Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, December 31, 2017
ဒူးနာ ခါးနာ ရောဂါသည်များ အတွက် အစွမ်းထက်တဲ့ သဘာဝ ဆေးနည်း (၈) မျိုး
~~~~~~~~~~~~
ဒူးနာ ခါးနာ၍ ဆေးခန်းပြသော်လည်း
မသက်သာပဲ ဆေးမတိုးဘဲ ရှိနေသူတွေ
သဘာဝ ဆေးနည်းများကို
အသုံးပြု ချင်သူတွေ
တောင်းဆိုလာသူများ အတွက်
ဒူးနာ ခါးနာ
သဘာဝ ဆေးနည်း (၈) မျိုးကို
စုစည်း၍ ပေါင်းစုပြီး မျှဝေ ပေးလိုက်ပါတယ်။
~~~~~~~
ဆေးနည်း (၁)
~~~~~~~
လေဖြတ် လေငန်း လေးဘက်နာ  ခါးနာ ဒူးနာ
ရောဂါများသည်များ
ဖီးကြမ်း ငှက်ပျောသီး အမှည့်ကို
ဖင်ဖြတ် ခေါင်းဖြတ်၍
သက်ရင်းကြီးရွက်နှင့် လုံအောင်လိပ်ကာ
(၅) နာရီခန့် ပြုတ်၍
တစ်နေ့သုံးလုံးစီ (၅) ရက်ဆက်တိုက်
စားပေးပါက
လေဖြတ် လေငန်း လေးဘက်နာ  ခါးနာ ဒူးနာ
နာတာရှည်ရောဂါများ ပျောက်ကင်းပါသည်။
ပြုလုပ်ပုံလွယ်ကူ၍ အကုန်အကျ နည်းကာ
အစွမ်းထက် သက်စောင့်ဆေးအား
မှီဝဲကြပါကုန် ။
#(ဝိစိတ္တရတနာမြေ)
~~~~~~~
ဆေးနည်း (၂)
~~~~~~~
ငါးကြင်းခေါင်းကို
မကြာခဏ ဟင်းချက်စားခြင်း
ဒူးနာ ရောဂါ၊ ဒူးခေါင်း ကျီးပေါင်း ရောဂါများကို
ပျောက်ကင်းစေနိုင်ကြောင်း
ရှေးက ဆေးကျမ်းများတွင် ဖတ်ရှုရ၍
လက်တွေ့ စမ်းကြည့်ရာ
ဒူးထဲမှ ကုန်ခမ်းနေသော
ရိုးတွင်း ချဉ်ဆီများ အား
ပြန်လည် ပြည့်ဝလာ၍
အမှန် တကယ် ပျောက်ကင်းခဲ့ပါသည်။ 
ဆေးရုံ (၃) လလောက်တက်ခဲ့ရတဲ့
အသိတစ်ယောက်
ဒီနည်းနဲ့ ပျောက်သွားပါတယ်။
(၃)ပတ်လောက်
ဒူးနာနေတဲ့ ကျနော့်ယောက္ခမလည်း
ဒီနည်းနဲ့ပဲ ပျောက်သွားတယ်။
#Credit
(တိုင်းရင်းဆေး ဆရာကြီး ဦးကြည်မြင့်လွင်)
~~~~~~~
ဆေးနည်း (၃)
~~~~~~~
ဆေးနည်းကတော့
ဂျင်းတက်နဲ့ မြေဖြူ ခဲကို
ရောထောင်းပြီး
နာနေတဲ့ဒူးပေါ်ကို
တစ်နေ့ (၂) ကြိမ် လိမ်းပေးပါ။
(၃) ရက်အတွင်း သိသာလာမယ်။
တစ်ပတ်လောက်ဆိုပြီ ပျောက်ပြီ။
#Credit:(ကိုယ်တွေ့တစ်ဦး)
~~~~~~~
ဆေးနည်း (၄)
~~~~~~~
ခွေးတောက်ရွက်
လက်တစ်ဆုပ်ခန့်ကို
ထုထောင်း၍ အရည်ညှစ်ယူကာ
၎င်းအရည်ဖြင့်
သနပ်ခါးသွေးကာ
ဒူးပေါ်ကို လိမ်းပေးပါ။
မနက်ရေချိုးပြီးတစ်ကြိမ်၊
ညအိပ်ခါနီးတစ်ကြိမ် လိမ်းပေးပါ။
တစ်ပတ်ခန့်လိမ်းပေးလျှင်
ဒူးနာသက်သာ ပျောက်ကင်းစေမည်။
#Credit: (Mg Naing)
~~~~~~~
ဆေးနည်း (၅)
~~~~~~~
ရှားစောင်းလက်ပပ်
လတ်လတ်ဆတ်လတ်ကို ခူးယူ၍
အပေါ်အခွံကိုခွါပြီး
အတွင်းသားဂျယ်လီကို
ဇွန်းဖြင့်ခြစ်ယူ၍
ကျိုချက်ထားသော
နွားနို့အအေးနှင့် သောက်ပါ။
(၅) ရက်ခန့်သောက်လျှင်
ဒူးနာသက်သာလာမည်။ 
#Credit: (ဒို့မြန်မာဒေါ့ကွမ်း)
~~~~~~~
ဆေးနည်း (၆)
~~~~~~~
ဒူးနာ၊ ခါးနာပျေက်ကင်းစေမည့်
သဘာဝဆေးနည်း
(က) သင်္ဘောသီးအစိမ်းတစ်လုံးကို
ထိပ်ပိုင်းနေရာမှ
ကြက်ဥတစ်လုံးစာခန့်
ပိုင်းဖြတ်လိုက်ပါ။
အတွင်းမှ အစေ့များကိုလည်း
မထုတ်ပဲ ထားပါ။
(ခ) ကြက်ဥကို ထည့်လိုက်ပါ။ 
(သဘာဝ ကြက်ဥ၊ တောကြဥ ဆိုလျှင်
ပိုကောင်းပါသည်)
(ဂ) ပိုင်းဖြတ်ထားသည့်
အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။
သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။
ပိုပြီး စိတ်ချချင်လျှင် ရွံ့ စေးများဖြင့်
အုပ်ပေးထားနိုင်ပါသည်။
(ဃ) ၄င်းသင်္ဘောသီးကို
မီးသွေးမီးဖိုထဲမှာ မီးဖုတ်ပေးပါ။
ပျော့အိပြီး အတွင်းမှ
ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။
(င) ပြီးလျှင် အခွံကို ခွါချလိုက်ပြီး
အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။
တစ်ပတ်ကို တစ်ကြိမ်
အနည်းဆုံး (၃)ကြိမ်ခန့်
စားပေးပါက
ဒူးနာ၊ ခါးနာပျောက်ကင်း
သွားပါလိမ့်မယ်။
(အစာလည်းဆေး၊ ဆေးလည်းအစာ)
#Oo Aye
~~~~~~~
ဆေးနည်း (၇)
~~~~~~~
သံပုရာသီးကို ထက်ခြမ်းပိုင်း၍
၎င်းသံပုရာခြမ်းဖြင့်
နာနေသည့် ဒူးပေါ်ကို
အရည်များကုန်ခမ်းသည့်အထိ
ညင်သာစွာ ပွတ်တိုက်ပေးပါ။
ပြီးလျှင် (ဆရာခို-အနာလိမ်းဆေး) သို့မဟုတ်
ဒဏ်ကြေဆေးတစ်မျိုးမျိုးဖြင့်
လိမ်းပေးပြီး (၁၅) မိနစ်ခန့်
အ၀တ်ပါးပါး၊ ပတ်တီးစီးထားပါ။
အထူးသဖြင့်
ညအိပ်ခါနီး လိမ်းပေးလျှင်
ပိုထိရောက်ပါတယ်။
တစ်ပတ်ခန့်လိမ်းပေးလျှင်
ဒူးနာ ပျောက်ကင်း စေပါမည်။ 
Credit: (စောနွဲ့ နေဆိုင်-ပူတာအို)
~~~~~~~~
ဆေးနည်း (၈)
~~~~~~~~
ဒူးနာ ဒူးနာသူများအတွက် ဆေးမြီးတို (နောက်တနည်း)
ခါးနာ ဒူးနာ သူများအတွက် မခက်ပါ ….
ဘဲဥ ကိုပွတ်နေသော
ရေနွေးအိုးထဲ့ကို (၂) မိနစ်ခန့် ပြုတ်လိုက်ပြီး
ဆယ်ယူလိုက်ပါ ၊
ဆယ်ယူလိုက်သည့် ဘဲဥကို
ပန်းကန်လုံးထဲ့ကို
ဖောက်ထည့်လိုက်ပါ
စားကောင်းစေရန်
သကြား အနည်းငယ်
သင်စားကောင်းစေ လောက်သည့်
အနေအထားသို့ ထည့်ပြီး
ခေါက်စား လိုက်ပါ။
တခြား မည်သည်အရာမှ
ရောစပ်ပြီး မစားရပါ
ဘဲဥ တစ်လုံးကိုတော့
ကုန်အောင် စားရပါလိမ့်မည်။
တစ်နေ့လျှင် ဘဲဥ တစ်လုံးကို
ကုန်အောင် စားလိုက်ပါ
ထိုနည်း အတိုင်း
နေ့စဉ် ဘဲဥတစ်လုံးစီ စားသုံးရမည်၊
အနည်းဆုံး မိမိအသက်၏ တ၀က်
အလုံးရေအထိ စားသုံးရမည်၊
ဥပမာ။
အသက် (၄၀)-နှစ်ရှိလျှင်
အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည်၊
(ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။)
ဘဲဥ စားသုံးခြင်းသည်
လိုအပ်သော ခြင်ဆီဓာတ်အတွက်
ပြန်လည် ဖြစ်ပေါ်စေရန် ဖြစ်ပါသည် ။
ထိုကဲ့သို့ စားသုံးခြင်းဖြင့်
ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ
ခန်းခြောက်ခြင်းကို
ပြန်လည်ဖြည့်တင်း ပေးပြီး
ခါးနာ ဒူးနာများ ရောဂါများ သက်သာ
ပျောက်ကင်း သွားပါလိမ့်မည်။
#Credit: (မြန်မာ့ဆေးမြည်းတိုများ)
[ တောင်းဆိုလာသူများအတွက် ]
ဒူးနာ ခါးနာ အဆစ်မြစ်နာ
ကိုက်ခဲ ဝေဒနာများ အတွက်
သဘာဝဆေးနည်းများကို
မှတ်စု (Page) မှ စုစည်း၍
မျှဝေပေးလိုက်ပါတယ်။
လွတ်လပ်စွာ Share ပြီး
ကုသိုလ် ယူနိုင်ပါသည်။
ကူးယူမျှဝေလျှင် မှတ်စု (Page) ကို
#Credit ပေးစေချင်ပါသည်။
မိမိနဲ့ အဆင်ပြေနိုင်မယ့်
နည်းလမ်းကို ရွေးချယ်
စမ်းသပ်နိုင်ကြပါတယ်။
ဒူးနာ ခါးနာ အဆစ်မြစ်နာဝေဒနာကို
ခံစားနေသည့် 
မိတ်ဆွေများအားလုံး
အမြန်ဆုံးပျောက်ကင်းနိုင်ကြပါစေ။
~~~~~~~~~~~~~~
ကိုးကား – ကျန်းမာရေးဝက်ဆိုက်မျိုးစုံ
Credit #OoAye
~~~~~~~~~~~~~~
( အရှင် ခေမာ စာရ )
   27-12-2017
@
Saturday, December 30, 2017
သုံးလသာခံတော့မယ်လို့ သိခဲ့ပေမယ့် ကင်ဆာဆဲလ် လုံးဝ မရှိတော့တဲ့ အသည်းကင်ဆာရှင် ဦးစိုးသန်း
မင့်က ပြောပြခဲ့ပါသည်။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)HealthyLifeJournal
(Healthy Life ဂျာနယ် အမှတ်(၇၉) တွင် ပါရှိသည့် ကျန်းမာရေး ဆောင်းပါး ကို အများပြည်သူအကျိုးရှိစေရန် ပြန်လည်ဖော်ပြလိုက်ရပါတယ်
Unicode
မုံရွာမြို့နေ ဦးစိုးသန်းသည် အသက် ၄၆ နှစ်အရွယ် ၂၀၁၆ နိုဝင်ဘာလတွင် အသည်းကင်ဆာ ဝေဒနာကို စတင်ခံစားခဲ့ရရာ ဆရာဝန်များက သုံးလသာ ခံတော့မည်ဟု ခန့်မှန်းခဲ့သော်လည်း ငါးလအတွင်း ကင်ဆာဆဲလ် လုံးဝမတွေ့တော့ဘဲ သက်သာခဲ့သဖြင့် သူ၏ ဆေးကုသမှု အတွေ့အကြုံ များကို အခြားကင်ဆာဝေဒနာရှင်များ သိရှိသဘောပေါက်နားလည် စေရန် အနီးကပ်ပြုစုစောင့်ရှောက်ပေးသူ ဦးစိုးသန်း၏ ဇနီးမမိုးမြင့်အား မေးမြန်းဖြစ်ခဲ့ပါသည်။
”အစကတော့ အမျိုးသားက ချိုင်းနံရိုးအောက် ကအောင့်တယ်၊ အောင့်တယ်နဲ့ပြောပါတယ်။ ကျွန်မတို့ကလည်း သတိမမူမိခဲ့ကြပါဘူး။ ရိုးရိုး လေထိုး လေအောင့်လောက်ပဲ ထင်ထားခဲ့ကြလို့ ဆေးမြီးတိုတွေနဲ့ ကုသခဲ့ကြပါတယ်။
နှစ်လလောက်ကြာတဲ့အခါမှာ အမျိုးသားက ညဘက်တွေပါအိပ်မရအောင် အောင့်လာခဲ့ပါတယ်။ ဒါနဲ့ ကျွန်မတို့လည်း ညတွင်းချင်း မန္တလေးကိုဆင်းခဲ့ ကြပါတယ်။ မန္တလေးရောက်တော့ မြို့တော် ဆေးရုံ မှာ MRI ရိုက်ကြည့်ခဲ့ပါ တယ်။ ရက်စွဲက ၂၇ ရက် ၁၁လ ၂၀၁၆ ပါရှင့်။ အဖြေထွက်လာတဲ့အခါမှာ ကျွန်မအမျိုးသားရဲ့ ရောဂါဟာ အသည်းကင်ဆာလို ပုံစံမျိုးနဲ့ အသည်း တစ်ခြမ်းလောက် အနာတွေဖြစ်နေခဲ့ပါတယ်။ ကင်ဆာဆဲလ်ကလည်း ၁၅၇၀၀ ကျော်ပါရှင့်။ ဆရာဝန်ကတော့ သုံးလပဲခံမယ်လို့ ကျွန်မကို ပြောပြခဲ့ပြီး ချက်ချင်းဆေးရုံတက်ခိုင်းပါတယ်။ ဆေးရုံတက်ဖို့ဆေး လက်မှတ်တွေကအစ ထုတ်ပေးခဲ့ပါတယ်။ ကျွန်မတို့လည်း အစကတော့ တွေဝေနေခဲ့ ကြပါတယ်။ ဘာလုပ်လို့လုပ်ရမှန်းမသိခဲ့ပါဘူး။
နောက်ရက်မှာ ကျွန်မတို့ ဆွေမျိုးနီးစပ်အသိ မိတ်ဆွေတစ်ယောက်ရဲ့ လမ်းညွှန်ချက်အရ ဘန်ကောက်ကို သွားခဲ့ပါတယ်”ဟု မမိုးမြင့်က ဦးစိုးသန်း ၏ အသည်းကင်ဆာခရီးလမ်းအစကို ပြန်လည်ပြောပြခဲ့သည်။
၁-၁၂-၂၀၁၆ ရက်နေ့တွင် ဘန်ကောက်၊ Bumrungard ဆေးရုံ၌ ပထမဆုံးရက်ချိန်းနဲ့ပြခဲ့ရာ အဖြေမှာ မန္တလေးတွင် စစ်ဆေးခဲ့သည့် အဖြေအ တိုင်းပင်ထွက်ကြောင်း၊ ဘီပိုးကြောင့် အသည်းတစ် ခြမ်းအနာဖြစ်ပြီး ကင်ဆာဖြစ်နေသဖြင့် ဆရာဝန်က ကုသနိုင်မည့် နည်းလမ်းများကို ရှင်းပြခဲ့ကြောင်း သိရသည်။
”အသည်းအစားထိုးနည်း၊ ဆေးဖြန်းနည်း၊ မီး ရှို့ကုနည်း စသဖြင့် အမျိုးမျိုးရှိပေမယ့် အသည်းကင်ဆာရှိတဲ့အပိုင်းကို ခွဲထုတ်ဖို့ဆိုလည်း အသည်းရဲ့ သုံးပုံနှစ်ပုံလောက်က အနာတွေနဲ့ဖြစ်နေပါပြီ။ ဆရာ ၀န်တွေကတော့ ကျွန်မကို သုံးလ- ကံကောင်းရင် တစ်နှစ်ပဲခံမယ်လို့ ပြောပြထားပါတယ်။ အမျိုးသား ကတော့ မသိပါဘူး။ ကျွန်မတို့လည်း ဆရာဝန်နဲ့ အကောင်းဆုံးတိုင်ပင်ပြီး အဲဒီနေ့မှာပဲ အသည်းတစ်ခု လုံးကို ဆေးဖြန်းလိုက်ပါတယ်. . အဲဒါပြီးတော့ လိုအပ်တဲ့ ဆေးတွေပေးပြီး နှစ်လပြန်ချိန်းလိုက်ပါတယ်။ ဆေးဖြန်းပြီးတော့ သူ ခံစားနေရတဲ့ နာတာ၊ အောင့်တာတွေက လုံးဝ ပျောက်သွားလို့ သူက ၀မ်းသာအားရ ဖြစ်နေခဲ့တယ်”ဟု မမိုးမြင့်က ဆိုသည်။
မြန်မာပြည်ပြန်ရောက်သည့်အခါ ဆွေမျိုးသားချင်းများနှင့် အသိမိတ်ဆွေများက ဆေးမြီးတိုများကို ညွှန်သော်လည်း ဦးစိုးသန်းသည် ဆရာဝန်ပေးလိုက်သော ဆေးဝါးများကို မှီဝဲပြီး မနက်ပိုင်းတွင် ကညွတ် ဖျော်ရည်သောက်ခြင်း၊ နေ့လယ်ထမင်းစားပြီး မုန်လာဥအနီ (ခါကြက်ဥအနီ)နှင့် ပန်းသီးစိမ်းရောကြိတ်၍သောက်ခြင်း၊ ညနေစာစားပြီးချိန်တွင် သင်္ဘောရွက်အဖိုကို အရည်ကြိတ်သောက်ခြင်း တို့ကိုသာ ပုံမှန်မှီဝဲခဲ့ကြောင်း သိရသည်။
”ဆေးရုံက ပေးတဲ့ဆေးတွေကိုလည်း ပုံမှန် စားပါတယ်။ ပြီးတော့ မနက်ဘုရားမရှိခိုးခင် ကညွတ် အစိမ်းလိုက် အရည်ထွက်အောင် ကြိတ်စက်နဲ့ကြိတ်ပြီး အရည်သောက်တယ်။ မုံရွာက ထွက်တဲ့ ကညွတ် ကျတော့သေးတဲ့အတွက် များများထည့်ရတယ်။ မြို့ကြီးတွေမှာရှိတဲ့ ကညွတ်ကျတော့ ကြီးတယ်။ ၁၀ ချောင်း – ၁၅ချောင်းလောက်ကို ရေနဲ့စင်အောင်ဆေး တယ်။ ပြီးရင် အဖျားကို ကြိတ်တယ်။ အရင်းက အ မာလေးကို ကြိတ်ရင် ရေစစ်သန့်သန့်လေးနဲ့ စစ် ထုတ်လိုက်ပါတယ်။ ရလာတဲ့ မတ်ခွက်တစ်ခွက်ကို ဘုရားကို အရင်လှူပြီးမှ၊ ဘုရားဝတ်ပြုပြီးမှ သောက်ပါတယ်။
နေ့လယ်ထမင်းစားပြီးချိန်မှာကျတော့ မုန်လာဥနီ(ခါကြက်ဥအနီ)နဲ့ ပန်းသီးစိမ်းကိုရောကြိတ်ပြီး ရလာတဲ့အရည်ကို တိုက်ပါတယ်။ မုန်လာဥနီကိုငယ် ရင် နှစ်ဥ၊ ကြီးရင် တစ်ဥထည့်ပြီး ပန်းသီးစိမ်းတစ် လုံးနဲ့ ရောကြိတ်လိုက်ပါတယ်။ တစ်ခါတလေ အာ လူးအငယ်စား တစ်လုံးလောက် ထည့်တိုက်ပါတယ်။ တစ်ခါတလေ မလွယ်ရင် မုန်လာဥနီကိုပဲ ကြိတ်ပြီး၊ သံပရာသီးတစ်လုံး ညှစ်ထည့်ပြီး တိုက်လိုက်တယ်။
ညနေစာစားပြီး ၅ နာရီလောက်မှာလည်း အသီး မသီးတဲ့ သင်္ဘောပင် သင်္ဘောရွက်အဖိုတစ်ရွက်ကို ရေပြောင်အောင်ဆေးပြီး ကတ်ကြေးနဲ့ ညှပ်တယ်။ ပြီးရင် အရည်ကြိတ်ပြီး တိုက်ပါတယ်။ ဒါတွေကို အနေတော် ရိုးရိုးဖန်ခွက်နဲ့ တစ်ခွက်စာလောက် နေ့စဉ်အချိန်နဲ့ သောက်ခိုင်းပါတယ် ရှင့်”ဟု မမိုးမြင့်က သူ၏လက်တွေ့ပြုစုတိုက်ကျွေးနည်းကိုပြောပြခဲ့သည်။
၆-၂-၂၀၁၇ ရက်နေ့တွင် ဦးစိုးသန်းသည် ဒုတိယအကြိမ် Bumrungarad ဆေးရုံသို့ သွားပြခဲ့ရာ ကင်ဆာဆဲလ်မှာ ၃၀၀၀ ကျော်ပဲကျန်တော့ ကြောင်း၊ ကင်ဆာဆဲလ် ၈၀ ရာခိုင်နှုန်းခန့် လျော့ သွားသဖြင့် ဆရာဝန်တောင်မှ အံသြသွားခဲ့ကြောင်း သိရသည်။ ဘန်ကောက်သို့ သွားရာတွင် ပုံမှန်တိုက်ကျွေး နေကျအသီးအနှံများ၊ သင်္ဘောရွက်၊ ကြိတ်စက် စသည့်လိုအပ်သော ပစ္စည်းများကို မမိုးမြင့်က သယ်ဆောင်သွားပြီး အချိန်မှန် မပြတ် တိုက်ကျွေးကြောင်း မမိုးမြင့်က ပြောပြခဲ့သည်။
တတိအကြိမ် ၁၇-၄- ၂၀၁၇ ရက်ချိန်းအ တိုင်း ဆေးသွားစစ်ရာ ကင်ဆာဆဲလ် လုံးဝ မရှိတော့ ကြောင်း မမိုးမြင့်က ဆိုသည်။
”ဒါပေမဲ့ Bumrungard ဆေးရုံကတော့ အစာအိမ် သွေးကြောလေးတွေ ဖောင်းတာ ဘာညာ ဖြစ်တတ်တဲ့အတွက် နောက်သုံးလမှာ လာပြဦးလို့ မှာထားပါတယ်။ အခုလည်း ဆေးတွေကို ဆက်တိုက်နေဆဲပါပဲ”ဟု မမိုးမြင့်က ဆိုသည်။
ယခုအခါ သားသမီးနှစ်ဦးရှိသော ဦးစိုးသန်းသည် ဇနီးသည်နှင့်အတူ ကျန်းကျန်းမာမာဖြင့်ပင် ကုန်သည်အလုပ်ကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
”ဆရာဝန်က သုံးလပဲ ခံမယ်လို့ ပြောပေမယ့် ဒါကို အမျိုးသားကို မသိစေခဲ့ဘူး။ ကျွန်မ တစ်ယောက်တည်းပဲ ကျိတ်ပြီး စိတ်ပူပင်ခဲ့ရတာ . . စိတ်ပင်ပန်းရတယ်လေ . . ကျန်းမာရေးအတွက် ကျွန်မလို စိတ်မပူပင်စေချင်ဘူး။ ဒါကြောင့် တခြားနီးစပ်ရာတွေကိုလည်း ဘယ်လိုတိုက်၊ ဘယ်လိုပြုစုဆိုပြီး သေချာ မျှဝေပေးပါတယ်။ အခုဆိုရင် မိသားစု အပေါင်းအသင်း၊ဆွေမျိုးသားချင်းတွေရဲ့ နွေးထွေးဂရုစိုက်မှုနဲ့ အတူ ကျန်းကျန်းမာမာနဲ့ ဘဝကို ရှေ့ဆက်နိုင်ခဲ့ပါ ပြီ”ဟု မမိုးြ
မင့်က ပြောပြခဲ့ပါသည်။
HealthyLifeJournal
(မှတ်ချက်။ ။ ဓာတ်ပုံများကို ဦးစိုးသန်းနှင့် မမိုး မြင့်၏ခွင့်ပြုချက်ဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ အယ်ဒီ တာ)
Friday, December 29, 2017
ကျောင်းသူတဦးအား ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီး အလိုမတူဘဲ သားမယားပြုကျင့်ရန် ကြံစည်မှု့ဖြစ်ပွား
ကောလင်းမြို့ပြင်ဦးလွင်ရပ်ကွက်တွင် ကျောင်းသူတဦးအား ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီး အလိုမတူဘဲ သားမယားပြုကျင့်ရန် ကြံစည်မှု့ဖြစ်ပွား
ကောလင်း ဒီဇင်ဘာ ၂၉
ငါတူမ ရချင်ရင် အိမ်ကိုလာယူလေ၊ ခုအားတယ်မို့လား၊ မကြာပါဘူး မိနစ်(၂၀)လောက်ဘဲကြာမယ်ဟုပြောဆိုပြီး ပြန်သွားပါသည်။
မခင်မာ(အမည်လွဲ)သည် ကျောင်းသွားရန် ကျောင်းလွယ်အိတ်ကိုယူပြီး ဦးအောင်ထွန်းလွင်နေအိမ်ဘက်သို့ ဆယ်တန်းအောင်ဆေးယူရန် သွားခဲ့ပါသည်။
ဦးအောင်ထွန်းလွင်မှ အိမ်ပေါ်ခေါ်ပြီး အရည်အဆီအဖြူရောင်နှင့် အကြည်ပလပ်စတစ်ဘူးအားပြသပြီး ဒါဆယ်တန်းအောင်တဲ့ ဆေးရည်ဟုပြောပြသည်။
၎င်းဆေးအား ဘယ်လိုလိမ်းရမည်လည်းဟုမေးရာ ဦးအောင်ထွန်းလွင်မှ မိန်းမအင်္ဂါထဲမှာ လိမ်းရမည်ဟုပြောရာ၊ ဒါဆိုရင် မလိမ်းချင်ပါဘူးဟုပြောဆိုပြီး ပြန်မည်ဆိုပြီး ထွက်ခဲ့ရာ ဦးအောင်ထွန်းလွင်မှ လက်ဆွဲခေါ်ပြီး အိပ်ခန်းအတွင်း ခေါ်ဆောင်သွားပြီး မရှက်နဲ့ဘာမှမဖြစ်ဘူးဟုပြောဆိုပြီး ထမီအားအား ဆွဲလှန်ပြီး အတွင်းခံဘောင်းဘီအတွင်းနှိုက်ပြီး အုံးဆီနံ့ရသော အရည်များအား မိန်းမအင်္ဂါအတွင်း လိမ်းပေးရာ အတင်းရုံးကန်ပြီး ၄င်းနေအိမ်မှပြေးထွက်ခဲ့ပါသည်။
၎င်းဖြစ်စဉ်အား အုပ်ထိန်းသူအဒေါ်အားပြောပြရာ အဒေါ်ဖြစ်သူနှင့်ဖခင်တို့မှ ကျောင်းသူတဦးအား သားမယားအဖြစ် ကြံစည်သူဦးအောင်ထွန်းလွင်အား အရေးယူပေးပါရန် ကောလင်းမြို့မရဲစခန်းတွင် တိုင်ကြားခဲ့ပါသည်။
အောင်ထွန်းလွင်၊ အသက်(၄၁)နှစ်၊(ဘ)ဦးစစ်အောင်၊ ပြင်ဦးလွင်ရပ်နေထိုင်သူအား ရာဇသတ်ကြီးပုဒ်မ(၃၇၆)/၅သ ဖြင့် အမှု့ဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
Kawlin Newslay
Thursday, December 28, 2017
The Ford
The Ford
ကျိုင်းတုံသတင်း အစစ်​အမှန်​သိချင်​သူများ မီး​လောင်​ခံရသည့်​​ကောင်​မ​လေးအ​ကြောင်း
တရာခံ စိုးလွင်​ ဇနီးသည်​မှာ ဆရာမ တစ်​ဦးဖြစ်​ပါတယ်​.ဆရာမ နဲ့ ​အဲ့​ကောင်​မ​လေး ရင်းနှီးတယ်​လို့
ကောင်​မ​လေး အ​ဖေက ​ပြောခဲ့ပါတယ်​. ဆရာမက အဲ့​ကောင်​မ​လေးဆီ ပိုက်​ဆံ ၃ သိန်း​တောင်​​ချေးထားပါတယ်​.ဘာအမျိုးမှ မ​တော်​ပါဘူးလို့လည်း​ကောင်​မ​လေး အ​ဖေက ​ပြောပါတယ်​. ​ဒီလ​တောင်​ ၅ ​သောင်း​ထပ်​​ချေးပြီး ၂​သောင်းပဲပြန်​ဆပ်​​သေးတယ်​လို့ ​ပြောပါတယ်
အမှု ဖြစ်​​နေစဉ်​ စိုးလွင်​ရဲ့ ဇနီး ဆရာမဟာ မိုင်း​ယောင်း​ရောက်​ရှိ​နေပါတယ်
ကောင်​မ​လေး ဟာ ​ကျောက်​တိုင်​အနီး ပါဝါ မျက်​မှန်​ဆိုင်​မှာ၁ လ ကို ၁သိန်းခွဲ နဲ့
အလုပ်​လုပ်​​နေတာပါ
တရားခံ စိုးလွင်​ဟာ ကြိုတင်​ကြံစည်​ထားခြင်းဖြစ်​ပါတယ်
စိုးလွင်​ သူ့မိန်းမ ခရီးထွက်​​နေခြင်းကို အခွင့်​​ကောင်းယူခဲ့ပါတယ်
ဖုန်းဆက်​ကာ ​ကောင်​မ​လေးအားနင့်​ ဆရာ ​နေမ​ကောင်းဖြစ်​​နေတယ်​.လာကြည့်​အုံး ပြီး​တော့
ငါးကင်​​လေးပါ ဝယ်​လာခဲ့။နှစ်​​ကောင်​ဝယ်​ခဲ့ နင်​စားမယ်​ဆို၃ ​ကောင်​ ဝယ်​ခဲ့လို့​ပြောပါတယ်
ငါးကင်​လာပို့ချိန်​မှာ ​ကောင်​မ​လေး၏ သူငယ်​ချင်းလည်း ပါလာပါတယ်​ သူ့ က အိမ်​ပြင်​က​နေ ရပြီဆိုပြီး လှည့်​ပြန်​ပါတယ်
အိမ်​ထဲ​ရောက်​​တော့ ဆရာမကအခန်းထဲမှာဆိုပြီး ​ကောင်​မ​လေးအဝင်​ တံခါးဂျက်​ ကို ထိုးလိုက်​ပါတယ်​ တရားခံစိုးလွင်​ နဲ့ ​နောက်​တစ်​​ယောက်​ နဲ့ အခန်းမှာရှိ​နေပါတယ်
တရားခံစိုးလွင်​က အရင်​ မဒိန်းကျင့်​တယ်​လို့ ရဲစခန်းမှာလည်းဝင်​ခံထားပါတယ်။
 ဒါ​ပေမယ့်​သတင်း​တွေထဲမှာ ​ဖျောက်​ထားခြင်းခံရပါတယ်​။
တရားခံ စိုးလွင်​ က မဒိန်းကျင့်​တယ်​ ပြီး​တော့ သူ့တပည့်​ကထပ်​ မဒိန်းကျင့်​ခဲ့ပါတယ်
တရားခံစိုးလွင်​ကို စစ်​​ဆေးရာခန္ဓာကိုယ်​ မှာ ​ကောင်​မ​လေးခါးကို လက်​သည်းကုပ်​ပြီး
ရုန်းကန်​ထား တဲ့ လက်​သည်းရာကျန်​ရှိ​နေပါတယ်
ကောင်​မ​လေး ထွက်​​ပြေးမှာဆိုးသဖြင့်​ ဂုတ်​ ကို တုတ်​ဖြင့်​ တစ်​ချက်​ ​ခေါင်းကို တစ်​ချက်
နှစ်​ချက်​ ဒဏ်​ရာ ရထားပုံပဲလို့ ​ပြောပါတယ်
ကောင်​မ​လေးဟာ တရားခံစိုးလွင်​အိမ်​အထဲ က ​သေ​နေပြီ ဖြစ်​ပါတယ်​ 
အဲ့ဒါနဲ့ ည ၁၀ နာရီ ဝန်းကျင်​မှာဆိုင်​ကယ်​ဖြင့်​ အ​လောင်းကိုသယ်​သွားပြီး လွယ်​​မွေလမ်းမှာပဲ
ဓာတ်​ဆီ ၂ဂါလံ နဲ့ မီးရှို့ခဲ့ပါတယ်​။
လောင်​ပြီးမှ ​ဂျောက်​ ထဲကိုကန်​ချခဲ့ပါတယ်​လို့ ​ပြောပါတယ်​။
ဖြစ်​ချင်​​တော့ ​ဂျောက်​က နက်​တယ်​ဗျ ​အောက်​ထိ မကျပဲ အ​ပေါ်မှာတင်​ ​နေခဲ့ပါတယ်​။
ကောင်​မ​လေး၏ ချစ်​သူဟာ ဖုန်းဆက်​ပြီး ဘယ်​သွားစရာရှိလည်း ​မေး​တော့ အဲ့​နေ့မှာ ဆရာမကို ငါးကင်​သွားပို့မယ်​​ပြောပါတယ်​။ညကျ​တော့ ထပ်​ဆက်​ပါတယ်​။
စက်​ပိတ်​ထားလို့​ပြောပါတယ်​။နောက်​ရက်​လည်း ထပ်​ဆက်​တယ်​။ပိတ်​ထားတယ်​​ပြော​တော့
ကောင်​မ​လေး ၏ ချစ်​သူကရဲစခန်းမှာ အမှု ဖွင့်​ခဲ့ပါတယ်​။
အဲ့အချိန်​မှာ မီး​လောင်​မှု နဲ့ ​တွေ့ခဲ့ရတဲ့ ​ကောင်​မ​လေး၏လက်​စွပ်​ အသဲပုံ​လေးရယ်
ကောင်​​လေးဆီက အသဲပုံ​လေးရယ်​တူ​နေသဖြင့်​ သိလိုက်​ရပါသည်​။
ကောင်​​လေး သူ့ချစ်​သူ၏ မိဘလည်းမသိ အိမ်​လည်းမသိသဖြင့်​ facebook မှာ
ပုံတင်​ရာမှ ​ကောင်​မ​လေး မိဘသိခဲ့​ကြောင်းသိရပါတယ်​။
တရားခံ စိုးလွင့်​ နှင့်​ သူ့တပည့်​ဟာယိုးဒယား ဆိုင်​ကယ်​ Wave အဖြုကိုပါ ခိုးယူသွားခဲ့ပါတယ်​။
တရားခံစိုးလွင်​နဲ့ကြံရာပါ သူတပည့်​ဟာဆိုရင်
..ကြိုတင်​ကြံစည်​မှု
..လိမ်​လည်​မှု
..မုဒိန်းမှု
..ခိုးမှု
..အ​လောင်း​ဖျောက်​ဖျက်​မှုကို စနစ်​တကျ လုပ်​​ဆောင်​ခြင်းဖြစ်​ပါတယ်။ ​သေဒဏ်​​ပေးသင့်​ပါတယ်​လို့
အ​ဖေ ဖြစ်​သူက​ပြောလာပါတယ်​။
သမီး အတွက်​ အမှန်​တရားကို​ပြောခဲ့တယ်​ ပြီး​တော့ ​မီး​လောင်​​ထား​သော ​ကောင်​မ​လေး၏
ခြေသည်းနီ ခဲ​ရောင်းဆိုးထား​သော​ခြေ​ထောက်​​လေး မှာ မီး​လောင်​မှုမရှိခဲ့ပါဘူး အ​ဖေ ဖြစ်​သူက
ငိုပြီး ခု​တော့ အဲ့ လက်​သည်းဆိုး​ဆေးက စာပွဲ​ပေါ်မှာ အဲ့တိုင်း​လေးပဲ စာအုပ်​​လေးကလည်း ဖွင့်​လျှက်​​လေး ဟု ​ပြောပါတယ်​သားသမီး ၅ ​​ယောက်​အနက်​တတိယ သမီးဖြစ်​ပါတယ်​လို့​ပြောပါတယ်​ ၁၀ တန်းတတ်​​နေတာပါတဲ့။ အသက်​က​တော့ ၁၈ပါ ဆိုင်​ကယ်​ ဝယ်​​ပေးထားတာ၁ လ ပဲရှိပါ​သေးလို့​ပြောပါ
တယ်​။အ​ဖေဖြစ်​သူက ​တောင်​ယာလက်​သမား . စစ်​မှုထမ်း​ဟောင်းကြီးဖြစ်​ပါတယ်​။
သတင်းအမှန်​ကိုအ​ဖေကိုယ်​တိုင်​ ​ပြောကြားခဲ့ပါတယ်​ share လိုက်​ပါ
Aung Myat Lin Tun
ဗိုက်​အလွတ်​နဲ့ ​ရေ​နွေး
ဗိုက်​အလွတ်​နဲ့ ​ရေ​နွေး
-----------------------------
အလွန်​အမင်း အကျိုးများ​စေတဲ့ကိစ္စပါ ... ။
လူကြီးမင်းများအားလုံး ​ကောင်းကျိုး​တွေ ခံစားနိုင်​ကြဖို့ အဓိက လိုရင်းကို ​ပြောပါ့မယ်​ ... ။
နာမည်​​ကျော်​ နှလုံးအထူးကု က ​ပြောတယ်​ - ဒီစာကို ရတဲ့လူဟာ ​ရှေ့ဆက်​ပြီး ပို့​ပေးမယ်​ဆိုရင်​ လူ​ပေါင်း​မြောက်​များစွာအတွက်​ အန္တရာယ်​ကင်းမှုနဲ့ အသက်​ကယ်​စရာအ​ကြောင်း ဖြစ်​လိမ့်​မယ်​ တဲ့ ... ။
ရေ​နွေးနဲ့ကုသပုံကို လူကြီးမင်း ယုံမှာ​တောင်​မဟုတ်​ဘူး ... ။
ဂျပန်​မှာ များပြားလှ​တဲ့ သမား​တော်​ကြီး​တွေဟာ ​ရေ​နွေးနဲ့ ကုသခြင်း​ကြောင့်​ ၁၀၀% ရလဒ်​​ကောင်း​တွေ ရတယ်​လို့ တညီတညွတ်​တည်း ဆိုကြပါတယ်​ ... ။
အဲ့ဒီ့ရလဒ်​​တွေထဲက တချို့ကို ​ပြောပါမယ်​ -
-: ​ခေါင်းကြီးကိုက်​​ရောဂါ (ပျို့အန်​ခြင်း ၊ အမြင်​ထိခိုက်​ခြင်းများ ပူးတွဲပါရှိတဲ့ မကြာခဏ​ခေါင်းကိုက်​မှု) ၊
-: ​သွေးတိုးခြင်း ၊
-: ​သွေးအားနည်းခြင်း ၊
-: အဆစ်​အလက်​​တွေ နာကြင်​ခြင်း ၊ 
-: နှလုံးခုန်​နှုန်းအရမ်းမြန်​ခြင်း သို့မဟုတ်​ ​နှေး​ကွေးခြင်း ၊
-: ရုတ်​တရက်​ လဲကျပြီး သတိလစ်​သွားတတ်​​သော အာရုံ​ကြော​ရောဂါ ၊ (ဝက်​ရူးပြန်​​ရောဂါ) .
-: အဆီ ၊ ကိုလတ်​စ်​ထ​ရောလ်​ဓာတ်​ ၊ 
-: ​ချောင်း အပြင်းအထန်​ ဆိုးခြင်း ၊
-: စိတ်​မငြိမ်​ခြင်း ၊
-: လည်​​ချောင်းနာခြင်း ၊
-: ပန်းနာ​ရောဂါ ၊
-: ​ချောင်းနက်​​ရောဂါ သို့မဟုတ်​ ကြက်​ညှာ​ချောင်းဆိုး ​ရောဂါ ၊
-: ​သွေး​ကြောများ ပိတ်​ဆို့​နေခြင်း ၊ 
-: ဆီးအိမ်​နဲ့ ဆီးအိမ်​ဆိုင်​ရာ ​ရောဂါများအားလုံး ၊
-: အစာအိမ်​ အချဉ်​​ပေါက်​ခြင်း ၊ 
-: အစာအိမ်​နာ​ရောဂါ ၊
-: ဆာ​လောင်​မှု နည်းပါးခြင်း ၊
-: မျက်​စိ ၊ နား ၊ နှာ​ခေါင်း ၊ လည်​​ချောင်းနှင့်​သက်​ဆိုင်​​သော ​ရောဂါအားလုံး ပါဝင်​သည်​ ... ။
ကုသနည်း
--------------
နေ့စဉ်​မနက်​​စော​စော (ဖဂျရ်​) ထပါ ... ပြီးရင်​ ဘာမှမစား ၊ မ​သောက်​​သေးပဲ 160cc အရွယ်​အစားရှိ ဖန်​ခွက်​ ​လေးခွက်​ခန့်​​သောက်​ပါ ... ​ရေဟာ ပူရမှာဖြစ်​​ပေမယ့်​ လျှာကျက်​​လောက်​​အောင်​ ပူခြင်းမျိုးမရှိရပါ ... ပူတယ်​ဆိုရုံ​လောက်​သာ ဖြစ်​ရပါမယ်​ ... ။
ရှောင်​ရှားရန်​မှာ -
ရေ​သောက်​ပြီး (၄၅) မိနစ်​ထိ​အောင်​ ဘာတစ်​ခုမှ စားခြင်း ၊ ​သောက်​ခြင်း မရှိရပါ ... ဒါ့အပြင်​ အစား စားပြီးတိုင်း နှစ်​နာရီတိုင်​​အောင်​ ​ရေလုံးဝ မ​သောက်​ရပါ ... ။
အချို့သူ​တွေဟာ အစပိုင်းမှာ ဖန်​ခွက်​​ ​လေးခွက်​မ​သောက်​နိုင်​ကြပါဘူး ... အဲ့ဒီ့အခါမှာ တဖြည်းဖြည်းချင်း ​လေးခွက်​ထိ​ရောက်​​အောင်​ လုပ်​ရပါမယ်​ ... ။
ရေနဲ့​ အမျိုးအမျိုး​သော ​ရောဂါ​တွေကို ကုသခြင်းဟာ သတ်​မှတ်​ကာလ​တွေနဲ့ အတည်​ဖြစ်​ထားပါတယ်​ ... အဲ့ဒါ​တွေက​တော့ -
-: သကြားဓာတ်​ - ရက်​ (၃၀) .
-: ​သွေးတိုး - ရက်​ (၃၀) .
-: အစာအိမ်​နဲ့ပတ်​သက်​တဲ့​ ​ရောဂါဟူသမျှ - (၁၀) ရက်​ .
-: ရှိသမျှ ကင်​ဆာအမျိုးအစား အာလုံး - (၉) လ .
-: ​သွေး​ကြောပိတ်​ခြင်း - (၆) လ .
-: စားချင်​စိတ်​ နည်းပါးခြင်း - (၁၀) ရက်​ .
-: ဆီအိမ်​နဲ့ ဆီးအိမ်​ဆိုင်​ရာ ​ရောဂါများ - (၁၀) ရက်​ .
-: နား ၊ နှာ​ခေါင်း ၊ လည်​​ချောင်း - ရက်​ (၂၀) .
-: အမျိုးသမီး​ရောဂါများ - (၁၅) ရက်​ .
-: နှလုံးနဲ့ နှလုံးဆိုင်​ရာ ​ရောဂါများ - ရက်​ (၃၀) .
-: ​ခေါင်းကြီးကိုက်​ရောဂါ - (၃) ရက်​ .
-: ​သွေးအားနည်းခြင်း - ရက်​ (၃၀) .
-: အဆီ ၊ ကိုလတ်​စ်​ထ​ရောလ်​ - (၄) လ .
-: ရုတ်​တရက်​ လဲကျပြီး သတိလစ်​တတ်​​တဲ့ အာရုံ​ကြော​ရောဂါနဲ့ သွက်​ချာပါဒ​ရောဂါများဟာ (၉) လ ဆက်​တိုက်​​သောက်​ရင်​ ​ပျောက်​​ကြောင်း အာမခံချက်​ရှိထားပါတယ်​ ... ။
-: ပန်းနာ ၊ အသက်​ရှူကြပ်​​ရောဂါများ - (၄) လ .
ရှေး​ဟောင်း ​ဆေးပညာတွင်​လည်း မနက်​စာ (နာရှ်​သာ) မစားခင်​ ​ရေ​နွေး​သောက်​ခြင်းဟာ အကျိုးများစွာ ဖြစ်​ထွန်း​စေ​ကြောင်း ​ဖော်​ပြထားပြီး အလွန်​ပဲ အ​လေးအနက်​ပြုထားပါတယ်​ ... ။
လက်​​တွေ့စမ်းသပ်​ကြည့်​ပါ ... ။
*ရေ​အေး ဆိုရင်​​တော့*
===============
အ​ဗူအလီစီနာက ဘာမိန့်​လဲဆို​တော့ - ​ရေ​အေးဟာ လူကြီးမင်းကို နုပျိုတုန်းမှာ ​ရောဂါမဖြစ်​​စေဘူးဆိုရင်​​တောင်​ နုပျိုမှုကုန်​ဆုံးပြီးတဲ့​နောက်​မှာ ​အဆိုးဝါးဆုံး ရောဂါသည်​ကြီး ဖြစ်​​စေလိမ့်​မယ်​ တဲ့ ... ။
ရေ​အေးဟာ နှလုံးရဲ့​သွေး​ကြော (၄) ခုကို ပူးသွား​စေတယ်​ ... နှလုံးရဲ့​သွေး​ကြောမကြီးကိုလည်း ပိတ်​သွား​စေတယ်​ ... နှလုံး​ရောဂါဖြစ်​ဖို့ အ​ကြောင်းခံဖြစ်​တတ်​တယ်​ ... ။
အများအားဖြင့်​ နုပျိုတုန်းမှာ နှလုံး​ရောဂါဖြစ်​ရတာဟာ အ​အေး​များ သောက်​ခြင်း​ကြောင့်​ပါ ... ။
ရေ​အေးဟာ အသည်းကို ပျက်​စီး​စေတဲ့ အ​ကြောင်းခံဖြစ်တယ်​ ... အဆီ​တွေဟာ ​ရေ​အေး​ကြောင့်​ စုပြီး ခဲသွားတတ်​တယ်​ ... ။
စိတ်​​တော့မရှိပါနဲ့ ... အသည်းအစားထိုးကုသဖို့ ​စောင့်​​မျှော်​​နေသူ​တွေရဲ့ မူလအ​ကြောင်းရင်းဟာ ဒီ​ရေ​အေးပါပဲ ... ။
အမှန်​က ​ရေ​အေးဟာ အစာအိမ်​အတွင်းပိုင်းက အကာအရံ​တွေကို ထိခိုက်​​စေပြီး သကြားဓာတ်​ကို ဖြစ်​ပေါ်ေ​စတယ်​ ... ။
ရေ​အေးဟာ အစာအိမ်​နဲ့ အူမကြီးကို အန္တရာယ်​ဖြစ်​​စေပြီး ကင်​ဆာ​ရောဂါရဲ့အ​ကြောင်းခံဖြစ်​တတ်​တယ်​ ... ။
မောင်းမကန်တောင်ပေါ်လမ်း ကားမှောက်၊ နှစ်ဦး ပွဲချင်းပြီး သေဆုံး
ထားဝယ်မှ မောင်းမကန်ဘက်သို့ အုတ်များသယ်ဆောင်လာသည့် ကားတစီး မောင်းမကန်တောင်ပေါ် ရှုခင်းသာအနီးတွင် တိမ်းမှောက်ရာ ၂ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။
လူ ၉ ဦးပါ အုပ်တင်ကားသည် ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့သည်။
ကားမောင်းသူအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့သဖြင့် မောင်းမကန်ဆေးရုံနှင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဇမ္ဗူသီရိအဖွဲ့တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။
ခရစ္စမတ်နှင့် နှစ်သစ်ကူးရာသီ ဖြစ်သောကြောင့် မောင်းမကန်ကမ်းခြေနှင့် မျှော်ရစ်ဘုရားသို့ ဧည့်သည်လာရောက်မှု များသည့်ကာလ ဖြစ်သဖြင့် မောင်းမကန်လမ်းတွင် ယာဉ်အသွားအလာ များလျက်ရှိသည်။
သတင်းနှင့် ဓာတ်ပုံ - မင်းခန့်
Dawei Watch
https://www.facebook.com/DaweiWatch
Wednesday, December 27, 2017
ကျားဖောင်ပေါ်တွင် ထင်းချောင်းနှင့် အရိုက်ခံရ၍ ရေလုပ်သားတစ်ဦး သေဆုံး
ဖျာပုံမြို့နယ် အမာမြို့ကမ်းနှင့် ရေမိုင် (၃၅)မိုင်၊ ရေလံ(၉)လံခန့်ရှိ ပင်လယ်ပြင် မှာ ကျားဖောင်ဆွဲသူနှစ်ဦး အချင်းများရာမှ ထင်းချောင်းနဲ့ရိုက်ခဲ့တာကြောင့် အသက်(၄၂)နှစ်အရွယ်ဖောင်နောက်လိုက် တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
 ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၂ ရက် ၊ ညနေ (၅)နာရီအချိန်ခန့်က သေဆုံးသူ နဲ့ အခြားအမျိုးသားတစ်ဦးတို့ဟာ ကျားဖောင်ပေါ်မှာ ငါးဖမ်းပိုက်ဆွဲတင်နေစဉ် စကားများ ရန်ဖြစ်ကြရာက ဖောင်ပေါ်မှာ အသင့်ရှိနေတဲ့ အရှည် (၁)ပေခွဲခန့်၊လုံးပတ်တစ်လက်မခန့်ရှိ ထင်းချောင်းနဲ့ သေဆုံးသူရဲ့ ဦးခေါင်းကို အခြားအမျိုးသားတစ်ဦး က ရိုက်ခဲ့ရာက သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ အသက်သေဆုံးတဲ့ အထိ ဦးခေါင်းကို ထင်ချောင်းနဲ့ရိုက်ခဲ့သူ ကို ဒေါ်ညိမ်းနယ်မြေ ရဲစခန်း(ပ)၃၂/ ၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် လှစ်ပြီး ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ဒီသတင်းကို ကျော်စိုးမိုး(ဖျာပုံ)ကပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
မြန်မာအလုပ်သမား ၄၀၀ နီးပါး အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဗန်ကပိမြို့နယ်ထဲက IPD ပါကင်ဗူးစက်ရုံကနေ အစုအလိုက်အပြုံလိုက် အလုပ်ဖြုတ်ခံရသော မြန်မာလုပ်သားများအား ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်/ Photo: Ye Min's facebook
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဗန်ကပိမြို့နယ်ထဲက IPD ပါကင်ဗူးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား အယောက် ၃၉၀ လောက်ကို အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်လိုက်တဲ့အတွက် တရားစွဲဆိုသွားမယ်လို့ အလုပ်သမားတွေက ဒီနေ့ ပြောပါတယ်။
ကြိုတင်အကြောင်းကြားတာမရှိဘဲ အလုပ်ဖြုတ်လိုက်တာဟာ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ မညီညွတ်တာကြောင့် မြန်မာအလုပ်သမားတွေဘက်က တရားစွဲဖို့ ပြင်ဆင်နေတယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတစ်ယောက် ဖြစ်တဲ့ ကိုမြင့်သက်ဦးက ပြောပါတယ်။
"ကြိုမပြောဘဲ အလုပ်ဖြုတ်လို့ တရားဥပဒေနဲ့ မညီပါဘူး။ တရားစွဲမယ်ခင်ဗျ၊ ကျနော်တို့ သက်ဆိုင်ရာလူကြီးတွေ နဲ့ တရားရုံးကိုဖြေလျှောက်မယ်။ အခုကျနော်တို့ ပြီးတော့ မြန်မာပြည်သံရုံးကလည်း ကျနော်တို့ကို ဂရုမစိုက်၊ ကျနော်တို့ဆီ မနေ့ကရောက်လာတယ်။ မနက်ဖြန်ကျရင် ဖုန်းဆက်ပါတဲ့။ ကျနော်တို့က ဖုန်းဆက်တယ် အခုချိန်အထိ ဖုန်းထိုးလို့မရဘူးခင်ဗျ။ ကျနော်တို့ကို လာကြည့်တာလည်းမရှိဘူး။ အဲ့တော့ ကျနော်တို့ ဘာဆက်လုပ်ရမလဲ။ ကျနော်တို့ အခွင့်အရေး ဆုံးရှုံးပါတယ်ခင်ဗျ"
အလုပ်မဖြုတ်ခင် လုပ်ငန်းခွင်မှာ အလုပ်လုပ်နေစဉ်ကလည်း အလုပ်လုပ်ခွင့်ပါမစ်တွေ လုပ်ပေးမယ်ဆိုကာ ငွေဖြတ်တောက်ပေမယ့် အမှန်တကယ် မလုပ်ပေးတာ၊ လူမှုဖူလုံရေးကတ် ထုတ်မပေးတာ၊ လစာကို ရက်နောက်ကျပြီးမှပေးတာ စတဲ့ အခွင့်အရေးချိုးဖောက်တာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီစက်ရုံမှာ ထိုင်းအလုပ်သမား ၈၀၀ နဲ့ တစ်ထောင်ကြားမှာရှိနေပြီး မြန်မာအလုပ်သမား ၃၀၀ ကျော်ရှိကာ မြန်မာလုပ်သားအားလုံးကို အလုပ်ထုတ်လိုက်တာလို့ ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
မောင်တောမြို့နယ် တရိန်းကျေးရွာတွင် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် မြိုတိုင်းရင်းသားတစ်ဦးသေဆုံး
ရခိုင်ဂေဇက်၊ ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖြစ်သည့် မောင်တောမြို့နယ် တရိန်းကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မြိုတိုင်းရင်းသားတစ်ဦးအား လယ်ကွင်းပြင်တွင် ဓါးခုတ်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းကို တရိန်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
သေဆုံးသူမှာ တရိန်းကျေးရွာတွင် နေထိုင်သော မြိုတိုင်ရင်းသား ဦးလောင်းပျောင် အသက် (၄၅) နှစ်ဖြစ်​ပြီး ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်တွင် ငါးရှာသွားရာမှ တစ်ယောက် တည်းပြန်လာစဉ် လယ်ကွင်း စပါးပင်ကြား၌ အကြမ်းဖက်သတ်ဖြတ်ခြင်းဟု ယူဆရသော ဓါးဒဏ်ရာများဖြင့် သေဆုံးနေခဲ့သည်​ကို ​တွေ့ခဲ့ရခြင်းဖြစ်​​ကြောင်း သိရသည်။
“အကြမ်းဖက်ခံရတဲ့ ဓါးဒဏ်ရာတွေနဲ့ သေဆုံးတာဟုတ်ပါတယ်။ မနေ့က အဖော် ၁၈ ယောက်နဲ့ ငါးရှာသွားတာပါ။ ဦးလောင်းပျောင်က တစ်ယောက်တည်း အစောကြီးပြန်လာတော့ အဖော်ပါလာတဲ့သူတွေ ကမသိလိုက်ကြပါဘူး။ ဒီနေ့ မနက် ၈နာရ်ီခွဲလောက်မှာ မြိုမိချောင်းကုလားရွာ အနီးလယ်ကွင်းလမ်းမှာ သူရဲ့ ခန္ဓာပေါ် ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ရွာသားတွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။”ဟု တရိန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအိမ်စိုးမောင်က ရခိုင်ဂေဇက်သို့ပြောသည်။
ရွာသို့ပြန်​လည်​​ရောက်​ရှိမလာပဲ​ပျောက်​ဆုံး​နေသူ ဦး​လောင်း​ပျောင်​အား ရွာသားများမှ လိုက်​လံ ရှာဖွေကြရာ မှ ယနေ့နံနက်ပိုင်းက မြိုမိချောင်းကုလားရွာ အနီးလယ်ကွင်းစပါးပင်ကြား၌ ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုရွာသားများက တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းအကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဦးလောင်းပျောင်မှာ လည်လီး ဓါးဒဏ်ရာတစ်ချက်၊ ရင်ဖက်ပေါ်တွင် ဓါးဒဏ်ရာ တစ်ချက်၊ (ဝဲ၊ယာ) လက်ကြားတွင် ဓါးဒဏ်ရာတစ်ချက်၊ လက်မာင်းနှင့် ဦးခေါင်းတို့တွင်လည်း ဓါးဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း တရိန်းကျေးရွာအုပ်ချုပ်ရေးမှူးက ဆိုသည်။
အဆိုပါအကြမ်းဖက်သတ်ဖြတ်ခံရမှုနှင့်ပတ်သတ်ပြီး တရားခံမှာ မည်သူမည်ဝါဖြစ်သည်ကို မျက်မြင်သက် သေမရှိသဖြင့် အကြမ်းဖက်ပြုလုပ်သွားသည့် တရားခံမှာ အဖွဲ့(သို့မဟုတ်)တစ်ဦးတည်း ဖြစ်သည်ကို လတ်တလောမှာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဖိုးခွား​လေး
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
KNPP တပ်ဖွဲ့ဝင်နှင့် အရပ်သား သေဆုံးမှု ဒကစ(လွိုင်ကော်)တွင် ခုံရုံးဖွဲ့ စတင်စစ်ဆေးမည်
ကေအဲန်ပီပီတပ်ဖွဲ့ဝင် ၃ ဦးနှင့် ရွာသား ၁ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဒကစ-ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၌ ခုံရုံးဖွဲ့ပြီး ကနဦး စတင်စစ်ဆေးကြားနာမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
“အခုက ဒီလိုရှိတယ်၊ ဒီမနက်ဖြန် ကျွန်တော်တို့ကို ခေါ်ထားတယ်၊ ဒ.က.စ( ဒေသကွပ်ကဲရေး စစ်ဌာနချုပ်)က သူတို့ ခုံရုံးဖွဲ့မယ်ပြောတာပဲ နောက်သူတို့ခုံရုံးဖွဲ့ပြီးတော့ စစ်ဆေးကြားနာမှုလုပ်မယ်ထင်တယ်။ အဲ့ဒါ ဟိုး နေပြည်တော်က အရာရှိကြီးတွေလည်းပါမယ် ကျွန်တော်တို့က သွားရောက်ထွက်ဆိုပေးဖို့လိုတယ် အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ သွားရောက်ထွက်ဆိုရမယ်ပေါ့” ဟု ကေအဲန်ပီပီဆက်ဆံရေးရုံး(လွိုင်ကော်)တာဝန်ခံ ခူးညေးရယ်က ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက ကန္တာရ၀တီတိုင်း(မ်)သို့ ပြောဆိုသည်။
၎င်းခုံရုံးတွင် လာရောက်ထွက်ဆိုရမည့်ထဲတွင် လွှတ်မြောက်လာသည့် တပ်သားမပါဝင်သေးဘဲ ကေအန်ပီပီမှ အခင်းဖြစ်ပွားစဉ် အနီးကပ်ရှိနေသော ကေအဲန်ပီပီဦး ခေါင်းဆောင်ပိုင်း တာဝန်ရှိများက ကနဦး သွားရောက်ထွက်ဆိုရမည်ဖြစ်ကြောင်း သိရသည်။
ဆက်ဆံရေးရုံးတာဝန်ခံ ဦးညေးရယ်မှာ ၎င်းခုံရုံးဖွဲ့ရာတွင် နေပြည်တော်မှ တာဝန်ရှိသူများက လာရောက်စစ်ဆေးဖြစ်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ကေအဲန်ပီပီဘက်မှ နိုင်ငံရေးလမ်းကြောင်းဖြင့်  သွားရန်သာ  အစီအစဉ်ရှိကြောင်း အပြုသဘောဆောင်သော လမ်းကြောင်းမှတဆင့် ချဉ်ကပ်လုပ်ဆောင်သွားမည်ဟု ကေအဲန်ပီပီဆက်ဆံရေးရုံး တာဝန်ခံ ဦးညေးရယ်က ပြောသည်။
“ကျွန်တော်တို့ကတော့ ဒီလမ်းကြောင်းပဲသွားမှာပဲလေး၊ ပြဿနာပြန်လုပ်ဖို့တော့ ကျွန်တော်တို့မှာ မရှိပါဘူး။ ကျွန်တော်တို့ ဒီလမ်းကြောင်းပဲ သွားရမယ်ပေါ့” ဟု ၎င်းပြောသည်။
ဖြစ်စဉ်အခြေအနေမှန် ပေါ်ပေါက်စေရေးအတွက် ပြည်ထောင်စုအစိုးရမှ စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကယားပြည်နယ်ဝန်ကြီးချုပ်က ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြောကြားထားသည်။
ပြည်နယ်အစိုးရမှ ရရှိထားသော သတင်းအချက်အလက်များကို ပြည်ထောင်စုအဆင့်တာဝန်ရှိသူများထံသို့ ပေးပို့ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောသည်။
“NRPC က ဒီရရှိတဲ့ သတင်းအချက်အလက်တွေကို ခုံရုံးဖွဲ့စိစစ်ပြီးတော့မှ စိစစ်အရေးယူဆောင်ရွက်နိုင်ဖို့အတွက် သူတို့လုပ်နေတယ်။ ရလာတဲ့ ရလဒ်ပေါ်မူတည်ပြီးတော့မှ မှားရင်မှားတဲ့ဘက်ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒါကလက်ရှိ ပြည်နယ်အစိုးရကော ပြည်ထောင်စုအစိုးရကော ဆောင်ရွက်ထားပေးတဲ့အနေအထားကို ပြောတာပါ။”ဟု ဝန်ကြီးချုပ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားထားသည်။
ပြည်နယ်အစိုးရမှ တာဝန်ရှိသူမျာထံသို့ အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ တင်ပြထားပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ရန်သာ ရှိနိုင်ကြောင်း ဝန်ကြီးက ဆိုထားသည်။
ကန္တာရဝတီတိုင်း(မ်)
http://www.kantarawaddytimes.org/
YE 7စားသောက်ဆိုင်အတွင်း ဖြစ်ပွားသည့် လူသတ်မှုတရားခံများ ဖမ်းဆီးမိ
မိတ္ထီလာ ဒီဇင်ဘာ ၂၇
မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ YE 7 စားသောက်ဆိုင်အတွင်း သန်းနိုင်ဦး(ခ)မုန့်ဖတ်(၂၉)နှစ်အား ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၁နာရီ ၃၀ မိနစ်အချိန်က အမည်မသိသူ (၂)ဦးမှ ဓားဖြင့် ဝင်ရောက်ထိုးပြီး ထွက်ပြေးတိမ်းရှောင်သွားသည့်အမှုမှ လူသတ်တရားခံများ ဖမ်းဆီးမိကြောင်း သိရပါသည်။
ဓားထိုးခံရသူမှာ ရရှိသော ဒဏ်ရာဖြင့် ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူစဉ် သေဆုံးသွားခဲ့သဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူတရားခံများ အမြန်ဖမ်းဆီးရမိရေး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးညွှန့်ထွန်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမှတ်(၃)နယ်မြေရဲစခန်းမှ ရဲအုပ်ဇော်လွင်နှင့် တပ်ဖွဲ့ဝင်တို့မှ တိမ်းရှောင်နေသူတရားခံနှစ်ဦးအား စုံစမ်းသတင်းရယူဖော်ထုတ်ခဲ့ရာ အခင်းဖြစ်ပွားပြီး (၁၀)နာရီခန့်အကြာ၌ ဖမ်းဆီးမိခြင်း ဖြစ်သည်။
 အမှုမှ တိမ်ရှောင်နေသူတရားခံ ထွန်းလင်း (၂၃)နှစ် မွေးနယ်မြေ(၁၃)ရန်မျိုးအောင်ရပ်ကွက်အား ဖမ်းဆီးရမိပြီး ကျန်ရှိတရားခံဖြစ်သူစောဌေးဦး(၄၄)နှစ် နယ်မြေ(၁၂) ရန်မျိုးအောင်ရပ်ကွက် မိတ္ထီလာမြို့နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး အမှုမှ တရားခံထွန်းလင်းနှင့်စောဌေးဦးတို့မှ အခင်းဖြစ်စဉ် ကိုင်ဆောင်သည့် အရိုးအသွား(၃၄)လက်မရှိ ငှက်ကြီးတောင် ဓား(၁)ချောင်း၊ အရိုးအသွား (၂၀)လက်မရှိသံဓားရိုးတပ် ငှက်ကြီးတောင်ဓား (၁)ချောင်းနှင့် (၉)လက်မ ခန့်ရှိသုံးဆစ်ချိုးသံတုတ်(၁)ချောင်းတို့ကို သက်သေခံပစ္စည်းများအဖြစ် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဖြစ်ပွားရသည့် အကြောင်းအရင်းမှာ သေဆုံးသူသန်းနိုင်ဦး(ခ)မုန့်ဖတ်အား တရားခံထွန်းလင်းနှင့် စောဌေးဦးတို့မှ ပထမအကြိမ်ရန်ဖြစ်စကား များကြပြီး နောက်တရားခံထွန်းလင်းနှင့်စောဌေးဦးတို့မှနေအိမ်သို့ပြန်၍ ဓားတစ်ယောက် တစ်ချောင်းစီး ယူဆောင်ကာ သေဆုံးသူအား ပြည်သာယာ ရပ်ကွက်အတွင်းလှည့်လည်ရှာဖွေစဉ် YE7စားသောက်ဆိုင်ရှေ့တွင် တွေ့ရှိခဲ့ရ၍ တရားခံထွန်းလင်းမှ ဓားဖြင့် လိုက်၍ ခုတ်စဉ် ဆိုင်အတွင်း ကောင်တာရှေ့အထိ ထွက်ပြေးသွားခဲ့ရာတရားခံစောဌေးဦးမှ နောက်မှဆိုင်အတွင်း လိုက်ဝင်လာပြီး ၎င်းတို့နှစ်ဦးအား ဖြန်ဖြေ ပေးသယောင်နှင့် သေဆုံးသူ၏ ဝဲဘက်ရင်အုံအား အသင့်ယူလာသော ငှက်ကြီးတောင်ဓားဖြင့် (၁)ချက်ထိုးသွင်းခဲ့ကြောင်းသိရသည်၊
သိန်းမြင့်ကျော်(မိတ္ထီလာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တစ်သက်လုံးအုပ်ချုပ်ချင်ရင်......
တစ်သက်လုံးအုပ်ချုပ်ချင်ရင်......
သင်္ချိုင်းကုန်းမှ ဒီဇိုင်းများ
အခြေခံကွန်ပျူတာဒီဇိုင်းသင်တန်းတက်တုန်းက နည်းပြဆရာမလေးရဲ့ ပြောစကားလေးတွေမှန်လွန်းလို့ အခုချိန်ထိအမှတ်ရနေမိပါတယ် ။
နည်းပြဆရာမက ….
ကိုယ့်ပတ်ဝန်းကျင်ကိုကြည့်လိုက်စမ်းပါ ၊ လူသားတို့နဲ့ ပက်သက်နေသမျှ အရာဝထ္ထုပစ္စည်းတို့ဟာ
ဒီဇိုင်းပညာရဲ့ သဘောသဘ၀နဲ့ကင်းတာဆိုလို့ ဘာတစ်ခုမှမရှိဘူးတဲ့ ။
သိပ်ဟုတ်တာပေါ့ ။
အရာအားလုံးလိုလို ဒီဇိုင်းတွေနဲ့ ပုံဖော်ထားကြတာချဉ်းပဲကိုး ။
မျက်စိနဲ့မြင်လိုက်ရတဲ့ လူ့အသုံးဆောင်ပစ္စည်းမှန်သမျှအကုန်လုံး ဒီဇိုင်းပညာရဲ့ ပြုပြင်မှုအောက်မှာ ရှိနေကြတာပဲ မဟုတ်လား ။
ဒီဇိုင်းပညာဟာ လူတွေကိုဘယ်လောက်ထိဆွဲဆောင်နိုင်သလဲတော့မသိ ၊ လူတစ်ယောက်ရဲ့ နောက်ဆုံးခရီးကို သွားတဲ့နေရာအထိ လွှမ်းမိုးမှုရှိနေတာကိုတွေ့ ရတော့ အံ့သြရတယ် ။
ပုံတွေမှာ ဖော်ပြထားတာတွေက ကျိုင်းတုံမြို့ သုသာန်တစ်နေရာက အုတ်ဂူလေးတွေဖြစ်ပါတယ် ။
ဒီနေရာမှာ အုတ်ဂူတွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ပြုလုပ်ထားတာတွေ့ လို့ အသုဘပို့သွားရင်း ဓတ်ပုံရိုက်လာခဲ့တာပါ ။
တကယ်ကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဆောက်ထားတဲ့ အုတ်ဂူတွေပါပဲ ။
သုသာန်က အုတ်ဂူတွေဆိုပေမယ့် စိတ်ထဲမှာ အုတ်ဂူရယ်လို့မထင်ရလောက်အောင်ကို ဆွဲဆောင်မှုရှိနေတယ် ။
အဲဒီအုတ်ဂူလေးတွေရဲ့  ဒီဇိုင်းလေးတွေက လှနေတော့ ကျွန်တော်လည်း ဓာတ်ပုံ မရိုက်ဘဲ မနေနိုင်လောက်အောင်ဖြစ်သွားတယ် ။
ဒါကြောင့် ကျိုင်းတုံသုသာန်ကအုတ်ဂူ ဒီဇိုင်းလေးတွေတင်ပြလိုက်တာပါ ။
Yannaung Soe
Tuesday, December 26, 2017
မိဘတွေ ကိုယ့်ရင်သွေးကို ဂရုစိုက်နိုင်ကြဖို့။
·
ပြစ်ဒဏ် ( 23 ) နှစ် ချမှတ်ခံရတဲ့ဖြစ်စဉ်မှတ်တမ်းပါ - မနေ့ က အပြီးသတ်အမိန့် ချပါတယ် -
အမှုက တစ်နှစ် နဲ့ ( 4 ) လကြာခဲ့ပါတယ် - ဒီမှတ်တမ်းက မိဘတိုင်း
သတိထားနိုင်ဖို့ ရေးသားခဲ့တာ ဖြစ်ပြီးအမှုပြီးဆုံးသည်အထိ နစ်နာသူ ကလေးဘက်
ကနေ လိုက်ပါကူညီခဲ့တဲ့ အမှုလဲ ဖြစ်ပါတယ်
( ကလေးငယ်ကိုယ်စား အထူးကျေးဇူးတင်ရမှာက အစအဆုံး အခမဲ့ ကူညီပေးခဲ့တဲ့
ရှေ့နေကြီး ဆရာဦးရောဘတ်စန်းအောင်-M.A.N ဥက္ကဌ ဦးသူရကြူ )
-
ဒီအမှုကို စတင်ကူညီစဉ်ကတည်းကကျွန်တော့် ရပ်တည်ချက်ဟာ ဘယ်သူ့ ကို
သာစေ ဘယ်သူ့ ကို နာစေဆိုတဲ့ စိတ် မရှိပါ။ကလေးတွေဘက်က ရပ်တည်ပြီး အမှန်တရား
ပေါ်ပေါက်ဖို့ - ကလေးများကို တတ်စွမ်းသရွေ့ ကာကွယ်ပေးဖို့ သာ ဖြစ်ပါတယ်
အမှုဖြစ်ပြီးချိန်မှာ အရေးကြီးတဲ့ သက်သေခံပစ္စည်းတွေ ရဲစခန်းမှာ ပျောက်ကုန်တာ - မှတ်ပုံ
တင်မပါ အသက်မပြည့်တဲ့ ကလေးကို လက်ခံတဲ့တည်းခိုခန်းကို အရေးမယူတာ - ကလေးစပျောက်
သွားတဲ့အချိန်ကစပြီး ပြန်တွေ့ ချိန်ထိ တစ်နေ့ တာမှတ်တမ်း တွေ - တရားခံဘက်ကပို့ တဲ့ sms တွေကို
အကုန်တင်ပြပါလျှက် အမှုဟာ ဝေ့လည်ပြီးကြန့် ကြာတာ
ဒါတွေက တရားဥပဒေ ဘယ်လဲ ဘာလဲမေးရမယ့် အချက်ပါ
နောက်ဆုံး စ သုံးလုံး တင်လိုက်မှ အမှုကပြတ်တယ်လို့ သိရပါတယ်
ခု စ သုံးလုံးကလဲ အဲ့ဖြစ်စဉ်မှာ ပါဝင်တဲ့တာဝန်ရှိသူတွေကို ပြန်စစ်ဆေးမယ်လို့ 
ကြားသိရပါတယ်
ခု အမှုဖြစ်စဉ်မှတ်တမ်းကိုဖတ်ကြည့်ပေးပါအုံး - တရားခံကတော့ပြစ်ဒဏ်ကျသွားပြီဖြစ်လို့ သူ့ မျက်နှာနဲ့ နာမည်ကို ဖျက်ပေးထားပါတယ်
အသက် ( ၁၅ ) နှစ်အရွယ်ကလေးမလေးတစ်ဦးရဲ့ရင့်နှစ်ဖွယ် ဖြစ်ရပ်ပါ-
မိဘတိုင်း ဂရုပြု နိုင်ဖို့ ပါ။( ကလေးငယ်ကိုယ်တိုင် သူ့ မိဘရှေ့ -လူကြီးများရှေ့မှာ ပြောပြထားတာတွေပါ-ကျွန်တော်နဲ့ ( ၂ ) နာရီတွေ့ ဆုံပြီးပြောထားတဲ့ ဖြစ်ရပ်တွေ ပါ - ကလေးမိဘ
တိုင်း အချိန်မီ သိရှိပြီး ကြိုတင် ကာကွယ်နိုင်ဖို့ ရည်ရွယ် ပါ တယ် )
ကလေးမလေး အသက် က ( ၁၅ ) နှစ်( ၉ ) တန်းကျောင်းသူလေး-
မိဘတွေ ခဗျာ ချစ်ရှလို့အိမ်ကနေ ကျောင်း- ကျောင်းကနေ အိမ်မျက်စိအောက်က အပျောက်မခံခဲ့ဘူး-
လမ်းဘေး ထမင်းဆိုင်ဖွင့် ဈေးရောင်းနေပေမယ့် သမီးငယ်ကို အိမ်မှာဘဲ
မိုးလေမထိ ယုယုယယဂရုတစိုက်ချစ်ခဲ့တယ်
ကလေးမလေးက စာကျက်ရင်းအွန်လိုင်းသုံးရင်းနဲ့  Bee talk မှာအမှတ်မထင် လူယုတ်မာ တစ်ယောက်
နဲ့ ရည်းစားဖြစ်တယ်- နာမည်က ------------င် -အရပ်က ၅ ပေ ၈ ၀န်းကျင်- သူ့ ကိုယ်သူ
အသက်(၂၀ )လို့  ပြောတယ်-( အသက် ၂၀ တော့မဖြစ်နိုင်ပါ )
အဲ့လို နဲ့  တစ်လလောက်အကြာမှာလူချင်းတွေ့ ဖို့ လှည်းတန်း စင်တာရှေ့မှာ
ချိန်းကြတယ်- ကလေးမလေးကအိမ်နေရင်း အ၀တ်အစား-လက်ထဲမှာလဲ ပိုက်ဆံ တစ်ထောင်ပဲ
ပါတယ်-အိမ်ကနေ ခဏ ထွက်လာခဲ့တာ-
၅-၉-၂၀၁၆ နေ့ လည် ( ၁၂ ) ၀န်းကျင်လှည်းတန်းစင်တာရှေ့ တွေ့ ကြတော့တရားခံက ကလေးမလေးကိုsunkist ဗူး တိုက်ပါတယ်- မသောက်ချင်ဘူးငြင်းပေမယ့် အတင်းသောက်ခိုင်းလို့ ထက်ဝက်
လောက် သောက်အပြီးမှာကလေးမလေး ဘာမှ မသိတော့ဘူး-
သူ သတိရလာတော့Taxi ကားထဲရောက်နေပြီ- အိမ်တစ်အိမ်မှာကားရပ်တယ်-
အိမ်ထဲမှာ သတိရသလောက်ကတရားခံ အမေက ကြည့်နေတယ်-
အစ်မ ဖြစ်သူက ကြက်ဥကြော် နဲ့ ထမင်းကျွေးဖို့ ပြင်ဆင်နေတယ်
အဲဒီည နိုးတ၀က် အိပ်တ၀က် -သတိရလိုက် မရလိုက်နဲ့ -
မနက်မိုးလင်းတော့ လိမ္မော်ရည်ထပ်တိုက်ပါတယ်- ကလေးငယ်လေးက
သူ့ ကိုေ၇ာင်းစားတော့မှာကိုသတိမရနိုင်လောက်တဲ့ထိဆေးရှိန်မှာ မျောလွင့်နေပါပြီ
6-9-2016
Taxi ကား ဟိုတယ်ရှေ့ တခုမှာ ရပ်လိုက်တာတော့ သိလိုက်တယ်- မနက် ( ၁၀ ) နာရီ
ဝန်းကျင်- သူဟာ နိုးနေလား အိပ်နေလားသူ့ ဘာသာ ပြန်မစဉ်းစားနိုင်ဘူး- သူ ကြိုးစား
အားယူထတဲ့အချိန် အခန်းထဲကိုလူတစ်ယောက် ၀င်လာတယ်-
အသားမည်း အရပ်ပု- ဆံပင်ဆေးဆိုး( အနီရောင် )-ဆံပင်စည်းထား-လက်မှာ ကားသော့ ကိုင်ထား
ကလေးငယ်လေး ကြိုးစားထပေမယ့်မရဘူး- ကြိုးစားရုန်းကန်တယ် -မရဘူး
ဘီလူးစိတ်ထက် ဆိုးရွားကြမ်းတမ်းတဲ့ကာမဘီလူးဟာ ကလေးငယ်ကို
လုပ်သင့်လား-မလုပ်သင့်လား-သနားညှာတာမှု မရှိ-ကိုယ့်သားသမီးအရွယ်
နှမအရွယ်လေးကို ရက်ရက်စက်စက်နင်းချေတော့တယ်
အမေ တ ချိန်မရ- အဖေလို့ အော် ခေါ်ချိန်မရ- တခါမှ မရောက်ဘူးတဲ့ ဟိုတယ်က
အမှောင်ခန်းထဲ ငရဲပွက်သလို-
( တရားခံက ပါကင်ကြေး၃ သိန်းကနေ ၅ သိန်းဝန်းကျင် နဲ့ေ၇ာင်းစားထားတာ
ကလေးမလေး မသိ- အသိက ထပြေးဖို့ နိုးဆော်ပေမယ့် ခန္ဓာကိုယ်တခုလုံး ထလို့ မရ )
ကာမဘီလူး ထွက်သွားလို့ တအောင့်အကြာတရားခံ ပြန်ဝင်လာတယ်- ဘာဆိုဘာမှ
မပြောဘဲ သားမယားအဖြစ်( ၃ ) ကြိမ်ဆက်တိုက်ပြုကျင့်တယ်-
ည ရောက်တော့ ( ၂ ) ကြိမ်
၇-၉-၂၀၁၆ မနက်မှာလဲ လိမ္မော်ရည်တွေထပ်တိုက်ပါတယ်- နေ့ ည သားမယားအဖြစ်
ထပ်မံပြုကျင့်ပြန်တယ်-ကလေးငယ်ကို ဘာမှမကျွေးပါဘူး-ရေလဲ မချိုးရ- ရေလဲ မသောက်ရ
လိမ္မော်ရည် တမျိုးတည်းကိုသာ နေ့ ညအဆက်မပြတ်တိုက်ပါတယ်-
ကလေးမလေးကိုရောင်းစားတဲ့ အပြင် ကလေးမလေးအိမ်ကိုပါ
ငွေ ပို့ ပေးဖို့  လှမ်းတောင်းပါတယ်-အဲ့လိုကနေ ကလေးမလေး ရဲ့ မိဘတွေကလဲ
ပရဟိတအဖွဲ့ တွေ- ရဲတပ် ဖွဲ့ တွေနဲ့ ငွေတောင်း ခံတဲ့ နေရာကတဆင့်
အပူတပြင်း လိုက်လံရှာဖွေရှာမှာ၈-၉-၂၀၁၆ မနက် ( ၃ ) နာရီ -
မ-ဒဂုံ က ဟိုတယ်တခုအတွင်းမှာ လူယုတ်မာ တရားခံ နဲ့ 
အတူ ကလေးငယ်ကို အမိဖမ်းနိုင်ခဲ့ပါတယ်
ဟိုတယ်အတွင်း ၀င်ရောက်ဖမ်းဆီးချိန်မှာကလေးငယ်လေးက ဆေးရှိန်နဲ့ အသိကင်းမဲ့
နေပါပြီ- ရဲတွေ့ လို့ ဝမ်းမသာ-အဖေအမေတွေ့ တာတောင်
ဘာခံစားချက်မှ မရှိ- အားပြတ်အဆံချောင်နေတဲ့ မျက်လုံးတွေနဲ့ သာ
ငြိမ်သက် နေ တော့တယ်
ဒါဟာ ကျွန်တော်တို့ ကြားကြားနေရတဲ့ရေဆူဆေးပြားလို အရာမျိုးလား- ဒီထက်
အားကောင်းတဲ့ ဆေးတွေလား-တဖက်နိုင်ငံ နဲ့ နယ်စပ်တွေမှာသာ ကြားဖူးတဲ့
အဖြစ်အပျက်တွေ ဟာ ကျွန်တော်တို့နေထိုင်ရာ ပတ်ဝန်းကျင်ထိရောက်ရှိလာပြီလား-
တွေးစရာ မေးခွန်းတွေဟာတသီတတန်းကြီး ထွက်ပေါ်လာတော့တယ်
ကလေးငယ်ကို ဖျက်စီးခဲ့တဲ့ တရားခံကလဲဒီအဖြစ်ဟာ ပထမဆုံးအကြိမ်မဟုတ်-သူ့ နဲ့ 
သူ့ မိသားစု ပူးပေါင်းကြံစည်လုပ်စားနေတဲ့အသက်မွေးဝမ်းကြောင်းတခုလဲဖြစ်နေဟန်ရှိတယ်
( ရပ်ကွက်လူကြီးတစ်ယောက်ပြောတာကတော့တရားခံဟာာ အရင်ကတည်းက ခုလို
နာမည်ထွက်နေပေမယ့်- လာတိုင်တဲ့သူမရှိလို့ -သက်သေမရှိလို့  သူကံကောင်းနေတာလို့ 
ပြောပါတယ်- တခြားသော ကလေးမိဘတွေလဲမရှက်မကြောက်ဘဲ သူ့ ကို တိုင်ကြားဖို့ 
လိုတယ်လို့ လဲ ပြောပါတယ် )
အခုတော့ တရားခံကို စစ်ဆေးနေပြီးကလေးငယ်ကလဲ မိဘရင်ခွင်ကိုရောက်ရှိခဲ့ပါပြီ-နောက်ဆက်တွဲ အကြောင်းအရာများကိုတခြားကလေးမိဘများသိရှိနိုင်အောင် ဆက်လက်ဖော်ပြပေးပါ့မယ်
မိဘတိုင်း ဒီလို ဖြစ်အင်တွေကို သတိပြုပြီးကိုယ့်ရင်သွေးတွေကို ကာကွယ်စောင့်ရှောက်
နိုင်ကြပါစေဗျာ
ဖိုးဇော်
09795405022
13-9-2016
( ကလေးငယ်ကို တွေ့ ဆုံနှစ်သိမ့်ဆွေးနွေးနေပြီး လိုအပ်သော အကူအညီများကိုလဲ
ဆက်လက်ပေးသွားပါ့မယ် )
https://www.facebook.com/Maharluthar?hc_ref=ARSfkP7_ryR9nZm509G-1SC-rWplBU2ioBNLo5VAKtH5EVC4KsbqLSYySBlspbqaS8A&fref=nf&pnref=story
မုန်းကြတဲ့အထဲမှာ မထက်ရဲ့အမုန်းကိုတော့ ဘယ်သူမှ မှီနိုင်ကြမယ်မထင်
စစ်ကိုမုန်း၍တိုက်ခဲ့သည်
သစ်ကိုမုန်း၍ခုတ်ခဲ့သည်
ကျောက်ကိုမုန်း၍တူးခဲ့သည်
လယ်ကိုမုန်း၍သိမ်းခဲ့သည်
ဂက်စ်ကိုမုန်း၍ရောင်းခဲ့သည်
လာဘ်ကိုမုန်း၍စားခဲ့သည်
ရာဘကိုမုန်း၍ရောင်းခဲ့သည်
ကုလားကိုမုန်း၍သွင်းခဲ့သည်
ဘိန်းကိုမုန်း၍ရောင်းခဲ့သည်
အာဏာကိုမုန်း၍သိမ်းခဲ့သည်
အရက်ကိုမုန်း၍သောက်ခဲ့သည်
ဖေ့စ်ဘုတ်ကိုမုန်း၍သုံးခဲ့သည်
crd..
မုန်းချင်တဲ့သူတွေပြော
ရွှေပေါက္ကံ ကျေးရွာလုံးကျွတ် တရားစွဲဆိုခံရမှု ပိတ်သိမ်းတော့မည်
မိုးညှင်း ဒီဇင်ဘာ ၂၆
     ကချင်ပြည်နယ် မိုးညှင်းမြို့ရှိရွှေပေါက္ကံကျေးရွာသည်မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ၏ကျေးရွာလုံးကျွတ် တရားစွဲဆိုခံထားရမှုမှလွှတ်ကင်းသွားပြီဖြစ်ကြောင်း အထက်ပါဦးစီးဌာနမှ သိရသည်။
     '' ကျွန်တော်တို့ဌာနက ရွာကိုတရားစွဲဆိုရတာလည်း အထက်ကညွှန်ကြားချက်အရဖြစ်ပြီး အမှုကို ပယ်ဖျက်လိုက် တာလည်း အထက်ကညွှန်ကြားချက်အရပါl ကျွန်တော်တို့ ဦးစီးမှူးအနေနဲ့ သည်ရွာကို တရားမစွဲတဲ့ ပျက်ကွက်မှုနဲ့ စုံခုံစစ်ခံရတာမျိုးအထိ ရှိခဲ့ပါတယ်'' ဟု မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေတိုင်း( ၄ ) ဦးစောနိုင်က ဆိုသည်။
    ရွှေပေါက္ကံကျေးရွာသည် မိုးညှင်းမြို့တောင်ဘက် ၂ မိုင် ၃ ဖာလုံခန့်အကွာlနန့်ပုတ်ကျေးရွာအုပ်စုl ပင်ရဲလှကွင်း  အမှတ် ( ၃၃၀ - ခ ) မြေလွတ်မြေရိုင်းပေါ်တွင် တည်ထားသော တရားမဝင် ကျေးရွာဖြစ်ကြောင်း အထက်ပါဌာနမှ သိရသည်။
     '' ကျွန်တော်တို့ သည်ရွာမှာ ကိုယ့်သဘောနဲ့ကိုယ် လာနေကြတော့ အခြေတကျ မနေနိုင်အောင် အမိန့်ထုတ်ပြီး တားမြစ်ခဲ့ကြပါတယ်l ယခင်အစိုးရ ယခုအစိုးရ အစိုးရနှစ်ရပ်ပေါင်း ၅ ကြိမ် တရားစွဲဆိုခံရပါတယ်l ကျွန်တော်တို့ကလည်း ၂၀၁၅ မေလကစပြီး ပြည်နယ်ဝန်ကြီးအဆင့်ဆင့်ဆီကို အသနားခံစာ ၅ ကြိမ် တင်ခဲ့ပါတယ်l ရွာကထွက်သွားဖို့ သတိပေး တာ၃ ကြိမ်ရှိခဲ့ပြီး ရွာက မလိုက်နာခဲ့ကြလို့ပုဒ်မ ၂၆ နဲ့ တရွာလုံးတရားစွဲဆို ခံခဲ့ရပါတယ် ''ဟု ရွာ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဝင်းကြည်က ပြောသည်။
    ရွှေပေါက္ကံ ကျေးရွာတွင် တရားမဝင်နေထိုင်သည့် အိမ်ထောင်စုပေါင်း ၁၆၀ ရှိပြီးလူဦးရေ ၅၇၀ ကျော်ရှိကာ လာရောက်နေထိုင်သူများသည် လက်လုပ်လက်စား အများစုနှင့် အငြိမ်းစားဝန်ထမ်းများဖြစ်ကြောင်း ၎င်းကျေးရွာမှ သိရသည်။
     ''ကျွန်တော်တို့ရွာမှာ အိမ်ယာမဲ့လက်လုပ်လက်စားတွေအပြင် ဝန်ထမ်းဟောင်းတွေ၊တပ်မတော်အငြိမ်းစားတွေ၊ သူတို့နဲ့ဆက်နွယ်နေတဲ့ မိသားစုတွေ လာနေကြတာပါl ကျွန်တော်ကတော့ စစ်မှုထမ်းဟောင်းတစ်ယောက်ပါl ဝန်ထမ်းဟောင်းတွေဟာ ထွက်လာရင် အိမ်ခြေယာခြေရှိဖို့ ခက်ခဲပါတယ်l အခုသည်ရွာလေးဟာ အေးအေးချမ်းချမ်းဖြစ် သွားပြီး တရားဝင်နေထိုင်ခွင့်ရမယ်ဆိုရင် အရမ်းဝမ်းသာပါတယ် ''ဟု ရွာအကျိုးဆောင်တစ်ဦးဖြစ်သူဦးဇော်ဦးက ဆိုသည်။
       ( ၁၅. ၄၉ ) ဧကကျယ်ဝန်းသော ပလပ်မြေတွင် လွန်ခဲ့သော ၃ နှစ်ခန့်မှ စ၍ အိမ်ခြေ ၁၅၀ ခန့်ကကျူးကျော် နေထိုင်ခဲ့သည့် ရွှေပေါက္ကံကျေးရွာကို မိုးညှင်းမြို့နယ် မြေစာရင်းဦးစီးဌာနကယခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် တရားစွဲဆိုခဲ့ပြီး မိုးညှင်းမြို့မ ရဲစခန်းက ( ပ )၉၇/ ၂၀၁၇l မြေလွတ်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၆ အရ အမှုဖွင့် အရေးယူခဲ့ကြောင်းနှင့် ယခုအခါ ဥပဒေကြောင်းအရ အမှုပိတ်သိမ်းရန် ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်း မိုးညှင်းမြို့ မရဲစခန်းမှ သိရသည်။
ဂျူနီယာပေါက်ကျိုင်း / EPN
https://www.facebook.com/epngnews/
ထိုင်း ငါးခိုးလှေတစ်စင်း ဖမ်းဆီးရမိ
ကော့သောင်းမြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်း တရားမ၀င်ငါးဖမ်းလှေတစ်စင်း ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အနီး ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှ စစ်ရေယာဉ်သည် ဒီဇင်ဘာ ၂၄ ရက် ည ၁၁ နာရီ မိနစ် ၄၀ ခန့်တွင် ကော့သောင်းမြို့၏ အနောက်တောင်ဘက် ၆၄ မိုင်ခန့်အကွာ သို့အရောက်၌ ကျောက်ချ၍ တရားမ၀င် ငါးဖမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသော စက်မကြီး HINO EK 100 ခြောက်လုံးထိုး၊ 280 HP ခန့် တစ်လုံးတပ်ဆင်ထားသော အလျား ၄၃ ပေ၊ အနံ ၁၃ ပေ၊ ရေစူး ၆ ပေခန့်အရွယ် (သစ်သားကိုယ်ထည်) ထိုင်း စာတန်းနှင့် အင်္ဂလိပ်အက္ခရာ AS-3144 M ပါ ထိုင်းဝါးတန်းအကူ မီးထွန်းလှေတစ်စင်းအား ထိုင်းနိုင်ငံသား အမျိုးသားနှစ်ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများနှင့် တရားမ၀င်ငါးဖမ်း လှေတို့ကို ကော့သောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
ဒရုန်းအမှု ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မနဲ့ စွဲဆိုထားတာကို ရုပ်သိမ်းကြောင်း တရားလိုလျှောက်
လွှတ်တော်အဆောက်အအုံကို မောင်းသူမဲ့လေယာဉ် (ဒရုန်း) သုံးပြီး မှတ်တမ်းတင်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား စကားပြန် ဦးအောင်နိုင်စိုး ကို နေပြည်တော်က ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ရုံထုတ်စဉ်။ Photo: Kyaw Zaw Win/RFA
နေပြည်တော်က လွှတ်တော်အဆောက်အအုံကို ဒရုန်းနဲ့ရိုက်ကူးဖို့ ကြိုးစားနေစဉ်မှာ ဖမ်းဆီးခံရသူ လေးဦးအပေါ် စွဲဆိုထားတဲ့အမှုတွေကို တရားလိုဘက်က ပြန်လည်ရုပ်သိမ်းဖို့ ဒီကနေ့ ဇမ္ဗူသီရိမြို့ နယ် တရားရုံးမှာ လျှောက်ထားလိုက်ပါတယ်။
တရားလိုဖြစ်သူ ရဲအုပ် ထွန်းထွန်းဝင်းက သူစွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ(၈)နဲ့ ပတ်သက်ပြီး ရုပ်သိမ်းဖို့ တရားခွင်မှာ လျှောက်ထားခဲ့တာနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ၄ဦးရဲ့ ရှေ့နေ ဦးခင်မောင်ဇော် က အခုလိုပြောပါတယ်။
ပုဒ်မ ၈ အပြင် နိုင်ငံခြားသားနှစ်ဦးကို စွဲဆိုထားတဲ့ လ၀ကဥပဒေပုဒ်မ ၁၃(၁) အမှုကိုလည်း ပြန်လည်ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၉ရက်နေ့ ရုံးချိန်းမှာ အမှုရုပ်သိမ်းဖို့ အမိန့်ချမယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးခံထားရသူ လေးဦးစလုံးဟာ မြန်မာနိုင်ငံ လေယာဉ်အက်ဥပဒေ ပုဒ်မ(၁၀)နဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး ထောင်ဒဏ်(၂)လစီ ကျခံနေရတာဖြစ်တဲ့အတွက် လာမယ့် ဇန်န၀ါရီလဆန်းလောက်မှာ လေးဦးစလုံး လွတ်မြောက်မှာဖြစ်ပါတယ်။
တူရကီနိုင်ငံ အခြေစိုက် TRT သတင်းဌာန၊ စင်ကာပူရုံးခွဲက မလေးရှားနိုင်ငံသူတဦး၊ စင်ကာပူနိုင်ငံသားတဦး၊ မြန်မာနိုင်ငံသား စကားပြန် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတဦး စုစုပေါင်း ၄ ဦးတို့ဟာ အောက်တိုဘာလ ၂၇ရက်နေ့က နေပြည်တော်က လွှတ်တော်ကို ဒရုန်းနဲ့ ရိုက်ကူးဖို့ ကြိုးပမ်းနေစဉ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။
RFA Burmese
http://www.rfa.org/burmese