Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 23, 2017

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၂)လုံးပြိုကျ



ဟိုင်းကြီးကျွန်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ အုတ်တွင်းကျေးရွာအုပ်စု၊ ဘုန်းတော်ပြည့်ရွာဟောင်းတွင် ဇွန်လ (၂၃)ရက် နံနက်(၀၅း၀၀)နာရီက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၂)လုံး ပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။

ပြိုကျပျက်စီခဲ့သောနေအိမ်(၂)လုံးမှာသစ်တိုင်၊ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းအမျိုးအစားဖြစ်ပြီး ဘုန်းတော်ပြည့်ကျေးရွာနေ ရေလုပ်ငန်းလုပ်ကိုင်ကြသော ဦးစိုင်းမျိုးအောင်နှင့် ဦးရွှေလှတို့၏နေအိမ်များဖြစ်ကြောင်း ၄င်းဖြစ်စဉ်နှင့်ပတ်သက်၍လူနှင့်တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်း နှင့် လေဘေးသင့်အိမ်ထောင်စုများကိုနီးစပ်ရာနေအိမ်များသို့ပြင်ခရိုင်နယ်မြေရဲစခန်းမှတပ်ဖွဲဝင်များ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ တို့ကယာ ယီပြောင်းရွှေ့နေရာချပေးထားကြောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

No comments:

Post a Comment