏွင့္ "ဟုျပတ္ျပတ္သားသားေရးခဲ့ပါတယ္။





လိုင္စင္မဲ့ႏွင့္စည္းကမ္းမလိုက္နာသည့္ ယာဥ္အားလံုးကို ဖမ္းမည္၊ လူမႈကူညီကယ္ဆယ္ေရးအသင္းမ်ားပင္ ခ်န္မည္မဟုတ္ပါ

ေမာ္လျမိဳင္၊ ဒီဇင္ဘာ ၂၇ မြန္ျပည္နယ္တြင္စည္းကမ္းပ်က္ယာဥ္မ်ားဖမ္းဆီးအေရးယူမႈကို ရက္ ၁၀၀ စီမံခ်က္ျဖင့္ ၁ဝ ျမိဳ႕နယ္စလံုး တစ္ျပိဳင္နက္ လုပ္ေဆာင္ သြားမည္ဟု မြန္ျပည္နယ္ လံုျခံဳေရး ႏွင့္ နယ္စပ္ေရးရာဝန္ၾကီး ဗိုလ္မွဴးၾကီးေနထြဋ္ဦးကေျပာသည္ မြန္ျပည္နယ္ အစိုးရအဖြဲ႕ရံုး၌ ဒီဇင္ဘာ ၂၇ ရက္က ယင္းစီမံခ်က္ အေၾကာင္း သတင္းမီဒီယာမ်ားအား ေခၚယူ ရွင္းလင္းစဥ္ စည္းကမ္းပ်က္ယာဥ္ဟုဆိုရာတြင္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း မလိုက္နာေသာယာဥ္မ်ားႏွင့္ စာရြက္စာတမ္း မျပည့္စုံေသာယာဥ္မ်ား၊ လိုင္စင္မဲ့ယာဥ္မ်ားလည္းပါဝင္သည္ဟု ၎ကေျပာသည္။ ဒါဟာ မလုပ္လို႔မရေတာ့ဘူးဆိုတဲ့ အေနအထားမ်ိဳးေရာက္လာတယ္။ ျဖစ္ကိုျဖစ္ေနတယ္။ အဲဒီေတာ့ စီမံခ်က္ခ်ျပီး ေဆာင္ရြက္သြားဖို႔ အစိုးရအဖြဲ႕ရဲ႕ လမ္းညႊန္ခ်က္ေကာ ခြင့္ျပဳခ်က္ေကာ ရရွိျပီးျဖစ္ပါတယ္”ဟု ၎ကဆက္ေျပာသည္။

ယင္းစီမံခ်က္ကို ၂ဝ၁၉ ႏွစ္ဆန္းပိုင္းတြင္ စတင္မည္ျဖစ္ျပီး ျမိဳ႕နယ္အဆင့္ တာဝန္ရွိသူမ်ားႏွင့္ ေတြ႔ဆံုကာ လုပ္ေဆာင္သြားမည္ျဖစ္ကာ အေသးစိတ္စီမံခ်က္မ်ား၊ တာဝန္ထမ္းေဆာင္မည့္ လူနာမည္စာရင္းမ်ားကအစ တိက်စြာေဆာင္ရြက္ျပီးသည္ႏွင့္ စီမံခ်က္စတင္မည္ဟု ဆိုသည္။

ထိုသို႔ လုပ္ေဆာင္ရာတြင္ ဘာသာေရး၊ လူမႈေရး၊ ဌာနဆိုင္ရာ၊ အျခားအဖြဲ႕အစည္းမ်ားႏွင့္ တစ္သီးပုဂၢလ သံုးစြဲေနေသာ လိုင္စင္မဲ့ကားအားလံုးကို ဥပေဒအတိုင္း ဖမ္းဆီးသြားမည္ဟု ၎ကေျပာသည္။ စီမံခ်က္တြင္ အသိပညာေပးျခင္း၊ ဖမ္းဆီးအေရးယူျခင္းႏွင့္ ျပန္လည္သံုးသပ္ျခင္းဟူ၍ အပိုင္းသံုးပိုင္း ခြဲထား ျပီး တစ္ပတ္တစ္ၾကိမ္တိုးတက္မႈအစီရင္ခံစာမ်ား၊ ေအာင္ျမင္မႈရွိမရွိ တစ္လတစ္ၾကိမ္ ျပန္လည္သံုးသပ္မႈမ်ား ျပဳလုပ္သြားမည္ဟု ဗိုလ္မွဴးၾကီးေနထြဋ္ဦးကေျပာသည္။

ေမာ္လျမိဳင္ျမိဳ႕ ဘိုဘိုဝင္းအေရးေပၚလူမႈကယ္ဆယ္ေရးမွ ကိုဘိုဘုိဝင္းက ယာဥ္ေမာင္းသူမ်ား စည္းကမ္းလိုက္နာမႈ အလြန္အားနည္းေသာေၾကာင့္ မြန္ျပည္နယ္တြင္ ယာဥ္မေတာ္တဆမႈ ပိုမ်ားလာေၾကာင္း၊ ယခုထက္ပိုမိုထိေရာက္ေသာ ဖမ္းဆီးအေရးယူမႈမ်ားလိုအပ္ေနေၾကာင္းေျပာသည္။

လိုင္စင္မဲ့ယာဥ္မ်ားႏွင့္ ပတ္သက္၍ “ကယ္ဆယ္ေရး လူမႈအဖြဲ႕အစည္းေတြက လိုင္စင္မဲ့ယာဥ္ေတြပဲ သံုးေနရတာေလ။ ဒီလိုင္စင္မဲ့ယာဥ္ေတြမွ ဖမ္းဆီးမယ္ဆိုရင္ မသံုးရံုပဲရွိမယ္။ အဲေတာ့ လက္ရွိကယ္ဆယ္ေရးျပႆနာေတြ ေျဖရွင္းႏိုင္ျခင္းမရွိေတာ့ဘူးေပါ့” ဟု၎ကေျပာသည္ မြန္ျပည္နယ္ လံုျခံဳေရးႏွင့္ နယ္စပ္ေရးရာ ဝန္ၾကီးသစ္ ဗိုလ္မွဴးၾကီးေနထြဋ္ဦးက မူးယစ္ေဆးဝါးႏွင့္ ယာဥ္အႏၱရာယ္အတြက္ လူငယ္မ်ားကို ပညာေပးမႈမ်ား လုပ္ေဆာင္သြားမည္ဟု ႏိုဝင္ဘာလ ၁၆ ရက္ေန႔က ျပည္နယ္လႊတ္ေတာ္ အေရးေပၚအစည္းအေဝး၌ ေျပာခဲ့သည္။
စႏၵာဉာဏ္
Hinthar Media

#Unicode Version#
မော်လမြိုင်၊ ဒီဇင်ဘာ ၂၇ မွန်ပြည်နယ်တွင်စည်းကမ်းပျက်ယာဉ်များဖမ်းဆီးအရေးယူမှုကို ရက် ၁၀၀ စီမံချက်ဖြင့် ၁ဝ မြို့နယ်စလုံး တစ်ပြိုင်နက် လုပ်ဆောင် သွားမည်ဟု မွန်ပြည်နယ် လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးကပြောသည် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာ ၂၇ ရက်က ယင်းစီမံချက် အကြောင်း သတင်းမီဒီယာများအား ခေါ်ယူ ရှင်းလင်းစဉ် စည်းကမ်းပျက်ယာဉ်ဟုဆိုရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသောယာဉ်များနှင့် စာရွက်စာတမ်း မပြည့်စုံသောယာဉ်များ၊ လိုင်စင်မဲ့ယာဉ်များလည်းပါဝင်သည်ဟု ၎င်းကပြောသည်။ ဒါဟာ မလုပ်လို့မရတော့ဘူးဆိုတဲ့ အနေအထားမျိုးရောက်လာတယ်။ ဖြစ်ကိုဖြစ်နေတယ်။ အဲဒီတော့ စီမံချက်ချပြီး ဆောင်ရွက်သွားဖို့ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်ကော ခွင့်ပြုချက်ကော ရရှိပြီးဖြစ်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။

ယင်းစီမံချက်ကို ၂ဝ၁၉ နှစ်ဆန်းပိုင်းတွင် စတင်မည်ဖြစ်ပြီး မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ဆောင်သွားမည်ဖြစ်ကာ အသေးစိတ်စီမံချက်များ၊ တာဝန်ထမ်းဆောင်မည့် လူနာမည်စာရင်းများကအစ တိကျစွာဆောင်ရွက်ပြီးသည်နှင့် စီမံချက်စတင်မည်ဟု ဆိုသည်။

ထိုသို့ လုပ်ဆောင်ရာတွင် ဘာသာရေး၊ လူမှုရေး၊ ဌာနဆိုင်ရာ၊ အခြားအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလ သုံးစွဲနေသော လိုင်စင်မဲ့ကားအားလုံးကို ဥပဒေအတိုင်း ဖမ်းဆီးသွားမည်ဟု ၎င်းကပြောသည်။ စီမံချက်တွင် အသိပညာပေးခြင်း၊ ဖမ်းဆီးအရေးယူခြင်းနှင့် ပြန်လည်သုံးသပ်ခြင်းဟူ၍ အပိုင်းသုံးပိုင်း ခွဲထား ပြီး တစ်ပတ်တစ်ကြိမ်တိုးတက်မှုအစီရင်ခံစာများ၊ အောင်မြင်မှုရှိမရှိ တစ်လတစ်ကြိမ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားမည်ဟု ဗိုလ်မှူးကြီးနေထွဋ်ဦးကပြောသည်။

မော်လမြိုင်မြို့ ဘိုဘိုဝင်းအရေးပေါ်လူမှုကယ်ဆယ်ရေးမှ ကိုဘိုဘိုဝင်းက ယာဉ်မောင်းသူများ စည်းကမ်းလိုက်နာမှု အလွန်အားနည်းသောကြောင့် မွန်ပြည်နယ်တွင် ယာဉ်မတော်တဆမှု ပိုများလာကြောင်း၊ ယခုထက်ပိုမိုထိရောက်သော ဖမ်းဆီးအရေးယူမှုများလိုအပ်နေကြောင်းပြောသည်။

လိုင်စင်မဲ့ယာဉ်များနှင့် ပတ်သက်၍ “ကယ်ဆယ်ရေး လူမှုအဖွဲ့အစည်းတွေက လိုင်စင်မဲ့ယာဉ်တွေပဲ သုံးနေရတာလေ။ ဒီလိုင်စင်မဲ့ယာဉ်တွေမှ ဖမ်းဆီးမယ်ဆိုရင် မသုံးရုံပဲရှိမယ်။ အဲတော့ လက်ရှိကယ်ဆယ်ရေးပြဿနာတွေ ဖြေရှင်းနိုင်ခြင်းမရှိတော့ဘူးပေါ့” ဟု၎င်းကပြောသည် မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးသစ် ဗိုလ်မှူးကြီးနေထွဋ်ဦးက မူးယစ်ဆေးဝါးနှင့် ယာဉ်အန္တရာယ်အတွက် လူငယ်များကို ပညာပေးမှုများ လုပ်ဆောင်သွားမည်ဟု နိုဝင်ဘာလ ၁၆ ရက်နေ့က ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး၌ ပြောခဲ့သည်။
စန္ဒာဉာဏ်
Hinthar Media

ဓာတ္တုိင္ဝင္တိုက္သည့္ယာဥ္ေပၚမွ က်ပ္သိန္းေပါင္း ၁ သိန္းေက်ာ္တန္ဖုိးရွိ ဘိန္းျဖဴမ်ား ဖမ္းဆီးမိ

ကြန္ဟိန္းၿမိဳ႕နယ္မွာ လမ္းေဘးဓာတ္တုိင္ ဝင္တုိက္တဲ့ ယာဥ္တစီးကုိ စစ္ေဆးရာမွာ က်ပ္သိန္းေပါင္း ၁ သိန္းေက်ာ္ တန္ဖုိးရွိ ဘိန္းျဖဴေတြ ဖမ္းဆီးမိခဲ့တယ္လုိ႔ ႏုိင္ငံပုိင္သတင္းမွာ ေဖာ္ျပပါတယ္။ ရွမ္းျပည္နယ္ေတာင္ပုိင္း ကြန္ဟိန္းၿမိဳ႕ အမွတ္ ၁ ရပ္ကြက္ တံတားအနီး လမ္းေဟာင္းမွာ ဒီဇင္ဘာ ၂၈ ရက္ေန႔ ညေနပုိငး္က လမ္းေဘးဓာတ္တုိင္ကုိ ဝင္တုိက္တဲ့ ေျခာက္ဘီးယာဥ္ကုိ စစ္ဆးရာကေန က်ပ္သိန္း ၁၀၃၈၅၈ ဒသမ ၈ သိန္းတန္ဖုိးရွိ ဘိန္းျဖဴ ၅၁၉ ဒသမ ၂၉၄ ကီလုိနဲ႔ ဆက္စပ္ပစၥည္းေတြ ဖမ္းမိခဲ့တယ္လို႔ ဆုိပါတယ္။

ဓာတ္တုိင္ဝင္တုိက္တဲ့ယာဥ္ကုိ ကြန္ဟိန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ တာဝန္ရွိသူေတြက စစ္ေဆးရာမွာ ယာဥ္ပုိင္ရွင္ ေဒၚပါစံကုိ ေတြ႔ရၿပီး ယာဥ္ေပၚ ေျပာင္းဆန္အိတ္ ၂၃ အိတ္အတြင္းက သုိ၀ွက္သယ္လာတဲ့ ဘိန္းျဖဴေတြ ဖမ္းဆီးမိခဲ့တာလည္း ျဖစ္ပါတယ္။

ယာဥ္ပုိင္ရွင္ ေဒၚပါစံနဲ႔ ယာဥ္ေမာင္း စုိင္းပီတုိ႔ကုိ ကြန္းဟိန္ၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးေနတယ္လုိ႔ သိရပါတယ္။
Dvb

#Unicode Version#

ကွန်ဟိန်းမြို့နယ်မှာ လမ်းဘေးဓာတ်တိုင် ဝင်တိုက်တဲ့ ယာဉ်တစီးကို စစ်ဆေးရာမှာ ကျပ်သိန်းပေါင်း ၁ သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့ အမှတ် ၁ ရပ်ကွက် တံတားအနီး လမ်းဟောင်းမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်တဲ့ ခြောက်ဘီးယာဉ်ကို စစ်ဆးရာကနေ ကျပ်သိန်း ၁၀၃၈၅၈ ဒသမ ၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၅၁၉ ဒသမ ၂၉၄ ကီလိုနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်တိုင်ဝင်တိုက်တဲ့ယာဉ်ကို ကွန်ဟိန်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စစ်ဆေးရာမှာ ယာဉ်ပိုင်ရှင် ဒေါ်ပါစံကို တွေ့ရပြီး ယာဉ်ပေါ် ပြောင်းဆန်အိတ် ၂၃ အိတ်အတွင်းက သိုဝှက်သယ်လာတဲ့ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့တာလည်း ဖြစ်ပါတယ်။

ယာဉ်ပိုင်ရှင် ဒေါ်ပါစံနဲ့ ယာဉ်မောင်း စိုင်းပီတို့ကို ကွန်းဟိန်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

စတိုးဆိုင္​၀န္‌ထမ္‌း မိန္‌းက‌ေလးကို ဘ၀တူ၀န္‌ထမ္‌းႏွစ္​​ဦး ကအႀကိမ္‌ႀကိမ္‌ သားမယားျပဳက်င့္


စတိုးဆိုင္​၀န္‌ထမ္‌း မိန္‌းက‌ေလးကို ဘ၀တူ၀န္‌ထမ္‌း အမ်ိဳးသားႏွစ္​​ေယာက္ ကအႀကိမ္‌ႀကိမ္‌ သားမယားျပဳက်င့္လို႔ ကိုယ္‌၀န္‌ ၃ လ ရိွ‌ေနခ်ိန္‌မွာ မိန္းကေလးက အမႈ႔ဖြင့္

ဒဂံုဆိပ္‌ကမ္‌းၿမိဳ႕နယ္‌ ရပ္‌ကြက္‌တြင္‌‌ေနထိုင္‌သူမသည္‌ ယခုႏွစ္​ ဧၿပီလကဒဂံုၿမိဳ႕သစ္ ‌ေတာင္‌ပိုင္‌း ၅၅ ရပ္‌ကြက္‌ ‌ေလွာ္‌ကားလမ္‌းရိွ စတိုးဆိုင္‌ တခုတြင္ ​လစာ က်ပ္‌တသိန္‌းျဖင္‌့ အ‌ေရာင္‌း၀န္‌ထမ္‌း လုပ္‌ကိုင္‌‌ေနစဥ္‌ ဇြန္‌လအတြင္‌းက စတိုးဆိုင္​၀န္‌ထမ္‌း အမ်ိဳးသားတစ္‌ဦးက သားမယားျပဳက်င့္ခဲ့ၿပီး ႐ွက္‌‌ေၾကာက္‌သျဖင္‌့ ဆိုင္‌႐ွင္‌ႏွင္‌့ မိဘမ်ားကို မ‌ေျပာျပခဲ့ဘဲ အလုပ္‌ဆက္‌လုပ္‌‌ေနစဥ္‌ ဆိုင္‌မွအျခား၀န္‌ထမ္‌းအမ်ိဳးသားတစ္​ဦးက မိန္‌းက‌ေလး ျဖစ္‌ပ်က္‌ခဲ့သည္‌ကိစၥကို သိရိွၿပီး ‌ေဖ့စ္‌ဘြတ္‌ခ္‌ ‌ေပၚတင္‌မည္‌ဟု အၾကပ္‌ကိုင္‌ ၿခိမ္‌း‌ေျခာက္‌ကာ ထပ္‌မံ၍သားမယားအျဖစ္​ ျပဳက်င္​့ ခဲ့‌ေၾကာင္‌း။
၎‌ေနာက္‌ အဆိုပါ ဆိုင္‌၀န္‌ထမ္‌း အမ်ိဳးသားႏွစ္‌‌ေယာက္‌က ဇြန္​လ မွ ႏို၀င္​ဘာလ အထိအႀကိမ္​ႀကိမ္​ သားမယားျပဳက်င္‌့ ခဲ့‌ေသာ‌ေၾကာင္‌့မိန္‌းက‌ေလး တြင္‌ ယခုအခါ ကိုယ္‌၀န္‌ ၃လ ရိွ‌ေနၿပီျဖစ္‌၍ ရဲစခန္​း သို႔ လာ‌ေရာက္‌တိုင္‌ၾကားရျခင္‌းျဖစ္‌‌ေၾကာင္‌း မိန္‌းက‌ေလးက ထြက္‌ဆိုသျဖင္‌့ ဒဂံုၿမိဳ႕သစ္ ‌ေတာင္‌ပိုင္‌း ၿမိဳ႕မရဲစခန္​းက ပုဒ္​မ ၃၇၆ျဖင္‌့အမႈ႕ဖြင္‌့ၿပီး တိုင္‌ၾကားခံရသည္‌့အမ်ိဳးသား ၂‌ေယာက္‌အားဖမ္‌းဆီး စစ္‌‌ေဆး‌ေန‌ေၾကာင္‌း ဂ်ာနယ္​ မွာ ‌ေရးသား‌ေဖာ္‌ျပထားပါတယ္‌။
Realthadin

#Unicode Version#

စတိုးဆိုင်ဝန်‌ထမ်‌း မိန်‌းက‌လေးကို ဘဝတူဝန်‌ထမ်‌း အမျိုးသားနှစ်ယောက် ကအကြိမ်‌ကြိမ်‌ သားမယားပြုကျင့်လို့ ကိုယ်‌ဝန်‌ ၃ လ ရှိ‌နေချိန်‌မှာ မိန်းကလေးက အမှု့ဖွင့်

ဒဂုံဆိပ်‌ကမ်‌းမြို့နယ်‌ ရပ်‌ကွက်‌တွင်‌‌နေထိုင်‌သူမသည်‌ ယခုနှစ် ဧပြီလကဒဂုံမြို့သစ် ‌တောင်‌ပိုင်‌း ၅၅ ရပ်‌ကွက်‌ ‌လှော်‌ကားလမ်‌းရှိ စတိုးဆိုင်‌ တခုတွင် လစာ ကျပ်‌တသိန်‌းဖြင်‌့ အ‌ရောင်‌းဝန်‌ထမ်‌း လုပ်‌ကိုင်‌‌နေစဉ်‌ ဇွန်‌လအတွင်‌းက စတိုးဆိုင်ဝန်‌ထမ်‌း အမျိုးသားတစ်‌ဦးက သားမယားပြုကျင့်ခဲ့ပြီး ရှက်‌‌ကြောက်‌သဖြင်‌့ ဆိုင်‌ရှင်‌နှင်‌့ မိဘများကို မ‌ပြောပြခဲ့ဘဲ အလုပ်‌ဆက်‌လုပ်‌‌နေစဉ်‌ ဆိုင်‌မှအခြားဝန်‌ထမ်‌းအမျိုးသားတစ်ဦးက မိန်‌းက‌လေး ဖြစ်‌ပျက်‌ခဲ့သည်‌ကိစ္စကို သိရှိပြီး ‌ဖေ့စ်‌ဘွတ်‌ခ်‌ ‌ပေါ်တင်‌မည်‌ဟု အကြပ်‌ကိုင်‌ ခြိမ်‌း‌ခြောက်‌ကာ ထပ်‌မံ၍သားမယားအဖြစ် ပြုကျင့် ခဲ့‌ကြောင်‌း။

၎င်း‌နောက်‌ အဆိုပါ ဆိုင်‌ဝန်‌ထမ်‌း အမျိုးသားနှစ်‌‌ယောက်‌က ဇွန်လ မှ နိုဝင်ဘာလ အထိအကြိမ်ကြိမ် သားမယားပြုကျင်‌့ ခဲ့‌သော‌ကြောင်‌့မိန်‌းက‌လေး တွင်‌ ယခုအခါ ကိုယ်‌ဝန်‌ ၃လ ရှိ‌နေပြီဖြစ်‌၍ ရဲစခန်း သို့ လာ‌ရောက်‌တိုင်‌ကြားရခြင်‌းဖြစ်‌‌ကြောင်‌း မိန်‌းက‌လေးက ထွက်‌ဆိုသဖြင်‌့ ဒဂုံမြို့သစ် ‌တောင်‌ပိုင်‌း မြို့မရဲစခန်းက ပုဒ်မ ၃၇၆ဖြင်‌့အမှု့ဖွင်‌့ပြီး တိုင်‌ကြားခံရသည်‌့အမျိုးသား ၂‌ယောက်‌အားဖမ်‌းဆီး စစ်‌‌ဆေး‌နေ‌ကြောင်‌း ဂျာနယ် မှာ ‌ရေးသား‌ဖော်‌ပြထားပါတယ်‌။