Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

ဆိုင်ကယ် လုယက်ယူဆောင်သွားသူအားဖမ်းဆီးရာ ဓားဖြင့် ပြန်လည်ခုခံသဖြင့် သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

ရန်ကုန် - မေ ၂ဝ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မေ ၁၉ ရက် ည ၁၁ နာရီခန့်တွင် ဒဂုံမြို့သစ်(အရှေ့)မြို့နယ် (၁၁၈)ရပ်ကွက် ဦးမြူလမ်းပေါ်ရှိ ရထားသံလမ်းအနီးတွင် ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ နေမျိုးထွန်း (၄ဝ)နှစ်မှာ လဲကျနေသည်ကိုတွေ့ရှိရပြီး မေးမြန်းရာ အမည်မသိ အမျိုးသား သုံးဦးမှ ဆိုင်ကယ်တားကာ ဓားဖြင့်ခုတ်ပြီးWave-110 ဆိုင်ကယ်အား မောင်းနှင်ထွက်ပြေးသွား ကြောင်းနှင့် ဒဏ်ရာရရှိသူ နေမျိုးထွန်းအား မြောက်ဥက္ကလာပ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေစဉ် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် သေဆုံးသွားသဖြင့် ဒဂုံမြို့သစ်(အရှေ့)မြို့မရဲစခန်းက အမှုဖွင့်ကာ စုံစမ်း ဆောင်ရွက်ခဲ့သည်။
အမှုမှ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ သန့်ဇင်ဦး (၃၄)နှစ်အား ယင်းနေ့ည ၁၁ နာရီ ၅ဝ မိနစ်တွင် ဒဂုံမြို့သစ်(အရှေ့)မြို့နယ် မင်းရဲ ကျော်စွာလမ်းနှင့် မောရဝတီလမ်းထောင့်၌ ဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့် ပြန်လည်ခုခံ ရန်ပြုသဖြင့် Pump Action ပြောင်းချောသေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးရမိခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသည့် ဟိန်းထက်ကို(ခ) ဟိန်းထက်ဇော် (၂၁)နှစ်အား မေ ၂ဝ ရက် နံနက် ၉ နာရီခွဲတွင် ၄င်းနေထိုင်ရာ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် (၆၉)ရပ်ကွက်နေအိမ်မှ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူ နှစ်ဦးအား စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြစ်မှုကျူးလွန်ပြီး လွတ်မြောက်နေသူ တစ်ဦးအား ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
Myanmaalinn

No comments:

Post a Comment