Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 7, 2017

မိန်းကလေးကိစ္စဖြင့် စကားများရာမှ မကျေနပ်သဖြင့် ဓါးဖြင့် ဝိုင်းဝန်းအထိုးခံရသူ ​ဆေးကုသမှုခံယူရင်း​သေဆုံး လူသတ်​မှုဖြင့် ​ပြောင်းလဲအမှုဖွင့်


ဇွန်​လ ၅ရက်​​နေ့ နံနက်​ ၁၁ နာရီအချိန် ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ ၃၁ လမ်း၊ ၇၅x၇၆လမ်းကြားတွင် ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းအရ ချမ်းအေးသာစံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ဓားထိုးခံရသူမှာ အောင်ကျော်စိုး ၂၇ နှစ်၊ ၃၂x၃၃ လမ်း၊ ၇၃x၇၄ လမ်းကြား နေသူဖြစ်ပြီး ၀မ်းဗိုက်/နောက်ကျောထိုးသွင်း ဒဏ်ရာ(၂)ချက်ရရှိထားသည် ကိုတွေ့ရှိရ၍ မန္တလေးဆေးရုံကြီးသို့ တင်ပို့ပြီး ဖြစ်စဉ်အား စုံစမ်းရာ နံနက် ၁၀ နာရီ ၄၅မိ
နစ်​ အချိန်က ၎င်းရပ်ကွက်ရှိ ---စားသောက်ဆိုင်ရှေ့တွင် အောင်ကျော်စိုးမှ ဆိုင်ကယ်ပေါ်သို့ တက်နေစဉ် တစ်​ရပ်​ကွက်​ထဲ​နေ ရန်အောင် ပါ ၃ ဦးရောက်ရှိလာပြီး ယခင်မိန်းကလေး ကိစ္စဖြင့်​ စကားများခဲ့သည်​ကို မကျေနပ်သဖြင့် ရန်အောင်မှ အသင့်ယူဆောင်လာသော အရိုးသွား(၉)လက်မခန့်ရှိ စတီးဓားဖြင့် အောင်ကျော်စိုး၏၀မ်းဗိုက်နှင့် နောက်ကျောအား ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ရန်အောင်ပါ(၃)ဦးအား ချမ်းအေးသာစံမြို့မရဲစခန်း (ပ)၂၈၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ အရအမှုဖွင့်ပြီး ရန်အောင်(ခ)ဗလ ၂၀ နှစ်၊ မောရဂီဝါ ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နှင့် တစ်ရပ်တည်းနေ ဘအေး(ခ)ဇော်ဦး ၂၅ နှစ်၊ ဇော်ထက် ၂၈ နှစ်တို့(၃)ဦးအား ဖမ်းဆီးရမိခဲ့သည်​။

အမှုမှဒဏ်ရာရရှိသူ အောင်ကျော်စိုးသည် မန္တလေးဆေးရုံကြီး၌ ​ဆေးကုသမှုခံယူနေစဉ် ည ၉ နာရီ အချိန် ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွား၍ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄မှ ရာဇသတ်ကြီးဥပ​ဒေပုဒ်မ ၃၀၂/၁၁၄ သို့ပြောင်းလဲရေးဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal

No comments:

Post a Comment