Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 8, 2017

Honorary Freedom of the City of London ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ



Honorary Freedom of the City of London ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံယူနေစဉ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို Honorary Freedom of the City of London ဆု ချီးမြှင့်ပွဲကို လန်ဒန်မြို့ Gildhall မှာ မေလ ၈ရက်နေ့ နေ့လည်က ကျင်းပခဲ့ပါတယ်။

ဒီဆုဟာ လန်ဒန်မြို့တော်က ပေးအပ်တဲ့ အဆင့်အမြင့်ဆုံးဆု ဖြစ်ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ စနစ် ဖြစ်ထွန်းရေးအတွက် အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့မှု၊ ကမ္ဘာ့နိုင်ငံရေး စင်မြင့်မှာ ထူးချွန်ပြောင်မြောက်တဲ့ ခေါင်းဆောင်မှုတို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဆု ပေးအပ်ချီးမြှင့်ခဲ့တာလို့ သိရပါတယ်။

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က တနှစ်တာကာလအတွင်း အခက်အခဲများစွာကြားက တိုင်းပြည် တိုးတက်မှု ရအောင် သူ့အစိုးရ ကြိုးပမ်းဆောင်ရွက်နေပုံကို သိရအောင် မြန်မာနိုင်ငံကို ကိုယ်တိုင် လာကြည့်ကြဖို့ နဲ့ ဒါမှ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး အင်မတန် လိုအပ်နေတယ် ဆိုတာကို သဘောပေါက်မှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

Honorary Freedom of the City of London ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံယူနေချိန်မှာ ဆုချီးမြှင့်ရာ Gildhall အဆောက်အအုံ အပြင်ဘက်မှာ ကချင်၊ ရိုဟင်ဂျာနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အပါအဝင် အဖွဲ့တချို့က ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ ဆောင်ရွက်နေပုံတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ မကျေနပ်မှုတွေကို ဆန္ဒ ထုတ်ဖော်ခဲ့ကြသလို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူတွေကလည်း တန်ပြန် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment