CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 22, 2017
မုံရွာမြို့ တွင် လူသတ်မှု ဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ကွေ့ကြီးရပ်ကွက် အရက်ဆိုင် တစ်ဆိုင်တွင် မေလ ၂၂ ရက်နေ့ နေ့ လည် ၁၂ နာရီခွဲခန့် က တစ်ရပ်ကွက်ထဲ အတူနေထိုင်သူ မောင်ချို နှင့် ဌေးလှိုင်ဆိုသူုတို့ အရက်အတူသောက်ရင်း စကားများရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရပါသည်။
အဆိုပါ အရက်ဆိုင်တွင် မောင်ချို မှ သောက်လက်စ အရက်ပုလင်းအား ရိုက်ခွဲ၍ ပုလင်းကွဲဖြင့် လည်ပင်းအား ထိုးသွင်းရာမှ ဌေးလှိုင် (၄၆)နှစ် သည် အခင်းဖြစ်ပွားရာကနေ ဆေးရုံသို့ပို့ဆောင်ရာ လမ်းခုလပ်တွင် သေဆုံးသွားကြောင်း သိရသည်။
ရဲတပ်ဖွဲ့မှ ထွက်ပြေး တိမ်းရှောင်သွားသူ မောင်ချိုအား ဖမ်းဆီးရမိရေးအတွက် မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော် အနီးကပ်ကြီးကြပ်၍ စခန်းမှူး ဒုရဲမှူး ကျင်စိန် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဖြိုးမင်းထိုက်တို့ အဖွဲ့သည် တရားခံ ထွက်ပြေးတိမ်းရှောင်နိုင်သည့် ၄င်း၏ ဇာတိ ယင်းမာပင်းမြို့နယ်ညောင်ကုန်းကျေးရွာအုပ်စု ချင်းပုန်းကျေးရွာသို့ ထပ်ကြပ်မကွာ လိုက်လံ စုံစမ်းရာမှ
တရားခံ မောင်ချို (၄၇)နှစ် အား ၄င်းရွာ၌ပင် အခင်းဖြစ်ပြီး ၃ နာရီ အကြာတွင် ဖမ်းစီးရမိကြောင်း သိရပါသည်။
သတင်း - ဓါတ်ပုံ ။ မောင်လေး ငယ်ငယ်
https://www.facebook.com/mgmglay.ngenge
မုံရွာမြို့ တွင် လူသတ်မှု ဖြစ်ပွား
Reviewed by MP4 YoU
on
May 22, 2017
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment