Latest News

Tuesday, June 13, 2017

မုဒုံတွင် ကားနှင့် ရထားတိုက် လူ ၂ ဦးသေဆုံး


 မွန်ပြည်နယ် မုဒုံမြို့နယ် တာပသွန်ကျေးရွာတွင် ဇွန်လ ၁၂ ရက်နေ့ ည ၈ နာရီခန့် က မုဒုံမြို့  ကော့ခိုက်ကျေးရွာနေ ဦးစိုးသိန်း(၄၀)နှစ် မောင်းနှင်လာသော HONDA fit ကားနှင့် ရေးမြို့မှ မော်လမြိုင်သို့(အဆန်) ခုတ်မောင်းလာသော DD.939 မီးရထားတစ်စီး မတော်တဆတိုက်မိမှု့ ဖြစ်ပွားပြီး လူသေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။


ယာဉ်တိုက်မှုကြောင့် ဘိုကလေးမြို့နယ် ထည်တန်းကျေးရွာနေသူ ကိုစောမြတ်သွေးမှာ ဦးခေါင်းဘယ်ချိုစောင်းပေါက်ပြဲ၊ ခြေလက်ပွန်းပဲ့ဒဏ်ရာများရရှိပြီး မုဒုံမြို့၊ ကော့ခိုက်ကျေးရွာနေ ဦးစိုးသိန်း(၄၀)နှစ် နှင့် ဦးမြင့်(၄၃)နှစ်တို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။


စိုးရိမ်ဒဏ်ရာ(အနီရောင်အဆင့်ရှိသူ) မောင်အောင်သူ (၁၃)နှစ်အား မုဒုံ Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ သွားရောက်ပြုစုပေးပြီး မော်လမြိုင်ဆေးရုံသို့ စနစ်တကျကူညီပို့ဆောင်ပေးခဲ့ပါသည်။

ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိသူ ကိုစောမြတ်သွေးကို မုဒုံ Rescueအသင်း၏ မိတ်ဖက်အသင်းတစ်ခုဖြစ်သော စေတနာ့ အလင်းရောင်အသင်းဖြင့် ချိတ်ဆက်ပြီး မုဒုံဆေးရုံသို့ စနစ်တကျကူညီပို့ဆောင်ပေးခဲ့ပါသည်။

Mudon Rescue Team