Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 7, 2017

ကြူကုတ်မြို့အနီး၌ လက်ပစ်ဗုံးနှင့် မိုင်းများသယ်ဆောင်လာသူအား ဖမ်းဆီးရမိ


ကြူကုတ်မြို့အနီး၌ လက်ပစ်ဗုံးနှင့် မိုင်းများသယ်ဆောင်လာသူအား ဖမ်းဆီးရမိ၊ ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းအားအကြမ်းဖက် သောင်းကျန်းသူများက အဝေးထိန်းစနစ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
နေပြည်တော် ၊ ဇွန် - ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကြူကုတ်မြို့အနီး တပ်မတော်သားများ၊ ပြည်သူ့စစ် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဇွန် ၆ ရက် ည ၁၀ နာရီခန့်တွင် ကြူကုတ်မြို့၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် နမ့်တောင်းဘက်မှ အမျိုးသား ၂ ဦး အရှိန်ပြင်းထန်စွာမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား စစ်ဆေးရန်ရပ်တန့်စေရာ ရပ်တန့်ခြင်းမရှိဘဲ စစ်ဆေးသည့် တပ်မတော်သားတစ်ဦးအားပွတ်တိုက်၍ မြို့အတွင်းသို့မောင်းနှင်ထွက်ပြေး သဖြင့် လက်နက်ငယ်ဖြင့် ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။


ဖြစ်စဉ်တွင် မော်တော်ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ကျန်အမျိုးသားတစ်ဦးမှာ မော်တော်ဆိုင်ကယ်အား နေရာတွင်ပင်ထားရှိကာ မြို့တွင်းသို့ထွက် ပြေးသွားခဲ့သည်။ အဆိုပါ သေဆုံးသူထံမှ ကင်တိုဓားရှည်တစ်ချောင်းကိုတွေ့ရှိရပြီး ဆိုင်ကယ်တူးဘောက် အတွင်းမှ လက်ပစ်ဗုံး ၃ လုံးနှင့် နင်းမိုင်းအသေး ၃ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကာ ထွက်ပြေးသွားသည့် အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇွန် ၆ ရက်ည ၁၂ နာရီ ၄၀ မိနစ်ခန့်က ကြူကုတ်မြို့၏အရှေ့ဘက် မီတာ ၂၃၀၀ ခန့်အကွာရှိ နမ့်ဟူးရွာအနီးတွင် ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်ယာဉ်တန်းအား အကြမ်းဖက် သောင်းကျန်းသူများက လမ်း၏ညာဘက် ပေ ၅၀ ခန့်အကွာမှ အဝေးထိန်းစနစ် မိုင်း ၂ လုံးဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။ ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အုပ်ချုပ်မှုယာဉ်တန်းမှ မော်တော်ယာဉ်တစ်စီး ရှေ့လေကာမှန်မိုင်းစထိမှန် ပျက်စီးခဲ့သည်။

အဆိုပါမိုင်းဖြစ်စဉ်ဖြစ်ပွားရာ နေရာတစ်ဝိုက်နှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းက နယ်မြေ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရု
https://www.facebook.com/Cincds/

No comments:

Post a Comment