Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 15, 2017

အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သည်ဆိုသူများ (ISIS/ISIL) တို့လက်မှကယ်တင်ရန် မာရ၀ီမြို့အား ဖိလစ်ပိုင်တပ်မတော် အမှုန့်ကြိတ်


အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သည်ဆိုသူများ (ISIS/ISIL) တို့လက်မှကယ်တင်ရန် မာရ၀ီမြို့အား ဖိလစ်ပိုင်တပ်မတော် အမှုန့်ကြိတ်။ ဘာသာရေးအစွန်းရောက်စစ်သွေးကြွတို့က ဗလီနှင့် ဘာသာရေးစာသင်ကျောင်းများ တွင် အခိုင်အမာနေရာယူ။ မြို့၏ ၂၀ ရာခိုင်နှုန်းကို စိုးမိုးထားနိုင်ပြီး ဖိလစ်ပိုင်စစ်သား ၂၀၀-ကျော်ကို သတ်ဖြတ်ခဲ့၍ ဒူတာတေးအစိုးရအရှုံးကြီးရှုံးနေဟု အိုင်စစ် (ISIS/ISIL) သတင်းဌာနကြေငြာ။
****************************************************************
<<< ဇွန်-၁၃၊ ၂၁၀၇ နေ့ထုတ် နယူးယောက်ပိုစ့်သတင်းစာမှ RICHARD C. PADDOCK and FELIPE VILLAMOR တို့၏ Destroying a Philippine City to Save It From ISIS Allies ကို ကောက်နှုတ်ဘာသာပြန်သည်။ >>>
( ဇွန်-၁၅၊ ၂၀၁၇ ) ရက်သတ္တ ၄-ပတ်ကြာမျှ မောတီနှင့် အဘူဆေယက် အစွန်းရောက်စစ်သွေးကြွများလက်သို့ ကျရောက်နေခဲ့ရသည့် မာရ၀ီမြို့အား ကယ်တင်ရန်အတွက် ဖိလစ်ပိုင်တပ်မတော်က လေကြောင်း၊ကြည်း ကြောင်း အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျှက်ရှိကြောင်း ယမန်နေ့နိုင်ငံတကာမီဒီယာများတွင်ဖော်ပြကြသည်။
တောထနေသောဆီအုန်းပင်များကြားမှ မီးခိုးလုံးမဲကြီးများ တစ်လိပ်လိပ်ထွက်နေသည်။ ခန့်ညားသော ဗလီမျှော်စင်ကို အသံခပ်အုပ်အုပ်မြည်ဟီးနေသော သံချပ်ကားများဖြတ်လာကြ၏။ လူသူကင်းရှင်းနေသော လမ်းမပေါ်တွင် ကျည်ဆံမိုးသွန်းချနေသည်။
ဖိလစ်ပိုင် မာရ၀ီမြို့သိမ်းပိုက်ခံရခြင်း၏ ရက်သတ္တ ၄-ပါတ်ကြာသည်တွင် လူပေါင်း ၂၀၀ ကျော်မျှ အသက်ဆုံးရှုံးခဲ့ကြနောက် မြို့တစ်ခုလုံးမှာလည်း ပျက်စီးယိုယွင်းသွားသည်။ အစ္စလာမ်မစ်အစွန်းရောက်ထောက်ခံသူများ၏ အရှေ့တောင်အာရှနယ်မြေအားသိမ်းပိုက်ရန် အပြင်းအထန်အားထုတ်မှု့မှာ မြို့ပျက်ကြီး၏ လမ်းမပေါ်တိုက်ပွဲများအဖြစ်ပြောင်းလဲသွားသည်။
ကမန်းကတန်းပိတ်ခဲ့သော အလုပ်ဌာနများရှေ့တွင် “ ပစ္စည်းလုယက်သူများ ပစ်သတ်ခံရမည် “ ဆိုင်းဘုတ်ကို တွေ့နိုင်ပါသည်။ ခြောက်သယောင်းနေသော လမ်းမပေါ်တွင် ခွေးလေခွေးလွင့်များ အစာရှာလျှက်ရှိသည်။ အင်္ဂါနေ့၏ ဖွဲဖွဲရွာလျှက်ရှိသောမိုးမှာ စိတ်ပျက်စရာဖြစ်နေသည်။
တစ်နေ့လျှင် အနည်းဆုံးနှစ်ကြိမ်ဗုံးကြဲလျှက်ရှိခြင်းက အစ္စလာမ်မစ်အစွန်းရောက်များလက်မှကယ်တင်ရန် မာရ၀ီမြို့အား အမှုန့်ချေမည့် ဖိလစ်ပိုင်တပ်မတော်၏ မဟာဗျူဟာအားဖော်ပြနေသည်။
မြို့အလယ် အစိတ်အပိုင်းအား စစ်သွေးကြွသူပုန်တို့က ခြေကုပ်ယူထားသည်။ တံတားများစွာ၏အချက်အချာ ကျသောနေရာများအားထိန်းချုပ်ထားပြီးလျှင် ဗလီအချို့တွင် ကျာ်အပြည့်နှင့် စနိုက်ပါသေနတ်သမားများ နေရာယူထားသည်။ အလယ်ခုလတ်ကြားတွင် အရပ်သားရာပေါင်းများစွာရှိနေနိုင်သည်ဆိုခြင်းမှာ အစိုးရတပ်များ၏ ချေမှုန်းရေးစစ်ဆင်ရာတွင် အခက်အခဲများစွာဖြစ်ပေါ်စေသည်။ တိုက်ခိုက်မည်ဖြစ်ကြောင်း နှစ်ဖက်စလုံးက ကြေငြာထားသော်လည်း ရေရှည်တိုက်ပွဲဖြစ်မည့်ပုံပေါ်နေလေ၏။
မြစ်၏ အရှေ့တောင်ဖက်တွင်ရှိပြီး တစ်ချိန်က စီးပွားရေးနှင့် လုပ်ငန်းများတည်ရာဖြစ်ခဲ့သော မြို့တစ်နေရာတွင် စစ်သွေးကြွများ တပ်စွဲထားဆဲဖြစ်သည်။ အပြင်းအထန်တိုက်ပွဲဆင်သည့်နေရာမှာ ၅၀၀ စတုရန်း မီတာမျှရှိကြောင်း ဖိလစ်ပိုင်တပ်မှုးတစ်ဦးကပြောပြသည်။
အထပ်မြင့်အဆောက်အအုံတို့အပေါ်တွင် သူပုန်တို့က စနိုက်ပါသေနတ်သမားများချထားခြင်းဖြင့် ဖိလစ်ပိုင်စစ်တပ်အား ခပ်ဝေးဝေးမှထိန်းထားနိုင်သည်။ တစ်မြို့လုံး၏ ငါးပုံတစ်ပုံမျှကို စစ်သွေးကြွ သူပုန်တို့ထိန်းချုပ်ထားလိမ့်မည်ဟု ဖိလစ်ပိုင်စစ်ဖက်က ခန့်မှန်းသည်။
မြို့တွင်းစစ်ဆင်ရေးဖြစ်ပြီး တစ်ဖက်နှင့်တစ်ဖက် အနီးကပ်မျက်နှာချင်းဆိုင်တိုက်ပွဲဖြစ်သည်ဟု ခြေလျှင်တပ်မတော်ရှေ့တန်းတပ်မှုးက ပြောပြသည်။ တစ်အိမ်ပြီးတစ်အိမ် အဆောက်အအုံတစ်ခုချင်းရှင်းလင်းသွားရန်ရှိ ကြောင်းသိရပါသည်။
မာရ၀ီမြို့၏ကောင်းကင်ယံကို ဖိလစ်ပိုင်တပ်မတော်က စိုးမိုးထားသည်။ ဟယ်လီကော့ပတာများနှင့် လက်နက် အပြည့်အစုံတပ်ဆင်ထားသော တိုက်ခိုက်ရေးလေယာဉ်များက ပစ်ခတ်ဗုံးကြဲတိုက်ခိုက်လျှက်ရှိသည်။ အပျက်အစီး ကြီးကြီးမားမားဖြစ်စေသော်လည်း စစ်သွေးကြွတို့အားမောင်းထုတ်ရန် အလှမ်းဝေးနေဆဲဖြစ်သည်။
ရိုမန်ကက်သလစ်ဘာသာဝင် ၉၀ ရာနှုန်းရှိရာ ဖိလစ်ပိုင်နိုင်ငံတွင် မာရ၀ီအား မူဆလင်အများစုနေထိုင်ရာမြို့အဖြစ် တရားဝင်လူသိများသည်။ မြို့ပေါ်တွင် ဗလီများမှာ သိသာမြင်သာရှိပြီး မားမားမတ်မတ်ကျန်ရှိနေဆဲဖြစ်သည်။ စစ်သွေးကြွသူပုန်တို့က ဗလီနှင့် ဘာသာရေးစာသင်ကျောင်းတို့အား စစ်စခန်းအဖြစ် အသုံးချလျှက် စနိုက်ပါသေနတ်သမားများ နေရာယူထားသည်။ ဘာသာရေးနှင့် ယဉ်ကျေးမှု့အရ စစ်ရေးဖြင့်တိုက်ခိုက်ရန်မဖြစ်နိုင်သော အဆောက်အအုံတွင် ထိုသို့ပြုလုပ်နေခြင်းမှာ စောဒကတက်စရာပင်ဖြစ်သည်။
(အိုင်စစ် (ISIS/ISIL) ဘာသာရေးအစွန်းရောက် စစ်သွေးကြွတို့၏ အာမက်နယူးအေဂျင်စီက ဇွန်-၁၃၊ ၂၀၁၇ သတင်းထုတ်ပြန်ရာ၌ မူဆလင်အများစုနေထိုင်ရာဖြစ်သော မာရ၀ီမြို့တွင် ၄င်းတို့၏ညီအကိုတော်စစ်သည်များက မြို့၏ ၂၀ ရာနှုန်းကို အောင်မြင်စွာ ပြန်လည်သိမ်းပိုက်နိုင်ကြောင်းဖော်ပြသည်။ ဖိလစ်ပိုင်အစိုးရသည် အရှုံးကြီးရှုံးလျှက်ရှိနေပြီး မိမိတို့ဘာသာရေးစစ်သည်တော်များက ဒူတာတေးစစ်သား ၂၀၀ ကျော်ကို သုတ်သင်လိုက်ကြောင်း ကြေငြာသည်ဟု ဇွန်-၁၃၊ ရီုက်တာသတင်းဌာနက ရေးသားထားသည် )
Htay Oung
https://www.nytimes.com/2017/06/13/world/asia/marawi-philippines-islamic-state.html?_r=0
https://www.bostonglobe.com/news/world/2017/06/13/philippine-army-destroying-city-save-from-isis-allies/Nj5UHdvQFk8khYDU6iOefI/story.html
https://www.yahoo.com/news/isis-linked-militants-retain-significant-075422685.html












No comments:

Post a Comment