Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 21, 2017

မြန်မာဆိုရင် နှိမ်ချင်သော Singapore Immigration Counter မှ တာဝန်ရှိ သူများ သည် ဥပဒေ နှင့် အင်္ဂလိပ်စကား ကို ကျွမ်းကျင် သော မြန်မာမိန်းခလေးနှင့် တွေ့ သည့်အခါ


မြန်မာဆိုရင် နှိမ်ချင်သော Singapore Immigration Counter မှ တာဝန်ရှိ သူများ သည် ဥပဒေ နှင့် အင်္ဂလိပ်စကား ကို ကျွမ်းကျင် သော မြန်မာမိန်းခလေးနှင့် တွေ့ သည့်အခါ ယခုလို ပညာပေးခံလိုက်ရသည်။

Immigration ကောင်တာရောက်တော့..
ပတ်စပို့ ထိုးပေးလိုက်တော့.. ဗီဇာကိုကြည့်တယ်.. White card ကိုကြည့်တယ်.. ပြီးတော့ ရက် ၃၀ တောင် ဘာလာလုပ်တာလဲတဲ့... လာလည်တာဆိုတော့.. အပြန်လက်မှတ်ပြပါတဲ့.. ပြလိုက်တယ်.. ကြည့်တယ်.. ပတ်စပို့ကို ဟိုလှန် ဒီလှန်ကြည့်တယ်.. EP cancel လုပ်ပြီး ပြန်တဲ့ တုံးထုထားတာကိုမြင်သွားတယ်... အော်.. အရင်က ဒီမှာ အလုပ်လုပ်ဖူးတာကိုးတဲ့... ဘယ်သူ့ဆီလာလည်တာလဲတဲ့ closed friends တွေဆီပေါ့လို့ပြောတော့... ရဲတယောက်ကို လှမ်းခေါ်လိုက်ပြီး လိုက်သွားတဲ့...

အခန်းထဲခေါ်ပြီး စစ်တယ်.. မေးခွန်းတွေမေးတယ်.. စိတ်ရှည်လက်ရှည် ဖြေပေးတယ်.. တပြိုင်တည်းမှာလဲ ပါပါး train ထားတာ recording ပါလုပ်ထားတယ်..

White card ကိုကြည့်ပြီး ဖြည့်ထားတဲ့ လိပ်စာကိုဖတ်တယ်... ကိုယ်ကလဲ ကိုယ့်လိပ်စာပဲအလွတ်ရတော့ အဲ့ဒါပဲဖြည့်ထားတာပေါ့.. အဲ့ဒါကို.. အဲ့ဒိ ကွန်ဒိုက ဘယ်သူ့အိမ်လဲတဲ့.. ငါ့သူငယ်ချင်းအိမ်လို့ပြောတော့.. အဲ့ဒိလူဖုန်းနံပါတ်ပေးတဲ့.. ပေးလိုက်တယ်.. နင်နဲ့ သူနဲ့ ဘယ်လိုသိလဲတဲ့.. ငါ့ landlord လေ.. အရင် ငါအလုပ်လုပ်တုန်းက ငှားနေတဲ့အိမ်လေ ငါလာလည်တော့ ခဏနေတာဆိုတော့.. လေဆိပ်ကထွက်ရင် အဲ့သွားမှာလားတဲ့.. အေး ဟုတ်တယ်ဆိုတော့.. ရက် ၃၀ လုံး အဲ့မှာနေမှာလားတဲ့.. မသိဘူးလို့ ခေါ်တဲ့ သူငယ်ချင်းအိမ် လိုက်အိပ်မှာလို့ပြောလိုက်တယ်.. ဆက်မေးတယ်.. နင် သူငယ်ချင်း ဘယ်နှယောက်လောက်နဲ့ တွေ့ဖို့လာတာလဲတဲ့.. အယောက် ၅၀ လောက်ရှိမယ်လို့ ဖြေလိုက်တော့.. မျက်လုံးပြူးပြီး ဟုတ်လို့လားတဲ့.. ငါဒီမှာ ဆယ်နှစ်နေခဲ့တာ ငါ့ သူငယ်ချင်းတွေ အဲ့ဒိထက်မကအများကြီးရှိတယ်လို့.. တွေ့မယ့် သူငယ်ချင်းဖုန်းနံပါတ်တွေ မှတ်ထားမယ်တဲ့ ပေးမှတ်လိုက်တယ်..

နင်ဒီမှာ အလုပ်လာပြန်လုပ်တာ မဟုတ်ဘူးလားတဲ့.. ပြောလိုက်တယ်.. Oil & gas market ပျက်လို့ စလုံး စီးပွားရေးဒီလောက်ကျနေတာ... ဗြိတိန်က အီးယူကနေထွက်သွားတဲ့ အကျိုးသက်ရောက်မှုတွေဖြစ်တဲ့ စလုံးမှာရှိတဲ့ ဗြိတိန်ရင်းနှီးမြှုပ်နှံမှုတွေ unstable ဖြစ်နေလို့ စလုံး စီးပွားရေးကျနေတဲ့အချိန်မှာ ငါလုပ်ရလောက်တဲ့ အလုပ်ကောင်း စလုံးမှာမရှိဘူးလို့ ပြောလိုက်တယ်... (တမင်တကာ အပေါ်လေနဲ့ ဖိချပစ်လိုက်တယ်)

မယုံသေးဘူး.. ဖုန်းတောင်းကြည့်တယ်.. Whatsapp & Viber messages တွေ လိုက်ဖတ်တယ်.. (တမင်ပေးဖတ်ထားတယ်.. ပြန်ဆော်စရာရှိလို့.. သူများကို ရစ်ချင်ဇောနဲ့ ဖုန်းက voice memo run နေတာတောင် သူတို့သတိမထားမိကြဘူး..) ကြည့်လို့ အားရတော့ ထွက်သွားတယ်..

နောက်ထပ် ပုလိပ်တကောင် ထပ်ဝင်လာတယ်... အစအဆုံး same questions တွေမေးတယ်.. ငါခုနကတယောက်ကို ဒီလိုဖြေပြီးပြီလေလို့ပြောလိုက်တယ်.. အားရအောင်မေးပြီးတော့ ထွက်သွားတယ်..

နောက်ထပ်ပုလိပ်တကောင်ဝင်လာတယ်.. အစအဆုံး same questions တွေ မေးတယ်.. သဘောပေါက်လိုက်ပြီ.. သူခိုးစစ်စစ်နေပြီ.. စကားအမှားနှိုက်နေတယ်ဆိုတာ သိပြီ.. အဲ့တော့ ငါခုနက တယောက်ကို ဒီလိုဖြေခဲ့တယ်လေဆိုတာမျိုး အဖြေတိုင်း ထည့်ထည့်ပြောပေးလိုက်တယ်...

စောစောက ပုလိပ် ၂ ယောက်ပြန်ဝင်လာတယ်.. အစအဆုံး ၃ ယောက်ဆုံပြီး ပြန်မေးတယ်.. ငါခုနက ဒီလိုတွေဖြေခဲ့တယ်လေဆိုပြီးပြောတယ်... အကြိမ်ကြိမ်မေးတာ စကားလုံးဝမမှားတော့ သိပ်မကျေနပ်ချင်ကြဘူး.. မမှားဘူးလေ.. သာမာန် ပုလိပ်စစ်တာလောက်ကတော့ ဖအေလုပ်သူက train ပေးထားပြီးသား ရိုက်စစ်တောင်စကားအလွဲမထွက်အောင်..

အဲ့ဒါနဲ့ ရမယ်ရှာပြီး hand carry အိတ်ကိုဖွင့်ဖို့လုပ်တယ်.. လာပြီလေ ကိုယ့်အလှည့်.. ဒီတိုင်းဖွင့်ခွင့်မရှိဘူးလေ.. X-Ray ဖြတ်ပါ မသင်္ကာတာတွေ့မှ ငါကိုဖွင့်ပြခိုင်းခွင့်ရှိတယ်.. အဲ့ကျငါဖွင့်ပြမယ် ဆိုတော့.. ပုလိပ်စုတ်တွေ နည်းနည်းတော့နပ်လာတယ်.. မူနဲ့ဘောင်နဲ့ ပြန်ပြောတတ်တဲ့လူမှန်းသိလာပုံရတယ်..

အဲ့ဒါနဲ့ အိတ်ဖွင့်တဲ့ဆီမရောက်ပဲ.. လာတဲ့.. လက်ဗွေနှိပ်တဲ့.. ပေးဝင်တော့မှာ.. ဒါမဲ့ ဒီတိုင်းဝင်သွားရင် သူတို့ ရစ်ချင်သလိုရစ် နိုင်ချင်သလိုနိုင်ခံရတာကြီး မမိုက်ဘူး.. ပြန်ရစ်ချင်စိတ်က တားမရဘူး.. အဲ့ဒါနဲ့ မနှိပ်သေးပဲ.. နင်တို့ စစ်ဆေးလို့ပြီးပြီလားလို့.. ပြီးပြီတဲ့.. အိုကေ.. ဒါဆို ငါပြောစရာရှိတယ်လို့.. ဒီဗီဇာ အတုလား အစစ်လား သေချာပြန်စစ်ပေးပါတဲ့.. ကြည့်ပြီး အစစ်ပါတဲ့.. အိုကေ.. ဗီဇာ အစစ်ဆို.. ဒီဗီဇာ approve ဖြစ်လို့ လေယာဉ်လက်မှတ်ဝယ်ပြီး ဒီရောက်လာတယ်.. ပြည်ဝင်ခွင့်မပေးဘူး.. အိုကေ.. နင်တို့ပေးမဝင်ရင်ရတယ်.. ငါမဝင်ရလို့ ဘာမှ မဖြစ်ဘူး.. ငါအခုလှည့်ပြန်သွားမယ်.. ငါ အရင်နေခဲ့စဉ်ကလည်း criminal case မရှိခဲ့ black list မဖြစ်ခဲ့ဘူး.. ဒါပေမယ့် ငါပြည်ဝင်ခွင့်မရဘူး.. အဲ့ဒိတော့ ဗီဇာ approved ဖြစ်လို့ လာဖို့လေယာဉ်လက်မှတ်ကုန်ကျစရိတ်ကို ပြည်ဝင်ခွင့် မရတဲ့အခါ သံရုံးက ဗီဇာထုတ်ပေးတဲ့ ကောင်ဆယ်လာက တာဝန်ယူမလား ပေးမဝင်တဲ့ အဖွဲ့အစည်းကတာဝန်ယူမလား? ငါ ဘာအမှားအယွင်း ဘာပြစ်ချက်မှ မရှိပဲ ဗီဇာရလျှက်ပြည်ဝင်ခွင့်တားခံရခြင်းဟာ လူ့အခွင့်အရေးချိုးဖေါက်ခံရတာပဲ.. အဲ့ဒီတော့ ဒီကိစ္စ international media ပေါ် ပါလာဖို့ ငါရန်ကုန်လေဆိပ်ရောက်တာနဲ့ မီဒီယာတွေ ဖိတ်ခေါ်ပြီး press conference လုပ်ရလိမ့်မယ်.. (လုပ်လုပ် မလုပ်လုပ်လေ.. ကိုယ်မမှားတဲ့ကိစ္စတခုမှာ နင်းစရာရှိတဲ့အကွက် အပီအပြင်ဖိနင်းရမှာပဲ..) ပြီးတော့ ခုနက နင်တို့ သူခိုးစစ် စစ်တာ ငါ့ dignity ကိုထိတယ်.. ဒါတင်မကဘူး.. ငါ ရာဇဝတ်မှုကျူးလွန်တာမဟုတ်ပဲ ငါ့ဖုန်းမတ်ဆေ့တွေ ဖတ်တယ်.. ဒါ private & confidential issue ဖြစ်သွားပြီ.. Privacy ကိုထိတယ်.. အဲ့ကိစ္စအတွက်လည်း.. စင်္ကာပူဟာ ကိုယ့်တိုင်းပြည်လာလည်တဲ့လူတယောက်ကို ဒီလိုအရှက်ခွဲတယ်ဆိုတာ ကမ္ဘာကသိအောင် ငါ international media ပေါ်ရောက်အောင် အားထုတ်ရလိမ့်မယ်.. (လုပ်လုပ် မလုပ်လုပ် နင်းစရာအကွက် နင်းကိုနင်းရမှာ..) ငါ့မှာ ဖြစ်စဉ်အစအဆုံး record ရှိတယ် voice memo ဖွင့်ပြပြီး.. ငါအခုပြန်မယ်ဆိုတော့..

သကောင့်သား ၃ ယောက် ဆောရီးချင်းထပ်အောင် ပြာပြာသလဲတွေတောင်းပန်ပြီး.. အပြင်ဘက် လိုက်ပို့တာ.. အထုပ်ဆွဲပေးတဲ့လူတယောက်နဲ့.. သူ့ဘာသူ automation နဲ့ပွင့်တဲ့တခါးတောင် လိုက်တွန်းဖွင့်ပေးတာနဲ့.. အေ့ပါကွာ..

အာ့ နေလည်က immigration ရုံးထဲ တနာရီကျော်ကြာနေတဲ့အဖြစ်အပျက်က အာ့ပဲ..
#who?
Credit to Aye Khaing Myint