Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 7, 2017

စာနယ္ဇင္းမ်ားကို ႏွိပ္ကြပ္ရာတြင္ ကာတြန္းဆရာမ်ားသည္ ပထမဆံုး ပစ္မွတ္မ်ားျဖစ္ေၾကာင္း အစီရင္ခံစာတစ္ေစာင္၌ ေဖာ္ျပ


႐ုရွား၊ တူရကီႏွင့္ အိႏိၵယႏိုင္ငံတုိ႔ အပါအ၀င္ ႏိုင္ငံေပါင္း ၁၀ ႏိုင္ငံကို ကာတြန္းဆရာမ်ားအား ဆင္ဆာျဖတ္ျခင္း၊ ေထာင္ခ်ျခင္းႏွင့္ ၿခိမ္းေျခာက္ျခင္းတို႔အတြက္ ေမ ၅ ရက္တြင္ ျဖန္႔ခ်ိခဲ့သည့္ အစီရင္ခံစာတစ္ေစာင္၌ ျပစ္တင္ေ၀ဖန္ထားေၾကာင္း သိရသည္။
“ၿငိမ္းခ်မ္းေရးအတြက္ ကာတြန္းေရးဆဲြျခင္း” အဖြဲ႕က လြတ္လပ္စြာ ေျပာဆုိခြင့္ႏွင့္ ပတ္သက္၍ ဖိႏွိပ္သည့္ ႏွိမ္နင္းမႈမ်ားအား ကာတြန္းဆရာမ်ား အေနျဖင့္ တိုး၍တိုး၍ ခံလာေနရေၾကာင္း ေျပာၾကားခဲ့သည္။
အဆိုပါ ေစာင့္ၾကည့္ေရးအဖြဲ႕၏ ပထမဆံုး ကမၻာ့ႏွစ္ပတ္လည္ အစီရင္ခံစာတြင္ ကင္ညာ၊ ဗင္နီဇြဲလား၊ အီဂ်စ္၊ မေလးရွား၊ ေဂ်ာ္ဒန္၊ အီေကြေဒါႏွင့္ ဘာကီနာဖာဆိုႏိုင္ငံမ်ား၌ လြတ္လပ္စြာ ေဖာ္ထုတ္ျပသခြင့္အေပၚ တိုက္ခိုက္မႈမ်ားအားလည္း မွတ္တမ္းတင္ထားသည္။
ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ေဟာင္း ကိုဖီအာနန္ႏွင့္အတူ လြန္ခဲ့သည့္ ၁၀ ႏွစ္က အဆုိပါအဖြဲ႕ကို ထူေထာင္ခဲ့သည့္ ျပင္သစ္ကာတြန္းဆရာ ပလန္တူးက သူႏွင့္ဘ၀တူ ကာတြန္းဆရာမ်ားသည္ ကမၻာတစ္လႊား၌ အႏၲရာယ္မ်ားႏွင့္ ရင္ဆုိင္ေနရေၾကာင္း ေျပာၾကားခဲ့သည္။

“ကာတြန္းဆရာေတြဟာ ေျမတြင္းထဲက စာ၀ါငွက္ကေလးေတြပါပဲ။ အာဏာရွင္အစိုးရအဖြဲ႕ေတြရဲ႕ ပထမဆံုး ၿခိမ္းေျခာက္မႈ ခံရသူေတြ ျဖစ္ေနတတ္တယ္” ဟု ပလန္တူးက ေျပာၾကားခဲ့သည္။
“လြန္ခဲ့တဲ့ ရက္အနည္းငယ္တုန္းက ဥေရာပမွာရွိေနတဲ့ ကြၽန္ေတာ္တုိ႔ဟာ ဗင္နီဇြဲလားမွာ ျဖစ္ပ်က္ခဲ့တာေတြနဲ႔ ပတ္သက္ၿပီး စိုးရိမ္ေနရပါတယ္” ဟုလည္း ျပင္သစ္ႏိုင္ငံ၏ ေန႔စဥ္သတင္းစာျဖစ္ေသာ Le Monde တြင္ ကာတြန္းေရးဆြဲသည့္ ပလန္တူးက ေျပာၾကားခဲ့သည္။
“ဟူဂိုခ်ားဗက္က ပထမဆံုး ပစ္မွတ္ထားခဲ့တဲ့ ကာတြန္းဆရာ ေရမာကို ကာကြယ္ေပးဖုိ႔ ကြၽန္ေတာ္တို႔ ေျခာက္ႏွစ္ၾကာ ႀကိဳးပမ္းခဲ့ပါတယ္။ ခ်ားဗက္ကို ဆက္ခံတဲ့ သမၼတ နီကိုလက္မာဒူ႐ိုက ၿခိမ္းေျခာက္ခဲ့ၿပီးတဲ့ေနာက္ သူဟာ ဖေလာ္ရီဒါကို ထြက္ေျပးလာရပါတယ္” ဟု ပလန္တူးက ေျပာၾကားခဲ့သည္။
ယခုအစီရင္ခံစာတြင္ အၾကမ္းဖက္ အဖြဲ႕အစည္း တစ္ခုႏွင့္ ပူးေပါင္းၾကံစည္သည္ဟူေသာ စြပ္စြဲခ်က္ျဖင့္ ေအာက္တိုဘာလကတည္းက လစ္ဘရယ္က်ေသာ ေန႔စဥ္သတင္းစာျဖစ္သည့္ Cumhuriyet မွ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္အတူ ေထာင္ခ်ခံထားရသည့္ တူရကီကာတြန္းဆရာ မူဆာကက္၏ အေၾကာင္းကိုလည္း အထူးျပဳ ေဖာ္ျပထားသည္။

Credit To : Eleven Media Group


ရုရှား၊ တူရကီနှင့် အိန္ဒိယနိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံကို ကာတွန်းဆရာများအား ဆင်ဆာဖြတ်ခြင်း၊ ထောင်ချခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့အတွက် မေ ၅ ရက်တွင် ဖြန့်ချိခဲ့သည့် အစီရင်ခံစာတစ်စောင်၌ ပြစ်တင်ဝေဖန်ထားကြောင်း သိရသည်။

“ငြိမ်းချမ်းရေးအတွက် ကာတွန်းရေးဆွဲခြင်း” အဖွဲ့က လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ပတ်သက်၍ ဖိနှိပ်သည့် နှိမ်နင်းမှုများအား ကာတွန်းဆရာများ အနေဖြင့် တိုး၍တိုး၍ ခံလာနေရကြောင်း ပြောကြားခဲ့သည်။

အဆိုပါ စောင့်ကြည့်ရေးအဖွဲ့၏ ပထမဆုံး ကမ္ဘာ့နှစ်ပတ်လည် အစီရင်ခံစာတွင် ကင်ညာ၊ ဗင်နီဇွဲလား၊ အီဂျစ်၊ မလေးရှား၊ ဂျော်ဒန်၊ အီကွေဒေါနှင့် ဘာကီနာဖာဆိုနိုင်ငံများ၌ လွတ်လပ်စွာ ဖော်ထုတ်ပြသခွင့်အပေါ် တိုက်ခိုက်မှုများအားလည်း မှတ်တမ်းတင်ထားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်နှင့်အတူ လွန်ခဲ့သည့် ၁၀ နှစ်က အဆိုပါအဖွဲ့ကို ထူထောင်ခဲ့သည့် ပြင်သစ်ကာတွန်းဆရာ ပလန်တူးက သူနှင့်ဘဝတူ ကာတွန်းဆရာများသည် ကမ္ဘာတစ်လွှား၌ အန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။

“ကာတွန်းဆရာတွေဟာ မြေတွင်းထဲက စာဝါငှက်ကလေးတွေပါပဲ။ အာဏာရှင်အစိုးရအဖွဲ့တွေရဲ့ ပထမဆုံး ခြိမ်းခြောက်မှု ခံရသူတွေ ဖြစ်နေတတ်တယ်” ဟု ပလန်တူးက ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ဥရောပမှာရှိနေတဲ့ ကျွန်တော်တို့ဟာ ဗင်နီဇွဲလားမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေရပါတယ်” ဟုလည်း ပြင်သစ်နိုင်ငံ၏ နေ့စဉ်သတင်းစာဖြစ်သော Le Monde တွင် ကာတွန်းရေးဆွဲသည့် ပလန်တူးက ပြောကြားခဲ့သည်။

“ဟူဂိုချားဗက်က ပထမဆုံး ပစ်မှတ်ထားခဲ့တဲ့ ကာတွန်းဆရာ ရေမာကို ကာကွယ်ပေးဖို့ ကျွန်တော်တို့ ခြောက်နှစ်ကြာ ကြိုးပမ်းခဲ့ပါတယ်။ ချားဗက်ကို ဆက်ခံတဲ့ သမ္မတ နီကိုလက်မာဒူရိုက ခြိမ်းခြောက်ခဲ့ပြီးတဲ့နောက် သူဟာ ဖလော်ရီဒါကို ထွက်ပြေးလာရပါတယ်” ဟု ပလန်တူးက ပြောကြားခဲ့သည်။

ယခုအစီရင်ခံစာတွင် အကြမ်းဖက် အဖွဲ့အစည်း တစ်ခုနှင့် ပူးပေါင်းကြံစည်သည်ဟူသော စွပ်စွဲချက်ဖြင့် အောက်တိုဘာလကတည်းက လစ်ဘရယ်ကျသော နေ့စဉ်သတင်းစာဖြစ်သည့် Cumhuriyet မှ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ထောင်ချခံထားရသည့် တူရကီကာတွန်းဆရာ မူဆာကက်၏ အကြောင်းကိုလည်း အထူးပြု ဖော်ပြထားသည်။

Credit To : Eleven Media Group

No comments:

Post a Comment