Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 1, 2017

လူငါးဆယ်ကျော်အား တရုတ်ပြည်သို့ တရားမဝင်ပို့ဆောင်သူ အမျိုးသားလေးဦးအား တိုင်ကြားအမှုဖွင့်

အောင်လံ မေ - ၁

မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်၊ကွင်းလှကျေးရွာနေ အမျိုးသားတစ်ဦးက ၎င်းအပါအဝင် လူငါးဆယ်ကျော်အား တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သော အောင်လံမြို့နယ်၊သစ်ခေါင်းတီးကျေးရွာနေ အမျိုးသားလေးဦးအား မေ(၁)ရက်တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း ရွှေပန်းတောနယ်မြေရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ အောင်လံမြို့နယ်၊ကွင်းလှကျေးရွာနေ မောင်ဌေးနိုင်လင်း၊၂၆နှစ် နှင့်တစ်ရွာတည်းနေ ဇော်ကြီး၊၃၀နှစ်၊မမာမာထွေး၊၃၈နှစ်၊ရဲကိုနိုင်၊၂၄နှစ်၊မပိုင်၊၁၉နှစ်၊ကိုဌေး၊၂၂နှစ်၊ သစ်ခေါင်းတီးကျေးရွာ၊အောင်လံမြို့နယ်နေသူ နှင့် မစစ်တို၊၂၂နှစ်၊ကျော်ထက်ကို၊၁၇နှစ်တို့ အပါအဝင် လူ(၅၆)ဦးခန့်အား သစ်ခေါင်းတီးကျေးရွာနေ ဦးတင်အုန်းကြီး၊ဒေါ်မယ်လှိုင်တို့၏ နေအိမ်၌ ၂၀၁၇ မတ်လ(၂၂)ရက်နေ့ ည(၈)နာရီ အချိန်ခန့်က သစ်ခေါင်းတီးကျေးရွာနေ ကျော်ကျော်၊၂၂နှစ်နှင့်ညီအစ်ကိုများဖြစ်ကြသော ကျော်ဌေး၊၂၇နှစ်၊ထွန်းထွန်းဝင်း၊ ၃၀နှစ်၊ သန်းဇော်(ခ)စိန်ထူး၊၂၅နှစ်ပါ(၄)ဦးတို့မှ လူတစ်ဦးလျှင် တစ်လကျပ်ခြောက်သိန်းရရှိမည်၊ အလုပ်ချိန် နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိလုပ်ရမည်၊ အစားအသောက်နှင့်ရေအသင့်အတင့်ကျွေးမည်ဟုပြောဆိုစည်းရုံးခဲ့၍ လိုက်ပါခဲ့ရာ ကျော်ကျော်ပါ(၄)ဦးတို့မှ ဆင်ပေါင်ဝဲမြို့နယ်၊ဆင်မတောင်ကျေးရွာနေ ဦးဇော်ဝမ်း၏ ခြောက်ဘီးကားဖြင့် မူဆယ်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ယင်းနောက် မူဆယ် မှ တစ်ဆင့် တရုတ်ပြည်သို့ဆက်လက်ပို့ဆောင်ရာ တရုတ်ပြည်အရောက် လူတစ်ဦးလျှင် ငွေ(၂၅၀၀၀၀)ကို စုဆောင်းပို့ဆောင်သူ ကျော်ကျော်ပါ(၄)ဦးအားပေးခဲ့ရကြောင်း၊ တရုတ်ပြည်၊ ရှန်တုန်တိုင်း၊ဝေးဟိုမြို့နယ်၊ကြန်ကြာချိုရွာ၊ယုံချိန်ဈေး၊ ဟိန်ရွန်ရွှေကုမ္ပဏီသို့ရောက်ရှိခဲ့ကာ အမှန်တကယ် အလုပ်လုပ်ရ သည့်အခါ မနက်(၅)နာရီမှ ည(၁၁)နာရီထိ မနားမနေလုပ်ရခြင်း၊ဆဲဆိုကြိမ်းမောင်းခြိမ်းခြောက်စေခိုင်းခံရခြင်း၊ စားစရာ နှင့် သောက်ရေလုံးဝမပေးဘဲ အခန်းတွင်းသော့ခတ်ထားခံရခြင်း၊အတင်းအဓမ္မစေခိုင်းခံရခြင်း
များတွေ့ကြုံရကာ နေ့စဉ် သာမန်လိုမျိုးမဟုတ်တော့သောကြောင့် မောင်ဌေးနိုင်လင်းမှာ ကျန်းမာရေးဆိုးဝါးလာပြီး ဒဏ်မခံနိုင်တော့သဖြင့် ထွက်ပြေးလာခဲ့ရာ ၂၀၁၇ ဧပြီ(၂၉)ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ စည်းရုံးစုဆောင်းပို့ဆောင်သူများမှာ ပြောဆိုသည့်ကတိအတိုင်းမဟုတ်တော့ဘဲ အဓမ္မစေခိုင်းမှုများ နှင့် ဆဲဆိုကြိမ်းမောင်းခြိမ်းခြောက်ရိုက်နှက်ခြင်း၊ အစာရေစာပြတ်လပ်အောင်ထားခြင်းများကြောင့် ပို့ဆောင်ခံရသူများ အတိဒုက္ခရောက်လျှက်ရှိပါကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။ ဖြစ်စဉ်နှင့်ပက်သက်၍ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်မရှိဘဲ အခကြေးငွေရယူ၍ ပြည်ပသို့ ပို့ဆောင်သူ ကျော်ကျော်ပါ(၄)ဦးအား အရေးယူပေးရန် မေ(၁)ရက်နေ့တွင် မောင်ဌေးနိုင်လင်းမှ တရားလိုပြု တိုင်ကြားခဲ့၍ အောင်လံမြို့နယ်၊ရွှေပန်းတောနယ်မြေရဲစခန်းကအမှုဖွင့် စစ်ဆေးလျှက်ရှိသည်။

by - Kyaw Zayya
Myanmaalinn

No comments:

Post a Comment