CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 2, 2017
တောင်ကိုရီးယားက အမေရိကန် ဒုံးခွင်းဒုံးစနစ် အသက်ဝင်ပြီ
တောင်ကိုရီးယားမှာ တပ်ဆင်နေတဲ့ အငြင်းပွားဖွယ်ရာ ဒုံးကျည်ကာကွယ်ရေးစနစ်ဟာ
အလုပ်တာဝန်တွေကို စတင်ထမ်းဆောင်နိုင်ပြီ ဖြစ်ကြောင်း အမေရိကန် တပ်မတော်က သတင်းထုတ်ပြန်လိုက်ပါတယ်။
အခုဆိုရင် မြောက်ကိုရီးယားရဲ့ ဒုံးကျည်တွေကို ကြားဖြတ် ဖျက်ဆီး နိုင်စွမ်းပြီး တောင်ကိုရီးယားကို ကာကွယ်နိုင်ပြီလို့ အမေရိကန် စစ်ဖက် ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒါပေမယ့် စွမ်းရည်ပြည့် အလုပ် လုပ်နိုင်ဖို့ အတွက်တော့ လအတော်ကြာဦးမယ်လို့ တာဝန်ရှိသူ အရာရှိတွေက သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ရဲ့ အဲဒီ အမြင့်ပျံလေကြောင်းရန် ကာကွယ်ရေးစနစ် Terminal High Altitude Area Defense (Thaad) ဟာ တောင်ကိုရီးယား အလယ်ပိုင်း ဆီယွန်ဂျူး ခရိုင်က ဂေါက်ကွင်းဟောင်းတခုမှာ ဒေသခံတွေ ကန့်ကွက်တဲ့ ကြားက အရင်အပတ်တုန်းက တပ်ဆင်ခဲ့တာပါ။
ဒီ ဒုံးခွင်းဒုံးစခန်းကြောင့် သူတို့ ဒေသဟာ မြောက်ကိုရီးယားရဲ့ ပစ်မှတ်ထားခံရကာ စစ်တလင်း ဖြစ်လာနိုင်တယ်ဆိုပြီး အဲဒီဒေသကလူတွေက စိုးရိမ်နေကြပါတယ်။
အမေရိကန် ဒုံးကျည်ကာကွယ်ရေး စနစ် တောင်ကိုရီးယားမှာ စတင် အသက်ဝင်လာခြင်းဟာ တင်းမာနေပြီး ဖြစ်တဲ့ ကိုရီးယားကျွန်းဆွယ် အခြေအနေကို စိုးရိမ်မှုတွေ ပိုတိုးလာစေပါတယ်။
လက်ရှိမှာ မြောက်ကိုရီးယားဘက်က ဒုံးကျည်စမ်းသပ်မှုတွေ အဆက်မပြတ် ပြုလုပ်နေသလို အမေရိကန်ရဲ့ စစ်ရေယာဉ်တွေနဲ့ ရေငုပ်သင်္ဘော တစင်းဟာလည်း ဒေသတွင်းမှာ ရောက်ရှိနေပါတယ်။
တနင်္လာနေ့တုန်းကလည်း အမေရိကန် ဗုံးကြဲလေယာဉ်နှစ်စင်းဟာ တောင်ကိုရီးယား လေတပ်နဲ့ အတူ ပူးတွဲ စစ်ရေးလေ့ကျင့်ခန်း တခု ပြုလုပ်ခဲ့ပါသေးတယ်။ ဒါဟာ ပုံမှန် လေ့ကျင့်မှု သက်သက်ပါပဲလို့ အမေရိကန်ဘက်က ဆိုပေမယ့် စစ်ရေးအရ စိုးရိမ်နေရတဲ့ အနေအထားမှာ နှစ်ဘက် စစ်ပြင်ဆင်မှုတွေ အထိ ဖြစ်လာမလား စောင့်ကြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။
ဘီဘီစီမြန်မာပိုင်း
BBC Burmese
https://www.facebook.com/bbcburmese
တောင်ကိုရီးယားက အမေရိကန် ဒုံးခွင်းဒုံးစနစ် အသက်ဝင်ပြီ
Reviewed by MP4 YoU
on
May 02, 2017
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment