Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 25, 2017

ဆပ်ပြာတုံး လက်ပစ်ဗုံးအတုနှင့် လေယာဉ်ပြန်ပေးဆွဲခဲ့သူ ကိုသန်းစိုး (ခ) ရဲရင့် အား မြန်မာပြည်ပြန်ပို့ရန် ကနေဒါအစိုးရမှ ဆုံးဖြတ်ချက်ချ


ကနေဒါအစိုးရထံခိုလှုံခွင့်လျှောက်ထားခဲ့သူ ကိုသန်းစိုး (ခ) ရဲရင့် အား ကနေဒါနိုင်ငံတွင်ဆက်လက် နေထိုင်ခွင့်မပြုဘဲ မြန်မာပြည်ပြန်ပို့ရန် ကနေဒါအစိုးရမှ ဆုံးဖြတ်ချက်ချပြီ။ ကနေဒါအစိုးရမှ ကိုသန်းစိုး အား မြန်မာပြည်သို့ ပြန်ပို့လျှင် ပြည်ထဲရေးလက်ထဲ မှာ
အဖမ်းခံရမယ့်အန္တရာယ်ရှိနေပါတယ်။

ကိုသန်းစိုး (ခ) ရဲရင့် ဘယ်သူလဲ
-----
၁၉၈၈ မျိုးဆက်ကျောင်းသားတဦး ဖြစ်ပြီး ၁၉၈၈ အရေးတော်ပုံကြီးအား စစ်အစိုးရမှ အကြမ်းဖက်သတ်ဖြတ်ခဲ့မှုကြီး နဲ့ ဗမာပြည်ဒီမိုကရေစီရရှိရေး ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး နိုင်ငံရေးအကျဉ်းသားများအားလုံးခြွင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရေးအတွက် ကမ္ဘာ့ပြည်သူများ သတိမူမိစေရန်ရည်ရွယ်ပြီး မြန်မာပြည် မြိတ်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်သို့ပျံသန်းမယ့် ခရီးသည်တင်လေပျံအား ဆပ်ပြာတုံးဖြင့်လုပ်ထားတဲ့ လက်ပစ်ဗုံးအတု နဲ့ ခရီးသည်များနဲ့ လေယာဉ်ဝန်ထာမ်းများအားလုံးအား အန္တရာယ်မပေးဘဲ ငြိမ်းချမ်းစွာ လေပျံပျံပေးဆွဲခဲ့သူ ဖြစ်ပါတယ်။ ဒီအမှုကြောင့် ထိုင်းအစိုးရက သူ့ကို ထောင်သွင်းအကျဉ်းချခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်ထောင်ကအလွတ်မှာ အမေရိကန်စကောလားရှစ်အစီအစဉ်နဲ့ ထိုင်းမှ အမေရိကားသို့ ရောက်ရှိခဲ့ပါတယ်။ ကျောင်းတက်အပြီး အမေရိကားမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားခဲ့ရာ အမေရိကန်အစိုးရမှ နိုင်ငံရေးခိုလှုံခွင့်မပေးဘဲ ပယ်ချခံခဲ့ရကာ ထောင်သွင်းအကျဉ်းချထားခဲ့ပြန်ပါတယ်။ (အမေရိကန်အစိုးရက ပညာသင်ခွင့်တော့ပြုတယ် နေထိုင်ခွင့်မပြုတဲ့အပြင် ထောင်ပါချပြန်တော့ သူ့ခဗျာ နိုင်ငံမဲ့ဖြစ်သွားခဲ့ရတယ် ခိုလှုံရာမဲ့ဖြစ်သွားခဲ့ရတယ်)
အမေရိကားအာဏာပိုင်များမှ အကျယ်ချုပ်ခြေချုပ်ဖြင့် ဆက်လက်ထိမ်းချုပ်ထားသည်ကို မခံနိုင်သည့်နောက်ဆုံး ၂၀၀၆ ခုနှစ်လောက်မှာ အမေရိကားမှတဆင့် ကနေဒါနိုင်ငံသို့ ဝင်ရောက်ခါ နိုင်ငံရေးခိုလှုံခွင့်တောင်းဆိုခဲ့ပြန်ပါတယ်။ ခိုလှုံခွင့်အဖြေမပေးဘဲ အလုပ်လုပ်ခွင့်သာပေးကာ အကျယ်ချုပ်ခံဝန်ဖြင့်သာ ကနေဒါနိုင်ငံမှာနေထိုင်ခဲ့ရပါတယ်။ ကိုသန်းစိုးဘဝဟာ အကျဉ်းအကျယ်ချုပ်များဖြင့်သာ ၁၉၈၉ မှ ယနေ့အထိ နေထိုင်နေရဆဲ နိုင်ငံမဲ့ ဒီမိုကရေစီ လူထုအရေးတော်ပုံတပ်သားတဦးဖြစ်ပါတယ်။
ကနေဒါအစိုးရမှ ၂၀၁၇ ဇွန်လ ၁၉ ရက်တွင် သူ၏ နိုင်ငံရေးခိုလှုံခွင့်လျှောက်လွှာကို လုံးဝလက်မခံဘဲ မြန်မာပြည်ပြန်ပို့ရန် ဆုံးဖြတ်လိုက်ပါပြီ။
ကိုသန်းစိုးကြုံရဖွယ်အန္တရာယ်-
-------------
မြန်မာအစိုးရရဲ့ ပြည်ထဲရေးဌာန ဟာ စစ်တပ်အောက်မှာပဲရှိနေတယ်။ လူထုအစိုးရဟာ ပြည်ထဲရေးကို မလွှမ်းမိုးနိုင်သေး။ ဆပ်ပြာတုံးလုပ်ဗုံးအတုနဲ့ အကြမ်းမဖက် ပြန်ပေးသမားလုပ်ခဲ့ဖူးသူဖြစ်ပေမယ့် အကြမ်းဖက်သမား မဟုတ်ပါ။ ယက္ခုအခါ စစ်အစိုးရအာဏာစက်ရှိနေဆဲမို့ သူ့အိမ်ပြန်ချိန် မကျရောက်သေးပါ။
ဒီမိုကရေစီ ကျောင်းသားများ မှ ဆပ်ပြာတုံး လက်ပစ်ဗုံးအတုနဲ့အကြမ်းမဖက်အနုနည်းနဲ့ လေယာဉ်ပျံ ပျံပေးဆွဲခဲ့ ပြီး ဒီမိုကရေစီတောင်းခဲ့တာ ၁၉၈၈ နောက်ပိုင်း ၂ ကြိမ်ရှိခဲ့တယ်။
၁၉၈၉ မြိတ် -ဘန်ကောက် (ကိုသန်းစိုး - ယ္ခု ကနေဒါမှာနေထိုင်လျှက်ရှိ)
၁၉၉၁ ဘန်ကောက် - ကလကတ္တား ( ကိုစိုးမြင့်- ယ္ခု မြန်မာပြည်ထဲမှာနေထိုင်လျှက်ရှိ)
ကိုသန်းစိုးပြန်ပေးဆွဲခဲ့တာ ဗမာလေပျံဖြစ်နေခဲ့ပြီး ကိုစိုးမြင့်ဆွဲခဲ့တာ ထိုင်းလေပျံဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာစစ်အုပ်စု အာဏာစက်ရှိနေဆဲအချိန် ဒီမိုကရေစီ မရသေးချိန် ကိုသန်းစိုးအား စစ်အုပ်စုမှ အညှိုးအတေးထားဖမ်းဆီးနှိပ်စက်မှုကို ခံရနိုင်ပါတယ်။ ကနေဒါအစိုးရမှ ကိုသန်းစိုးအား မြန်မာပြည် ပြန်ပို့ပါက စစ်အုပ်စုမှ အကြမ်းဖက် ဖမ်းဆီးခံရနိုင်ပါတယ်။
ကိုသန်းစိုး အား စစ်အုပ်စုမှ ဖမ်းဆီးမခံရရေး နဲ့ သူ့လုံခြုံရေးအား စိုးရိမ်မှုများအား မိတ်ဆွေသူငယ်ချင်း ဒီမိုကရေစီအင်အားစုများ ရဟန်းရှင်လူပြည်သူလူထုညီအကိုမောင်နှမများအား အသေးစိတ်ရှင်းလင်းတင်ပြပါလိမ့်မည်။ ကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

No comments:

Post a Comment