Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 28, 2017

ငွေကျပ်၁.၇ ဘီလီယံကို လာမယ့် အင်္ဂါနေ့ မှာပြည်ခိုင်ဖြိုး ပြန်လည်ပေးအပ်မည်


အရင်အစိုးရလက်ထက်က မကွေးရေနံလက်ယက်တွင်းတွေကရရှိတဲ့ ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေကျပ် သန်း ၇၀၀၀ ကျော်ထဲက ပြည်ခိုင်ဖြိုးပါတီကို လှူခဲ့တဲ့ ငွေကျပ်၁.၇ ဘီလီယံကို လာမယ့် အပတ်အင်္ဂါနေ့ မှာ ပြန်လည်ပေးအပ်မယ်လို့  အကြောင်းကြားလာတယ်လို့  မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဒေါက် တာအောင်မိုးညိုက ပြောပါတယ်။
ရေနံလက်ယက်တွင်းတွေကရရှိတဲ့ ဒေသဖွံ့ ဖြိုးရေးရန်ပုံငွေ ကျပ် သန်း ၇၀၀၀ ကျော် (၇ဒသမ၄၅၉ ဘီလီယံကျော်) ကို လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အစိုးရအဖွဲ့ ထံပြန်လည်ပေးအပ်ဖို့  ပြည်ထောင်စုအစိုးရအဖွဲ့ က ညွှန်ကြားထားတာကြောင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ က အခုလ ၂၅ရက်နေ့ မှာ သတင်းစာရှင်း လင်းပွဲပြုလုပ်ခဲ့ပါတယ်။
အဲသည်လိုရှင်းလင်းပြောဆိုပြီးနောက် ညနေပိုင်းမှာ အရင် အစိုးရလက်ထက် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့  အတွင်းရေးမှူးဖြစ်သလို တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းဆီကို ဆက်သွယ်အကြောင်းကြားလာတာဖြစ်တယ်လို့  သိရပါတယ်။

”နောက်တစ်ပတ် အင်္ဂါနေ့ မှာ ပေးမယ်လို့  အကြောင်းကြားလာပါတယ်။ကျွန်တော်ဆီကို ရောက်လာတာ ကတော့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရဲ့ အတွင်းရေးမှူး၊ တိုင်းအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းကို အကြောင်းကြားလာတာပါ။ မနက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ညနေမှာ အကြောင်းကြားတာဆိုတော့ နှုတ်နဲ့ အကြောင်းကြားတာဖြစ်မှာပါ။ ” လို့  ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
ဒေါက်တာအောင်မိုးညိုကဆက်ပြီး-”ကျန်နေတဲ့ သန်းလေးထောင်ကတော့ အစိုးရအဖွဲ့ အစည်းအဝေးထိုင်ပြီးမှ လုပ်ရမှာပါ။ သူတို့ ဘယ်လို သုံးခဲ့တာလဲဆိုတာတွေကိုလည်း ပြန်လည်စီစစ်ရမှာပါ။ဒါပေမယ့် အဲဒီငွေနဲ့ ပတ်သတ်ပြီးတော့ သူတို့ ဘက်ကတော့ ဒီသန်းလေးထောင်နဲ့ ပတ်သတ်ပြီး ဘာမှ မပြောသေးပါဘူး။” လို့  ဆိုပါတယ်။
အရင်တိုင်းဒေသကြီးအစိုးရလက်ထက်က ပြည်ခိုင်ဖြိုးပါတီကို လှူဒါန်းခဲ့တဲ့ ငွေကျပ် ၁ ဒသမ ၇ ဘီလီယံ၊ မော်တော်ယာဉ် လေးစီး၊ ဘက်ဟိုးတစ်စီး၊ ပဲ့ထောင်ရေယာဉ်နှစ်စီး တို့ ကိုလည်း လက်ရှိအစိုးအဖွဲ့ ဆီကို ပြန်လည်လွှဲအပ်ဖို့  ပြည်ထောင်စုအစိုးရအဖွဲ့ က ညွှန်ကြားထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်အထိတော့ ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက ငွေကျပ် ၁ဒဿမ ၇ ဘီလီယံကို ပြန်လည်လွှဲအပ်မယ်လို့ သာ နှုတ်ဖြင့်အကြောင်းကြား လာတာဖြစ်ပြီး ကျန်ရှိနေတဲ့ ငွေကြေးပမာဏတွေနဲ့ ပတ်သတ်လို့  အကြောင်းကြားတာမရှိသေးဘူး။

Kumudra Journal (Myanmar)

No comments:

Post a Comment