Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 22, 2017

EXPRESSကား(၂)စီး တိုက်မိရာက တပ်ကြပ်ကြီးတစ်ဦး သေဆုံး


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄၃ အနီးမှာ ဧပြီလ ၂၂ ရက်နေ့  ဒီကနေ့ မနက် (၁)နာရီခွဲအချိန်က ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာမန္တလေးဘက်မှ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ပြည့်ဖြိုးအောင် EXPRESSကားက ဒို့ညီနောင် EXPRESSကားနောက်ပိုင်းကို ၀င်တိုက်မိခဲ့တာဖြစ်ပါတယ်။


 အဲဒီလိုတိုက်မိခဲ့တာကြောင့် ဒို့ညီနောင်ကားပေါ်မှာလိုက်ပါလာသူ(၄၅)ဦးအနက် တပ်ကြပ်ကြီးတစ်ဦးသေဆုံးသွားခဲ့ပြီး အမျိုးသား(၄)ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့အပြင် ပြည့်ဖြိုးအောင်ကားပေါ်မှာ လိုက်ပါလာသူဦးရေ(၆၀)အနက် (၂၁)ဦးဒဏ်ရာရရှိခဲ့တာကြောင့် ညောင်ကုန်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့သိရပါတယ်။


 ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည့်ဖြိုးအောင် EXPRESSယာဉ်မောင်းကို ပေပင်လေးအမြန်လမ်းမကြီးရဲစခန်းက အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်းထောက်-ဖြိုးကိုလင်း(ညောင်ဝိုင်း)(5Plus News)
https://www.facebook.com/5plusnews

No comments:

Post a Comment