Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 3, 2017

ဆိုလာပြားအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား



မေ ၃၊ ၂၀၁၇

စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မင်းဘာကြီးလမ်းမပေါ်ရှိ ဒေါ် နူလီမာဟာ၏ နေအိမ်၌ မေလ ၃ ရက်၊ ယနေ့ ည ၉ နာရီ ၁၀ မိနစ် အချိန်တွင် ဆိုလာပြားအပူလွန်ကဲရာမှ မီးလောင်မှူဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


မီးလောင်သည့်နေရာသို့ ပြည်နယ်မီးသတ် တပ်ဖွဲ့မှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၀ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် လူသေဆုံး ထိခိုက်ဒဏ်ရာရမှု တစ်စုံတစ်ရာ မရှိကြောင်းနှင့် လူနေအိမ် အကြီး ၁ လုံးနှင့် အသေး ၁ လုံး (ဆုံးရှုံးမှုခန့်မှန်းတန်ဖိုးစိစစ်ဆဲ) မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။


မီးလောင်မှုအား အသေးစိတ်စစ်ဆေးပြီး ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

( နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/

No comments:

Post a Comment