ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ဆိုင်ကလုန်းမုန်တိုင်း "မာရသာ" အဖြစ်သို့ ရောက်ရှိ

 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် ဆိုင်ကလုန်းမုန်တိုင်း "မာရသာ" အဖြစ်သို့ ရောက်ရှိ

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင်တွင် ဖြစ်ပေါ်နေသော အားကောင်းသည့် မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း "မာရသာ" (Maarutha) အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆိုင်ကလုန်းမုန်တိုင်း "မာရသာ" သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်မြောက်ဘက် (၁၄၅)မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် (၁၉၅)ခန့်၊ သံတွဲမြို့၏ အနောက်တောင်ဘက် မိုင်(၂၃၀) ခန့်နှင့် ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် (၂၄၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ခန့်မှန်းချက်အရ သိရသည်။

Eleven Media Group
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)