Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 17, 2017

မန္တလေးတိုင်းမှာ လေးလအတွင်း သက်ငယ်မုဒိမ်းမှု ၂၉ မှု ဖြစ်ပွားခဲ့


မန္တလေးတိုင်းမှာ ၂၀၁၇ ဧပြီအထိ လေးလအတွင်း သက်ငယ်မုဒိမ်းမှု ၂၉ မှုအထိ ဖြစ်ပွားခဲ့တယ်လို့သိရပြီး သက်ငယ်မုဒိမ်းဖြစ်ပွားမှုက အသက် (၆)နှစ်ကနေ (၁၀) နှစ်အထိ သုံးမှု၊ (၁၁)နှစ်ကနေ (၁၃) နှစ်အထိ ခြောက်မှု၊ (၁၄)နှစ်ကနေ (၁၆)နှစ်အထိ ၂၀ မှုရှိခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး အောင်စိုးဝင်းက ပြောပါတယ်။
‘‘ဖြစ်ပွားမှုကတော့ တက်လာတယ်လို့ပဲပြောရမှာပေါ့။ ၂၀၁၆ ကစပြီး ၂၀ ရာခိုင်နှုန်း တက်လာတယ်။ ဥပဒေကလည်း အရင်က အသက် (၁၄)နှစ်အထိ ကနေ အခု (၁၆)နှစ်အထိဆိုပြီး ပြင်လိုက်တယ်။ အသက်အရွယ်ကြီးပိုင်းတွေက တကယ်ပြုကျင့် တာလည်းရှိသလို ခိုးရာလိုက်ပြေးပြီးမှ တိုင်တန်းတာမျိုးလည်း ရှိတယ်။ ကြိုတင်ကာကွယ်မှုအနေနဲ့တော့ ရပ်ကွက်အလိုက် မှုခင်းပညာပေးပွဲတွေမှာ မုဒိမ်းမှုနဲ့သက်ဆိုင်တဲ့ အချက်တွေကို အဓိက ထားပြောတာတွေရှိတယ်’’လို့ ရဲမှူးကြီးအောင်စိုးဝင်းက ပြောပါတယ်။
သက်ငယ်မုဒိမ်းမှုဖြစ်ပွားစေတဲ့ အကြောင်းရင်းက နေအိမ်ပတ်ဝန်းကျင် မလုံခြုံခြင်း၊ မိဘအုပ်ထိန်းသူရဲ့ ကြည့်ရှုစောင့်လျှောက်မှု ကင်းကွာခြင်း၊ နေအိမ်၊ လမ်းခရီး၊ ကျောင်းအသွားအပြန်၊ တောထဲမှာ တစ်ဦးတည်းရှိနေခြင်း၊ ကလေးက ရင်းနှီးသူတွေအပေါ် ယုံကြည်မှုလွန်ကဲခြင်း၊ အရက်၊ စိတ်ကြွဆေး၊ ညစ်ညမ်းပုံ၊ ညစ်ညမ်းအခွေ၊ စာအုပ်ဇာတ်လမ်းတွေနဲ့  ပတ်ဝန်းကျင်ရဲ့ အကျင့်စရိုက်တွေ စတဲ့အချက်တွေကြောင့် အများဆုံးဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ မလျော်မကန်ပြုလုပ်ရင် ထောင်ဒဏ်နှစ် ၂၀ အထိ ကျခံရမှာဖြစ်ပြီး မန္တလေးတိုင်းမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုက ၂၀၁၅ က ၃၈ မှု၊ ၂၀၁၆ က ၇၅ မှု အထိရှိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။
Source : 7DayDaily

No comments:

Post a Comment