Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 5, 2017

မြိတ်အဝေးပြေးကားဝင်းတွင် လူတစ်ဦးသေနတ်မိုးပေါ်ထောင်ပစ်



မြိတ် ဇွန် ၅

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ ကလွင်နယ်မြေအဝေးပြေး ကားဝင်းအတွင်း၌ ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် လူတစ်ဦးက သေနတ်ငါးချက် မိုးပေါ်ပစ်ဖောက် မှုဖြစ်ခဲ့ကြောင်း ယင်းမြို့နယ် မြို့မ ရဲစခန်းမှ သိရသည်။ အဝေးပြေး ကားဝင်းထဲရှိ မင်းမျက်ဝန်းစား သောက်ဆိုင်ရှေ့တွင် အခင်းဖြစ် ပွားခဲ့ခြင်းဖြစ်သည်။
''မိုးပေါ်တစ်ချက်ထောင်ပစ်ပြီး ဆိုင်ထဲပြန်ဝင်သွားတယ်။ပြီးတော့ ပြန်ထွက်လာပြီး နောက်တစ်ချက် ထပ်ပစ်တယ်'' ဟု မျက်မြင်တွေ့ ရှိသူ အမျိုးသားတစ်ဦးက ပြော သည်။

သေနတ်ပစ်ဖောက်သူမှာ မွန် စကားသံဖြင့် စကားပြောဆိုခဲ့ပြီး အသက် ၃ဝ ကျော်ခန့် အမျိုးသား တစ်ဦးဖြစ်ကြောင်း မျက်မြင်များ က ပြောသည်။

ဆိုင်ရှေ့တွင် မိုးပေါ်နှစ်ချက် ထောင်ပစ်ပြီး ဆိုင်အနောက်ဘက် လမ်းသို့ ဆိုင်ကယ်ဖြင့်ပတ်မောင်း သွားကာ လမ်းထောင့်တွင် နောက် ထပ်သုံးချက်ပစ်သံကြားရကြောင်း ¤င်းကဆက်ပြောသည်။

သေနတ်ပစ်ဖောက်သူမှာ ဆိုင် ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွား ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတချို့ ထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဆိုင်ပိုင်ရှင်ကို စစ်ဆေးမေးမြန်း ဆဲဖြစ်ပြီး သေနတ်ပစ်ဖောက်ထွက် ပြေးသွားသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မြို့မရဲစခန်း မှသိရသည်။

Dawei Watch
The Union Daily
https://www.facebook.com/uniondaily.net

No comments:

Post a Comment