Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 6, 2017

တာချီလိတ်လေဆိပ်၌ ခရီးသည် တရုတ်နိုင်ငံသားထံမှ ရွှေတုံများ ဖမ်းဆီးရမိ



တာချီလိတ် ဇွန် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့လေဆိပ်၌ ဇွန် ၆ ရက် နေ့ လည် ၃ နာရီက ခရီးသည် တရုတ်နိုင်ငံသား တစ်ဦးထံမှ ရွှေတုံများ ဖမ်းဆီး ရမိကြောင်း လေဆိပ် တာဝန်ကျ ရဲတပ်ဖွဲ့မှ သိရသည်။

''Body Search ခန္ဓာကိုယ် စစ်ဆေးချိန် သူစီးထားသည့် ဖိနပ်ကို မသ င်္ကာ လို့ စစ်တဲ့အချိန် ရွှေတုံများကို တွေ့ရှိခဲ့တယ်''ဟု လေဆိပ်တာဝန်ကျ ရဲ တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။


တာချီလိတ်လေဆိပ် 'Body Search ခန်းတွင် တာချီလိတ်မှ ထွက်ခွာ မည့် ခရီးသည်များအား စစ်ဆေးဆောင်ရွက်နေစဉ် AIR KBZ လေကြောင်းလိုင်းဖြင့် တာချီ လိတ်မှ ရန်ကုန်သို့ ထွက်ခွာမည့် ခရီးသည် တရုတ်နိုင်ငံသား Mr.Teng Lian Gbing အား Body Search တာဝန်ကျ ရဲတပ်ကြပ်ကြီး အောင်ကိုမြင့်မှ စစ်ဆေးရာ ၄င်းစီးထား သည့် ဖိနပ်အတွင်းမှ ရွှေဟုယူဆရ သော အတုံး ဖိနပ်တစ်ဖက်လျှင် နှစ်တုံးစီ၊ စုစုပေါင်း လေးတုံး၊ အလေးချိန် ၂ .၁၅ ကီလိုဂရမ်ခန့်တွေ့ရှိသဖြင့် တာဝန်မှူး ဒုရဲအုပ်သိန်းစိုးက ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး လေဆိပ်တာဝန်ကျ အကောက်ခွန်ဦးစီးဌာန ဒုအကောက်ခွန် မှူး ရန်နောင်ဌေး ထံအပ်နှံခဲ့ကြောင်း သိရသည်။

အမှုမှ ရွှေတုံများနှင့်အတူ တရုတ်နိုင်ငံသားMr.Teng Lian Gbingအား တာချီလိတ်မြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မြင့်မိုရ်(တာချိလိတ်)
https://www.facebook.com/mjin.mou.1

No comments:

Post a Comment