Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 13, 2017

တိုက်ပေါ်က ခုန်ချသွားတဲ့စင်္ကာပူမှာ အိမ်အကူသွားလုပ်တဲ့ မိန်းကလေးရေးခဲ့တဲ့စာ





မနေ့က စင်ကာပူမှာ မြန်မာ အိမ်ဖော်မိန်းခလေး ၁၉ ထပ်တိုက်ပေါ်ကနေ ခုန်ချသေသွားတဲ့ ဗီဒီယို ဖိုင်ဟာ share သူတွေ များလွန်းလှပြီး

ဘာကြောင့်လဲ ဘာအတွက် အဲ့လို သေကြောင်းကြံသွားရလဲဆိုတာ လူတိုင်း သိချင်နေကြပါတယ်...

သတင်းအစအန အရ...

••• သေသွားသူလေးရဲ့ အမည်ဟာ ဇင်မာဦး လို့ သိရ...

••• ရခိုင်ပြည်နယ် မြောက်ဦးဘက်ကလာသူ

••• ဇင်မာဦးဆိုတာ မြန်မာအမည် စစ်စစ်ဆိုပေမယ့် ကလေးမလေးဟာ ချင်းအမျိုးသမီးလို့လည်း သိရတယ်...

••• ဒီနေရာမှာ Agent နဲ့ ပတ်စ်ပို့စ်ရုံးကြား တခုခုလွဲချော်နေသလားလို့...

••• ကလေးမလေး တိုက်ပေါ်က ခုန်ချ မသေခင်မှာ အရမ်းတွေ့ချင်တယ် ခေါ်ပေးပါလို့ ပြောတဲ့ အိမ်နီးချင်း အိမ်အကူ အင်ဒိုမလေး Facebook social Media မှာတင်ထားတဲ့ စာအုပ် နဲ့ စာအပိုင်းအစလေးတွေအရ...

ရသလောက်ကို အနီးစပ်ဆုံး ဘာသာပြန်ရရင်...

အင်ဒို အိမ်နီးချင် အိမ်ဖော်လေးသို့ ရေးထားတဲ့စာပါ...

•••••••••••••••••••••

အစ်မရေ...

ညီမနာမည် ဇင်မာဦးပါ...
ညီမလေးကို တခုထပ်ကူညီပါဦး...
ညီမလေး နောက်တော့ အစ်မနဲ့တွေ့ရင် ပြောပြပါမယ်

ညီမလေးရဲ့ မနက်စာက အများအားဖြင့် နံနက် ၉:၃၀ မှာ စားရပါတယ်...
တခါတရံမှာတော့ ၁၀ နာရီ၊ ၁၀ ခွဲ၊ ၉ နာရီ၊ ၈ ခွဲ၊ ၈ နာရီ နဲ့ ၁၁ နာရီခွဲမှ စားရတဲ့ နံနက်စာလည်း ရှိခဲ့ပါတယ်...

နေ့လည်စာချိန်တော့ နည်းနည်းကောင်းလာတယ်လို့ ပြောရမယ် အစ်မရယ်...

နေ့လည် ၂ ခွဲ၊ ၁ နာရီ၊ ၁ ခွဲ၊ ၂ ခွဲ၊ ၃ နာရီ၊ ၃ ခွဲ၊ ၄ နာရီ၊ ၄ ခွဲ၊ ၅ နာရီ၊ ၅ ခွဲ တွေမှာ စားရတတ်ပါတယ်...

တခါတရံတော့ နေ့လည်စာ မစားရဘူး အစ်မရယ်
ပေါင်မုန့် ၂ ချပ်နဲ့ ရေနဲ့ပဲ နေလည်စာ ပြီးရတယ်...

ညစာကိုတော့

အမြဲတမ်းလိုလို အစောဆုံး ၉ နာရီခွဲအချိန်လောက်မှ စားရတယ်
တခါတရံ ၉ နာရီ ၈ခွဲ၊ ၈ နာရီ၊ ၁၀ နာရီ၊ ၁၀ ခွဲ၊ ၁၁ နာရီ၊ ၁၁ ခွဲ လောက်မှ စားရတာတွေ ရှိတယ်...

ညီမလေးကို ကူညီပါ အစ်မရယ်...

ညီမရဲ့ အေးဂျင့် ဖုန်း ၉၅၀၅၁၁၄၉

••••••••••••••••••
စင်္ကာပူရွှေဂျာနယ်

အဖြစ်အပျက်အချို့ ဆက်ဖတ်ရန်

https://www.facebook.com/ShweJournal/posts/1397587513664553

No comments:

Post a Comment