Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 9, 2017

စင်ကာပူမှာ မြန်မာအိမ်အကူလေးတစ်ဦး ၁၈ ထပ် အမြင့် ကွန်ဒိုကနေ ပြုတ်ကျသေဆုံး


စင်ကာပူမှာ အိမ်အကူလေးတစ်ဦး ၁၈ ထပ် အမြင့် ကွန်ဒိုကနေ ပြုတ်ကျသေဆုံးမှု ၀၈/၁၀/၁၇ အောက်တိုဘာလ ၈ ရက်နေ့ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ချိန်တွင် မျက်မြင်သက်သေမရှိတာကြောင့် ခုန်ချသေဆုံးသလား၊ မတော်တဆပြုတ်ကျသေဆုံးသလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။

သေဆုံးသူ အိမ်အကူလေးဟာ နိုင်ငံကူးလက်မှတ်တွင် အသက် ၂၃ နှစ် ဖော်ပြထားပြီး တကယ့် အသက် အမှန်မှာ ၁၆ နှစ် ဝန်းကျင်သာရှိသေးတယ်လို့ သိရပါတယ်။

အစ်မဖြစ်သူ၏ ပြောကြားချက်အရ သေဆုံးသူဟာ အိမ်ပြန်နေချင်ကြောင်းနှင့် အိမ်ရှင်မှ နောက်တစ်လနေပြီးမှ ပြန်ဖို့ ပြောထားကြောင်း သိရပါတယ်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး မြန်မာသံရုံးမှ သေဆုံးသူ၏ အမျိုးများနှင့် ဆက်သွယ်ပြီး အကူအညီပေးသွားမယ်လို့ သိရပါတယ်။

စလုံး
https://www.facebook.com/SaloneCollection/

No comments:

Post a Comment