Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 6, 2017

တောအရက်သုံးပုလင်း နေအိမ်ထားရှိသော အမျိုးသမီးအား ဖမ်းဆီး



မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်၊ သင်းပေါင်းကျေးရွာတွင် ဇွန်(၅)ရက်က တောအရက်(၃)ပုလင်းလက်ဝယ်ထားရှိသော အမျိုးသမီးတစ်ဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ကဇွန်းမနယ်မြေရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ကဇွန်းမနယ်မြေရဲစခန်းမှ ဒုရဲအုပ် သန့်ဇင် နှင့်အဖွဲ့သည် ဇွန်(၅)ရက် မွန်းလွဲ(၃)နာရီအချိန်ကလိုင်စင်မဲ့တောချက်အရက်များရောင်းချနေကြောင်း သတင်းအရ ဆိပ်ဖြူမြို့နယ်၊သင်းပေါင်းကျေးရွာနေ မအေးမာဝင်း၊၃၇နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာတွင်နေအိမ်အပေါ်မှလိုင်စင်မဲ့တောချက်အရက်(၃)ပုလင်းတွေ့ရှိ သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

ယင်းသိမ်းဆည်းရမိခဲ့မှုနှင့် ပက်သက်၍ မအေးမာဝင်းအား အရေးယူပေးရန် ဒုရဲအုပ် သန့်ဇင် က တရားလိုပြုတိုင်ကြားခဲ့၍ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမနယ်မြေရဲစခန်းမှ အမှုဖွင့်ထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment