Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 14, 2017

မန်စီမြို့နယ် မံဝိန်းကြီးကျေးရွာအနီးတွင် မိုင်းနှစ်လုံးပေါက်ကွဲ၍ လူနှစ်ဦးဒဏ်ရာရရှိ

ဗန်းမော် မေ ၁၃

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မံဝိန်းကြီးကျေးရွာအနီးတွင် မိုင်းနှစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာ ရှိခဲ့ကြောင်း သိရသည်။

မေ ၁၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က မန်စီမြို့နယ် မံဝိန်းကြီးကျေး ရွာ နှစ်ခြင်းIDP Camp စခန်းတွင် နေထိုင်သော မခေါန်ဖန်(၂၇နှစ်)သည် ဟင်းသီး ဟင်းရွက်ခူးရန် နေအိမ်မှ ဘန်ဂေါ်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာရာမှ မံဝိန်းကြီးကျေးရွာ၏ အနောက်ဘက် ရှစ်မိုင်ခန့် အကွာနေရာအရောက် လမ်းဘေး၌ မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ မခေါန်ဖန်၏ ဝဲဘက်ပေါင်တွင် ဒဏ်ရာနှစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့သဖြင့် နယ်မြေခံတပ်မှ နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။


 အလားတူ မန်စီမြို့နယ် မံဝိန်းကြီးကျေးရွာနေ မောင်သန်းစိုး နိုင်(၂၅နှစ်)သည် အစ်ကိုဖြစ်သူ လှမျိုးအောင်နှင့်အတူ တောင်ယာလုပ်ကိုင်ရန် မံဝိန်းကြီး ရဲစခန်း၏အနောက်ဘက် ကိုးမိုင်ခန့်အကွာ လမ်းဘေးနေရာအရောက်တွင် မွန်းတည့် ၁၂ နာရီခန့်က မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ မောင်သန်းစိုးနိုင်၏ ယာဘက်နားထင်နှင့် ဝဲဘက်ပေါင်၊ ခြေသလုံးတို့တွင် ဒဏ်ရာသုံးချက်နှင့် ယာဘက် ခြေသလုံး မိုင်းစမှန်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့သဖြင့် နယ်မြေခံတပ်မှ ဗိုလ်ကြီးဝဏ္ဏဌေးက နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်း သိရ သည်။

(ခရိုင် ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/