Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, August 31, 2017
တူရကီဟက်ကာများက ဟက်ကြမည်ဆိုသောအခါဝယ်.......
တူရကီက ဟက်ကာအဖွဲ့က ဒီည မြန်မာ အစိုးရဆိုက်တွေကို ဟက်ပြီး ပိတ်မယ်လို့ကြေငြာထားသတဲ့
မျက်ရည်တွေပါထွက်အောင် ရယ်ရတယ် ... ဟက်ပေါ့ domain နဲ့ hosting က တစ်နှစ်စာမှ ဘယ်လောက်မှ မရှိဘူး ဘာဒေတာမှလည်း မရှိဘူး အမောဆို့ပြီးလဲသေသွားမယ်
ကိုယ်တွေ အစိုးရဆီက အချက်အလက်တွေ ခိုးချင်သလား သိပ်ထိခိုက်သွားအောင် လုပ်ချင်သလား
တွဲကားကြီးတွေ ခေါ်လာခဲ့ .... လူအင်အား များများခေါ်လာခဲ့ .... ရုံးထဲက ခွေးလေခွေးလွင့်တွေ အ
ရင်ရှင်း အဆွဲခံရရင် အသားတောင်ကျန်မှာ မဟုတ်ဘူး။
ပြီးရင် သံဘာဂျာတစ်ခါးကြီးတွေ ဖျက်ပြီးဝင်။ အရေးကြီးတဲ့အချက်အလက်ကို ကွန်ပျူတာထဲ သွားမရှာနဲ့ စာတစ်စောင်ရိုက်ဖို့ ဟန်းနေတာ နေ့တစ်ဝက်လောက် ကြာတတ်တယ်။ အဲထဲမှာ ရှာရင် စက်တောင်ပြန်ပြင်ပေးခဲ့ရဦးမယ်။
အဲတော့ ဗီရိုထဲမှာရှာ Copy ကူးချင်ရင် လက်ရေးနဲ့ ထိုင်ကူး cut လုပ်ချင်ရင် အထုပ်လိုက်ထမ်းပြီး တွဲကားတွေနဲ့ တင်သွား ။
ဟိုရောက်လို့ အချက်အလက်တွေ ရှာချင်ရင် တစ်ရွက်ချင်းလှန်ရှာ။ မဟုတ်လို့ကတော့ တစ်သက်လုံး မတွေ့ဘူး ဝန်ထမ်းအစ်မကြီးတွေတောင် သူ့ဗီရို ရှာရင်း မူးပြီး သတိလစ်နေတာ။
Damage ဖြစ်နေတဲ့ ဖိုင်ဆိုတာ ခြ ပိုးဟပ် ကိုက်လို့ဖြစ်တာ ဘယ်တော့မှ Recover လုပ်မရဘူး။ ဪပြီးတော့လေ
Encrypt လုပ်ထားတဲ့ သူတို့ လက်ရေးကို ခုထိ ဘယ်သူမှ ဖတ်မတတ်ဘူး။ ဒါတောင်နော် .. ရုံးတွင်းလျို့ဝှက်စာ ကြားဖြတ်ယူမယ်ဆို သွားပို့တဲ့ ဝန်ထမ်းကို ရိုက်လုမှ ရမယ် တစ်သက်လုံး အီးမေး မသုံးဘူး ဘာမှတ်လဲ
သတ္တိရှိရင် စမ်းကြည့်လိုက်
credit to Kyaw Lin Aung.
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များ သိရှိနိုင်ရန် ပြည်တွင်း၊ ပြည်ပမီဒီယာများပါဝင်သော သတင်း အဖွဲ့ မောင်တောဒေသအတွင်း သတင်းရယူ
နေပြည်တော် သြဂုတ် ၃၁
ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ ရခိုင်ပြည်နယ်မြောက် ပိုင်း မောင်တောဒေသအတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ သတင်းများရယူနိုင်ရန် သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသက်ဆွေ ခေါင်းဆောင်သော ပြည်တွင်း၊ ပြည်ပ မီဒီယာ ၂၂ ဦး ပါဝင်သော သတင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်း တွင် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ အမြန်ရေယာဉ်များဖြင့် သွားရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိသတင်း ရယူကြသည်။
ပြည်တွင်း၊ ပြည်ပ မီဒီယာများ ပါဝင်သောအဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂နာရီခွဲတွင် မောင်တောမြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လက်ရှိဖြစ်ပေါ်နေသော အခြေအနေများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များ ကို မေးမြန်းရာ ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားသည်။
ထို့နောက် ပြည်တွင်းပြည်ပ မီဒီယာများသည် မြို့မကညင်တန်းရှိ မီးလောင်နေအိမ်များသို့ သွားရောက်ပြီး ARSA အကြမ်းဖက်သမားများက အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်ဆောင်ရွက်ထားသည့် အခြေအနေများအား သတင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူး၍ သိရှိလိုသည်များကို မေးမြန်းကြရာ ခရိုင်ရဲတပ်ဖွဲ့မှူးက ပြန်လည် ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ မြို့သူကြီးကျေးရွာနှင့် ဇူလကျေးရွာတို့၌ တိုင်းရင်းသားများ အသတ်ခံရသည့် ဖြစ်စဉ်နေရာများတွင် မှတ်တမ်းရယူပြီး၊ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မျက်မြင်တိုင်းရင်းသားများအား သိရှိလိုသည်များကို မေးမြန်း ကြသည်။
ညနေပိုင်းတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသူများ ခေတ္တခိုလှုံနေထိုင်သည့် မောင်တောမြို့ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တိုင်းရင်းသားများနှင့်တွေ့ဆုံ၍ သိရှိလိုသည်များကို မေးမြန်း သတင်းရယူကြပြီး မြို့နယ် ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးဝါးကုသမှုခံယူနေသည့် လူနာများအား တွေ့ဆုံ၍ မှတ်တမ်းရယူကြသည်။
အဆိုပါသတင်းအဖွဲ့တွင် ကျိုဒို၊ တီဗွီအဆာဟိ၊ နိပွန်တီဗွီ၊ အဆာဟိ ရှင်ဘွန်း၊ ဖူဂျီတီဗွီ၊ နစ်ကေး ရှင်ဘွန်း၊ ဗွီအိုအေ၊ ရိုက်တာ၊ အေအဖ်ပီ၊ နယူးစ်ဝပ်ခ်ျ၊ အလဲဗင်း၊ စကိုင်းနက်နှင့် သတင်းဌာနများပါဝင်ကြပြီး ယနေ့ သြဂုတ် ၃၁ ရက် တွင် ARSA အစွန်း ရောက်အကြမ်းဖက်သမားများ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည့် နေရာများတွင် ဆက်လက် သတင်းယူကြမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ မှ သတင်းထုတ်ပြန်ထားသည်။
(သတင်းစဉ်)
Wednesday, August 30, 2017
၂၀၀၈ အ​ခြေခံဥပ​ဒေထဲက ကာလုံ သမ္မတ ကာချုပ်​ လုပ်​ပိုင်​ခွင့်
၂၀၀၈ အ​ခြေခံဥပ​ဒေထဲက ကာလုံ သမ္မတ ကာချုပ်​ လုပ်​ပိုင်​ခွင့်
အမှန်တရားက ဖိနပ်စီးနေတုန်းမှာပဲ မုသားက ကမ္ဘာတစ်ပတ် ပတ်ပြီးသွားပြီ"
"အမှန်တရားက ဖိနပ်စီးနေတုန်းမှာပဲ
မုသားက ကမ္ဘာတစ်ပတ် ပတ်ပြီးသွားပြီ"
ဆိုရေးရှိ၍ ဆိုပါရစေ။
အောက်မှာ ဖော်ပြထားတဲ့ ကမ္ဘာ့မြေပုံကတော့ လက်ရှိ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးမှာ ဘယ်လိုတွေ ပြောနေကြတယ်၊ ဘယ်လို သတင်းတွေ ပြန့်နှံ့နေကြတယ် ဆိုတာကို Data Crawling နဲ့ Analysis လုပ်ထားတာ ဖြစ်ပါတယ်။
အနီတွေက Negative ပြောတာ ဖြစ်ပြီး အပြာတွေက Positive ပြောတာ ဖြစ်ပါတယ်။ သတင်းအမှန်တွေက အပြာရောင် ဖြစ်ပြီး သတင်းအမှားတွေက အနီရောင် ဖြစ်ပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးနဲ့ တစ်နိုင်ငံတည်း၊ တစ်နိုင်ငံတည်းမှာမှ နေပြည်တော် ကွက်ကွက်ကလေးကနေ ထုတ်ပြန်နေရတာပါ။ တပ်ချုပ်ရုံးနဲ့ Information Committee နှစ်ခုကနေ ထုတ်ပြန်နေတဲ့ သတင်းတွေဟာ Twitter မှာ သန်းနဲ့ချီပြီး Tweet နေတာတွေကို မယှဉ်နိုင်ပါဘူး။
သတင်းမမှားရအောင်၊ အပြန်ပြန်အလှန်လှန် စိစစ်၊ တပ်နဲ့ ရဲ Double Check လုပ်ပြီး သေချာပြီဆိုမှာ ထုတ်ပြန်ပေးနေရတဲ့ အခြေအနေမှာ နိုင်ငံတကာမှာ ရှိတဲ့ သန်းနဲ့ချီတဲ့ လူတွေက ဟုတ်တာရော မဟုတ်တာရော ရှိရှိသမျှ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို အစုလိုက် အပြုံလိုက် တင်ပြီး ထုတ်ပြန်နေကြတာပါ။ သတင်းဌာနတွေကို အဆက်မပြတ် အီးမေးလ်တွေ ပို့တယ်၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ပို့တယ်။
အကြမ်းဖက်သမားတွေ လက်ချက်နဲ့ သေသွားရတဲ့ တိုင်းရင်းသားတွေရဲ့ ဓါတ်ပုံတွေ (ဒီဓါတ်ပုံတွေကို ရေစာထိုးပြီးမှတင်တာ) ဟာ Tweeter ပေါ်မှာ လုံခြုံရေးတပ်ဖွဲ့တွေ အသတ်ခံရတဲ့ "ရကောက်" တွေပါ ဆိုပြီး ဖြစ်သွားနေပါတယ်။
နိုင်ငံရေးပါတီတွေက အကြမ်းဖက် ဆန့်ကျင်ရေး တစ်သားတည်း ရပ်တည်ကြတယ်။ ပြည်တွင်းနေ လူငယ်တစ်ချို့ကလည်း အကြမ်းဖက်မှုကို ရှုတ်ချတဲ့၊ ကန့်ကွက်တဲ့ ကြေညာချက်တွေ ထုတ်ပြန်လာကြတာ တွေရတယ်။ ဒါကို ကြိုဆိုတယ်။ ဒီထက်ပိုပြီး ပြည်တွင်းနေ အဖွဲ့ကြီးတွေက ကန့်ကွက်ချက်တွေ ထွက်ပေါ်လာဖို့လည်း မျှော်လင့်ပါတယ်။ တိုက်လည်း တိုက်တွန်းပါတယ်။
ဒီအချိန်မှာ မြန်မာဆိုတဲ့ စိတ်နဲ့ ပြည်သူတွေဟာ Report တွေ လုပ်ကြတယ်။ Twitter တွေ ဖွင့်ပြီး သတင်းမှန်တွေ ဖြန့်ကြတယ်။ ပြည်တွင်း မီဒီယာတွေကလည်း သတင်းမှန်တွေကို အပင်ပန်းခံပြီး ထုတ်ပြန်နေကြပါတယ်။ ဘာယ်နေရာမှာ ဘယ်သူတွေ ရိက္ခာပြတ်နေပြီ၊ ဘယ်နေရာမှာ ပိတ်မိနေပြီ စတဲ့ သတင်း အချက်အလက်တွေ တိုးတိုးတိတိတ်တစ်မျိုး၊ ကျယ်ကျယ်လောင်လောင်တစ်ဖုံ ပေးပို့ပေးခဲ့ကြပါတယ်။ ဒီလိုမျိုး အားတက်သရော ညီညွတ်နေကြတာ တွေ့ရလို့ စိတ်ထဲမှာ လှုပ်ရှားရလွန်းလို့ ပြောမပြတတ်အောင်ပါပဲ။
ဒါပေမယ့် မီဒီယာပါး ဝနေပြီ ဖြစ်တဲ့၊ မီဒီယာတွေကို စီးနင်းထားနိုင်တဲ့ သူတွေက Information Committee က ထုတ်ပြန်ချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံနာမည်နဲ့ သတင်းခေါင်းစဉ်တွေ တည်ဆောက်ပြီး ဖိအားပေးကြတယ်။ ဒါတွေကို ဖတ်ပြီး Information Committee က ဒီလိုပုံတွေနဲ့ Tweet တာ၊ပြည်သူတွေက မတောက်တစ်ခေါက်နဲ့ Tweet ကြတာတွေကို တွေ့တော့ ရှက်စရာကောင်းတယ် လို့ ပြောကြတယ်၊ Post တင် Tag လုပ်ပြီး အသိပေးလာကြတယ်။
ကိုယ့်တိုင်းရင်းသားတွေ၊ ဒေသခံတွေ အသတ်ခံရတဲ့ ဓါတ်ပုံတွေ၊ ရုပ်ပျက်ဆင်းပျက် ဓါတ်ပုံတွေ အများကြီး ရှိပါတယ်။ ပြည်မကြီးဘက်မှာ ပဋိပက္ခ မီး မကူးရလေအောင်၊ ဘာသာရေး-လူမျိုးရေးတွေ ကူးစက်လာမှာကို ချင့်ချိန်ပြီး ဓါတ်ပုံတွေ တင်တာတောင်မှ ရွေးချယ်ပြီး တင်နေပါတယ်။
ဒီကြားထဲမှာမှ ဖြစ်ရပ်မှန်တွေရဲ့ ဓါတ်ပုံမှတ်တမ်းတွေကို ထုတ်ပြန်ပေးတာကို ရှက်ကြတယ် တဲ့လား။ ဒီလို အချိန်မှာမှ အဖြစ်မှန်တွေကို ချမပြရင် ဘယ်အချိန်မှာမှ ချပြရမှာ တဲ့ လဲ။ တစ်ကယ့်ကို လစ်ဘရယ်ကြီးတွေလို့ ဆိုလိုချင်တာလား။ သတင်းမှန်၊ သတင်းမှား ပြန့်နှံ့နေတဲ့ မြေပုံကို ကြည့်လိုက်ပါ လို့ တိုက်တွန်းချင်ပါတယ်။
မြေပုံမှာ ကြည့်ရင် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အပြာရောင်နဲ့ ပြထားတဲ့ Information Committee နဲ့ တပ်ချုပ်ရုံးက ထုတ်ပြန်ပေးနေတာတွေက သူတို့တွေရဲ့ IT Flow နဲ့ ယှဉ်လိုက်ရင် ကမ္ဘာကြီးမှာ သေးသေးလေးပါ။ တစ်ကယ့်ကို သေးသေးလေးပါ။ အပုံ တစ်သန်းပုံ တစ်ပုံတောင် မရှိပါဘူး။ ဒါ့ကြောင့်လည်း လူကြီးတွေက ပြည်တွင်း၊ ပြည်ပမီဒီယာတွေ သွားရောက် သတင်းယူနိုင်အောင် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။
Information Committee မှာ တပ်မတော် ပါတယ်။ ပြည်ထဲရေး ပါတယ်။ သမ္မတရုံး၊ အတိုင်ပင်ခံရုံး၊ နယ်စပ်ရေးရာ၊ နိုင်ငံခြားရေး ကိုယ်စားလှယ်တွေ ပါပါတယ်။ ရခိုင်ပြည်နယ် အစိုးရကနေ ဟိုးအောက်ခြေ ရပ်ကျေးအဆင့်အထိမေးမြန်းပြီး သတင်းတွေ အတည်ပြုပြီး ဆက်ပြီး ထုတ်ပြန်သွားပါမယ်။
မောင်တောဒေသမှာ မိုးရေထဲ၊ တောထဲမှာ ပုန်းအောင်းနေရရှာတဲ့ ဒေသခံတွေအတွက် တစ်ကယ့်ကို ငရဲပွက်သလို ခြောက်ခြားနေကြရရှာတာပါ။ အအေးမိ ချောင်းဆိုး အစာရေစာ ပြတ်နဲ့ နောက်ဆုံး လာတိုက်ပြီး သေသွားတာကမှ ကောင်းသေးတယ် လို့ စိတ်ဒုန်းဒုန်းချကြရတဲ့ အသံတွေ ကြားပါရဲ့လား။ လုံခြုံရေးတပ်တွေ လာနေပြီ ဆိုရင်ပဲ၊ ရဟတ်ယာဉ်အသံ ကြားရရင်ပဲ ရှင်သန်ခွင့် ပြန်ရပြီ ဆိုပြီး ပျှော်နေကြရတာပါ။
တစ်ဘက်မှာလည်း ကုလသမဂ္ဂအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ Fact Finding Mission စတဲ့ ထောင်ချောက်တွေက မြန်မာတပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဘာမှားမလဲ တကဲကဲ စောင့်ကြည့်နေကြတာပါ။
ဒီအခြေအနေတွေကနေ အစဉ်အမြဲ လွန်မြောက်ဖို့ (ဘယ်သူ့ဘယ်သူမှ အပြစ်မတင်ဘဲ) တတ်နိုင်တဲ့ဘက်က အားလုံး ဝိုင်းကူမှ တန်ကာကျပါလိမ့်မယ်။
မှူးဇော်
Tuesday, August 29, 2017
ည အချိန် သင်္ချုင်္ိင်း တွင် လူသတ်မှုဖြစ်
အောင်လံ ၊ သြဂုတ် ၂၉။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အောင်လံမြို့နယ်၊ ဂွေးချိုကျေးရွာအနောက်ဘက်တစ်မိုင်ခန့်အကွာ သင်္ချုင်္ိင်းကုန်းဇရပ်ပေါ်တွင် ဩဂုတ်၂၈ရက်ည၇နာရီခွဲအချိန်က လူသတ်မှုဖြစ်ပွားကြောင်းနယ်မြေရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးက AHN သို့ပြောသည်။
ဖြစ်စဉ်မှာဩဂုတ်၂၈ရက်ည၇နာရီခွဲအချိန်ကမောင်……. ၂၃ နှစ်၊ ဂွေးချိုကျေးရွာနေသူနှင့်ဦး…….(၅၄)နှစ်လက်မြောင်ကျေးရွာနေသူတို့သည် ဂွေးချိုကျေးရွာအနောက်ဘက်တစ်မိုင်ခန့်အကွာ သင်္ချုင်္ိင်းကုန်းဇရပ်ပေါ်တွင် တွေ့ဆုံစကားများရန်ဖြစ်ရာမောင်…..၂၃ နှစ်က ၄င်းကိုင်ဆောင်လာသောအရိုးအသွား (၂၃) လက်မခန့်ရှိ ဝါးရိုးတပ်ဓားဦးပြတ်ဖြင့် ခုတ်သဖြင့်ဦး……၅၄ နှစ်တွင်
လည်ဂုတ်ဝဲဘက်အောက်ခြောက်လက်မပြတ်ရှ ဒဏ်ရာ၊ ယာဘက်လက်ပြင်အောက်ကျောခုံးပေါ်တွင်ငါးလက်မခန့် ပြတ်ရှဒဏ်ရာနှင့် လေးလက်မခန့်ပြတ်ရှဒဏ်ရာ၊ ကျောခုံးဝဲဘက်ပေါ်တွင်
လက်မဝက်ခန့် ပြတ်ရှဒဏ်ရာများဖြင့် ဇရပ်ပေါ်တွင် မှောက်လျက်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ အခင်းဖြစ်ရာနေရာသို့ ဒုရင်္ဂဗိုလ် နယ်မြေစခန်းမှူးရဲအုပ်သန်းစိုးဝင်းဦးဆောင်သည့် တပ်ဖွဲ့ဝင်လေးဦးနှင့် စကားတောင်ရဲကင်းစခန်းမှူးရဲအုပ်ကျော်စွာလတ်ဦးစီးသော တပ်ဖွဲ့ဝင်လေးဦးတို့က ဒါးစမ်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရသည်။
ပြစ်မှုကျူးလွန်ခဲ့သည်ဆိုသော မောင်…… ၂၃ နှစ်အား ဖမ်းဆီးရမိခဲ့ပြီး၊ ဒုရင်္ဂဗိုလ်နယ်မြေရဲစခန်းကအမှုအမှတ် (ပ) ၅၂ /၂၀၁၇ ရာဇသတ်ကြီးပုဒ်မ၃၀၂ဖြင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သိရှိရသည်။
ကိုထွန်း (အောင်လံ)
The Asia Heart News
ARSA အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် အကြောင်းတစေ့တစောင်း
ARSA အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်
အကြောင်းတစေ့တစောင်း
ဆောင်းပါးရှင် - ဒေါက်တာ တင့်ဆွေ
သြဂုတ်လ ၂၈ ရက်
Arakan Rohingya Salvation Army (ARSA) အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဆိုတာ နောက်မှပေါ်လာတဲ့ ဘာသာရေးအစွန်းရောက် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တခုဖြစ်တယ်။ အရင်က Harakah al-Yaqin လို့ခေါ်ခဲ့ပါတယ်။ အင်္ဂလိပ်လို Faith Movement ယုံကြည်သူလှုပ်ရှားမှုလို့ ဆိုပါတယ်။ Rohingya Solidarity Organisation (RSO) ကို ၁၉၈၂ မှာဖွဲ့ထားတယ်။ လော်ဘီအုပ်စုတွေပါ အများကြီးရှိတယ်။ မီဒီယာလည်း တကမ္ဘာလုံးကပါတယ်။ 
ARSA အဖွဲ့ဟာ ၂ဝ၁၂ နောက်မှာပေါ်လာပြီး၊ ရခိုင်ပြည်နယ်မှာ လှုပ်ရှားတယ်။ Ata Ullah အာတာအူလာဆိုသူက ခေါင်းဆောင်တယ်။ သူက ပါကစ္ဂတန်နိုင်ငံ ကရာချိမြို့မှာ မွေးခဲ့ပြီး၊ ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမှာ ကြီးပြင်းခဲ့တယ်။ သူ့ကို Ameer Abu Amar လို့လည်းခေါ်တယ်။ Madrassa education ဘာသာရေးပညာ သင်ယူခဲ့တယ်။ သူဟာ ၂ဝ၁၂ နောက်ပိုင်းမှာ ဆော်ဒီနိုင်ငံကနေ ပျောက်သွားခဲ့တယ်။ ပြောက်ကျား ၆ လသင်တန်း တက်ခဲ့တယ်လို့ သတင်းတွေအရ သိရတယ်။
စစ်တွေမှာ ဖမ်းဆီးရမိခဲ့တဲ့ ARSA အဖွဲ့ဝင်တယောက်ကိုစစ်ဆေးလို့သိလာရတာက ဒီအဖွဲ့ဟာ ဒီမိုကရက်တစ် ရိုဟင်ဂျာ စတိတ်ကို ထူထောင်ချင်တယ်။ State စတိတ်ဆိုတာ ပြည်နယ်လည်းဖြစ်တယ်။ တိုင်းပြည်တခုလည်း ဖြစ်တယ်။ 
ဒီအဖွဲ့နဲ့ တခြားနိုင်ငံတွေမှာအခြေစိုက်တဲ့ အစ္စလမ်းမစ်အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်စပ်မှုကို ဖေါ်ထုတ်လို့ မရသေးပါ။ အပြင်ကနေ ငွေကြေးလက်နက်ထောက်ပံ့မှုမရဘဲ အဲလိုလှုပ်ရှားဘို့ မဖြစ်နိုင်ပါ။ ဆက်ကြေးကောက်တာ၊ မှောခိုရောင်းဝယ်တာ၊ ဓါးပြတိုက်တာ၊ ပြန်ပေးဆွဲတာ၊ ငွေစက္ကူအတုလုပ်တာနဲ့ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်၊ ကူးသန်းရောင်းဝယ်တာတွေကနေသာ လက်နက်ကိုင်အဖွဲ့တွေက ရှင်သန်ရပ်တည်နိုင်ကြတယ်။ 
အရင်ကစစ်ဆေးချက်တွေအရ အဲဒီအဖွဲ့ဟာ အရပ်သား ၃၄ ယောက်ကနေ ၄၄ ယောက်အထိ သတ်ခဲ့တယ်။ လူ ၂၂ ယောက်ကိုပြန်ပေးဆွဲခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ဒေသမှာ စိတ်ကြွးဆေးပြားတွေ မကြာခဏဖမ်းဆီးရမိတဲ့သတင်းတွေ ထွက်ပါတယ်။ ၂၂-၆-၂ဝ၁၆ နေ့က မြန်မာအစိုးရထုတ်ပြန်ချက်မှာ ARSA အဖွဲ့ဝင် ၃ ယောက်ကို အသေရမိတယ်။ ယမ်းမှုန့်တွေ၊ လုပ်သေနတ်တွေလည်း မေယုတောင်တန်းတနေရာကနေ သိမ်းဆီးရမိခဲ့တယ်။ 
၂ဝ၁၆ ခုနှစ် အောက်တိုဘာလ တိုက်ခိုက်မှုကို Harakah al-Yaqin ခေါ်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ မြန်မာနယ်စပ်လုံခြုံရေးတာဝန်ရှိသူ ၉ ဦးနဲ့ စစ်သား ၄ ဦးတို့ကျဆုံးခဲ့တယ်။ အကြမ်းဖက်မှုကို တန်ပြန် နှိမ်နင်းအပြီး သူပုန် ၆၉ ယောက်ကို သေဆုံးခဲ့တယ်လို့ ၁၅-၁၁-၂ဝ၁၆ နေ့မှာ တပ်မတော်က ထုတ်ပြန်ခဲ့တယ်။
International Crisis Group (ICG) ခေါ် နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့က ၁၄-၁၂-၂ဝ၁၆ နေ့ကထုတ်ပြန်ရာမှာ အဲဒီလက်နက်ကိုင်အကြမ်းဖက်သူတွေဟာ ဆော်ဒီအာရေးဗီးယားနဲ့ ပါကစ္စတန်မှာရှိတဲ့အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အာဖကန်နစ္စတန်နဲ့ ပါကစ္စတန်မှာ စစ်သင်တန်းတွေ လျို့ဝှက်တက်ခဲ့ကြတယ်လို့ပါရှိတယ်။ Harakah al-Yaqin အဖွဲ့ဝင်တွေဟာ လစ်ဗျားနိုင်ငံမှာလည်း သင်တန်းတက်ခဲ့တယ်။
ရခိုင်ဒေသမှာရှိတဲ့ ရဲတပ်ဖွဲလုံခြုံရေးစခန်းတွေကို အစီအစဉ်ကျကျတိုက်ခိုက်မှုတွေဖြစ်ပွါးအပြီး ၂၅-၈-၂ဝ၁၇ နေ့မှာ မြန်မာနိုင်ငံ အကြမ်းဖက်နှိမ်နင်းရေးဗဟိုကော်မတီကနေ အဲဒီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြောညာလိုက်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲကလည်း တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါသေးတယ်။ သူတို့ဟာ ဘင်္ဂလားဒက်ရှ်နိုင်ငံထဲမှာ သင်တန်းတက်ခဲ့ကြတယ်လို့ ယုံကြည်ရတယ်။ 
၂၄-၈-၂ဝ၁၇ နေ့က နယူးဒေလီမြို့အနောက်ပိုင်း အူသမ်နဂါးရပ်မှာ ရိုဟင်ဂျာလူရွယ်တယောက် ပစ်သတ်ခံရတယ်လို့ ဒေလီကလာတဲ့သတင်းက ဆိုပါတယ်။ 
ဘာသာရေးအစွန်းရောက် အကြမ်းဖက်မှုတွေနဲ့အတူ သဘာဝဓါတ်ငွေပိုက်လိုင်းလုံခြုံရေးဆိုတဲ့အချက်ကို ဆက်စပ်ပြီး မစဉ်းလို့မရပါ။ အခုထိ မြန်မာ့သဘာဝဓါတ်ငွေ့တွေဟာ မြန်မာ့ရေပြင်ကနေ တရုပ်ပြည်ကို အဟန့်အတားဆိုလို့ ယင်တောင်မနားဘဲ ပို့နေနိုင်ပါတယ်။ 
ဝါဒဖြန့်ချိရေးတွေကလည်း အဖွဲ့ပေါင်းစုံက လုပ်နေကြတယ်။ မီဒီယာကိုလည်း ကောင်းကောင်းအသုံးချတယ်။ တိုက်ပွဲတွေကြောင့်ထွက်ပြေးရတဲ့ ဘာသာတူတွေအတွက် အမေရိကအခြေစိုက် Islamic Relief USA အဖွဲ့ဟာ ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီး UNHCR နဲ့လက်တွဲဆောင်ရွက် နေတယ်လို့ဆိုပါတယ်။ 
ဘာသာရေးချစ်စိတ်၊ လူမျိုးရေးချစ်စိတ်၊ အခွင့်အရေးချစ်စိတ်နဲ့ ငွေကြေးချစ်စိတ်တွေ ဆက်စပ်နေသလား မပြောနိုင်ပါ။ တိုင်းပြည်ချစ်စိတ်ကို အတော်ရှာနေရတယ်။ 
(စာရေးသူသည် ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် ညွန့်ပေါင်းအစိုးအဖွဲ့ဝင် ဝန်ကြီးဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျှက် ဆေးပညာ ကျန်းမာရေးဆိုင်ရာ နိုင်ငံ့ရေးရာစာစုများ ရေးသားနေသူတစ်ဦး ဖြစ်သည်)
ဓာတ်ပုံ - State Counsellor Office Information Committee/ Facebook
ဦးရဲထွဋ် ဘာလဲ ဘယ်လဲ
credit Thein Win
(((လူထုခေါင်းဆောင် ကို "ဖေါင်းထု" ချင်လွန်းလို့)))
ကိုဖီအာနန် ကို "ဗျင်း" ရင် 
လူထုခေါင်းဆောင် လည်း "ဂွမ်း" မယ် 
အမှတ်နဲ့ .
လူထုခေါင်းဆောင် ကို "ဖေါင်းထု" ချင်
လွန်းအားကြီးသွားတော့ ..
"ကိုဖီအာနန် နဲ့  ပြည်ပြေးဘင်္ဂလီ ထွန်းခင်တို့ 
တွစ်တာပေါ်က ဆွေးနွေးခန်း" 
ဆိုပြီး ..
Post တင်ပြီး "ဆော်" လိုက်ပါတယ် ..
               ---------------------------------
Tweeter မှာ လည်း Facebook လိုဘဲ 
ကိုယ် follow လုပ်ထားတဲ့ Account တစ်ဦးချင်းစီရဲ့ Tweet (post) တွေ အစဉ်လိုက် သီးခြားစီ 
ပေါ်နေတာကို ..
"အပေါ်လူ နဲ့ အောက်လူ ဆွေးနွေးနေပါတယ်" 
ဆိုပြီး .. 
ထပြီး "ဖွ" လိုက်မှဘဲ ..
ကိုဖီအာနန် ရဲ့ Tweet(post) က တစ်ရက်
ထွန်းခင်ရဲ့ Tweet(post) က တစ်ရက် သီးခြားစီ
ဖြစ်နေတဲ့အပြင် ..
အခုထိလည်း ကိုဖီအာနန်ရဲ့ အဲဒီ Tweet ကို
ဝင်ကြည့်လို့လည်း ရနေပါသေးတယ် ။
အကျိုးဆက် ကတော့ ..
ကိုယ် Tweeter မသုံးတတ်တာ
လူသိသွားတဲ့ အပြင် ..
ကိုယ့်ရဲ့ "နိမ့်ကျတဲ့ စိတ်ဓါတ်" ကိုပါ 
ထုတ် ကြော်ငြာသလိုဖြစ်သွား ပါပြီ 
ဦးရဲထွဋ်ရေ  .. 😬  😬  😬
---------------------------------------
(ထွန်းခင်နဲ့ အပြန်အလှန်ဆွေးနွေးထားတာ 
ှမရှိဘူးဆိုတာကို .. TWEETER အကောင့်
ရှိသူတိုင်း Kofi Annan အကောင့်ထဲ
အချိန်မရွေး ဝင်ကြည့်လို့ရနေတဲ့အတွက်
ဦးရဲထွဋ်  အတွက် Post ပြန်မဖျက်မချင်း 
အရှက်ကွဲပြီးရင်း ကွဲနေမဲ့ကိစ္စပါ)
😬  😬  😬  😬  😬 😬  😬  😬  😬  😬
"ကျွန်တော်တို့ INGO တွေ မောင်တောကနေ ထွက်ပြေးလာတာ မဟုတ်ဘူး။" - Andrew Kyleriley
"ကျွန်တော်တို့ INGO တွေ မောင်တောကနေ ထွက်ပြေးလာတာ မဟုတ်ဘူး။" - Andrew Kyleriley
အောင်မြင့်သူ (မာန်အောင်) သဇင်ပန်းခိုင်ဂျာနယ်
BurmaDemocracy, 29 August 2017
"ကျွန်တော်တို့INGOတွေ မောင်တောကနေထွက်ပြေးလာတာမ  ဟုတ်ဘူး။ အစိုးရကသာ မပြန်ခိုင်းရင်နေချင်သေးတယ်။ လူတွေပြော နေတဲ့ ရခိုင်နယ်မြေကိုပေးလိုက်ရမယ်ဆိုတာမှာ ရခိုင်တွေဘက်က ဘယ်နေရာမှ အခုအချိန်အထိ မရှုံးသေးဘူး။ လူတွေပြောနေတဲ့ အကြမ်းဖက်အဖွဲ့ ဆိုတာမရှိဘူး။" 
အောင်မြင့်သူ (မာန်အောင်)
သဇင်ပန်းခိုင်၊ သြဂုတ် ၂၉
မေး- Andrew Kyleriley တို့ ဟိုနေ့ က မောင်တောကနေ ထွက်ပြေးလာ ကြတာတွေကို တွေ့ ပါတယ်။ အခြေအနေလေးပြောပြပါလား။ 
ဖြေ- ထွက်ပြေးလာတာမဟုတ်ဘူး။ နေလို့ မရတော့ဘူးလို့ အစိုးရက ဆိုလို့  မဟုတ်ရင်နေချင်သေးတာ။ လူတွေထင်ထားသလို အကြမ်းဖက်မှုဆိုတာမရှိဘူး။လူ့ အခွင့်အရေးမရှိလို့ ဒီလိုဖြစ်လာတာလို့ မြင်တယ်။ 
မေး- ARSA ဆိုတဲ့အဖွဲ့ ကရောအကြမ်းဖက်သမားမဟုတ်ဘူးလား။
ဖြေ- ARSA က သူတို့ တာဝန်ယူမူရှိတယ်လေ။ သူတို့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြပီးသားလေ။ သူတို့ ရဲစခန်းတွေကိုတိုက်ခိုက်ခုခံ တယ် ဆိုတာကိုပြောထားပီးသား။ အရပ်သားတွေကိုသူတို့ မတိုက်ဘူး။ 
မေး- ဟိုလတုန်းကမြိုလူမျိုးတွေအသတ်ခံရတယ်။ဟိုနေ့က ဟိန္ဒိုတွေအသတ်ခံရတယ်။ အဲဒါကိုသိလား။
ဖြေ-မသိဘူး။ ရှိရင်လည်းရှိမှာပေါ့နည်းနည်းပါးပါး တိုက်ခိုက်တာမှာ ပါသွားတာဖြစ်နိုင်တာပေါ့။
မေး- ARSA အကြမ်းဖက်အဖွဲ့ တွေက ကလေးတွေကိုစုပြီးတော့ စစ်ရေး သင်တန်းလိုမျိုးစုပြီးအကြမ်းဖက်ဖို့  သင်နေတဲ့ ဗွီဒီယိုဖိုင်တွေရှိတယ်။ အဲဒါကိုသိလား။
ဖြေ- ကျွန်တော်မတွေ့ သေးဘူး။ ကျွန်တော်မေးချင်တာက ဘာလို့ လူအနည်းစုပဲအသတ်ခံရတဲ့ကိစ္စတွေကိုပဲမေးချင်နေကြတာလဲ။ ဒီဖက်မှာလည်း အသတ်ခံရတယ် အများကြီးပဲလေ။ အဲဒါကိုထည့်မ ပြောကြဘူး။
မေး- ဟိုနေ့ က တပြိုင်နက်ရဲစခန်းတွေအတိုက်အခိုက်ခံလိုက်ရတယ်။ အဲဒါကဘယ်လိုမြင်လဲ။
ဖြေ- ရဲစခန်းက အခု (၃၀) လောက်ပဲလေ။ စခန်းတွေအများကြီးပဲ။ အခုက (၃၀) လောက်ပဲ။ ARSA သူတို့ တိုက်ခိုက်တာကို သူတို့ တာဝန်ယူမူရှိတယ်။ ပြည်သူတွေကိုလုံးဝတိုက်ခိုက်ဖို့ အစီစဉ်လုံးမရှိဘူး။ အကြမ်းဖက်တာကိုတော့ ကျွန်တော်ကလုံးဝသဘောမတူဘူး။ ဒါပေမယ့် သူတို့ ဟာ အကြမ်းဖက်အဖွဲ့ အဖွဲ့ စည်းမဟုတ်ဘူး။ 
မေး- UN ကဒီကိစ္စတွေကိုပဲဇောင်းပေးပြီးတော့လုပ်နေရတာလဲ။ ရိုဟင်ဂျာလို့ ပြောနေတဲ့ အဲဒီဖက်က အဖွဲ့ က ကမ္ဘာမှာဘာလို့ နာမည်ကြီးနေရတာလဲ။ သနားစရာအကောင်းဆုံး လူသားတွေလား သူတို့ တွေက။
ဖြေ- သူတို့ တွေလိုဘယ်သူတွေမြန်မာပြည်မှာခံနေရလို့ လဲ။ အဲဒီမေးခွန်း ကိုမေးချင်တယ်။ လာကြည့်ပါ။ အရမ်းကိုခင်ဖို့ ကောင်းကြတယ်။ အကြမ်ဖက်တာတွေလုံးဝမရှိပါဘူး။ ကျွန်တော့်ရုံးကိုလာတဲ့ကောင် လေးတစ်ယောက်ဆိုရင်ပြောပြတယ်။ တခြားရခိုင်တွေသွားသလို ခရီးသွားလာခွင့်မရှိဘူး။ ပြီးတော့ ကျောင်းတက်ခွင့်မရှိဘူးလို့ ပြော တယ်။ ဘာလုပ်မှန်းကိုမသိဘူးလို့ ပြောကြတယ်။ 
မေး- ဘာလို့ မြန်မာပြည်ကတိုင်းရင်းသားတွေကအဲဒီအခု အကြမ်းဖက် သမား တွေကိုကြောက်နေကြတာလဲ။ ဘာသာရေးကြောင့်လို့ မြင်လား။ 
ဖြေ- တချို့ တ၀က်လည်းဖြစ်နိုင်တာပဲလေ ဘာသာရေးကြောင့်ပေါ့။ ဒါပေမယ့်ဗျာ သူတို့ မှာ ခင်ဗျားတို့လို ကျောင်းကောင်းကောင်း မတက်ရဘူး။ ဆေးရုံကောင်းကောင်းမရှိဘူး။ ပညာရေးမရှိဘူး။ အရမ်းသနားဖို့ ကောင်း တဲ့သူတွေပါ။ 
မေး- Andrew အနေနဲ့ ကလေးတွေအများကြီးမွေးတယ်ဆိုတဲ့ကိစ္စ္စတွေရှိတာကိုသိလား။  မိသားစုတစ်ခုမှာ ကလေးတွေအများကြီး ရှိကြတယ် ဆိုတာကို အကုန်သူပြောနေကြတယ်။ 
ဖြေ- အဲဒါကသူတို့ ယူချင်သလောက်ယူကြမှာပဲလေ။ ဒါလူ့ အခွင့်အရေး ပဲလေဗျာ။ ကိုယ်လိုချင်သလောက်ယူမှာပေါ့ ဗျာမဟုတ်လား။ 
မေး- ဘင်္ဂလားဒေရ့် ကလူသစ်တွေဝင်လာတယ်ဆိုတဲ့ဟာကို ဘယ်လို မြင်လဲ။
ဖြေ- ဘင်္ဂလားဒေရ့် လိုနိုင်ငံကဘာလို့ ဝင်မှာလဲ။ ဒီလောက်သတ်ဖြတ် မှုတွေ ရှိနေတဲ့နေရာကိုသူတို့ တွေဘယ်လို လာမှာလဲ။ ဘင်္ဂလားဒေရ့် ကလုံးဝမလာဘူး။ 
မေး- Andrew တို့ အမေရိက UN ကိုပံ့ပိုးပေးတာတွေကို လျှော့ချလိုက် တယ်လို့ ကြားတယ်။ အခုဒီအခု အမေရိကန်အစိုးရလက်ထက်မှာပေါ့။ အစ္စလမ်နိုင်ငံတွေက အဲဒီလိုမထောက်ပံ့ပိုးတော့တဲ့အခါမှာ အစ္စလမ် နိုင်ငံတွေက UN ကိုပိုပြီးကူညီလာကြလား။
ဖြေ- အမေရိကန်က ဆက်ပြီးတော့ပံ့ပိုးပေးနေပါတယ်။ အဲဒီသတင်းကို မကြားမိပါဘူး။
သဇင်ပန်းခိုင်- ဒီလိုအတွေးအခေါ်တွေဟာ မြန်မာပြည်ကလူတွေတွေးတဲ့ ပုံစံနဲ့ လုံးဝကွာနေတာကြောင်း ဒါကိုတင်ပေးပါမယ်။ မြန်မာပြည်က သူတွေက INGO မှာလုပ်နေတဲ့ Andrew တို့ ဘယ်လိုတွေးတယ် ဆိုတာ ကိုကျွန်တော်တို့ ချပြလိုက်ပါမယ်။ 
Andrew - ကျေးဇူးတင်ပါတယ်ခင်ဗျ။ တစ်ခုတော့ရှိပါတယ် အကြမ်းဖက်တိုက်ခိုက်တာကို ကျွန်တော်လုံးဝ လက်မခံပါဘူး။ ဒါပေမယ့် အခုရခိုင်မှာဖြစ်နေတာက အစိုးရပြောသလိုအကြမ်းဖက်အဖွဲ့ အစည်းမဟုတ်ပါဘူး။ 
#သြဂုတ် ၂၈ ရက်နေ့ မြေနီကုန်း (ရန်ကုန်)တွင် Andrew နဲ့  လူတွေ့ မေးမြန်းခဲ့တာဖြစ်ပါတယ်။ဒီအင်တာဗျူးကို စတင်ရသည့် အကြောင်းရင်း မှာ ရခိုင်ဌာနေတိုင်းရင်းသား ဒုက္ခသည်များအတွက် အလှူကောက်ခံ တဲ့အဖွဲ့  ရဲ့ "No Human Right for Terrorists" (အကြမ်းဖက်သမားများ အတွက်လူ့ အခွင့်အရေးမရှိဘူး)ဗီနိုင်းကိုမြင်ရာကနေ စတင်ခဲ့ပါတယ်။ Andrewဟာ ထို ဗီနိုင်းစာသားကို ဓါတ်ပုံရိုက်ယူကာ ထိုစာသားအား သူသဘောမတူကြောင်းနဲ့ ရခိုင်တွင် အကြမ်းဖက်သမားမရှိကြောင်း သဇင်ပန်းခိုင်ဂျာနယ်သို့ ပြောကြားပါတယ်။ သူနဲ့  တစ်နာရီကြာ ခန့် အင်တာဗျူးခွင့် ရခဲ့ပါတယ်။
https://www.facebook.com/permalink.php?story_fbid=913357058819974&id=540550396100644
သဇင်ပန်းခိုင်ဂျာနယ် မှကူးယူဖော်ပြပါသည်။#BurmaDemocracy
Sunday, August 27, 2017
အ သက် ၄၀ ကျော် သူ များ အ တွက် ရိုးတွင်း ချဉ် ဆီ
အ သက် ၄၀ ကျော် သူ များ အ တွက် ရိုးတွင်း ချဉ် ဆီ
အသက် ၄၀ ကျော် လာတာနဲ့ယောင်္ကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် ရိုးတွင်း ချဉ်ဆီ ခမ်းလာ
တတ်ပါတယ် ။
အိမ်ထောင်သည်တွေ ပိုဆိုး ပါတယ် ။
ရိုးတွင်း ချဉ်ဆီ ခမ်းလာရင် အရွယ်ရင့်မြန်လာခြင်း မလှုပ်ချင် မကိုင်ချင် မကြာခဏ ဖြစ်ခြင်း ယောင်္ကျား ဆိုလျှင် ဒူလာဖြစ်ခြင်း ပြင်ပ ရောဂါ ဝင်လွယ်ခြင်းများ ဖြစ်တတ်ပါတယ် ။
ယခု တင်ပြ မှာက မြန်မာ့ တိုင်းရင်း
နည်း ဖြင့် ရိုးတွင်း ချဉ်ဆီ အားကောင်း နည်းလေးပါ ။
ဆေးနည်း
ဖီးကြမ်း ဌက်ပျောသီးကို မီးဖုတ်ပါ ။ပြီးလျှင် ခွက် တစ်ခုထဲ ထည့်ပါ ။
နှမ်းဆီ စစ်စစ် ထည့်ပါ ။ သမအောင်ချေမွှပါ ။
ပြီးလျှင် စားသုံး နိုင်ပါပြီ ။
တစ်လ တစ်ကြိမ်နှစ်ကြိမ်ခန့်စားပေးခြင်း ဖြင့် ကျန်းမာ လန်းဆန်း လာပါလိမ့်
မည် ။
Credit: Zaw Bo BoMin / စိတ်မဆိုး ဆနွင်းလုံး
ရှမ်းပြည်နယ် အောင်ပန်းမြို့မှ ကျောင်းဆရာမတစ်ဦး မိမိကိုယ်ကိုတူဖြင့်ထုကာ သေကြောင်းကြံပြီး သေဆုံး
သြဂုတ် ၂၇ ရက်
ရှမ်းပြည်နယ် အောင်ပန်းမြို့ ပင်မှီကျေးရွာနေ အလယ်တန်းကျောင်းဆရာမတစ်ဦးမှာ ယောက်ျား
ဖြစ်သူနှင့် စကားများစိတ်ဆိုးပြီးနောက် မိမိကိုယ်ကို တူဖြင့်ထုကာ သေကြောင်းကြံသဖြင့် သြဂုတ်လ ၂၆ ရက်နေ့  ညပိုင်းက သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ  သြဂုတ်လ ၂၆ ရက်ေ်န့ ည ၉ နာရီ ၃၀ အချိ​န်​ခန့်​တွင်​ ​အောင်​ပန်း​မြို့ ပင်​မှီ​ကျေးရွာ​နေ အုပ်​ချူပ်​​ရေးမှူးမှ ၎င်း​ကျေးရွာ​နေ​ ကျောင်းဆရာမတစ်​ဦး မိမိကိုမိမိ တူဖြင့်​ ထုပြီး​သေဆုံးသွား​ကြောင်း ဖုန်းဖြင့်​သတင်း​ပေးချက်​အရ စခန်းမှူးရဲအုပ်​​ကျော်​ရင်​ တာဝန်​မှူးဒုရဲအုပ်​​နောင်​​နောင်​ န/ထ​ခေါင်း​ဆောင်​ဒုရဲအုပ်​စီုးကိုကို တို့သွား​ရောက်​ပြီး သက်​​သေဦး​ဌေး​အောင်​၊ ရာအိမ်​မှူးဦးညီညီ​အောင်​ ​ပင်​မှီ​ဈေးကုန်းရွာ​နေသူတို့နှင့်​အတူ စစ်​​ဆေးရာ ပင်​မှီ​ဈေးကုန်း အလက​ကျောင်း အလယ်​တန်းပြဆရာမ ​ဒေါ်​မေဝင်း​မော်​ (၃၇)နှစ်​မှာ ​နေအိမ်​အိပ်​ခန်း ကွပ်​ပြစ်​​ပေါ်တွင်​​တွေ့ရှိရပြီး ဦး​ခေါင်းငယ်​ထိပ်​ ​ပေါက်​ပြဲဒဏ်​ရာ ဦး​ခေါင်းဝဲဘက်​ဂျို​စောင်း ဖူး​ရောင်​ဒဏ်​ရာ ဦး​ခေါင်း​နောက်​​စေ့ဖူး​ရောင်​ဒဏ်​ရာ ဝဲလက်​သူကြွယ်​ ​ပေါက်​ပြဲဒဏ်​ရာများရရိုပြီး​ သေဆုံး​နေသည်​ကို ​တွေ့ရှိရပါသည်​။
ဓာတ်ပုံ - ချယ်​ရီ​မြေမှ ပန်းပိ​တောက်
(MCRA)အထူးသတင်း​ထောက်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
အသက်ကြီးလို့ ယောက်ျား၊မိန်းမ ဝဖြိုးလာပြီး ဗိုက်ကြီးပူလာခြင်းကို သက်ရင်းကြီးမြစ်နဲ့ ရှင်းစို့
ဆေးသောက်နည်း
တင်ပြလိုက်ရပါသည်။
Myat Moe
#Unicode Version#
အသက်ကြီးလာလျှင် ယောကျ်ား မိန်းမ ဝဖြိုးလာပြီး ဗိုက်ကြီးပူလာခြင်းမှာ သဘာဝဟုဆိုနိုင်ပါသည်။ အဆီများ၍ ပူလာသောဗိုက်ကို သရင်းကြီးမြစ်နှင့် စမ်းသပ်လိုက်ပါ။
သက်ရင်းကြီးမြစ်ကို လေးလက်မ ငါးလက်မခန့်ဖြတ်၍ ရေစင်စင်ဆေးပါ။ ဘက်တီးရီးယား ပိုးများသေစေရန်နှင့် မှိုများ မကျရောက်စေရန် အမြစ်များကို ထမင်းပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။
သုံးနာရီပေါင်းပြီးမှ ခြောက်သွေ့စေရန် နေလှန်းပါ။ဆေးသွေးကျောက်ပျဉ်ပေါ်မှာ သွေးပြီး သောက်ပါ။ ၁၀-ရက်လောက် သောက်ပြီးနောက်
ပူနေသောဗိုက်ကြီး တနေ့တခြား ပိန်သွားပါလိမ့်မည်။ အဆီရှိသောနေရာ ပိန်သွားခြင်းဖြစ်ပါသည်။ လူပိန်သွားခြင်း မဟုတ်ပါ။
ဆေးသောက်နည်း
နေ့စဉ် နံနက်စောစော (၆)နာရီမှာဖြစ်စေ၊ (၇)နာရီမှာဖြစ်စေ နံနက်စာ (Break Fast) မစားမီဆေးကိုသွေးပြီး သောက်ပါ။ တစ်ကြိမ်ပဲ သောက်ပါ။ (Zebra) စတီးဇွန်းဖြင့် ဆေးရည်ကို
ဆားအနည်းငယ် ထည့်သောက်ပါ။ ဝမ်းလွယ်ပါက လျှော့သောက်ပြီး ဝမ်းချုပ်တတ်ပါက နည်းနည်းပိုသောက်ပါ။ (Zebra) စတီးဇွန်းသည် စံချိန်တစ်ခု ယူထားခြင်း ဖြစ်ပါသည်။
ဆေးသောက်ပြီး တနာရီအကြာမှာ ဝမ်းသွားပါမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးလျှင် နံနက်စောစောအစာကို စားသောက်နိုင်ပါသည်။
နောက်ထပ် တစ်နာရီ သို့-နာရီဝက်ခန့်ကြာတိုင်း ဝမ်းသွားပါဦးမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးကတည်းက ဝမ်းထဲမှာရှိသော အစာဟောင်းများ ကုန်သွားပါမည်။
နောက်ထပ်သွားသော ဝမ်း၏အနံ့သည် အမဲသား ဝမ်းတွင်းသား အနံ့ကဲ့သို့ နံလာပါမည်။ မစင်ကိုရေဖြင့်သန့်စင်သည့်အခါ စအိုဝတွင် ဆီများရွှဲနေသည့် အထိအတွေ့မျိုးကို သိရှိရပါလိမ့်မည်။
ဝမ်းသွား၍ အားအင်ကုန်ခန်းခြင်း မရှိပါ။ ဆေးများများ သောက်မိပါက အော့ချင် အန်ချင်သလို ဖြစ်တတ်ပါသည်။ စိုးရိမ်စရာ မရှိပါ။
သရင်းကြီးမြစ် သောက်ပြီးနောက် ရရှိလာမည့် အကျိုးများ
၁။ ခန္ဓာကိုယ်တွင်းရှိ ပိုနေသော အဆီများ (Cholesterol)ကို ကျစေသည်မှာ သိသာပါသည်။
၂။ ခန္ဓာကိုယ် ပူနွေးပြီး နေထိုင်ကောင်းပြီး ပေါ့ပါးလာပါမည်။
၃။ မျက်စိများ ကြည်လင်လာပါမည်။
၄။ ထုံကျဉ် ကိုက်ခဲနေသော ရောဂါများ သက်သာသွားပါမည်။
၅။ လေထိုးလေအောင့် ရောဂါများရှိလျှင် သက်သာလာမည်။
၆။ ဝမ်းမှန် ဆီးမှန်ပြီး သွေးသားကို စင်ကြယ်စေပါသည်။
၇။ ဆီးချိုရောဂါကိုလည်း သက်သာစေပါသည်။
ငွေကုန်ကြေးကျ မများဘဲ ဆေးမြစ်တစ်ခုတည်းနှင့် အသုံးပြုပုံကို လက်တွေ့စမ်းသပ်ပြီး
တင်ပြလိုက်ရပါသည်။
Myat Moe
Credit: ဦးလှစိန်-ကလေး(ကြံခင်း)
အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် မောင်တောတွင် ဟိန္ဒူလူမျိုး တစ်ဦး သေဆုံး
နိရဉ္စရာ၊ သြဂုတ် ၂၆
သြဂုတ်လ ၂၆ ရက် နေ့လယ် ၁ နာ ရီ ခွဲတွင် မြို့မကညင်တန်း ရှိ မော်တော်ပီကေ ရုံးရှေ့ ဘင်္ဂလီအိမ် တစ်အိမ်မှ ပုန်းခိုနေသော အကြမ်းဖက်သမားများ၏ချောင်းမြောင်း ပစ်ခတ်မူကြောင့် လမ်းသွားနေသူ ဟိန္ဒူအမျိုးသားတစ်ဦး ကျည်ဆံထိမှန်သေဆုံးသွားခဲ့သည်ဟု မောင်တောမြို့ရဲစခန်းမှ အတည်ပြု ပြောကြားသည်။
သေဆုံးသူ ဟိန္ဒူအမျိုးသားမှာ ဒိန်လာ (၂၅) နှစ် (ဘ) မောင်နှုမျာ ဖြစ်ပြီး လည်ပင်းတွင် ကျည်ဆံ ထိမှန်သေဆုံးသွားခဲ့ကြောင့် ရဲက အတည်ပြု ပြောကြားသည်။
၎င်းသေဆုံးသွားခဲ့ရသဖြင့် ရပ်ကွက် (၄)ရှိ ဟိန္ဒူရွာသားများမှာ မနေထိုင်ဝံ့တောဘဲ ယခုအခါ မြို့တွင်းသို့ ၀င်ရောက်ခိုလုံလာကြသည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခုအခါ သူတို့အား အမှတ်(၃)ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် နေရာ ချပေးထားသည်ဟု သိရသည်။
သေနတ်ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများသည် သြဂုတ်လ ၂၃ ရက် နေ့ကလည်း ၎င်းနေအိမ်မှနေ၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် မော်တော်ပီကေရုံးတို့ မိုင်းထောင်ထားခဲ့သည်ဟု သိရသည်။
အောင်ကျော်မင်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara
Saturday, August 26, 2017
ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လပ် ဒူဘိုင်းသို့ ထွက်ပြေးဟု မီဒီယာကဆို
၂၀၁၇ ခုနှစ် သြဂုတ်လ ၁ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရားရုံးသို့ လာရောက်ခဲ့သည့် ထိုင်း ဝန်ကြီးချုပ်ဟောင်း ယင်လပ်က ထောက်ခံသူများအား နှုတ်ဆက်နေစဉ် (ဆင်ဟွာ)
    ဒူဘိုင်း၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)
    ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ထရာသည် ဒူဘိုင်းနိုင်ငံသို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း  အမေရိကန် သတင်းချန်နယ် CNN က သြဂုတ်လ ၂၅ ရက်တွင် သတင်းတင်ပြထားသည်။
ယင်လပ်သည် ၎င်း၏ တာဝန်ယူခဲ့စဉ်က ဆန်စပါး အလွဲသုံးစားပြုခဲ့သည့်အမှုအတွက် ထိုင်း တရားရုံးက အမိန့် မချမှတ်မီ နှစ်ရက်အလိုကတည်းက ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း ယင်လပ်၏ Pheu Thai ပါတီမှ ခိုင်မာသော သတင်းရင်းမြစ်၏ သြဂုတ်လ ၂၅ ရက်က ပြောကြားချက်အား ကိုးကား၍ CNN က ဖော်ပြထားသည်။
ယင်လပ်သည် သြဂုတ်လ ၂၃ ရက်ကတည်းက ၎င်း၏ ၁၅ နှစ်အရွယ် သားဖြစ်သူနှင့်အတူ စင်ကာပူမှ တစ်ဆင့် ဒူဘိုင်းသို့ တိုက်ရိုက် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
သို့သော် ယူအေအီးမှ တာဝန်ရှိသူ တစ်ဦး သို့မဟုတ် ယူအေအီး နိုင်ငံပိုင် မီဒီယာမှ တရားဝင် မှတ်ချက်ပြုထားခြင်း မရှိသေးပေ။
ယခင်ကလည်း ယူအေအီးတွင် နိုင်ငံရေးသမားများစွာသည် ဒုက္ခသည်အဖြစ် ခံယူရန် သွားရောက်သည့် နိုင်ငံ တစ်ခုဖြစ်ခဲ့သည်။
၂၀၀၃ ခုနှစ်တွင်လည်း အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ကြောင့် ဆက်ဒမ်ဟူစိန် လက်အောက်ခံ အီရတ် အစိုးရအဖွဲ့အား ဖြုတ်ချပြီးနောက် “Baghdad Bob” သို့မဟုတ် “Comical Ali” ဟု လူသိများသော ပြန်ကြားရေးဝန်ကြီးဟောင်း မူဟာမက် အယ်လ်-ရှာဟတ်ဖ်သည်လည်း ယူအေအီး မြို့တော် အဘူဒါဘီသို့ ထွက်ပြေးသွားခဲ့သည်။
ထို့ပြင် ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုသည်လည်း ၁၉၉၇ ခုနှစ် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ် မိသားစုနှင့်အတူ နိုင်ငံအတွင်းသို့ ပြန်မလာမီအထိ ဒူဘိုင်း၌ နေထိုင်ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား သတင်း - ၇
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း ခံရပြီးနောက် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားတိုးမြှင့် ရှင်းလင်းလျက်ရှိ
သြဂုတ် ၂၆ ၊ ၂၀၁၇
ရသေ့တောင်မြို့နယ် အထက်နန်းရာကျေးရွာအုပ်စု ဆင်အိုးကျေးရွာအတွင်းသို့ သြဂုတ်လ ၂၅ ရက် ည ၁၀ နာရီ မိနစ် ၄၀ တွင် အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမား အင်အား ၅၀၀ ခန့် ဝင်ရောက်ရန် ပြုလုပ်သဖြင့် ကျေးရွာသားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံခဲ့ပြီး လက်ရှိအခြေအနေတွင် တပ်မတော်စစ်ကြောင်းတစ်ခုနှင့် ပူးပေါင်းမိပြီး လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တပ်မတော်၏ ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ဝါဒဖြန့်ခဲ့သည့် မောင်တောမြို့နယ် မြင်းလွတ်မြို့၊ ဘင်္ဂလီကျေးရွာအတွင်းရှိ ဘင်္ဂလီများသည် သြဂုတ်လ ၂၆ ရက် (ယနေ့) နံနက် ၅ နာရီ တွင် ၎င်းတို့ကိုယ်တိုင်မီးရှို့ခဲ့၍ နေအိမ်များ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုကြောင့် မောင်တောမြို့နယ် မြင်းလွတ်မြို့ရှိ အရှေ့ပိုင်းရပ်ကွက် အိမ် ၈ လုံး၊ ဈေးဆိုင် ၁၃ ဆိုင်၊ ကား ၄ စီး၊ အလယ်ပိုင်းရပ်ကွက်ရှိ အိမ် ၂၄ လုံး ၊ ဆိုင်ခန်း ၅၁ ခန်း၊ ဗလီ ၁ ခု ၊ အာရဗီ ကျောင်း ၆ ခု ၊ အနောက်ပိုင်းရပ်ကွက်ရှိ အိမ် ၄၅ လုံး၊ အာရဗီကျောင်း ၁ ခု၊ ရှီဒါရပ်ကွက်ရှိ အိမ် ၁၁ လုံး၊ ဈေးဆိုင် ၄၁ ဆိုင်၊ ကား ၅ စီး ၊ ဗလီ ၁ ခု၊ အာရဗီကျောင်း ၁ ခု၊ ဆိုင်ကယ် ၄ စီး ၊ စုစုပေါင်း အိမ် ၈၈ လုံး၊ ဈေးဆိုင် ၅၄ ဆိုင်၊ ဆိုင်ခန်း ၅၁ ခန်း၊ ဗလီ ၂ ခု၊ အာရဗီကျောင်း ၈ ကျောင်း ၊ ကား ၉ စီး နှင့် ဆိုင်ကယ် ၄ စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၉ နာရီခွဲတွင် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မော်တော်ယာဉ်များဖြင့် ထွက်ခွာလာစဉ် မောင်တောမြို့နယ် ၊ နွားရုံတောင်ကျေးရွာအနီး အရောက်တွင် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၁၅၀ ဦးခန့်က ဓားရှည်များ ကိုင်ဆောင်ပြီး ကား၏ ဘေးဘယ်ညာ ဝိုင်းဝန်းတားဆီး ပိတ်ဆို့အကြမ်းဖက်သဖြင့် ပစ်ခတ်ရှင်းလင်းဖယ်ရှားခဲ့ရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၁၁ နာရီတွင် မောင်တောမြို့နယ် မြို့သူကြီးကျေးရွာအတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ထွက်ခွာခဲ့ရာ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက် သမားများက ချောင်းမြောင်းပစ်ခတ်ခြင်း ၊ ဆွဲမိုင်းများဖြင့် အဝေးမှ မိုင်းထောင်ဖောက်ခွဲ အကြမ်းဖက် ခြင်းများ ပြုလုပ်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား အလောင်း ၁ လောင်း ရရှိခဲ့သည်။
မောင်တောမြို့နယ် ၊နယ်မြေ (၄) ရှိ ကျွန်းပေါက်ပြုစုချောင်းဝ ရဲကင်းစခန်းအား နံနက် ၁၁ နာရီခွဲ တွင် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား ၃၀၀ ဦးခန့်က လာရောက်ဝိုင်းဝန်းခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးဆောင်ရွက်ခဲ့ရပြီး နယ်မြေ (၆) ရှိ မြို့သူကြီးကျေးရွာ၌ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဆွဲ၍ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ် ခဲ့သည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျီးကန်းပြင်နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်သို့ ဆက်လက် ထွက်ခွာခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်တွင် မောင်တောမြို့နယ် သီဟိုဠ်ခြံအလွန် နွားရုံတောင်ကျေးရွာ အဝင်ကားလမ်းသို့ ရောက်ရှိချိန်တွင် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက လက်လုပ် ဆွဲမိုင်းဖြင့် အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ယာဉ်နှင့် တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရှိရသည်။
အလားတူ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် မွန်းလွဲ ၁ နာရီ တွင် မောင်တောမြို့မ တောင်ရပ်ကွက်၊ ဆယ်အိမ်မှူး အဗူခေါ် ဘီဘီ (၆၂) နှစ်အား နေအိမ်အတွင်းသို့ ဝင်ရောက်သတ်ဖြတ် သွားကြောင်း သိရသည်။
အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ဆောင်ခဲ့မှုကြောင့် မောင်တော မြို့နယ် ၊ နယ်မြေ (၆) ဇင်ပိုင်ညာလမ်းဆုံ၌ မွန်းလွဲ ၂ နာရီတွင် မိုင်း ၂ လုံး ပေါက်ကွဲခဲ့ပြီး၊ မွန်းလွဲ ၂ နာရီခွဲတွင် နောက်ထပ် မိုင်း ၂ လုံး ထပ်မံပေါက်ကွဲခဲ့သဖြင့် ဒေသခံပြည်သူများ အထိတ်တလန့် ဖြစ်ခဲ့ရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
ထို့ပြင် မွန်းလွဲ ၂ နာရီတွင် မောင်တောဆေးရုံရှေ့ ဇောတိကာရုံ ဘုန်းတော်ကြီးကျောင်းအနီးရှိ ဟိန္ဒူ လူမျိုးများနေထိုင်သည့် နေအိမ်အတွင်းသို့ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက လက်နက်ငယ်ဖြင့် ၄ ချက်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ အရပ်သား ဟိန္ဒူကလေးငယ် (ကျား) ၁ ဦး သေဆုံး ခဲ့ပြီး အမျိုးသား ၁ ဦး သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် ၊ နယ်မြေ (၆) ဇင်ပိုင်ညာ လမ်းဆုံအနီး၌ မွန်းလွဲ ၁ နာရီခွဲတွင် မိုင်း ၂ လုံး၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မိုင်း ၂ လုံး၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် တွင် မိုင်း ၁ လုံး၊ ညနေ ၃ နာရီ ၁၀ မိနစ်တွင် မိုင်း ၁ လုံး ၊ ညနေ ၃ နာရီ မိနစ် ၅၀ တွင် မိုင်း ၁ လုံး၊ ညနေ ၄ နာရီ ၅ မိနစ်တွင် မိုင်း ၁ လုံး နှင့် ညနေ ၄ နာရီ ၁၀ မိနစ်တွင် မိုင်း ၂ လုံး ၊ ညနေ ၄ နာရီခွဲတွင် မိုင်း ၃ လုံး နှင့် ညနေ ၄ နာရီ ၃၂ မိနစ်တွင် နောက်ထပ် မိုင်း ၁ လုံး ၊ စုစုပေါင်း မိုင်း ၁၄ လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် လက်လုပ်မိုင်းများ တွင်ကျယ်စွာ အသုံးပြုပြီ အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်လျက်ရှိရာတွင် တုတ်၊ ဓါး၊ သေနတ် လက်နက်များကိုင်ဆောင် ထားသော လူအုပ်စုဖြင့် ဒေသခံတိုင်းရင်းသားများ အနည်းစုနေထိုင်ရာနေရာများကို ဝိုင်းပတ် ပိတ်ဆို့ခြင်းများ ပြုလုပ်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လှုပ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ကျေးရွာများမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူထားသူ အစ္စလာမ်ဘာသာတူ များကိုလည်း သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဘက်ထရီဖြင့် ရှော့တိုက်ပစ်ခတ်သည့် ဗုံးပစ်လောင်ချာကဲ့သို့သော လက်နက်များ အသုံးပြုကာ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေ ကြောင်း သိရှိရသည်။
အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများသည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ အပြီးသတ်အစီရင်ခံစာ ထွက်ရှိချိန်၊ ကုလသမဂ္ဂအစည်းအဝေးများ ကျင်းပတော့မည့်အချိန်တို့နှင့် အချိန်ကိုက်ဆောင်ရွက်ရာတွင် သောကြာနေ့ကို ရွေးချယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရ သည်။
ယခုအခါ အကြမ်းဖက်တိုက်ဖျက်မှုဗဟိုအဖွဲ့က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပြီးဖြစ်ရာ အကြမ်းဖက် အားပေးထောက်ခံမှုများ၊ ပံ့ပိုးကူညီသူများသည်လည်း အကြမ်းဖက်အားပေးအဖြစ် အကျုံးဝင်မည် ဖြစ်သည်။
လက်ရှိ အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမားများ လှုပ်ရှားရာနေရာများသို့ တပ်မတော်နှင့် ရဲတပ်ဖွဲ့ အင်အား ဖြည့်တင်းထားကြောင်း သိရှိရသည်။
ထပ်မံရရှိသည့် သတင်းများအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား သတင်း -၆
အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုအား အဟန့် အတားဖြစ်စေရန် မိုင်းများထောင်ထားကြောင်းသိရ ၊ ခေတ္တကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရုံးအကူနှင့် အစိုးရသတင်းပေးဟုသံသယရှိသူတို့အား သတ်ဖြတ် ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ စီးလာသည့် မော်တော်ယာဉ်များအား လက်လုပ်ရှော့တိုက်မိုင်းဖြင့်တိုက်ခိုက်ခံရ
သြဂုတ် ၂၆၊ ၂၀၁၇
မောင်တောမြို့နယ် ရပ်ကွက် ၅ ရှိ ဘင်္ဂလီသီးသန့်အတွင်း ကားလမ်းကြောင်းတစ်လျောက် မောင်တော-မြို့ဦး(အီတလျာ)-သီဟိုဠ်ခြံ သွားကားလမ်းတစ်လျောက် နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုအား အဟန့်အတားဖြစ်စေရန် မိုင်းများထောင်ထားကြောင်း၊ ၎င်းလမ်းတစ်လျောက်အား မိုင်းများထောင်ထား၍ မသွားကြရန် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများမှ ရွာသားများ အား မှာကြားထားကြောင်းသိရသည်။
ထို့ပြင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ လိပ်ရကျေးရွာတွင် သြဂုတ် ၂၅ ရက်ညပိုင်းက ခေတ္တကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအကူနှင့် အစိုးရသတင်းပေးဟုသံသယရှိသူတို့အား အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက သတ်သွားကြောင်းသိရသည်။
သတ်ဖြတ်ခံရသူများမှာ လိပ်ရကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူး ဆွေတာလောင် ၊ရာအိမ်မှူး ဆိုက်ကူလာ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအကူ ဖော်တာတူလာ နှင့် အစိုးရသတင်းပေးသူဟု သံသယရှိသူ အလယ်သံကျော် ကျေးရွာနေ ဇာဟိတ်တူဆောင်း(ဘ) ဆာလေ (၃၇)နှစ်တို့ ဖြစ်ကြောင်းသိရသည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးလာသည့် မော်တော်ယာဉ်များ မိုင်းနင်းမိပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးလာသည့် မော်တော်ယာဉ် ၃ စီးသည် မောင်တောမြို့နယ် နယ်မြေ ၆ အတွင်းရှိ မောင်နှမကြီးကျေးရွာ ရွာလယ်လမ်းမပေါ်အရောက်၌ အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမားများက ရှေ့နောက်လက်လုပ် ရှော့တိုက်မိုင်းနင်းမိပေါက်ကွဲခဲ့သည်။
ကားများအား မိုင်းထိမှန်ပြီးနောက် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက် သမားများမှ လုပ်သေနတ်ဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ပစ်ခတ်မှုများဖြစ်ပွားအပြီး အနီးဝန်းကျင်နေရာများသို့ လိုက်လံရှင်းလင်းရာ ပြောင်းဝကျယ် လုပ်သေနတ် ၁ လက်၊ အနီ၊အနက်ဝါယာကြိုးနှင့် ဘက်တ္ထရီ အိုးသေး ၁ လုံးတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့ သည်။
မိုင်းထိမှန်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များစီးလာသည့် Foton ယာဉ် ၂ စီးမှာ အဲယားကွန်းလေပန်ကာ၊ ဆီတိုင်ကီ နှင့်ကလပ်ပိုက်တို့ ထိခိုက် ပျက်စီးခဲ့ကြောင်းသိရသည်။
သြဂုတ်လ ၂၆ ရက် နံနက် ၆ နာရီတွင် အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများက မြို့သူကြီး ရွာဟောင်းအနီး မောင်တော-ဘူးသီးတောင် ကားလမ်းပေါ်၌ နေအိမ်အတွင်းမှ ကြိုးသွယ်တန်းထားပြီး မိုင်း ၂ လုံး ထောင်ထားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်။ ၎င်းရွာအနီး၌ အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများ မှ စတင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်။
ထပ်မံရရှိသည့် သတင်းများအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/