Monday, May 22, 2017
မအူပင်အကျဉ်းထောင်တွင် အကျဉ်းသားတစ်ဦး စအိုအတွင်းမှ စိတ်ကြွဆေးပြားများ တွေ့ ရှိ သိမ်းဆည်းရမိ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ အမှတ်(၃) ရပ်ကွက်၊ ကမ်းနားလမ်းရှိ မအူပင်အကျဉ်းထောင်တွင် မေလ ၂၁ ရက်နေ့ မနက် ၁၁ နာရီ ခွဲ ခန့် က အကျဉ်းထောင်တာဝန်ရှိသူများက အကျဉ်းသားများအား စစ်ဆေးရာမှာ ထောင်ဒဏ်(၁၃)နှစ်(၃)လ ကျခံလျက်ရှိသော အကျဉ်းသားထောင်ဝင်အမှတ် အစ/၁၄/၁၂၁၅၈/က သူရလွင်(ခ)သန်းတိုးအောင်၊ (၂၂)နှစ်၊ အမှတ်(၂၂)ရပ်ကွက်၊ လှိုင်သာယာမြို့နယ် နေသူ၏ စအိုအတွင်းမှ အနီရောင်နှာရူဗူး အတွင်း ထည့်ထားသော WYစာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၃) ပြားအား စစ်ဆေးတွေ့ရှိကြောင်း သိရပါသည်။
အဆိုပါ အကျဉ်းသားအား မအူပင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါး တားဆီးရေးရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက် စစ်ဆေးရာ နှာရှုဗူးအနီရောင်(၁)ဗူး၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၂)ပြား၊ အလေးချိန်(၁.၀၈)ဂရမ်၊ တန်ဖိုး (၆၀၀၀၀ိ/-)၊ WY စာတမ်းပါ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁)ပြား၊ အလေးချိန်(၀.၀၉)ဂရမ်၊ တန်ဖိုး(၅၀၀၀ိ/-)တို့အားတွေ့ရှိ သိမ်းဆည်းမိခဲ့သည်။
မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ အကျဉ်းသား သူရလွင် (ခ) သန်းတိုးအောင်အား မအူပင်မြို့မရဲစခန်း မယ(ပ) ၄/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၆(ဂ) ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
မအူပင်အကျဉ်းထောင်တွင် အကျဉ်းသားတစ်ဦး စအိုအတွင်းမှ စိတ်ကြွဆေးပြားများ တွေ့ ရှိ သိမ်းဆည်းရမိ
Reviewed by MP4 YoU
on
May 22, 2017
Rating: 5

Subscribe to:
Post Comments (Atom)