Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 17, 2017

ကချင်ပြည်နယ် မိုးကောင်းတွင် ဒေသလုပ်ရီမုဒ်မိုင်းကွဲသဖြင့် ပြည်သူတစ်ဦးဒဏ်ရာရ



မိုးကောင်း ဇွန် ၁၇

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မနကျေးရွာ တွင် ယနေ့နံနက်က ဒေသလုပ်ရီမုဒ်မိုင်းကွဲသဖြင့် ပြည်သူတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မနကျေးရွာ နေ မောင်ဇာနည်စိုး (၁၆နှစ်)နှင့် မောင်ပြည့်ဖြိုးဦး (၁၇နှစ်) တစ်ဝမ်းကွဲညီအစ်ကိုနှစ်ဦးသည် ယနေ့နံနက် ပိုင်းက နန့်ယားကျေးရွာရှိ အစ်မထံအလည်သွားရန် ဆိုင်ကယ်ဖြင့်ထွက်လာစဉ် နန့်ဟိုင်ကျေးရွာအဝင် တံတားအရောက် နံနက် ၁ဝ နာရီခွဲတွင် ဒေသလုပ်ရီ မုဒ်မိုင်းကွဲ၍ ဆိုင်ကယ်နောက်မှ စီးနင်းလာသော မောင်ဇာနည်စိုး၏ ယာဘက်လည်ပင်းပေါက်ပြဲဒဏ်ရာ ရရှိခဲ့သည်။

''ဝုန်းကနဲ အသံတော့ကြားတယ်။ ဆိုင်ကယ် ပေါ်ကလည်း ပြုတ်မကျဘူး။ ဂြီးဂြီးအသံၾကားမွ ဆိုင် ကယ်ရပ်ပြီးကြည့်တော့ လည်ပင်းက သွေးထွက်နေ တာတွေ့တာပဲ''ဟုဆိုင်ကယ်မောင်းနှင်သူ ပြည်ဖြိုးဦး ကပြောသည်။

နန့်ဟိုင်ကျေးရွာ ကျန်းမာရေးဌာနမှ မိုးကောင်း ဆေးရုံသို့ လွှဲပြောင်းပို့ပေးသဖြင့် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ (စိုးရိမ်ရ)ဖြင့် တက်ရောက်ကုသလျက် ရှိကြောင်း သိရသည်။

EPN
The Union Daily
https://www.facebook.com/uniondaily.net/

No comments:

Post a Comment