Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 15, 2017

“အကယ်ဒမီ” ခရီးသည်တင်မှန်လုံယာဉ် တိမ်းမှောက် (၁၄)ဦးဒဏ်ရာရ


မိုးရွာသွန်းထားမှုကြောင့် လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်၍ (၁၄)ဦးဒဏ်ရာရ
နေပြည်တော်၊ မေ ၁၅

၂၀၁၇ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်(၂၀၁/၅-၆)ကြားတွင် “အကယ်ဒမီ” ခရီးသည်တင်မှန်လုံယာဉ်သည် မိုးရွာသွန်းထားမှုကြောင့် လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ ယာဉ်တိမ်းမှောက်၍ (၁၄)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မြောက်ပြင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်ဘက်မှ စစ်တွေမြို့ဘက်သို့ ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ သော်ဇင်လတ်(၂၈)နှစ်မောင်းနှင်လာသော 1F/×××× “အကယ်ဒမီ” ခရီးသည်တင်မှန်လုံယာဉ်သည် မိုးရွာသွန်းထားမှုကြောင့် လမ်းချော်ကာစလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 ယာဉ်ပေါ်တွင်လိုက်ပါလာသော ခရီးသည်များအနက် ရခိုင် ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ညောင်ချိုကျေးရွာနေ ဦးသန်းကျော်လှိုင်(၄၀)နှစ်ပါ (၁၄)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ယာဉ်မောင်း သော်ဇင်လတ် အား မင်းတုန်းမြို့မရဲစခန်း ယာဉ်(ပ) ၁၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ
သိရပါသည်။

သစ်ထူးလွင်

No comments:

Post a Comment