Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 6, 2017

ခဲဘိုး​တောင်းရာမှ ဓားခုတ်​မှုဖြစ်​ပွားပြီး သတိုးသမီးဖခင်သေဆုံး


မ​ကွေးတိုင်း​ဒေသကြီး စလင်းမြို့နယ်​ မကျီးပင်​ပု​ကျေးရွာတွင်​ ဇွန်​လ ၅ ရက်​ ည ၉ နာရီအချိန်​ခန့်​တွင်​ ခဲဘိုး​တောင်းရာမှ ဓားခုတ်​မှုဖြစ်​ပွားပြီး သတိုးသမီးဖခင်သေဆုံး ဖြစ်​ပွားခဲ့ကြောင်း သိရသည်။

ဖြစ်​စဉ်မှာ မကျီးပင်​ပုရွာ​ တွင်​ မင်္ဂ​လာ​ဆောင်​ရန်​အတွက်​ ခဲဘိုး​တောင်းရာမှ အချင်းများကြပြီး သတို့သမီး​ဖြစ်သူ၏ဖခင် ဦးလှထွန်း ၅၃ နှစ်​အား တင်​စိုးလင်း ၃၆ နှစ်​ကဓားမဖြင့် ခုတ်​လိုက်​ရာ ဦှးလှထွန်းတွင် ဒဏ်​ရာရရှိပြီး အခင်းဖြစ်​​နေရာတွင်​ သေဆုံးသွား သဖြင့် သေဆုံးသူ ဦးလှထွန်း၏ ညီ​တော်​စပ်​သူဦးထွန်းဦးက စလင်းရဲခန်းသို့ အ​ရေးယူ​ဆောင်​ရွက်​​ပေးပါရန်​ တိုင်​ကြားသဖြင့် စခန်းမှူးဒုရဲမှူးဝင်းနိုင်​ကပြစ်မှုကျူးလွန် သူကို အမှုဖွင့် အရေးယူထား​ကြောင်း သိရသည်​။

စစ်​ကြည်​(စလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment