Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 11, 2017

ဖိလစ်ပိုင်တပ်မတော် ၁၄-နာရီကြာအလူးအလဲတိုက်ခိုက်ခံရပြီး အမေရိကန်အထူးတပ်များ စစ်ကူဝင်ရောက်။


ဖိလစ်ပိုင်တပ်မတော် ၁၄-နာရီကြာအလူးအလဲတိုက်ခိုက်ခံရပြီး အမေရိကန်အထူးတပ်များ စစ်ကူဝင်ရောက်။ နည်းပညာပိုင်း ဆိုင်ရာအကူအညီပေး။ စစ်သွေးကြွတို့က အခိုင်အမာပြုပြင်ထားသော ဗလီများအား အသုံးချခြင်းနှင့် ဒါးစာခံအရပ်သားများ လူသားဒိုင်းသဖွယ် အသုံးချလျှက်ရှိ၍ မာရ၀ီမြို့လယ်ပိုင်းတွင် ဖိလစ်ပိုင်တပ်မတော် ခံစစ်သို့ပြောင်းလဲ။ ဖိလစ်ပိုင်စစ်တပ်ရှေ့မတိုးနိုင်စဉ် မောတီစစ်သွေးကြွတို့ အင်အားဖြည့်တင်းနေရာယူ။
*********************************
( ဇွန်-၁၁၊ ၂၀၁၇ ) အစ္စလာမ်မစ်စစ်သွေးကြွတို့လက်မှ မာရ၀ီမြို့ပြန်လည်ရရှိရေး စစ်ဆင်လျှက်ရှိသော ဖိလစ်ပိုင်တပ်မတော်အား စစ်သွေးကြွများက ၁၄-နာရီကြာခြုံခိုတိုက်ခိုက်ရာ အမေရိကန်အထူးတပ်များ စစ်ကူဝင်ရောက်လာခဲ့ကြောင်း ရုရှားတူဒေးသတင်းဌာနက ယနေ့ရေးသားလိုက်သည်။
လွန်ခဲ့သော သောကြာနေ့ မာရ၀ီတွင် မောတီစစ်သွေးကြွများအနီးကပ်ခြုံခိုတိုက်ခိုက်မှု့ကြောင့် ဖိလစ်ပိုင်တပ်မတော်တွင် ၁၃-ဦးကျဆုံးပြီး၊ တပ်ဖွဲ့ဝင်- ၄၀ ဒါဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။
အမေရိကန်အထူးတပ်များမှာ စစ်မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်တိုက်ခိုက်ခြင်းမဟုတ်ဘဲ နည်းပညာပိုင်း ဆိုင်ရာအကူအညီပေးခြင်းသာဖြစ်ကြောင်း ဖိလစ်ပိုင်တပ်မတော် မာရ၀ီဒေသ ပူးတွဲတပ်မှူး၏ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ ဒေသန္တရမီဒီယာများ သတင်းပေးပို့ရာတွင် အမေရိကန် ပီ-သရီး ကင်းထောက်လေယာဉ် များ မာရ၀ီကောင်းကင်ယံတွင် ပျံသန်းနေသည်ကိုတွေ့မြင်ရကြောင်းဖော်ပြကြသည်။
မင်ဒါနာအိုကျွန်းတွင် အစ္စလာမ်မစ်သောင်းကျန်း သူများဝင်ရောက်စီးနင်းခံရပြီးနောက် ယခုလအတွင်း ဖိလစ်ပိုင်နှင့် အမေရိကန်တပ်မတော်တို့ကြားဆက်ဆံမှု့ ရုတ်တရက်ပေါ်ပေါက်လာခြင်းပင်ဖြစ်သည်။
သောကြာနေ့ နံနက် ၀၃း၃၀ နာရီမှ ညနေ ၀၅း၀၀ နာရီထိ အိုင်အက်စ် ( ISIS/ISIL ) ပူးပေါင်းစစ်သွေးကြွများက လက်လုပ်ဗုံးများ၊ ဗုံးပစ်လောင်ချာများဖြင့် ဖိလစ်ပိုင်မရင်းတပ်ဖွဲ့ဝင်များအား အနီးကပ်ခြုံခိုတိုက်ခဲ့သည်ဆို၏။ အဆိုပါဖြစ်ရပ်မှာ လက်ရှိစစ်ဆင်ရေးရလာဒ်အပေါ် မည်သို့မျှအပြောင်းအလဲမဖြစ်စေနိုင်သော်လည်း အခိုင်အမာပြုပြင်ထားသော ဗလီများအားအသုံးချခြင်းနှင့် ဒါးစာခံအရပ်သားများ လူသားဒိုင်းသဖွယ်အသုံးချလျှက်ရှိသော မာရ၀ီမြို့လယ်ပိုင်းတွင် ဖိလစ်ပိုင်တပ်မတော်မှာ ခံစစ်အနေအားသို့ ပြောင်းလဲခဲ့ရကြောင်း၊ မြို့တွင်းမှ မောတီစစ်သွေးကြွအားလုံး အပြီးတိုင်ချေမှုန်းရာတွင် အခက်အခဲများရှိနေသေးကြောင်း ဖိလစ်ပိုင်စစ်ဖက်က ၀န်ခံပြောဆိုလိုက်သည်။
ထိုစဉ်အတောအတွင်း တိုက်ပွဲများဖြစ်ပွားစဉ် မောတီစစ်သွေးကြွအဖွဲ့အားတည်ထောင်သူ သေဆုံးကြောင်းသတင်းများထွက်ပေါ်လာခဲ့ရာ သတင်းရင်းမြစ်ခိုင်မာမှု့သော်လည်း ထပ်မံအတည်ပြုရန်လိုအပ်ကြောင်းဖိလစ်ပိုင်စစ်ဖက်ကပြောဆိုသည်။
ဇွန်-၁၂ ယမန်နေ့တွင် ကျရောက်သော ဖိလစ်ပိုင်လွတ်လပ်ရေးနေ့တွင် မာရ၀ီမြို့လွတ်မြောက်ပြီဟု ဖိလစ်ပိုင်အစိုးရကကြေငြာခဲ့သော်လည်း၊ ဖိလစ်ပိုင်တပ်မတော်က မာရ၀ီမြို့နေရာအားလုံး ထိန်းချုပ်နိုင်ခြင်းမရှိသေးသည့် ပြင် ရှေ့ဆက်မတိုးနိုင်ဘဲရှိနေစဉ် မောတီစစ်သွေးကြွတို့က ၄င်းတို့လက်လွတ်ခဲ့ရသောနေရာများသို့ စစ်ကူများထပ်မံအားဖြည့်လျှက်ရှိသည်ကို တွေ့မြင်နေရကြောင်း မာရ၀ီမြို့မှထွက်ပြေးလာရသူတစ်ဦးက ပြောဆိုသည်။
ယခင် ဇွန်-၁ ရက်နေ့ အချင်းချင်းမှားယွင်းပစ်ခတ်မှု့ကြောင့် တပ်ဖွဲ့ဝင် ၁၀-ဦးကျဆုံးရပြီးနောက် သောကြာနေ့ ဖြစ်ရပ်မှာ မာရ၀ီပြန်လည်ရရှိရေးစစ်ဆင်ရေးတွင် ဖိလစ်ပိုင်တပ်မတော်အတွက် ပမာဏအများဆုံး ထိခိုက် ပျက်စီးရမှု့ဖြစ်သည်။
ယခုထိသေဆုံးသူ စစ်သွေးကြွများဖက်မှ ၁၅၈-ဦးး၊ အရပ်သား ၂၁-ဦးနှင့် အစိုးရဖက်မှ ၅၈-ဦးသေဆုံးခဲ့ပြီး အရပ်သား ၁’၅၉၉-ဦးကို ဖိလစ်ပိုင်တပ်မတော်မှ ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ABS-CBN သတင်းဌာနက ရေးသားသည်။
ဂျီဟဒ်ဝါဒီများဖြစ်ကြသော မောတီစစ်သွေးကြွအဖွဲ့သည် အရှေ့တောင်အာရှ၏ အစ္စလာမ်မစ်နိုင်ငံတော်ထူထောင် သူ့ အစ္စနီလွန်ဟာပီလွန် ဦးဆောင်သော အဘူဆေယက် ဘာသာရေးအစွန်းရောက်အဖွဲ့နှင့် ပူးပေါင်းထားသည်။ ဟာပီလွန်မှာ မာရ၀ီမြို့တွင်းရှိနေဆဲဖြစ်သည်ဟု ဖိလစ်ပိုင်စစ်ဖက်က ယုံကြည်ထားသည်။
အမေရိကန်က ဟာပီလွန်အား ဆုငွေဒေါ်လာ ၅-သန်းထုတ်ပြန်ထားခဲ့သည်။
အဘူဆေယက်ချေမှုန်းရေးအတွက် မင်ဒါနာအိုတွင်ယခင် ၂၀၀၂-ခုနှစ်မှစတင်ကာ အမေရိကန်အထူးတပ်ဖွဲ့ဝင် ၁’၂၀၀ ချထားခဲ့ပြီး ၂၀၁၅-ခုနှစ်တွင် ရုတ်သိမ်းခဲ့သည်။

Htay Oung
https://www.rt.com/news/391792-us-special-forces-isis-marawi/
http://news.abs-cbn.com/news/06/10/17/13-govt-troops-killed-in-latest-marawi-offensive-afp









No comments:

Post a Comment