Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 1, 2017

သာေကတၿမိဳ႕နယ္ အတြင္း ျဖစ္ပြားခဲ့ေသာ ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈမွ အမႈမွန္ ေဖာ္ထုတ္ရရွိ


သာေကတၿမိဳ႕နယ္ အတြင္း ျဖစ္ပြားခဲ့ေသာ ႏွစ္ေလာင္းၿပိဳင္ လူသတ္မႈမွ အမႈမွန္ ေဖာ္ထုတ္ရရွိ
ရန္ကုန္၊ ဇြန္ ၁

သာေကတၿမိဳ႕နယ္၊ (၁၀/ေတာင္)/ ၁၄ ရပ္ကြက္၊ ရႈခင္းသာ လမ္းမႀကီး ျမရည္နႏၵာ အိမ္ရာ၀င္း (လံုးခ်င္း အိမ္ရာ) ရွိ အမွတ္ (၈) ေနအိမ္တြင္ ဇြန္လ ၁ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္ခန္႔က VICTOR RAJ အိႏၵိယ/ခရစ္ယာန္၊
အသက္ (၄၈) ႏွစ္ႏွင့္ ၎၏ ဇနီးျဖစ္သူ မခိုင္စပယ္ ႏွင္းေအာင္၊ အသက္ (၃၁) ေသဆံုး ေနေၾကာင္း မခိုင္စပယ္ ႏွင္းေအာင္၏ ဖခင္ျဖစ္သူမွ ေျပာျပ တိုင္တန္းခ်က္ အရ သာေကတ နယ္ေျမ ရဲစခန္း (ပ) ၅၇၅/၂၀၁၇၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ျဖင့္ အမႈဖြင့္ စံုစမ္း ေဆာင္ရြက္ခဲ့သည္။

အမႈႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြမွဴးရံုးမွ မႈခင္းေဖာ္ထုတ္ေရးတပ္ဖဲြ႕၀င္မ်ား၊ အေရွ႕ပိုင္းႏွင့္ အေနာက္ပိုင္း ခရိုင္မွတပ္ဖဲြ႕၀င္မ်ား၊ မႈခင္း ရဲတပ္ဖဲြ႕ခဲြ (ရန္ကုန္) ပူးေပါင္း၍ အခင္းျဖစ္ရပ္အေပၚ အေသးစိတ္ စံုစမ္း စစ္ေဆးခဲ့ရာ ေသဆံုးသူ VICTOR RAJ သည္ အလုပ္အကိုင္ (၇) ႀကိမ္ ေျပာင္းေရႊလုပ္ကိုင္ခဲ့ၿပီး လက္ရွိတြင္ အလုပ္အကိုင္မရွိဘဲ အျခားသူမ်ားကို
အေၾကြးမ်ားေျမာက္မ်ားစြာ ေပးဆပ္ရန္ရွိေနသည့္အျပင္ ၎ဇနီးျဖစ္သူ ကိုလည္း ေငြက်ပ္ သိန္း ၅၀ ေပးရန္ ရွိေၾကာင္း၊ အခင္းျဖစ္ေန႔တြင္ VICTOR RAJ မွ ၎၏ အိပ္ခန္းအား သန္႔ရွင္းေရး ၀င္ေရာက္ မလုပ္ရန္ အိမ္အကူ
မ်ားအား မွာၾကားခဲ့ေၾကာင္း၊ လံုၿခံဳေရး၀န္ထမ္းျဖစ္သူ ဦးအုန္းျမင့္ကို ၎အား လာေရာက္ ေမးျမန္းသူ မည့္သူကိုမဆို ေနအိမ္တြင္မရွိဘဲ ႏိုင္ငံျခားသို႔
ျပန္သြားေၾကာင္းကို ေျပာဆိုရန္ မွာၾကားထားေၾကာင္း သိရွိရပါသည္။

စံုစမ္းေဖာ္ထုတ္ခ်က္အရ VICTOR RAJ ႏွင့္ ဇနီး မခိုင္စပယ္ႏွင္းေအာင္ တို႔တြင္ သားသမီး ထြန္းကားမႈ မရွိေၾကာင္း သိရွိရၿပီး ေမလ ၃၁ ရက္ေန႔တြင္ ေသဆံုး သူ၏ ေနအိမ္၌ မခိုင္စပယ္ ႏွင္းေအာင္၏ ညီမ၀မ္းကဲြ ေတာ္စပ္သူ မခိုင္ႏွင္းေ၀၊ အိမ္အကူမႏဲြ႕ႏွင့္ ေဒၚခင္ေဆြတင့္၊ လံုၿခံဳေရး ၀န္ထမ္း ဦးအုန္းျမင့္ တုိ႔ ရွိေနၿပီး ေသဆံုးသူ VICTOR RAJ သည္ ျပင္ပသို႔ ထြက္ခြာ သြားျခင္း မရွိေၾကာင္း၊ မခိုင္စပယ္ႏွင္းေအာင္သည္ ၁၂၃၀ အခ်ိန္ ခန္႔တြင္ ေနအိမ္သို႔ ျပန္လည္ ေရာက္ရွိလာၿပီး ေနအိမ္ ေအာက္ထပ္ရွိ ၎၏အိပ္ခန္း အတြင္းသို႔ ၀င္သြား ခဲ့ေၾကာင္း၊ မြန္းလဲြ ၂ နာရီခန္႔ အခ်ိန္တြင္ VICTOR RAJ
သည္ ၿခံ၀င္း အတြင္းမွ ေနအိမ္ အတြင္းသို႔ ၀င္သြား ခဲ့ေၾကာင္း၊ ထိုအခ်ိန္တြင္ ေနအိမ္အတြင္း၌ ၎တို႔ လင္မယား ႏွစ္ဦးသာ ရွိၿပီး အိမ္အကူႏွင့္ လံုၿခံဳေရး
၀န္ထမ္း တို႔သည္ ၎တို႔၏ လုပ္ငန္းမ်ားကို ေနအိမ္ၿခံ၀င္း အတြင္း လုပ္ကိုင္လ်က္ရွိေၾကာင္း၊ ည ၇နာရီ အခ်ိန္ခန္႔တြင္ ညီမ၀မ္းကဲြေတာ္သူ မခိုင္ႏွင္းေ၀က အစ္မျဖစ္သူ မခိုင္စပယ္ႏွင္းေအာင္မွာ အျပင္သို႔ထြက္မလာ၍ အိပ္ခန္း
တံခါးကိုသြားေခါက္ရာ အတြင္းမွ မည္သည့္အသံမွ် မၾကားရသျဖင့္ ၎၏ ဖုန္းကို ေခၚဆိုရာ လက္ခံ ေျဖၾကားျခင္း မရွိေၾကာင္း သိရွိရပါသည္။

အခင္းျဖစ္ရပ္တြင္ ေတြ႕ရွိသည့္ တူႏွင့္ဓားမအား ေသဆံုးသူ VICTOR RAJ သည္ ေမလ ၃၀ ရက္ေန႔က Capital Hyper Market မွ ၎ ကိုယ္တိုင္ ၀ယ္ယူခဲ့ေၾကာင္း Capital Hyper Market ၏ CCTV မွတ္တမ္း အေထာက္ အထားမ်ားႏွင့္ ေငြရွင္းေျပစာ ေဘာက္ခ်ာ မွတ္တမ္း အေထာက္ အထားမ်ား ရရွိခဲ့ၿပီး ရရွိေသာ ဒဏ္ရာမ်ားမွာ ၀ဲ/ယာ လက္ေကာက္၀တ္တြင္
ေသြးျပန္ေၾကာ လွီးျဖတ္ဒဏ္ရာ ၁ ခ်က္စီ၊ ၀မ္းဗိုက္ အထက္ ရင္ညြန္႔ျပတ္ရွ ဒဏ္ရာ ၁ ခ်က္၊ ရင္ညႊန္႔တြင္ ထိုးသြင္းဒဏ္ရာ ၂ခ်က္ရရွိၿပီး မခိုင္စပယ္ ႏွင္းေအာင္တြင္ လည္ပင္းခုတ္ထစ္ ျပတ္ရွဒဏ္ရာ ၁ ခ်က္၊ ယာနားထင္
တူႏွင့္ထုသည့္ ခ်ိဳင့္၀င္ဒဏ္ရာ ၁ ခ်က္တို႔ရရွိကာ ေသဆံုးေနေၾကာင္း စစ္ေဆးေတြ႕ရွိရပါသည္။

ေသဆံုးသူ VICTOR RAJ သည္ မေသဆံုးမီက Capital Hyper Market မွ တူႏွင့္ဓားမ၀ယ္ယူခဲ့ျခင္း၊ ေပးဆပ္ရန္ အေၾကြးမ်ားရွိေနျခင္း၊ ဒဏ္ရာမ်ား တြင္လည္း မိမိ ကိုယ္ကို မိမိ သတ္ေသရန္ ရည္ရြယ္၍ ၀ဲ/ယာ လက္ေကာက္၀တ္တြင္ ေသြးျပန္ေၾကာလွီးျဖတ္ဒဏ္ရာ ၁ ခ်က္စီ ေတြ႕ရွိရသည့္ အျပင္ ဇနီးျဖစ္သူ၏ ဒဏ္ရာ တြင္လည္း တူျဖင့္ ထုသည့္ခ်ိဳင့္၀င္ ဒဏ္ရာ ေတြ႕ရွိရ
ေသာေၾကာင့္ VICTOR RAJသည္ ဇနီးျဖစ္သူအား ၎ ၀ယ္ယူခဲ့သည့္ တူႏွင့္ ဓားကို အသံုးျပဳကာ သတ္ၿပီးေနာက္ ၎ကိုယ္တိုင္လည္း မိမိကုိယ္ မိမိ သတ္ေသခဲ့ျခင္း ျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိရသည့္ အျပင္ ေနအိမ္
အ၀င္တံခါးမႀကီး၊ ၿခံ၀င္းတံခါးႏွင့္ ၿခံစည္းရိုး လံုၿခံဳေရး အတြက္ တပ္ဆင္ထားသည့္ CCTV ကင္မရာ ၄ လံုးကို ေမလ ၃၁ ရက္ေန႔ နံနက္ ၆ နာရီမွ ဇြန္လ ၁ ရက္ေန႔ နံနက္ ၈ နာရီအထိ စစ္ေဆးခ်က္ မွတ္တမ္း အရလည္းေကာင္း၊ လံုၿခံဳေရး ၀န္ထမ္း ျဖစ္သူ ဦးအုန္းျမင့္၏ ေျပာျပခ်က္ အရလည္းေကာင္း ေနအိမ္ၿခံ၀င္း အတြင္း ၀င္ /ထြက္ သြားလာမႈ မရွိေၾကာင္း စစ္ေဆး ေတြ႕ရွိရပါသည္။

အမႈႏွင့္စပ္လ်ဥ္း၍ အမ်ားျပည္သူ စိတ္၀င္စားသည့္ မႈခင္းျဖစ္စဥ္ ျဖစ္သျဖင့္ ရန္ကုန္တိုင္း ေဒသႀကီး ရဲတပ္ဖဲြ႕ အေနျဖင့္ ေဖာ္ထုတ္ ရရွိခ်က္မ်ား အေပၚ အမ်ားျပည္သူ သိရွိေစရန္ အသိေပး ေဖာ္ျပျခင္းျဖစ္ၿပီး အမႈကို သက္ေသ
အေထာက္အထား ခိုင္လံုစြာ ရရွိရန္ ဆက္လက္ စံုစမ္း စစ္ေဆး ေဖာ္ထုတ္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သတင္းရရွိသည္။

(Unicode)
သာကေတမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော နှစ်လောင်းပြိုင်လူသတ်မှုမှ
အမှုမှန်ဖော်ထုတ်ရရှိ

ရန်ကုန်၊ ဇွန် ၁

သာကေတမြို့နယ်၊ (၁၀/တောင်)/ ၁၄ ရပ်ကွက်၊ ရှုခင်းသာလမ်းမကြီး
မြရည်နန္ဒာအိမ်ရာဝင်း (လုံးချင်းအိမ်ရာ)ရှိ အမှတ်(၈)နေအိမ်တွင် ဇွန်လ
၁ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်ကVICTOR RAJ အိန္ဒိယ/ခရစ်ယာန်၊
အသက်(၄၈)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မခိုင်စပယ်နှင်းအောင်၊ အသက်
(၃၁)သေဆုံးနေကြောင်း မခိုင်စပယ်နှင်းအောင်၏ ဖခင်ဖြစ်သူမှ ပြောပြ
တိုင်တန်းချက်အရ သာကေတနယ်မြေရဲစခန်း(ပ)၅၇၅/၂၀၁၇၊ ရာဇသတ်
ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲမှူးရုံးမှ မှုခင်းဖော်ထုတ်
ရေးတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်မှတပ်ဖွဲ့ဝင်များ၊ မှုခင်း
ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)ပူးပေါင်း၍ အခင်းဖြစ်ရပ်အပေါ် အသေးစိတ်စုံစမ်း
စစ်ဆေးခဲ့ရာ သေဆုံးသူ VICTOR RAJ သည် အလုပ်အကိုင်(၇)ကြိမ်
ပြောင်းရွှေလုပ်ကိုင်ခဲ့ပြီး လက်ရှိတွင်အလုပ်အကိုင်မရှိဘဲ အခြားသူများကို
အကြွေးများမြောက်များစွာ ပေးဆပ်ရန်ရှိနေသည့်အပြင် ၎င်းဇနီးဖြစ်သူ
ကိုလည်း ငွေကျပ် သိန်း ၅၀ ပေးရန်ရှိကြောင်း၊ အခင်းဖြစ်နေ့တွင် VICTOR
RAJ မှ ၎င်း၏အိပ်ခန်းအား သန့်ရှင်းရေးဝင်ရောက်မလုပ်ရန် အိမ်အကူ
များအားမှာကြားခဲ့ကြောင်း၊ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးအုန်းမြင့်ကို ၎င်းအား
လာရောက်မေးမြန်းသူ မည့်သူကိုမဆို နေအိမ်တွင်မရှိဘဲ နိုင်ငံခြားသို့
ပြန်သွားကြောင်းကိုပြောဆိုရန် မှာကြားထားကြောင်း သိရှိရပါသည်။

စုံစမ်းဖော်ထုတ်ချက်အရ VICTOR RAJ နှင့် ဇနီး မခိုင်စပယ်နှင်းအောင်
တို့တွင် သားသမီးထွန်းကားမှုမရှိကြောင်းသိရှိရပြီး မေလ ၃၁ ရက်နေ့တွင်
သေဆုံးသူ၏နေအိမ်၌ မခိုင်စပယ်နှင်းအောင်၏ ညီမဝမ်းကွဲ တော်စပ်သူ
မခိုင်နှင်းဝေ၊ အိမ်အကူမနွဲ့နှင့် ဒေါ်ခင်ဆွေတင့်၊ လုံခြုံရေးဝန်ထမ်း
ဦးအုန်းမြင့်တို့ရှိနေပြီး သေဆုံးသူ VICTOR RAJ သည် ပြင်ပသို့ထွက်ခွာ
သွားခြင်းမရှိကြောင်း၊ မခိုင်စပယ်နှင်းအောင်သည် ၁၂၃၀ အချိန်ခန့်တွင်
နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး နေအိမ်အောက်ထပ်ရှိ ၎င်း၏အိပ်ခန်း
အတွင်းသို့ဝင်သွားခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်အချိန်တွင် VICTOR RAJ
သည် ခြံဝင်းအတွင်းမှ နေအိမ်အတွင်းသို့ဝင်သွားခဲ့ကြောင်း၊ ထိုအချိန်တွင်
နေအိမ်အတွင်း၌ ၎င်းတို့လင်မယားနှစ်ဦးသာရှိပြီး အိမ်အကူနှင့် လုံခြုံရေး
ဝန်ထမ်းတို့သည် ၎င်းတို့၏လုပ်ငန်းများကို နေအိမ်ခြံဝင်းအတွင်း လုပ်ကိုင်
လျက်ရှိကြောင်း၊ ည ၇နာရီအချိန်ခန့်တွင် ညီမဝမ်းကွဲတော်သူ မခိုင်နှင်းဝေ
က အစ်မဖြစ်သူ မခိုင်စပယ်နှင်းအောင်မှာ အပြင်သို့ထွက်မလာ၍ အိပ်ခန်း
တံခါးကိုသွားခေါက်ရာ အတွင်းမှမည်သည့်အသံမျှ မကြားရသဖြင့် ၎င်း၏
ဖုန်းကိုခေါ်ဆိုရာ လက်ခံဖြေကြားခြင်းမရှိကြောင်း သိရှိရပါသည်။

အခင်းဖြစ်ရပ်တွင် တွေ့ရှိသည့် တူနှင့်ဓားမအား သေဆုံးသူ VICTOR
RAJ သည် မေလ ၃၀ ရက်နေ့က Capital Hyper Market မှ ၎င်း
ကိုယ်တိုင်ဝယ်ယူခဲ့ကြောင်း Capital Hyper Market ၏ CCTV မှတ်တမ်း
အထောက်အထားများနှင့် ငွေရှင်းပြေစာဘောက်ချာမှတ်တမ်းအထောက်
အထားများရရှိခဲ့ပြီး ရရှိသောဒဏ်ရာများမှာ ဝဲ/ယာလက်ကောက်ဝတ်တွင်
သွေးပြန်ကြောလှီးဖြတ်ဒဏ်ရာ ၁ ချက်စီ၊ ဝမ်းဗိုက်အထက် ရင်ညွန့်ပြတ်ရှ
ဒဏ်ရာ ၁ ချက်၊ ရင်ညွှန့်တွင်ထိုးသွင်းဒဏ်ရာ ၂ချက်ရရှိပြီး မခိုင်စပယ်
နှင်းအောင်တွင် လည်ပင်းခုတ်ထစ်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ယာနားထင်
တူနှင့်ထုသည့် ချိုင့်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ သေဆုံးနေကြောင်း
စစ်ဆေးတွေ့ရှိရပါသည်။

သေဆုံးသူ VICTOR RAJ သည် မသေဆုံးမီက Capital Hyper Market
မှ တူနှင့်ဓားမဝယ်ယူခဲ့ခြင်း၊ ပေးဆပ်ရန်အကြွေးများရှိနေခြင်း၊ ဒဏ်ရာများ
တွင်လည်း မိမိကိုယ်ကိုမိမိသတ်သေရန်ရည်ရွယ်၍ ဝဲ/ယာ လက်ကောက်
ဝတ်တွင် သွေးပြန်ကြောလှီးဖြတ်ဒဏ်ရာ ၁ ချက်စီ တွေ့ရှိရသည့်အပြင်
ဇနီးဖြစ်သူ၏ ဒဏ်ရာတွင်လည်း တူဖြင့်ထုသည့်ချိုင့်ဝင်ဒဏ်ရာတွေ့ရှိရ
သောကြောင့် VICTOR RAJသည် ဇနီးဖြစ်သူအား ၎င်းဝယ်ယူခဲ့သည့်
တူနှင့်ဓားကိုအသုံးပြုကာ သတ်ပြီးနောက် ၎င်းကိုယ်တိုင်လည်း မိမိကိုယ်
မိမိသတ်သေခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အပြင် နေအိမ်
အဝင်တံခါးမကြီး၊ ခြံဝင်းတံခါးနှင့် ခြံစည်းရိုးလုံခြုံရေးအတွက် တပ်ဆင်
ထားသည့် CCTV ကင်မရာ ၄ လုံးကို မေလ ၃၁ ရက်နေ့ နံနက် ၆နာရီမှ
ဇွန်လ ၁ ရက်နေ့ နံနက် ၈နာရီအထိ စစ်ဆေးချက်မှတ်တမ်းအရလည်း
ကောင်း၊ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးအုန်းမြင့်၏ပြောပြချက်အရလည်း
ကောင်း နေအိမ်ခြံဝင်းအတွင်း ဝင်/ထွက်သွားလာမှုမရှိကြောင်း စစ်ဆေး
တွေ့ရှိရပါသည်။

အမှုနှင့်စပ်လျဉ်း၍ အများပြည်သူစိတ်ဝင်စားသည့် မှုခင်းဖြစ်စဉ်ဖြစ်သဖြင့်
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် ဖော်ထုတ်ရရှိချက်များအပေါ်
အများပြည်သူသိရှိစေရန် အသိပေးဖော်ပြခြင်းဖြစ်ပြီး အမှုကို သက်သေ
အထောက်အထား ခိုင်လုံစွာရရှိရန် ဆက်လက်စုံစမ်းစစ်ဆေးဖော်ထုတ်
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Yangon Police