Reuters သတင်းဌာနက တရုတ်နိုင်ငံအနေနဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းဖို့ အလားအလာများနေကြောင်း သတင်းရေးသားထား

Reuters သတင်းဌာနက တရုတ်နိုင်ငံအနေနဲ့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းဖို့ အလားအလာများနေကြောင်း သူတို့ မေးမြန်းခဲ့တဲ့ သတင်းအရင်းအမြစ်များအရ သိရကြောင်း သတင်းရေးသားထားပါတယ်
အပြီးသတ်ဖျက်သိမ်းမဲ့အဓိက အကြောင်းရင်းများထဲ့က တခုကတော့ မူလက လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကြီးမားတဲ့ ယူနန်ပြည်နယ်စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်စွမ်းအင်က ပိုလျံတဲ့ အဆင့်ရောက်သွားပြီဖြစ်လို့ ဈေးကွက်မရှိတော့တဲ့ အချက်ဖြစ်ပါတယ်တဲ့
မြန်မာပြည်သူတွေ မကြည်ဖြူတဲ့ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းခြင်းဖြင့် မျက်နှာကောင်းရနိုင်သလို အပေးအယူအဖြစ် သူတို့ ပိုမိုစိတ်ဝင်စားတဲ့ ကျောက်ဖြူ နဲ့ One Belt One Road စီမံကိန်းတွေအတွက် အခွင့်အရေးတွေ တောင်းလာနိုင်တယ်လို့လဲ မှန်းပါတယ်တဲ့
ဒီသတင်းမှန်ခဲ့ရင်တော့ မြန်မာပြည်သူတွေ ဝမ်းမြောက်ကြမှာ ဖြစ်ပါတယ်။
မြစ်ဆုံ စီမံကိန်း အပြီးသတ်ဖျက်သိမ်းဖို့ တကယ်ဆုံးဖြတ်တော့မယ်ဆိုရင် ဒေသံပြည်သူတွေအနေနဲ့ ကြိုတင်စဉ်းစားပြင်ဆင်ထားစရာတွေ များစွာရှိပါမယ်
# အဓမ္မ ရွေ့ပြောင်းခံထားရတဲ့ ရပ်ရွာ နှင်ပြည်သူ့ များ ၏ လူသိက္ခာနဲ့ ဘဝလုံခြုံမှုအတွက် ပြည်သူပါဝင်စီမံသော မြေပိုင်ဆိုင်မှုနှင့် ပြန်လည်အခြေချထူထောင်ရေးများ ပြင်ဆင်ထားဖို့ လိုပါမယ်
- ခြိမ်းခြောက်ခံနေရပြီဖြစ်တဲ့ မေခမလိခမြစ်ဝှမ်း ရေဝေရေလဲဒေသများ ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် ပြည်သူပါဝင်တဲ့ မူဝါဒ လုပ်ငန်းစဉ်များ ပြင်ဆင်ထားဖို့ လိုမယ်ထင်ပါတယ်
# အကူးအပြောင်းစပ်ကြားကာလမှာ ခေါင်းစဉ်မျိုးစုံတပ်ပြီး လက်ဝါးကြီးအုပ်သိမ်းပိုက်မှုများ ဥပမာ ဖွံဖြိုးရေးခေါင်းစဉ်နဲ့ စီးပွားရေးလုပ်ငန်းတွေ အပြိုင်အဆိုင်ဝင်လာတာ ၊ သဘာပတ်ဝန်းကျင်ထိမ်းသိမ်းရေးခေါင်းစဉ်နဲ့ ဒေသတွင်း မြေယာ နဲ့ သစ်တောသယံဇာတအရင်းအမြစ်များမှ ဒေသခံများကို ဖယ်ရှားခိုင်းတာ စတဲ့ အစီအစဉ်တွေ အတွက် ဒေသခံများကို အကာအကွယ်ပေးမဲ့ မူဝါဒများ ခိုင်ခိုင်မာမာရှိအောင် ပြင်ဆင်ထားဖို့ လိုမယ် မြင်ပါတယ်
# တိုင်းရင်းသားများအတွက် သဘာဝအမွေအနှစ် နဲ့ သမိုင်းဝင်ဖြစ်တဲ့ မြစ်ဆုံဒေသ စောင့်ရှောက်ထိန်းသိမ်းမှုလုပ်ငန်းစဉ်များမှာ ဒေသခံအခွင့်အရေးများ မဆုံးရှုံးစေရေး အာမခံနိုင်မယ့် မူဝါဒ လုပ်ထုံးလုပ်နည်းများ ဖော်ဆောင်ကျင့်သုံးနိုင်ဖို့ လိုမယ် မြင်ပါတယ်
# မြစ်ဆုံအတွက် အလျှော်အစားအရ အသစ်ခွင့်ပြုမည့်လုပ်ငန်းများနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု တာဝန်ယူ တာဝန်ခံမှု အားကောင်းဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်
----------------------------------------------------------------
ဒီသတင်းအမှန်ဖြစ်ပြီး အမြန်လည်း ပြီးဆုံးပါစေ။
မိခင်ဧရာဝတီအတွက် အားတက်မိပါတယ်။

မောင်ထွန်းလွင်(မိုးလေ၀သ)

China may scrap divisive dam in Myanmar to advance other interests: sources

http://www.reuters.com/article/us-china-silkroad-myanmar-dam-idUSKBN1771VI
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)