Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 30, 2017
ယခု ကိုယ်ဝန် ၈ လ ခန့် 
မိခင်ဖြစ်သူ က အသက် ၅၀ ရိုးအေး ဘာသာစကားမကျွမ်း ကျင် လင်ယောက်ျားကိုအလွန်ကြောက်ရသည်။
Cherry Image မှ
crd. Lin Htet Nay
Unicodeဖြင့်ဖတ်ရန်
အမှောင်ကမ္ဘာလောကထဲက သားအဖ လင်မယားတဲ့
ကျူးလွန်သူ တရားခံ=ဖခင်အရင်း
မုဒိမ်းပြုကျင့် ခံရသူ = သမီးအကြီး
သမီးရင်း အသက် ၁၄ နှစ် မှစ
ယခု ကိုယ်ဝန် ၈ လ ခန့်
အသက်မွေးဝမ်းကျောင်း=ငါး ဖမ်း ခြင်း
အခြေအနေ အရင်းခံ သားသမီး ၆ ဦး အနက် ပြုကျင့် ခံ ရ သူ သည် ပထဦးဆုံ းသမီးကြီး ဖြစ်သည်။ ။
မိခင်ဖြစ်သူ က အသက် ၅၀ ရိုးအေး ဘာသာစကားမကျွမ်း ကျင် လင်ယောကျ်ားကိုအလွန်ကြောက်ရသည်။
နေ့လည် ပိုင်း အိမ်တွင်မရှိတောထဲသွားငါးရှာ ထင်းရှာရသည်။
အကို တစ်ယောက် မြို့တွင်နေသည်။
မောင်ညီမလေးယောက်ငယ်ရွယ်သည်။
ပြုကျင့်ခံရသူသည်၈တန်းကျောင်းသူ ဖြစ်သည်။
ကျောင်းမသွားမှီ ဖခင်ဖြစ်သူအတွက် ”’ဆေး”'(#မူးယစ်ဆေးဝါး”””’)သုံးရန်ငွေရှာပေးရသည်။
ကြောက်ရသည်။မတရားပြုကျင့်ခံရငြား မည်သူ့ကိုမျှ ထုတ် မပြောမတိုင်ရဲ
အကြောက်တရားနှင့် အမှောင်ကမ္ဘာထဲက လူသား
Cherry Image မှ
ဥပဒေ လမ်းကြောင်းအရကူညီဆက်လက်ဆောင်ရွက်ပါမည်။
အဓိက ကူညီ ပံ့ပိုး ကူညီပေးသော ဆီဆိုင်မြို့နယ်အုပ်ချုပ်ရေး မှူးကြီးလေးစံအထူးကျေးဇူးတင်ပါတယ်ရှင်။
crd. Lin Htet Nay
မေတ္တသုတ် အနက် မေတ္တသုတ္တံ
"" ကရဏီယ' မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနီ။ ""
တည်ငြိမ်အေးချမ်းတဲ့ စိတ်အခြေအနေမှာနေလိုတဲ့ ကောင်းမှုများ၌သာ ကျင်လည်လိုတဲ့သူဟာ ဤ အတိုင်းပြုကျင့်သင့်တယ်။
ကျင့်စွမ်းနိုင်ရမယ်။ ဖြောင့်မတ်ရမယ်။ စိတ်နေစိတ်ထား ရာနှုန်းပြည့်ဖြောင့်မတ်ရမယ်။ ဆိုဆုံးမလွယ်ရမယ်။ နူးညံ့သိမ်မွေ့ရမယ်။ လွန်ကဲမာန မရှိသင့်ဘူး။
One who is skilled in good and who wishes to attain that state of Calm should act (thus):
One should be able, upright, perfectly upright, compliant, gentle, and humble.
"" သႏၲဳႆေ ကာ စ သုဘေရာ စ၊
အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ 'န-နုဂိဒ္ဓေါ။ ""
ရောင့်ရဲတတ်ရမယ်။ အမှုကိစ္စနည်းပါးပြီး ရိုးရှင်းစွာနေတတ်ရမယ်။ လိုချင်တပ်မက်စိတ်တွေကို ထိန်းသိမ်းနိုင်ရမယ်။ ရင့်ကျက်တဲ့ ဥာဏ်နဲ့က္ကနြေ္ဒရှိရမယ်။ စွဲလမ်းချည်နှောင်မှုတွေ ကင်းရမယ်။
Contented, easily supported, with few duties, of simple livelihood, controlled in senses, discreet, not impudent, one should not be greedily attached to families.
"" န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ဝိညူ ပရေ ဥပဝဒေယုံ။
သုခေနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတ္တာ။ ""
ပညာရှိတို့ မလိုလားတဲ့ ဒုစရိုက်မှုတွေကို အနည်းငယ်မျှပင် မပြုလုပ်သင့်ဘူး။ ကိုယ့်စိတ်ကို ဒီစည်းကမ်းတွေနဲ့အညီ (အောက်မှာဖော်ပြထားတဲ့အတိုင်း) ပြုစုပျိုးထောင်နေရမယ်။
ခပ်သိမ်းသော သတ္တဝါတွေအားလုံး ပျော်ရွှင်ချမ်းမြေ့ ဘေးကင်းပြီး ချမ်းသာသောကိုယ်စိတ်ဖြစ်ကြပါစေ။
One should not commit any slight wrong such that other wise men might censure him. (Then one should cultivate his thoughts thus) :
May all beings be happy and secure; may their minds be contented.
"" ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ဝါ ထာဝရာဝ နဝသေသာ။
ဒီဃာ ဝါ ယေဝ မဟန္တာ၊
မဇ္ဈျိမာ ရဿကာ အဏုကထူလာ။ ""
အလုံးစုံသော သတ္တဝါတို့ ချမ်းသာကိုယ်စိတ်ရှိပါစေ။ ကြောက်တတ်(ပုထုဇဉ်)၊ မကြောက်တတ်(ရဟန္တာ) နှစ်ရပ်သော ပုဂ္ဂိုလ်တို့သည်လည်းကောင်း ၊ ရှည်သော တိုသော အလတ်စားအရွယ်ရှိသော သတ္တဝါအမျိုးမျိုးတို့သည်လည်းကောင်း၊ ကြီးသော ငယ်သော အလတ်စားအရွယ်ရှိသော သတ္တဝါအမျိုးမျိုးတို့သည်လည်းကောင်း၊
Whatever living beings there may be - feeble or strong, long/tall, stout, or medium, short, small, or large,
"" ဒိဋ္ဌာ ဝါ ယေဝ အဒိဋ္ဌာ၊
ယေဝ ဒူရေ ဝသန္တိ အဝိဒူရေ။
ဘူတာဝ သမ္ဘဝေသီဝ ၊
သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။ ""
မြင်အပ် မမြင်အပ် နှစ်ရပ်သော သတ္တဝါတို့သည်လည်းကောင်း၊ အဝေး၌ရှိသော အနီး၌ရှိသော သတ္တဝါတို့သည်လည်းကောင်း၊ ဘဝသံသရာဇာတ်ဆုံးသော (ရဟန္တာ) ပုဂ္ဂိုလ်တို့သည် လည်းကောင်း ဘဝဇာတ်မဆုံးသေးသော သတ္တဝါတို့သည် လည်းကောင်း ဖြစ်ဖြစ်သမျှခပ်သိမ်းသော ဝေနေယျအပေါင်းတို့ (အပိုင်းအခြား အတားအဆီးရယ်လို့ မရှိ ) ချမ်းသာသော ကိုယ်စိတ် ရှိကြပါစေ။
Seen or unseen, those dwelling far or near, those who are born and those who are yet to be born - may all beings, without exception, be happy minded!
"" န ပရော ပရံ နကုဗ္ဗေထ၊
နာတိမညေထ ကတ္တစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာညမညဿ ဒုက္ခမိစ္ဆေယျ။ ""
တစ်ယောက်ကိုတစ်ယောက် လှည့်ပတ်ဖြားယောင်းခြင်း ဘယ်လိုအခြေအနေမျိုးမှာမဆို မပြုကြပါစေနဲ့။ ဒေါသဖြင့်ဖြစ်စေ မကောင်းသောစိတ်ဖြင့်ဖြစ်စေ ရန်ပြု ဆင်းရဲစေလိုခြင်း အလျှင်းမရှိကြပါစေနဲ့။
Let not one deceive another nor despise any person whatever in any place. In anger or illwill let not one wish any harm to another.
"" မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧက ပုတ္တမနုရက္ခေ၊
ဧဝမ္ပိ သဗ္ဗေဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။ ""
မိခင်ဟာ မိမိရဲ့ရင်သွေးငယ်ကို အသက်နှင့်လဲ၍ပင်ဖြစ်စေ စောင့်ရှောက်သကဲ့သို့ သတ္တဝါခပ်သိမ်းအပေါ်တွင် အတိုင်းအရှည် အပိုင်းအခြားမရှိသော မေတ္တာစိတ်မျိုး ပွားများရာ၏။
Just as a mother would protect her only child even at the risk of her own life, even so let one cultivate a boundless heart towards all beings.
"" မေတ္တဉ္စ သဗ္ဗလောကသ္မိ၊
မာနသံ ဘာဝယေ အပရိမာဏ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္မာဓံ အဝေရ မသပတ္တံ။ ""
အထက် အောက် ပတ်ပတ်လည် အလုံးစုံသော လောကတစ်ခုလုံးအပေါ် မနာလိုအမုန်းတရားမရှိ ရန်လိုဆင်းရဲစေခြင်းမရှိ အတိုင်းအရှည် အပိုင်းအခြားမရှိသော မေတ္တာကိုသာ ဖြန့်ကျက်ပျံ့နှံ့စေရာ၏။
Let one's thoughts of boundless love pervade the whole world - above, below and across - without any obstruction, without any hatred, without any enmity.
"" တိဋ္ဌံ စရံ နိသိန္နော ဝ၊
သယာနော ယာဝတာဿ ဝိတမိဒ္ဓေါ။
ဧတံ သတႎ အဓိေ႒ယ်၊
ဗြဟ္မမေတံ ဝိဟာရ မိဓမာဟု။ ""
ရပ်နေလျှင်ဖြစ်စေ လမ်းလျှောက်နေလျှင်ဖြစ်စေ ထိုင်နေလျှင်ဖြစ်စေ လဲလျောင်းနေလျှင်ဖြစ်စေ အသိစိတ်ရှိနေသမျှ ကာလပတ်လုံး ဤမေတ္တာနှင့် ယှဉ်တွဲသော အသိသတိစိတ်ကို ပွားများဆောက်တည်ရာ၏။ ဤသို့နေခြင်းကို" မြတ်သောနေခြင်း" " ဗြဟ္မဝိဟာရ" ဟု ဘုရားရှင် အဆက်ဆက်တို့ ဟောခဲ့ရာ၏။
Whether one stands, walks, sits or lies down, as long as one is awake, one should maintain this mindfulness. This, they say, is the Sublime State in this life.
"" ဒိဋ္ဌိဉ္စ မနုပဂ္ဂမ္မ၊
သီလဝါ ဒႆေ နန သမၸေႏၷာ။
ကာမေသု ဝိနေယ ဂေဓံ၊
န-ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။ ""
ဤသို့ မေတ္တာပွားရင်းဖြင့် အယူမှား အမှတ်မှားမှုများ ကင်းစင်၍ အမှန်မြင်လာနိုင်သူသည် တပ်မက်တွယ်ညှိမှုအလုံးစုံကိုလည်း ပယ်သတ်နိုင်ခဲ့သော် ထိုသူသည် သောတာပတ္တိမဂ်ဥာဏ်အမြင်နဲ့ ပြည့်စုံသွားပြီး နောက်တစ်ဘဝထပ်ဖြစ်ပြီး ဝဋ်ဆင်းရဲခံစရာမလိုတော့ပြီ ဖြစ်သည်။
Not falling into wrong views, virtuous and endowed with Insight, one gives up attachement to sense-desires. Verily such a man does not return to enter a womb again.
မေတ္တသုတ္တံ နိဋ္ဌိတံ
မေတ္တသုတ်ပရိတော် ပြီး၏။
Wednesday, November 29, 2017
ကမ္ဘာကျော်တောင်းပန်မှုများ နဲ့ ကမ္ဘာကျော် မတောင်းပန်မှုများ
"ကမ္ဘာကျော်တောင်းပန်မှုများ"
• ၁၉၅၄- မြန်မာဝန်ကြီးချုပ်ဦးနုက ထိုင်းနိုင်ငံကို ၁၈ ရာစု အယုဒ္ဓယဖျက်ဆီးခဲ့မှုအတွက် တောင်းပန်။
• ၁၉၅၇- ဂျပန်ဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်က လွန်ကျူးမှုများအတွက် မြန်မာနိုင်ငံကိုတောင်းပန်။
• ၂၀၀၆- ဗြိတိန်ဝန်ကြီးချုပ်က ၁၉ ရာစုမတိုင်မီက ကျွန်ကုန်ကူးခဲ့မှုအတွက် လူမည်းများကိုတောင်းပန်။
• ၂၀၁၀- ဗြိတိန်ဝန်ကြီးချုပ်က ၁၉၇၂ မြောက်အိုင်ယာလန်ဆန္ဒပြသမားများကို ပစ်သတ်ခဲ့မှုအတွက် တောင်းပန်။
• ၂၀၁၃- ဗြိတိန်အစိုးရက ၁၉၅၂-၆၀ ကင်ညာသူပုန်များကို ရက်ရက်စက်စက်နှိမ်နင်းခဲ့မှုအတွက် တောင်းပန်။
• ၁၉၉၅- အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်း မက္ကနာရားမားက ၁၉၆၃-၇၅ ဗီယက်နမ်စစ်ပွဲအတွက် တောင်းပန်။
• ၁၉၉၈- အမေရိကန်သမ္မတ ကလင်တန်က မိုနီကာလူဝင်းစကီးနဲ့ ကဲခဲ့တဲ့အတွက် အမေရိကန်ပြည်သူများကို တောင်းပန်။
• ၂၀၀၈- အမေရိကန်လွှတ်တော်က လူမည်းများအပေါ် ကျွန်စနစ်ကျင့်သုံးခဲ့မှုအတွက် တောင်းပန်။
• ၂၀၁၀- အမေရိကန်လွှတ်တော်က ဌာနေတိုင်းရင်းသား red indian များကို ဖိနှိပ်လွန်ကျူးခဲ့မှုများအတွက် တောင်းပန်။
• ၂၀၀၈- သြစတြေးလျအစိုးရက ဌာနေတိုင်းရင်းသား aborigine များအပေါ် ဖိနှိပ်လွန်ကျူးခဲ့မှုများအတွက် တောင်းပန်။
• ၁၉၆၅-၉၀- ဂျပန်အစိုးရက တောင်ကိုးရီးယားကို ဒုတိယကမ္ဘာစစ်အတွင်း လွန်ကျူးမှုများအတွက် တောင်းပန်။
• ၁၉၉၅- ဂျပန်ဘုရင်နဲ့ ဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်မှာ ဂျပန်အခန်းကဏ္ဍအတွက် တကမ္ဘာလုံးကို တောင်းပန်။
• ၁၉၉၅-၂၀၀၀- ဂျပန်အစိုးရက တရုတ်ပြည်အပေါ် ဒုတိယကမ္ဘာစစ်အတွင်း လွန်ကျူးမှုများအတွက် တောင်းပန်။
• ၂၀၁၃- ဂျပန်ဝန်ကြီးချုပ်က နန်ကင်းလူသတ်ပွဲအတွက် တရုတ်ပြည်ကိုတောင်းပန်။
• ၁၉၅၂- ဂျာမဏီအစိုးရက ဒုတိယကမ္ဘာစစ်အတွက် တကမ္ဘာလုံးကိုတောင်းပန်။
• ၁၉၇၀- ဂျာမဏီဝန်ကြီးချုပ်က ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများကိုသတ်ခဲ့မှုအတွက် ဒူးထောက်တောင်းပန်။
• ၁၉၉၆- တောင်အာဖရိကသမတဟောင်း ဒီကလပ်က အသားအရောင်ခွဲခြားရေးစနစ်အတွင်း မတရားမှုများ အတွက် တောင်းပန်။
• ၁၉၉၂- ပုပ်ရဟန်းမင်း ဒုတိယမြောက်ဂျွန်ပေါလ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀ ကျော်က သိပ္ပံပညာရှင် ဂါလီလီယိုကို နှိပ်ကွပ်ခဲ့မှုအတွက် တောင်းပန်။
#################################
"ကမ္ဘာကျော် မတောင်းပန်မှုများ"
• ၁၉၆၂- ဂျူလိုင် ၇ ရက် တက္ကသိုလ်ကျောင်းသားများသတ်ပွဲ
• ၁၉၆၇- သြဂုတ် ၁၃ ရက် စစ်တွေမြို့ လူသတ်ပွဲ
• ၁၉၇၄- ဇွန်လ ရန်ကုန်မြို့ အလုပ်သမားသတ်ပွဲ
• ၁၉၇၄- ဒီဇင်ဘာ ရန်ကုန်မြို့ ဦးသန့်ဈာပန ချိုးနှိမ်ပွဲနှင့်လူသတ်ပွဲ
• ၁၉၈၅-၈၇- ငွေစက္ကူ ဓားပြတိုက်မှု
• ၁၉၈၈- မတ်၊ ဇွန်၊ သြဂုတ်၊ စက်တင်ဘာ လူသတ်ပွဲများ
• ၁၉၉၀- ရွေးကောက်ပွဲရလဒ်ဖျက်ဆီးမှု
• ၂၀၀၃- ဒီပဲယင်းလူသတ်ပွဲ
• ၂၀၀၇- စက်တင်ဘာ သံဃာတော်စော်ကား သတ်ဖြတ်ပွဲများ
• ၂၀၀၈- နာဂစ်မုန်တိုင်း ညံ့ဖျင်းမှုနဲ့ ဆန္ဒခံယူပွဲ မဲလိမ်မှု
• ၂၀၁၀- ရွေးကောက်ပွဲမဲခိုးမှုများ
• ၁၉၄၈-၂၀၁၆- ပြည်တွင်းစစ်အတွင်း လူမျိုးပေါင်းစုံပြည်သူလူထုများအား သတ်ဖြတ် မုဒိန်းကျင့်မှုများ
•၂၀၁၅- မတ်လ ကျောင်းသားသပိတ် အား အကြမ်းဖက် ဖြိုခွင်းမှု
ဂါမဏိ
Monday, November 27, 2017
ဘုရား၊ပစ္စေကဗုဒ္ဓ၊ရဟန္တာဖြစ်သင်တန်း တဲ့
ဘုရား၊ပစ္စေကဗုဒ္ဓ၊ရဟန္တာဖြစ်သင်တန်း   တဲ့ 
မင်းကိုနိုင်​၊ဂျင်​မီ၊​မောင်​တင်​သစ် ကဗျာသုံးပုဒ်
မင်းကိုနိုင်​၊ဂျင်​မီ၊​မောင်​တင်​သစ်
၂၇နိုဝင်​ဘာ၂၀၁၇
နေပြည်​​တော်​။
၈ တန်း​ကျောင်းသူ ဒီ​ကောင်​မ​လေးမှာ ကိုယ်​၀န်​ ၇ လရှိ​နေတယ်
၈ တန်း​ကျောင်းသူ ဒီ​ကောင်​မ​လေးမှာ
ကိုယ်​၀န်​ ၇ လရှိ​နေတယ်​လို့
ဆရာဝန်​က ကျွန်​​တော့်​ကို တိုးတိုး​လေး​ပြောတယ်​..
"သမီးကို ဘယ်​သူလုပ်​တာလဲ.." လို့ 
ကျွန်​​တော်​ နဲ့ ဆရာဝန်​က ​ချော့​မော့ ​မေး​တော့လည်း
ကောင်​မ​လေးက မ​ပြော..
ဘယ်​လို​မေး​မေး မ​ပြော..
ငိုပဲ ငို​နေတယ်​..
"ကျွန်​​မသမီး မှာ ရည်းစားမရှိဘူး ဆရာရဲ့.."
ကောင်​မ​လေးရဲ့ မိခင်​ကလည်း ဆရာဝန်​ကို
မရဲတရဲနဲ့ ​ပြောတယ်​..
ကျွန်​​တော့်​ အ​တွေ့အကြုံအရ သိလိုက်​ပြီ..
ဆရာဝန်​နားကို ကျွန်​​တော်​ကပ်​ပြီး တိုးတိုး​လေး
ပြောလိုက်​တယ်​..
"အန်​တီ..အပြင်​ကို ခဏထွက်​​ပေးပါ.."
လို့ ဆရာဝန်​က အ​မေဖြစ်​သူကို 
ရှောင်​ခိုင်းလိုက်​တယ်​...
ဆရာဝန်​က ​ကောင်​မ​လေးကို ​​ချော့ပြီး​မေးတယ်​..
"သမီး အိမ်​မှာ ​ယောက်ျားဆိုရင်​ ဘယ်​သူ​တွေရှိလဲ."
"အ​ဖေ ရယ်​ အကိုရယ်​ ပါ"
"အိမ်​ကို ၀င်​ထွက်​သွားလာတတ်​တဲ့
တခြား အမျိုး ​ယောက်ျား​တွေ ရှိ​သေးလား.."
"မရှိဘူး ဆရာကြီး.."
" သမီး အ​ဖေနဲ့ အကို တို့က​ရော 
သမီးကို ကြင်​နာရဲ့လားကွယ်​.."
ကောင်​မ​လေး မျက်​နှာသိသိသာသာပျက်​သွားတယ်​..
မျက်​ရည်​​တွေကျပြီး ​ခေါင်းကိုငုံ့လို့
စကားတစ်​ခွန်းကို တုန်​ရီစွာ​ပြောတယ်​..
"သမီးကို သမီးအကိုက ဟိုဟာ လုပ်​ဖူးတယ်​.."
.......................................
ဒီလိုမျိုး သားအရင်းနဲ့ သမီးအရင်း 
ဖြစ်​ကြတဲ့ ကိစ္စမျိုးမှာ ကျွန်​​တော်​ အသနားဆုံးက
အ​မေဖြစ်​သူကိုပါပဲ..
အဖြစ်​အပျက်​ကို ​ပြောပြတဲ့အခါ ငိုဖို့​တောင်
သတိမရဘဲ ​ကြောင်​​တောင်​​တောင်​ကြီးဖြစ်​သွားတဲ့
အဲဒီအဖွားကြီးပုံကို 
ကျွန်​​တော်​ မျက်​လုံးထဲက မထွက်​..
"သူတို့အ​ဖေကို ကျွန်​မ ဘယ်​လို​ပြောရမလဲရှင်​.."
ဆိုပြီး​တော့မှ မျက်​ရည်​​တွေကျလာတယ်​..
မနှစ်​က တစ်​ခါ ကြုံခဲ့ဖူးတဲ့ ​မောင်​နှမ အရင်း 
ဖြစ်​ကြတဲ့ ကိုယ်​၀န်​မှာတုန်းက​တော့
ကောင်​​လေး​ရော ​ကောင်​မ​လေးပါ
မူးယစ်​​ဆေးကို သုံးကြတယ်​..
အခု ဒီပြဿနာမှာ​တော့ မျက်​စိ​ရှေ့က
ကောင်​မ​လေးဟာ ​ရိုးသားတဲ့ 
တောသူ​တောင်​သားပုံစံမို့ မူးယစ်​​ဆေး​တော့
မသုံးနိုင်​ ...
ဒါဆို ​မောင်​နှမ အရင်း Sex ဖြစ်​ရ​လောက်​​အောင်
ဘာက အသိဥာဏ်​မဲ့​စေတာလဲ..
ကျွန်​​တော်​က ​ကောင်​မ​လေးကို ​မေးလိုက်​တယ်​..
"သမီးကို သမီးအကိုက အဲဒီလို လာလုပ်​တာကို
မငြင်းဖူးလား သမီးရယ်​.."
"သမီးကို အတင်းအကျပ်​ လုပ်​တာ ဦး..
သမီးငြင်းတယ်​..မရဘူး..
နောက်​ထပ်​​တော့ ထပ်​မလုပ်​​တော့ပါဘူး..
အဲဒီ တစ်​ခါထဲပါ.."
"သမီးအကိုက အသက်​ ဘယ်​​လောက်​လဲ 
အရက်​​တွေ ဘာ​တွေ ​သောက်​လား.."
"သမီးအကိုက ၁၀ တန်း​ကျောင်းသားပါ..
အရက်​လည်း မ​သောက်​ပါဘူး.."
"သူက ဖုန်း​တွေ ဘာ​တွေ သုံးလား.."
အ​မေဖြစ်​သူက ၀င်​​ပြောတယ်​..
"ဆရာ​ရေ..ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ 
ဖုန်းထဲမှာ မ​ကောင်းတာ​တွေ ကြည့်​​နေလို့
အဲဒီ ဖုန်းကို ကျွန်​မ သိမ်းထားလိုက်​တယ်​.."
အ​ဖြေကို ​တွေ့ပါပြီ..
ဆယ်​​ကျော်​သက်​ လူငယ်​တစ်​​ယောက်​အ​နေနဲ့
ကိုယ့်​စိတ်​ကိုယ်​ မနိုင်​တဲ့အချိန်​ Porn ကားကြည့်​ပြီး
စိတ်​မထိန်းနိုင်​လို့ ကိုယ့်​ညီမကိုယ်​ပြန်​ 
စော်​ကားမိတာ...
နိုင်​ငံတကာမှာလည်း Porn ဆိုဒ်​​တွေ ရှိတယ်​..
မြန်​မာနိုင်​ငံမှာလည်း ရှိပါတယ်​..
(ကျွန်​​တော်​လည်း တစ်​ခါတစ်​​လေ 
ဝင်​ကြည့်​ပါတယ်​..)
ဒါ​ပေမဲ့ သူများနိုင်​ငံ​တွေမှာက Cyber Law ဆိုတာ
ကျွန်​​တော်​တို့နိုင်​ငံထက်​ ပို​ကောင်းမယ်​ထင်​ပါတယ်​..
အသက်​ ၁၆ နှစ်​​အောက်​ဆိုရင်​ Porn ကားကြည့်​ဖို့
မလွယ်​..
မရဘူး ​ပြောတာမဟုတ်​ပါ..
မလွယ်​ဘူးလို့ ​ပြောတာ ဖြစ်​ပါတယ်​..
ကျွန်​​တော်​တို့ဆီမှာက​တော့ 
Porn ကားကို ၈ တန်း ၉ တန်း ၁၀ တန်း 
က​လေး​တွေ ကြည့်​ချင်​သလို ကြည့်​ခွင့်​ရှိ​နေတယ်​..
သွေးသား အား​ကောင်းတဲ့အပြင်
အ​တွေ့အကြုံကလည်း မရှိ ၊
အ​တွေ့အကြုံရှာဖို့ကလည်း မလွယ်​ကူ​သေးတဲ့
အရွယ်​ဖြစ်​​နေ​လေ​တော့ 
စိတ်​က ထန်​ လွန်မက ထန်​ လာတဲ့အခါ
အိမ်​မှာအတူတူ​နေတဲ့ ညီမ​တွေအ​ပေါ် 
ကြံမိ​ကြံရာ ကြံတတ်​ကြတယ်​..
ပညာရှင်​မဟုတ်​တဲ့ ပရဟိတသမားမို့
အကြံမ​ပေးတတ်​ပါ..
အကိုအရင်းက မုဒိန်းကျင့်​လို့
ကိုယ်​၀န်​ ၇ လ ရှိ​နေတဲ့ ဒီ​ကောင်​မ​လေးကို
က​လေး​မွေး​ပေးဖို့ပဲ ကူညီရ​တော့မှာပါပဲ..
ဒုက္ခ ဒုက္ခ ဒုက္ခ...
စိတ်​ညစ်​ရ​သော ​နေ့ပါပဲ......။
ကိုစိုးထိုက်​(ဖဒို)
Sunday, November 26, 2017
အသားကင် တုတ်ချောင်းလေးတွေ နဲ့ ဒီဇိုင်း အမျိုးမျိုးပြုလုပ်ထား တဲ့ မုံရွာ က လူငယ်လေး ကွန်းကျော် ရဲ့ အနုပညာ
အသားကင် တုတ်ချောင်းလေးတွေ နဲ့ ဒီဇိုင်း အမျိုးမျိုးပြုလုပ်ထား တဲ့ မုံရွာ က လူငယ်လေး ကွန်းကျော် ရဲ့ အနုပညာ
ချမ်းချမ်းနဲ့ ဘုဏ်းသိုက်ကွာရှင်းလိုက်တာနဲ့ပတ်သက်ပြီး ဦးထွန်းလွင်(မိုးလေ၀သ)ပြောပြတဲ့ အဲဒါအချစ်လို့ခေါ်တယ်
အဆိုတော်ချမ်းချမ်းနဲ့ သရုပ်ဆောင် ဘုဏ်းသိုက်တို့ ဇနီးမောင်နှံကွာရှင်းခွင့်လိုက်ကြတဲ့သတင်းနဲ့ပတ်သက်ပြီး ဆရာကြီး ဦးထွန်းလွင် ( မိုးလေ၀သ ) က သူ့ဘ၀ရဲ့ အတွေ့အကြုံတစ်ခုကို အောက်ပါအတိုင်းပြောပြခဲ့ပါတယ် ။
..........................................
ဖတ်ကြည့်ကြပါဗျာ။
...................................
အခုတော့ အသက်ေတွလည်း ကြီးလာကြပါပြီ၊ အကြီးဆုံးသမီးပဲ ဆရာဝန်ဖြစ်၊ အိမ်ထောင်ကျ၊ အခု မြေးတောင် ရနေပါပြီ။
သူ ။ ။ “အဲဒါ.. ဘာဖြစ်လဲ”
ဆရာကြီး ဦးထွန်းလွင် ( Tun Lwin မိုးလေ၀သ )
Unicode
ဒီကနေ့မှ ပြန်ကြည့်ဖြစ်တဲ့ facebook ပေါ်မှာ နိုင်ငံကျော်အဆိုတော်မလေးနဲ့ မော်ဒယ်လ်သူ့ယောကျာ်းလေးတို့ဇနီးမောင်နှံကွာရှင်းခွင့်တောင်တဲ့သတင်းကိုဖတ်မိတယ်။ အဆိုတော်မလေးနာမည်ကြီးတုန်းကပေါက်သွားခဲ့တဲ့ သူ့ရဲ့ Title song က ဘာတဲ့ “တကယ်ဆို အချစ်ပဲ လိုတယ်” တဲ့။
လွန်ခဲ့တဲ့နှစ်ထဲကလည်း ကျွန်တော်ကိုယ်တိုင် မင်္ဂလာအခမ်းအနားမှူးလုပ်ပေးခဲ့တဲ့တပည့်လင်မယားနှစ်ယောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အောက်ခြေဝန်ထမ်းဘဝကစပြီး ပြည်ပသွားတာဝန်ထမ်းဆောင်ခွင့်ရလာတဲ့အထိ ဒိုးတူဘောင်ဖက် ခက်ခက်ခဲခဲ ကြိုးစားလာခဲ့ပြီး၊ နှစ်ယောက်သားလည်းကိုယ်စီကိုယ်စီပြည်ပနိုင်ငံရုံးတွေမှာတာဝန်ထမ်းဆောင်ခွင့်လည်းရရော လင်မယားကွဲကြပြန်တယ်။
အမေမတူအဖေမတူလူသား(၂)ဦးအတူ ယှဉ်တွဲနေထိုင်ဖို့ဆိုတာ အကယ်တော့မလွယ်လှပါဘူး။ ဒီနေရာမှာ ကျွန်တော်လည်း ကျွန်တော့အိမ်ထောင်ရေးကိုဘယ်လိုအတွေးမျိုးတွေနဲကထိန်သိမ်းခဲံတယ်ဆိုတာ လူငယ်တွေကို ပြန်ပြောချင်လာပါတယ်။
ဖတ်ကြည့်ကြပါဗျာ။
မောင်ထွန်းလွင်(မိုးလေဝသ)
အဲဒါ အချစ်လို့ခေါ်တယ်
မောင်ထွန်းလွင် (မိုးလေဝသ)
မောင်ထွန်းလွင် (မိုးလေဝသ)ရဲ့ “ငယ်ချစ်….နှင့်” စာအုပ်မှ။
ကျွန်တော့်ဇနီးကို ကျွန်တော် ပြည်ပနိုင်ငံကြီးတစ်ခုမှာ ၁၉၇၃ ခုနှစ်လောက်မှာ စတင်တွေ့ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်က အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အဲဒီနိုင်ငံကြီးကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ပညာတော်သင်သွားရတဲ့အကြိမ်ပေါ့။ အဲဒီအချိန်မှာ အဲဒီနိုင်ငံရဲ့ သတင်းဌာနကြီးတစ်ခုမှာ တာဝန်ထမ်းဆောင်ရင်းနဲ့ သူတို့ မိသားစုက ကျွန်တော့်ထက် အရင် နှစ်နှစ်လောက်ကတည်းက ရောက်နှင့်နေခဲ့ကြတာပါ။
ဒီခရီးဟာ ကျွန်တော့်ရဲ့ ပထမဆုံးပြည်ပခရီးလည်း ဖြစ်နေတာကြောင့် ကျွန်တော်ဟာ တကယ့်ကို တောသားမြို့ရောက် ပါပဲ။ အရာရာဟာ အထူးထူး အဆန်းဆန်းချည်းပါပဲ။ အတွေ့အကြုံကလည်း မရှိ၊ အသိအကျွမ်းကလည်း မရှိ၊ ဘာဆိုဘာမှ မသိ နတ္ထိ။ မျက်စိသူငယ် နားသူငယ်ဆိုတာ ဒါကိုခေါ်တာ ဖြစ်ပါလိမ့်မယ်။
အဲဒီအချိန်မှာ ကျွန်တော်တက်ရမယ့်ကျောင်းက နယ်ဘက်မှာဆိုတော့ ပထမဆုံးရပ်နားရတဲ့ အဲဒီနိုင်ငံရဲ့ မြို့တော်မှာ နှစ်ရက်လောက် နားရပါတယ်။ ကျွန်တော် တည်းခိုရာ ဟိုတယ် ကနေ မြန်မာသံရုံးကရယ်၊ ပညာရေးကိုင်တဲ့ စစ်သံမှူးရုံးကရယ် လာတွေ့ကြပါတယ်။ အဲဒီမှာ တာဝန်မရှိပေမယ့် တာဝန်သိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပါလာပါတယ်။ သူကတော့ နောင်တစ်ချိန် မှာ ကျွန်တော့်မိဘသဖွယ်ဖြစ်လာတဲ့ ကျွန်တော့် ယောက္ခမလောင်းကြီးပါပဲ။
သဘောကောင်းလွန်း ပြီး အလွန်ဖော်ရွေလွန်းတဲ့ ကျွန်တော့်ရဲ့ ယောက္ခမလောင်းကြီးကြောင့် ကျွန်တော်ဟာ ကျွန်တော့ ဇနီးလောင်းမိသားစုများနဲ့ နောက်ပိုင်းမှာ တွေ့ဆုံ၊ ခင်မင်၊ ရင်းနှီးခဲ့ရပါတယ်။ ဒီလိုနဲ့ ကျွန်တော့ ဇနီးလောင်းနဲ့ ကျွန်တော်ဟာ စတင်သိကျွမ်းလာရပါတယ်။ ကျွန်တော် ၂၅၊ သူက ၁၄ ဆိုပါတော့။
ဒီလိုနဲ့ ပညာသင်ပြီးတဲ့နောက် ၁၉၇၆ မှာ မြန်မာပြည်ကို ပြန်ရောက်ခဲ့ပါတယ်။ ဆရာတွေက ရန်ကုန်ကို ပြောင်းဖို့ တဖွဖွခေါ်နေတဲ့ကြားက ဇာတိ မန ္တလေးမှာ နှစ်နှစ်လောက် ပေကပ်နေပြီး ဝါသနာပါရာကို အလုပ်တစ်ဖက်နဲ့ ခေါင်းမာပြီး လုပ်နေခဲ့ပါသေးတယ်။ မန ္တလေးက ကျွန်တော့် ကို မောင်းထုတ်လိုက်တော့မှ ကျွန်တော် ရန်ကုန်ကို ပြောင်းဖြစ်တော့တာပါပဲ။ ၁၉၇၇… ။
အဲဒီအချိန်မှာ ကျွန်တော့်ဇနီးလောင်း မိသားစုတွေကလည်း တာဝန်တွေ ပြီးလို့ ရန်ကုန်ပြန် အရောက်၊ ရန်ကုန်မှာ ကျွန်တော်နဲ့ သူတို့နေတဲ့ရပ်ကွက်ကလည်း ကပ်နေတော့ သူတို့နဲ့ ကျွန်တော် ပြန်ပြီးဆက်သွယ်မိကြပြန်ပါတယ်။ ဒါကို ရေစက်လို့ ခေါ်လေမလား၊ ဖူးစာလို့ ခေါ်လေမလား။ ၁၉၇၈… ။
အဲဒီအချိန်မှာတော့ သူမက အလှဆုံးအချိန်၊ တက္ကသိုလ်ပထမနှစ် စတက်တဲ့အချိန်၊ ၁၈ နှစ်အရွယ်၊ တိုတိုပဲ ပြောကြပါစို့ဗျာ ၁၉၇၉ မှာ ကျွန်တော်တို့ အိမ်ထောင်ကျပါတယ်။ ကျွန်တော် ၃၀၊ သူ၁၉။ ဒွေးချိုး လေးတိုးပေါ့ဗျာ။
ကျွန်တော်တို့အိမ်ထောင်ရေးဟာ ပျော်စရာလေးဖြစ်ခဲ့ပါတယ်။ အတွေးအခေါ်ချင်းလည်း ညီ၊ ကမ္ဘာ့အမြင်ချင်းလည်း ညီဆိုတော့ အဲဒီအချိန်တုန်းက ရုန်းကန်ရတဲ့ ဘဝအမောတွေ ဖြစ်ခဲ့ပေ မယ့် မောတော့ မောတာပေါ့၊ ဒါပေမဲ့ မမောခဲ့ဘူးပေါ့။ပျော်မဆုံး မော်မဆုံး ကာလလေးတွေဟာ ကျွန်တော်တို့ အိမ်ထောင်ရေးမှာ အမှန်တကယ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးတို့ရဲ့ ထုံးစံအတိုင်း အိမ်ထောင်သက်လေး ရလာတဲ့အခါ “ညှိယူရတဲ့ ကာရန်တွေ” က များများလာ ပါတယ်။
တစ်ခါတစ်ရံ အိမ်ထောင်ရေးတေးသံဟာ သာယာသံပျောက်ပြီး ဘီလူးဆိုင်းဖြစ်ရတဲ့ အကြိမ်တွေလည်း များများလာပါတယ်။ သူပြတ်မယ် ငါပြတ်မယ် ဆိုရတဲ့ အဆင့်အထိ ပြင်းထန်သွားတဲ့ အခါတွေလည်း ရှိခဲ့ပါတယ်။
ခက်တာက ကျွန်တော်ကလည်း ခေါင်းမာတယ်၊ သူကလည်း အနိုင်မခံဘူး။ ကျွန်တော်ကလည်း ဆရာလုပ်ချင်တယ် (ကျောင်းဆရာတစ်ပိုင်းလေဗျာ)။ သူကလည်း အမိန့်ပေးတာ ဝါသနာပါတယ်။ ကျွန်တော်က အပြစ်ပြောတာ မကြိုက်ဘူး၊ အပြစ်ပြောမခံရအောင်လည်း နေတယ်။ သူက ဝေဖန် တတ်တယ်၊ ကျွန်တော်က လူတွေကို အားနာတတ်တယ်၊ သနားတတ်တယ်။ သူက တိကျတယ်၊ ပြတ်သားတယ်၊ အပိုအလုပ် မလုပ်ဘူး၊ လက်တွေ့ပိုကျတယ်ပေါ့ဗျာ။
ဒီလိုနဲ့ပဲ ကျွန်တော်တို့အိမ်ထောင်ရေးမှာ သားသမီးက သုံးယောက်၊ အိမ်ထောင်သက်က နှစ် ၃၀ ရှိလာခဲ့ပါတယ်။
ဒီနေရာမှာ ကျွန်တော် မကြာမကြာ စဉ်းစားလာမိပါတယ်။ အိမ်ထောင်တစ်ခုမှာ ပြောလေ့ရှိပါတယ်၊ စိတ်တူ သဘောတူတဲ့။ တစ်ဦးနဲ့တစ်ဦး စိတ်တူ သဘောတူ၊ အကြိုက်တူ၊ အလိုက်သိ၊ ဘာတဲ့ … ငါးခြောက်ဆို ဖုတ်ပြီးသား ဆိုတာတွေလေ။ ဒီလို စိတ်သဘောထား အစစ တိုက်ဆိုင်ပြီး တစ်ဦးအကြိုက် တစ်ဦး လိုက်နေကြတဲ့ မိမတူ ဖမတူ နှစ်ဦး အတူသွား၊ အတူစား၊ အတူလက်တွဲနေကြတာ ဘာများ ဆန်းသလဲ။
ကျွန်တော်တို့လို အစစ အယူအဆအတူကြတဲ့ သူနှစ်ဦး နှစ်ပေါင်းများစွာ အတူလက်တွဲနေထိုင်နိုင်ခဲ့ကြတာ ဘာကြောင့်များပါလဲ။ နားလည် မှုကြောင့် ဆိုမလား၊ သည်းခံစိတ်ကြောင့် ဆိုမလား။
အခုတော့ အသကေ်တွလည်း ကြီးလာကြပါပြီ၊ အကြီးဆုံးသမီးပဲ ဆရာဝန်ဖြစ်၊ အိမ်ထောင်ကျ၊ အခု မြေးတောင် ရနေပါပြီ။
ဇနီးသည်နဲ့ အေးအေး ဆေးဆေး စကားစမြည်ပြောဖြစ်တဲ့ တစ်နေ့ပေါ့။ အများအားဖြင့်လည်း သားရေး သမီးရေး (အလတ်ကောင်က အခုမှ ၁၄ နှစ်နဲ့ အငယ်မက ၁၀ နှစ်ပဲ ရှိပါသေးတယ်၊ ကျွန်တော် အိုချိန်မရသေးပါ)၊ စားရေး သောက်ရေး အလုပ်ကိစ္စတွေနဲ့ အေးအေး လူလူ စကား မပြောဖြစ်ကြတာ များပါတယ်။ အဲဒီ အေးအေးလူလူ စကားပြောဖြစ်တဲ့ တစ်နေ့မှာတော့ . . . ။
ကျွန်တော်။ ။ “ဒီမှာ.. ငါတို့ အိမ်ထောင်ရေးကို ငါ စဉ်းစားနေမိတယ်၊ မင်းနဲ့ ငါနဲ့က ငါက စနေ၊ မင်းက ကြာသပတေး၊ အိမ်ထောင်ရေးနက္ခတ်ချင်း မကိုက်ဘူးလို့ ပြောကြတယ်”(ကျွန်တော့်နိဒါန်းကလည်း ထရိုက်ချင်စရာပါပဲ။)
သူ ။ ။ “အဲဒါ.. ဘာဖြစ်လဲ”
ကျွန်တော်။ ။ “မင်းစဉ်းစားကြည့်လေကွာ ငါက ဒါဆို မင်းက ဟိုဟာ၊ ငါက အားနာတတ်တယ် မင်းက အားမနာတတ်ဘူး၊ ငါက အောင်လင်းကြိုက်တယ် မင်းက ဂျူးမှဂျူး၊ ငါက စန္ဒရားချစ်ဆွေကြိုက်တယ် မင်းက ဇော်ဝင်းထွဋ်ကြိုက်တယ်၊ ဘယ်တုန်းကများ အကြိုက်ချင်း တူခဲ့လို့တုံး”
သူ ။ ။ “ အဲဒါ ဘာဖြစ်လဲ “ (အသံကခပ်မာမာနဲ့ ခပ်ကျယ်ကျယ်ဖြစ်လာပါတယ်။)
ကျွန်တော်။ ။ “ အဲဒီလို မင်းနဲ့ငါနဲ့ဟာ အစစ အကြိုက်တွေ အမြင်တွေက တခြားစီပဲ၊ ဘာမှ ကိုက်ညီတာ မရှိဘူး ”
သူ (အတော်လေးစိတ်ရှုပ်လာပုံပေါက်လာပြီး မျက်နှာတွေလည်း နီလာပါတယ်။)။ ။ “ရှင် ဘာတွေ လာပြောနေပြန်တာလဲ၊ ဘာလဲ ရန်ဖြစ်ချင်ပြန်ပြီလား၊ အဲဒီတော့ ဘာဖြစ်လဲ၊ ရှင်က ဘာပြောချင်တာလဲ”
ကျွန်တော်။ ။ “အဲဒါကိုပဲ ငါစဉ်းစားနေမိတာ၊ တစ်ယောက်နဲ့ တစ်ယောက် အစစ အရာရာ သဘောထားချင်းလဲ မတိုက်ဆိုင်၊ အပေးအယူလဲ မတည့်တဲ့ တစ်ဖအေ တစ်မအေစီက ပေါက်ဖွား လာကြတဲ့ မင်းနဲ့ငါနဲ့ဟာ အတူပေါင်းလာခဲ့ကြတာ အခုဆို အနှစ် ၃၀ ရှိတော့မယ်၊ အဲဒါ.. ဘာကြောင့်လို့ မင်းထင်လဲ”
သူ (အတော်စိတ်ရှုပ်လာပုံနဲ့ အသံခပ်ကျယ်ကျယ်နဲ့)။ ။ “ ဘယ်သိမလဲ ”
အဲဒီလိုလည်းပြောလိုက်ရော ကျွန်တော်က သူ့အနားကို ကိုယ်လေးကိုင်းကာ အသာလေး ကပ်လိုက်ပြီး တိုးတိုးလေး နှစ်ကိုယ်ကြား ပြောလိုက်ပါတယ်။
ကျွန်တော်။ ။ “ အဲဒါ အချစ်လို့ ခေါ်တယ် ”
အဲဒီလိုလည်း ကျွန်တော်က ပြောလိုက်ရော သူ့မျက်နှာဟာ လမင်းကြီးလို ဝင်းလက် သွားပါတယ်။ နောက်တော့
သူ (မျက်နှာ ပြုံးပြုံးကြီးနဲ့)။ ။ “ အောင်မယ်… သွား” ဆိုပြီး ကျွန်တော့်ရင်ဘတ်ကို တံတောင်နဲ့ လှမ်းတွက်လိုက်ပါတယ်။
ဒါပေမဲ့ ဒီတံတောင်မှာ အားမပါဘူးဆိုတာ ကျွန်တော်သာ အသိဆုံး ဖြစ်ပါတယ်။
( နာဂစ်ရဲ့ ကောလဟာလတွေကြောင့် “ တုံးကျော်ထီးကြီး ” ဖြစ်လာရတဲ့ အဖေကြီး အတွက် စိုးရိမ်ပူပန်စိတ်တွေကြောင့် ရင်ထဲက အချစ်တွေ ပွင့်အန်ကျလာကြတဲ့ ချစ်ဇနီးနဲ့ သားသမီးသုံးဦးသို့ အမှတ်တရ )။
Tun Lwin မိုးလေဝသ
သံမဏိ နှင်းဆီနီ ၏ ၀ိညာဉ်ကို ခံစားခြင်း(Myanmar is not a simple morality tale)
လူသူကင်းမဲ့နေသော ခြောက်လမ်းသွားအဝေးပြေး ကားလမ်းမကြီးများဖြင့် တည်ဆောက်ထားသော ခံ
တပ်ကြီးတခုနှင့် တူသော မြို့တော်၏ သူမ ရုံးခန်းတွင် ထိုင်ပြီးဒေါ်အောင်ဆန်းစုကြည်တယောက် တခါက
သူမကို ချစ်ခင်လေးစား ကြသော အနောက်အုပ်စုမှ လူအများက အဘယ်ကြောင့် သူမဂုဏ်သိက္ခာကျ
ဆင်းအောင် အပြောင်းအလဲမြန်လှစွာ ဖြင့် ပြောဆိုနေကြသူများ အဖြစ်ကုန်ကြရပေသနည်းကို
 တွေးကောင်းတွေးနေနိုင်ပေသည်။
ယင်းသည်ကား မြန်မာနိုင်ငံ အနောက်ခြမ်းမှ၎င်းတို့ ကိုယ် ၎င်းတို့ "ရိုဟင်ဂျာ" ဟု ခေါ်ဆိုနေကြသော
လူပေါင်း ခြောက်သိန်းကျော်ခန့်နှစ်လအတွင်း ထွက်ပြေးသွားရမှု အပေါ် သူမအနေဖြင့် ရေငုံနှုတ်ပိတ်နေ
သည်ဟု ယူဆသောကြောင့်ဖြစ်မည်ကို မတွေးပဲ နေမိမည်ကား မဟုတ်ပေ။
အဆိုပါ အရေး အတွက် သူမ၏ ကျောင်းတော်ကြီးမှ တခါက အမြတ်တနိုး ချိတ်ဆွဲထားခဲ့သောသူမ၏ ရုပ်ပုံကို ဖြုတ်ချခဲ့သည်မှ အစပြု၍ နောက်ဆုံး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမှလူမျိုးရေး သန့်စင်မူကို
 ခေါ်ဝေါ်ကာ ရူတ်ချလာခဲ့သည့်အထိ နည်းမျိုးစုံ ဖြင့် ကန့်ကွက် တုန့်ပြန်လာခဲ့ကြသည် မဟုတ်ပါလား။
ဒီလို ပြုလုပ်လာကြသည်ကို သူမအနေဖြင့်မည်သို့မျ တုန့်ပြန်ရန် စိတ်ကူးမရှိ။ သူမ၏တိုင်းပြည်နှင့် ပါတ်
သက်၍ သူတို့ အားလုံးမြင်နိုင် နားလည်နိုင်သည်ထက် ကျော်ပြီး သူမအနေဖြင့် သိမြင် ထားပြီးလည်းဖြစ်
သည်။
သူမနိုင်ငံက ဒီမိုကရေစီ နိုင်ငံ အဖြစ် ယခုတိုင်ပီပီပြင်ပြင် ပြောလို့ မရသေး။ စစ်အုပ်ချုပ်ရေးမှဒီမိုကရေစီ သို့ သိမ်မွေ့ ငြင်သာစွာ ကူးပြောင်းနေဆဲ။ ပြည်တွင်းစစ်များနှင့် နပမ်းလုံးနေရဆဲ ဟုသာ လွန်ရောက္ဈံရော ပြောလို့ ရပေသေးသည်။ သူမအနေဖြင့် စစ်တပ်၏ သိမ်မွေ့စွာရေးဆွဲထားသည့် မျဉ်းအတိုင်း လျောက်နေရဆဲ
ပင် ဖြစ်သည်။ အနည်းငယ် လမ်းချော်သွားသည်နှင့် အားလုံး ဆုံးရှုံးသွားနိုင်သည့် အခြေအနေရှိနေဆဲ ဖြစ်သည်။ ထိုအထဲတွင် သူမအစိုးရိမ် ဆုံးက ပြည်သူများ လွတ်မြောက်ရေးအတွက် တသက်လုံး သူမကြိုးစားခဲ့ရသမျ သဲထဲရေသွန် ဖြစ်သွားမည့် အရေးပင်။
ထိုသို့သော် သူမ၏ အကြပ်အတည်းကို နားလည်ရကောင်းမှန်း မသိပဲ အနောက်အုပ်စုမှ ပြောဆိုနေခြင်း
သည် လူပြိန်းများ အကြိုက်လိုက်ပြောနေခြင်းထက် ဘာများ ထူးပေအုန်းမည်နည်း။
ပြသာနာကား ၎င်းတို့ အနေဖြင့် သူမသည်icon တယောက်မဟုတ် နိုင်ငံရေးသမားသာဖြစ်သည်ဟု
အစောကြီးကတည်းက ရှင်းလင်းစွာ အကြိမ်ကြိမ် ပြောထားခဲ့ပေမယ့် ၎င်းတို့ကား သူမအား သူတော်စင်တယောက်အဖြစ်သာ ရှု့မြင်လိုနေကြသောကြောင့်ပင် ဖြစ်သည်။
ထို့အတွက် သူမကို စစ်တပ်အား ရှုတ်ချစေချင်သည်။ "ရိုဟင်ဂျာ" ဆိုသော အခေါ်အဝေါ်ကိုအသိ
အမှတ်ပြုစေချင်ကြသည်။
သူမအနေဖြင့် ဤသို့ လုပ်၍ကော ဘာများ အကျိုးထူးပေမည်နည်း။ ပြသာနာက ပြေလည်သွားနိုင်မည်
မဟုတ်။ ပြသာနာ ပြေလည်ဖို့ကအဆိုပါ ဒေသတွင် နေထိုင်သူ အချင်းချင်း သဟဇာတ ဖြစ်ရေးနှင့် တရား
ဥပဒေ စိုးမိုးမှု ရရှိရေးသာ ပဓာန ဟု သူမ က ခံယူထားခဲ့ပြီး လည်းဖြစ်သည်။ လောလောဆယ် အနေအထားတွင်တော့ နှစ်ခုစလုံးက စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်နေပေသေးသည်။
ထိုဒေသတွင်သာ မကသေး တိုင်းပြည်နေရာအနှံတွင် လက်နက်ကိုင် ပုန်ကန်မှုများကအများအပြား ရှိနေဆဲ ဖြစ်သည်။ ထို့ အတွက်လည်း အမေရိကန် သံအမတ်ဟောင်း ဒဲရစ်မစ်ချဲ ပြောခဲ့သလိုပင် ပြည်တွင်းစည်းလုံးမှုကလက်နက် ဖြင့် ထိမ်းချုပ် ဖန်တီးထားသည်ဆိုသည်ကို လက်မခံချင်သော်လည်း လက်ခံရမည်သာ ဖြစ်သည်။
တိုင်းရင်းသားများ ညီညွတ်မှုသာမက အရာရာတိုင်းကို လက်နက်ဖြင့် ထိမ်းချုပ်လာခဲ့၍ လည်းတိုင်းပြည်က ပျက်စီးခြင်း ငါးပါး ဆိုက်ခဲ့ရပြီးလည်း ဖြစ်သည်။သို့သော် ၎င်းတို့၏ အုပ်ချုပ်မှုကား ယခုတိုင်ရှိနေဆဲ ဖြစ်
သည်။ ထိုသို့ ရှိနေနိုင်ရန်လည်း၂၀၀၈ ဖွဲ့စည်းပုံဖြင့် ဖန်တီးထားခဲ့ပြီး သူမအားလည်း သမ္မတ ဖြစ်ခွင့်ပင်
မပေးခဲ့ကြပေ။
လွှတ်တော်ထဲဝင် ၎င်းတို့လူများ လာထိုင်နေကြခြင်း။ အရေးပါသော ၀န်ကြီးဌာနများကိုဆက်လက်ချုပ်ကိုင်ထားနေခြင်းများကြောင့်တကယ်တမ်း ပြောရလျင် အာဏာလွှဲပြောင်းခဲ့သည်ဟု ပြော၍ မရပေ။
တ၀က်တပျက်သာ၎င်းတို့၏ လွန်စွာ တင်းကျပ်စွာ ထိမ်းချုပ်မှုအောက်တွင် အုပ်ချုပ်ခွင့် ပေးထားခြင်းသာ
ဖြစ်ပြီး ဒီအနေအထားကိုလည်း လက်ဖျောက်တချက် တီးလိုက်ယုံမျ ပင် ပြောင်းလဲပစ်၍ ရနေပေသေး
သည်။
သူမအဖို့က ဒီမိုကရေစီသို့ အစစ်အမှန် ပြောင်းလဲနိုင်ရေး ကို ရေရှည်တိုက်ပွဲ ဆင်နွဲရဦးမည်သာ ဖြစ်သည်။ သူမ၏ အဆုံးအဖြတ်များကလည်း ထိုရည်မှန်းချက်မှ သွေဖည်သွား၍ မဖြစ်သေး။ သို့သော် သူမအနေဖြင့် သိပ်ပြီးသတိထားလွန်ရာများ ကျနေသလား။ သူမကို ခြေလှမ်း တလှမ်းခြင်း လျောက်နေသူ၊စစ်တပ် နှင့် လူထု အကြား သတိကြီးစွာဖြင့်ကြားကရပ်ပေးနေသူဟု ပြည်တွင်းက ပြောဆိုနေမှုများကလည်း မှန်နေ
ရပြီလား။ သူမ၏သမိုင်းတလျောက်ကို ပြန်ကြည့်လျင်တော့ မိမိ၏ ရည်မှန်းချက်ကို မည်သည့်အရာကမှ
အနှောက်အယှက်မခံေ၀၀ါးခြင်း မရှိပဲ မဆုတ်မနစ် လျောက်နေသည်ဆိုသော အချက်ကလွဲ၍အခြား ဘာမှ တွေ့ကြရလိမ့်မည် မဟုတ်။
ထိုကဲ့သို့ သံမဏိ စိတ်ဓါတ်မျိုး မထားနိုင်ခဲ့ကလည်း သေအံ့မူးမူး ခင်ပွန်းကို ပစ်ထားခဲ့ခြင်းအရွယ်မရောက်သေးသော လူပမယ် ကလေးနှစ်ဦးကို စောင့်ရှောက် မပေးနိုင်ခဲခြင်း အစရှိသည့် ခံစားချက်များဖြင့် တကိုယ်တည်းအကျယ်ချုပ်ဖြင့် နှစ်ပေါင်းများစွာ ရှင်သန်နိုင်ခဲ့မည် မဟုတ်ပေ။
နိုင်ငံရေးဆိုသည့် အရာ၏ ကြိမ်ဖန်များစွာပွတ်တိုက်ခံလာခဲ့ရသဖြင့် သူမ၏ နှလုံးသားများက လက်တွေ
တရားဖြင့် မာကျောလာခဲ့ရပြီလည်း ဖြစ်သည်။ ဒုက္ခသည် စခန်းများသို့သွားရောက်ခဲ့ရသူ သူမ အဖို့ ကလေးသူငယ်များကို ပွေ့ဖက်တတ်ရမည် ဆိုသည့် အချက်ကိုလည်း တုံဏှိဘာဝေသာ နေခဲ့သည်။ ဒါတွေကို လိုက်လုပ်မနေနိုင်အား သူမနိုင်ငံ၏ အကျဉ်းကျနေဆဲ ၀ိညာဉ် အပြီးအပိုင် လွတ်မြောက်ရေးဟူသော ဖခင်ကြီး၏ မပြီးဆုံးသေသော တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ရေးသည်သာသူမ၏ ခေါင်းထဲတွင် အမြဲလို ရှိနေခဲ့ရသည်။
ယင်းသည်ကလည်း သူမ ၂ နှစ် သမီးကတည်းက မမြင်တွေ့ခဲ့ရသော.စည်းလုံးညီညွတ်သောနိုင်ငံတော်
တည်ဆောက်ရေးပင် ဖြစ်သည်။
ယခုဖြစ်ပျက်နေသော "ရိုဟင်ဂျာ" ဆိုသူများခံစားနေရမှုများကို သူမ သဘောတခုတည်းဖြင့် ပြောဆိုခွင့်ရမည်ဆိုပါစို့။ ၎င်းတို့ ဖြစ်စေချင်သလို စစ်တပ်ကို ရူတ်ချမည်လော။
သူမကိုယ်တိုင်က အောက်စဖို ကျောင်းတော်ကြီးတွင် ပညာသင်ကြားခဲ့စဉ်ပင် မြန်မာသမိုင်းကို အထပ်
ထပ်လေ့လာ ကျမ်းပြုခဲ့ပြီး ဖြစ်သည့်အပြင် စာအုပ်ပေါင်းများစွာကိုလည်း.ရေးသားထားပြီး ဖြစ်သဖြင့် "ရိုဟင်ဂျာ" ဟူသော အခေါ်အဝေါ်များသည် လိမ်ညာဖန်တီးထားခြင်းမျသာဖြစ်ပြီး ယခု ၎င်းတို့ ဖြစ်ပျက်နေမှုများကို မီဒီယာများ၏ စေစား ဖန်တီးထားချက်များသာဟုကောင်းစွာ သိရှိပြီးလည်း ဖြစ်သည့် သူမအဖို့က အခု ပြောဆိုနေသည်များထက် ပြောင်းလဲ၍မည်သို့မျ ပြောနိုင်မည် မဟုတ်ပေ။
သူမအနေဖြင့် ယခုလို လူအများအပြားသေဆုံခဲ့ရမှု ကို အမိန့်ပေးခဲ့ခြင်းလည်း မရှိသည့်အပြင်နိုင်ငံတော် အတိုင်ပင်ခံ တယောက်အနေဖြင့်တားမြစ်ရန် ဖွဲ့စည်းပုံကလည်း လုပ်ပိုင်ခွင့် ပေးမထားသဖြင့်တော့ လိပ်ပြာသန့်သည်ဟု ဆိုရမည်သာပင်။
နိုင်ငံ အတွင်း အပြင်ရှိ ဆိုရှယ် မီဒီယာများတွင်မတော့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။သို့သော် ကိုဖီအာနန် တခါက ပြောခဲ့သလိုပင်တဦးနှင့်တဦး ပြန်လည်ရင်ကြားစေ့၍ မရသောမိမိတို့ဖက် မိမိ အဓိကထား၍ ပြောဆိုနေကြမူများက များပေသည်။
မိမိတိုင်းပြည်အတွင်းတွင်က "ရိုဟင်ဂျာ" ဆိုသော စကားသည် ဗုံးတလုံး၏ စနက်တန်နှင့်မခြားပေ။ အဆိုပါ စကားကို ကြားရသူတိုင်းမခံမရပ်နိုင် လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်ခြည်းပင်။ ထိုအရေး ဖြစ်ပေါ်
မလာအောင် ပြည်ပ ဖိအားပေးမှုကို အရေးမထားပဲ နောက်ဆုံး ထွက်သက်အထိ တိုက်ပွဲဝင်သွားမည်ဟု
ခံယူထားသူများက အများအပြားပင်။
ုဗုဒ္ဓဘာသာ မြန်မာများ အဖို့ က အာဖဂန်နစ္စတန်ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ်တို့ဖက်မှ ချီတက်
လာနေသော အစ္စလာမ်ဝါဒ ပြန့်ပွားရေးကိုရိုဟင်ဂျာ ဆိုသူများက ကိုယ်စားပြုလာနေကြဟု ယုံကြည်ကြ၍ လည်း ခုခံကာကွယ်မှသာဖြစ်မည်ဟု ခံယူခဲ့ကြခြင်းပင်။
အခုလို တင်းမာလာနေရမှုကလည်း ယခင်အစိုးရ အဆက်ဆက်၏ အမွေကို သူမ အနေဖြင့် ဆက်ခံခဲ့ရခြင်းပင်။သူမအဖို့က ဓါးသွား အစွန်းပေါ်တွင်သာ ရှိနေဆဲ ဖြစ်သော ဒီမိုကရေစီ အခြေခိုင်ဖို့က အရေးကြီးနေ
သည်။
ယခု အမေရိကန်ရှိ ဆီနိတ်တာ အမတ် နှစ်ဆယ်ကျော်နှင့် လူ့အခွင့်အရေး အဖွဲ့များကတိုင်းပြည်အား စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်ရန် တောင်းဆိုလာနေသည့်အဖြစ်က သူမ၏ရည်မှန်းချက်များကို မည်သည့်
နည်းနှင့်မျ ကူညီရာ မရောက်သည့်အပြင် စစ်တပ်အား ဒီမိုကရေစီ လမ်းကြောင်းပေါ် ဆွဲတင်နိုင်ရေး
အတွက်ပို၍ပင် အခက်အခဲ တွေ့လာနေရသည်။ယခု "ရိုဟင်ဂျာ" ဆိုသူများအပေါ် ဆက်ဆံမှုများကြောင့်
ဂျီဟတ် အုပ်စုများက နိုင်ငံကို ရန်ပြုရန် အာရုံစိုက်လာနေကြသလို တဖက်က အစွန်းရောက် သံဃာတော်များကလည်း ရှိနေပြန်သည်။
ထို့ အတွက် မကြာမီ ရောက်ရှိလာမည့် ပုပ်ရဟန်းမင်းကြီးက အဆိုပါ အရေးကို ကြားဝင်စေ့စပ်ပေးလိုသ
သည် ဆိုလာခြင်းကြောင့် ၎င်းရောက်ရှိလာမည့်ခရီးစဉ်ကို နိုင်ငံတွင်းရှိ ခရစ်ယာန်သာသနာပိုင်များ အဖို့
မပျော်ရွှင်နူိင်ပဲ ရင်တမမပင် ဖြစ်နေခဲ့ကြရသည်။
ယခုအခါ အသက် ၇၀ ကျော်လာနေပြီ ဖြစ်သော သူမအဖို့ တခုခုကို လုပ်မှ ဖြစ်ပေတော့မည်။ ဒီအရေးတွင် စစ်တပ်ကို ပစ်ပစ်ခါခါ လုပ်၍ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပေ။ ထိုသို့ ပြုလုပ်ပါက ၁၉၈၈ ခုနှစ်ကတည်းက
စတင်လာခဲ့သော လက်တကမ်းသာ လိုတော့သည့် သူမနိုင်ငံသားများ၏ မျော်လင့်ချက်များ အစက ပြန်စ
ကြရဖို့ များနေသည်။
ကမ္ဘာက ထိုအကြောင်းကို နားလည်နိုင်စွမ်းမရှိ။ သူတို့အဖို့ က ထို အကြောင်းများကိုနားလည်အောင် ကြိုးစားကြခြင်းထက် သူမ၏ရုပ်ပုံ ကို ဖြုတ်ချကြခြင်းသည်သာ ပို၍ လွယ်ကူပြီး လူ့ အခွင့်အရေး မြတ်နိုးသူများအဖြစ်သြဘာသံများ ရရှိနိုင်ကြမည်သာဖြစ်သည်။
လှစိုးဝေ
(ယနေ့ထုတ် နယူးယောက်တိုင်း သတင်းစာပါReview ကဏ္ဍ တွင် ဖေါ်ပြထားသော ဆောင်း
ပါးရှင် Roget Cohen ၏ "Myanmar is not a simple morality tale" ကို ခံစား၍ ပြန်လည်
တင်ပြသည်။)
Saturday, November 25, 2017
လတ်တလော ဟော့ဖြစ်နေတဲ့ ချမ်းချမ်းတို့ရဲ့ အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ရေးသားလိုက်တဲ့ ပန်ဆယ်လို
အားမလျှော့ပါနဲ့တဲ့။
အိမ်း…..
ပြေချိန်တန်မှ ပြေတာ
တကယ်ကြုံရတဲ့အခါ ကြိတ်ငိုရတာတွေ တစ်ပုံကြီး။
ကိုယ်၌ကြုံမှ သက်လုံကောင်းဖို့ အရေးကြီးတာရယ်။
ကဲ…. အစ်မရေ
ဆက်ဆိုကြတော့ပေါ့
လာ… တူတူဆိုရအောင် “
ပန်ဆယ်လို
Unicode Version
လတ်တလော ဟော့ဖြစ်နေတဲ့ ချမ်းချမ်းတို့ရဲ့ အိမ်ထောင်ရေး ကိစ္စများကို ပန်ဆယ်လိုက သူမ၏ လူမူကွန်ယက် ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလို ဝေဖန်ရေးသားလိုက်ပါတယ်။
“ဟိုမပြတ်မသားဖြစ်နေတဲ့ အစ်မကြီးကို
သူများတွေ ငြူစူနေကြပေမယ့် ကိုယ်ကတော့ မငြူစူပါဘူး။
ပြောပြီးပါပြီ…. မိန်းမတိုင်းဟာ ကိုယ်တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးကို တန်ဖိုးထားတတ်ကြတာချည်းပါပဲဆိုတာ။
အဲ့လိုမြင်တော့ လွန်ခဲ့တဲ့ တစ်လကျော်လောက်က
ကိုယ်သိပ်ဝလာပြီလို့ ထင်လာတဲ့ ကိစ္စကို သွားသတိရတယ်။
ဘာဆိုင်လို့လဲဆိုတော့ ဆိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ခါးတုတ်ဗိုက်ပူလာပြီလို့ ထင်လာတယ်
ငါGym ဆော့မှ ဖြစ်မှာပါလေလို့ တွေးလာတယ်။
အစားလျှော့မှပါလို့ စဉ်းစားလာတယ်။
ဒါပေမယ့် အလုပ်ကများ၊ အချိန်မရ၊ အစားကပုတ်နဲ့
အင်း…. ငါ့ခန္ဓာကိုယ်က ဒီလောက်မဆိုးသေးပါဘူး
ဗိုက်ချပ်ဘောင်းဘီလေးဝတ်လိုက်ရင် အတော်ပိန်သွားသား။
နောက်နေ့တော့ သွားပါမယ်လေနဲ့
အခုထိ Gymက ငတ်တလှည့် ပြတ်တလှည့်ပဲ သွားဆော့ဖြစ်တယ်…
ပေါင်၂၀၀ကျော်ကနေ ဝိတ်ချနိုင်သွားတဲ့ မိတ်ဆွေတစ်ယောက်နဲ့ ဆုံတော့ ပြောဖြစ်တယ်။
နက်ဖြန် ဝိတ်ချမယ် ဝိတ်ချမယ်နဲ့ အခုထိကို မချဖြစ်ပါဘူးလေ… အားကျလိုက်တာဆိုတော့ သူက ဘာပြန်ပြောတယ်မှတ်လဲ။
သူလည်း “မနက်ဖြန်ဝိတ်ချမယ်”ဆိုတဲ့ အဆင့်ကနေ
“ဒီနေ့ဝိတ်ချမယ်” ဆိုတဲ့ အဆင့်ရောက်အောင်
မနက်ဖြန်နဲ့ ဒီနေ့ကြား သုံးနှစ်လောက် ကြာသွားပါတယ်။
အားမလျှော့ပါနဲ့တဲ့။
အိမ်း…..
အခုလည်း အဲ့အမကြီးခဗျာ မနက်ဖြန်နဲ့ ဒီနေ့အကြား
အချိန်တော့ ယူရဦးမယ် ထင်ပါတယ်လေ။
မသေချာဘဲ သတင်းစာထဲထည့်တာကတော့ လွန်တာပေါ့။ ဟိုက ချက်ချင်း Martial Status မှာ Single ပြောင်းပစ်ပြီး သူက ဖြေရှင်းဖို့ လမ်းဖွင့်ပေးနေတာကလည်း တစ်ပိုင်းပေါ့။
ဒါပေမယ့်လေ ဖြတ်သန်းခဲ့တဲ့ နှစ်ကာလတွေ သံယောဇဉ်တွေဆိုတာ အလကားမှ မဟုတ်တာ။
ဝဋ်ဆိုတာကလည်း ကြေချိန်တန်မှကြေတာ….
ပြေချိန်တန်မှ ပြေတာ
ချစ်လင်ချစ်မယားပဲ ဖြစ်ချင်ကြတာ
ဝဋ်လင်ဝဋ်မယားပဲ ဖြစ်လာရင်တော့
ကြေအောင် ဆပ်ကြရုံပေါ့လေ။
သူများလင်မယားကြား မပြတ်ရကောင်းလား
ဘေးကဝင် အာမချောင်ရဲပါဘူး… အိမ်ထောင်ရေးမှာ
ကိုယ့်အလှည့်ဆိုတာလည်း ကောင်းတယ်မကောင်းဘူး
အတပ်ပြောလို့ရတဲ့အရာလည်းမဟုတ်။
မကြုံရသေးခင်မှာ ထဘီအလံထူပြီး ငါသာဆို
ပါးရိုက်ကွာပစ်မှာဆိုတဲ့ စိတ်ဓါတ်ပိုင်ရှင်တွေတောင်
တကယ်ကြံုရတဲ့အခါ ကြိတ်ငိုရတာတွေ တစ်ပုံကြီး။
ကိုယ်၌ကြံုမှ သက်လုံကောင်းဖို့ အရေးကြီးတာရယ်။
ကဲ…. အစ်မရေ
မနက်ဖြန်ဝိတ်ချမယ့် အဆင့်ကနေ
ဒီနေ့ဝိတ်ချမယ် အဆင့်မရောက်သေးခင်ကြားတော့
“သိပ်ချစ်တယ်…. အရမ်းမုန်းတယ်” လေး
ဆက်ဆိုကြတော့ပေါ့
လာ… တူတူဆိုရအောင် “
ပန်ဆယ်လို
ပုဂံခေတ်က ဖေ့ဘွတ်သုံးစွဲကြသူများ
ပုဂံခေတ်က ဖေ့ဘွတ်သုံးစွဲကြသူများ
ဆင်းတုတော်ကိုးကွယ်ရခြင်း၏အကြောင်းရင်း
"မှတ်စုတို" စာမျက်နှာက ပို့ စ်တခုမှာပါတဲ့ အမြင်ဘယ်လိုမှ မတင့်တဲ့ မြတ်စွာဘုရားရုပ်တုတော်တွေကို တွေ့ကရာရှစ်သောင်းနည်းတွေနဲ့ ထုလုပ်တဲ့ အကြောင်းကို တည်းဖြတ်ပြီး တင်ပေးလိုက်ပါတယ်။ "ညာတင်ကုတ်" တို့  "ဒက္ခိဏ သာခါ" တို့  "ဆေးဘုရား" တို့  , "အင်းဘုရား" တို့  စသည်ဖြင့်ရဲ့ အကြောင်းကို ဗဟုသုတဖြစ်အောင် ဖြန့် ဖြူးပေးခြင်းပါ။ ... #DYM
----------------------------------
ဆင်းတုတော်ကိုးကွယ်ရခြင်း၏အကြောင်းရင်း
---------------------------------
ဗုဒ္ဓ၀ါဒီတို့သည် လောကီစီးပွားရေး (သို့) စိတ်ပိုင်းဘ၀ရေးရာ
ညှာတာဖေးမှုတို့အတွက် မျှော်လင့်ချက်ဖြင့်
ရုပ်တုဆင်းတုကို ကိုးကွယ်ဆည်းကပ်ခြင်း မဟုတ်ဘဲ
၎င်းရုပ်တုဆင်းတုမှသည် သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်မှန်း၍ အရိုအသေ အလေးအမြတ် ပြုကြခြင်းသာဖြစ်သည်။
-
ဒက္ခိဏသာခါ ခေါ်ထွင်ရခြင်းအကြောင်းရင်း
••••••••••••••••••••••••••••••••••
“ဒက္ခိဏသာခါပုံ ကိုးကွယ်လျှင် မီးကွင်းသည်” ဟူသော
စကားသည် ဘုရားကို ကိုးကွယ်ရာမရောက်ဘဲ
မီးကင်းစောင့် သဘောမျိုးရောက်နေသည်။
ဒက္ခိဏသာခါ ဆိုသည်မှာ တောင်ဘက်မှအကိုင်း ဟု
အဓိပ္ပါယ်ရသည်။ သီဟိုဠ်တွင် သာသနာပြုနေသော
အရှင်မဟာမဟိန္ဒထေရ်က တူဖြစ်သူ ရဟန္တာလေးကို
အိန္ဒိယသို့သွားပြီး မြတ်စွာဘုရားပွင့်တော်မူရာ
ဗောဓိပင်မှ အကိုင်းကို ပင့်ခိုင်းလိုက်သည်။
ရဟန္တာမထေရ်ကြီးများ၏ ညွှန်ကြားချက်အတိုင်း
သီရိဓမ္မာသောကမင်းကြီးက ဗောဓိပင်၏ တောင်ဘက်မှ
ှအကိုင်းကို ရွှေကညစ်ဖြင့် ရစ်ပတ် ရေးခြစ်လိုက်ရုံဖြင့်
ဗောဓိကိုင်းသည် အလိုလို ပြတ်ထွက်ကာ
ကောင်းကင်သို့ ပျံတက်ပြီး (၇) ရက်တိတိ
ရေမီးအစုံတန်ခိုး ပြဋိဟာကို ပြတော်မူသည်။
ဤသည်ကား မြတ်စွာဘုရား၏ အဓိဌာန်တန်ခိုး
ကြောင့်လည်း ဖြစ်၏။ (၇) ရက်ပြည့်သောအခါ
အသင့်စီမံထားသော ရွှေဖျဉ်းအိုးထဲသို့
အလိုလိုစိုက်ထားသကဲ့သို့ ကျသွားလေသည်။
ထိုအကိုင်းကို ယူပြီး သီဟိုဠ်မှာစိုက်ထားရာ
ကာလကြာညောင်းသဖြင့် ဗောဓိပင် သေလေရာ
အသားများကို ဘုရားပုံထုရာမှ
ဗောဓိပင်၏ တောင်ဘက်မှ
အကိုင်းကို ထုလုပ်သောပုံ ဖြစ်သောကြောင့်
ဒက္ခိဏသာခါ ဟု ခေါ်ကြောင်း။
ဘုရားပုံထုလုပ်ကိုးကွယ်ခြင်းသည် ကျန်းမာရေးကောင်းရန်။
လူနာစောင့်ထားခြင်းမဟုတ်။
ငွေဝင်စေရန် လာဘ်ခေါ်ခြင်းမဟုတ်။
နောက်တော့ သီဟိုဠ်က မဟာဗောဓိပင်တွေ မြန်မာကို ပင့်လာကြတယ်။ နောက် ဆင်ဖြူရှင် လက်ထက်၊ မိုးညှင်းမင်း လက်ထက်တွေက စလို့ တောင်ဘက်ကိုင်းက ရတဲ့ ဗောဓိပင်က အသားနဲ့ ထုတဲ့ ရုပ်ပွားတော် သီဟိုဠ်လက်ရာတွေ ရောက်လာတယ်။ ဦးခေါင်းတော် ကြီးကြီး၊ လည်မရှိ၊ ဇက်ပုပု၊ ခါးကိုင်းကိုင်း၊ ကြာဖက်ဆောင်းထားပြီး ငါးတွေ ကြာပွင့်တွေ ခံထားတဲ့ ရုပ်ပွားတော် ပုံစံတွေကို
မင်း မှူးမတ်တွေက အစ ကိုးကွယ်ကြရာက
ပိုပြီးတန်ခိုးကြီးအောင် အစီအရင်တွေ လုပ်လာခဲ့ကြတယ်။
ဘာကြောင့် အဲဒီပုံစံ လုပ်ကြသလဲ ဆိုတော့ ကလေးငယ်တွေ ရေကန်ထဲ ရေဆင်းချိုး ကစားရင်း ဘုရားဖြစ်သွားကြတယ် ဆိုတဲ့ ပုံပြင်တစ်ပုဒ်ကို အခြေခံပြီး မီးကွင်းအောင် လုပ်တာပါတဲ့။ ဒါ့ကြောင့် ကလေးခေါင်း ကလေးကိုယ်နဲ့ ထုကြရသလို ကြာဖက်ဆောင်း ငါးနှစ်ကောင် ပတ်ထားတဲ့အပေါ် ထိုင်ပြီး ကြာပွင့်ခံထားရခြင်း ဖြစ်ပါသတဲ့။
ဒီလိုလုပ်ရင် အဲဒီဘုရားက မီးကွင်းပါသတဲ့။
ဒါနဲ့ပဲ ဗုဒ္ဓဘာသာ ဆိုတဲ့ မြန်မာတွေဟာ
သင့်၏ မသင့်၏ မစဉ်းစားတော့ဘဲ ကိုယ့်အိမ် မီးကွင်းစေချင်တာနဲ့ပဲ ဘုရားပုံကို အဲဒီလို မတင့်တယ် မသပ္ပါယ်တဲ့ပုံစံ လုပ်ပြီး ကိုးကွယ်လာကြတယ်။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး။
ဒီထက် ပိုပြီး အသုံးချချင်လာကြတယ်။
ဒီတော့ ဆေးဘုရား၊ အင်းဘုရား၊ ဓာတ်ဘုရား၊ လောကီ အစီအရင်ဘုရားတွေ လုပ်ပြီး မသင့်မတင့်တွေ ကြံကြတော့တယ်။
-
"ညာတင်ကုပ်"
••••••••••
ဒက္ခိဏသာခါ ဘုရားမှာတင် "ညာတင်ကုပ်" ဆိုတာ ရှိသေးတယ်။ သင်္ကန်းတော်ကို ပုံမှန် ဘယ်ဘက်ပခုံးမှာ မတင်ဘဲ ညာဘက်မှာ တင်တယ်ပေါ့။ ပိုစွမ်းတယ်ပေါ့လေ။ အလေးချိန် အတိအကျနဲ့ ပေါက်ကရ လုပ်ကြတယ်။ အရည်ကြိုလိုက် ပြန်လောင်းလိုက်၊ အလေးချိန် မလျော့မှ ညာတင်ကုပ် အစစ် တဲ့။ မူလ ၁၀ သား ရှိရင် အရည်ကြိုပြီး တစ်ကျပ်သား ခွဲထားလည်း အလိုလို ၁၀ သား ပြန်ပြန်ပြည့်သတဲ့။ အရည်ကြိုထားရင် သူ့ဘာသာ ဒက္ခိဏသာခါပုံ ပြန်ဖြစ်သတဲ့။ အရည် ခွဲထားရင်လည်း အဲဒီပုံ ရုပ်ပွားလေးတွေပဲ ဖြစ်လာတယ် ဆိုပဲ။
ဖြစ်နိုင် မဖြစ်နိုင်၊ အဓိပ္ပါယ် ရှိ မရှိ တော့ မစဉ်းစားကြဘူး။
"ဆေးဘုရား" ဆိုပြီး ဟိုဟာတွေ ကြိတ် ဒီဟာတွေရော ပေါင်းပြီး ထုကြပြန်တယ်။ ပြီး သူတို့ပဲ ဘုရားကို သွေးသောက်လိုသောက်၊ ဖဲ့စားလိုစား၊ သွေးလိမ်းလိုလိမ်း၊
ဝေဒနာရှိရာ ဘုရားရုပ်နဲ့ ထိုးလား ထိုးရဲ့။ မလုပ်သင့်တာအကုန် ဝေဒနာပျောက်လိုဇောနဲ့ လုပ်ကုန်ကြတယ်။
"အင်း ဘုရား" ဆိုတာကကျ ပုံဆွဲ ပြာချ၊ ရေနဲ့ သောက်တာ ရှိတယ်။ အင်းတွေ လျှောက်ရေး စီရင်ပြီး ဘုရားကို အပေါက်ဖောက် ထည့်ထားတာ ရှိတယ်။ သူတို့ ထင်ရာ လုပ်ကြတာပါပဲ။ အဓိက က သူတို့ သိဒ္ဓိပြီးဖို့၊ တန်ခိုးတက်ဖို့၊ လာဘ်လာဘ ပွားများဖို့ပါပဲ။
ဒက္ခိဏသာခါ လုပ်နည်း ဆိုတာတောင် ရှိသေးတယ်။
တောင်ဘက်ကိုင်းက ရသမျှ၊ သီရိလင်္ကာက ဗောဓိပင်ပွားတွေကို ထုသမျှ ဒက္ခိဏသာခါ လို့ မသတ်မှတ်တော့ဘဲ ကြာဖက်ဆောင်းမှ၊ ငါးရုပ် ကြာပွင့် ခံမှ၊ ဂုပ်တိုတိုနဲ့ မှို့ကိုးချက် နှက်မှ ဒက္ခိဏသာခါ လို့ ဆိုလာကြတယ်။ ဘယ်လောက် ကြောက်စရာကောင်းလဲဆို ဘုရားကို နဖူးတော်မှာ တစ်ချက်၊ ပခုံးတွေမှာ နှစ်ချက်စီ၊ လက်တွေ ဒူးတွေမှာ နှစ်ချက်စီအပြင် တင်ပါးနှစ်ဖက်တောင် နှစ်ချက်စီ စို့နဲ့ နှက်၊ သံမှိုနဲ့ စွဲလိုက်ကြသေးတယ်။ တချို့က စို့နဲ့ အပေါက်ဖောက်ပြီး ဓာတ်လုံးထည့် ပြန်ပိတ်တာပါ။
ဒီလို မလုပ်ကောင်းတာတွေ လုပ်ပြီး ကိုယ်ကျိုးအတွက် ကိုးကွယ် ဆောင်ထားကြတယ်။ တချို့က အဲဒါတွေကို ဘုရား သပ်သပ် မှတ်နေသေးတယ်။ တချို့က မီးကွင်းဖို့၊ တချို့က အစီအရင် ယတြာ တစ်ခုခုအတွက်၊ အဲဒီလို ကိုးကွယ် ပူဇော်ကြတာ များပါတယ်။ ဈေးတွေကလည်း အမျိုးမျိုး ခေါ်တယ်။ ရွှေနဲ့လုပ်တာ သိန်း ၃၀၀၊ ညာတင်ကုပ် ဘာညာ သိန်း တစ်သောင်းလောက်အထိ ရှိတယ်။ စစ် မစစ် စမ်းသပ်နည်းတွေလည်း ရက်စက်တယ်။ ဘုရားလို့ကို မထင်တော့တာ။ သူတို့အမြင်မှာ ဒက္ခိဏသာခါ ဆိုတာ ပီယဆေး၊ သဒ္ဓိပြီးတဲ့ အစွမ်းထက်အဆောင်တစ်ခုထက် မပိုဘူး။
မသင့်တာတွေကတော့ အများကြီးပါ။
မဟာမြတ်မုနိလို မင်းဝတ်တန်ဆာနဲ့ ဘုရားတွေ၊ ရွှေမျက်မှန်ဘုရား လို ကိုယ့်ရောဂါပျောက်ချင်တာနဲ့ ဘုရားကို လျှောက်တပ်ကြတဲ့ ရုပ်ပွားတွေ၊ ဆင်ခံမြင်းခံ လို ဘုရားလိုလို နတ်လိုလို ရှေးဟောင်းပုံစံ ဆင်းတုတွေ၊ ဒက္ခိဏသာခါ လို ကလေးလိုလို ဘုရားပုံ မပီတဲ့ ဘုရားတွေ၊ ဒါတွေကို မြန်မာ ဗုဒ္ဓဘာသာဝင်တွေကပဲ ထုလုပ်ကိုးကွယ်နေကြတယ်။
ဘယ်ဘာသာကမှ လာပြီး သပ်လျှို မှားယွင်းစေတာ မဟုတ်သေးဘူး။ ဘုရားသားတော်တွေကပဲ သာသနာကို ပျက်စေနိုင်မယ် လို့ လုပ်နေကြပေမယ့် သာသနာပျက်ကြောင်းကို သူတို့ကိုယ်တိုင်ကလည်း ဝိုင်းလုပ်နေကြတယ် ဆိုတာ သူတို့ဘာသာတော့ မသိကြဘူး။ သူတို့ထက်ပိုပြီး သာသနာကို စောင့်ရှောက်နိုင်တဲ့ ရဟန်းတွေကို သူတို့ကပဲ အပြစ်ဖို့နေသေးတော့။ ပြောနေတဲ့သူတွေအိမ် သွားကြည့်လိုက် အပေါ်က ပြောခဲ့တာတွေ တစ်ခုမဟုတ် တစ်ခုတော့ ရှိတယ်။ အဲဒီလို မလုပ်ကောင်းတဲ့ အထဲမှာ ဒက္ခိဏသာခါ ရုပ်ပွားတော်တွေလည်း ထိပ်ဆုံးက ပါပါတယ်။
-
ဆင်းတုတော်ထုလုပ်ရန်တွင် ရှောင်ကြဉ်ရန်အချက်များ
----------------------------------
(၃၁) ဘုံတွင် အသပ္ပါယ်ဆုံးဖြစ်သော မြတ်စွာဘုရားပုံကို
ကြည်ညိုဖွယ်ရာ ထု၍သာ ကိုးကွယ်သင့်သည်။
ဂုတ်တိုခြင်း၊ ကြာပန်းက ခေါင်းကို အုပ်ထားခြင်း၊
မှိုကိုးချက်နှက်ခြင်းများသည် သာသနာဂိုဏ်သားများ၏
ကိုယ်အလိုပြည့်လျှင် ပြီးရော ဘုရားရှင်မှာတော့
ဘာပုံပေါ်ပေါ်ဟူသော လာဘဂရုက လာဘ်လာဘကို
အလေးပြုသော စီမံချက်။
ထို့အတူ ဆင်ခံဘုရား၊ မြင်းခံဘုရား၊ ဥဒေါင်းခံဘုရား
စသောအားဖြင့် တိရစ္ဆာန်မျိုးစုံတို့ကို မြတ်စွာဘုရားက
စီးတော်မှုဟန် ရုပ်ထုများကို ထုလုပ်ကိုးကွယ်လျှင်
စီးပွားတက်သည် ဟု ဆိုပြန်၏။
ဘုရားရှင်သည် မည့်သည့်တိရစ္ဆာန်ကို စီး၍
မည့်သည့်အရပ်သို့ သွားသည်ဟူ၍
တစ်နေရာမှ မပါခဲ့
(ကိုး ။။ ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးရပ်)။
ဗုဒ္ဓကိုယ်တိုင် မည်သည့် တိရစ္ဆာန်မှ မစီးသလို
သားတော်ရဟန်းများကိုလည်း မကျန်းမာသော အကြောင်း မရှိလျှင်
တိရစ္ဆာန် တပ်သော ကသော ယာဉ်များကို မစီးရ။
စီးလျှင် ဒုက္ကဋ်အာပတ်သင့်စေဟု ပညတ်ထားပါသည်။
တိရစ္ဆာန်ပုံစီးသော ပုံများကို ထုလုပ်ကိုးကွယ်ခြင်းသည်
သတ္တ၀ါတို့အပေါ်ထားသော ဗုဒ္ဓမဟာကရုဏာတော်ကို
ထိခိုက်စေသည်။
မြတ်စွာဘုရားကိုယ်တော်တိုင် ရွှေ ငွေ ရတနာကို
မသုံးဆောင် မဆင်မြန်းသလို၊ ရဟန်းတော်များကိုလည်း
မကိုင်ဆောင် မသုံးစွဲရန် ပညတ်တော်မူခဲ့သည်။
ထိုသို့သော လက်စွပ်များ ဆွဲကြိုးညွတ်နေအောင်
ဆင်ထားသော ရုပ်ပွားတော်များသည် ဗုဒ္ဓအလိုကျမဟုတ်။
ဘုရား ပုထိုး စေတီမှန်သမျှလိုလိုပင် ဂြိုဟ်ရုပ်နှင့်
ဂြိုဟ်ရုပ်စီး နတ်ရုပ်တို့မှာ မပါလျှင်
မပြီးသလောက်ဖြစ်နေပါသည်။
၎င်းကျင့်ထုံးသည် ထေရ၀ါဒဗုဒ္ဓဘာသာအယူဝါဒနှင့်
ကိုက်ညီပါသလော။ ဘယ်အယူဝါဒမှတဆင့် ထေရ၀ါဒ
ဗုဒ္ဓဘာသာသို့ ကူးစက်လာခဲ့ခြင်း ဖြစ်သနည်း။
ဟိန္ဒူဝါဒ၊ မဟာယန၀ါဒ၊ တန္တရယာန၀ါဒ၊ မန္တရ၀ါဒ မှလား။
━━━━━━━━━━━━━━━━━━━━
Ye Myint
အညွှန်း ။......။
မြန်မာတို့၏အသက်၊
မျက်ရည်မကျခင် သိစေချင်စာအုပ်၊
ဦးသက်စိန်- မြတ်ဗုဒ္ဓသာသနာ့ အခြေခံစာအုပ်၊
အရှင်ကေလာသ- မြတ်ဗုဒ္ဓ ဓမ္မအနှစ်ချုပ်။