Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 2, 2017

ဦးမင်းကိုနိုင် ပါတီထောင်မည် မဟုတ်ဘဲ ပြည်သူ့အကျိုး အတွက် လိုအပ်သည့် ကဏ္ဍ၌သာ ပူးပေါင်း ပါဝင်မည်ဟု ပြောဆို

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) မှ ဦးမင်းကိုနိုင် အနေဖြင့် ပါတီ ထူထောင်မည် မဟုတ်ဘဲ နိုင်ငံနှင့် ပြည်သူ့အကျိုး အတွက် လိုအပ်သည့် ကဏ္ဍများ တွင်သာ ပူးပေါင်း ပါဝင် လုပ်ကိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးမင်းကိုနိုင် ၏ ပြောရေးဆိုခွင့် ရှိသူ စမ်းချောင်း ကိုကိုကြီးက မြန်မာတိုင်းမ် နေ့စဉ်သို့ ပြောဆိုသည်။
''နိုင်ငံရေး အတွက် ရာထူး၊ လစာယူပြီး လုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံ့ အကျိုး၊ ပြည်သူလူထု အကျိုး အတွက် လိုအပ်တဲ့ ကိစ္စတွေကို သူတတ်နိုင်တဲ့ ဘက်က ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ပါတီ ထောင်ပြီး နိုင်ငံရေး လှုပ်ရှားမှု လုပ်ဆောင်ခြင်းမျိုး မရှိပါဘူး။ ရှေ့လျှောက် ပါတီ ထောင်မှာလည်း မဟုတ်ဘူး။ လူငယ် ပြုစု ပျိုးထောင်ရေး ဘက်ကို သွားနေတာ ဖြစ်တယ်'' ဟု စမ်းချောင်း ကိုကိုကြီး က ပြောဆိုသည်။
အနာဂတ် လူငယ်များ ကောင်းမှသာ တိုင်းပြည် ကောင်းမည် ဖြစ်ပြီး လက်ရှိ ပညာရေးက အစ အားလုံး ပြောင်းပြီး အောက်ခြေမှ စကာ ပြုပြင် ပြောင်းလဲရမည့် သဘော ဖြစ်နေကြောင်း ၄င်းက ထောက်ပြ ပြောဆိုခဲ့သည်။
''လက်ရှိ နိုင်ငံရေးအရ အနာဂတ် လူငယ်တွေ ကောင်းမှ တိုင်းပြည် ကောင်းတော့မှာ ဖြစ်တယ်။ ပညာရေးက အစ အားလုံး ပြောင်းပြီးတော့ အောက်ခြေက အစ လုပ်ဆောင် သွားရမယ့် သဘော ဖြစ်နေတယ်'' ဟု ၄င်းက ပြောဆိုသည်။
ဦးမင်းကိုနိုင် အနေဖြင့် နိုင်ငံအတွက် အကျိုးပြုမည့် လူငယ်များ၏ ဘဝကို ပြုစု ပျိုးထောင်ပေးခြင်း၊ အသိပညာ ဗဟုသုတရစေမည့် ဆောင်းပါးများ ရေးသားခြင်းများ ကိုသာ လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း ၄င်းက ဆက်လက် ပြောဆိုခဲ့သည်။
Photo - မောင်သိန်း (ဒဿနိက)
မြန်မာတိုင်း(မ်)

No comments:

Post a Comment