Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 28, 2017

ဟင်္သာတမြို့၊ ဒူးယားကျေးရွာရှိ အမှိုက်များစွန့်ပစ်သော ကျဉ်းဟောင်းအတွင်းမှ သေနတ်ကျည်(၈)တောင့် တွေ့ရှိ




ဟင်္သာတမြို့၊ ဒူးယားကျေးရွာရှိ အမှိုက်များစွန့်ပစ်သော ကျဉ်းဟောင်းအတွင်းမှ သေနတ်ကျည်(၈)တောင့် တွေ့ရှိ

၂၈ မေလ ၂၀၁၇ ရက်နေ့

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတမြို့ ဒူးယားကျေးရွာ အမှတ်-၁ရပ်ကွက်၊ဗိုလ်မြတ်ထွန်းလမ်းနှင့် ဒူးယားဘောလုံးကွင်းကြားရှိ အမှိုက်များစွန့်ပစ်သော ကျဉ်းဟောင်းအတွင်းမှ အနီရောင်ကော်ဗူးခွံထဲတွင် တည့်ထားသော ကျည်(၈)တောင့်အား ဒေါ်ကြည်ကြည်မြင့် ဆိုသူမှတွေ့ရှိခဲ့ပါသည်။
၂၈ မေလ ၂၀၁၇ ရက်နေ့မွန်းလွဲ ၁၂နာရီခန့်အချိန် ဒေသခံ ကျပန်းလုပ်ကိုင်သူ ဒေါ်ကြည်ကြည်မြင့်သည် ရေသန့်ဗူးများ၊ကော်ဗူးများလိုက်ကောက်စဉ် စတင်တွေ့ရှိခဲ့သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်း ထံ သွားရောက်အကြောင်းကြားခဲ့ပါသည်။ ကျေးရွာအုပ်ချုပ်ရေးမှူး၏ အကြောင်းကြားချက်ဖြင့် နယ်မြေခံရဲစခန်း၊ ဟင်္သာတမြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ သွားရောက်စစ်ဆေးသိမ်းဆည်းခဲ့ပြီး ခလရ(၁၈) ခြေလျင်တပ်ရင်းသို့ဆက်လက်အကြောင်းကြားခဲ့ပါသည်။
ခလရ(၁၈)မှ တပ်ထောက်ဗိုလ်ကြီး ထက်အာကာကျော် နှင့်အဖွဲ့သည် နယ်မြေစစ်ခန်းသို့ ရောက်ရှိလာပြီး တွေ့ရှိသောကျည်များအားစစ်ဆေးရာ အသုံးမပြုရသေးသော RACER တံဆိပ်ပါ ပြည်ပနိုင်ငံလုပ်(၉-မမ) ကျည်ဟောင်း များဖြစ်ကြောင်းသိရပါသည်။ နေ့လည်၂နာရီခန့်တွင် ဒူးယားနယ်မြေစခန်းမှူးမှ တပ်ထောက်ဗိုလ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
ဓါတ်ပုံ - ဒူးယားရဲတပ်ဖွဲ့
Ko Yan Naing(Hinthada)

Ayeyarwaddy Times
https://www.facebook.com/ayetimes/posts/800139083477428

No comments:

Post a Comment