Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 31, 2017

ဗန်ကောက်မြို့တော် သုဝဏ္ဏဘူမိလေဆိပ် လေးလွှာပေါ်မှ သြစတြေးလျနိုင်ငံသားတစ်ဦး ခုန်ချ၍ သေဆုံး


ထိုင်းနိုင်ငံ ဗန်ကောက်မြို့တော် သုဝဏ္ဏဘူမိလေဆိပ်၌ ယနေ့တွင် သြစတြေးလျနိုင်ငံသား တစ်ဦး လေဆိပ်လေးလွှာပေါ်မှ ခုန်ချခဲ့ရာ ရရှိသောဒဏ်ရာများဖြင့် သေဆုံး ခဲ့ရကြောင်း အေဘီစီသတင်းဌာန က ဖော်ပြခဲ့သည်။

သြစတြေးလျနှင့် အိုင်ယာလန် နိုင်ငံကူးလက်မှတ်နှစ်မျိုးစလုံး ကိုင် ဆောင်ထားသော အသက် ၃၂နှစ် အရွယ် အဆိုပါအမျိုးသားကို လေဆိပ်တာဝန်ရှိသူများက ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံ သို့ရောက်ပြီး နှစ်နာရီအကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

စီစီတီဗွီရုပ်သံမှတ်တမ်းများအရ ယင်းအမျိုးသားသည် လေဆိပ် သုံး လွှာမှ လေးလွှာပေါ်သို့ တစ်ယောက် တည်း တက်ရောက်ခဲ့ခြင်းဖြစ်ပြီး မည်သူ့ခြိမ်းခြောက်မှုမှမပါဘဲ ခုန်ချ ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။

သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ် လေးလွှာမှ ခုန်ချခဲ့သည့် အမျိုးသား နှင့်ပတ်သက်၍ သက်ဆိုင်ရာသံရုံး များသို့ ထိုင်းရဲတပ်ဖွဲ့က အကြောင်း ကြားထားသည်။

ထိုင်းအစိုးရ လူဝင်မှုကြီးကြပ် ရေးဌာနမှတ်တမ်းမှတ်ရာများအရ ¤င်းသည် ထိုင်းနိုင်ငံသို့ မကြာခဏ လာရောက်လေ့ရှိသူ တစ်ဦးဖြစ်ပြီး အများအားဖြင့် အိုင်ယာလန်နိုင်ငံကူး လက်မှတ်ကို အသုံးပြုတတ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။

ထို့ပြင် စီစီတီဗွီမှတ်တမ်းများအရ အလန်ပေါလ်ဂရင်းအမည်ရှိအဆိုပါအမျိုးသားသည် စက်လှေကားဖြင့် လေးလွှာအထိတက်၍ လေးလွှာသို့ ရောက်ရှိပြီး ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

Wednesday, March 29, 2017

ရှေးဟောင်း ဘုမ္မိယဆိုင်ရာ သိုက်ဘုရားများ




ရှေးဟောင်း ဘုမ္မိယဆိုင်ရာ သိုက်ဘုရားများᚊᚊ
သက္ကဝတီ ဂျိုးဖြူတောင် သာသနာ့နယ်မြေ၊
ချင်းကုန်းကျေးရွာ၊တိုက်ကြီးမြို့နယ်၊ရန်ကုန်မြို့

Credit = ဦးသွယ်

ကြားဖြတ်ရွေးကောက်ပွဲ

ကြားဖြတ်ရွေးကောက်ပွဲ

မိခင် နို့ရည်ဟာ ရောင်းစရာလား



မြန်မာပြည်မှာ လူသားနို့ရည်ကို စီးပွားဖြစ် ရောင်းချတာမျိုး ရှိပါသလား။

ကမ္ဘောဒီးယား နိုင်ငံမှာတော့ နို့တိုက်မိခင်တချို့ဟာ သူတို့ရဲ့ နို့ရည်တွေကို အမေရိကန်က အမျိုးသမီးတွေကို ရောင်းချလေ့ရှိပါတယ်။ ဒီအငြင်းပွားဖွယ်ရာ စီးပွားလုပ်ငန်းကို အခု အစိုးရက တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

ဒီ ရောင်းဝယ်ဖောက်ကားမှု စီးပွားလုပ်ကနေ ကမ္ဘောဒီးယား အမျိုးသမီးတွေ အတွက် အကျိုးဖြစ်စေသလား၊ ခေါင်းပုံဖြတ်ခံရသလို ဖြစ်ခဲ့သလား ဆိုတဲ့ မေးခွန်းတွေလည်း ဖြစ်ပေါ်နေပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် အတွင်းမှာ ကမ္ဘောဒီးယားက နို့တိုက်မိခင်တချို့ဟာ သူတို့ရဲ့ ပိုလျှံတဲ့ နို့ရည်တွေကို အမေရိကန် အမ်ဘရိုစီယာ လက်ဘ် (Ambrosia Labs ) ကုမ္ပဏီကို ရောင်းချခဲ့ပါတယ်။ ကုမ္ပဏီက လူသား မိခင်က ထွက်တဲ့ နို့ရည်တွေကို ပြုပြင်မှုတွေပြုလုပ်ပြီး ဈေးကွက်မှာတင်ကာ နို့မထွက်တဲ့ အမေရိကန် မိခင်တွေကို ရောင်းချခဲ့ပါတယ်။


ပြီးခဲ့တဲ့ အင်္ဂါနေ့က ကမ္ဘောဒီးယားအစိုးရက ချက်ချင်း သက်ရောက်စေတဲ့ အမိန့်နဲ့ ဒီလုပ်ငန်းကို ပိတ်ပင်လိုက်ပါတယ်။ ဒီလို ဘာကြောင့် တားမြစ်မိန့် ထုတ်ပြန်ခဲ့ရသလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ဒါပေမယ့် မိခင်နို့ရည် ရောင်းချခြင်း ပိတ်ပင်မှုဟာ လူ့ ခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်းတွေ ရောင်းချမှု၊ ကိုယ်ဝန် အငှား ကိုယ်စား ဆောင်မှု တွေကို တားမြစ်ပြီးနောက်ပိုင်းမှာ ဆက်တိုက် ထုတ်ပြန်လာတာပါ။

ကမ္ဘာ့ နိုင်ငံ တချို့မှာ ဆိုရင်တော့ လိုအပ်တဲ့ ကလေးငယ်တွေကို တိုက်ကျွေးဖို့ အတွက် နို့တိုက် မိခင် တွေဟာ ပိုလျှံ နို့ရည်တွေ ကို လှူဒါန်း နိုင်တဲ့ လူသားနို့ရည်ဘဏ်တိုက်တွေ တရားဝင် ဖွင့်ထားတာမျိုး ရှိပါတယ်။

အွန်လိုင်း ဝက်ဘ်ဆိုဒ်နဲ့ ပုဂ္ဂလိက ကွန်ရက် တချို့မှာလည်း လူသားနို့ရည် ရောင်းဝယ်ဖောက်ကားတာတွေ ရှိပါတယ်။ တချို့နိုင်ငံတွေမှာ ကန့်သတ်ချက်တွေရှိပေမယ့် ဒီလုပ်ငန်းဟာ ကြီးထွားနေပါတယ်။

ဒီလုပ်ငန်းဟာ လူမှု စီးပွား အဆင်မပြေတဲ့ ဆင်းရဲတွင်းထဲက မိခင်တွေကို ပိုလျှံတာမျိုးမဟုတ်ဘဲ ပိုက်ဆံ ရလိုမှု သက်သက် နို့ရည် ရောင်းချမှုတွေ ဖြစ်စေတယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Unicef) က ထောက်ပြပါတယ်။

ကမ္ဘောဒီးယားမှာ ဆိုရင် မြို့တော် ဖနွမ်းပင် အနီးက ဆင်းရဲသားအရပ်တခုမှာ အမ်ဘရိုစီယာ ကုမ္ပဏီ က အခြေစိုက်ပြီး မိခင်နို့ရည် ၁ အောင်စ ကို ဒေါ်လာ ပြား ငါးဆယ် (၁ ဒေါ်လာဝက်) နဲ့ ကောက်ပြီး အမေရိကန်မှာ ၈ ဆ အမြတ် တင်ရောင်းချခဲ့ပါတယ်။

ဒီလုပ်ငန်းက စီးပွားချို့တဲ့တဲ့ မိခင်တွေကို ကိုယ့် ကလေး ကိုယ် နို့တိုက်မယ့် အစား ရောင်းစားစေဖို့ တွန်းအားပေးနေတယ်လို့ ဝေဖန်သူတွေကို ဆိုပါတယ်။

အမ်ဘရိုစီယာ ဘက်ကတော့ ဒီလုပ်ငန်းဟာ မိခင် အမျိုးသမီး တွေကို စီးပွားရေးရာ လုပ်ကိုင်နိုင်ခွင့်တွေ ဖွင့်ပေးပြီး အိမ်ထောင်စု ၉၀ ကို စီးပွားရေး အထောက်အပံ့ ဖြစ်စေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမ်ဘရိုစီယာက သူတို့ အနေနဲ့ ၆ လ နဲ့ အထက် ကလေးရင်းကို နို့တိုက်ပြီးသူ မိခင်တွေကိုသာ အသုံးပြုတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ကလေးငယ်တွေကို အနည်းဆုံး ၆ လ၊ တနေ့ ၂ ကြိမ် မိခင်နို့ တိုက်သင့်တယ်လို့ အကြံပြုထားပါတယ်။ အသက် ၂ နှစ် နဲ့ အထက် ရောက်တဲ့ အထိလည်း အခြား အစားအစာတွေနဲ့ အတူ ကလေးငယ်ကို နို့ဆက်တိုက်ဖို့ကိုလည်း WHO အကြံပြုပါတယ်။

ကမ္ဘောဒီးယားမှာ မွေးခါစ ကလေးငယ်တွေကို မိခင် အများစုက နို့ချိုတိုက်ကျွေးလေ့ရှိကြပါတယ်။ ဒါပေမယ့် အခု နှစ်ပိုင်းမှာ ဒီလို တိုက်ကျွေးနှုန်း လျော့ကျသွားတယ်လို့ Unicef က ဆိုပါတယ်။

နို့ချိုတိုက်ကျွေးမှုဟာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်ပေမယ့် ကလေးသူငယ် အာဟာရဓာတ်ချို့တဲ့မှု ပြဿနာ ဟာလည်း ပြဿနာကြီး တရပ် အဖြစ် ရှိနေပါတယ်။

အင်္ဂါနေ့ က အစိုးရရဲ့ တားမြစ်မှု ထုတ်ပြန်ချက်မှာ “ကျွန်တော်တို့က ဆင်းရဲမွဲတေနေသေးတယ် ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် လူသားနို့ရည် ထုတ်ရောင်းလောက်အောင်တော့ မမွဲသေးပါဘူး” လို့ ရေးထားပါတယ်။

ကမ္ဘာ တဝှမ်းမှာ မိခင်နို့ရည်ရောင်းချမှု လုပ်ငန်းဟာ အကောင်းအဆိုး အငြင်းပွားစရာတွေ ရှိနေပေမယ့် ကျွမ်းကျင်သူအားလုံး သဘောတူညီနိုင်တာကတော့ ဒီ စီးပွားဟာ ကြီးထွားနေပြီး အလွန့်အလွန် ရှုပ်ထွေးကာ သေသေချာချာ စောင့်ကြည့် စစ်ဆေးသင့်တယ် ဆိုတာပါပဲ။

မြန်မာပြည်မှာကော ဒါမျိုး အလားတူ ဖြစ်စဉ်တွေ ရှိပါသလား။

ဘီဘီစီပရိသတ်တွေရဲ့ အတွေ့အကြုံနဲ့ အမြင်အာဘော်တွေကို အများသူငါ ဆွေးနွေးလို့ရအောင် အောက်မှာ မှတ်ချက်ပြု မျှဝေကြဖို့ ဖိတ်ခေါ်ပါတယ်။

ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese

ကျေးရွာရာအိမ်မှူးနှင့် ဇနီးဖြစ်သူ ဓါးခုတ်ခံရမှုဖြစ်ပွား

မတ် ၂၉၊ ၂၀၁၇

မောင်တောမြို့နယ်၊ ဂေါ်ဒူသာရကျေးရွာအုပ်စု၊ ရွာသစ်ကေကျေးရွာ၌ ရာအိမ်မှူးနှင့်ဇနီးဖြစ်သူတို့ သည် နေအိမ်တွင် အိပ်နေစဉ် ဓါးဖြင့်ခုတ်ခံရမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မတ်လ ၂၈ ရက် နံနက် ၄ နာရီခန့်တွင် ကျေးရွာရာအိမ်မှူးဖြစ်သူ နုရ်အာမိန် (ဘ) အာကေအာလီနှင့် ဇနီးဖြစ်သူတို့သည် နေအိမ်တွင် အိပ်နေစဉ် တစ်ရွာတည်းနေ ဟာဘီအူလ္လာ ပါ (၄) ဦးတို့မှ “မင်းတို့ လုပ်လို့ ငါတို့အဖွဲ့တွေ အဖမ်းခံနေရတယ် ငါတို့အဖွဲ့တွေ ပြန်လွတ်အောင်လုပ်ပေး အပြင်ထွက်ခဲ့” ဟု ပြောဆိုကာ တံခါးအားတွန်းဖွင့်၍ အတင်းဝင်ရောက်လာပြီး ဓါးဖြင့် ၀ိုင်းဝန်း ထိုးခုတ်ခဲ့ကြောင်း သိရသည်။

နုရ်အာမိန်မှ ပြန်လည်ခုခံခဲ့သဖြင့် ၀ဲဘက်ပုခုံး၊ ဦးခေါင်းနောက်စေ့၊ ယာနားထင်၊ ယာလက်မနှင့် လက်ညှိုးကြား၊ ယာလက်ကောက်ဝတ် တို့တွင် စုစုပေါင်း ဓါးခုတ်ဒဏ်ရာ (၈) ချက်နှင့် ၎င်း၏ ဇနီးဖြစ်သူ နုဟာဘတ်တွင် ရင်ညွှန့်တည့်တည့် ထိုးထွင်းဒဏ်ရာ တစ်ချက်၊ ယာပေါင်ထိုးသွင်းဒဏ်ရာ တစ်ချက် အသီးသီးရရှိခဲ့ပြီး နုရ်အာမိန်က ပတ်ဝန်းကျင်အား အော်ဟစ် အကူအညီ တောင်းခံသဖြင့် ဟာဘီအူလ္လာ ပါ (၄) ဦးမှာ ပြန်လည်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ နှစ်ဦးအား ရဲတပ်ဖွဲ့ဝင်များက မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးကာ ပြစ်မှု ကျူးလွန်ထွက်ပြေး လွတ်မြောက်နေသူ ဟာဘီအူလ္လာ ပါ (၄) ဦးအား ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ် လျက်ရှိသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
https://www.facebook.com/MyanmarSCOInfoCom/

မြန်မာနယ်စပ် တရုတ်စစ်ရေးလေ့ကျင့်မှု ယူနန်ပြည်နယ်တပ် အားဖြည့်ပါဝင်


တရုတ်-မြန်မာနယ်စပ် လုံခြုံရေးတပ်
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပဋိပက္ခ ဖြစ်ပွားရာ မြန်မာ-တရုတ်နိုင်ငံနယ်စပ်မှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ကြေညာပါတယ်။ တရုတ်စစ်တပ်အနေနဲ့ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေရှိပြီး အခုလို အင်အားဖြည့် စစ်ရေးလေ့ကျင့်တာကို မြန်မာအာဏာပိုင်တွေကို အကြောင်းကြားခဲ့ကြောင်းလည်း သတင်းမှာ ဖေါ်ပြထားပါတယ်။ တပ်မတော်နေ့ကျင်းပအပြီးနောက်တရက်မှာ ကျင်းပတဲ့ စစ်ရေးလေ့ကျင်မှုနဲ့ ပတ်သတ်လို့ ကိုအောင်အောင်က တင်ပြထားပါတယ်။

တပ်မတော်နေ့ကျင်းပအပြီး နောက်တရက်ဖြစ်တဲ့ မတ်လ ၂၈ ရက်နေ့မှာ မြန်မာနိုင်ငံအရှေ့မြောက်ဘက် တရုတ်နယ်စပ်မှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်ခဲ့တာပါ။ ဒီစစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်ကွပ်ကဲနေတဲ့ ဗိုလ်မှူးကြီး Fang Xin က အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်လုံခြုံရေးအတွက် အခုလို လေ့ကျင့်တာဖြစ်တယ်လို့ပြောကြားကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေရှိပေမယ့် ဒီတကြိမ်မှာတော့ ယူနန်ပြည်နယ်တပ်ကနေ အားဖြည့်ပါဝင်ခဲ့ကြောင်း တရုတ်မြန်မာဆက်ဆံရေး အကဲခတ် ဒေါ်လှကျော်ဇောက အခုလိုပြောပါတယ်။

“၂၀၁၅ ခုနှစ်ပထမတခါ ကိုးကန့်စစ်ပွဲဖြစ်ပြီးတော့ သူတို့နိုင်ငံမှာ လူ၅ ယောက်သေပြီးကတည်းက သူတို့က အဲဒီနေရာမှာ စစ်တပ်က နပ်စပ်စခန်းကို လုပ်ထားပြီးတော့ကို အခိုင်အမာတွေထားရှိပြီးသားပါ။ လေယာဉ်ပျံပစ်အမြှောက်တွေနဲ့ ခိုင်ခိုင်မာမာလုပ်ထားပြီးသားပါ။ အဲဒါဟာတွေက Drill ပေါ့နော် လေ့ကျင့်ခန်းလုပ်တဲ့သဘောပါပဲ။ ပုံမှန်လည်း လုပ်နေကြနဲ့ တူပါတယ်။ အခုဟာကတော့ ပြောလိုက်တဲ့ရည်ရွယ်ချက်ကတော့ ၂ ခုရှိပုံရတယ်။ တခုက မြန်မာစစ်တပ်ကို လည်း ၊ အင်အားပြလိုက်ပုံရတယ်။ ဒုတိယတချက်ကတော့ သူတို့ နယ်စပ်မှာရှိတဲ့ တရုတ်လူမျိုးတွေက အစိုး၇က ကောင်းကောင်းမကာကွယ်ဘူးဆိုပြီးတော့ မကျေမနပ်ဖြစ်နေတာကိုလည်း သူတို့က လုံခြုံစိတ်ချရအောင် ပြသလိုက်တာလည်း ပါပါတယ်။”

လွန်ခဲ့တဲ့လပိုင်းတွေအတွင်း အရှေ့မြောက်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရစစ်တပ်ကြား တိုက်ပွဲတွေ တကြော့ပြန်ဖြစ်ပွါးလာပြီး ဒုက္ခသည် သောင်းနဲ့ချီ တရုတ်နိုင်ငံထဲ ထွက်ပြေးခိုလှုံလာတာကြောင့် အပစ်အခတ်ရပ်ဆဲဖို့ တရုတ်အစိုးရက တောင်းဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အခု စစ်ရေးလေ့ကျင့်မှုမှာတော့ အင်အားဘယ်လောက်ပါဝင်သလဲဆိုတာ တိတိကျကျပြောမထားသလို ဘယ်နေရာမှာ လေ့ကျင့်ခဲ့တာလည်းဆိုတာလည်း မသိရပါဘူး။ ဒေါ်လှကျော်ဇောက

“သူတို့က ဒီမှာ Crisis management department ဆိုတာရှိတယ် သူတို့နိုင်ငံတွေမှာ ဥပမာ ငလျင်လှုပ်တာတို့ ဘာတို့ဆိုရင် ချက်ချင်း Helicopter တွေဘာတွေနဲ့ လုပ်တဲ့အဖွဲ့တွေရှိတယ်။ အဲဒါတွေကတော့ အနီးအနားမှာရှိတယ် ဥပမာ- မန်စီလိုနေရာတို့တွေမှာ အဲလိုမျိုးတပ်ခွဲတွေ ကိုထားတယ် Helicopter တွေဘာတွေနဲ့ ။ ကိုးကန့်နယ်စပ်မှာကတော့ ကျမကြားတာကတော့ လေယာဉ်ပျံပစ်အမြှောက်တပ်ခွဲတွေဘာတွေ၇ှိတယ်လို့တော့ ကြားတယ်။ လေတပ်ကတော့ ချမထားသေးဘူး။”

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ နယ်စပ်ဒေသက တိုက်ပွဲတွေအပါအ၀င် တိုင်းရင်းသားဒေသက လက်နက်ကိုင် ပဋိပက္ခတွေဟာတိုင်းပြည် အချုပ်အခြာအာဏာကို ထိပါးလာတဲ့အတွက် အခုလို တိုက်ခိုက်တာဖြစ်ကြောင်း တပ်မတော်နေ့မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့ပြီး နောက်တရက်မှာ တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင့်တာပါ။ တဖက်မှာလည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့က တရုတ်အစိုးရပိုင် စိုက်ပျိုးရေးဘဏ်မှာ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းကို လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းတုန်းကတရုတ်အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အခုတလောမှာ တရုတ်အစိုးရက ဘဏ်စာရင်းတွေနဲ့ ပါတ်သတ်လို့ စိစစ်မှုတချို့ လုပ်နေတယ်လို့ ဒေါ်လှကျော်ဇောက ပြောပါတယ်။

“ကိုးကန့်ကလည်း သူက ဘဏ်စာရင်းတွေကို ပိတ်တယ်လို့ပြောတယ်။ မူဆယ်နယ်စပ်တလျှောက်မှာရှိတဲ့ ကုန်သည်တွေလာပြီးထားတဲ့ ဘဏ်စာရင်းတွေလည်း ယာယီ ခဲထားတယ်လို့ပြောတယ် အခုထိတော့ ပြန်မဖွင့်ပေးသေးဘူး။ ဒါကြောင့်မို့ ကုန်သည်တွေတော်တော်တော်ဒုက္ခရောက်နေတယ်။ ကျမတို့ မြန်မာပြည်က ကုန်သည်တွေ၊ မြန်မာမှတ်ပုံတင်နဲ့ ဖွင့်ထားတဲ့ ဘဏ်စာရင်းတွေအကုန်ပိတ်ထားတယ်လို့ပြောတယ်။”

လွန်ခဲ့တဲ့ သီတင်းပတ်အတွင်းတုန်းကလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက ဒေသခံအာဏာပိုင်တွေဟာ သူတို့နယ်မြေအတွင်း နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်နက်ကိုင်ဆောင်ထားတာရှိရင် လာရောက်အပ်နှံကြဖို့ အမိန့်ထုတ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အစိုးရစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွါးနေတာကြောင့် တရုတ်နိုင်ငံသား သေဆုံးမှုတွေ ရှိသလို မကြာခင်ကျင်းပဖို့ရှိနေတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပရာမှာ အထောက်အကူဖြစ်အောင် တရုတ်ဖက်က အခုလို ဆောင်ရွက်နေတာဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိပါတယ်။

အောင်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကြားဖြတ်ရွေးကောက်ပွဲ နေရာအားလုံးနီးပါးနိုင်ဖို့ အာဏာရပါတီ မျှော်လင့်


၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်
လာမယ့် ၂ ရက် အတွင်း ကျင်းပတော့မယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ၁၈ နေရာလုံး နိုင်မယ့်အလားအလာရှိတယ်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောဆိုလိုက်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက တိုင်းရင်းသားနယ်မြေတချို့မှာ NLD ပါတီအနေနဲ့ နိုင်ဖို့အလားအလာ နည်းတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်နေချိန်မှာ အခုလိုပြောလိုက်တာပါ။ အင်အားကြီးပါတီတွေနဲ့ ဒေသခံ တိုင်းရင်းသားပါတီတွေအပြင် အခြားနိုင်ငံရေးပါတီတွေ အားလုံး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးထားပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာ ၁၈ နေရာစလုံးလုံးမှာ နိုင်မယ့်အလားအလာရှိတယ်လို့ NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ၁၈ နေရာလုံး မရနိုင်ဘူးဆိုတဲ့အနေအထားကို ကျနော်တို့သိတယ်။ အဲဒါကြောင့် ၁၈ နေရာလုံးရဖို့ ကျနော်တို့ကြိုးစားနေတယ်။ ပထမအားနည်းတာတွေ ကျနော်တို့ရှိတယ်။ ကျနော်တို့ဘက်မှာ မိုင်းရှူး ဒီနေရာတွေအားနည်းတယ်။ နောက်ရခိုင်မှာ အားနည်းတယ်။ သို့သော် ကျနော်တို့ ကြိုးစားလာတဲ့အခြေအနေပေါ်မှာ မူတည်ပြီး ပြောရရင် ၁၈ နေရာလုံးကို မျှော်လင့်လို့ရတဲ့အခြေအနေ ရောက်လာနေပြီလို့ ကျနော်တို့ ယူဆတယ်။”

အစိုးရသစ်သက်တမ်း တနှစ်ပြည့်တဲ့အချိန်မှာကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ အာဏာရ NLD ပါတီအပေါ် လူထုစစ်တမ်းကောက်ယူတဲ့ ရွေးကောက်ပွဲလိုမျိုး ရှုမြင်နိုင်သလို အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိမယ်လို့လဲ ယုံကြည်ကြောင်း ဦးဥာဏ်ဝင်းက ဆိုပါတယ်။ ­

ဒီကြားဖြတ်ရွေးကောက်ပွဲအပေါ် လူစိတ်ဝင်စားမှု နည်းတယ်ဆိုပေမယ့် ရခိုင်ပြည်နယ်က အမ်း မဲဆန္ဒနယ်နဲ့ ရှမ်းပြည်နယ် မိုင်းရှူးနဲ့ ကျေးသီး မဲဆန္ဒနယ်တွေမှာတော့ နိုင်ငံရေးပါတီတွေအကြား အကျိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိနေပြီး တိုင်းရင်းသားဒေသတွေမှာတော့ အင်အားကြီးပါတီ နှစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့ နိုင်မယ့်အလားအလာနည်းတယ်လို့ သုံးသပ်မှုတွေလဲရှိနေတာပါ။

မဲဆန္ဒနယ် ၇ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း မြေပြင်အခြေအနေအရ နိုင်ဖို့ အလားအလာ ရှိတယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“မနေ့က ၂၈ ရက်နေ့အထိဆိုရင်တော့ ၇ နေရာစလုံးအတွက်အခြေအနေကောင်းနေပါပြီလို့ပြောလို့ရပါတယ်။ ဒါက Focus လုပ်တယ်ဆိုတာကတော့ ခန့်မှန်းပြီးလုပ်လို့မရဘူး။ တကယ့်မြေပြင်သတင်းတွေ နောက်တကယ်ဖြစ်နိုင်တဲ့ အပေါ်မှာ မူတည်ပြီးတော့ တွက်တာပါ။”

ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာနိုင်ရုံနဲ့ လွှတ်တော်တွင်း ဘာတွေပြောင်းလဲမှု လုပ်နိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ ဦးစိုင်းညွန့်လွင်က အခုလို ရှင်းပြပါတယ်။

“ပြည်နယ်လွှတ်တော်မှာကတော့ ၅ မဲပိုလာမယ်။ ပြီးတော့ ပြည်သူ့လွှတ်တော်မှာ ၂ မဲပိုလာမယ်။ သို့သော်လည်း ဒီမဲတွေက အဲဒီဆိုင်ရာလွှတ်တော်တွေကိုပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ကျနော်တို့ စည်းရုံးရေးနယ်မြေတွေမှာတင် ရှုံးနေတယ်ဆိုရင်တော့ ကျနော်တို့ ပါတီရဲ့မူဝါဒတွေ လုပ်ပုံလုပ်နည်းတွေ စည်းရုံးရေးတွေကို သေချာပြန်သုံးသပ်ရမှာဖြစ်တယ်။”

လက်ရှိမှာတော့ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့လဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေကို ပါတီဥက္ကဌ ဦးသန်းဌေး ကိုယ်တိုင် အင်တိုက်အားတိုက်လုပ်ဆောင်နေတာပါ။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ကျေကျေနပ်နပ်လက်ခံဖို့ရှိပေမယ့် သူ့စကားအရ လိမ်ညာ မဲဆွယ်စည်းရုံးမှုတွေကို သတိထားဖို့လိုတယ်ဆိုတာကို USDP ပါတီဥက္ကဌ ဦးသန်းဌေးက မတ်လ ၂၉ ရက်နေ့ကလုပ်တဲ့ ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးပွဲမှာ ပြောသွားပါတယ်။

“လာမယ့် ဧပြီ ၁ ရက်ပေးမယ့် ခင်ဗျားတို့ရဲ့မဲတွေကို ဘယ်သူမှ ဓါးပြတိုက်ယူလို့မရပါဘူး ။ အမိန့်ပေးလို့မရဘူး အကြပ်ကိုင်လို့မရဘူး။ ဒါပေမယ့် သတိပေးချင်တယ် လိမ်လို့ရတယ်။ အဲဒါကြောင့် လူလိမ်တွေကို သတိထားပါ။”

မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ၁၉ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လုံခြုံရေး စိုးရိမ်ချက်တွေကြောင့် ရှမ်းပြည်နယ် မိုင်းရှူးက ကျေးရွာကြီး ၃ ခုမှာ ရွေးကောက်ပွဲမကျင်းပဖို့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ကန့်ကွက်ခဲ့တဲ့ အပေါ် ရွေးကောက်ပွဲကော်မရှင်ဘက်က မဲရုံတွေ ပြောင်းရွေ့ပေးဖို့ ဆုံးဖြတ်ပေးထားပါတယ်။ ဒီလို မဲရုံတွေ ပြောင်းရွေ့လိုက်တာကြောင့် မဲဆန္ဒရှင်တွေ မဲပေးချင်စိတ်ကုန်အောင် သွယ်ဝိုက် ကန့်သတ်တယ်လို့ ယူဆတာကြောင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဘက်က မဲဆန္ဒရှင်တွေ မဲပေး ပိုင်ခွင့်မဆုံးရှူံးအောင် ကော်မရှင်အနေနဲ့ ဆောင်ရွက်ပေးဖို့ တင်ပြထားတာလည်းရှိပါတယ်။

မြင့်မြင့်ခိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

၁၃ နှစ် အရွယ် မယားပါသမီးကို အကြိမ်ကြိမ်မုဒိမ်းကျင့်သူ ပထွေးကို ရဲက ဖမ်းဆီး


(တရားခံအား ဖမ်းဆီး ခေါ်ဆောင်လာစဉ်)
နိရဉ္စရာ၊ မတ်လ ၂၉

ကျောက်ဖြူမြို့နယ်၊ ဇင်ကျွန်းကျေးရွာအုပ်စု၊ ဇင်ကျွန်းကျေးရွာတွင် (၁၃)နှစ်အရွယ် မယားပါ သမီးဖြစ်သူအား အကြိမ်ကြိမ် မုဒိမ်းကျူးလွန်၍ ပထွေးဖြစ်သူအား မတ်လ ၂၈ ရက်နေ့က ရဲက ဖမ်းဆီးလိုက်သည်။

မူဒိမ်းမှုကျူးလွန်သူမှာ ဇင်ကျွန်းကျေးရွာနေထိုင်သူ လှမောင်သိန်း အသက်(၄၉)နှစ် ဖြစ်သည်။

၎င်းသည် သူ၏ဇနီး ဒေါ်မခြောက်ချီးတွင် ပါလာသူ အသက်(၁၃)နှစ်သမီး မ(-------)ကို မုဒိမ်းမှု ကျူးလွန်ကြောင်း တိုင်တန်းခံရပြီးနောက် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

‘‘ပထွေးဖြစ်သူက မုဒိမ်းကျင့်မှု ကျူးလွန်တာပါ။ တရားခံကို ဖမ်းဆီးထားပြီး အမှုဖွင့် အရေးယူ ဆောင်ရွက် ထားပါတယ်’’ဟု ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လွန်ခဲ့သည့် ရက်(၂၀)ခန့်က ဦးဘနုချေ၏ နေအိမ်တွင်လာရောက်နေထိုင်လျက်ရှိသော တူမတော်စပ်သူ မ(-----)အား ပထွေးဖြစ်သူ လှမောင်သိန်းနှင့် မိခင်ဖြစ်သူ ဒေါ်မခြောက်ချီးတို့ရောက်ရှိလာပြီး ပြန်ခေါ်ရာ မလိုက်ကြောင်းငြင်းဆန်ခဲ့သဖြင့် ဇင်ကျွန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုးထံခေါ်ယူ၍ စစ်မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းရာ ၂၀၁၆ခုနှစ် မိုးတွင်းကာလက ယာကျွန်းပင်လယ်ကမ်းစပ်တော၌ တဲတွင် မိသားစုနှင့် ညဥ့်အချိန်အိပ်နေစဉ် ဓားကိုင်ခြိမ်းခြောက်ပြီး သားမယားအဖြစ်(၁)ကြိမ်၊ ဇူလိုင်လခန့်က သရက်ကျွိန် ကျွန်း၌ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရန်သွားစဉ် တဲတွင် (၂)ကြိမ်၊ ဒီဇင်ဘာလက ဇင်ကျွန်း ကျေးရွာသို့ ပြောင်းရွေ့ နေထိုင်စဉ် နေအိမ်တွင် (၃)ကြိမ် စုစုပေါင်း(၆)ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ မုဒိမ်း ကျင့်ခံရသူ မ(-----)မှာ မိသားစုများနှင့် မနေရဲတော့သဖြင့် ဦးလေးတော်စပ်သူ ဦးဘနုချေထံ လာရောက်နေထိုင်ခဲ့ကြောင်း၊ အလို မတူဘဲ အနိုင်အထက်ပြု၍ သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်သဖြင့် သူမ အနေဖြင့် မိခင်နှင့် ပထွေးတို့နှင့် လိုက်ပါရန် ငြင်းဆန်ရန် ထွက်ဆိုကြောင်း သိရှိရသည်။

ဦးလေးတော်စပ်သူ ဦးဘနုချေမှ နောက်ပိုင်းတွင် လှမောင်သိန်းအား ဥပဒေအရအရေးယူပေးပါရန် တရားလို လုပ်တိုင်တန်းထားကြောင်း သိရသည်။မုဒိမ်းမှုကျူးလွန်သူ လှမောင်သိန်းအားဖမ်းဆီးထားပြီး ကျောက်ဖြူမြို့မရဲစခန်း(ပ)၄၉၃၊၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ကျော်ဝင်း၊ ကျောက်ဖြူ
Narinjara
https://www.facebook.com/Narinjara

Saturday, March 25, 2017

မကျွတ်လွတ်သေးတဲ့ ဗိဿနိုးဘုရင်မ ပန်ထွာ


ဒီအကြောင်းကို သိရှိသူ အင်မတန် နည်းပါးပါလိမ့်မယ်။ ဒါပေမယ့် ဗိဿနိုးမြို့ဟောင်းကြီးကတော့ သဘာဝလွန်ဖြစ်ရပ်တွေ၊ ယနေ့ထိတိုင် ကျန်ရှိနေသေးတဲ့ ကျိန်စာတွေ၊ ပရလောကသားတွေ အပြည့်နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာနေတဲ့ ကျွန်တော်တို့ ကို စိမ်ခေါ်နေပါတော့တယ်။

ရန်ကုန်ကနေ ဗိဿနိုးမြို့ဟောင်းကို မိုင်ပေါင်း ၃၂၀ ကွာဝေးပါတယ်။ ဘီစီ ၄ရာစု မှာ တည်ထောင်တဲ့မြို့ဖြစ်ပါတယ်။ တောင်တွင်းကြီး ကနေ ၁၂ မိုင် အကွာမှာ တည်ရှိပါတယ်။ မိုးနည်းရေရှား အရပ်ဖြစ်တာကြောင့် ရန်ပယ်ချောင်း ကရေ ကို အဓိက အားထားကြရပါတယ်။ ဒါ့ အပြင် အပြင်သောက်တော်ကန်၊ အတွင်းသောက်တော်ကန် စတဲ့ရေကန် အချို့ရှိသော်လည်း ယခုအခါ ရေခမ်းခြောက် သလောက် ရှိနေပါပြီ။

ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက အသီးမသီး မကြီးထွားပဲ နှစ်ထောင်ချီ သက်တမ်း ရှိနေကြပါတယ်။ အမြင့်က လူတစ်ရပ်လောက်ပဲ ရှိပါတယ်။ ဒါကတော့ ပန်ထွာဘုရင်မ ရဲ့ ဆုတောင်းတစ်ခုပါ။ "ငါလာမှကြီး၊ ငါလာမှသီး" ဆိုတဲ့ ဆုတောင်း အတိုင်း ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက ဘုရင်မ လူပြန်မဖြစ်မချင်း မကြီးထွား၊ အသီးမသီးတာ လို့ အဆိုရှိပါတယ်။

ဗိဿနိုးမြို့ဟောင်းထဲမှာ အင်ကြင်းဥယျာဉ် လို့ခေါ်တဲ့ ဥယျာဉ်တစ်ခု ရှိပါတယ်။ ဒါပေမယ့် ပန်ထွာဘုရင်မ လက်ထက်တော်မှ ယနေ့အထိ အင်ကြင်းပင် တစ်ပင်မှ မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့်နေ့စဉ်နေ့တိုင်း အင်ကြင်းပန်း အကြွေတွေကို ယနေ့ထက်တိုင်အင်ကြင်းဥယျာဉ်မြေနေရာ တစ်ဝိုက်မှာတွေ့နေရဆဲပါ။

ဒီ အင်ကြင်းဥယျာဉ် ကို ပန်ထွာဘုရင်မ က ဗိဿနိုးနတ်မင်းကြီး ကို ရည်စူးပြီးလှူဒါန်းခဲ့တာပါ။ ဥယျာဉ်ထဲမှာ အင်ကြင်းပင် မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီး ရဲ့ အမိန့် နဲ့ အင်ကြင်းပွင့်တွေက ဥယျာဉ်တော်ထဲ ကိုအလိုလျောက်ရောက်နေတတ်လို့ အင်ကြင်းဥယျာဉ်လို့ခေါ်တာပါ။ ယခုထိလည်း ဘယ်ကမှန်း မသိတဲ့ အင်ကြင်းပွင့်တွေရောက်နေဆဲပါ။

အထူးသဖြင့် ပန်ထွာဘုရင်မ တည်ခဲ့တဲ့ ရွှေရောင်တော်စေတီ မှာ အင်ကြင်းပန်းတွေကို ဘုရားပန်း လှူထားတာအပြင် ဘုရားရင်ပြင် တစ်ဝိုက်ပြန့်ကြဲစွာ ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် အင်ကြင်းပန်းတွေ ဘယ်ကလာသလဲ ဆိုတာကိုတော့ ဘုရင်မ ပန်ထွာ ရဲ့ ဝိဥာဉ်သာ သိပါလိမ့်မယ်။

ဒါ့အပြင် ဗိဿနိုးမြို့ဟောင်းထဲမှာ အသားစားခွင့် မရှိပါဘူး။ စည်းကမ်းတွေ အရမ်းတင်းကြပ်ပါတယ်။ ဝိနည်း နဲ့ မညီတဲ့ ရဟန်းတွေနေခွင့် မရှိပါဘူး။ နေခွင့် မရှိလို့လည်း ပန်ထွာဘုရင်မ ရဲ့ ဝိဥာဉ်ကို ပဌာန်းဆက်ကြောင့် သြဇာညောင်း တဲ့ တောင်ငူနန်းတွင်းကျောင်းဆရာတော် ရဲ့ကျောင်းတစ်ခုသာ ဗိဿနိုးမြို့ဟောင်းမှာ ရှိပါတယ်။

ဒါကလည်း ရဟန်းအယောင်ဆောင်ထားသူတွေ ရဲ့ ပရိယာယ်ကြောင့် ဗိဿနိုးမြို့ကြီး ပျက်စီးပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်လက်အောက်ရောက်ရတာကို အညှိုးထားပြီး သိက္ခာ နဲ့ ဝါစဉ်နုသေးတဲ့ ရဟန်းတော်တွေကို ပန်ထွာဘုရင် မဝိဥာဉ်က လက်မခံတာပါ။

ရှေးဟောင်းသုတေသနဌာန က ဗိဿနိုးမြို့ဟောင်းကြီးကို တော်တော် များများ တူးဖော် ထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ တူးဖော်ရာမှာလည်း မကျွတ်လွတ်သေးတဲ့ ပန်ထွာဘုရင်မ ရဲ့ ဝိဥာဉ်ကိုမြင်ခဲ့ကြရပါတယ်။ အမှားအယွင်း မလုပ်ရဲကြပါဘူး။ တွေ့ရှိဖူးတဲ့သူတွေရဲ့ အဆိုအရ ပန်ထွာဘုရင်မက အသားအရေဖြူစပ်စပ်ရှိပြီး အရပ်က ၇ပေ နီးပါးရှိတယ်လို့ဆိုပါတယ်။

ဒီအချက်ကတော့ ဗိဿနိုးမြို့ဟောင်းထဲက အရပ် ၇ပေ ရှိတဲ့ အမျိုးသမီးတစ်ဦး ရဲ့ အရိုးစုနေရာကို တူးဖော်မိရာကနေ ပန်ထွာဘုရင်မ ရဲ့ အရိုးစု လို့ ယူဆခဲ့ရာ က ဖြစ်ပေါ်လာတဲ့အကြောင်းအရာလည်းဖြစ်နိုင်ပါတယ်။

အဲဒီအရိုး ကို နယူဂျာစီက တွက်ချက်ပေးရာမှာ နှစ် ၂၀၀၀ သက်တမ်း ရှိနေပါပြီ။ဒါပေမယ့် ဗိဿနိုးမြို့ဟောင်းထဲမှာ ည အချိန်တစ်ယောက်ထဲ သွားဝံ့သူ မရှိပါဘူး။ ပန်ထွာဘုရင်မ ရဲ့ ဝိဥာဉ်ဓာတ် က ခြောက်ခြားအောင်လွှမ်းမိုးထားဆဲပါ။

အနီးအနားက ရွာတွေက ရွာခံတွေလည်း မသွားရဲပါဘူး။ ပန်ထွာဘုရင်မ ကို နတ်နန်းဆောက် ကိုးကွယ်တဲ့ ဓလေ့ယနေ့အထိ ရှိပါတယ်။ နတ်ဆက်ရာမှာ လည်း သက်သက်လွတ် သစ်ဖုသစ်ဥတွေသာ ဆက်သရပါတယ်။ အသား၊ ငါး မဆက်ရပါ။

ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ဗိဿနိုးမြို့ဟောင်းကြီးက သွားရောက် လည်ပတ်သူနည်းပါးစွာ နဲ့ နှစ်ထောင်ချီ ခြောက်သွေ့နေပါတယ်။ ဒါပေမယ့် ဗိဿနိုးမြို့ ကို သွားရောက်ပြီး ပန်ထွာဘုရင်မ ကို မပျင်းရအောင် မကြာခဏ ဆိုသလို အနည်းဆုံး တစ်နှစ် တစ်ခေါက် ၊နှစ်ခေါက် သွားရောက် ဂါရဝပြုနေကြတဲ့ လူ အချို့တော့ရှိနေပါတယ်။

အဲဒီလူတွေကတော့ ပန်ထွာဘုရင်မ ကို သစ္စာရှိပါ့မယ် လို့ သစ္စာဆိုပြီး ဗိဿနိုးမြို့ရဲ့နောက်ဆုံး အချိန်ထိ သရေခေတ္တရာတပ်တွေကို ခုခံရင်း အသေခံ တိုက်ပွဲဝင်သွားတဲ့ ပန်ထွာဘုရင်မ ရဲ့ စစ်သူကြီးလေးဦး နဲ့ သူတို့ရဲ့ အနွယ်တော်တွေထဲက လူ့ဘဝ ကို ပြန်လည် ရရှိသူတွေဖြစ်ပါကြောင်း။ ။

Credit to
( Kyi Thant Sin ဖေ့စ်ဘွတ်မှကူယူဖော်ပြပါသည် )

ဒါရိုက်တာရဲ့ အတတ်ပညာပိုင်းတွေထဲက တခုဖြစ်တဲ့ Composition အပိုင်း


ဒီတခါတော့ Cinema Language ထဲက ဒါရိုက်တာရဲ့ အတတ်ပညာပိုင်းတွေထဲက တခုဖြစ်တဲ့ Composition အပိုင်းကို ရေးချင်ပါတယ်။ အဲဒီအပိုင်းကို မရေးခင် Composition ရဲ့ အဓိပ္ပါယ်ကို အရင်ပြောချင်ပါတယ်။

အင်္ဂလိပ်စာမှာ Composition ဆိုတာကတော့ ရေးသားခြင်း၊ သီကုံးခြင်းလို့ အဓိပ္ပါယ်ရပေမယ့်၊ ရုပ်ရှင်ပညာရပ် ပိုင်းမှာကျတော့ Composition ဆိုတာ “ကင်မရာ frame အတွင်းမှာ ဇာတ်ကောင် နဲ့ အရာဝတ္ထုတွေကို နေရာချထားပုံ” ကို ဆိုလိုတာပါ။

ဇာတ်ဝင်ခန်းတခန်းမှာ ဘယ်ဇာတ်ကောင်က အဓိက ဇာတ်ကောင် (protagonist) လဲ ? ဘယ်ဇာတ်ကောင်က ဆန့်ကျင်ဘက် ဇာတ်ကောင် (antagonist) လဲ? ဇာတ်ကောင်တွေရဲ့ အဆင့် (level) အလိုက် ဘယ်သူက အရေးပါဆုံးလဲ? … စသဖြင့် သိပြီးတော့ ဇာတ်ကောင်တဦးချင်းစီရဲ့ အရေးပါမှုအလိုက် ဇာတ်ကောင်တွေကို ကင်မရာ frame အတွင်းမှာ ဘယ်လိုနေရာချမလဲ၊ ကင်မရာ နဲ့ အနီးမှာ ဘယ်ဇာတ်ကောင်ကို ထားမယ်၊ ကင်မရာ နဲ့ အဝေးမှာ ဘယ်ဇာတ်ကောင်ကိုထားမယ် စသဖြင့် နေရာချထားရေးကိစ္စကို စဉ်းစားဆုံးဖြတ်ရတဲ့ အလုပ်က ဒါရိုက်တာ တယောက်ရဲ့ များစွာသော အရေးကြီးတဲ့ အလုပ်တွေထဲက တခုပါ။ အဲဒီအပိုင်းကို composition လို့ခေါ်ပါတယ်။ ဒီဘက်က ရုပ်ရှင်ရိုက်ကွင်းတွေမှာတော့ “ဒါရိုက်တာ တော်ရင် composition ကောင်းတယ်” ဆိုပြီး မကြာခဏ ပြောစမှတ်ပြုကြပါတယ်။

ဒီပို့စ်အတွက် မှီငြမ်းအနေနဲ့ အမေရိကန် ရုပ်ရှင် သမိုင်းမှာ အအောင်မြင်ဆုံး ဂန္တ၀င် ရုပ်ရှင်တွေထဲက တခုဖြစ်တဲ့ “Citizen Kane” (၁၉၄၁) ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတခုကို ကောက်နှုတ်တင်ပြချင်ပါတယ်။

“အချိန်က ၁၈၇၁ ခုနှစ်၊ Charles Forster Kane တို့မိသားစုပိုင်ဆိုင်တဲ့ မြေယာအတွင်းမှာ ရွှေလုပ်ကွက်တခု ပေါ်လာပြီးတဲ့နောက် Charles ရဲ့ မိခင် Mary Kane က သူ့သား Charles ကို ဒီလုပ်ငန်းထဲမှာ ကြီးပြင်းလာမှာကို မလိုလား။ အဲဒီအစား Mr. Thetcher ဆီကိုပို့ပြီးတော့ သူ့သားကို ပညာတတ်တယောက်ဖြစ် စေချင်တယ်။ ဒါကို Charles ရဲ့ အဖေ Mr. Kane က သဘောမတူဘူး။ ဒါပေမယ့် Charles ရဲ့ ရှေ့ရေးအတွက် Mr. Thetcher နဲ့ Charles ရဲ့ မိဘတွေ အိမ်ထဲမှာ ဆွေးနွေးကြတယ်။ Charles ရဲ့ အဖေက ဒီကိစ္စကို သဘောမတူပေမယ့် မိန်းမကို မလွန်ဆန်ဝံ့သူ။ လူကြီးတွေ အိမ်ထဲမှာ ဆွေးနွေးနေကြစဉ်မှာပဲ ဒီကိစ္စတွေကို ဘာမှ မသိသေးတဲ့ Charles ကတော့ အိမ်အပြင်က နှင်းတောထဲမှာ ဆော့ကစားနေတယ်”

ဒီဇာတ်ဝင်ခန်းမှာ ဒါရိုက်တာ Orson Welles က ဇာတ်ကောင်တွေရဲ့ အရေးပါမှုအဆင့်ကိုလိုက်ပြီးတော့ composition အပိုင်းကို ဘယ်လိုဖန်တီးသလဲဆိုတာကို ပြောချင်ပါတယ်။

သားဖြစ်သူကို ပညာတတ်ဖြစ်စေချင်တဲ့ ဆန္ဒ နဲ့ တပါးသူလက်ထဲကိုထည့်လိုက်ချင်တဲ့ Charles ရဲ့ အမေက ဒီဇာတ်ဝင်ခန်းမှာ ပါဝါအမြင့်ဆုံးဖြစ်ပြီး၊ အဓိက ဇာတ်ကောင် (protagonist) ဖြစ်တယ်။ သူ့ကို ဒါရိုက်တာက ကင်မရာ နဲ့ အနီးကပ်ဆုံးနေရာ (foreground) မှာထားတယ်။ ပြီးတော့ Charles အမေရဲ့ (အဓိက ဇာတ်ကောင်ရဲ့) ဆန္ဒ နဲ့ တထပ်တည်းကျတဲ့ Mr. Thetcher ကို အမေဖြစ်သူရဲ့ ဘေးနားမှာ ဒုတိယ အရေးပါတဲ့ ဇာတ်ကောင်အဖြစ် နေရာချထားတယ်။ သူတို့ဆန္ဒနဲ့ ဆန့်ကျင်ဘက်လည်းဖြစ်၊ ဒီဇာတ်ဝင်ခန်းရဲ့ ဆန့်ကျင်ဘက် ဇာတ်ကောင် (antagnoist) လည်းဖြစ်တဲ့ Charles အဖေကို သူတို့ နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ကင်မရာရဲ့ ဘယ်ဘက်မှာ သက်သက်ခွဲပြီး နေရာချထားတယ်။ အဲဒီ Protagnoist နဲ့ Antagnoist တို့ရဲ့ ကြားမှာမှ ပြတင်းပေါက်ဘောင်ထဲကနေ တဆင့် မြင်ရတဲ့ ဆော့နေတဲ့ ကလေးကို background အဖြစ်ထည့် ထားတယ်။

နောက်တခုကတော့ … အိမ်အတွင်း (foreground) နဲ့ ဟိုးအဝေး အိမ်အပြင်ဘက် (background) က လှုပ်ရှားမှုနှစ်ခုကို တချိန်တည်းမှာ တပြိုင်နက်တည်း ရိုက်ပြထားပုံ၊ background မှာ ဖြစ်နေတဲ့ ဇာတ်ကောင်ရဲ့ လှုပ်ရှားမှုကို midground ဖြစ်တဲ့ ပြတင်းပေါက် frame အတွင်းထဲမှာထည့်ပြီးရိုက်ပြထားပုံတွေက ဒါရိုက်တာရဲ့ အတတ်ပညာတခုဖြစ်တဲ့ composition အပိုင်း နဲ့ ရုပ်ရှင်ရိုက်ကူးခြင်း အတတ်ပညာဖြစ်တဲ့ cinematography အပိုင်းတို့ လှလှပပ ပေါင်းစည်းထားတဲ့ ရသမြောက်တဲ့ ဇာတ်ဝင်ခန်း တခန်းတခန်းလို့ပဲ ဆိုချင်ပါတယ်။
Kyaw Thein Kha

 “အချိန်က ၁၈၇၁ ခုနှစ်၊ Charles Forster Kane တို့မိသားစုပိုင်ဆိုင်တဲ့ မြေယာအတွင်းမှာ ရွှေလုပ်ကွက်တခု ပေါ်လာပြီးတဲ့နောက် Charles ရဲ့ မိခင် Mary Kane က သူ့သား Charles ကို ဒီလုပ်ငန်းထဲမှာ ကြီးပြင်းလာမှာကို မလိုလား။ အဲဒီအစား Mr. Thetcher ဆီကိုပို့ပြီးတော့ သူ့သားကို ပညာတတ်တယောက်ဖြစ် စေချင်တယ်။ ဒါကို Charles ရဲ့ အဖေ Mr. Kane က သဘောမတူဘူး။ ဒါပေမယ့် Charles ရဲ့ ရှေ့ရေးအတွက် Mr. Thetcher နဲ့ Charles တို့ အိမ်ထဲမှာ ဆွေးနွေးကြတယ်။ Charles ရဲ့ အဖေက ဒီကိစ္စကို သဘောမတူပေမယ့် မိန်းမကို မလွန်ဆန်ဝံ့သူ။ လူကြီးတွေ အိမ်ထဲမှာ ဆွေးနွေးနေကြစဉ်မှာပဲ ဒီကိစ္စတွေကို ဘာမှ မသိသေးတဲ့ Charles ကတော့ အိမ်အပြင်က နှင်းတောထဲမှာ ဆော့ကစားနေတယ်”


 ဒီဇာတ်ဝင်ခန်းမှာ ဒါရိုက်တာ Orson Welles က ဇာတ်ကောင်တွေရဲ့ အရေးပါမှုအဆင့်ကိုလိုက်ပြီးတော့ composition အပိုင်းကို ဘယ်လိုဖန်တီးသလဲဆိုတာကို ပြောချင်ပါတယ်။ သားဖြစ်သူကို ပညာတတ်ဖြစ်စေချင်တဲ့ ဆန္ဒ နဲ့ တပါးသူလက်ထဲကိုထည့်လိုက်ချင်တဲ့ Charles ရဲ့ အမေက ဒီဇာတ်ဝင်ခန်းမှာ ပါဝါအမြင့်ဆုံးဖြစ်ပြီး၊ အဓိက ဇာတ်ကောင် (protagonist) ဖြစ်တယ်။ သူ့ကို ဒါရိုက်တာက ကင်မရာ နဲ့ အနီးကပ်ဆုံးနေရာ (foreground) မှာထားတယ်။ ပြီးတော့ Charles အမေရဲ့ (အဓိက ဇာတ်ကောင်ရဲ့) ဆန္ဒ နဲ့ တထပ်တည်းကျတဲ့ Mr. Thetcher ကို အမေဖြစ်သူရဲ့ ဘေးနားမှာ ဒုတိယ အရေးပါတဲ့ ဇာတ်ကောင်အဖြစ် နေရာချထားတယ်။ သူတို့ဆန္ဒနဲ့ ဆန့်ကျင်ဘက်လည်းဖြစ်၊ ဒီဇာတ်ဝင်ခန်းရဲ့ ဆန့်ကျင်ဘက် ဇာတ်ကောင် (antagnoist) လည်းဖြစ်တဲ့ Charles အဖေကို သူတို့ နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ကင်မရာရဲ့ ဘယ်ဘက်မှာ သက်သက်ခွဲပြီး နေရာချထားတယ်။ အဲဒီ Protagnoist နဲ့ Antagnoist တို့ရဲ့ ကြားမှာမှ ပြတင်းပေါက်ဘောင်ထဲကနေ တဆင့် မြင်ရတဲ့ ဆော့နေတဲ့ ကလေးကို background အဖြစ်ထည့် ထားတယ်။
 ဒီရိုက်ချက်မှာ ဇာတ်ကောင်တဦးချင်းစီရဲ့အဆင့်ကို သူတို့ရဲ့ မျက်နှာအမူအရာ၊ ၀တ်စားဆင်ယဉ်ပုံ နဲ့ ခွဲလို့ရပါတယ်။

မျက်နှာအသားအရေကို ကတ္တီပါလို ချောမွေ့စေမယ့် နည်း


အမျိုးသမီးတိုင်း ချောမွေ့ပြီး ပြည့်စုံကောင်းမွန်တဲ့ အသားအရေ ပိုင်ဆိုင်လိုကြပေမယ့် အကြောင်းမသင့်ဘဲ အာဟာရချို့တဲ့ခြင်း၊ အသက်အရွယ်နဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် အသားအရေ ထိခိုက်စေပြီး ဆန့်ကျုံ့နိုင်အား ဆုံးရှုံးကြပါတယ်။ အသားအရေမှာ ချွေးပေါက်တွေ ပိုကျယ်လာပြီး အသားအရေ အရောင်ပိုထွက်လာလေ့ရှိပါတယ်။

ဒါပေမယ့် မိမိအသားအရေကို လှအောင် ပြန်လုပ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မိမိစိတ်ကူးကို အကောင်အထည်ဖော်ပေးမယ့် နည်းလမ်းတချို့ရှိလို့ပဲ ဖြစ်ပါတယ်။ ရိုးရှင်းပေမယ့် ထိရောက်တဲ့ အိမ်တွင်းဆေးနည်းလေးပါ။ လိုအပ်တာတွေကတော့

ဆားဆော်ဒါ (baking soda) လက်ဖက်ရည်ဇွန်း (၁) ဇွန်း နဲ့ ပေါင်းခံရေ (distilled water) လက်ဖက်ရည်ဇွန်း (၁) ဇွန်း စတဲ့ အရောအနှောကို အရေပြားမှာ လိမ်းပြီးပါက ၅ မိနစ်ထားပြီး အသားအရေကို သေချာပြန် ဆေးကြောပေးပါ။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်ထဲ ဂွမ်းလေးနစ်ပြီး အရေပြားပေါ် လိမ်းပေးပါ။ အသားအရောင်ကို ကာကွယ်ပေးပါတယ်။ ဒီနည်းဟာ အားလုံးနဲ့ စိမ်းသလိုရှိပေမယ့် အလုပ်တော့ဖြစ်ပါတယ်။

trend myanmar

အမေရိကန် ပြည်ဝင်ခွင့် ပိုမိုတင်းကြပ်မည်


အမေရိကန်ပြည်ဝင်ခွင့် Visa လျှောက်ထားကြသူတွေထဲက ဘယ်သူတွေကိုတော့ ပိုပြီးစိစစ်သင့်တယ်ဆိုတာမျိုး သိအောင်လုပ်ဖို့ ကမ္ဘာတဝန်းမှာရှိကြတဲ့ အမေရိကန် သံရုံးတွေ ကောင်စစ်ဝန်ရုံးတွေကို နိုင်ငံခြားရေးဌာနက မှာကြားထားပါတယ်။ အကြမ်းဖက်သမားတွေနဲ့ ဆက်နွယ်တယ်လို့ မသင်္ကာသူတွေ၊ IS စစ်သွေးကြွအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေဆီ သွားခဲ့ဖူးသူတွေဆိုရင် သူတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေကို ဆန်းစစ်သုံးသပ်ကြဖို့လည်း နိုင်ငံခြားသံရုံးတွေကို ညွန်ကြားထားပါတယ်။

Visa လျှောက်ကြသူတွေထဲမှာ အမေရိကန်အတွက် အန္တရာယ်ရှိနိုင်မယ့်သူ၊ စိုးရိမ်စရာ မရှိတဲ့သူ စသဖြင့် အုပ်စုခွဲနိုင်ရေးအတွက် လုံခြုံရေးနဲ့ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ တိုင်ပင်ဆုံးဖြတ်ပြီး လိုအပ်သလို စိစစ်မှုတွေကို ကြပ်ကြပ်မတ်မတ်လုပ်ကြဖို့ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကအမေရိကန်သံရုံးတွေဆီ ပေးပို့တဲ့ ဌာနတွင်း ဆက်သွယ်စာတွေထဲမှာ ပြောထားပါတယ်။

Visa လျှောက်သူအနေနဲ့ သတ်မှတ်ထားတဲ့ အချက်တွေပြည့်မှီလို့ Visa ပေးနိုင်တယ်ဆိုရင်တောင် လုံခြုံရေး ထောက်လှမ်းရေးတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆုံးဖြတ်ချက်အရ လိုအပ်ရင် ထပ်ပြီးစိစစ်ရမှာဖြစ်ပါတယ်။ အဲဒီသူမျိုးတွေကို Visa ငြင်းပယ်လိုက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ အမေရိကန်ကိုလာမယ့် နိုင်ငံခြားသားတွေကို သေသေချာချာ စိစစ်မယ်လို့ သမ္မတ Donald Trump ပေးခဲ့တဲ့ မဲဆွယ်ကတိတွေအတိုင်း ပထမဆုံးစီစဉ်ဆောင်ရွက်မှုလို့ မြင်နိုင်ပါတယ်။

မတ်လ ၁၀ ရက်ကနေ မတ်လ ၁၇ ရက်ကြားပေးပို့ခဲ့တဲ့ ဌာနတွင်းပေးစာ ညွန်ကြားချက် ၄ ခုထဲမှာ ဘယ်လိုလူမျိုးကို အထူးစိစစ်ရမယ့် အုပ်စုထဲ ထည့်ရမှာလဲဆိုတာ အသေးစိတ်ကိုတော့ ရှင်းပြထားခြင်း မရှိပါဘူး။ ဒီဆောင်ရွက်မှုတွေက လူမျိုး ဘာသာကို အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ လုပ်ချင်သလို လုပ်အောင်ခွင့် ပေးထားသလို ဖြစ်လိမ့်မယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ဝန်ကြီး Tillerson ဆီကို ကြာသပတေးနေ့က စာရေးသား ပေးပို့ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဗြိတိန်လွှတ်တော်အနီး တိုက်ခိုက်မှု နောက်ထပ် လူ ၂ ဦးကို ဖမ်းဆီး

လန်ဒန်မြို့တော် လုံခြုံရေးတင်းကျပ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့က လွှတ်တော်အနီး တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး နောက်ထပ် လူ ၂ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုတာမျိုး မရှိပေမဲ့၊ ဖမ်းဆီးမှုဟာ ထူးခြားမှုရှိတဲ့အကြောင်း လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေးဌာန အကြီးအကဲ Mark Rowley ကပြောဆိုခဲ့တာပါ။

လတ်တလော ဖမ်းဆီးထားသူ စုစုပေါင်း ၉ ဦး ရှိနေပြီး၊ တဦးကိုတော့ ပြန်လွှတ်ပေးလိုက်ပြီလို့လည်း ပြောပါတယ်။ ဗြိတိန်ပါလီမန်အနီး တိုက်ခိုက်မှု ကျုးလွန်ခဲ့သူဟာ အစ္စလာမ်ဘာသာကို ကူးပြောင်းခဲ့သူ ဗြိတိန်နိုင်ငံသား Khalid Masood ဆိုသူဖြစ်ပြီး၊ လက်နက်ပိုင်ဆိုင်မှုနဲ့ တခြားအမှုတွေ အပါအ၀င် ရာဇ၀တ်မှု ကျုးလွန်ဖူးတဲ့ နောက်ကြောင်းရှိသူ တဦးဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားတာပါ။

တိုက်ခိုက်သူရဲ့ နာမည်ရင်းဟာ Adrian Russell Ajao ဖြစ်ပြီး၊ သူနဲ့ပတ်သက်လို့ သိထားတာရှိရင်လည်း ပြောကြဖို့ အကြမ်းဖက်ဝါဒ တန်ပြန်နှိမ်နင်းရေးဌာန အကြီးအကဲ Rowley က လူထုကို ပန်ကြားထားပါတယ်။ IS စစ်သွေးကြွအဖွဲ့ကတော့ အသက် ၅၂ နှစ်အရွယ် Masood ဟာ၊ အမေရိကန် ဦးဆောင်ပြီး IS အဖွဲ့ကို တိုက်ခိုက်နေတဲ့ မဟာမိတ် နိုင်ငံတွေက အရပ်သားတွေနဲ့ စစ်ဖက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အဖွဲ့ရဲ့ တိုက်တွန်းချက်ကို တုန့်ပြန်လိုက်တာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

အကြမ်းဖက်ဝါဒနဲ့ ဆက်နွယ်တဲ့ ပြစ်မှုတွေနဲ့ တကြိမ်တခါမှ အရေးယူ ခံရဖူးတာမျိုး မရှိခဲ့ပေမဲ့၊ အစွန်းရောက်လုပ်ရပ်တွေနဲ့ ဆက်နွယ်ပြီး စစ်ဆေးမေးမြန်းခံခဲ့ရဖူးသူ ဖြစ်ကြောင်းလည်း ဗြိတိသျှလုံခြုံရေး အရာရှိတွေက ပြောပါတယ်။ လန်ဒန်မြို့က ပါလီမန်အဆောက်အဦးကို ဆက်သွယ်ထားတဲ့ Thames မြစ်ပေါ်က Westminster တံတားပေါ်မှာ သွားလာနေတဲ့လူတွေကို ကားနဲ့တိုက်၊ ဒီနောက်မှာတော့ လွှတ်တော်ဝင်ပေါက်ကိုပါ ၀င်တိုက်ပြီး၊ တားဆီးဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို ဓားနဲ့ထိုးခဲ့တဲ့ လုပ်ရပ်တွေကိုတော့ သူတဦးတည်း ကျုးလွန်ခဲ့တာဖြစ်မယ်လို့ ယုံကြည်ထားကြောင်းလည်း တာဝန်ရှိသူတွေကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဝေါမြို့ နယ် ထိန်​တပင်​​ကျေးရွာ၌ ကိုးနှစ်​အရွယ်​ မိန်းခ​လေးငယ်​​တစ်​ဦး အဓမ္မပြုကျင့်​ခံရဟုဆို


ဝေါ ၊မတ်​လ (၂၄)

ပဲခူးတိုင်း​ဒေသကြီး​၊ ဝေါမြို့ နယ်​ပိုင်​ ထိန်​တပင်​ကျေးရွာ၌ မတ်​လ(၂၂)ရက်​​က ယင်း​ကျေးရွာ​နေ (၃)တန်း​ကျောင်းသူ မိန်းခ​လေးငယ်​တစ်​ဦး အဓမ္မပြုကျင့်​ခံရ​​၍ အဖွားဖြစ်​သူမှ အမှုဖွင့်​တိုင်​ကြားထားကြောင်း ထိန်​တစ်​ပင်​​ကျေးရွာသားတစ်​ဦးထံက သတင်းရရှိသည်​။

မတ်​လ (၂၂) ရက်​​နေ့ နံနက်​ (၈) နာရီအချိန့်ခန်​ က့ ထိန်​တပင်​​ကျေးရွာ​နေ ​ဒေါ်ငို မှာ တူမ​တော်​စပ်​သူ​ဒေါ်ချို ​၊ ဒေါ်နီလာ၊​မြေးဖြစ်​သူ အသက်​ (၉) နှစ်​အရွယ်ရှိ မ.......... တို့ နှင့်​အတူ​၊ နေအိမ်​၌ရှိ​နေစဉ်​ တစ်​ရွာတည်း​နေ အသက်​ (၂၂) နှစ်​အရွယ်​ရှိ စန္ဒ​ကျော်​ (ဘ)ဦးမျိုးသန်းဆိုသူ​ ရောက်​ရှိလာပြီး၊ မတ်​လ (၂၁) ရက်​​နေ့ ကသရက်​သီးသွား​ကောက်​ရာမှ သရက်​သီး​ဖိုးရောင်းရ​ငွေ (၁၀၀၀)ကျပ်​အား လာ​ရောက်​ ​ပေးအပ်​၍ သရက်​သီး ထပ်​မံသွား​ကောက်​ရန်​ မ........... အား​ခေါ်ဆိုသဖြင့်​ ​​ဒေါ်ချို မှ အိပ်​​ပျော်​​နေသည့်​ တူမဖြစ်သူမ.........
အား နှိုး၍ထည့်​​ပေးလိုက်​​ကြောင်း၊ စန္ဒ​ကျော်​က စက်​ဘီးနှင့်​မ........အား တင်​​ဆောင်​သွားပြီး တစ်​နာရီ​ကျော်​ခန့်အကြာ မ.........မှာ ငိုယိုပြီးပြန်​လာ​၍ ဒေါ်ချို မှ​ တူမဖြစ်​သူအားမေးမြန်းရာ ရွာ၏​တောင်​ဘက်​တစ်​မိုင်​ခန့်အကွာရှိ လူမ​နေသည့်​ တဲတွင် ​စန္ဒ​ကျော်​က မ ....... ဝတ်​ဆင်​လာသည့်​ အဝါ​ရောင်​​ဘောင်းဘီတိုအားအတင်းဆွဲချွတ်​၍ အဓမ္မပြုကျင့်​ခဲ့​ခြင်းကြောင်း ​​ညောင်​ခါးရှည်​ရဲစခန်း၏ ရဲမှတ်​တမ်းများအရ သိရသည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ ပက်​သက်​၍ ​မ ....... အား အဓမ္မပြုကျင့်​သူ စန္ဒ​ကျော်​အားအ​ရေးယူ​ပေးပါရန်​ အဘွားဖြစ်​သူ​ဒေါ်ငိုမှ ​ညောင်​ခါးရှည်​နယ်​​မြေရဲစခန်းတွင်​ လာ​ရောက်​တိုင်​တန်းသဖြင့်​ ​ညောင်​ခါးရှည်​နယ်​​မြေရဲစခန်းမှ (ပ)၅၃/၂၀၁၇ ပြစ်​မှုဆိုင်​ရာဥပ​ဒေပုဒ်​မ ၃၇၆ ဖြင့်​အမှုဖွင့်​လှစ်​ထား​ကြောင်း သိရှိရပြီး အမှုနှင့်​ပက်​သက်​သည့်​ စန္ဒ​ကျော်​ဆိုသူမှာ ထွက်​​ပြေးတိမ်း​ရှောင်​​နေ​ကြောင်း ဆက်​လက်​သိရှိရသည်​။

Admin - Nay Makha
Waw Media

အိန္ဒိယတော်ပီဒို မြန်မာကိုရောင်းမည်

အိန္ဒိယစစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်။
ဒေသတွင်းမှာ တရုတ်ရဲ့ စစ်အင်အားကြီးမားလာမှုကို တန်ပြန်ရေး မူဝါဒအရ India နိုင်ငံက မြန်မာနိုင်ငံနဲ့ စစ်ရေးပူးပေါင်းမှု တိုးမြှင့်နိုင်ဖို့ ကြိုးစားနေတာမှာ အပေါ့စား တော်ပီဒိုတွေကို မြန်မာနိုင်ငံကို တင်ပို့မှာဖြစ်ပါတယ်။ Time of India သတင်းစာထဲမှာ ဖော်ပြထားချက်အရ Rocket launcher တွေ၊ မော်တာစိန်ပြောင်းတွေ၊ ရိုင်ဖက်သေနတ်တွေ၊ ရေဒါတွေ၊ အမှောင်ထဲသုံး ပစ္စည်းတွေ၊ ဘေလီတံတားတွေ၊ စစ်သုံးဂျစ်ကားတွေ၊ ဆက်သွယ်ရေးသုံး ပစ္စည်းတွေအပြင် လမ်းဖောက်ကိရိယာတွေကို မြန်မာစစ်တပ်အတွက် India နိုင်ငံက ပံ့ပိုးပေးဖို့ အဆင့်သင့်ပဲလို့ သတင်းထဲမှာ ရေးထားပါတယ်။

ဒေါ်လာ ၃၈ သန်းနီးပါးဖိုး အပေါ့စားတော်ပီဒိုတွေ တီထွင်မယ့်စာချုပ်အကြောင်းကို India ဘဏ္ဍာရေးဝန်ကြီးလဲဖြစ်၊ ကာကွယ်ရေးဝန်ကြီးလဲဖြစ်တဲ့ Arun Jitley က သောကြာနေ့က ပွဲတခုမှာ ပြောကြားခဲ့တယ်လို့ သတင်းထဲမှာ ရေးထားပါတယ်။ ကီလိုမီတာ ၁ ထောင့် ၆ ကျော်ရှည်လျားတဲ့ ၂ နိုင်ငံနယ်စပ်ကြားမှာ India တပ်တွေက မြန်မာစစ်တပ်နဲ့ ညှိနှိုင်းမှုတိုးမြှင့်ပြီး ကင်းလှည့်သွားမှာဖြစ်ပါတယ်။ အဲဒီနယ်စပ်ဒေသတွေမှာ India နိုင်ငံထဲကခွဲထွက်ဖို့ တိုက်နေတဲ့ သူပုန်အဖွဲ့တွေ လှုပ်ရှားနေတာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

ထိုင်းရောက် ဒုက္ခသည် ၇ သောင်း မြန်မာဘက်ပြန်ခိုင်းမည်


ထိုင်းလုံခြုံရေးတွေနဲ့ မြန်မာစစ်ပြေးဒုက္ခသည်များကို ထိုင်း-မြန်မာနယ်စပ်တွင် တွေ့ရစဉ် ။
မြန်မာနိုင်ငံတွင်းက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို အိုးအိမ်ရွှေ့ပြောင်း လာရောက်နေကြရတဲ့ ဒုက္ခသည် ၇ သောင်းလောက်ကို နေရပ်ရင်းပြန်ကြဖို့ ထိုင်းအစိုးရက ပန်ကြားမှာ ဖြစ်ကြောင်း တတိယ တပ်မဟာ ဒုတိယဗိုလ်ချုပ်ကြီး Vijak Siribansop က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ပြန်ချင်တဲ့ လူကိုသာ ပြန်ပို့ပေးမှာ ဖြစ်ပြီး တကယ်လို့ နေရပ်ရင်း ပြန်ဖို့ အဆင်သင့် ဖြစ်နေသူတွေကိုသာ တဖြေးဖြေး ပြန်ပို့ပေးမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

မြန်မာအစိုးရကလည်း သူတို့ နေထိုင်ဖို့ နေရာတွေကို ပြင်ထားပြီဖြစ်သလို လက်ရှိမြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဟာလည်း အောင်မြင်ဖို့ အလားအလာ တွေ့နေရတယ်လို့ပြောပါတယ်။ ဒီဒုက္ခသည်တွေ အခုလို ပြန်တဲ့အတွက် အန္တရာယ်မရှိစေဖို့နဲ့ ကောင်းကောင်း မွန်မွန် အဆက်ဆံ ခံရအောင် အပြင် ခုလိုနေရပ်ရင်း ပြန်ရေးဟာ စိတ်ချလုံခြုံမှုနဲ့အတူ သိက္ခာရှိရှိဖြစ်စေဖို့ အဓိကဦးစားပေး လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေးအတွက် ထိုင်းအစိုးရနဲ့ အတူ ကုလသမဂ္ဂ ဒုက္ခသည်အရေးဆိုင်ရာ UNHCR က ငွေကြေးထောက်ပံ့ပြီး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည် စခန်း ၇ ခုမှာ နေထိုင်တဲ့ မြန်မာ ဒုက္ခသည်ပေါင်း ၆၂, ၁၂၈ ယောက် ရှိနေပြီး သူတို့ကို တတိယ တပ်မဟာ က စောင့်ရှောက်ထား တာဖြစ်ပါတယ်။ ဒုက္ခသည်တွေဟာ စခန်း ၃ ခုဖြစ်တဲ့ Tha Song Yang ဒေသက Ma La ၊Phop Phra က အုန်းဖြန် နဲ့ Umphang ဒေသက နို့ဖိုး ဒုက္ခသည်စခန်းတွေမှာ အဓိက နေထိုင်ကြတာ ဖြစ်ပါတယ်။ နောက်ဒုက္ခသည်စခန်း ၄ ခုကတော့ မယ်ဟောင်ဆောင်၊ မယ်စူရီ၊ Mae Lama Luang နဲ့ မယ်လ စခန်းတွေဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ဘင်္ဂလားဒေ့ရှ် လေဆိပ်အနီးတွင် အသေခံဗုံးပေါက်ကွဲမှုဖြစ်ပွား

 အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့သည့် လေဆိပ်အနီး၌ အထူးတပ်ဖွဲ့ဝင်များ စစ်ဆေးမှုများပြုလုပ်နေစဉ် (ဆင်ဟွာ)
ဒါကာ၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခု အနီးတွင် မတ်လ ၂၄ ရက် ညပိုင်းက အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွားခဲ့ရာ အသေခံဗုံးခွဲသမားဟုသံသယရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း အရာရှိတစ်ဦးကပြောကြားခဲ့သည်။

အမည်မဖော်လိုသူ ဒါကာမြို့ ရဲအရာရှိက အသက်၂၅နှစ်ခန့်ရှိသော လူငယ်တစ်ဦးသည် ၎င်း၏ အိတ်အတွင်းမှ ဗုံးတစ်လုံးဖြင့် အသေခံဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူမရှိကြောင်း နှင့် မည်သည့်အဖွဲ့မှ ပြုလုပ်ခြင်းဖြစ်ကြောင်းကို သိရှိခြင်းမရှိသေးကြောင်း သိရသည်။

မြို့တော် ဒါကာမြို့ရှိ ရာဇဝတ်မှု နှင့် အကြမ်းဖက်မှု နှိမ်နှင်းရေး အထူးတပ်ဖွဲ့ (RAB) ၏ ဋ္ဌာနချုပ်တည်ရှိရာကို ဦးတည်၍ ယခင်အပတ်က အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လေဆိပ်များ နှင့် အကျဉ်းထောင်များအပါအဝင် မဟာဗျူဟာကျသော နေရာများအား အရေးပေါ်တပ်လှန့်ထားခဲ့ကြောင်း သိရသည်။

ဒါကာမြိှု့ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရာဇဝတ်မှု နှင့် အကြမ်းဖက်မှု နှိမ်နှင်းရေး အထူးတပ်ဖွဲ့ (RAB) ၏ ဋ္ဌာနချုပ် အား ဦးတည်၍ မတ်လ ၁၇ ရက်က အသေခံဗုံးဖောက်ခွဲခဲ့မှုကြောင့် အသေခံဗုံးခွဲသမား သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com

မထသ ပြန်အပ်ငွေ ကျပ်သိန်း ခြောက်သောင်းကျော်သာ ရှိသော်လည်း YBS စနစ် တစ်လဝင်ငွေ ကျပ် သိန်းခြောက်ထောင်ရှိ


မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) ကို YBS အဖြစ် ပြောင်းလဲကာ ရန်ကုန်မြို့ သယ်ယူ ပို့ ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့က တာဝန် ယူချိန်တွင် တစ်လ ဝင်ငွေ ကျပ်သိန်း ခြောက်ထောင် ရှိလာကြောင်း ရန်ကုန်တိုင်း ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ပြောသည်။

သို့ရာတွင် ၁၉၆၂ က ဖွဲ့စည်းခဲ့သည့် မထသ၏ နှစ်ပေါင်း ၅၀ ကျော် အတွင်း နိုင်ငံတော်သို့ ပြန်အပ်ငွေသည် ကျပ် သိန်းခြောက်သောင်း ကျော်သာ ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘ပြည်သူလူထုကို အသိပေးလိုတာက ၁၉၆၂ ကနေ အခု ၂၀၁၇ အထိ မထသ အဖွဲ့အစည်းရဲ့ ဝင်ငွေ နိုင်ငံတော်ကို အခု ပြန်အပ်နိုင်တာ သိန်းခြောက်သောင်း။ အခု YBS ကို ကျွန်မတို့ အစိုးရက ဦးဆောင်ပြီးတော့ ရန်ကုန်မြို့ သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ကနေ တာဝန် ယူလိုက်တဲ့ အချိန်မှာ တစ်လဝင်ငွေ သိန်း ခြောက်ထောင် ရှိတယ်။ သူတို့ နှစ်ပေါင်း သုံးဆယ်၊ လေးဆယ်လောက် ရှာထားတဲ့ ပိုက်ဆံဟာ ကျွန်မတို့ တစ်နှစ်တောင် ရှာစရာ မလိုဘူး’’ ဟု ၎င်းက ပြောသည်။

ယခုနှစ် ဇန်နဝါရီ ၁၆ ရက်က စ၍ YBS စနစ် ပြောင်းပြီးနောက် ရရှိသည့် တစ်လဝင်ငွေ ကျပ်သိန်း ခြောက်ထောင် အနက် သိန်းတစ်ထောင်ကျော်ကို ဝန်ထမ်း လစာပေးမည် ဖြစ်ပြီး ကျန်ငွေများကို ဘတ်စ်ကားများ စနစ်တကျ ထားရှိရန် ကားဝင်းများ ပြုလုပ်ခြင်း၊ လမ်းများ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။
( 7Day )

Wednesday, March 22, 2017

ရုပ်ရှင်ဖန်တီးခြင်း အတတ်ပညာ (Cinema Language)



ရုပ်ရှင်ဖန်တီးခြင်း အတတ်ပညာ (Cinema Language) ကို လေ့လာကြည့်တဲ့အခါမှာ မြန်မာ သဒ္ဒါ နဲ့ အင်္ဂလိပ် သဒ္ဒါတွေကို စပြီးလေ့လာသလိုပါပဲ။ မြန်မာ သဒ္ဒါကို စပြီးလေ့လာရင် ၀ါစင်္ဂ (၉) မျိုးရှိတယ်ဆိုတာကို ဆရာတွေက အရင်ပြောပြသလို၊ အင်္ဂလိပ်သဒ္ဒါမှာလည်း ၀ါစင်္ဂ (၈) မျိုး (Eight Parts of Speech) ဆိုတာကို ပြောပြပါတယ်။ ရုပ်ရှင်ဖန်တီးခြင်း အတတ်ပညာ (Cinema Language) ကို ဟောလိဝုဒ်က ၀ါရင့် ရုပ်ရှင် အတတ်ပညာရှင်၊ အသိပညာရှင်တွေက Grammar of Film လို့ တင်စားပြောဆိုကြပါတယ်။ ဒီနေရာမှာ Grammar ဆိုတဲ့ စကားလုံးကိုသုံးလိုက်ပေမယ့် ရုပ်ရှင် ဖန်တီးတာ နဲ့ သဒ္ဒါအပိုင်း နဲ့ ဘာမှ မသက်ဆိုင်ပါဘူးလို့လည်း သူတို့က ဆိုထားပါတယ်။

မြန်မာစကားမှာ "သဒ္ဒါမတတ်ရင် စာမတတ်ဘူး" ဆိုတဲ့ ဆိုရိုးတခုလည်း ရှိနေပြန်သေးတော့ ရုပ်ရှင်ဖန်တီးခြင်းအတတ်ပညာ ချို့တဲ့တဲ့ ရုပ်ရှင် ဇာတ်ကား တကားကို ကြည့်ရတာက သဒ္ဒါနည်းကျ ရေးမထားတဲ့ စာတပုဒ်ကို ဖတ်ရသလိုပါပဲ။ ရိုက်ချက်၊ အလင်း၊ အမှောင်၊ အသံ၊ အရောင်၊ နောက်ခံ background နဲ့ ဇာတ်ကောင်တွေကို နေရာချထားမှုတွေ သဟဇာတမဖြစ်တဲ့အတွက်ကြောင့် ကြည့်တဲ့ ပရိသတ်ကို ရသ အပြည့်အ၀ပေးနိုင်မှာမဟုတ်ပါဘူး။

Cinema Language မှာ အောက်ပါအစိတ်အပိုင်းတွေ ပါဝင်ပါတယ်။

၁။ ရိုက်ချက် အရွယ်အစား (Shot Size)
ဇာတ်ဝင်ခန်း တခန်းချင်းစီ (Scene) အလိုက် ရိုက်ချက် (Shot) ဘယ်နှစ်ချက်ရိုက်မယ်၊ ဘယ် ရိုက်ချက်ကို ဘယ်အရွယ်အစား (ဥပမာ - Close Up Medium, Wide shot စသဖြင့်

၂။ ကင်မရာ frame အတွင်း ဇာတ်ကောင်များအား နေရာချထားပုံ၊ တည်နေရာ နှင့် နောက်ခံ background (Composition: Foreground, Midground and Background)
ဇာတ်ဝင်ခန်းထဲမှာ ပါတဲ့ ဇာတ်ကောင်တွေရဲ့ အရေးပါမှုပေါ်မူတည်ပြီး ကင်မရာ frame ထဲမှာ ဇာတ်ကောင်တွေကို နေရာချထားပုံ၊ ဇာတ်ကောင်တဦးချင်းစီ နဲ့ ကင်မရာ၊ နောက်ခံ background တွေ နဲ့ အကွာအဝေး

၃။ ကင်မရာ၏ တည်နေရာ နှင့် ရှုထောင့် (Camera Position and Angles)

၎။ ကင်မရာ ရွေ့လျားမှု (Camera Movement)
ကင်မရာကို ရှေ့တိုး၊ နောက်ဆုတ်၊ ဘေးတိုက် ဘယ်ညာကို Dolly နဲ့ဆွဲပြီး ရိုက်တာမျိုး (Dolly Shot)၊ ထောက်တိုင်ပေါ်မှာ တည်ထားပြီး ဘယ်ညာ ဆွဲပြီး ရိုက်တာမျိုး (panning)၊ အထက်အောက် ဆွဲပြီး ရိုက်တာမျိုး (Tilting) စသဖြင့်၊

၅။ မှန်ဘီလူး (Lens Setting)
ဇာတ်ကောင် (သို့မဟုတ်) အရာဝတ္ထု နဲ့ ကင်မရာ အကွာအဝေး၊ ရိုက်ချက်အရွယ်အစား (shot size) ပေါ်မူတည်ပြီး သုံးရမယ့် မှန်ဘီလူး အရွယ်အစား (ဥပမာ - 24 mm, 50 mm, 80 mm စသဖြင့်)

၆။ အလင်းအမှောင် သဘောတရား နဲ့ ကာလာ (Lighting and Color)
ဒီအပိုင်းကို Color Temperature အပိုင်း နဲ့ Color Correction အပိုင်းရေးတဲ့အခါကျရင် အသေးစိတ်ရေးပါမယ်။

၇။ အသံဖမ်း၊ အသံထပ်၊ အသံရောနှောခြင်း (Sound: Recording, Voice over, sound mixing, sound design)

၈။ ရိုက်ချက် တခု နဲ့ တခု ဆက်စပ်မှု (Continuity)

၉။ တည်းဖြတ်ခြင်း (Editing)

အခုတော့ ဒီလောက်ပါပဲ။ ဒီပို့စ်ရေးတာရော၊ မှီငြမ်းဖို့ ဓာတ်ပုံတွေကို အင်တာနက်ထဲမှာ မွှေနှောက်ရှာတာရော စုစုပေါင်း အချိန် ၃ နာရီကျော်ကျော်လောက် ကုန်သွားပြီး၊ မနက်လည်း မိုးလင်းသွားပြီ ဖြစ်တာကြောင့် မျက်နှာပေါ် စောင်အုပ်ပြီး အိပ်ပါပြီဗျာ။
Kyaw Thein Kha













Tuesday, March 21, 2017

Mister Asia Myanmar 2016 ဆုရှင် တေဇာလင်းကို ကာမလိမ်လည်ရယူမှုဖြင့် တရားစွဲဆို


Mister Asia Myanmar 2016 Mister တေဇလင်း က စင်သီတာနော့ အား ကာမလိမ်လည်ပေါင်းသင်းနေထိုင်ခဲ့ခြင်းကို တရားဝင် သတင်းစာရှင်းလင်း တရားစွဲပြီ ( ရုပ်သံ )

Mister Asia Myanmar 2016 ပြိုင်ပွဲမှ နိုင်ငံကိုယ်စားပြု Mister မောင်တေဇလင်းအနေဖြင့် စင်သီတာနော့ အား လိမ်လည်ပေါင်းသင်းနေထိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ စင်သီတာနော့မှ မတ်လ(၂၀)ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြု လုပ်ခဲ့ကြောင်း သိရှိရသည်။
(အောက်ဆုံးတွင်ဗီဒီယိုဖိုင်တွဲတင်ပေးထားသည်)

စင်သီတာနော့မှ မောင်တေဇလင်းအား အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားမကြီးနစ်နာမှု ၃၁၄/၂၀၁၇/ ဖြင့် တာေ မွမြို့ နယ်တရားရုံးတွင် ကာမလိမ်လည်မှု ပုဒ်မ(၄၁၇)ဖြင့် ဦးတိုက်လျှောက် တရားစွဲဆိုထားကြောင်း သိရသည်။



“ကျွန်မ ဒီပွဲလုပ်ရတဲ့ရည်ရွယ်ချက်က အခုကိုယ်ဝန် ၇လ ရှိပြီ။ ဒီ Mister ဆုကနေပြုတ်စေချင်တယ်။ကလေးရဲ့ အဖေနာ မည်ခံစေချင်တယ်။ ထောင်ကျစေချင်တယ်။ တရားစွဲထားတဲ့ တောက်လျှောက်မှာလည်း တရားရုံးကို မ ရောက်လာ ခဲ့ပါ ဘူး။ ကျွန်မ ဒီလိုတွဲနေတာက သူ့မိဘတွေဘက်က သိတယ်။
အခု တရားစွဲမယ်ဆိုတော့ သူ့မိဘ တွေ ကိုယ်တိုင်က သူ့အမေက လုပ်ချင်တာလို့ပြောတယ်။ ထောင်ကျလဲ ရပါတယ်။ သူ့သားကို သူ့အပြစ် သူ ခံစေချင်တာပါ။ အခု ဒီလိုကိုယ်ဝန်ကြီးနဲ့ ကိစ္စတွေကြုံနေတာကို ကျွန်မမိဘတွေဘက်က မသိ ဘူး။ အသိပေး မထားဘူး။ ဒီစာနယ်ဇင်းပွဲကနေတဆင့် သိသွားမှာပါ။“ ဟု စင်သီတာနော့က ပြောသည်။

စင်သီတာနော့နှင့် မောင်တေဇာလင်းတို့သည် စင်သီတာနော့ အသက် ၁၆ နှစ်အရွယ်ကတည်းက သမီး ရည်းစားအဖြစ်မှ တရားဝင်လက်ထပ်မည်ဟု ဆိုကာ (၃)နှစ်တာ ချစ်ခင်ပေါင်းသင်းနေထိုင်လာခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ အဲ့ပွဲ မှာ မောင်တေဇာလင်းကို စေလွှတ်ခဲ့တယ်။
ဒီပြဿနာမှာ သူတကယ်ကျူးလွန်တာ ဟုတ်မ ဟုတ် စုံစမ်းစစ်ဆေးမယ်။ တကယ်မှန်ရင် စည်းမျဉ်းစည်း ကမ်းမညီတဲ့အ တွက် သရဖူကိုပြန်သိမ်းပါ့မယ်။”ဟု Master of Myanmar Organization ၏ CEO ဦးဇေယံဟိန်းက ပြောသည်။ စ င်သီတာနော့သည် ဟောင်ကောင်တွင် နေထိုင်သူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကာ ၎င်း နှ င့်အတူ နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။

တေဇာလင်းအနေဖြင့် ပြိုင်ပွဲယှဉ်ပြိုင်ရန်ဟုဆိုကာ အတွေ့မခံတော့ဘဲ ရှောင်နေပြီး ကိုယ်ဝန်ရရှိသော်လည်း တရားဝင် လက်ထပ်ခြင်းမရှိဘဲ ကိုယ်ဝန်ဖြတ်ချရန် စေခိုင်းခဲ့ကြောင်း၊ လက်ရှိတွင် မောင်တေဇာလင်း အနေဖြင့် တခြားအမျိုး သ မီးတစ်ဦးဖြင့် နယ်မြို့တွင် နေထိုင်လျှက်ရှိကြောင်း စင်သီတာနော့ထံမှ သိရသည်။

Credit to myitmakhamediagroup