Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 27, 2017

မကွေးတိုင်းအစိုးရအဖွဲ့ ရန်ပုံငွေ သန်းတထောင့် ၇ ရာကျော် ပြန်ရတော့မည်

မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေလက်ထက်က ရေနံလက်ယက်တွင်း တူးဖော်သူတွေ ဆီကနေ ကောက်ခံထားတဲ့ တိုင်းအစိုးရအဖွဲ့ ရန်ပုံငွေထဲက တစိတ်တပိုင်းကို ပြန်ပေးတော့မယ်လို့ သိရပါတယ်။

အရင်တိုင်းအစိုးရလက်ထက်က လွှဲပြောင်းမပေးခဲ့တဲ့ ကျပ်ငွေသန်းပေါင်း ၇ ထောင်ကျော်ထဲက သန်းတထောင့် ၇ ရာကျော်ကို ပြန်ပေးမယ်ဆိုပြီး ကတိရရှိထားပြီလို့ လက်ရှိမကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက RFA ကို ပြောပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ တက်လာတဲ့ မကွေးတိုင်း အစိုးရအဖွဲ့သစ်ကို အရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တိုင်းအစိုးရ ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေက တာဝန်နဲ့ဘဏ္ဍငွေ လွှဲပြောင်းပေးအပ်ချိန်မှာ သဘာဝဘေးအန္တရာယ် ရန်ပုံငွေနဲ့ ပတ်သက်လို့ စာရင်းထဲမှာသာ တွေ့ရပြီး လက်တွေ့မှာ ငွေတွေပျောက်ဆုံးနေတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရကို တင်ပြရာမှာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့- စသုံးလုံး အပါအဝင် ပြည်ထဲရေးဌာနက စုံစမ်းစစ်ဆေးပြီး အတည်ပြုခဲ့ပါတယ်။ အခုလို ကျပ်ငွေသန်း ၁၇ဝဝ ပြန်ပေးမယ်လို့ ကတိစကားရရှိပြီး၊ ရန်ပုံငွေတွေကို ခွဲယူထားတဲ့ သက်ဆိုင်ရာဌာန အသီးသီးကလည်း ငွေတွေ ပြန်ပေးမယ် ဆိုပေမယ့် ဘယ်အချိန်မှာ အပြီးပြန်ပေးမယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကြေေပြောပါတယ်။RFA

No comments:

Post a Comment