Latest News
Tuesday, October 31, 2017
ရှေ့တန်းရောက် တပ်မတော်သားတို့ရဲ့ ကထိန်အလှူလေးပါတဲ့။
ယနေ့အကြိုက်ဆုံးဓာတ်ပုံတစ်ပုံ
ရှေ့တန်းရောက် တပ်မတော်သားတို့ရဲ့ ကထိန်အလှူလေးပါတဲ့။
Source – FB
========
Unicode
ရေဦးက သမီးလေးကိုမုဒိန်းကျင့်တဲ့လူမဆန်တဲ့အဖေကတော့ ထောင်တစ်သက်တစ်ကျွန်းကျသွားပါပြီ။ကလေးမလေးက လကုန်လောက်မွေးပါမယ်။ နေအိမ်ကတော့မြင်တဲ့အတိုင်းပါပဲ မိုးရွာတော့မိုးမလုံ ကလေးမလေးအမေက ကျနော်တို ့နဲ့မတိမ်းမယိမ်းပါ။
ကလေး၄ယောက်အငယ်ဆုံးက၁နှစ်အရွယ်လေးပါ။ကလေးမလေးကိုမွေးပြီး ရင် ကျနော်တို ့နဲ့လိုက်ခဲ့ဆိုတော့ မလိုက်ခဲ့ချင်ဘူး အမေတို ့နဲ့ပဲနေမှာတဲ့။ဖိနပ်တောင်စီးစရာကောင်းကောင်းမရှိရှာဘူး။
သမီးကျောင်းလဲမတက်ချင်ဘူးရှက်လို ့တဲ့ သူ့အမေနဲ့အတူ အမှိုက်ကောက်မယ်ပြောနေတယ်:(သမီးရှက်ရအောင်သမီးမှာဘာအပြစ်မှမရှိဘူးရှက်စရာမလိုဘူးဆိုတော့ ကျောက်လမ်းတောင်မထွက်ရဲဘူးလူတွေကိုကြောက်လို့တဲ့။
သူ့အမေကတော့ကလေးမလေးကို ကျနော်တို ့ကောင်းသလိုစီမံပေးပါပြောရှာတယ်။တော်တော်ရိုးရှာတယ်။မွေးပြီးအနာကျက်ရင်ကလေးမလေးကိုသွားခေါ်ပါမယ်။သူး ရှေ ့ရေးအတွက်ကျောင်းဆက်တက်ဖို ့စိတ်လူံခြုံမှုပေးဖို ့သိပ်လိုအပ်နေပါတယ်။
ကလေးမလေးကငိုတော့ကိုယ်ပါမျက်ရည်မကျအောင်ဘာမှမဖြစ်သလိုထိန်းပြီးနေရတယ်။
ပိုပြီးစိတ်မကောင်းတာက သူတို ့ဆီ ဘယ်လွှတ်တော်ကိုယ်စားလှယ်မှသွားအားမပေးတာပဲ။
စကားမစပ်ရေဦးအမတ်တွေကိုmentionခေါ်ပေးကြစမ်းပါ။
ပိုက်ဆံ၁သိန်း ဆန်တစ်အိတ်လောလောဆယ်ထောက်ပံ့ခဲ့ပါတယ်။ဟိုတလောက ကျမသူငယ်ချင်းမယ်လှိုင်းကလဲဆန်တစ်အိတ်လှူထားသေးတယ်။
ကလေးလေးကခွဲမွေးရမှာပါ။ အပျိုတောင်မဖြစ်လိုက်ဘဲ ကိုယ်ဝန်တန်းရသွားခဲ့တာ။ကလေးမလေးက ကျီးကြည့်ကြောက့်ကြည့်နဲ့ကြောက်နေပုံလေး။လူမဆန်တဲ့အဖေက မယားပါသမီးပါလို ့လိမ်သေးတာတဲ့။ ကျနော့်အနေနဲ့ သက်ငယ်မုဒိန်းမှုတွေကိုသေဒဏ်ပေးစေချင်တယ်။
Source – FB
ဗန်းမောက်မြို့ အထကကျောင်းကထိန်မှ ဗိုလ်ချုပ်ရုပ်ထု ပုံစံတူ ငွေပဒေသာပင်လေးပါ
 ဗန်းမောက်မြို့ အထကကျောင်းကထိန်မှ
ဗိုလ်ချုပ်ရုပ်ထု ပုံစံတူ ငွေပဒေသာပင်လေးပါ
Monday, October 30, 2017
ပုပ်ရဟန်း မင်းကြီးပုံစံဝတ်ဆင်ထားတဲ့အေးနေ၀င်းနဲ့ အလှမယ် ရွှေအိမ်စည်
ပုပ်ရဟန်း မင်းကြီးပုံစံဝတ်ဆင်ထားတဲ့အေးနေ၀င်းနဲ့
အလှမယ် ရွှေအိမ်စည်
သရုပ်ဆောင် မြတ်ကေသီအောင်၏ ခင်ပွန်းဟောင်း ဦးအောင်ဇော်လတ်မှ ရှင်းလင်း
ကျွန်တော်နာမည် အောင်ဇော်လတ်ပါ ကျွန်တော်ယခု အမေရိကန်နိုင်ငံ နယူးယောက်မှာနေပါသည် ကျွန်တော်ယခုဒီpostကို မတင်ချင်ခဲ့ပါဘူး ဒါပေမယ့် ကျွန်တော်အခု ကျွန်တော်အသိုင်းအဝိုင်း ဆွေးမျိုးအပေါင်းသင်းကြားမှာ အရှက်တကွဲ စိတ်မကောင်းချင်းများစွာနှင့် ရင်ဆိုင်တွေ့ကြုံနေရသောကြောင့် ကျွန်တော် ဒီpostကိုတင်ရခြင်းဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်ရင်ထဲရှိတဲ့တိုင်း ပွင့်လင်းစွာပြောရရင်တော့ ဒီပြဿနာကို လွန်ခဲ့သော ဆယ်နှစ်ခန့်ကတည်း ကျွန်တော်ဒီပိုစ်ကိုတင်ခဲ့ချင်တာပါကျွန်တော် အောင်ဇော်လတ် နှင့် မသီတာမြင့်(ခ) သရုပ်ဆောင် မြတ်ကေသီအောင် သည် 2006 ခုနှစ်မှာ လူသိရှင်ကြား တရားဝင်လက်ထပ်ခဲ့ကြပါသည်
ကျွန်တော်တို့လက်ထပ်ပြီးမကြာခင်မှာပဲ ကျွန်တော်အမေရိကကို ပြန်လာခဲ့တယ် ကျွန်တော်အမေရိပြန်ရောက်နေစဉ် မြတ်ကေသီအောင်သည် ရုပ်ရှင်ထုပ်လုပ်ရေးပိုင်ရှင် ဇော်မျိုးအောင်နှင့် အိမ်ထောင်ရေးဖောက်ပြန်နေတာကို ကျွန်တော်သိခဲ့ရတယ် ကျွန်တော်ရဲ့မိဘအသိုင်းအဝိုင်း သူငယ်ချင်းများကလည်း
ကျွန်တော့်ကိုဒီအကြောင်းကိုထပ်ခါထပ်ခါပြောခဲ့ကျတယ်
ဒါပေမယ့်ကျွန်တော်မယုံခဲ့ဘူး အဲ့ဒါကြောင့် ၂၀၀၈ခုနှစ် မြန်မာပြည် နာဂစ်ဖြစ်ပြီး နောက်တစ်ရက်မှာပဲ ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်ခဲ့တယ် မြန်မာပြည်ရောက်ပြီးနောက်နေ့မှာ ကျွန်တော့်သူငယ်ချင်းဆီ အသွား ရွှေဂုံတိုင်စားသောက်ဆိုင်နား အရောက်မှာ ကျွန်တော်မြတ်ကေသီအောင်စီးတဲ့ကားကို ကျွန်တော်ရုပ်တရက်တွေ့လိုက်ရတယ် သူ့ရဲ့ဒါရိုက်ဗာ ကားသမားက ကျွန်တော့်လည်မြင်ရော ဆိုင်ထဲဝင်ပြီး မြတ်ကေသီအောင်ကို သွားပြောပြီး ကားမောင်းထွက်သွားတယ် ကျွန်တော်ဆိုင်ထဲဝင်သွားတော့ စားပွဲထိုးတစ်ယောက်ကိုမေးတယ် မေးတော့ ပြန်သွားပြီလို့ ကျွန်တော့်ကိုလိမ်တယ် ဒါပေမယ့် ကျွန်တော်မယုံဘူး ဆိုင်ရှေ့မှာ သူ့ဖိနပ်ကို တွေ့နေရလို့ ကျွန်တော်မယုံလို့မန်နေဂျာကို ခေါ်ခိုင်းတော့ မန်နေဂျာက ကျွန်တော့်ကို မြတ်ကေသီအောင်နဲ့ဘာတော်လည်းလို့မေးတယ် ကျွန်တော် သူ့ခင်မွန်ပါပြောလိုက်တော့မှ မြတ်ကေသီအောင် ခေါ်ပေးတယ် မြတ်ကေသီအောင်ကကျွန်တော့်လည်းတွေ့ရော လက်ဆွဲပြီး ဆိုင်ပြင်ကိုခေါ်သွားတယ် ဆိုင်ပြင်ရောက်တော့ သူ့ကိုလိုက်နှောက်ယှတ်ပါတယ်ဆိုပြီး ကျွန်တော့်ကိုပိုးစိုးပက်စက်ပြောခဲ့တယ် ဘယ်လောက်ထိပြောသလဲဆိုရင် ကျွန်တော့်ကိုရဲတိုင်ပြီး ထောင်ထဲထည့်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့တယ် အဲ့ချိန်ကကျွန်တော်က အမေရိကမှာ နိုင်ငံရေးခိုးလုံခွင့်နဲ့နေ နေတာ ကျွန်တော်လဲဘာမှ မပြောပဲပြန်ခဲ့တယ် သူလဲဇော်မျိုးအောင် ရှိတဲ့စားသောင်ဆိုင်ပြန်ဝင်သွားခဲ့တယ် အဲ့နောက် ကျွန်တော်က ဇော်မျိုးအောင် ဖောက်ပြန်နေတာကို သိလို ကျွန်တော် ကွာရှင်းခွင့် တောင်းခဲ့တယ် အဲ့ချိန်မှာ သူကကျွန်တော့်ကို ဘာပြောလဲဆိုတော် သူဇော်မျိုးအောင် ပိုချစ်တယ် ဒါပေ့မယ့် ကျွန်တော်ကိုကျ သူ့ရဲ့အရှက်နဲ့သိက္ခာ မကွာပေးနိုင်ဘူးလို့ ကျွန်တော့်ကို သူကိုယ်တိုင်ပြောခဲ့တယ် နောက်သိပ့်မကြာခင်မှာပဲ ကျွန်တော်အမေရိကကိုပြန်လာခဲ့တယ် ဒီရောက်ပြီး တစ်ပတ်လောက်မှာပဲ ကျွန်တော့်ကို ဖုန်းဆက်ပြီး သူ့လင်းငယ်ဖြစ်တဲ့ ဇော်မျိုးအောင် နဲ့ပေါင်းပြီး သူတို့ဖောက်ပြန်နေတာကို ကျွန်တော်တရားစွဲမှာကြောက်လိုံဆိုပြီး ကျွန်တော့ကို သူကိုယ်တိုင် ကွာရှင်းစာချုပ်မှာ လက်မှတ်အမြန်ထိုးပေးဘို့တောင်းဆိုးခဲ့တယ် ကျွန်တော်ဘက် ကွားရှင်းစာချုပ်မှာ ချက်ချင်းလက်မှတ်ထိုးပြီး DHL မှ အမြန်ချောနဲ ပို့ပေးခဲ့တယ် သူ့ဘက်ကကွာရှင်းစာချုပ်မှာ လက်မှတ်လဲထိုးမပေးခဲ့သလို ကျွန်တော်ဆီလဲဘာမှာပြန်ပို့တာမရှိခဲ့ဘူး အဲ့ကွာရှင်းစာချုပ်ကို ကျွန်တော် လေးငါးခြောက်လောက်ထိကျွန်တော်စောင့်ပေးခဲ့တယ် လေးငါးခြောက်လကြာတဲ့ထိ သူ့ဘက်ကဘာမှအကြောင်းပြန်မလာပေမယ့် သူ့ဖောက်နေတဲ့သတင်းတွေက ပိုဆိုးဆိုးလာတဲ့အတွက် ကျွန်တော် ကျွန်တော့်မိဘအသိုင်းဝိုင်းတွေရဲ့ အရှက်နဲ့သိက္ခာအတွက် မြန်မာနိုင်ငံ ကြေးမုံသတင်းစာ စာမျက်နှာ ၁၄ မှာ မသီတာမြင့်(ခ)မြတ်ကေသီအောင်ကို ဇနီးအဖြစ်မှ စွန့်လွတ်ကြောင်းကို တရားဝင်ကြေငြာခဲ့ပြီးပါပြီ မကြာသေခင်က let talk မီဒီယာနဲ့အမေအဖြေမှာ သူ့နဲ့ကျွန်တော့်အကြောင်းကို မေးတဲ့ခါမှာ ကျွန်တော်အမည်ကိုထပ်အသုံးပြုပြီးတော့ ကျွန်တော့်ကိုပဲ မရိုသေ့စကား အတွင်းခံဘောင်ဘီကအစ ဝယ်ပေးခဲ့တယ်လို့ကျွန်တော့်ကိုထပ်ပြီးအရှက်ခွဲခဲ့တယ် မသိတဲ့သူတွေကတော့ မြတ်ကေသီအောင်အတွက် မျက်ရည်တွေဘာတွေကျလို့ပေါ့ဗျာ တကယ့်အမှန်က သူနဲ့ ချစ်သူမဖြစ်ခင်ကတည်းကနောက်ဆုံိး သတင်စားမှာတရားဝင်ကြေငြာတဲ့အထိ ကျွန်တော်အပ်တိုးတစ်ချောင်းတောင်ကျွန်တော်မယူခဲ့ပါဘူး ကျွန်တော်အမှန်တိုင်း ပြောရရင် ကျွန်တော့်ရဲ့အိမ် ကား လက်ဝတ်ရတနာ ဒေါလာပေါင်းများစွာ ကျွန်တော်ဆုံးရူံးခဲ့တယ် စပြီးသိတဲ့ချိန်ကစလို့ သတင်းစားမှာကြေငြာတဲ့အချိန်ထိ ကျွန်တော်ဘက်ကပဲအကုန်ကျခံတယ် ဒါပေမယ့် သူကတော့ ဇော်မျိုးအောင်ဆက်ပြီးဖောက်ပြန် နေခဲ့တယ် ထပ်ပြီးပွင့်ပွင့်လင်းလင်းပြောရရင် သူ့ဖောက်ပြန်နေတာကို ကျွန်တော်တင်သိတာမဟုတ်ခဲ့ဘူး သူ့မိဘအသိုင်းကစအကုန်သိနေကျယ် ဒါပေမယ့်ကျွန်တော်ဘက်မှာတစ်ယောက်မှ မရှိခဲ့ပါဘူး အကုန်လုံးဟာ မြတ်ကေသီအောင်ဘက်မှာပဲရှိနေကျတယ် ကျွန်တော်ပြန်ရောက်တဲ့အချိန်မှာပဲ သူ့အဖေကိုယ်တိုင် ဇော်မျိုးအောင်ကို သူတို့အခေါ် ဦးဇော် ကျွန်တော်ပြန်လာရင် နင်တို့အသွားအလာသတိထားကျ ကျွန်တော်ပြန်လာတယ်ပေါ့ဗျာ
ယခုအခါ မြတ်ကေသီအောင်ရဲ့ ညစ်ညမ်းသောဓာတ်ပုံတွေအွန်လိုင်းမှာ ပြန့်နေတာ ကျွန်တော်နဲ့သိတဲ့သူတွေ ကျွန်တော်နဲ့မသိတဲ့သူတွေအားလုံးအွန်လိုင်းမှာတွေ့နေရမှာပါ တစ်ချို့ကျွန်တော်နဲ့သူနဲ့ တရားဝင်ကွာရှင်းထားတဲ့အကြောင်းငိသိသူတွေရှိသလို မသိတဲ့သေးတဲ့သူတွေလဲရှိပါတယ် တစ်ချို့ကလဲကျွန်တော်ဆီကိုဖုန်းဆက် စာပို့ပြီး မေးကျတယ် မြတ်ကေသီအောင် ဒီလိုဖြစ်နေတယ်ဆိုတဲ့အကြောင်း ခုချိန်မှာကျွန်တော့်မှာလဲအိမ်ထောင်ရှိနေတဲ့အတွက် ကျွန်တော့်ရဲ့အရှက်သိက္ခာ ကျွန်တော့်မိသားစုရဲ့အရှက်သိပွာ
က္ခာအတွက် ဒီpostကို အွန်းလိုင်းမှာ တင်ပြီးဖြေရှင်းလိုက်ရချင်းဖြစ်ပါတယ်
သက်သေအဖြစ် ၂၀၀၈ ကြေမုံသတင်းစာမှာ တရားဝင်ကြေငြာခဲ့တဲ့စာပါ တင်ပေးလိုက်ပါတယ်
အားလုံးကိုကျေးဇူးတင်ပါတယ်
အောင်ဇော်လတ် (ကိုဇော်-နယူးယောက်)
Sunday, October 29, 2017
Herbert Hoover and Paderewski True Story
စတမ်းဖို့ဒ် တက္ကသိုလ် တက်နေတဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ယောက်ဟာ ကျောင်းလခ ပေးဖို့ အရမ်းကို အခက်တွေ့နေတယ်။ နောက်ပြီး သူဟာ မိဘမဲ့ ခလေးတစ်ယောက်ဆိုတော့ ဘယ်က ငွေရှာရမှန်းမသိဘူး ဖြစ်နေတာပေါ့...။ နောက်ဆုံး သူ့သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်တော့ အကြံတစ်ခုရတယ်။ အဲဒါက ဂီတပွဲ တစ်ခုလုပ်ပြီး ငွေရှာမယ်ဆိုပြီးတော့လေ။
အဲဒီအချိန်မှာ ကမ္ဘာကျော် ဂီတပညာရှင်ဖြစ်တဲ့ ဂျေ ပါဒါရော့စကီး ကိုငှားဖို့ စီစဉ်တယ်။ ပါဒါရော့စကီးရဲ့ မန်နေဂျာက ဒေါ်လာ ၂၀၀၀ ဖျော်ဖြေခ ပေးဖို့ သဘောတူပြီး ဂီတပွဲ လုပ်ဖြစ်တယ်။ တကယ်စီစဉ်ပြီး လက်မှတ်ရောင်းတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ လက်မှတ်ရောင်းရငွေ ဒေါ်လာ ၁၆၀၀ ပဲရတယ်။
အဲဒါနဲ့ ဖြစ်သမျှအကြောင်းကို ဂီတပညာရှင် ပါဒါရော့စကီး ကိုရှင်းပြတယ်။ အခုရတဲ့ ဒေါ်လာ ၁၆၀၀ ကို အရင်ပေးထားမယ်။ နောက်လိုတဲ့ ၄၀၀ ကို ချက်လက်မှတ်နဲ့ ပေးထားပြီး ငွေရတာနဲ့ လာရှင်းပေးမယ်ဆိုပြီး တောင်းပန်တယ်။ ပါဒါရော့စကီးရဲ့  တုန့်ပြန်မှုကြောင့် ကျောင်းသား လူငယ် ၂ ဦးဟာ အံသြသွားရတယ်။ ပါဒါရော့စကီးဟာ ဂီတပွဲအတွက် ကုန်ကျငွေရယ် ကျောင်းစရိတ်ရယ် နုတ်ခိုင်းပြီး ကျန်တဲ့ငွေသာ သူ့ပေးပါဆိုပြီး ပြောခဲ့တယ်။
လူငယ် ၂ ဦးလည်း အံသြပြီး ကျေးဇူးလည်း အရမ်းတင်သွားတာပေါ့။
အဲလိုနဲ့ နှစ်အနည်းငယ်ကြာတော့ ပါဒါရော့စကီးဟာ ပိုလန်နိုင်ငံ ရဲ့  ဝန်ကြီးချုပ် ဖြစ်လာတယ်။ သိပ်မကြာတဲ့ အချိန်မှာပဲ ကမ္ဘာ စစ်ဖြစ်လာတဲ့အတွက် ပိုလန်ဟာ စစ်မြေပြင် ဖြစ်ခဲ့ရပြီး ဖျက်စီးခံခဲ့ရတယ်။ ပိုလန်လူမျိုး ၁ သန်းခွဲကျော်ဟာ အစာရေစာ ပြတ်လတ်ပြီး ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံခဲ့ရတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ဖြစ်တဲ့ ပါဒါရော့စကီးဟာ အမေရိကန် နိုင်ငံရဲ့  စားနပ်ရိက္ခာ ထောက်ပံရေး အဖွဲ့ (US food and relief administration) ဆီကို အကူအညီလှမ်းတောင်း ခဲ့ရတယ်။
အဲဒီ အဖွဲ့မှာ ခေါင်းဆောင် လုပ်နေတဲ့ ဟားဘတ် ဟူဘာက အကူအညီ ချက်ခြင်းပေးပြီး တန်ချိန် များစွားသော အစားအသောက်တွေကို သဘောင်္နဲ့ ပိုလန်နိုင်ငံသားတွေ အတွက် ပို့ပေးခဲ့တယ်။ အဲဒီ အဖွဲ့ခေါင်းဆောင် ဟာဘတ်ဟူဘာ ဟာနောက်တစ်ချိန်မှာ အမေရိကန် သမ္မတ ဖြစ်လာခဲ့တဲ့သူပေါ့။
စစ်ပွဲတွေပြီး အခြေအနေတွေ ငြိမ်းချမ်းသွားတော့ ပိုလန်ဝန်ကြီးချုပ် ပါဒါရော့စကီးဟာ ဟားဘတ် ဟူဘာကို သွားရောက်တွေဆုံပြီး စားနပ်ရိက္ခာ အကူအညီတွေ အတွက် ကျေးဇူးတင်စကား ပြောတာပေါ့။ ဟူဘာကလည်း ရပါတယ် ဝန်ကြီးချုပ်ကိစ္စ မရှိပါဘူး ကျေးဇူးတင်ရင်း တင်ရင် ကျနော်က တင်ရမှာပါ။
ဝန်ကြီးချုပ် မှတ်မိချင်မှ မှတ်မိလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အကြာတုန်းက စတမ်းဖိုဒ့် တက္ကသိုလ်မှာ ကျောင်းလခ အခက်အခဲ ဖြစ်နေတဲ့ ကျောင်းသား ၂ ယောက်ကို ဝန်ကြီးချုပ်ဟာ ဂီတ ပညာရှင်အဖြစ် ကူညီခဲ့ဖူးတယ်။ အဲဒီ ထဲက ကျောင်းသား တစ်ယောက်ဟာ ကျနော် ကိုယ်တိုင်ပါပဲတဲ့..။
ဇာတ်လမ်းလေးက ဒီမှာပဲရပ်ထားပါတယ်။
လူတော်တော်များများ အရင်ဆုံးစဉ်းစားကြတာက သူ့ကိုငါကူညီလိုက်ရင် နောက်တချိန် ငါဘာပြန်ရမလဲ ဆိုတာကိုပါ။ အကိျုးအမြတ်မရှိရင် ကူညီဖို့ လက်တွန့် တတ်ကြပါတယ်။
ဟားဘတ်ဟူဘာ နဲ့ ပါဒါရော့စကီးတို့ နှစ်ယောက်ရဲ့  အဖြစ်အပျက်က ရတဲ့ သင်ခန်းစာလေးက
ကိုယ့်ကိုယ်ကို ကူညီပြီးသား ဖြစ်အောင် သူများကို အရင် ကူညီထားလိုက်ပါတဲ့.။
#စိတ်အဟာရ ရသစာများ, #ရဲမင်း
Herbert Hoover and Paderewski True Story ကိုဆီလျှော်အောင် ပြန်ဆိုပါသည်။
မိခင်
မိခင်
ပြည်သူပိုင်ေ​မြ ဧက ၅၀ ကို မြေလွတ်မြေရိုင်း တံဆိပ်ကပ်ပြီး ၂၀၀၅ ခုနှစ်​ကတည်းက လုပ်ကိုင်နေသူဒုဗိုလ်မှူးကြီးလှဆွေ
ပြည်သူပိုင်ေ​မြ ဧက ၅၀ ကို မြေလွတ်မြေရိုင်း
တံဆိပ်ကပ်ပြီး ၂၀၀၅ ခုနှစ်​ကတည်းက လုပ်ကိုင်နေသူ ဒုဗိုလ်မှူးကြီးလှဆွေ
Saturday, October 28, 2017
NLD ကိုယ်စားလှယ်တချို့ အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံရတဲ့အတွက် သတိပေးအရေးယူ
လွှတ်တော်တက်ရောက်လာတဲ့ Nld ပါတီဝင်တချို့ကို တွေ့ရစဉ်။ Photo: RFA
အဂတိလိုက်စားမှုနဲ့ တိုင်ကြားခံရတဲ့ NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်အချို့ကို ပါတီတွင်း သတိပေးအရေး ယူတာတွေ ပြုလုပ်ထားတယ်လို့ ပါတီတိုင်ကြားစာ စိစစ်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
တိုင်ကြားစာတွေထဲမှာ အဂတိလိုက်စားမှုနဲ့ပတ်သက်တဲ့ အမှု ၃ ခုလောက်ကို အရေးယူ သတိပေးထားပြီး ကိုယ်စားလှယ်တွေ ကိုယ်တိုင်မပတ်သက်ပေမယ့် သူတို့တာဝန်ပေးထားသူတွေနဲ့ ပတ်သက်တဲ့အတွက် ပါတီစည်းကမ်း ဖောက်ဖျက်မှုနဲ့ အရေးယူ သတိပေးထားတာဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
"ကျနော်တို့ ဒီနေရာမှာ အဂတိလိုက်စားမှုနဲ့ ပါတီတွင်း စုံစမ်းစစ်ဆေးရေး မတူဘူးခင်ဗျ။ အဂတိ လိုက်စားမှု ကျတော့ ကိုယ်တိုင်ယူတယ်၊ ပြုတယ် ထင်ရှားမှ သူတို့က အရေးယူတယ်။ ကျနော်ကျတော့ ပါတီစည်းကမ်း ချိုးဖောက်မှုကျတော့ တာဝန်ရှိမှုအပေါ်မှာပါ ကြည့်ပါတယ်ခင်ဗျ။ သူတို့က တာဝန်ပေးထားတဲ့ သူတစ်ယောက်က မမှန်မကန်လုပ်တယ်ဆိုရင်ကို ကျနော်တို့က ပါတီ စည်းကမ်းအရ အရေးယူပါတယ်"
အရေးယူထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် ထုတ်ဖော်ပြောတာတော့ မရှိပါဘူး။
ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ၂ နှစ်နီးပါးအတွင်းမှာ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီး ပါတီကိုတိုင်ကြားတဲ့ အမှုပေါင်း ၅၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။
အဲဒီထဲမှာ သက်ဆိုင်ရာမဲဆန္ဒနယ်တွေကို ကွင်းဆင်းလေ့လာခြင်းမရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားတဲ့အမှု အများဆုံးဖြစ်ပြီး ဧရာဝတီတိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေ အများဆုံး တိုင်ကြား ခံရတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။
တိုင်ကြားတဲ့အမှုပေါင်း ၅၀၀ နီးပါးမှာ ပါတီတိုင်ကြားစာ စိစစ်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ အကျုံးဝင်တဲ့အမှု ၂၇၀ လောက်သာရှိပြီး အဲဒီအထဲက အမှု ၂၀၀ ကျော်ကို စိစစ်ပြီးဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ချင်းဘာသာစကားနဲ့ ဆန္ဒပြပွဲ ထွေအုပ် ခွင့်မပြု
၆၉ နှစ်မြောက် ချင်း အမျိုးသားနေ့ကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့စဉ်။ Photo: Aung Thain Kha/RFA
ချင်းပြည်နယ် ဖလမ်းမြို့မှာရှိတဲ့ လိုင်ဇိုးကျေးရွာကို ဖျက်သိမ်းပြီး ဖလမ်းမြို့ပေါ်ရပ်ကွက်အဖြစ် သတ်မှတ်လိုက်တဲ့ အပေါ် မကျေနပ်တဲ့ လိုင်ဇိုးမျိုးနွယ်စုဝင်တွေက မကျေနပ်တဲ့အတွက် ချင်းတိုင်းရင်းသား ဘာသာစကားနဲ့ ဆန္ဒပြမှာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တားမြစ်ထားတယ်လို့ သိရပါတယ်။
ချင်းတိုင်းရင်းသား ဘာသာစကားနဲ့ ဆန္ဒပြမှာကို ခွင့်မပြုဘဲ မြန်မာစကားနဲ့သာ ဆန္ဒပြမှ ခွင့်ပြုမယ်လို့ အုပ်ချုပ်ရေး အဖွဲ့က အကြောင်းပြန်ထားကြောင်း ဆန္ဒပြပွဲဖြစ်မြောက်ဖို့ စီစဉ်တဲ့ ဒေသခံ ဦးဇထန်းက ပြောပါတယ်။
"ဆန္ဒဖော်ထုတ်လို့ရှိရင် ရုံးသုံးဘာသာစကား မြန်မာစကားပဲတဲ့ အဲဒီတော့ ကျနော်ပြောတယ်၊ ဒီကျနော်တို့ ချင်းပြည်နယ်မှာ မြို့ပေါ်မှာတောင်မှ ဗမာစကားနားလည်တာက ၁၆% လောက်ပဲရှိမယ်၊ အဲတော့ ကျနော်တို့က ဒါကို အများပြည်သူနဲ့ နိုင်ငံတော်ကို သိစေချင်လို့ ဆန္ဒဖော်ထုတ်တာကို အလကားအော်နေရာ မကျဘူးလား၊ ဒီတော့ ကိုယ့်ဒေသစကား ပြောလို့မရဘူးလားဆိုတော့ မရဘူးတဲ့ အဲဒါဆိုလို့ရှိရင် တစ်ဖက်က ဒေါ်အောင်ဆန်း စုကြည်က တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အချိန်မှာ ကျနော်တို့ ကိုယ့်ဒေသစကားကိုမှ ပြောခွင့်မရဘူးဆိုရင် ဒေါ်စုရည်မှန်းထားတဲ့ ငြိမ်းချမ်းရေးဆိုတာ နေပြည်တော် မျှော်တိုင်းဝေးဆိုလား အဲလိုများဖြစ်နေမလား ဆိုပြီး ကျတော် ဖေ့ဘွတ်စ်ထဲ တင်ထားတယ်"
ချင်းပြည်နယ်မှာ မြန်မာစကားတတ်ကျွမ်းသူ နည်းတဲ့အတွက် ချင်းဘာသာစကားနဲ့ ဆန္ဒပြဖို့ စီစဉ်တာ ဖြစ်တယ်လို့ ဦးဇထန်း က ဆိုပါတယ်။
လိုင်ဇိုးမျိုးနွယ်စုဝင်တွေဟာ နိုဝင်ဘာလ ၁ ရက်နေ့မှာ ဆန္ဒပြဖို့ စာတင်ထားပေမယ့် ချင်းပြည်နယ်ဝန်ကြီးချုပ် လမ်းကြောင်းခရီးစဉ်ရှိတဲ့အတွက် ဆန္ဒပြပွဲကို ဖျက်သိမ်းထားပြီး နိုဝင်ဘာ ၆ ရက်နေ့မှာ ဆန္ဒပြမှာဖြစ်တယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲကိုလုံခြုံရေးယူမယ့် ရဲတပ်ဖွဲ့က ချင်းဘာသာစကား နားမလည်တဲ့အတွက် ကြွေးကြော်မယ့် အကြောင်းအရာတွေအပေါ်မှာ အထင်အမြင်လွဲမှု ဖြစ်နိုင်တာကြောင့် တားမြစ်တာဖြစ်တယ်လို့ ဖလမ်းမြို့နယ် အုပ်ချုပ်းရေးမှူး ဦးစိုးလွင်က ပြောပါတယ်။
"ကျနော်တို့ကလေ ချင်း၊ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဥပဒေမှာလေ ပုဒ်မ ၈ ပုဒ်မ ၅ မှာ ဒေသဆိုင်ရာ လိုအပ်ချက်အရ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းလေးတွေရှိတယ် အဲဒီ စည်းမျဉ်းစည်းကမ်းလေးတွေကို ကျတေန်ာတို့က ရဲကိုတင်ပေးတယ်လေ ဘာဆိုင်းဘုတ်တွေကိုင်မယ် ဘာတွေဟောပြောမယ်ဆိုတာလေ ရဲကိုတင်ပေးတယ် အဲဒီထဲမှာ ရဲကဝိုင်းပြီးတော့ သွားရေးလာရေးတွေကို ဝိုင်းစောင့်ရှောက်ပေးရမှာမို့လို့ သူတို့ပြောတဲ့စကားတွေနဲ့ ဒီက မှတ်တမ်းတင်တဲ့စကားတွေ ကွဲလွဲကုန်မှာစိုးလို့ ချင်းလိုဆိုရင် သူတစ်မျိုး ငါတစ်မျိုးတွေ ဖြစ်နေမှာစိုးလို့ အဓိကကတော့လေ ကျနော်တို့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်လေးတွေ ပါနေလို့ပါ ဒေသစည်းကမ်းချက်လေးတွေ"
ဖလမ်းတိုးချဲ့စီမံကိန်းအတွက် လိုင်ဇိုးကျေးရွာကို ဖလမ်းမြို့ပေါ်ရပ်ကွက်အဖြစ် ထည့်သွင်းလိုက်တဲ့အတွက် မကျေနပ်သလို လိုင်ဇိုးမျိုးနွယ်စု ကွယ်ပျောက်သွားမှာ စိုးရိမ်တယ်လို့ ဦးဇထန်းက ပြောပါတယ်။
လိုင်ဇိုးမျိုးနွယ်စုဝင်တွေဟာ လူဦးရေ ၉၀၀ ကျော်သာရှိပြီး လိုင်ဇိုးကျေးရွာမှာပဲ နေထိုင်ကြတာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ခြေညှိုးက ခြေမထက်ရှည်တဲ့ သူတွေ ဖတ်ကြည့်ကြပါ
ခြေညှိုးက ခြေမထက်ရှည်တဲ့ သူတွေ ဖတ်ကြည့်ကြပါ
October 19, 2017 Myanmar New Society ဗေဒင်
ခြေညှိုးဟာ ခြေမထက်ရှည်တဲ့သူတွေတော်တော်များများရှိပါလိမ့်မယ်။အဲလိုလူတွေရဲ့ ဖြစ်တတ်တဲ့စိတ်သဘောထားတွေကို တင်ပြပေးလိုက်ပါတယ်။သူတို့မှာ ကောင်းတဲ့အချက်တွေအများကြီးရှိနေပါတယ်။ယောကျားလေးပဲဖြစ်ဖြစ်၊မိန်းကလေးပဲဖြစ်ဖြစ် သူတို့လိုလူတွေကိုတွေ့ရင်တော့ လက်မလွတ်လိုက်ပါနဲ့။သူတို့ဟာ ချစ်ပြီဆိုလဲ သူများနဲ့မတူသလို မုန်းပြီဆိုလဲ လှည့်ကြည့်တတ်သူတွေမဟုတ်ပါဘူး။
ခြေညှိုးက ခြေမထက်ရှည်နေတဲ့ သူဟာ …
၁။ အချစ်ကြီးတယ် အစွဲအလမ်းကြီး ခံစားလွယ်တယ်။
၂။ အငြိုးကြီးတယ် ရန်ငြိုးထားတတ်တယ်။
၃။ ချစ်သူကိုဦးစားပေးတယ် ချစ်သူကိုလည်း အနိုင်ယူတယ်။
၎။ ချစ်ပြီဆို ဘယ်လိုတားတား ဇွတ်ချစ်တယ် မုန်းပြီးဆို လုံးဝလှည့်မကြည့်ဘူး။
၅။ စကားပြောတည်တယ် ခင်သွားရင် ပေါတောတောလုပ်တတ်တယ်။
၆။ အိမ်မှာ ဘုရင် အပေါင်းအသင်းကြား သူမပါမပြီး။
၇။ သူများအားမကိုးတတ်ဘူး အကူအညီယူပြီးရင်လည်း ကျေးဇူးဆပ်ဖို့မမေ့တတ်ဘူး။
၈။ လူချစ်လူခင်ပေါသလို မနာလိုသူလည်း ပေါများတယ်။
၉။ ရည်ရွယ်ချက်ကြီးတယ် လုပ်ချင်တာကို ကြိုးစားလုပ်တတ်တယ်။
၁၀။ ပေးကမ်းလိုစိတ်ရှိတယ်။ မရှိ ရှိတာ လှူ ဒါန်းတတ်တယ်။
မနောမြေမှကျောင်းသားတပ်မတော် အပိုင်း ၅ ... ငရဲတွင်းမှလွတ်မြောက်ခြင်း။ ။
မနောမြေမှကျောင်းသားတပ်မတော် အပိုင်း ၅ ... ငရဲတွင်းမှလွတ်မြောက်ခြင်း။ ။
>> August 13, 2012 at 3:10am ကရေးတင်ထားတဲ့ပို့စ်ကို ဗိုလ်ချုပ်ဇော်မိုင်၏ ကျေးဇူးတရားအားဦးထိပ်ထား၍ <<
၁၉၉၂ ခုနှစ် စက်တင်ဘာလ ၂ ရက် ညပိုင်းဆိုတော့ ကျမတို့ ABSDF-NB မြောက်ပိုင်းကျောင်းသားတပ်မတော်တည်နေရာ ပါဂျောင်ဒေသ လိုင်စင်စခန်းမှာ အအေးဓါတ်လွှမ်းခြုံနေပြီ။ညဥ့်နက်ပိုင်း ၁၁နာရီခန့်ဆိုတော့ သံချောင်းရဲ့ တဲမှာ သက်လင်း ကထင်းမီးလှုံဖို့လုပ်တယ် ။ ကျမနဲ့သံချောင်းမျက်နှာချင်းဆိုင်ထိုင်ပြီးစကားပြောဆိုခြင်းမရှိဘဲ အတန်ကြာ မီးထိုင်လှုံနေဖြစ်တယ်။ခဏကြာတော့ကျမကဘဲ သံချောင်းကို တစုံတရာပြောခြင်ပါသလားလို့ မေးလိုက်တယ်။ သံချောင်းက ကျမကိုကြည့်ပြီး မင်း KIA ပြောင်းတော့မှာလားလို့ မေးပြီးတော့မှ အားမောင်ရေ…ငါ့မှာမေးခွင့်တောင်မရှိပါလားလေး .. လို့ပြောပြီး ရီနေရော။ကျမအဖို့ တော်တော်လေး သတိထား စဉ်းစားဖြေရမဲ့ အခြေအနေလေ။တကယ်လဲအဲ့ဒီအချိန်မှာ KIA ကိုပြောင်းဖို့အားသာနေပေမဲ့ ပြောင်းလိုက်ရင် ဘာဖြစ်သွားနိုင်သလဲဆိုတဲ့ ပူပန်မှု့လဲဒွန်တွဲနေပြန်တယ်။
ကျမရဲ့စဉ်းစား တွေဝေနေမှု့ကို သံချောင်းကရိပ်မိတယ်။ ကျမလက်ပိုက်ထားတဲ့အနေအထားနဲ့လက်မောင်း နှစ်ဘက်က ABSDF–NB ဆိုတဲ့တံဆိပ်ကို ပွတ်သပ် မိပြီးဝမ်းနည်းမိတာအမှန်ဘဲ။မငယ် မင်းအဖွဲ့ထဲကနဲ့တိုင်ပင်ခြင်လား ..ညီညီ ကိုခေါ်လိုက်မယ်လေ လို့သံချောင်းကပြောလာတယ်။ ညီညီဆိုတာ ကိုညီညီ(စမား)ကိုဆိုတာပါ။ကျမလဲဟုတ်ကဲ့လို့ဆိုတာနဲ့ သက်လင်းကို ကိုညီညီ ကိုခေါ်ခိုင်းလိုက်တယ်။သက်လင်းလဲ တောင်ကုန်းအောက်အဆင်း ကျမစိတ်ထဲထင့်ကနဲဖြစ်သွား တာနဲ့ သံချောင်းကိုခွင့်တောင်းပြီး ကျမသက်လင်းနောက် အပြေးလိုက်ဆင်းလိုက်တယ်။ဘာလို့ဆိုတော့ ကျမကိုအစောပိုင်းက သက်လင်းလာခေါ်ပြီးကတည်းက ကျမတဲကိုပြန်မရောက်တာ ခုသက်လင်းက ကိုညီညီကို ထပ်သွားခေါ်မယ်ဆိုတော့ စဉ်းစားကြည့်တော့ မဖြစ်သင့်တာတွေဖြစ်ကုန်မှာစိုးတာ။
ကျမကို ညပိုင်းလာခေါ်ကတည်းက ကျန်ခဲ့တဲ့ ၈ ဦးရဲ့မျက်ဝန်းတွေမှာ စိုးရိမ်မှု့တွေ တွေ့ရတယ်လေ။ဒါကြောင့် ကျမတို့နေတဲ့ တဲနားရောက်တာနဲ့ ကျမ အသံမြှင့်ပြီး ကိုညီညီနာမည် အရင်အော်ခေါ်ပြီး မှတဲတံခါးဖွင့်ဖို့ပြောလိုက်တယ်။ပြီးကိုညီညီကို ကျမနဲ့သံချောင်းတဲကိုလိုက်ခဲ့ဖို့ပြောလိုက်တယ်။သူတို့ရှယ် လုပ်ပြီးနေတဲ့ အခန်းတံခါးပေါက်မှာကျမ ရပ်ပြီးနေတော့ အိပ်ခန်းတွင်းမှာ အားလုံးရဲ့ မျက်နှာတွေမှာ စိုးရိမ်ပူပန်မှု့တွေ စူးစမ်းမှု့တွေအပြည့်ဘဲ။ကျမ မသိမသာလေးပြုံးပြီး ခေါင်းတချက်ဆတ်ပြလိုက်တယ်။အဲ့ဒီအချိန်မှာ ကျမရဲ့အရိပ်အကဲကို ကြည့်နေတဲ့ ကိုညီညီမျက်နှာ ကျမတသက်မမေ့ဘူး။စိုးရိမ်မှု့အထင်းသားနဲ့ဘုမသိဘမသိ ကျမခေါ်တဲ့သံချောင်းတဲလိုက်ရတော့မှာမဟုတ်လား။
ဆိုတော့သံချောင်းတဲရောက်တာနဲ့ ကျမနဲ့ကိုညီညီ ကပ်ထိုင်လိုက်ပြီး သံချောင်းနဲ့မျက်နှာခြင်းဆိုင် အနေအထားယူလိုက်တယ်။သံချောင်းက ကိုညီညီကိုမငယ်ကို KIA ကလွှဲပြောင်းဖို့ မငယ်သဘောထားကိုမေးကြောင်း၊ မငယ် မနက်ဖန် KIA ကိုတဦးထဲသွားပြီး ဆုံးဖြတ်ချက်ပေးရမှာဖြစ်ကြောင်း၊သူ့အနေနဲ့မငယ်ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်နိုင်ခွင့်မရှိကြောင်း၊ဗိုလ်ချုပ်ဇော်မိုင်ထံမှ မငယ်ကိုKIAသို့ လွှဲပြောင်းရန် တာရိုက်မေးမြန်းခြင်း ဖြစ်ကြောင်း၊သို့သော် မိမိအနေဖြင့် မငယ် KIA သို့ကူးပြောင်း မပြောင်းကို ကိုညီညီ၏ သဘောထားသိလိုကြောင်း၊ယခုညကိစ္စကိုကျန် ၇ ဦးအားအသိမပေးဘဲ မနက်မှမိမိကိုယ်တိုင်လာရောက်ပြောကြားအသိပေးမည် ဖြစ်ကြောင်းတို့ဆိုခဲ့တယ်။
ကိုညီညီက ကျမကို KIA မပြောင်းပါနဲ့.. Cs တို့ကသဘောထားဒီလောက်ကြီးတာ.. ကျနော်တို့တွေနဲ့ ကျောင်းသားတပ်မတော်မှာဘဲ တာဝန်ဆက်လက်ထမ်းဆောင်ကြရအောင်ပါ.. ဘာညာပြောပြီး ကျမခြေထောက်ကို သူ့စစ်ဘိနပ်နဲ့ မသိမသာ လာနင်းတော့တာဘဲ။သဘောကတော့ ငါဘာပြောပြော မင်းမယုံနဲ့။KIAပြောင်းဆိုတာပေါ့။ဆိုတော့ကျမလဲကိုညီပြောတာကိုလက်ခံပါကြောင်း၊KIA ဆိုတာကျမအတွက် ရင်းနှီးမှု့မရှိတဲ့အတွက်စဉ်းစားစရာဖြစ်နေကြောင်း။ပြီကျန်တဲ့(၇) ဦးရဲ့သဘောထားလဲ သိလိုသေးကြောင်း သံချောင်းအကြိုက်ပြောလိုက်ပြီး ပြန်ဖို့ခွင့်တောင်းလိုက်ပါတယ်။
ကျမနဲ့ကိုညီညီနဲ့တဲကိုပြန်ရောက်တော့ ကျန်နေတဲ့ ၇ ဦးကိုတီးတိုးတိုင်ပင်ဖို့ ကျမနေတဲ့ ၄ပေ၃ပေ အခန်းထဲမှာ ဂွမ်းကပ်ဆောင်နဲ့ခေါင်းအုပ်ပြီး တဦးချင်းစီ KIA မှဗိုလ်ချုပ်ဇော်မိုင်ခေါ်ယူကြောင်း.ပြောင်းသင့် မပြောင်းသင့် မေးတော့ တဦးချင်းစီရဲ့ အဖြေကပြောင်းပါလို့ပြောတယ်။ တစုံတရာထူးခြားနေပြီလို့အားလုံးက တညီတညွတ် ထဲအဖြေပေးသွားကြတယ်။နောက်ဆုံးအချိန်အထိ တောင်မှကျမတို့မှာ လွတ်လပ်စွာတိုင်ပင်ခွင့်မရှိဘူး။ အဲ့ဒီညကျမအိပ်မပျော်ဘူး။၈ ဦးကတော့ပြောင်းဖို့တညီတညွတ်မဲပေးသွားတယ်။ဘာတွေဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ ကိုယ်လဲမသိ။သိတာကတော့ ခံရင်ကိုယ်အရင်ခံရတော့မှာကိုဘဲလေ။စစ်ကြောရေးကာလမှာ ကိုယ့်ထွက်ချက်မှာ လိုင်းတင်ခံရတာတွေက KIA နဲ့နွယ်တာပါခဲ့လို့ ဗိုလ်မှုးကြီးပန်းအောင်နဲ့ ဒူခွန်မော်တို့ကိုယ်တိုင် အကြိမ်မနဲ စစ်ဆေးမေးမြန်းတာတွေခံခဲ့ရတယ် ဆိုတော့စိတ်ထဲထင့်နေတာတော့အမှန်ပါဘဲ။ဒါပေမဲ့ ၈ ဦးရဲ့ဆုံးဖြတ်ချက်နဲ့သေမထူး ရှင်မထူး တဇောက်ကန်းစိတ်ရှိတဲ့ ကျမကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပေါင်းစပ်လိုက်ပြီး KIA ပြောင်းဖို့ ယတိပြတ်ဆုံးဖြတ်ချက် ချခဲ့တယ်။ဒီလိုနဲ့ မိုးလင်းခဲ့တယ် ။
ဒီနေ့ ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ ။ ။
ကျမတို့ ၉ ဦးပုံမှန်အိပ်ယာထ ပြီးကျမကတော့ သံချောင်းကျမတို့ တဲကိုလာမှာစောင့်နေလိုက်တယ် ။သူပြော ထားတယ်မဟုတ်လား။KIA ပြောင်း မပြောင်းကိစ္စကျန် ၇ ဦးနဲ့မတိုင်ပင်နဲ့သူကိုယ်တိုင်လာပြောမယ်လို့။သံချောင်းရောက်လာတော့ ကိုညီညီ(စမား) မှတပါး ကျန် ၇ ဦးလဲ ဒီကိစ္စကိုခုမှသိကြသလို နားထောင်ကြတာပေါ့ ။ သံချောင်းက ကျမရဲ့ဆုံးဖြတ်ချက်ကို မေးလာတာကို ကျမ တွေတွေငေးငေးနဲ့ဘဲ ရေရေရာရာမသိသလိုဘဲ ဖြေ လိုက်တယ်။
သိပ်မကြာပါဘူး KIA ကကား လာတာနဲ့ ကျမ ညကရောက်ခဲ့တဲ့ ဗိုလ်မှုးကြီးစံနီ ဆီပြန်သွားခဲ့တယ် ဒူကမ္ဘာ့စံနီ နဲ့အတူ ဒူသိန်းဆွေ ကိုပါအတူတွေ့လိုက်ရတယ် ။ဒူသိန်းဆွေ ကအရင်က မြန်မာပြည်ကွန်မြူနစ်ပါတီကဖြစ်ပြီး နောက်တော့ KIA သို့ ဝင်ရောက်ခဲ့သူလို့ ဆိုကြပါတယ်။အတိအကျ ဘယ်လိုဆိုတာကျမ မသိပါဘူး။
ဆိုတော့ ဒူသိန်းဆွေက ကျမကို KIA သို့ခေါ်ယူခြင်းကို အမြင်ရှင်းစေလိုကြောင်း၊ လူမှု့ရေးအရနှင့်မဖြစ်သင့် တဲ့ကိစ္စများဖြစ်ပေါ်ခဲ့ခြင်းအတွက်များစွာဝမ်းနည်းခဲ့ကြရကြောင်း၊မိမိတို့အပေါ်တွင်စာနာထောက်ထားမှု့ရှိသည်တို့ကိုယုံကြည်စေလိုကြောင်း စသည် ဖြင့်ပြောကြားခဲ့တယ်။
အခု ကျမရဲ့သဘောထားကိုသိလိုကြောင်းမေးလာတဲ့အတွက် ကျမက KIA သို့ တရားဝင်ပြောင်းလွှဲရေးကို သဘောတူညီကြောင်း ပြောခဲ့ပါတယ်။ပြောလိုက်တာနဲ့ ချက်ခြင်း နယူးကင့်ရှိ ဗိုလ်ချုပ်ဇော်မိုင်ဆီ ဖုန်းဆက် အကြောင်းကြားတယ်။ကျမကို KIA သို့ တရားဝင်လွှဲပြောင်းရေးအတွက် ကျောင်းသားတပ်ကိုအကြောင်းကြားတယ်။ အချိန်တော်တော်ကြာ လိုင်စင်စခန်းမှာရှိတဲ့ ဒူကမ္ဘာစံနီအိမ်မှာနေ နေရတယ် ။
နယူးကင့်မှာရှိတဲ့ KIA စစ် ရုံးချုပ်ကို ကျောင်းသားစစ်ရုံးမှ ကျမကို KIA သို့တရားဝင်လွှဲပြောင်းစာရောက်လာတော့မှ ဗိုလ်ချုပ်ဇော်မိုင်မှကျမနဲ့ဖုန်းပြောတယ်။
ခု ကျမကို KIA မှတရားဝင်လွှဲပြောင်းယူလိုက်ပြီဖြစ်ကြောင်း၊
ယနေ့ယခုအချိန်ကစပြီး ကျမနဲ့ ABSDF-NB ကျောင်းသားတပ်မတော်နဲ့ဘာမှမသက်ဆိုင်တော့ကြောင်း၊
ကျမနှင့် ပက်သက်သမျှ တာဝန်ပိုင်း စီမံခွင့်များအားလုံး KIA တပ်မတော်မှ တာဝန်ယူ တာဝန်ချမှတ် ပေးတော့မည်ဖြစ်ကြောင်း နဲ့ဒီနေ့တရက် ကျောင်းသားတပ်သို့ပြန်ပြီး သူငယ်ချင်းများအားလုံးကို နှုတ်ဆက်နိုင်ကြောင်း။ မနက်ဖန်မနက်စောပိုင်း ကျောင်းသားတပ်ကို ကားလွှတ်ပြီး ခေါ်ယူမည့်အကြောင်း ပြောဆိုခဲ့တယ်။
အမှန်အတိုင်းပြောရရင် အဲ့ဒီအချိန်က ကျမရင်ထဲမှာ ဖော်ပြလို့မရနိုင်တဲ့ ပြင်းထန်တဲ့ ဝေဒနာတခု ခံစားခဲ့လိုက်ရတယ်။လပေါင်းများစွာ ကျမတို့နေ့စဉ်ဝတ်ဆင်နေတဲ့ ယူနီဖောင်းက ဝဲဘက်ရင်ဘတ်မှာရေးထိုးထားတဲ့ နှလုံးသားနဲ့နီးစပ်နေတဲ့နေရာက ကျောင်းသားတပ်မတော် ဆိုတဲ့တံဆိပ်စာတန်း ကကျမနဲ့ဘာမှမသက်ဆိုင်ပါ လားဆိုတဲ့ ဝမ်းနည်းမှု့ အတွေးက ပြည့်လာတယ်။
မဖြစ်သင့်တာတွေဖြစ်ခဲ့ကြပြီးမှတော့ ဖြစ်သင့်ဖြစ်ထိုက်တာကိုဘဲ ရှေ့ဆက်လျှောက်လှမ်းရတာမှာပေါ့။ဝမ်းနည်းမှု့ ခံစားချက်များကြားကဘဲ ရှေ့ဆက်ဘာဖြစ်ဖြစ်ရင်ဆိုင်သွားရတော့မယ် ဆိုတဲ့ခံစားချက်နဲ့ အားတင်းမိလိုက်တယ်။နောက် ဒူကမ္ဘာစံနီကို နှုတ်ဆက်ပြီးကျမ ကျောင်းသားတပ်ကိုပြန်တယ်။ ဘယ်သူနဲ့မှမတွေ့ဘဲကျမတို့ ၉ ဦးတဲကို ပြန်ခဲ့တယ်။
ကျန်ခဲ့တဲ့ ၈ ဦးရဲ့ မေးခွန်းများစွာနဲ့ ပြည့်နှက်နေတဲ့ အကြည့်တွေ .. ကျမ ပြုံးပြပြီး ခေါင်းညိမ့်ပြလိုက်တယ်။တဲထဲမှာစုထိုင်နေကြ တနေရာထဲသော မီးဖိုဘေးမှာ ဝိုင်းထိုင်လိုက်ကြတယ်။KIA ကိုခုဘဲ တရားဝင်လွှဲပြောင်းပြီးသွားကြောင်း နဲ့ ဒီနေ့ဒီည ကျောင်းသားတပ်မှာနောက်ဆုံး နေရမှာဖြစ်ကြောင်း တိုတိုပြောလိုက်တယ်။စကားရှည်ရှည်ပြောဖို့ သိပ်မကောင်းတဲ့အခြေအနေတွေမဟုတ်လား။ကိုညီညီ ကတော့မငယ် အဆင်ပြေမှာပါ ..အားလုံးအတွက်လမ်းပွင့်ပြီလို သုံးသပ်ချက်ပေးတယ်။
မှတ်မိသေးတယ် .. ကိုရဲလင်းရဲ့ တွေးတွေးဆဆလေး တလုံးခြင်းမေးတဲ့မေးခွန်း ..။ဘယ်သူက တကယ်လွှဲယူတာလဲ..တဲ့။ ကျမ ကိုရဲကိုကြည့်ပြီး ဗိုလ်ချုပ်ဇော်မိုင် လို့ပြောပြီး ဗိုလ်ချုပ်နဲ့ခုဘဲစကားပြောခဲ့တယ် ဆိုတော့ ဒါဆိုကောင်းတယ် ကောင်းတယ် အားလုံးအတွက်ကောင်းတယ် ဆိုတယ်။
သက်လင်းရောက်လာတယ်။ Cs ကမငယ်နဲ့ တွေ့ခြင်တယ်ဆိုလို့ ကျမ သံချောင်းရှိတဲ့ အပေါ်ကုန်းပေါ်တက် သွားတယ်။သံချောင်း စောင့်နေတာတွေ့တယ်။မင်းလူတွေ ( ကျန် ၈ ဦး ကိုဆိုလိုတာ) သိပြီလား ။ စိတ်မကောင်းဖြစ်နေကြပြီထင်တယ်လေး.. လို့ပြောလာတယ်။ကျမဘာတခုမှ မဖြေဘဲ သူဘာပြောပြောပြုံးပြီးနား ထောင်နေလိုက်တော့တယ်။
နောက်တော့သူက စောမြအောင်ကိုခေါ်ပြီး မငယ် ကိုဂစ်တာတလုံးပေးလိုက်ကွာ သူ KIA ပြောင်းတော့မှာ ကျောင်းသားတပ်ရဲ့လက်ဆောင်ပေါ့တဲ့။အကျယ်ချုပ်ခံရပြီးကတည်းက မရောက်ဖြစ်တဲ့ရဲမေဆောင်သွားပြီး နောက်ဆုံးအနေနဲ့တွေ့တဲ့သူနှုတ်ဆက်ခဲ့တယ်။ လက်ဆောင်ရတဲ့ ဂစ်တာပိုက်ပြီးကျမတို့ ၉ ဦးတဲကိုပြန်ခဲ့တယ်။တဲရောက်တော့ ထင်မြင်ချက်တွေတီးတိုးပြောဖြစ်ကြတယ်။ဒါနဲ့ဘဲကျောင်းသားမှာ နောက်ဆုံးနေထိုင်ခဲ့တဲ့ညကိုဖြတ်သန်းခဲ့ပါတယ်။
ဒီနေ့ ၁၉၉၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့။ ။
မနက်အိပ်ယာထတော့ ၉ ဦးသားနောက်ဆုံးအနေနဲ့မီးဖိုဘေးနား ဝိုင်းထိုင်နေဖြစ်ကြတယ်။ရှိတဲ့ ရိက္ခာလေးနဲ့ထမင်းချက်ပြီး နောက်ဆုံးအကြိမ်အနေနဲ့ ၉ ဦးအတူလက်ဆုံစားဖြစ်ကြတယ်။တကယ်ပါဘဲ .. အဲ့ဒီနေ့ကစပြီး ကျမတို့ ၉ ဦး အတူနီးနီးကပ်ကပ်မဆုံဖြစ်ခဲ့ကြတာ ဒီနေ့ထိတိုင်အောင်ပါဘဲ။ကျမကသူတို့အားလုံးကို လမ်းခွဲထားခဲ့ရတာ အဲ့ဒီကထဲပါဘဲ။၉ ဦးအတူအကျယ်ချုပ်နေထိုင်ခဲ့ရတဲ့ အဓိပ္ပါယ်မဲ့စွာကုန်ဆုံးခဲ့ရတဲ့ အချိန်တွေကို သတိရ နေစဲပါလေ။မမေ့သေးပါဘူး။နောက်တော့ သံချောင်းလာတယ်။နှုတ်ဆက်တယ်။
မကြာပါဘူး..KIA ကကားလာတော့ အားလုံးကို နှုတ်ဆက်လိုက်တယ်။ အလံတိုင်ကုန်းပေါ်က တလူလူလွင့်နေ တဲ့ကျောင်းသားအလံကို တချက်ကြည့်လိုက်ပြီး ကားပေါ်တက်လိုက်တယ်။ ဒါပါဘဲလေ.. ကျောင်းသားရဲမေတဦးရဲ့ နောက်ဆုံးကျောင်းသားတပ်မတော်ကို တရားဝင်ကျောခိုင်းခဲ့တဲ့နေ့။ ( ၄ရက် ၉လ ၁၉၉၂ )
ကားက KIA ဗဟိုဌာနချုပ် နယူးကင့်ကို ဦးတည်သွားတယ်။ နယူးကင့်ကိုအကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရောက်ဘူးတယ်ဆိုပေမဲ့ ဒီတခေါက်နဲ့မတူဘူး။ဟိုအရင်က ကျောင်းသားတယောက်အနေနဲ့။ အခု KIA တဦး အနေနဲ့။ ခံစားချက်အသစ်ဖြစ်လို့နေတယ်။
ကားရပ်တော့ KIA စစ်ရုံးကရဲမေလေး၂ယောက်လာကြိုတယ်။အရင်တုန်းကမျက်မှန်းတမ်းပြီး သိနေပေမဲ့ခုတော့ဒီဂျိမ်းဖောသူလေးတွေနဲ့ကျမအနီးကပ်နေရတော့မှာရယ်.. ဘာသာစကား မတူတော့ဘူးလေ။စကားရော စာပါကွာခြားချက်ရှိလာပြီမဟုတ်လား။ရဲမေ ၂ဦးမှာတဦးက ၃ရစ်နဲ့ ဆိုတော့ တပ်ကြပ်အဆင့်ပေါ့။သူက ကျမကို ဒူကမ္ဘာ့Cs ( ဗိုလ်ချုပ်ဇော်မိုင်) စောင့်နေကြောင်းပြောပြီး ဦးဆောင် ခေါ်သွားတဲ့ အပေါ်ကုန်းပေါ်က ဗိုလ်ချုပ်အိမ်ကို ကျမလိုက်သွားလိုက်တယ်
ထဲဝင်တာနဲ့ ကျမတော်တော်လေး တုန်လှုပ်သွားမိတာအမှန်ပါဘဲ။ ဘယ်လိုဘဲဖြစ်ဖြစ်ပါ ..ဗိုလ်ချုပ်ကိုအလေးပြုလိုက်တယ်။ ဗိုလ်ချုပ်တဦးထဲစောင့်နေတာမဟုတ်ပါဘူး။KIA တပ်မတော်မှ စစ်ရေးပိုင်းဆိုင်ရာထိပ်တန်းအရာရှိကြီးတွေ နဲ့အတူ KIA ကထောက်လှမ်းရေးတာဝန်ခံ အရာရှိတွေ ၊ အဲ့ဒီအချိန်ကာလက KIO အတွင်းရေးမှုး - ယနေ့KIO လက်ရှိ ဥက္ကဌ ဦးဇောင်းဟရား တို့အားလုံးကိုတွေ့မိတာ ကျမ မတုန်လှုပ်ဘဲနေမှာလား။
ယူနီဖောင်းအပြည့်အစုံဝတ်ဆင်ထားကြတဲ့ ထိပ်တန်း KIA/ KIO အရာရှိတွေ အားလုံးဝိုင်းရံထားတဲ့ ခလည်မှာ ကျမအတွက် ထိုင်ဖို့ခုံတလုံးချ ထားပေးတယ်။ရိုးရိုးရှင်းရှင်းပြောရရင် စစ်ခုံရုံးလေးတခုအသွင်ဆောင်နေတယ်လေ။
ကျမအတွက်ကတော့ ခံစားချက်တွေ နိမ့်လိုက် မြင့်လိုက်အပြင်းအထန်ခံစားနေခဲ့ရတာ ကျမပထမဦးဆုံးအဖမ်း ခံခဲ့ရတဲ့ ၁၉၉၁ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ ကတည်းကပါ။ အဲ့ဒီခံစားချက်တွေဟာကျမအတွက်တော့ မဆန်း တော့ပေမဲ့လဲ ခံစားချက်ဆိုတာလျပ်တပြတ်အချိန်မှာ ဘယ်လိုထိမ်းချုပ်နိုင်မှာလဲ။စိုးရိမ်တယ် ပူပန်တယ်ဆိုတဲ့အဆင့်ထက်ခံစားချက်တွေက သာလွန်နေတယ်။
ထိုင်နေတဲ့အနေအထားမှာ ဒူသိန်းဆွေ ဒူခွန်မော်နဲ့ အခြားKIA ကထောက်လှမ်းရေးအရာရှိတွေကို မျက်နှာခြင်းဆိုင်နေရတယ် ။ ကျမရဲ့ဘယ် ညာ အနေအထားမှာ KIA KIO ထိပ်တန်းအရာရှိတွေ နေရာယူထားကြတယ်။ ဒူသိန်းဆွေက ကျမကျောင်းသားတပ်မှာထွက်ဆိုထားတဲ့စစ်ချက်ဖိုင်ကို ကြည့်ပြီး မေးခွန်းတွေ တခုခြင်းမေးတယ်။ကျမလဲ ၏သည် မရွေး ABSDF-NB မှာဖြေခဲ့တာကိုဘဲ ပြန်ဖြေခဲ့တယ်။
အားလုံးမေးပြီးတာနဲ့တကြော့ပြန် ကျမရဲ့ ကိုယ်ပိုင်နံပတ်ပြန်မေးပြန်တယ်။သူတို့မေးတာ ကျမဖြေတိုင်း ခေါင်းခါတယ်။ရီကြတယ်။ကြာတော့ကျမမဖြေတော့ဘဲ တွေကြည့်နေလိုက်တော့တယ်။
ဗိုလ်ချုပ်ဇော်မိုင်က မေးခွန်းတွေရပ်ခိုင်းလိုက်တယ်။မဟုတ်တာတွေဖြစ်ကုန်တာကောမင်းတို့တွေလို့ပြောတယ်။ကျမငိုခြင်စိတ်တင်းထားတာတွေလျှော့ပလိုက်တယ်။အားပေးစကားပြောတယ်။ဒီကိစ္စကိုမင်းဘယ်တော့မှ မမေ့နိုင်ဘူးဆိုတာငါ နားလည်တယ်။မီးငယ် .. အချိန်တခုတော့စောင့်စေခြင်တယ်လို့ ပြောခဲ့တယ်။ခုမင်းတို့ဘယ်နှစ်ယောက်ကျန်နေသေးလဲမေးလို့ ၈ ဦးကျန်နေတယ်။အကျယ်ချုပ်ခံထားရတာ မေလ ၂၁ ရက်နေ့ည ၅၅ ဦးထွက်ပြေးသွားစဉ်ကတည်းလို့ပြောပြခဲ့တယ်။ခုအချိန်ကစပြီး မင်းလွတ်လွတ်လပ်လပ်သွားပါ။မင်းကိုယ်မင်း NIB က ထလရဒုဗိုလ် ပြောလဲငါကမယုံဘူး။ မင်းတို့အားလုံးရဲ့စစ်ချက်တွေဘာတွေမှန်းလဲမသိဘူး။တယောက်နဲ့တယောက်အားလုံး ဒီလောက်ကွင်းစက်တွေသိနေကြတာကွာ.. စစ်တပ်ကလူတွေ အယောက် ၉ဝ ကျော် ၁ဝဝ မပြောနဲ့ ၁ဝ ယောက်လောက်ဘဲ ဒီမှာ ဒီလိုစုနေ.. ငါတို့အားလုံးပြောင်ပြီ ..မင်းကိုယ်ပိုင်နံပတ် ကသိပ် စီနီယာကျတာကော.. မင်းခင်ညွန့်ကိုယ်ပိုင်နံပါတ်က (xxxxx) ။ မင်းအဖေ ကိုယ်ပိုင်နံပါတ်က (xxxx) ။{ ဗိုလ်ချုပ်ကတော့ အတိအကျ ပြောပြပါသည်..ကျမ မမှတ်မိတော့ပါ}။ ခင်ညွန့်ကိုယ်ပိုင်နံပါတ်က တသောင်းကျော် ဟုထင်ပါသည်။ကျမအဖေ ကတော့ အမှတ်စဉ် ၉ ကိုယ်ပိုင်နံပါတ် ခြောက်ထောင်ကျော် ဖြစ်တယ်။ ကျမတို့ကိုမတရားလူမဆန်စွာ ညှင်းပန်းရာမှ ထွက်ခဲ့ရတဲ့စစ်ချက်ထဲက NIB ဒုဗိုလ် ကိုယ်ပိုင်နံပါတ်မှာ က/၁၇၅ဝ ဖြစ်တယ်။
ဆိုတော့ KIA မှအရာရှိ ကြီးတဦးကတော့ပြောပါတယ် .. မင်းဘာလို့ ဒုဗိုလ်ဖြစ်လဲ.. ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်ရမှာပေါ့တဲ့။အဲ့ဒီနေ့က ဒူကမ္ဘာတွေပြောကြတာတွေအများကြီးပါ။
စစ်ကြောရေးခံရတိုင်း ဦးစီးလွှမ်းမိုးလို တချက်တည်းသေနပ်နဲ့ပစ်သတ်လိုက်ရင်ကောင်းမှာဘဲ အမြဲတွေးတယ်။ ဒါကြောင့်လဲ မိုင်းချည်ပြီးလက်ဖြတ် ခြေဖြတ်လုပ်တော့ ကိုယ့်အလှည့်ရောက်ရင်လက်ကိုလည်ပင်းနားဆွဲကပ် လိုက်ဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။ပစ်သတ်လိုက်ရင်တခါတည်းသေ..အေးရော။တတိတိနဲ့တချိန်လုံးနှိပ်စက်တာ အဲ့ဒီဒဏ်ကို ကျမ မခံနိုင်တော့ဘူး။
သတ္တိနည်းတယ်.. သူရဲဘောကြောင်တယ်.. ဘယ်လိုစိတ်ဓါတ်နဲ့တော်လှန် ရေးလုပ်သလဲ.. ဒီဒဏ်လေးတောင်မခံနိုင်ဘူးလား .. မဟုတ်ဘဲနဲ့ဘာလို့ ထလရ ပါ ပြောကြတာလဲ … ဘာလို့ တယောက်ကိုတယောက်ဆွဲထည့်ကြတာလဲ .. မေးကြတယ်.ပြောကြတယ်..။ပြောခြင်သလိုတာပြောကြပါတော့။ ညှင်းပန်းနှိပ်စက်မှု့ဒဏ်ကို တကယ်လက်တွေ့ခံစားခဲ့ကြဘူးသူတွေသာ သိကြနားလည်ကြပါတယ်။ညှင်းပန်းနှိပ် စက်မှု့တွေကြောင့် ၁၄ ဦးခန့် သေဆုံးခဲ့ရတာ.. ကိုအားစိုက်လိုမျိုး မသေခင်အတွင်းမှာ ပုပ်ပြီးဗိုက်တခုလုံးခရမ်းရောင်လိုဖြစ်နေတဲ့အထိတောင် ဆက်ပြီးနှိပ်စက်နေကြတာ ကျမမျက်မြင်ပါလေ။ကျမနဲ့ကိုကျော်နိုင်ဦး (ကြောင်) ကို လက်နောက်ပြန်ကြိုးတုတ် အနေအထားနဲ့ အပြစ်မဲ့တဲ့တော်လှန်ရေးသမားတဦးကို ရက်ရက်စက်စက်နှိပ်စက်ပြတာဘာသဘောလဲ။
တကယ်လို့များအဲ့ဒီအချိန်တုန်းက မတရားသဖြင့်အဖမ်းခံထားရတဲ့ အယောက် ၁ဝဝ ကို မင်းတို့တတိတိနဲ့ရေ ရှည်နှိပ်စက်ပြီးအသေခံမလား .. တချက်တည်းပစ်သတ်ပြီးအသေခံမလားလို့များမေးခဲ့ရင် တချက်တည်းပစ်သတ်တာခံပါ့မယ်လို့များတညီတညွတ်ထဲတောင်းဆိုကြမယ်ထင်ပါတယ်။
ကျမ KIA ရောက်တော့လွတ်လပ်ခြင်းရဲ့အရသာကို မခံစားတတ်သလိုဖြစ်မိတယ်။KIA ဗဟိုစစ်ရုံးကရဲမေတွေတအားရိုးသားတယ်။ချစ်စရာကောင်းတယ်။ကျမအနေနဲ့ဘယ်မှလဲသွားခြင်လာခြင်စိတ်မရှိတော့ အမြဲတမ်း KIA ထောက်လှမ်းရေးက ဒူလိုင်ဆမ်း တို့ဆီဘဲအလည်သွားမိတယ်။
တခါတလေ ဗိုလ်မှုးကြီးပန်းအောင်ဆီအလည်သွားရင် သူက ABSDF-NB ရဲ့ဖြစ်ပျက် သွားခဲ့တာတွေမေးတတ်တယ်။သေဆုံးမှု့စာရင်းတွေ၊ဖမ်းဆီးမှု့စာရင်း တွေကျောင်းသားတပ်ကအမှန်မပြောဘူးလေ။ ၈ဝ လောက်ဖမ်းပြီး ၁၅ ဦးသတ်တယ်ပြောတယ်။ တကယ့်စာရင်း အမှန်ကို လိမ်ညာထားတယ်။အဲ့ဒီမှာ ဒူကမ္ဘာ့ ကမငယ် မင်းအဲ့ဒီစာရင်းတွေ ရေးထား..တနေ့မင်းလိုအပ်လာလိမ့်မယ်လို့ ပြောခဲ့တယ်။အသေးစိတ်တွေကျမပြောလို့ကတော့ ဝတ္ထုတအုပ်ဖြစ်သွားမှာမို့ လိုရင်းဘဲပြောပါရ စေတော့။
ကျမ KIA ရောက်ပြီးတော့ ဗိုလ်ချုပ်ဇော်မိုင်ကို AB-NB မှာ ကျန်နေတဲ့ ၈ ဦးနဲ့ပက်သက်ပြီး ကျမလိုဘဲ KIA ကို ခေါ်ယူပေးဖို့ တောင်းဆိုခဲ့တယ်။ ဗိုလ်ချုပ်က တော့ ABSDF-NB ဟာ KIA ရဲ့ လက်အောက်ခံမဟုတ်ကြောင်း၊ တန်းတူမဟာမိတ်ဖြစ်ကြောင်း။ကျန်နေသေးတဲ့ ၈ ဦးအပေါ်စာနာပေမဲ့ တချိန်တည်းခေါ်ယူဖို့ဆိုတာ ထင်သလို မလွယ်ကူကြောင်း။ အချိန်ယူရမှာဖြစ်ကြောင်းတို့ ပြောဆိုခဲ့တယ်။
ဒါပေမဲ့မရှေးမနှောင်းကာလမှာဘဲ ဒူလိုင်ဆမ်းကကျမကိုပြောလာတယ်။အဲ့ဒီမှာ အင်္ဂလိပ်စာသင်တဲ့ဆရာရှိတယ်ဆို.. ကျနော်တို့ သင်ကြရင်ကောင်းမယ်လို့ပြောလာတယ်။ကျမနားလည်လိုက်ပါတယ်။ချက်ခြင်းဘဲ သူကျောင်း သားတပ်ကိုဖုန်းဆက်သွယ်ပြီး မကြာဘူး ကိုညီညီ(စမား)ကို သံချောင်း က KIA ကို လာခွင့်ပြုခဲ့ပါတယ်။ဒီလိုနဲ့ ကိုညီညီ ကဆရာ၊ ကျမနဲ့ ဒူလိုင်ဆမ်း ကတပည့် စာခဏသင်ဖြစ်ကြပါတယ်။ အစဦးပိုင်းကာလမှာတော့ ကိုညီ ညီက KIA ကိုမနက်လာပြီး ညနေချိန်ပြန်ပါတယ်။ နောက်ပိုင်းကာလကြတော့ တရက်တလေ KIA မှ ညအိပ် ဖြစ်လာတယ်။
ကျမအနေနဲ့ကတော့ အချိန်ယူပြီးတဖြေးဖြေးခြင်း တယောက်ပြီးယောက် KIA ကိုလွှဲပြောင်းယူ သွားနိုင်မယ်လို့ဘဲ အဲ့ဒီအချိန်ကတွေးထင်မိခဲ့ပါတယ်။ဒါပေမဲ့ မထင်မှတ်တဲ့အခြားအကြောင်းအရာတရပ်ပေါ်ခဲ့ ပြန်ပါတယ်။ တရက်မှာ သံချောင်းက ဗိုလ်ချုပ်ဇော်မိုင် အိမ်ကုန်းပေါ်တက်သွားတာ ကျမ KIA စစ်ရုံးကနေမြင် လိုက်ပါတယ်။ ဘာအကြောင်းရယ်ကျမ အတိအကျမသိပါဘူး။ အချိန်အတော်ကြာ သံချောင်းပြန်ဆင်းလာတော့ ဒေါသထွက်နေတဲ့ အနေအထားကိုကျမတွေ့ရတယ်။နောက်တော့ကျမလဲ ရဲမေဆောင်ရောက်ပြီးမကြာဘူး အဆောင်ကို ဗိုလ်ချုပ်ဇော်မိုင်ဖုန်းဆက်ခေါ်ပါတယ်။
ကျမ ဗိုလ်ချုပ်ဇော်မိုင်ဆီ ရောက်တော့ တိုတိုရှင်းရှင်းဘဲကျမကိုပြောပါတယ်။ မီးငယ်.. မင်းရဲ့ခေါင်းဆောင်ဟောင်းလာတာတွေ့လား။ငါ့ဆီ မင်းကို ကျောင်းသားတပ်ပြန်လွှဲပေးဖို့၊ ဟိုမှာဘုန်းကြီးတပါးဖမ်းထားတယ်။အဲ့ဒါမင်းသိနိုင်တယ်..အန္တရာယ် .ကြီးတယ်..သတ်သင့်ရင်သတ်ပစ်ရမယ်ပြောတယ်။
ကျမ တော်တော်ဘဲစိတ်ဓါတ်ကျသွားတယ်။ဗိုလ်ချုပ်ကဆက်ပြောတယ်.. မင်းတို့ထင်သလိုဖမ်းသတ်မနေနဲ့။ဖြစ်ခဲ့တာတွေမှားကုန်တယ်။မငယ်ကို တရားဝန်လွှဲယူထားတယ်။ငါပြန်မပေးဘူးလို့တဲ့။ အေး ခုမင်းဘယ်လိုထင်လဲ .. တဲ့ကျမကိုမေးလာတယ် ။ ကျမက ဗိုလ်ချုပ်ဇော်မိုင်ကို ပြောလိုက်တယ်။ ဒူကမ္ဘာCS ကျမ ဒီမှာ ဆက်မနေခြင်တော့ဘူး။အိမ်ပြန်ခြင်ပြီ ။ပြန်ခွင့်ပေးပါလို့။ KIA မှာဆက်ပြီးတာဝန်ထမ်းဆောင်ခြင်ပေမဲ့ ခုလိုမျိုးဆိုရင်တော့ ရှေ့ဆက်မနေတာအကောင်းဆုံးပါလို့ CS ဇော်မိုင်ကို ပြောခဲ့ပါတယ်၊တကယ်ကိုဘဲ အမေ့အိမ်ပြန်ခြင်ပြီ လို့ပြောတော့ ပြန်ခွင့်ပေးပါတယ်။
ဒါပေမဲ့ မီးငယ် စဉ်းစားပါ.. အိမ်ပြန်တာထက် မင်းအကိုနဲ့လိုက်သွားတာ ပိုအဆင်ပြေမယ်ထင်တယ်လို့ ငါထင်တယ်.. မင်းလုပ်ခြင်တာမင်းပြောပြခြင်တာတွေ အပြင်မှာဆိုပိုကောင်းမယ်လို့ .. အကြံပေး သတိပေးခဲ့လို့စဉ်းစားပါ့မယ်လို့ပြောလိုက်တယ်။နောက်တနေ့တော့ ကျမ ဒူကမ္ဘာ CS ဇော်မိုင်ကို ကျမ အကိုဆီသွားမယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒါနဲ့ ဒူကမ္ဘာ CS က ကျမအတွက် ဘန်ကောက်သွားဖို့ စီစဉ်ပေးခဲ့ပါတယ်။
နန်းအောင်ထွေးကြည်။
၁၃.၈.၂၀၁၂
>> ဗိုလ်မှူးဂျိမ်းလွန်းဒေါင်နှင့်အတူ<<
Thursday, October 26, 2017
မိန်းကလေးတစ်ယောက်ရဲ့ အလှအတွက် လျို့ဝှက်နည်းလမ်းကောင်းလေးများ
အသားအရေ စိုပြည် ကြည်လင် ဖြူဖွေးစေဖို့ နည်းလမ်းကောင်းတစ်ခု
အရေပြား အမဲစက်များနှင့်ဝက်ခြံ အညစ်အကြေး နေရောင်ခြည်ကြောင်း အသားအရေမညီညာဖြစ်ခြင်းတို့အတွက်အကောင်းဆုံး နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။
ပါဝင်သောပစ္စည်းများ
(၁) ထောပတ်
(၂) ဖရဲသီး
သေးငယ်တဲ့ပန်းကန်းထဲတွင် ဖရဲသီးအတုံးလေးများ(၅)တုံးထည့်ပါ။ ထောပတ်အနည်းငယ်ထည့်ပါ။ ဖရဲသီးနှင့်ထောပတ်ကို သေချာ ရောနှောပါမယ်။ မျက်ကိုစင်ကြယ်စွာ သန့်စင်ပြီး ရရှိလာသောအ ရောအနှောကိုလိမ်းပါ။ ၁၅မိနစ်လောက်ထားပြီး ရေဖြင့်ဆေးကြောနိုင်ပါပြီ။ Moisturizerအနည်းငယ်လိမ်းပေးပါ။ အနည်းဆုံးတစ်ပတ် နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။
ဆံပင် ပြန်ပေါက်လာစေမည့် နည်းလမ်းကောင်း တစ်ခု
လူသန်းပေါင်းများစွာ ကွဲပြားခြားနားသော အကြောင်းပြချက်များအတွက် ဆံပင်ဆုံးရှုံးများကို ကြုံတွေ့နေရပါတယ်။ ဆံပင်ကျွတ်ရခြင်း အကြောင်းအရင်းများမှာ နာမကျန်းဖြစ်ခြင်း၊ ကျန်းမာရေးကြောင်း နာတာရှည်ဆေးဝါးများ သောက်နေရခြင်း၊ ကလေး မွေးဖွား မူကြောင်း ဖြစ်ပါတယ်။
ပါဝင်သောပစ္စည်းများ
(၁)ကြက်ဥအနှစ်
(၂)ပျားရည်
(၃) ကြက်ဆူဆီ
ဆံပင်ပြန်ပေါက်အောင် ကြက်ဆူဆီကို အဓိကလိုအပ်ပါတယ်။ ကြက်ဆူဆီသည် ဆံပင်ပြန်ပေါက်လာနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ဘောက်ထခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဦးရေပြားရဲ့ PHကိုထိန်းညှိပေးပါတယ်။ ဆံပင်များကို လည်းပိုမိုသန်စွမ်း ခိုင်မာလာစေပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်ဥအနှစ်(၁)လုံး၊ ပျားရည်(၁)ဇွန်း၊ ကြက်ဆူဆီ(၂)ဇွန်း၊စသည်တို့ကို သန့်စင်သောပန်းကန်ထဲတွင် ထည့်ပြီး ရောနှောပါမယ်။ ရရှိလာသော အရောအနှောကို ဦးရေပြားနှင့်ဆံပင် အမြစ်များကို အဓိကထား လိမ်းရ ပါမယ်။ ဆံပင်ကို Shower Capဆောင်းပြီး (၂)နာရီလောက်ထားရပါမယ်။ တစ်ပတ်အတွင်း နှစ်ကြိမ်ပြုလုပ်နိုင်ပါတယ်။ (၂)လအတွင်း အံ့သြ ဖွယ် ကောင်းသော ရလဒ်ကို ပိုင်ဆိုင်ရပါလိမ့်မယ်။
၅ရက်အတွင်း မျက်နှာပေါ်မှ အမဲစက်၊ ဝက်ခြံ၊ အမာရွက် များကိုဖယ်ရှားနိုင်မည့် နည်းလမ်းကောင်း
ဝက်ခြံကြောင်းဖြစ်တဲ့ အမာရွက်များနှင့်အမဲစက် များကိုဖယ်ရှားနိုင်မည့် နည်းလမ်းကောင်းလေးများကိုဖော်ပြ ပေးလိုက်ပါတယ်။ ဝက်ခြံများ ကင်းစင်စေပြီး လှပတဲ့ အသားအရေ ကိုပိုင်ဆိုင်စေမှာပါ။
ပါဝင်သောပစ္စည်းများ
အာလူး (၁)လုံး
သံပုရည်(၁)ဇွန်း
အသုံးပြုရန်နည်းလမ်း
အာလုံးတစ်လုံးကို ရေဆေးပြီးအခွံချွတ်ပါ။ အာလူးကို သေးငယ်သော အတုံးလေးများ ဖြစ်အောင် လှီးဖြတ်ပါ။ သေးငယ်သော အတုံးလေးများကို ဖျော်စက်ထဲထည့်ပြီး ရေအနည်းငယ် ထည့်ပီးဖျော်ပါ။ အာလူးအဖတ်များ ကိုအသုံးမပြုဘဲ အာလူးအရည်ကိုသာ အသုံးပြုပါမယ်။ အာလူး အရည်ထဲသို့သံပုရာ(၁)ဇွန်းထည့်ပါမယ်။ မျက်နှာကိုသန့်စင်ပြီး ရောနှောထားသည့် (အာလူးအရည်နှင့်သံပုရာရည်)ကို ဝါဂွမ်းဖြင့် မျက်နှာကို ညင်သာစွာ လိမ်းပါ။ ၁၀မိနစ်ခန့် ထားပြီး ရေဖြင့် ဆေးကြောနိုင်ပါသည်။ ၁ရက်ကြိမ်ခန့်ပြုလုပ်နိုင်ပြီး ၅ရက်အတွင်း မျက်နှာပေါ်က အမဲစက်၊ ဝက်ခြံ၊ အမာရွက်များ ပျောက်ကင်းသွားပါလိမ့်မည်။
လက်အဆစ်လေးတွေ ဖြူဖွေးစေဖို့ နည်းလမ်းကောင်းလေးများ
လက်အဆစ်လေးတွေဖြူဖွေးစေဖို့ အလွယ်ဆုံး နည်းလမ်းကောင်းလေး များကို ဖော်ပြပေးလိုက်ပါတယ်။ညိုမဲနေတဲ့ လက်အဆစ်၊ ခြေထောက်၊ နှုတ်ခမ်းမဲခြင်း၊ တံတောင်ဆစ်မဲခြင်း တို့အတွက်လည်း အသုံးပြုနိုင် ပါတယ်။
၁။ သကြားနှင့်သံပုရာရည်
သကြားနှင့်သံပုရာရည်ကိုရောစပ်ပါ။ သကြားအရည်မပျော်ခင် ပွတ်တိုက်ရမှာ ဖြစ်ပါတယ်။ မိနစ်၅၀ခန့် ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။
၂။နို့မုန့်နှင့်ဗီတာမင်E
နို့မုန့်လ္ဘက်ရည်ဇွန်း(၁)ဇွန်းနှင့် ဗီတာမင်E (၁)တောင့်ကိုရောမွှေပါ။ သင့်အသားအရေကို အပြင်းအထန် ပွတ်ပေးပါ။ (၁၀)မိနစ်ခန့်ပွတ်ပြီး ရေဖြင့် ဆေးကြောနိုင်ပါတယ်။
၃။ဒိန်ချဉ်နှင့်ဗာဒံဆီ
ဒိန်ချဉ်(၁)ဇွန်းနှင့် ဗာဒံဆီး(၁)ဇွန်းကို ရောမွှေပါ။ သင့်အရေပြားကို ပြင်းပြင်းထန်ထန် ပွတ်တိုက်ပေးပါ။ ၁၀မိနစ်ခန့်ထားပြီး ရေဖြင့် ဆေးကြောနိုင်ပါတယ်။
၃ရက်အတွင်း ချွေးပေါက်ကျယ်ခြင်းကို သက်သာစေမည့် နည်းလမ်းကောင်း
မျက်နှာပေါ်မှာ ချွေးပေါက်ကျယ်ခြင်းကို အလွယ်နည်းလမ်းဖြစ်သော အိမ်သုံးပစ္စည်းများကို အသုံးပြုနိုင်မည့် နည်းလမ်းကောင်းလေးများကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရှားစောင်းလက်ပတ်
ချွေးပေါက်ကျယ်ခြင်းကို သက်သာစေရန် ရှားစောင်းလက်ပတ်ကို အသုံးပြုနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ကို ညမအိပ်ခင်လိမ်းပြီးအိပ်ပါ။ မနက်မိုးလင်းမှရေဖြင့်ဆေးကြောလိုက်ပါတယ်။
Moisturized သုံးပေးပါ။
(၂)ကြက်ဥ
ချွေးပေါက်ကျယ်ခြင်းအတွက် ကြက်ဥဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ ကြက်ဥအရည်ကြည်နှင့် သံပုရာ(၁)ဇွန်းလောက်ရောနှောပြီး လိမ်းပေးနိုင်ပါတယ်။ မိနစ်(၂၀)လောက်ထားပြီး ရေဖြင့် ဆေးကြောနိုင်
ပါတယ်။
(၃) မုန့်ဖုတ်ဆိုဒါ
မျက်နှာချွေးပေါက်ကျယ်ခြင်းအတွက် မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကိုရေအနည်းဖြင့်ရောစပ်ကာ လိမ်းပေးပါ။ မိနစ်(၂၀) လောက်ထားပြီး ရေဖြင့်ဆေးကြောနိုင်ပါတယ်။ ရေဖြင့် မျက်နှာသစ်ပြီး Moisturizedလိမ်ပေးပါ။ မျက်နှာအသားအရေ ကောင်းမွန်လာစေပါတယ်။
စက်ဆွဲစရာမလိုဘဲ သဘာဝအတိုင်း ဆံပင်ဖြောင့်နည်း
ဓာတုပစ္စည်းများကို အသုံးမပြုဘဲ သဘာဝအတိုင်း ဆံပင် ဖြောင့်ချင်သူများ အတွက် နည်းလမ်းကောင်းဖြစ်ပါတယ်။ စက်ဆွဲစရာမလိုဘဲ သဘာဝ နည်းလမ်းကျကျ ပြုလုပ်နိုင်မည့် နည်းလမ်း ကောင်းလေးကို ဖော်ပြ ပေးလိုက်ပါတယ်။
ပါဝင်သောပစ္စည်းများ
အုန်းနို့ (၁)ခွက်
သံပုရာရည် (၃)ဇွန်း
သံလွင်ဆီ(၃)ဇွန်း
ကော်မှုန့်ဖြူ (၄)ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
သန့်စင်သောဖန်ခွက်တစ်ခုထဲတွင် သံပုရာရည်နှင့်ကော်မှုန့်ဖြူကိုထည့်ပြီး (၃)မိနစ်ခန့်မွှေပါ။ အိုးတစ်လုံးထဲတွင် အုန်းနို့ကိုထည့်ပြီး(၁)မိနစ်ခန့်မွှေပါ။ သံလွင်ဆီ အနည်းငယ် ထည့်ပါ။ ရောစပ်ထားသည့် သံပုရာရည်နှင့် ကော်မှုန့်ဖြူ ကိုထည့်ပြီးရောမွှေပေးပါ။ မိနစ်အနည်းငယ် ကြာအောင် ရောမွှေပြီး ဖန်ပုလင်းထဲတွင်ထည့်ထားနိုင်ပါတယ်။ ခေါင်းမလျှော်ခင်
မှာ သုတ်လိမ်းပြီး Shower Capဖြင့် (၂)နာရီအကြာ ဖုံးအုပ် ထားရမှာ ဖြစ်ပါတယ်။ ခေါင်းလျှော်သည့်အခါ Conditioner သုံးနိုင်ပါတယ်။
အမွှေးအမျှင်များကို နှုတ်စရာမလိုဘဲ သဘာဝအတိုင်း ဖယ်ရှားနည်း
မလိုအပ်တဲ့ အမွှေးအမျှင်များကြောင်း စိတ်ရှုပ်စရာမလိုပါဘူး။ အချိန်ကုန်ခံပြီး နှုတ်နေစရာလည်းမလိုပါဘူး။ အလွယ်ကူဆုံး သဘာဝအတိုင်း ဖယ်ရှားနိုင်မည့် နည်းလမ်းကောင်း
လေးများကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်ပစ္စည်းများ
သကြား (၁)ခွက်
သံပုရာသီး (1/2)
ရေအနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
သန့်စင်သောအိုးတစ်လုံးထဲတွင် သကြား(၁)ကြားထည့်ပါ။ သံပုရည်သီးတစ်ခြမ်းအရည်ညစ်ပြီးထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး (၄)မိနစ်လောက်အပူပေးပါ။ ရရှိလာသော အရည် (သကြားဖယောင်) ကိုဖန်ပုလင်း တစ်ခုထဲတွင်ထည့်ပြီး သိမ်းဆည်းနိုင်ပါတယ်။
အသုံးပြုပုံ
အမွှေးအမျှင် ဖယ်ရှားမည့်နေရာကို သကြားဖယောင်းလိမ်းပြီး ညင်သာစွာခွာနိုင်ပါတယ်။ အမွှးအမျှင်များ တစ်ခါတည်း သန့်စင် သွားပါလိမ့်မည်။ (သကြား)ဖြင့် အမွှေးအမျှင်များကို waxing ပြုလုပ်ခြင်းတစ်မျိုးဖြစ်ပါသည်။
အာလူးပြုတ်ဖြင့် မျက်နှာပေါင်းတင်ကြမယ်။
မျက်နှာဖြူဖွေးအောင် အာလူးကိုကောင်းကောင်း အသုံးချနိုင်ပါတယ်။ မျက်နှာဖြူဖွေးအောင် ရိုးရှင်းတဲ့ နည်းလမ်းကောင်းလေးကို ဖော်ပြ ပေးလိုက်ပါတယ်။
ပါဝင်သောပစ္စည်းများ
(၁) အာလူး (၁)လုံး
(၂) ဒိန်ချဉ် (၃)ဇွန်း
(၃) ပျားရည် (၁)ဇွန်း
(၄) သံပုရာရည် (၁)ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
အာလူး (၁)လုံးကိုပြုတ်ပါ။ ပြုတ်ပြီးသော အာလူးကို အခွံခွာပါ။ သန့်စင်သော ပန်းကန်ထဲတွင် အခွံခွာထားသောအာလူးကို ဇွန်းတစ်ချောင်ဖြင့် အနှစ်ရအောင်ပြုလုပ်ပါ။ ဒိန်ချဉ်(၃)ဇွန်း ထည့်ပါ။ ပျားရည်(၁)ဇွန်းနှင့် သံပုရာရည်(၁)ဇွန်းထည့်ပါ။ ပါဝင်သော ပစ္စည်းများကို ရောနှောပြီး မျက်နှာပေါ်လိမ်းပါ။ မိနစ်(၂၀)ခန့်ထားပြီး ရေဖြင့်ဆေးကြောနိုင်ပါတယ်။တစ်ပတ်(၂)ကြိမ်ပြုလုပ်နိုင်ပါတယ်။ ဖြူဖွေးတဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေမှာပါ။
ဆံပင်ပါးသူများအတွက် ဆံပင်ထူလာစေမည့် နည်းလမ်းကောင်း
သင့်ရဲ့ဆံပင်ပြန်ပေါက်လာနိုင်စေဖို့ နည်းလမ်းကောင်း လေးတစ်ခု ဖြစ်ပါတယ်။ ဆံပင်ထူလာစေပြီး ဆံပင်ကျွတ်ခြင်း သက်သာလာစေမည် နည်းလမ်းကောင်းဖြစ်ပါတယ်။ဘေးထွက် ဆိုးကျိုးမရှိဘဲ သဘာဝနည်းလမ်း အတိုင်ဖြေရှင်းနိုင်ပါတယ်။
ပါဝင်သောပစ္စည်းများ
ကြက်ဥ (၁)လုံး
ပျားရည် (၁)ဇွန်း
ဘီယာ (1/2)ခွက်
ငှက်ပျောသီး (1/2)
ပါဝင်သောပစ္စည်းများကို သန့်စင်သောပန်းကန်တစ်ခုတွင်ထည့်ပြီးရောမွှေပါ။ ခေါင်းမလျှော်မီ ဦးရေပြားပေါ်လိမ်းပြီးနှိပ်နယ်ပေးပါ။ (၁)နာရီလောက်ထားပြီး ခေါင်းလျှော်နိုင်ပါတယ်။ သင့်ခေါင်းလျှော်တိုင်း ယခုနည်းလမ်းကို ပြုလုပ်နိုင်ပါတယ်။
သင့်ကို(၁၀)နှစ်လောက်နုပျိုသွားမည့်နည်းလမ်းကောင်း
ထမင်း ကိုအသုံးပြုပါမယ်။ အလှအပအတွက် များစွာကောင်းကျိုးပေးသော ထမင်းဖြစ်ပါတယ်။ ထမင်းသည် မျက်နှာရောင်ရမ်းမူများကိုလည်း လျော့ကျ စေပါတယ်။
ပါဝင်သောပစ္စည်းများ
ထမင်း (၃)ဇွန်း
နို့မှုန့်(၄)ဇွန်း
ပျားရည်(၁)ဇွန်း
သန့်စင်သောပန်းကန်ထဲတွင် ထမင်းရည်(၃) ဇွန်းထည့်ပါ။ နို့မှုန့် (၄)ဇွန်းထည့်ပါ။ ပျားရည်(၁)ဇွန်းထည့်ပါ။ ပါဝင်သောပစ္စည်းများကို ကောင်းစွာရောနှောပါမယ်။ အနှစ်ရအောင်နယ်ရပါမယ်။ မျက်နှာ ပေါ်လိမ်းပေးပါ။မိနစ်(၃၀)ခန့်ထားပြီး ရေဖြင့်ဆေးကြောနိုင်ပါတယ်။ တစ်ပတ်(၃)ကြိမ်ပြုလုပ်နိုင်ပါတယ်။ အရွယ်မတိုင်ခင် ဖြစ်ပေါ်တတ်သည့်အိုးမင်မူကိုရောကျစေပါတယ်။
သင့်ရဲ့ချိုင်းကြားအသားအရေကို ဖြူဖွေးစေဖို့
ချိုင်းကြားမည်းနေလျှင် အကြည့်ရဆိုးစေပြီး လက်ပြတ်လေးတွေ ၀တ်လို့အဆင်မပြေပါဘူး။ သင့်ရဲ့ချိုင်းကြားအသားအရည်ကို ဖြူဖွေးစေတဲ့ သဘာဝနည်းလမ်းကောင်းလေးရှိပါတယ်။ချိုင်းကြားမည်းနေလျှင် အာလူးကိုအချပ်လေးတွေလှီးပြီး အာလူးအချပ်လေးများနဲ့ 10မိနစ်ခန့် ချိုင်းကြားကို ပွတ်သပ်ပေးပါ။ ပြီးနောက် ရေနွေးနွေးဖြင့် ဆေးကြောပြီး တဘက်ဖြင့်သုတ်ပေးပါ။ အာလူးမှာ သဘာဝအရောင်ချွတ်ပေးတဲ့ အပျော့စားအက်ဆစ်ဂုဏ်သတ္တိပါဝင်ပါတယ်။
အသားအရေဖြူဝင်းလာအောင် အာလူးဖြင့်ပေါင်းတင်ကြရအောင်
အသားအရေဖြူဝင်းလာအောင် သဘာဝအိမ်သုံးပစ္စည်းများဖြင့်ပြုလုပ်နိုင်ပါ
တယ်။
ပါဝင်သောပစ္စည်းများ
(၁) အာလူး(၃)လုံး
(၂) နှင်းဆီရည်
(၃) ပျားရည်
(၄) သံပုရာရည်စသည်တို့ပါဝင်ပါတယ်။
အာလူးသုံးလုံးကိုအခွံခွာပါ။သေးငယ်သောအတုံးအသေးလေးများအဖြစ်ပိုင်းဖြတ်ပါ။ အာလူးကြိတ်စက်(သို့) ကြိတ်ဆုံးဖြင့်ပြုလုပ်နိုင်ပါတယ်။ ကြိတ်ထားသောအာလူးအနှစ်များကို နှင်းဆီရည်အနည်းငယ်၊ ပျားရည်
အနည်းငယ်၊ သံပုရာရည်အနည်းငယ်ထည့်ပြီးရောနှောပေးပါ။ မျက်နှာ၊လည်ပင်း၊လက်ချောင်းများနှင့်ခြေချောင်းများကိုလည်းပေါင်းတင်နိုင်ပါတယ်။၁၅မိနစ်လောက်ထားပြီးရေဆေးနိုင်ပါတယ်။တစ်ပတ်၂ကြိမ်မှ၃ကြိမ်အထိပြုလုပ်နိုင်ပါတယ်။
Credit
စစ်အစိုးရဆိုတာ ငါးသလောက်လိုပဲ
စစ်အစိုးရဆိုတာ ငါးသလောက်လိုပဲ
ပေါင်းစား သိပ် နူးတာ"
(ဆရာကြီး ဦးအောင်သင်း)
သစ္စာဖောက် မောင်ဇာနည် (ခ) ရိုဇာနည်-သစ္စာဖောက် မောင်ဇာနည် (ခ) ရိုဇာနည်
ဒီနေ့ပဲ မြန်မာပြည်က 'သူရိယနေဝန်း' ဂျာနယ် ရောက်လာတယ်.... ၂၃ စက်တင်ဘာ ထုတ် ဆိုတော့ လွန်ခဲ့တဲ့ တစ်လကျော်ကပေါ့.... မျက်နှာဖုံး ဆောင်းပါးက သစ္စာဖောက် မောင်ဇာနည် (ခ) ရိုဇာနည် ရဲ့ 'သစ္စာဖောက် မောင်ဇာနည် (ခ) ရိုဇာနည်' တဲ့ ... ဆောင်းပါးတစ်ပုဒ်လုံးကို ဓာတ်ပုံရိုက်ပြီး ကျွန်တော် ကွန်မင့်မှာ တင်ပေးပါမယ်... ဘိုဘိုကျော်ငြိမ်း ဆောင်းပါးထဲက တချို့ဟာလေးတွေ နဲ့ ကျွန်တော် နဲ့ တစ်နေ့က ကိုသူရိန်ဝင်း Thu Yein Win ပြောဖြစ်တာလေးတွေ ထပ်တူကျနေလို့ အဲဒါလေးတွေ တင်ပေးလိုက်ပါတယ်။
'မြန်မာပြည်ရဲ့ ထွက်ပေါက်ကတော့ တရုတ် နဲ့ ရုရှားပါပဲ။ ကံကောင်းတာက လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ မြောက်ကိုရီးယား ပြဿနာက ထိပ်ဆုံးက ရှိနေပါတယ်။ မြန်မာပြည် ပြဿနာထက် မြောက်ကိုရီးယား ပြဿနာက အခြေအနေဆိုးပါတယ်။ မြောက်ကိုရီးယား က အမေရိကန် ကို စပစ်ရင် တရုတ်က ကြားနေမည်။ အမေရိကန် က မြောက်ကိုရီးယား ကို စတိုက်ပြီး အစိုးရ ပြောင်းဖို့လုပ်ရင်တော့ တရုတ်က သည်းညည်းမခံဘူးလို့ သတိပေးထားပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားက ကြမ်းရဲနေတာပါ။ ရခိုင်ကိစ္စမှာလည်း ရခိုင်ကို ဘင်္ဂါလီတွေ အသိမ်းမခံနိုင်ပါ။ ရခိုင်ကျလျှင် တရုတ်ပြည်ရဲ့ ယူနန်ပြည်နယ်ကို ကူးစက်သွားပါမည်။ ယူနန်ပြည်နယ်မှာ ပန်းသေး (တရုတ်လူမျိုးမွတ်စလင်) တွေရှိပါတယ်။ ယူနန်ကတစ်ဆင့် ဆင်ကျင်းက ဝီကာတွေကို အပြန့်မခံနိုင်ပါ။ ဒါကြောင့် တရုတ်က သူ့အကျိုးကို အထိမခံနိုင်ပါ။ အခု ပြဿနာဟာ ရခိုင်ပြည်နယ်ကျောက်ဖြူ တွင် တရုတ်ပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကဖျက်ယဖျက် လုပ်တယ်လို့ တရုတ်က သံသယ ရှိပါတယ်။ ဒါကြောင့် အမေရိကန်လည်း တရုတ်ကြောင့် ရခိုင်ကို ဝင်တိုက်ရဲမယ် မထင်ပါ။ မြန်မာပြည် တကယ်အားကိုးရမှာက တရုတ်ဖြစ်ပါတယ်'
'နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေတ္တာရပ်ခံချင်ပါတယ်။ ဘာလုပ်လုပ် ၁၉၈၂ နိုင်ငံသားဥပဒေ ကိုတော့ သွားမထိလိုက်ပါနဲ့' (ဘိုဘိုကျော်ငြိမ်း)
Nyo Htet Nyo ရခိုင်တွေရဲ့ သဘောတူညီချက် မပါဘဲ ဘယ်လို လုပ်ဆောင်မှုမျိုးကမှ မအောင်မြင်နိုင်ပါဘူး... အခု အဆိုးထဲက အကောင်း မမျှော်လင့်ဘဲ အခွင့်အရေး တစ်ခု ပေါ်လာပြီ... အခု ဟိုဘက်ပြေးသွားတဲ့ လူငါးသိန်းကို ၁၉၉၃ (ထင်တယ်) က ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကို ကိုင်ပြီး တင်းတင်းကြပ်ကြပ် ပြန်စိစစ်လက်ခံ ဖို့ လုပ်ရမယ်... အမျိုးမျိုး မူလီရစ်ရမယ်... ဘောင်ထဲကနေ ပြန်ကြပ်ရမယ်.... ကိုယ့်နိုင်ငံ ရေရှည်အကျိုး အတွက် ဘာဖိအားပဲလာလာ ရင်ဆိုင်ရမယ်... ပိုင်းဖြတ်မှု တစ်ခုတော့ လိုတယ်... သေချာပေါက် ပြောနိုင်တာက အဲဒီအတွက် နဲ့တော့ စစ်ရေးအန္တရာယ် ရင်ဆိုင်ရဖို့ မရှိပါဘူး... ကျန်တာတွေက ရှင်းလို့ရပါတယ်... ကြားထဲမှာ တရုတ်ဖဲကို ဆွဲထားရမှာပဲ။
· October 24 at 8:14pm
Thu Yein Win ပြန်လက်ခံရမယ့်လူတွေ နယ်ကျော်ထွက်မသွားဖို့  လူဦးရေတိုးနှုန်း ကန့် သတ်ထားဖို့  လုပ်မှရမှာ။
· Yesterday at 12:14am
Nyo Htet Nyo Thu Yein Win အိညက်အိညက်ကတော့ မရဘူး... လူဦးရေတိုးနှုန်း ကန့်သတ်ဖို့ကလည်း ခက်တော့ အတော်ခက်မယ်ထင်တယ်.... ကာယကံရှင် တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတော့ ရမှာမဟုတ်ဘူး... ခု ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းမှာ လူဦးရေ ပေါက်ကွဲတာ ထိန်းဖို့လုပ်တော့ ဘာသာရေး နဲ့ မညီဘူးဆို ငြင်းပြန်တယ်... ကလေး ဆယ်ယောက်ဆိုလား ရှိနေပြီ... အသက်လေးဆယ်နဲ့.... မိန်းမလေးယောက် ယူတဲ့ ကိစ္စကလည်း ရှိသေးတယ်.... ကျွန်တော့်အမြင် ပြောရရင် ရင်တော့ရင်ဆိုင်ရမှာပဲလေ... အသက်သာဆုံး ဖြစ်မယ့်ဟာကို လုပ်ရမှာကိုး.... ပြန်လက်ခံရမယ့် အရေအတွက် ကို အတတ်နိုင်ဆုံး အနည်းဆုံး ဖြစ်အောင် ဘယ်လိုလုပ်မလဲ... ဒါစဉ်းစားရမှာပဲ... ဒါအသက်သာဆုံးလမ်းပဲ။ လက်ခံပြီးရင် အရင်လို လူတွေ ပေါက်ကွဲမထွက်ကုန်အောင် ဘယ်လိုလုပ်မလဲလဲ ကြိုစဉ်းစားထားရမှာပဲ.... အော်တာတော့အော်မှာပဲ... ဝိုင်းအာကြမှာပဲ.... ဘာလုပ်လုပ် အာမှာပဲလေ... မအာအောင်လည်း ကိုယ်မှမလိုက်လျောနိုင်တာ.... သေချာတာက ပျော့စိပျော့စိ အိညက်အိညက် သွားလုပ်နေလို့ မရဘူး။
·
Thu Yein Win အစိုးရက မာဖို့  လိုတယ်။ ဘာသာရေးနဲ့ ညီချင်ရင် ဘုရားသခင် နိုင်ငံတော်မှာ သွားနေ။ ယောက်ျား တစ်ယောက် မိန်းမ / ကလေး တယောက်ဘဲရှိရမယ်။ ခပ်ကြမ်းကြမ်းတော့ လုပ်ရမှာဘဲ။ လုပ်ရဲမယ့် လူတော့ မမြင်ဘူး။ :D
· Yesterday at 12:34am
Nyo Htet Nyo Thu Yein Win အချုပ်အခြာအာဏာ ဆိုတဲ့အရာက တော်၂လေး အရာရောက်ပါတယ်... အခုလို လူငါးသိန်းလောက် ဟိုဘက်ရောက်သွားတဲ့ အချိန်မှာ ဒါကို ထိထိမိမိ အသုံးပြန်ချရမယ်.... လူဦးရေ ကန့်သတ်တာကလည်း ရှောင်လွှဲမရပါဘူး.... ဒါနဲ့မရှင်း ဘာနဲ့ရှင်းမှာလဲ.... အခု ပြန်လက်ခံမယ့် စည်းကမ်းချက်ထဲမှာ မိမိဆန္ဒနဲ့ ပြန်လာချင်သူ ဖြစ်ရမည် ဆိုတာပါတယ်.... ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို အခြေခံအားဖြင့် ပြီးပြတ်အောင် ဒေါ်စု ရှိတုန်း ရှင်းခဲ့မှ ဖြစ်မယ်.... လူဦးရေ နဲ့ ပတ်သက်ရင် ကျနော်တို့ တိုင်းပြည်ရဲ့ အနေအထားဟာ အတော် သတိကြီး၂ ထားရမယ့် အနေအထားမှာ ရှိတယ်... ကိုယ့်ပထဝီ ကိုက အဲဒီလို ဖြစ်နေတာလေ.... ၁၉၈၂ နိုင်ငံသား ဥပဒေ ဆို ကျနော်တို့ အရပ်ပြောပြောရရင် unwritten rule လို့ ခေါ်တယ်.... နိုင်ငံအတွက်ကျတော့ unwritten လုပ်လို့ မရတော့ဘူး... ဥပဒေအနေနဲ့ ချရေးထားရတော့တာကိုး.... ကိုဖီအာနန်ကတော့ ပြင်ပါပေါ့.... ဘယ်ဖြစ်မှာလဲ..... ဒါ unwritten rule ပဲ။'
နိုင်ငံသားဥပဒေ ဆိုတာလေ... ကိုယ်စီကိုယ်စီ နိုင်ငံတွေက ကိုယ့်အကျိုးစီးပွား အတွက် ကိုယ့်ဖာသာကိုယ် သတ်မှတ်ပြီး ရေးဆွဲထားကြရတာ.... ထိုင်းနိုင်ငံသား ဖြစ်နေတဲ့ ကျွန်တော့် သူငယ်ချင်း ပြောတာရှိတယ်.... ဘာရယ်ညာရယ် ကိုးကားပြီး ပြောတာမဟုတ်ဘူး... လူပြိန်းပြောပြောတာ... တိုင်းပြည်ဆင်းရဲလေ အဲဒီတိုင်းပြည် ရဲ့ နိုင်ငံသား ဖြစ်ဖို့ ခက်လေ တဲ့ .... သူ့မိန်းမက မြန်မာနိုင်ငံသူ... လင်မယားနှစ်ယောက် မဲဆောက်မှာ နေကြတယ်... လက်ထပ်တာပဲ ဆယ်စုနှစ်ချဉ်းတော့မယ် ခုထိ သူ့မိန်းမ work permit နဲ့ပဲ သက်တမ်းတိုးပြီး နေနေရတယ်... နိုင်ငံသားဝေးလို့ အမြဲတမ်းနေထိုင်ခွင့် တောင် မရဘူး.... ဘာနားမလည် ညာနားမလည် နဲ့ ဟိုး အောက်ခြေ အခြေခံကနေ ဟိုး ခေါင်မိုးအထိ ဘာတစ်ခုမှ မတူတဲ့ အမေရိကန် တို့ ယူကေတို့ အော်စီ တို့နဲ့ နှိုင်းပြီး သူတို့လို ပီအာဖြစ် ငါးနှစ်ကြာ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ အော်တဲ့ ပြည်ပရောက် အရူးတွေက ရှိသေးတယ်... ဘာတဲ့... ကိုယ့်မြန်မာတွေလည်း သူများနိုင်ငံမှာ အဲလိုပဲ နိုင်ငံသား ဖြစ်နေကြတာပဲတဲ့.... ဘင်္ဂါလီတွေ အန္တရာယ် ဒီလောက်ကြီးနေတဲ့ အချိန် ပြောရက်တာ အံ့သြပါရဲ့.... ကိုယ့်နိုင်ငံကျ ကိုယ်ပြောပြီး သူတို့ အမေလင် ထိုင်းကျတော့ ဘာလို့မပြောလဲ.... အနောက်နိုင်ငံတွေရဲ့ နိုင်ငံသားဖြစ်ဖို့ စံအတိုင်း အရှေ့နိုင်ငံတွေမှာ ကျင့်သုံးရအောင် ကိုယ် နဲ့ သူနဲ့ ဘယ်နေရာမှာ ဘာတူနေလို့လဲ... ၁၉၈၂ ကို ပြင်ရင် ပြည်သူတွေက ခံမှာ မဟုတ်ပါဘူးဗျို့ ။
Nyo Htet Nyo
Wednesday, October 25, 2017
တို့ဗမာအစည်းအရုံးက ကုလားသခင် တဦး သခင်သာခင် (သို့မဟုတ်) မိုးကုတ်နယ်သား ထူးချွန်သောနိုင်ငံရေးသမား
တို့ဗမာအစည်းအရုံးက ကုလားသခင် တဦး
သခင်သာခင် (သို့မဟုတ်) မိုးကုတ်နယ်သား ထူးချွန်သောနိုင်ငံရေးသမား
သခင်သာခင်ကို ၁၉၁၇- ခုနှစ် ဇူလိုင်လ (၆) ရက်နေ့တွင် မိုးကုတ်မြို့နယ်၊ ကင်းရွာ၌ မွေးဖွားခဲ့ပြီး မြို့မရပ်ကွက်တွင် နေထိုင်ကြီးပြင်းခဲ့ပါသည်။ သခင်သာခင်သည် ရှမ်းကုလား ကပြားဖြစ်ပြီး ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ပါသည်။ မွေးချင်းမောင်နှမ သုံးဦးအနက် အကြီးဆုံးသားဖြစ်၍ ညီမများမှာ ဒေါ်စောမေနှင့် ဒေါ်အေးကြည် တို့ဖြစ်ကြသည်။ ဖခင်မှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူလူမျိုး ဦးရာမသုခဖြစ်၍ မိခင်မှာ ရှမ်းလူမျိုး ဒေါ်ခွန့် တို့ဖြစ်ကြသည်။
ဖခင်ဖက်မှ အဖိုးဖြစ်သူသည် အိန္ဒိယနိုင်ငံရှိ ဗြိတိသျှအစိုးရလက်အောက်ခံ အိန္ဒိယစစ်တပ်တွင် ဗိုလ်မှူး (Major) အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ Mr. Fagul Singh ဖြစ်သည်။ Mr.Singh သည် အိန္ဒိယစစ်တပ်၏ ပုန်ကန်ထကြွမှုတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ရာ အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ သို့သော်လည်း အိန္ဒိယ အထက်တန်းစားမျိုးရိုးမှ ဆင်းသက်လာသူတစ်ဦး ဖြစ်ခြင်းကြောင့် ၄င်းအား အင်္ဂလိပ်အစိုးရမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်လာခဲ့သော လယ်ယာမြေများကိုလည်း ဆက်လက်ပိုင်ဆိုင်ခွင့် ပေးခဲ့ပါသည်။ နောက်ပိုင်းတွင် Mr.Singh သည် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော အိန္ဒိယအမျိုးသားကွန်ဂရက် အသင်းကြီးသို့ ၀င်ရောက်ခဲ့ပြီး နိုင်ငံရေး ပါဝင်လှုပ်ရှားခဲ့ပါသည်။
မိခင်ဖြစ်သူ ဒေါ်ခွန့်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ဘုရင်ခံ၏ လက်အောက်ခံ ရှမ်းနယ်မှ စော်ဘွားတစ်ဦးဖြစ်သော စ၀်လုံဖ၏ သမီးဖြစ်သည်။ ဖခင်ဖြစ်သူ စ၀်လုံဖ၏ အရိုက်အရာကို ၄င်း၏ညီဖြစ်သူက လုယူသိမ်းပိုက်လိုက်သဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာမှ မိုးကုတ်ရတနာမြေသို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။ ဒေါ်ခွန့်၏ မွေးချင်းအစ်ကိုကြီး တစ်ယောက်မှာလည်း တရုတ်နိုင်ငံ ပီကင်းမြို့တော်ရှိ ဘုရင့်စစ်တက္ကသိုလ် သင်တန်းကျောင်းသို့ တက်ရောက်ခွင့်ရရှိခဲ့ပြီး မန်ချူးဘုရင့်တပ်မတော်တွင် စစ်ဗိုလ်တစ်ဦးအဖြစ် အမှုထမ်းခဲ့သူဖြစ်သည်။ ၁၉၁၁-ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဒေါက်တာဆွန်ယက်ဆင် ခေါင်းဆောင်သော တရုတ်ဘုရင်စနစ်ကို ဖြုတ်ချသည့် တော်လှန်ရေး၌ ပါဝင်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
ထို့ကြောင့် ဖခင်နှင့်မိခင် နှစ်ဖက်စလုံးမှ မျိုးရိုးဆင်းသက် ဆက်နွယ်မှုကို ကြည့်ခြင်းအားဖြင့် သခင်သာခင်သည် နိုင်ငံရေးဗီဇ နဂိုကတည်းကရင်း ပါရှိခဲ့သူ ဖြစ်သည်ဟု ယူဆနိုင်ပါသည်။နိုင်ငံရေးသမားဘ၀အစ
အသက်နှစ်ဆယ်အရွယ် ကျောင်းသားကလေး ကိုသာခင်သည် ၁၉၃၆- ခုနှစ်တွင် စစ်ကိုင်းမြို့ အစိုးရအထက်တန်းကျောင်း၌ ဆယ်တန်းကျောင်းသားအဖြစ် ပညာသင်ယူလျက်ရှိသည်။ ထိုနှစ်တွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးဥပစာကောလိပ် ကျောင်းသားများက ကိုလိုနီအစိုးရကို မကျေနပ်၍ သပိတ်မှောက်ကြရာ မြန်မာနိုင်ငံအရပ်ရပ်ရှိ အစိုးရအထက်တန်းကျောင်းများသို့လည်း သပိတ်ပျံ့နှံ့ ရောက်ရှိခဲ့သည်။
ထိုအချိန်တွင် မန္တလေးဥပစာကောလိပ်မှ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဗဟိန်းနှင့် ကျောင်းသားများသည် စစ်ကိုင်းမြို့သို့ ရောက်ရှိလာကြပြီး အစိုးရအထက်တန်းကျောင်းကို ၀န်းရံကာ ကျောင်းသားများအား သပိတ်အတွင်း ပါဝင်လာစေရန် ကြွေးကြော်ကြသည်။
ထိုစဉ်က စစ်ကိုင်းအစိုးရအထက်တန်းကျောင်း၏ ကျောင်းအုပ်မှာ အင်္ဂလိပ်လူမျိုး မစ္စတာဒေါင်း ဖြစ်သည်။ ၄င်းက မိမိလက်အောက်ရှိ ကျောင်းသားများအား တုတ်များဝေငှ၍ ကိုဗဟိန်းခေါင်းဆောင်သော ကျောင်းသားအဖွဲ့ကို ရိုက်နှက်ရန် စေခိုင်းလိုက်သည်။ ထိုအခါ အထက်တန်းကျောင်းမှ ကျောင်းသားတချို့သည် ကျောင်းဝင်းထရံအနီးသို့ ကပ်လာသော ကှိုဗဟိန်းခေါင်းဆောင်သည့် ကျောင်းသားများအား ရိုက်နှက်ကြသည်။ ရိုက်နှက်ခံရသော ကျောင်းသားများထဲတွင် ကိုဗဟိန်းလည်း ပါဝင်ခဲ့သည်။ ကိုသာခင်မှာ ကျောင်းအုပ်ကြီးက စေခိုင်းသောကြောင့် တုတ်ကိုင်သွားသော ကျောင်းသားအဖွဲ့နှင့် လိုက်ပါသွားသော်လည်း ရိုက်နှက်ရာတွင် ပါဝင်ခြင်းမရှိခဲ့ပေ။
ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းသည် ရုပ်ရည် တည်ကြည်ခန့်ညားပြီး ကိုသာခင်အနေဖြင့် ၄င်းအား ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ကိုသာခင်သည် ကိုဗဟိန်း အရိုက်ခံရသည်ကို မြင်တွေ့ရသောအခါ စိတ်ထိခိုက်သွားခဲ့သည်။ ထိုရိုက်နှက်ပွဲတွင် ကိုဗဟိန်းမှာ ဒဏ်ရာပြင်းထန်စွာ မရသော်လည်း အနာတရဖြစ်သွားခဲ့ရသည်။ ကိုသာခင်အနေဖြင့် ထိုသို့ကြုံတွေ့ရပုံကို မိမိတစ်သက်တာတွင် အမှတ်တရ ဖြစ်နေခဲ့သည်။ ထိုနှစ်တွင် ကိုသာခင်သည် ဆယ်တန်းစာမေးပွဲကို ဖြေဆိုပြီးနောက် မိုးကုတ်မြို့သို့ ပြန်လာခဲ့သည်။
မိုးကုတ်မြို့သို့ ရောက်ရှိသောအခါ နယ်ပိုင်ဝန်ထောက်ရုံး၌ စာရေးဝန်ထမ်းအဖြစ် ၀င်ရောက် လုပ်ကိုင်ခဲ့သည်။ ရုံးစာရေးဝန်ထမ်း လုပ်နေစဉ်အတွင်း မိုးကုတ်သူ ဒေါ်ခင်ရွှေနှင့် အိမ်ထောင်ကျခဲ့သည်။ ၁၉၃၈-ခုနှစ်တွင် ရုံးစာရေးအဖြစ်မှ နုတ်ထွက်ခဲ့ပြီး ကျောက်မျက်ရတနာ အရောင်းအ၀ယ်လုပ်ငန်းကို လုပ်ကိုင်ရင်း မိုးကုတ်မြို့မှ ရန်ကုန်မြို့သို့ ဆင်းလာခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်ရှိနေတုန်းအခိုက် ကိုဗဟိန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ် ဆောင်ရွက်နေကြောင်း သိရသဖြင့် ရန်ကုန်တက္ကသိုလ်သို့ သွားရောက်ပြီး ကိုဗဟိန်းနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံကြသည့်အခါ ယခင် စစ်ကိုင်းအထက်တန်းကျောင်းတုန်းက အဖြစ်အပျက်များကို ပြန်လည်ပြောပြရင်း သူ့အနေဖြင့် ကျောင်းအုပ်ကြီး၏ ဆောင်ရွက်မှုအပေါ် မကျေနပ်ခဲ့သည့်အကြောင်း၊ စိတ်ထဲတွင်လည်း မခံမရပ်နိုင် ဖြစ်ရပုံအကြောင်း၊ ကျောင်းသားများအား ရိုက်နှက်သည့်အထဲတွင် မိမိအနေဖြင့် ပါဝင်ခဲ့ခြင်း မရှိသည့်အကြောင်းကို ကိုဗဟိန်းအား ပြန်လည်ပြောပြခဲ့သည်။
ထိုစဉ်က ကိုဗဟိန်းသည် ကိုသာခင်၏ အပြောအဆို၊ အပြုအမူကို အကဲခတ်ကာ မျိုးချစ်စိတ်ရှိသော လူငယ်တစ်ယောက်အဖြစ် ယူဆခဲ့သည်။ ထို့ကြောင့် ကိုသာခင်အား ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်အခိုက် တို့ဗမာအစည်းအရုံးသို့လည်း သွားရောက်လေ့လာသင့်ကြောင်း အကြံပြုခဲ့သည်။ ကိုသာခင်သည် ကိုဗဟိန်း၏ အကြံပြုချက်ကို စိတ်ဝင်စားခဲ့ပြီး တို့ဗမာအစည်းအရုံးသို့ သွားရောက်ခဲ့သည်။
တို့ဗမာအစည်းအရုံး၌ သခင်မြ၊ ကျုံမငေး သခင်တင်မောင်၊ ကာလကတ္တားတွင် ကျောင်းတက်၍ ပြန်ရောက်လာသော နောင် သခင်လှဖေ (ခ) ဗိုလ်လင်္ကျာ တို့ကို တွေ့ဆုံခဲ့ရသည်။ ယင်းပုဂ္ဂိုလ်များက ကိုသာခင်နှင့်အတူ နိုင်ငံရေးအကြောင်း၊ တို့ဗမာအစည်းအရုံးအကြောင်းကို ပြောဆိုဆွေးနွေးခဲ့ကြသည်။ ကိုသာခင်သည် ၁၉၃၉- ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ သခင်အဖြစ် မှတ်ပုံတင်ဝင်ရောက်ခဲ့သည်။
ကိုသာခင်သည် အထက်တန်းပညာရေးကို Grade A ဖြင့် အောင်မြင်ခဲ့ပြီး တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ယူနိုင်သော်လည်း ကျောင်းဆက်မတက်တော့ပဲ ၁၉၃၉- ခုနှစ်တွင် နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ရောက်ခဲ့ပြီး သခင်လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ထိုအချိန်မှစ၍ ကိုသာခင်သည် သခင်သာခင် ဟူသောအမည်ကို ခံယူခဲ့ပါသည်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလ သခင်ပေါက်စ သခင်သာခင်သည် ရန်ကုန်မြို့မှ မိုးကုတ်မြို့သို့ပြန်လာခဲ့ရာတွင် အမရပူရမြို့သား သခင်သိန်းမောင်နှင့်အတူ လိုက်ပါလာခဲ့သည်။ ထိုအချိန်မှစပြီး သခင်သိန်းမောင်နှင့် သခင်သာခင်တို့သည် မကြာခဏ ဆက်သွယ်မိကြကာ မိုးကုတ်၊ မန္တလေး၊ အမရပူရ၊ စစ်ကိုင်းမြို့ရှိ သခင်အဖွဲ့အချင်းချင်းကြား ရင်းရင်းနှီးနှီး ရှိလာခဲ့သည်။ သခင်သာခင်သည်လည်း ရန်ကုန်မြို့သို့ မကြာမကြာ လာရောက်တိုင်း တို့ဗမာအစည်းအရုံးဌာနချုပ်သို့ ၀င်ထွက်သွားလာပြီး တို့ဗမာအစည်းအရုံး၏ သခင်ခေါင်းဆောင်ပိုင်း များနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။
တို့ဗမာအစည်းအရုံးမှ သခင်များသည် အင်္ဂလိပ်နယ်ချဲ့ကိုလိုနီများအား ဆန့်ကျင်တော်လှန်ရေး အတွက် ယူဂျီ ခေါ် မြေအောက်လှုပ်ရှားမှုအဖွဲ့ကို ဖွဲ့စည်းပြီး လက်နက်စုဆောင်းရေး၊ ပြောက်ကျားစစ်လေ့ကျင့်ခန်း၊ ရန်သူလှုပ်ရှားမှုများကို ဗဟိုသို့သတင်းပေးပို့ရေး၊ ဂျပန်က လေကြောင်းဖြင့် ချပေးမည်ဆိုသည့် လက်နက်များအား စောင့်ယူရေး စသည်တို့ကို ဆောင်ရွက်ခဲ့သည်။ ယင်းတာဝန်များကို ဆောင်ရွက်ရာတွင် သခင်သာခင်သည်လည်း ပါဝင်ခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်တော် (BIA) သည် အထက်မြန်မာပြည်သို့ ရောက်လာသောအခါ သခင်သာခင်သည် အထက်မြန်မာပြည်စစ်ရုံး၌ ဗိုလ်အဖြစ်ခန့်အပ်ခြင်းခံရပြီး ဗိုလ်လင်းယုန်တပ်၌ အမှုထမ်းရသည်။
၁၉၄၀-၄၁ ခုနှစ်အတွင်း အထက်မြန်မာပြည် နယ်ချဲ့တော်လှန်ရေးတွင် တာဝန်ခံ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ၌ ဗိုလ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ထိုစဉ်က သခင်သာခင်သည် အထက်မြန်မာပြည်လုံးဆိုင်ရာ BIA အုပ်ချုပ်ရေးအဖွဲ့၏ ဖွဲ့စည်းရေးမှုးအဖွဲ့တွင် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ ၁၉၄၁- ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် မြေအောက်တော်လှန်ရေး အဖွဲ့ခွဲတွင် မိုးကုတ်ဒေသတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၂ ဇွန်လလယ်တွင် BIA တပ်ဖွဲ့ကို ဖျက်သိမ်းလိုက်သောအခါ မွေးရပ်မြေ မိုးကုတ်မြို့သို့ ပြန်လာခဲ့ပါသည်။
ဂျပန်ခေတ်ကာလ ရဲဝန်ထမ်းဘဝ
မိုးကုတ်မြို့တွင် တစ်လခန့်အနားယူပြီးသောအခါ ရန်ကုန်သို့ဆင်းလာခဲ့ပြီး သခင်မြ၊ ဦးကျော်ငြိမ်း တို့နှင့် တွေ့ဆုံ၍ ၄င်းတို့၏စီစဉ်ပေးမှုဖြင့် ရဲဗိုလ်သင်တန်းကို တက်ရောက်ခဲ့သည်။ သင်တန်းပြီးဆုံးသည့်အခါ ရှမ်းပြည် တောင်ကြီးမြို့သို့ ခရိုင်ရဲဝန် (DSP) ရာထူးဖြင့် ရဲလုပ်ငန်းတာဝန်များ ထမ်းဆောင်ခဲ့သည်။ သခင်သာခင်သည် ၁၉၄၁-၄၅ ဂျပန်ခေတ် တစ်လျှောက်လုံးတွင် အစိုးရဖက်၌ ခရိုင်ရဲဗိုလ်မှုးအဖြစ် ကသာ၊ လားရှိုး၊ တောင်ကြီးတို့၌ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၅-ခုနှစ် မတ်လတွင် ဖက်ဆစ်ဂျပန်ကို တော်လှန်ရန်အတွက် ရှမ်းပြည်မှ ဦးတင်အေး အစရှိသော လူငယ်ခေါင်းဆောင်များနှင့်အတူ တောခိုခဲ့ပါသည်။ ထိုနောက် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် စစ်တိုင်းအမှတ် (၆)မှ ဗိုလ်မှုးရဲထွတ် ဦးစီးသော ဘယကျော်ထင်တပ်ဖွဲ့တွင် တောင်ပိုင်းရှမ်းပြည်၊ ပျဉ်းမနားနယ်စပ် တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သည်။
တော်လှန်ရေးပြီး၍ ရန်ကုန်မြို့ရှိ ခေါင်းဆောင်များထံသို့ သတင်းပို့ပြီး မိုးကုတ်သို့အပြန် လမ်းခရီး၌ အဖမ်းဆီးခံရကာ ရွှေဘိုအကျဉ်းထောင်တွင် နှစ်လ အကျဉ်းကျခံခဲ့ရပါသည်။
ထိုနောက် ဗိုလ်ချုပ်အောင်ဆန်းမှနေ၍ သက်ဆိုင်ရာအာဏာပိုင်များထံသို့ မေတ္တာရပ်ခံ တောင်းဆိုမှုအရ အနယ်နယ်အရပ်ရပ်တွင် ထောင်အကျဉ်းကျခံနေရသော သခင်နိုင်ငံရေးသမားများ လွတ်မြောက်လာခဲ့ကြသည်။
ဖဆပလ ခေတ် နိုင်ငံရေးလှုပ်ရှားမှု
၁၉၄၇- ခု ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ခေတ်တွင် သခင်သာခင်သည် မိုးကုတ်မြို့သို့ပြန်လာပြီး ဖဆပလ အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ မိုးကုတ်မြို့နယ် ဖဆပလ အဖွဲ့ကို စတင်ဖွဲ့စည်းရာ၌ ဥက္ကဌအဖြစ် သခင်ဘသိန်း၊ အတွင်းရေးမှုးအဖြစ် သခင်သာခင် တို့က တာဝန်ယူ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် သခင်သာခင်အား ဖဆပလ ရန်ကုန်ဌာနချုပ်က ခေါ်ယူ၍ အထက်မြန်မာပြည် ဖဆပလ စည်းရုံးရေး တိုင်းမှုးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ထို့နောက် ရန်ကုန်ဗဟိုဌာနချုပ်တွင် လက်ထောက်အတွင်းရေးမှုး တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။
၁၉၄၇-ခုနှစ်တွင် သခင်ဘသိန်းသည် ကသာခရိုင် မိုးကုတ်မဲဆန္ဒနယ်မှနေ၍ တိုင်းပြုပြည်ပြု လွှတ်တော်အမတ်အဖြစ် အရွေးချယ်ခံရပြီး သခင်သာခင်မှာမှု ပြည် ကျေးလက်အရှေ့ပိုင်း မဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံခဲ့ပါသည်။ ထိုစဉ်က သခင်သာခင်သည် ယှဉ်ပြိုင်ဖက်မရှိပဲ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကာ တိုင်းပြုပြည်ပြုလွှတ်တော်အမတ် ဖြစ်လာခဲ့ပါသည်။ ထို့နောက် အစိုးရအဖွဲ့တွင် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နိုင်ငံခြားရေးဌာနများနှင့် ၀န်ကြီးချုပ်ရုံးတို့တွင် ပါလီမန်အတွင်းဝန်အဖြစ် ဆောင်ရွက်ခဲ့သည်၊၊
၁၉၅၁-ခု ရွေးကောက်ပွဲတွင် သခင်သာခင်သည် မိုးကုတ်မဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ခံရသော ပါလီမန်အမတ် ဖြစ်လာခဲ့ပြီး အစိုးရအဖွဲ့တွင် ကူးသန်းရောင်းဝယ်ရေး၊ ကုန်စည်ဖြန့်ဖြူးရေးနှင့် သမ၀ါယမ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၅၄- ခုနှစ် သြဂုတ်လတွင် ကျန်းမာရေးချို့ယွင်းလာသည့်အတွက် အစိုးရအဖွဲ့မှ ခေတ္တနုတ်ထွက်ခဲ့ပါသည်။ ထိုနောက်ပိုင်း သခင်သာခင်သည် ဖဆပလ အဖွဲ့ချုပ်တွင် တွဲဖက်အထွေထွေအတွင်းရေးမှုး အနေဖြင့် အမြင့်ဆုံးတာဝန် ထမ်းဆောင်ခဲ့ပါသည်။ ထိုစဉ်က အထွေထွေအတွင်းရေးမှုးမှာ ဦးဗဆွေ ဖြစ်၍ ၄င်း၏လက်အောက်တွင် အရေးကြီးသော တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့ပါသည်။
၁၉၅၆- ခု ရွေးကောက်ပွဲတွင် မိုးကုတ်မဲဆန္ဒနယ်မှ ပါလီမန်အမတ်အဖြစ် ဆက်တိုက်အရွေးခံခဲ့ရပြီး အစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီး အဖြစ် ဖဆပလ အဖွဲ့ကြီး နှစ်ခြမ်းမကွဲမှီ အချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၇- ခု ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီးနောက် သခင်နုသည် ဖဆပလ အဖွဲ့ကြီး၏ ဥက္ကဌဖြစ်လာခဲ့သည်။ သခင်နု ဖဆပလ ဥက္ကဌဖြစ်ပြီး (၁၁) နှစ်ကျော်အကြာ ၁၉၅၈- ခုနှစ် မေလလယ်တွင် ဖဆပလ အဖွဲ့ကြီးသည် နှစ်ခြမ်းကွဲခဲ့ရပါသည်။ ထိုစဉ်က ဖဆပလ အဖွဲ့ကြီးတွင် အဓိကခေါင်းဆောင်များမှာ ဦးနု၊ ဦးကျော်ငြိမ်း၊ သခင်တင်နှင့် ဦးဗဆွေတို့ ဖြစ်ကြသည်။ ဦးကျော်ငြိမ်းသည် ဆိုရှယ်လစ်ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ရှားပြီး သခင်သာခင်မှာ ဦးကျော်ငြိမ်း၏ ညာလက်ရုံး ဖြစ်ခဲ့သည်။ ဖဆပလ နှစ်ခြမ်းကွဲသွားသည့်နောက် ဦးနုနှင့် သခင်တင်၏ အုပ်စုကို သန့်ရှင်း၊ ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့ လူစုကို တည်မြဲဟု ပြည်သူလူထုက ကင်ပွန်းတပ်ခဲ့ကြသည်။
ထိုသို့ နှစ်ခြမ်းကွဲသွားပြီးနောက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ သန့်ရှင်းဖဆပလ အဖွဲ့က တည်မြဲဖဆပလ အဖွဲ့အပေါ် (၈)မဲအသာဖြင့် ကပ်၍ အနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ တည်မြဲဖဆပလ အဖွဲ့တွင်ပါဝင်သော သခင်သာခင်သည်လည်း ပြည်ထဲရေးဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့ရသည်။
ဝန်ကြီးချုပ်ဦးနု ဦးဆောင်သော သန့်ရှင်းဖဆပလ လက်ထက်တွင် တိုင်းပြည်မှာ အဖက်ဖက်မှ ယိုယွင်းလာသည့်အတွက် ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေ၀င်းအား အိမ်စောင့်အစိုးရကို တာဝန်ယူဖွဲ့စည်းနိုင်ရန် အာဏာလွှဲပြောင်း ပေးခဲ့ရသည်။ ထို့နောက် ၁၉၅၈ အောက်တိုဘာ (၂၉)ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းခေါင်းဆောင်သော အိမ်စောင့်အစိုးရ ပေါ်ပေါက်လာခဲ့သည်။ အိမ်စောင့်အစိုးရသည် ၁၉၆၀- ခု ဧပြီလ (၃)ရက်အထိ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။
၁၉၆၀- ခု ဖေဖေါ်ဝါရီလ (၆)ရက်နေ့တွင် အိမ်စောင့်အစိုးရမှ ကျင်းပပေးသည့်ရွေးကောက်ပွဲ၌ တည်မြဲအဖွဲ့သည် သန့်ရှင်းအဖွဲ့ကို ရှုံးနိမ့်ခဲ့ပါသည်။ ၁၉၆၀- ခုနှစ်တွင်ကျင်းပသော ရွေးကောက်ပွဲ၌ သခင်သာခင်သည် မိုးကုတ်အမတ်အဖြစ် အနိုင်ရခဲ့ပြီး ပါလီမန်လွှတ်တော်တွင် တည်မြဲဖက်မှ အတိုက်အခံခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သည်။ ထိုစဉ်က အတိုက်အခံခေါင်းဆောင်အနေဖြင့် တာဝန်ယူခဲ့ရာတွင် အစိုးရ၀န်ကြီးအဖွဲ့ဝင်ကဲ့သို့ပင် လစာခံစားရရှိသည်။ ၁၉၅၈- ခုနှစ်မှစ၍ သခင်သာခင်သည် တည်မြဲဖဆပလ အဖွဲ့တွင် အထွေထွေအတွင်းရေးမှုးချုပ် ရာထူးကို ရရှိခဲ့ပြီး တော်လှန်ရေးကောင်စီ၏ အဖမ်းဆီးမခံရမှီ အချိန်တိုင်အောင် ဆောင်ရွက်ခဲ့ပါသည်။
သခင်သာခင်သည် အတိုက်အခံခေါင်းဆောင်အဖြစ် ၁၉၆၀- ခုနှစ်မှစ၍ ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော တော်လှန်ရေးကောင်စီမှ ပြည်သူ့လွှတ်တော်ကို မဖျက်သိမ်းမှီ ၁၉၆၂- ခု မတ်လအထိ ဆောင်ရွက်ခဲ့ပါသည်။
၁၉၆၁- ခု ဇွန်လတွင် အင်္ဂလန်နိုင်ငံသို့ သွားရောက်ခဲ့သော အစိုးရကိုယ်စားလှယ် အဖွဲ့တွင် သခင်သာခင်သည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ သခင်သာခင်၏ နိုင်ငံရေးသမားဘ၀တွင် ၄င်းနှင့်အရင်းနှီးဆုံးသော ပုဂ္ဂိုလ်များ၌ ၀န်ကြီးချုပ်ဦးနု၊ ဒုတိယ၀န်ကြီးချုပ် ဦးကျော်ငြိမ်း၊ ၀န်ကြီး ဗိုလ်ခင်မောင်ကလေး၊ ဆိုရှယ်လစ်ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးဗဆွေ အစရှိသော ခေါင်းဆောင်ကြီးများလည်း ပါဝင်သည်။ သခင်သာခင်သည် ထိုခေါင်းဆောင်များ၏ နိုင်ငံရေးတပည့်မျိုး မဟုတ်ပဲ ထိုခေါင်းဆောင်များက ပေးအပ်သော တာဝန်များကို ယုံကြည်စွာ ထမ်းဆောင်ခဲ့သော ရဲဘော်ရဲဖက်ကောင်း တစ်ဦးသာ ဖြစ်ခဲ့ပါသည်။ သခင်သာခင်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အသိအမှတ်ပြုခြင်းကို ခံယူရရှိခဲ့သူ နိုင်ငံရေးကေဒါ တစ်ဦးလည်းဖြစ်ပါသည်။ ထို့ပြင် သခင်သာခင်သည် ကိုယ်ကျိုးမရှာသော နိုင်ငံရေးသမား တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်သည်။
တော်လှန်ရေးကောင်စီလက်ထက် နိုင်ငံရေးသမားဘဝ
၁၉၆၂- ခုနှစ် မတ်လ (၂)ရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ခေါင်းဆောင်ပြီး ပြည်ထောင်စုအစိုးရ တစ်ဖွဲ့လုံးကို ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပါသည်။ တော်လှန်ရေးကောင်စီအစိုးရ ပေါ်ပေါက်လာသည်နှင့် တပြိုင်နက် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်ကို ဖျက်သိမ်းခဲ့ပါသည်။ ထိုအခါ ပြည်သူ့လွှတ်တော်တွင် အတိုက်အခံခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသော သခင်သာခင်သည်လည်း ၄င်းရာထူးမှ ဖြုတ်ချခံရသည်။ သို့သော် တော်လှန်ရေးကောင်စီမှ ဖမ်းဆီးထိန်းသိမ်းခံရသော နိုင်ငံရေးသမားများထဲတွင် မပါဝင်ခဲ့ပေ။ ထို့ကြောင့် သခင်သာခင်သည်လည်း မိမိနေအိမ်တွင် နေထိုင်ပြီး ရှုပ်ထွေးလာသော နိုင်ငံရေးအခြေအနေများကို စောင့်ကြည့်လေ့လာနေခဲ့သည်။
သခင်သာခင်သည် ဗိုလ်ချုပ်ကြီးနေ၀င်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံခြင်း မပြုခဲ့ပေ။
ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များအကြား စေ့စပ်ဆွေးနွေးရေးကိစ္စ ပျက်ပြားသွားသောအခါ တည်မြဲ ဖဆပလ ခေါင်းဆောင်အချို့ကို အစိုးရက လိုက်လံဖမ်းဆီးရာ သခင်သာခင်သည် အဖမ်းဆီးမခံပဲ တိမ်းရှောင်နေခဲ့ပါသည်။ တော်လှန်ရေးကောင်စီ အစိုးရမှ နိုင်ငံရေးပါတီများကို ဖျက်သိမ်းပစ်လိုက်ပြီးနောက် ၁၉၆၃-ခု အောက်တိုဘာလတွင် သခင်သာခင်သည် မြေအောက်လုပ်ငန်းသို့ ရောက်ရှိခဲ့ကာ အစိုးရကို ဆန့်ကျင်တော်လှန်သူအဖြစ် တံဆိပ်တပ်ခြင်း ခံခဲ့ရသည်။ ထို့ကြောင့် သခင်သာခင်သည် မိမိလုပ်ဆောင်လိုသော နိုင်ငံရေးလုပ်ငန်းများ အနှောင့်အယှက် ကင်းရှင်းစွာ လုပ်ဆောင်နိုင်ရန် ဗိုလ်ချုပ်ကြီးနေ၀င်း လက်လှမ်းမမှီနိုင်သော ဒေသများသို့ ရွေ့လျားပြီး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရသည်။
ထိုသို့ တိမ်းရှောင်လှုပ်ရှား ဆောင်ရွက်နေစဉ် ကာလအတွင်း ၁၉၆၃-ခု ပုပ္ပါး တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲတွင် သခင်သာခင်သည် တောင်သူလယ်သမား ကိုယ်စားလှယ်အသွင်ဖြင့် နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့ပါသည်။ ထိုစဉ်က သခင်သာခင်သည် ဗိုလ်ချုပ်ကြီးနေ၀င်းနှင့် ခုံတန်းသုံးတန်းအကွာတွင် ထိုင်နေခဲ့ပြီး တက်ရောက်လာသော ကိုယ်စားလှယ်များ အကြားတွင် ရှိနေခဲ့သည်။ ထိုသို့ ပုန်းရှောင်လှုပ်ရှားပြီး နိုင်ငံရေးဆောင်ရွက်နေစဉ် ၁၉၆၆-ခု ဧပြီလ (၁၄)ရက်နေ့တွင် စစ်ထောက်လှမ်းရေးအဖွဲ့မှ သတင်းရရှိကာ ဖမ်းဆီးခံခဲ့ရသည်။
၁၉၆၈-ခု ဒီဇင်ဘာလ (၄)ရက်နေ့တွင် တော်လှန်ရေးကောင်စီ အစိုးရသည် ပြည်တွင်းညီညွှတ်ရေး အကြံပေးအဖွဲ့အဖြစ် အဖွဲ့ဝင် (၃၃)ဦး ပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ ထို (၃၃)ဦး ကော်မတီအဖွဲ့တွင် သခင်သာခင်သည်လည်း အရွေးချယ်ခံရသည့်အတွက် ၁၉၆၈-ခု နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ထောင်မှလွှတ်ပေးခဲ့ပါသည်။
အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ကူညီခြင်း
မြန်မာနိုင်ငံသည် ၁၉၄၈-ခု ဇန်န၀ါရီလ (၄)ရက်နေ့တွင် အင်္ဂလိပ်ကိုလိုနီ လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သော်လည်း ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံသည် ဒတ်ခ်ျ ကိုလိုနီလက်အောက်တွင် ကျရောက်နေခဲ့သည်။ ဒတ်ခ်ျကိုလိုနီအစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသော တော်လှန်ရေးသမားများထံသို့ မြန်မာအစိုးရမှနေ၍ ရှိစုမဲ့စု လက်နက်ခဲယမ်းများကို လေယာဉ်ပျံဖြင့် အခေါက်ခေါက် အခါခါ ပေးပို့ခဲ့ရသည်။ ထိုစဉ်က အင်ဒိုနီးရှားနိုင်ငံသို့ လက်နက်အကူအညီများ သွားရောက်ပေးပို့ရာတွင် မြန်မာအစိုးရကိုယ်စားလှယ်အဖြစ် ဦးဆောင်ခဲ့သူမှာ သခင်သာခင်ဖြစ်သည်။
သခင်သာခင်သည် ပြည်သူ့အရေးတော်ပုံပါတီတွင် ရှမ်းပြည်မြောက်ပိုင်းနှင့် အထက်မြန်မာနိုင်ငံ၏ မြေအောက်လုပ်ငန်းများကို တာဝန်ခံလုပ်ဆောင်စဉ် စွန့်လွှတ်စွန့်စားမှုများစွာ ပြုလုပ်ခဲ့ဖူးသည်။ ဂျပန်ခေတ် ခရိုင်ရဲဝန်ရာထူးဖြင့် ဂျပန်ကင်ပေတိုင် စစ်ပုလိပ်များ မျက်စိအောက်မှာပင် လျှို့ဝှက်တော်လှန်ရေး မြေအောက်လုပ်ငန်းများကို အောင်မြင်စွာ လုပ်ကိုင်ခဲ့သူလည်းဖြစ်သည်။ ထိုသို့ အတွေ့အကြုံရှိပြီး၊ အစမ်းသပ်ခံပြီး ၀ါရင့်တော်လှန်ရေးသမား တစ်ဦးဖြစ်သည့်အတွက် မြန်မာအစိုးရကိုယ်စား အင်ဒိုနီးရှားနိုင်ငံသို့ လျှို့ဝှက်သွားရောက်ရန် စေလွှတ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် သခင်သာခင်သည် မြန်မာနိုင်ငံမှ စစ်လက်နက်ပစ္စည်းများကို တင်ဆောင်ပြီး လေယာဉ်ပျံဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ လျှို့ဝှက်ပျံသန်းကာ ပို့ဆောင်ပေးခဲ့ရသည်။
ထိုစဉ်က အသုံးပြုခဲ့ရသော လေယာဉ်များမှာ ဒီစီ-၃၊ ဒီစီ-၆ လေယာဉ်အမျိုးအစားများ ဖြစ်ကြသည်။ ထိုသို့ မြန်မာနိုင်ငံက လက်နက်များ လျှို့ဝှက်ကူညီနေကြောင်းကို ဒတ်ခ်ျကိုလိုနီအစိုးရက သိရှိသွားခဲ့ရာ တစ်ကြိမ်တွင် သခင်သာခင် စီးနင်းလိုက်ပါလာသော လေယာဉ်အား ဒတ်ခ်ျလေယာဉ်များက လိုက်လံပစ်ခတ်ရာ မနီလာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရလေသည်။ သခင်သာခင်သည်လည်း ကံကောင်း၍ အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ရသည်။
မြန်မာနိုင်ငံအစိုးရသည် အင်ဒိုနီးရှားနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် နိုင်ငံရေးအရ၊ စိတ်ဓာတ်ရေးရာအရ အထောက်အကူပေးခဲ့သည်။ ၁၉၄၈-ခု ဒီဇင်ဘာလတွင် ကုလသမဂ္ဂ၏ ကြီးကြပ်မှုအရ လွတ်လပ်သော အင်ဒိုနီးရှားပြည်ထောင်စုသမ္မတနိုင်ငံ ပေါ်ထွန်းလာခဲ့သည်။
မွေးရပ်ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်
သခင်သာခင်သည် အစိုးရအဖွဲ့တွင် ပါဝင်ပြီး ၀န်ကြီးဌာနအသီးသီး၌ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း မွေးရပ်ဇာတိမြေဖြစ်သော မိုးကုတ်မြို့နယ်၏ ပညာရေး၊ ကျန်းမာရေး၊ ရပ်ရေးရွာရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးကိစ္စများကို ဆောင်ရွက်ခဲ့ပါသည်။
၁၉၄၇-ခု ဇန်န၀ါရီလ (၂၆)ရက်နေ့တွင် အင်္ဂလိပ်အစိုးရက မိုးကုတ်ပတ္တမြားကျောက်တွင်းနယ်ကို ရှမ်းပြည်တောင်တန်းနယ် အတွင်းသို့ သွတ်သွင်းရန် စီမံခဲ့ရာ မြို့လူထုက ကန့်ကွက်ဆန္ဒပြကြပြီး ရွှေဘိုခရိုင်အတွင်းသို့ ထည့်သွင်းရန် အရေးဆိုခဲ့ကြသည်။ ထိုကန့်ကွက်ဆန္ဒပြပွဲတွင် မြို့လူထု (၃၀၀၀)ကျော် စီတန်းလှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။ မိုးကုတ်နယ်ကို ရှမ်းပြည်အတွင်းသို့ မသွတ်သွင်းပဲ မြန်မာပြည်မနှင့် ပူးပေါင်းစေရန် လူထုဆန္ဒပြပွဲကြီးကို ဆင်နွှဲရာတွင် သခင်သာခင်သည် ခေါင်းဆောင်မှုပေးခဲ့သည်။ အင်္ဂလိပ်အစိုးရသည် ၁၉၄၇-ခု ဇူလိုင်လ (၁၇)ရက်တွင် မိုးကုတ်နယ်ကို ကသာခရိုင်မှ ရွှေဘိုခရိုင်အပါအ၀င်အဖြစ် အသိအမှတ်ပြုခဲ့သည်။
၁၉၅၈-၅၉ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် မိုးကုတ်မြို့ ရေပေးဝေမှု အဆင်ပြေလွယ်ကူစေရေး အတွက် သခင်သာခင်မှ ဦးစီးဦးဆောင်ပြုကာ မြို့မိမြို့ဖများနှင့် ပူးပေါင်းပြီး အုန်းကိုင်းရွာအထက် ရေထွက်ဦးနေရာမှ ယခုရေလှောင်ကန်အထိ ပေ(၇၀၀၀) ကျော်ရှည်သော ဒုတိယ ရေပိုက်လိုင်းကို သွယ်ယူနိုင်ခဲ့ပါသည်။
သခင်သာခင်သည် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း၌ မိုးကုတ်-မန္တလေးကားလမ်း ဖောက်လုပ်ရေး အကောင်အထည်ဖော်နိုင်ရန် မိုးကုတ်ဒေသခံ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ အကောင်အထည်ဖော်နေစဉ် ဗိုလ်ချုပ်ကြီးနေ၀င်း၏ အိမ်စောင့်အစိုးရ တက်လာ၍ လုပ်ငန်းများ ရပ်တန့်သွားခဲ့သည်။ သို့ရာတွင် သခင်သာခင် စပြီး အကောင်အထည်ဖော်ခဲ့သော မိုးကုတ်-မန္တလေးကားလမ်း စီမံကိန်းကို အိမ်စောင့်အစိုးရ လက်ထက်တွင် စတင်ဖောက်လုပ်ခဲ့ပါသည်။
ထို့နောက် သန့်ရှင်း ဖဆပလ အဖွဲ့ အာဏာပြန်လည် ရရှိခဲ့ပြီး မိုးကုတ်-မန္တလေးလမ်းကို ဆက်လက် အကောင်အထည်ဖော်ခဲ့ပါသည်။ ၁၉၆၀-ခုနှစ်တွင် မိုးကုတ်-မန္တလေးကားလမ်းကို သယ်ယူပို့ဆောင်ရေးနှင့် စာတိုက်ကြေးနန်းဌာန၀န်ကြီး သတိုးသီရိသုဓမ္မ ဗိုလ်မှုးအောင်က ဖွင့်လှစ်ပေးခဲ့ပါသည်။
နိဂုံး
အိမ်စောင့်အစိုးရလက်ထက် ၁၉၆၀-ခု ဒီဇင်ဘာလတွင် သခင်သာခင်သည် လွတ်လပ်ရေး မော်ကွန်းဝင်တံဆိပ် (ပထမဆင့်)ကို ချီးမြှင့်ခြင်းခံရပြီး ၁၉၈၀-ပြည့်နှစ် ဇွန်လ (၇)ရက်နေ့တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံ၏ နိုင်ငံတော်ကောင်စီက နိုင်ငံဂုဏ်ရည်ဘွဲ့ (ပထမဆင့်)ကို ချီးမြှင့်အပ်နှင်းခြင်းခံရသည်။
သခင်သာခင်သည် မိုးကုတ်သူ ဒေါ်ခင်ရွှေနှင့် ၁၉၃၆-ခု တွင် လက်ထပ်ခဲ့ပြီး ဒေါ်ခင်ပြုံး၊ ဦးညီညီ၊ ဒေါ်ရီရီ၊ ဦးအောင်ခင်၊ ဒေါ်ညိုညို တို့ကို ဖွားမြင်ခဲ့ကာ ၁၉၅၅-ခု ဧပြီလတွင် ကွာရှင်းခဲ့ပါသည်။ ဒုတိယအိမ်ထောင်အဖြစ် ဒေါ်မြသန်းတင်နှင့် ၁၉၅၉-ခု မေလ (၁၁)ရက်နေ့တွင် လက်ထပ်ခဲ့ပြီး ဒေါ်ဥမ္မာသာခင်နှင့် ဦးနန္ဒာသာခင်တို့ကို မွေးဖွားခဲ့ပါသည်။
ဦးချစ်လှိုင် (စာရေးဆရာ ကိုကိုမောင်၊ ယခင် တပ်မတော်စိတ်ဓာတ်စစ်ဆင်ရေးဌာန ဒုတိယညွှန်ကြားရေးမှုး၊ ဗဟိုနိုင်ငံရေးသိပ္ပံ သင်တန်းမှုးချုပ်) သည် သခင်သာခင်နှင့် ယောက်ဖတော်စပ်ပါသည်။
သခင်သာခင်သည် ၁၉၈၆-ခု ဧပြီလ (၁၉)ရက်နေ့တွင် ရန်ကုန်မြို့ အမှတ် ၆၀(ခ)၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့ပါသည်။
The Red အနီ
October 22 at 6:20am ·
ကိုးကားချက်
(၁) ဦးနုရေး တာတေစနေသား။
(၂) မိုးကုတ်မြို့ ပတ္တမြားမြေသမိုင်း၊ ဦးသိန်းလွင် (ဘီအေ)၊ စာပြီးရက်စွဲ- ၁၉၅၀ ခု ဒီဇင်ဘာ (၂၈)ရက်၊ ထုတ်ဝေသည့်နှစ် မပါရှိ။
(၃) ကမ္ဘာကသိတဲ့ မြန်မာ့ပတ္တမြားမြေ၊ မောင်ထွန်းဦး (မိုးကုတ်)၊ ၂၀၀၁ ခုနှစ် သြဂတ်လ။
(၄) မိုးကုတ်မြို့၊ မြို့တွင်းသောက်သုံးရေပေးဝေရေး သမိုင်းမှတ်တမ်း၊ မြို့ရေပေးဝေရေးနှင့် ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ ၂၀၀၃ ခုနှစ် ဇွန်လ။
(၅) သခင်သာခင်၏ ၁၉၆၀ ရွေးကောက်ပွဲအတွက် မဲဆွယ်လက်ကမ်းကြော်ငြာ။
(၆) ဗမာပြည်က အကူအညီပေးခဲ့ခြင်း၊ ဦးဗဆွေ၊ ရွှေတူဂျာနယ် အတွဲ (၂) အမှတ် (၁၀)၊ ၁.၇.၁၉၇၂.။
(၇) မြန်မာ အင်ဒိုနီးရှား နယ်ချဲ့ဆန့်ကျင်ရေး သွေးစည်းညီညွတ်မှု၊ ကိုသန်း (ကြည့်မြင်တိုင်)၊ မိုးဂျာနယ်၊ ၁၉၆၆ ခု မတ်လ။
(၈) ယောက်ဖတော်စပ်သူ ဦးချစ်လှိုင်၏ ပြောပြချက်။
(၉) သမီးဖြစ်သူ ဒေါ်ခင်ပြုံး၏ ပြောပြချက်၊ (၂၇ မေ ၂၀၀၉)။
(၁၀) သားဖြစ်သူ ဦးနန္ဒာသာခင်၏ ပြောပြချက်၊ (၂၈ ဒီဇင်ဘာ ၂၀၀၈)။
Blog Archive
Shwe Hmone Yati
Tags
၊ ဇရစ်ချောင်ကျေးရွာ ၊ သထုံမြို့နယ် ၊ အင်းတိုင်စုကျေးရွာ ၀က်လက် ၀တ္တု ၀တ်မှုံရွှေရည် ၀မ်းတွင်း ၀မ့်ဟိုင်း ၀ါးခယ်မ ၀ိုင်းစုခိုင်သိန်း ၀ိုင်းမော် ၀ိုင်းစုခိုင်သိန်း ၅၉(စ) 7 July 8888 88gens 8days AA ABSDF accident ad advice Afghan Africa AI ALD ALP amaze America America's Got Talent Angelina jolie Anonymous ANP arak Arakan Archaelogy Argentina Army ARSA art article Astronomy attakyaw Aung San Suu Kyi Australia Austria Bagan Bago Bangladesh Bank BCP beau beauty Belgium BGF bingal Bingali Bobby Soxer (ထက်ထက်) Bogyoke Aung San Bomb book Border Bosnia Botswana Brazil British Brunei buddhi Buddhism Buddhist Burmese Movieclips Trailers Burundi business Butan c Cambodia camera Cameroon Canada car cartoon celebs Chicken Soup Chile Chin China chinese Christian CIA city City Life Buffalo cival war CNF Colombia Congo Cook couple CPB crime Criticism Crony CRPP cssu Cuba Daily Popular Dailymotion dance DASSK Days Denmark dhamma DKBA Donation DPNS DR.Tint Swe Dutch earth Ecuador Education Egypt EindraKyawZin ele Election ElSalvador Embassy Eng England entertainment environment essay Ethiopia Ethnic EU eurpoe Exile Facebook News fashion fashion show fb FDA feature FIFA Fiji for sale Foreign Affairs France Free Burma Rangers(FBR) funny Gambia game GandaWin gay general general knowledge Generation Wave Georgia Germany Ghana ghost story go gossip column Gov greece Guatemala Gwa Ha Ha health herbal Heritage Hindu History HIV Hluttaw Hong Kong Htet Htet Moe Oo htun koko HumanRight Hungary ICC Iceland IMF India Indonesia interview Iran Iraq Ireland Irrawaddy ISIS Islam Israel Italy Ivory Coast J. Krishnamurti Japan Jewellery JMC job Jobs joke Jordan ju justin bieber Kachin KAF Karen Kayah Kazakhstan KBC Keanu Reeves Kenya khaingHninWai KhinLayNwe) KHRG KIA KIO KNDO Knowledge For You KNPC KNPP KNSO KNU KPP KSDP Kuwait Labadawn Ladyboy learning english Lebanon LEBT letter lettr Libya Liechtenstein lifestyle link LNDP london lottery love Luxembourg M Seng Lu Ma Millar Hniang mafia magic Magway mal Malaysia Mali mandalay Manny Pacquiao Maths Maungdaw Mauritania MCDF MDCF Me N Ma Girls medel media medicine Memory Mexico MFOCN MH 370 miss Miss People MissAmerica MissButtBrazil MissGrandInternational MissInternational MissInternationalQueen MissSupranational MissTourismInternational MissUniverse MissUniversityMyanmar MissWorld MissWorldMuslimah MisterInternationalMyanmar MMCG MNDAA model Model Contest Momolay Mon mone money Monthly Popular Morocco movie MP4YOU TUBE MPC MPT MPU MSF MSM music muslim myanmar Myanmar Astrology Myanmar Celebrity Myanmar Herbal Myanmar Idol MyaThanTint myint myat NATO nature NCA NCCT ND-Burma NDF NED Nepal new new year newgens news Newzeland NGO Niagara Falls Nicki Minaj nicky Niger Nigeria NLD NMSP NNER NorthKorea Norway Nothern Novel Number obama OIC Opinion osama binladin pagoda Pakistan Palestine Paraguay Party People Peru Phillipines Philosophy photo phyu phyu kyaw thein PJS PoDarli poem Poland Police Politic Political Prisoner PopularPost pp programmer Project PSLF/TNLA Puerto Rico QandA Qatar Quote R.ဇာနည် rates RCSS/SSA Real Estate RebcaWin Records Refugee Religious report Research Riot RNDP Rohingya Romania RSO Russia Rwanda Rဇာနည် Saffron Satire Saudi Science Science & Tech scotland SEA Game Serbia sexeducation Shakira Shan show Shwe Dagon Siberia Sierra Leone Singapore singer SNDP SNLD Soe soldier Somalia song sound SouthAfrica SouthKorea Spain Speech sport Sri Lanka SSA SSPP stock Store story Sudan Sunday Journal suu foundation Sweden Switzerland Syria Taipei Taiwan Tanzania tatto tech terrorist Thailand ThaZin ThinGyan ThinZarWintKyaw Tibet Tips TNLA tourism Trailer Travel Traverse America true story Tunisia Turkey Turkmenistan U Ko Ni U Thant UAE UEC Uganda Ukrain UN UNA Unesco UNFC UNHCR UNICEF UNODC UPWC Uruguay USAID USDP UWSA UWSP Venezuela vi video vietnam vn War way weather Wedding WFP WHO wonder worker world accident World Bank world celebs world crime World Heritage world history world singer worldn WorldNews yangon YCDC Yemen YHT YIT yoon yoon YunMiOo Zimbabwe က၀ ကချင် ကချင်ပြည်နယ် ကနီ ကန့် ဘလူ ကန်ပိုက်တီး ကန်ကြီးထောင့် ကံမ ကမန် ကမာရွတ် ကယန်း ကယား ကယားပြည်နယ် ကရင် ကရင်နီ ကရင်ပြည်နယ် ကရင်ပြည်သူ့ ပါတီ ကွတ်ခိုင် ကွတ်ခိုင်မြို့နယ် ကွမ်းခြံကုန်း ကွမ်းလုံ ကျွန်းစု ကျွန်းလှ ကျွဲပွဲ ကလလတ ကသာ ကာမိုင်း ကာရံချို ကားမောင်းသူတွေအတွက် ကိုးကန့်  ကိုကိုးကျွန်း ကိုထက် ကိုမြအေး ကိုအံ့ကြီး ကိုဝေလု ကိုးကန့်  ကူမဲ ကလေး ကလေးဝ ကလော ကျန်းမာရေး ကျိုက်ထို ကျိုက်ထီးရိုး ကျိုက်မရော ကျိုက်လတ် ကျိုင်းတုံ ကျုံထော် ကျုံပျော် ကျုံဒိုး ခင်ညွန့်  ခင်ဘုဏ်း ခင်ဝင့်ဝါ ခင်သဇင် ခင်ဦး ခန့် စည်သူ ခရစ်ဆီ ၀ဏ္ဏ ခရမ်း ခိုင်သင်းကြည် ခိုင်သဇင်ငုဝါ ခိုလမ် ခူမီး ခမောက်ကြီး ချင်း ချင်းတွင်းမြစ် ချင်းပြည်နယ် ချင်းရွှေဟော် ချစ်စနိုးဦး ချစ်သုဝေ ချစ်ဦးညို ချစ်ဗေဒင် ချမ်းချမ်း ချမ်းမြသာစည် ချမ်းမြသာစည်မြို့နယ် ချမ်းအေးသာစံ ချီဗွေ ခန္တီး ဂန့် ဂေါ ဂမ္ဘီရ ဂုတ်ထိပ် ဂျင်မီ ဂျီလတ် ဂျူး ငပုတော ငဖဲ ငါန်းဇွန် ငါးသိုင်းချောင်း ငါ့သရောက် စကု စက်စဲ စင်္ကာပူ စစ်ကိုင်း စစ်ကိုင်းတိုင်း စစ်တွေ စတီဗင်ဦး စနဲမြို့  စမ်းချောင်း စမ်းချောင်း စံရတီမိုးမြင့် စွမ်းအားရှင် စလင်း စဥ့်ကိုင် စဥ့်ကူး စာပေဟောပြောပွဲ စိတ်အဟာရ ရသစာများ စိုက်ပျိုးရေး စိုင်းစိုင်းခမ်းလှိုင် စိုးစန္ဒာထွန်း စိုးပြည့်သဇင် စိုးမြတ်နန္ဒာ စိုးမြတ်သူဇာ စိုးသူ စီးပွားရေး စုစုနွေး စလေ စန္ဒီမြင့်လွင် ဆင်ဘို ဆင်ပေါင်ဝဲ ဆွမ်ပရာဘွမ် ဆွာမြို့ ဆလုံ ဆားလင်းကြီး ဆိပ်ဖြူ ဆိုတေး ဆီဆိုင် ဆီရာလီယွန်း ဆုပန်ထွာ ဇင်ဝိုင်း ဇန်နူး ဇဗ္ဗူသီိရိ ဇမ္ဗူသီရိ ဇွန်သင်ဇာ ဇွန်သံစဉ် ဇလွန် ဇာဂနာ ဇာနည်ထူးထူး ဇိုမီး တကသ တင်ဇာမော် တင့်တင့်ထွန်း တင်းတိတ် တစည တံတားဦး တနင်္သာရီ တနင်္သာရီတိုင်း တန့် ဆည် တန့် ယန်း တပ်ကုန်း တမူး တရား တွန်းဇံ တွံတေး တလုပ် တအာင်း(ပလောင်) တာချီလိတ် တာမွေ တာလေ တိုက်ကြီး တီကျစ် တီးတိန် တိုက်ကြီး တူနီးရှား တနိုင်း တနိုင်း ထက်ထက်ဝင့် ထက်ထက်မိုးဦး ထန်းကုန်း ထန်းတပင် ထန်းပင်ကုန်း ထွန်းထွန်း ထွန်းအိန္ဒြာဗို ထားထက်ထက် ထားဝယ် ထီးချိုင့် ထီးလင်း ထုံးတပိုကျေးရွာ ထူးဆန်းထွေလာ ထူးဆ် ထူးကြီး ထူးအိမ်သင် ဒက္ခိဏသီရိ ဒဂုံ ဒဂုံဆိပ်ကမ်း ဒဂုံမြို့ သစ် ဒလ ဒလိုင်းလားမား ဒါးက ဒါရိုက်တာဝိုင်း ဒါရိုက်တာမိုက်တီး ဒိုက်ဦး ဒီပဲယင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဒီမောဆို ဓနုဖြူ နတ္တလင်း နတ်တလင်း နတ်မောက် နန်းခင်ဇေယျာ နန်ဆန့်  နန်းဆုရတီစိုး နမ္မတီး နမ္မတူ နမ့်ခမ်း နမ့်စမ် နမ့်ဆမ် နမ့်လန် နယ်သာလန် နာဂ နားဟိုင်းလုံ နာရေး နာရေးကူညီမှုအသင်း နီနီခင်ဇော် နန္ဒာလှိုင် ပက်ထရစ်ရှာ ပခုက္ကူ ပင်းတယ ပင်လည်ဘူး ပင်လုံ ပင်လောင်း ပန်ဝါ ပန်ဆိုင်း ပန်းတနော် ပန်းဘဲတန်း ပန်းတောင်း ပွင့်နဒီမောင် ပွင့်ဖြူ ပလက်ဝ ပလိပ် ပိုင်ကျုံ ပိုလန် ပီကင်း ပုဂံ ပုဇွန်တောင် ပုဏ္ဏားကျွန်း ပုပ္ပါး ပုံပါကျင် ပုဗ္ဗသီရိ ပုလဲ ပုသိမ် ပုသိမ်ခရိုင် ပုသိမ်ကြီး ပုလောမြို့  ပူတာအို ပလောင် ပဲခူး ပဲခူးတိုင်း ပျဉ်းမနား ဖယ်ခုံ ဖရူဆို ဖွာထောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖလမ်း ဖားကန့်  ဖာပွန် ဖားဆောင်း ဖုန်ကြားရှင်း ဖျာပုံ ကြက်ယက် ကျေးရွာ ကြံခင်း ကြည်ဖြူ သျှင် ကြည့်မြင်တိုင် ကြည့်မြင်တိုင် ကြာအင်းဆိပ်ကြီး ကြို့ ပင်ကောက် ကြူကုတ် ဗကပ ဗကသ ဗန်းမောက် ဗန်းမော် ဗဟန်း ဗိုလ်ချုပ် ဂွမ်မော် ဗိုလ်ချုပ်ဟောင်းထွန်းကြည် ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်တထောင် ဗိုလ်ကြင်မောင် ဗိုလ်မှူးကြီးစောဆန်းအောင် ဗိဿ နိုး ဗီယက်နမ် မြိုင်မြို့ မြိုင်ကြီးငူဆရာတော် ဘင်္ဂါလီ ဘယ်လ်ဂျီယံ ဘားအံ ဘားအံမြို့နယ် ဘိုကလေး ဘီးလင်း ဘုတလင် ဘုတ်ပြင်း ဘုရားကြီး ဘုရားသုံးဆူ ဘိုကလေး ဘူးသီးတောင် မက္ကဆီကို မကွေးတိုင်း မချမ်းဘော့ မင်္ဂလာဒုံ မင်္ဂလာပွဲ မင်္ဂလာတောင်ညွန့်  မင်းကင်း မင်းကွန်း မင်းကိုနိုင် မင်းတပ် မင်းတုန်း မင်းဘူး မင်းပြား မင်းလှ မင်းအုပ်စိုး မင်းမော်ကွန်း မင်းသွေးသစ် မင်းအောင်လှိုင် မင်းအောင်လှိုင် မတၱရာ မတူပီ မထက္ မန္စီ မန္တလေးတိုင်း မန်းဂျော်နီ မဘသ မဘိမ်း မယ်စဲ့ မယ်လ မယ်လိုဒီ မရမ်းကုန်း မွန် မွန်ပြည်နယ် မွန်ပြည်သစ် မွန်အမျိုးသားပါတီ မွန်းအောင် မလှိုင် မလွှကုန်း မွန်ပြည်နယ် မွဲ ့ မဟန မဟာအောင်မြေ မအီ မအူပင် မာန်အောင် မာယာလူမျိုး အကြောင်း မာရီနာ မာရီလင်မွန်ရိုး မိစန္ဒီ မိတ္ထီလာ မိတီ်္ထလာ မိတ္ထီလာ မိတ်ကပ် မိန့် ခွန်း မိုးကုတ် မိုင်းကိုင် မိုင်းခတ်မြို့နယ် မိုင်းခုတ် မိုင်းဆတ် မိုင်းတုံ မိုင်းထား မိုင်းပန် မိုင်းပွန် မိုင်းယန်း မိုင်းပြင်း မိုင်းဖြတ် မိုင်းရှူး မိုင်းလား မိုင်းနောင် မိုင်းယောင်း မိုးညှင်း မိုးညို မိုးနဲ မိုးမိတ် မိုးယုစံ မိုးဗြဲ မိုးသီးဇွန် မိုးကောင်း မိုးဇေညိမ်း မိုးမောက် မိုးဟေကို မိုးအောင်ရင် မုံးကိုး မုဏ်း မုဒုံ မုန်းဝန်း မုန်းကို မုံရွာ မုံရွာမြို့ မိုင်းခတ်မြို့နယ် မိုးညှင်းမြို့နယ် မူဆယ် မကွေး မကွေးတိုင်း မဒေါက် မလေးရှား မျိုးစောင့်ဥပဒေ မန္တလေး မန္တလေးတိုင်း ယင်းမာပင် ယန်ဟီးလီ ယမုံမိုး ယွန်းယွန်း ယီမင် ယုသန္တာတင် ယူကရိန်း ပြင်သစ် ပြင်ဦးလွင် ပြဇာတ် ပြည် ပြည်ခိုင်ဖြိုး ပြည်ကြီးတံခွန် ပြည်ကြီးတံခွန် ပြည်သူ့ ဂုဏ်ရည် ပြွန်တန်ဆာ ဖြိုးကြီး ဖြိုးဖြိုးအောင် ဖြိုးငွေစိုး ဖြူး ဖြူဖြူကျော်သိန်း မြ၀တီ မြင်းမူ မြင်းခြံ မြင့်မြတ် မြစ်ကျိုး မြစ်ဆုံ မြစ်ကြီးနား မြစ်သား မြတ်ကေသီအောင် မြန်မာမလေးများ မြန်မာမလေးများvideo မြန်မာ့ရိုးးရာ ပန်းးပုပညာ မြန်အောင် မြဝတီ မြသန်းစံ မြိတ်ထားဝယ် မြို့ သစ် မြိုင် မြိုင်ကြီးငူ ရခိုင်ပြည်နယ် ရခိုင်အမျိုးသားပါတီ ရခိုင်အမျိုးသားပါတီ ရတနာမိုင် ရတာနာ ရန်ကင်း ရန်ကုန် ရန်ကုန်စက်မှုတက္ကသိုလ် ရန်ကုန်တိုင်း ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ယက် ရန်ကုန်တိုင်း ရပ်စောက် ရမည်းသင်း ရမ်းဗြဲ ရွာငံ ရှင်ဆန္ဒာဓိက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ရှမ်းနီ ရှမ်းပြည်နယ် ရှားတော ရှီဘုယဇာနည ရိုဟင်ဂျာ ရုရှား ရသေ့တောင် ရဲတိုက် ရဲထွဋ် ရဲလေး လက်ပံတန်း လက်ပံတောင်း လက်ဝှေ့  လင်းခေး လပွတ္တာ လမ်းမတော် လယ်သမား လယ်သိမ်းမြေသိမ်း လယ်ဝေး လွယ်လင် လွိုင်လင် လွိုင်ကော် လှည်းကူး လှည်းတန်း လွှတ်တော် လှာကာကျေးရွာ လှိုင်သာယာ လသာ လဟယ် လားရှိုး လာအို လွိုင်လင် လွိုင်ကော် လှိုင် လှိုင်းဘွဲ လှိုင်သာယာ လိုင်ဇာ လှိုင်းဘွဲ့မြို့နယ် လီဆူ လုံးခင်း လုလုအောင် လူမင်း လူပျောက်ကြော်ငြာ လဲချား လွှတ်တော် ဝတ်မှုန်ရွှေရည် ဝိုင်းစုခိုင်သိန်း ဝိုင်းမော် ဝိုင်းလေး ဝီရသူ ကြည့်မြင်တိုင် သက္ကလ သက်မွန်မြင့် သခင်တင်မြ သံဃာ သင်္ဃန်းကျွန်း သင်ဇာဝင့်ကျော် သင်ဇာနွယ်ဝင်း သဇင် သံတွဲ သတိပေးချက် သထုံ သထုံ သနပ်ပင် သန်လျင် သန်းရွှေ သပိတ်ကျင်း သံဖြူဇရပ် သင်္ကြန် သံဖြူဇရပ် သရက် သံလျင် သဉ္ဖာနွယ်ဝင်း သာစည် သားညီ သာယာဝတီ သာကေတ သာပေါငး သာပေါင်းမြို့ နယ် သိန်းစိန် သိန်းနီ သိန္နီ သီတဂူဆရာတော် သီဟ၀င်းတင် သီပေါ သုဝဏ္ဏ သုဝဏ္ဏ၀တီ သုံးခွ သုံးဆယ် သူရဦးတင်ဦး သူရဦးရွှေမန်း သူရဦးအောင်ကို သူရရွှေမန်း သူရဲကောင်း သံတောင်ကြီးမြို့  သရော်စာ သဲကုန်း သဉ္ဇာနွယ်ဝင်း ဟန်ဝင်းအောင် ဟန်ထူးလွင် ဟန်သီ ဟင်္သာတ ဟားခါး ဟာသ ဟိုင်းကြီးကျွန်း ဟိုပင် ဟိုပုံး ဟိုယာဒေသ ဟုမ္မလင်း ဟိုပန် ဟဲဟိုး အကယ်ဒမီ အကယ်ဒမီ၂၀၁၂ အင်္ဂပူ အင်ဂျလီနာ ဂျိုလီ အင်းစိန် အင်းတကော် အင်လုံရွာ အင်းတော် အင်းတော်ကြီး အင်းလေး အစ္စရေး အဆိုအမိန့်  အမရပူရ အမ်း အမျိုးသမီးပါတီ အမျိုးသားကွန်ဂရက်ပါတီ အမျိုးသားဒီမိုကရေစီပါတီသစ် အမျိုးသားပါတီ အမြန်လမ်း အရာတော် အရိုင်း အလှပြင်မယ် အလုံ အသုတ် အာဆီယံ အာဇာနည်နေ့  အိမ်မဲ အိချောပို အိန္ဒိယ အီရန် အီသီယိုးပီးယား အုတ်တွင်း အကောက်တောင် အဖျောက် အမေရိကန် အခြေခံဥပဒေ အလောင်းတော်ကဿ ပ ဥတ္တရသီရိ ဦးဝင်းတင် ဦးဝီရသူ ဦးဂမ္ဘီရ ဦးထင်လင်းဦး ဦးထင်ကျော် ဦးထင်ကျော် ဦးနု ဦးပိုင် ဦးဖိုးကျား ဦးမြင့်ဆွေ ဦးဝင်းချို ဦးဝင်းတင် ဦးဝင်းထိန် ဦးသန့်  ဦးတေဇ ဦးနေ၀င်း ဧရာဝတီ ဧရာဝတီတိုင်း ဧရာဝတီ ဧဝရတ်တောင် ဧဝံမေသုတံ ဝေဠုကျော် ဝေါ ကေတုမတီ ကေအိုင်အို ကော့ကရိတ် ကောင်းပြည့် ကော့မှူး ကောလင်း ကော့သောင်း ကော်နီ ကျေးသီးမြို့  ကျောက်ဆည် ကျောက်တံခါး ကျောက်တံတား ကျောက်တန်း ကျောက်ပန်းတောင်း ကျောက်ပန်းတောင်းမြို့နယ် ကျောက်ကြီး ကျောက်မဲ ကျောက်ဖြူ ကျောက်တော် ကျောက်မြောင်း ကျောင်းကုန်း ကျောင်းသားလှုပ်ရှားမှု ကျောင်းသားသပိတ် ကျော်ကိုကို ကျော်သူ ကျော်ဟိန်း ကျော်ကျော်ဗို ချောက် ချောင်းဆုံ ချောင်းသာ ချောင်းဦး ချောရတနာ ဂျေညီညီ ဂျောက်ဂျက် ငွေမှုန်ရတီ ငွေဆောင် စေတုတ္တရာ စောဘွဲ့မှူး ဆော ဆော့လော် ဇေယျဝတီ ဇေယျာသီရိ ဇေရဲထက် ဇော်ဝင်းထွဋ် ဇော်သက်ထွေး ညောင်တုန်း ညောင်ဦး ညောင်ခြေထောက် ညောင်ရွှေ ညောင်လေးပင် တောကျွဲအင်း တောင်ကုတ် တောင်ငူ တောင်တွင်းကြီး တောင်ဒဂုံ တောင်ကြီး တောင်ပြိုလက်ဝဲ တောင်ပြုံး တောင်သမန် တောင်သာ တောင်ဥက္ကလာ ထောက်ကြန့်  ဒေါ်ကြိုင်ကြိုင် ဒေါ်အောင်ဆန်းစုကြည် ဒေးဒရဲ ဒေါက်တာညိုညိုသင်း ဒေါက်တာတင့်ဆွေ ဒေါက်တာထွန်းလွင် ဒေါက်တာမြင့်ထွေး ဒေါက်တာရန်မျိုးသိမ်း ဒေါက်တာလှကျော်ဇော ဒေါက်တာသန်းထွန်း ဒေါပုံ နေတိုး နေမျိုးဇင် နေမျိုးဝေ နေပြည်တော် နောင်ချို နောင်ဒွန်းကျေးရွာ နောင်လုံး အုပ်စု နော်အုန်းလှ ပေးစာ ပေးစာ - ဗိုလ်ချုပ်မြ၀င်း (သို့) ဗိုလ်မြ၀ါး ပေါက် ပေါက်ခေါင်း ပေါက်တော ပေါင် ပေါင်းတည် ပျော်ဘွယ် ဖွေးဖွေး ဖောင်ကြီး ဖောင်းပြင် ကြေးမုံဦးသောင်း ကြော်ငြာ ဗေဒင် ဗေလုဝ ဘောလခဲ မေ မေခလာ မေစံပယ်ညို မှော်ဘီ မေသက်ခိုင် မေသန်းနု မောက်မယ် မောချီး မောင်ဆောင်းခ မောင်တော မောင်မောင်ဝမ်း မော့စ် မော်ချီး မော်လမြိုင် မော်လိုက် မော်လ်ဒိုဗာ ပြေတီဦး မြေပုံ မြောက်ဒဂုံ မြောက်ဥက္ကလာ မြောက်ဦး မြောင် မြောင်းမြ ရေး ရေစကြို ရေစကြိုမြို့နယ် ရေတာရှည် ရေနီ ရေနံချောင်း ရေကြည် ရေဖြူ ရွှေဘိုမြို့  ရွှေမှုန်ရတီ ရွှေပြည်သာ ရေဦး ရွှေဝါရောင် ရွှေကူ ရွှေကျင် ရွှေစက်တော် ရွှေည၀ါဆရာတော် ရွှေတိဂုံ ရွှေဘို ရွှေမှုန်ရတီ ရွှေပြည်သာ ရွှေလီ ရွှေညောင် ရွှေတောင် ရွှေပေါက္ကံ ရွှေသောင်ယံ လေးမျက်နှာ လေးဖြူ လှော်ကား လောက်ကိုင် လောင်းလုံ လောပိတ ဝေါမြို့နယ် အေးချမ်းမြတ်မိုး အေးမြတ်သူ အေသင်ချိုဆွေ အောင်ဆန်းဦး အောင်ပန်း အောင်မင်း အောင်ရဲလင်း အောင်လံ အောင်မြေသာစံ အောင်သောင်း အော်စကာ နွားထိုးကြီး နိုင်ငံရေးအကျဉ်းသား နိုင်မွန်ချမ်း
Labels