Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 12, 2017

ပင်လယ်လှိုင်းပုတ်မှုကြောင့် ငါးလှန်းလှေများ ပင်လယ်ထဲမျောပါ


မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျေးရွာအုပ်စု အပေါ်ဆိပ်ကျေးရွာရှေ့ဘက်၂မိုင်ခန့်အကွာရှိပရှုးချောင်းအပိုင်းတွင် ဇွန် ၁၁ရက် မွန်းတည့်၁၂နာရီခွဲခန့်က ပင်လယ်လှိုင်းပုတ်ဒဏ်ကြောင့်
ငါးလှန်းစင်များမှာပင်လယ်ထဲမျောပါသွားခဲ့ကြောင်း ကုလားကုတ်ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းစိန်က ပြောသည်။


ပင်လယ်ကမ်းစပ်တွင်ဆောက်လုပ်ထားသောငါးလှန်းစင် ၁၄စင်ရှိသည့်အနက် ၉စင်မှာလှိုင်းဒဏ်ပုတ်ခတ်ခြင်းကြောင့် ပင်လယ်ထဲမျောပါသွားခဲ့ပြီး လူနဲ့တိရိစ္ဆာန်မှာထိခိုက်ဒဏ်ရာရ ရှိခြင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကသွားရောက်စစ်ဆေးတွေ့ရှိချက်တွေအရ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတ်တမ်းတွေအရသိရသည်။

ပင်လယ်ရေလှိုင်းပုတ်ခတ်မှုကြောင့်ပင် လယ်ရေထဲမျောပါသွားသောငါးလှန်းစင်၉စင်မှာ သစ်ဝါးနဲ့ပြုလုပ်ထားပြီး အလျား၄၅ပေအနံ ၃၀ပေအရွယ်ဖြစ်ကာ ငါးလှန်း
စင် ၉ စင်မှာ ကျပ်သိန်း ၁၈၀ ခန့်ရှိ၍ လုပ်ကိုင်သူ ၉ဦးက ဆုံးရှုံးသွားခဲ့ကြောင်းသိရသည်။

နေမျိုးထွဋ် - ရေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment