Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 2, 2017

တောင်ငူမှာ ဓားထောက်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်



ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ ဓားနဲ့ထောက်ပြီး ဆိုင်ကယ် လုယက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အခုလ (၁) ရက်ညပိုင်းက တောင်ငူမြို့(၁)ရက်ကွက်မှာ မောင်နှမနှစ်ယောက်စီးနင်းလာတဲ့ ဆိုင်ကယ်ကို လူနှစ်ဦးကတားပြီး ဓားထောက်ခြိမ်းခြောက်ကာ လမ်းကြားထဲကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။


 ရုန်းကန်ထွက်ပြေးခဲ့ တာကြောင့်အစ်မဖြစ်သူကလွတ်မြောက်သွားပေမယ့် မောင်ဖြစ်သူ ကိုတော့ လုယက်သူတွေကဓားနဲ့ထိုးပြီး ဆိုင်ကယ်နဲ့ဖုန်းကို ယူသွားခဲ့တာဖြစ်ပါတယ်။ ဓားထိုးခံရတဲ့အမျိုးသားသေဆုံးသွားပြီး ကျူးလွန်သူတွေက ထွက်ပြေးတိမ်းရှောင်နေတာကြောင့် အမှတ်(၂)နယ်မြေရဲစခန်းကဖမ်းဆီးနိုင်ရေးဆောင်ရွက်နေပါတယ်။

သတင်းထောက် - ကျော်သူဝင်း (တောင်ငူ) (5 Plus News)
5 Plus News
https://www.facebook.com/5plusnews

No comments:

Post a Comment