Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 20, 2017

တကၠသိုလ္၀င္တန္း ေျဖဆိုထားသည့္ ေက်ာင္းသူ တစ္ဦး ေက်ာက္ေတာ္ျမိဳ႕နယ္တြင္ ၾကိဳးဆြဲခ်ေသဆံုး

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ကန္ေစာက္ေက်းရြာတြင္ ဧျပီလ ၁၉ ရက္ေန ့ယေန႔ ေန႔လယ္ပုိင္းက အသက္ ၁၆ ႏွစ္အရြယ္ တကၠသိုလ္ ၀င္တန္း စာေမးပြဲ ေျဖဆိုထားသည့္ မိန္းကေလးငယ္တစ္ဦး ႀကိဳးဆြဲခ် ေသဆံုးသြားေၾကာင္း သတင္း ရရွိသည္။

ေသဆံုးသြားသည့္အမ်ဳိးသမီးငယ္မွာ ကန္ေစာက္ေက်းရြာေန ဦး လွထြန္းသာႏွင့္ ေဒၚမေအးခင္တုိ႔၏ သမီး မေအးေအးေအာင္ (၁၆ ႏွစ္)ျဖစ္သည္ဟု အေပါက္ဝရဲစခန္းမွဴး ရဲအုပ္ေဌးေဇာ္က နိရဥၥရာသုိ႔ အတည္ျပဳ ေျပာၾကားသည္။

"အဲဒီေကာင္မေလးဟာ ညတို႔၊ ေန႔ခင္းတို႔မွာ သူငယ္ခ်င္းေတြနဲ႔သြားၿပီး ထမင္းခ်က္စားတယ္၊ ညအခ်ိန္မေတာ္မွ အိမ္ကိုေရာက္ေတာ့ သူ႔အေမက နည္းနည္းဆူတယ္တဲ့။ နင္ အပ်ဳိမေလး တစ္ေယာက္မဟုတ္ဘူး။ ဒီေလာက္ေတာင္မွ သြားရလားဆုိၿပီး ဆူတယ္၊ အေမတစ္ေယာက္အေနနဲ႔ ေျပာဆုိဆံုးမတာကို သူက စိတ္ဆုိးၿပီးေတာ့ ဒီကေန႔ မနက္ ထမင္းစားၿပီးကတည္းကေန အိမ္ေပၚက မဆင္းဘူးတဲ့။ သူငယ္ခ်င္းေတြက လာေခၚေတာ့ သူ႔အစ္မက အိမ္အေပၚကို တက္ၾကည့္ေတာ့ အိမ္ေနာက္ေဖးအခန္းမွာ ဆားဗစ္ဝုိင္ယာႀကိဳးနဲ႔ ႀကိဳးဆြဲခ်ၿပီးေသေနတာေတြ႕တာပဲလို႔ေျပာပါတယ္"ဟု အေပါက္ဝရဲစခန္းမွဴး ရဲအုပ္ေဌးေဇာ္က နိရဥၥရာသုိ႔ေျပာသည္။

ေသဆံုးသြားသည့္အမ်ဳိးသမီးငယ္မွာ ကန္ေစာက္အထက္တန္းေက်ာင္းတြင္ တကၠသုိလ္ဝင္တန္း ေျဖဆုိထားသူတစ္ဦးျဖစ္ၿပီး သူ႔အေလာင္းအား လက္ရွိတြင္ အေပါက္ဝ တုိက္နယ္ေဆးရုံ၌ ထိန္းသိမ္းထားသည္ဟု သိရသည္။

ယခုျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အေပါက္ဝရဲစခန္းတြင္ ေသမႈေသခင္းအမွတ္ ၃/၂ဝ၁၇ ျဖင့္ အမႈဖြင့္ထားသည္ဟုလည္း စခန္းမွဴးက ေျပာသည္။

Credit:မာန္ယုေက်ာ္ (ေရႊဝေျမ)
Narinjara
https://www.facebook.com/Narinjara

#Unicode Version

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာတွင် ဧပြီလ ၁၉ ရက်နေ့ယနေ့ နေ့လယ်ပိုင်းက အသက် ၁၆ နှစ်အရွယ် တက္ကသိုလ် ဝင်တန်း စာမေးပွဲ ဖြေဆိုထားသည့် မိန်းကလေးငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသည့်အမျိုးသမီးငယ်မှာ ကန်စောက်ကျေးရွာနေ ဦး လှထွန်းသာနှင့် ဒေါ်မအေးခင်တို့၏ သမီး မအေးအေးအောင် (၁၆ နှစ်)ဖြစ်သည်ဟု အပေါက်ဝရဲစခန်းမှူး ရဲအုပ်ဌေးဇော်က နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

"အဲဒီကောင်မလေးဟာ ညတို့၊ နေ့ခင်းတို့မှာ သူငယ်ချင်းတွေနဲ့သွားပြီး ထမင်းချက်စားတယ်၊ ညအချိန်မတော်မှ အိမ်ကိုရောက်တော့ သူ့အမေက နည်းနည်းဆူတယ်တဲ့။ နင် အပျိုမလေး တစ်ယောက်မဟုတ်ဘူး။ ဒီလောက်တောင်မှ သွားရလားဆိုပြီး ဆူတယ်၊ အမေတစ်ယောက်အနေနဲ့ ပြောဆိုဆုံးမတာကို သူက စိတ်ဆိုးပြီးတော့ ဒီကနေ့ မနက် ထမင်းစားပြီးကတည်းကနေ အိမ်ပေါ်က မဆင်းဘူးတဲ့။ သူငယ်ချင်းတွေက လာခေါ်တော့ သူ့အစ်မက အိမ်အပေါ်ကို တက်ကြည့်တော့ အိမ်နောက်ဖေးအခန်းမှာ ဆားဗစ်ဝိုင်ယာကြိုးနဲ့ ကြိုးဆွဲချပြီးသေနေတာတွေ့တာပဲလို့ပြောပါတယ်"ဟု အပေါက်ဝရဲစခန်းမှူး ရဲအုပ်ဌေးဇော်က နိရဉ္စရာသို့ပြောသည်။

သေဆုံးသွားသည့်အမျိုးသမီးငယ်မှာ ကန်စောက်အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူတစ်ဦးဖြစ်ပြီး သူ့အလောင်းအား လက်ရှိတွင် အပေါက်ဝ တိုက်နယ်ဆေးရုံ၌ ထိန်းသိမ်းထားသည်ဟု သိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး အပေါက်ဝရဲစခန်းတွင် သေမှုသေခင်းအမှတ် ၃/၂ဝ၁၇ ဖြင့် အမှုဖွင့်ထားသည်ဟုလည်း စခန်းမှူးက ပြောသည်။

Credit:မာန်ယုကျော် (ရွှေဝမြေ)
Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment