ကိုယ်ပိုင်ကားလေးနဲ့ ကရင်ပြည် သွားလည်ပါ . . .


အခုတလော ရန်ကုန်မှာ ကားလေးတွေက တတ်နိင်သူမိသားစုများက များများဝယ်လာတော့ ကားတွေက ပေါလာတယ်ဒီတော့ အားလပ်ရပ်လေးမှာ မိသားစု အပန်းဖြေခရီးထွက်ချင်ကြတယ် ဘယ်သွားရမယ်လဲ မသိဘူး ရန်ကုန်က လူတွေ တော်တော်များများက တော့ ချောင်းသာ တို့ ဘာတို့ သွားကြတာများမှာပေါ့နော် အခုတခေါက်ကတော့ ကရင်ပြည်နယ် ဘာအံကနေ မော်လမြိုင် ဘက်က ပတ်ပြန်နိင်အောင် လမ်းညွန်ပရစေ အဲဒီခရီးက Good တယ် တော်တော်များများလဲ သွားကြတယ် အခုတော်တော်သွားကြတာ မရောက်ဘူးရင်တောင် ခေတ်မမှီတော့ဘူးရယ်
ဒီခရီးလေးက ရန်ကုန် Tour တွေ တော်တော်များများသွားကြပါတယ် ကျုံထော် ရေတံ ခွန် ခရီးပေါ့ဗျာ တယောက် ၃၅၀၀၀ လောက်ပဲ ရှိတယ် ဈေးလဲ သက်သာချင် အချိန်လဲ သိပ်မပေးချင် ရောက်လဲ ရောက်ဖူးချင်ရင်တော့ Tour နဲ့သွားပါ ကျုံထော်လို့ facebook က Search မှာ နိပ်လိုက်ရင် Tour တွေ အစီစဉ်များစွာနဲ့ ကျလာပါလိမ့်မယ် တိုးကတော့ဗျာ ကောင်းပါတယ် ဝုန်းဒိုင်းသွားရတာဆိုတော့ နှမ့်ပေမယ့် မစုံနိင်ဘူးလေ အခုတင်ပြပေးမှာက
မိသားစုလိုက်ကိုယ်ပိုင်ကားလေးနဲ့ ခရီးထွက်လို့ရအောင်ပါ စပြီဗျာ သိသင့်တာလေးချိန်နိင်အောင်ကိုယ်တွေ သွာဖူးလို့ အဆင်ပြေအောင်လမ်းညွန်ပေးချင် တာပါ ရန်ကုန်ကနဆို အချိန်ကိုမနက် ပိုင်း ၆ နာရီလောက်မှ ထွက်နေပူလဲ ဘာဖြစ်လဲ အဲ ကွန်းရှိတာပဲဗျာ ပထမဆုံး ရန်ကုန် မြို့ထဲက ဆိုရင် အမြန်လမ်းကနေသွားပါ ၃၉ မိုင်ဟ၂ ဖာလုံ ၁နာရီလောက်မောင်းရင် ဘုရားကြီးလမ်းခွဲ ရောက်ပါပြီ ပဲခူးဘက်ကလာရင် ရပေမယ့် ကားရူပ်တယ် ဒါကြောင့် အမြန်လမ်းကလာခိုင်းတာပါ အေးဆေးမောင်းရတယ် အာရုံမနောက်ဖူးပေါ့လေ ( သတိမြို့ဝင်ကြေးမရှိဘူးနော် လမ်းကြေးပဲ ရှိမယ် )
အမြန်လမ်းကနေ ဘုရားကြီးလမ်းခွဲပြီးရင် ဘာအံ လမ်းအတို်င်းသာမောင်းလာပါ နားရမယ့်နေရာက စိမ်းလဲ့တင်ပါ အဲမှာမနားချင်ရင် သထုံ ရောက်ရင်တထောက်နားပါ ဒီလိုနဲ့ ၃နာရီသာသာ
ဆိုဆို ဘာအံရောက်ပါတယ် လမ်းက အလွန် အင်မတန်ကောင်းပါတယ် ကီလို ၆၀ လောက်ပဲမောင်းပေါ့ ဘေးကင်းပါတယ် မိုင်အသေးစိတ်သိချင်ရင်တော့ မိမိ ဖုန်းမှာ Google map.ကိုဖွင့်လိုက်ဗျာ အဲတာအဆင်ပြေတယ်
ကျနော်တို့လဲ ဒီလိုပဲမောင်းရင်း ဖုန်း GPS ဖွင့် Google.map နဲ့ လစ်တာပါ လမ်းတွေ ဆီဆိုင်တွေ ဟိုတယ်တွေ အကုန်သိရလို့လေ ကိုက ကားမောင်းရင်း အာရုံများရင် ဘေးက အဖော်ကို ဖွင့်ထားခိုင်းပါလမ်းအခြေနေ သိရတာပေါ့ ဒီလိုနဲ့ မြိုင်ကလေးအဝင်နားမှာ ကျောက်တုံးတောင်တတောင်ရှိပါတယ် ခပ်ဝေးဝေး ကတည်းကမြင်ရတယ် ဘုရင့်ညီဂူ့ပါ အဲမှာခဏနားပေါ့ ရေပူစမ်း နဲ့ ထုံးကျောက်ဂူရှိတယ် အဲဒီထုံးဂူကတော့ မရောက်သေးရင် ရောက်အောင်သွားပါ အပေါ်တော့နည်းနည်းတက်ရတယ် ဂူကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ် ပြင်ဦးလွင်ပိတ်ချင်းမြောင်လိုမျိုးပဲမို့ ရောက်စေချင်တာပါ
လည်ပြီးရင် အေးဆေး သံလွင်တံတားနားမရောက်ခင် ၂ နေရာရှိပါတယ် ကော့ကွန်းဂူ နဲ့ ရသေ့ပျံ ဂူ သူလဲ ထုံးကျောက်ဂူတွေပါပဲလေ့လာနိင်ရင်ကောင်းပါတယ် ကျောက်ခေတ်က အထောက်ထားတွေ ဘာတွေရှိတယ်ပြောတယ် နိင်ငံခြားသားတွေ စိတ်ဝင်စားတာပေါ့ သံလွင်တံတားမဖြတ်ခင် လည်ရတာပေါ့ မြေပုံလေးကိုတချက်ရိုးလိုက်လေ အဲကိုတန်းမသွားချင်ရင် ဟိုတယ်ကို အရင်ဝင်ပေါ့ ပီးမှပြန်လာလဲနီးတယ်
ဟိုတယ်ဘာကောင်းလဲ မေးရင် ဘာအံမှာတော့ Hpan an thiri hotel တော်တော်ကောင်းတယ် ဈေးသက်သာတယ် တရက် ၄ သောင်း ဆိုတာက ကျောက်တောင်ကြီးအောက်မှာဗျာ ရေကူးကန်နဲ့ ဘာနဲ့ပေါ့ Gem ခန်းမှာ မာဆက်တောင်လုပ်လို့ရတယ် Massage chair ရှိတယ် ကိုယ်တည်းမယ့်အခန်းကတာ့ ပေ၃၀ လောက်ကျယ်တယ် ရှယ်ပဲ တန်တယ်ဗျ သူက အသစ် ပဲ ဖွင့်တာမကြာသေးဘူး ဟိုတယ်က သံလျှင်တံတားဆင်းဆင်းခြင်းညာဘက်မှာ မြင်ရပါလိမ့်မယ်
အဲဒီမှာမရရင် ဟိုတယ် ဇွဲကပင် နောက် သံလျှင် Resident ဒါတွေ ကောင်းတယ်ဗျ ဈေးကလည်း ၄ သောင်း ၅ သောင်းပဲ သံလျှင် Resident ဆိုရင် River view လေ တော်တော်ကောင်းပါတယ် အဲတာမှမရရင်တော့ Google Search မှာ ရိုက်ပြီး Hpan an hotel လို့သာရိုက်ဗျာ အများကြီးပဲ ကျနော်ညွန်းမှာကတော့ ဒီ ၃ ခုပါပဲ ဈေးသက်သာပြီး အဆင်ပြေတယ် တန်တယ်ဗျာ အဆင့်မြင့်တယ် ကျန်တာတွေ ကတော့ သိပ်မလန်းဘူးဗျ ဈေးကလည်း အဲလောက်တွေ သိပ်မကွာဘူးရယ် ဖားအံ Lounge တို့ဘာတို့ရှိတယ် ဈေးက ဒေါ်လာ၁၃၀ လောက်ပေးရတယ် Good တယ်ပေါ့နော် ကိုယ်က တည်းချင်လဲ ရတာပါပဲ ဒါပေမယ့်သူက ဘားအံနဲ့ နည်းနည်းဝေးတယ် သီးသန့် အနားယူရင် ပိုကောင်းတယ်ထားပါဗျာ
ကဲပြန်စမယ် သီရိဘာအံ ဟိုတယ် မှာအခန်းရပြီပေါ့ဗျာ
နေ့လည်တရေးတမောအိပ် နားပြီး ညနေ နေအေးတာနဲဆက်လည်ပါ ကားမောင်းရတာ ပင်ပန်းတယ်လေ မနားချင်ဘူးဆိုလဲ ဆက်လည်ပေါ့
ကရင်ပြည်နယ် ၌လည်ပတ်သင့်သောနေရာများကတော့
၁...ခရုံဂူ
၂...ဆဒ္ဒန်ဂူ
၃...ကော့ကသောင်ဂူ
၎...ရသေ့ပျံဂူ
၅...ကော့ဂွန်းဂူ
၆...ဘုရင့်ညီဂူ
၇...ကျောက်ကလပ်စေတီ
၈...ဇွဲကပင်တောင်
၉...ဘားအံရွှေယဉ်မျှော်ဘုရား
၁၀...ကျူံထော်ရေတံခွန်
ကျနော့ မြေပုံလေးကိုကြည့်ပါဗျာ ပလန်ဆွဲရအောင်
ပထမဆုံးက ကော့ကသောင် သိပ်တော့မထူးခြား
ဆဒန်ဂူ လှေစီးပြီးဂူလည်
နောက် ကျောက်ကလပ်
ဖားအံကနေ ဘဲဥပုံစပြီး ပတ်ရင် နေရာနှံပါတယ်
နောက်ဆုံးကတော့ ကျောက်ကလပ်ပါ
ညဘက်ကျတော့
ရွေရင်မျှော်ဘုရား သံလျှင်ကမ်းဘေး
နားမှာ ခဏနားပေါ့
လမ်းခရီးတလျှောက် Google.map.လေး နဲ့လစ်ရင် ဘယ်သူမှ မေးစရာမလိုဘူးဗျ
ဆဒန်ဂူ-ကျောက်ကလပ်-ရွေရင်မျှော် ဒီ ၃ ခုကိုတော့ မဖြစ်မနေ သွားဗျာ ဒါက အမှတ်တရ နေရာတွေ မို့ပါ
မြို့ထဲ ပိုင်းကို လည်ရင်း နေ့လည်စာကို အဆင်ပြေသလိုစားပါဗျာ
ညနေစာကိုတော့ ဘာအံမြို့ထဲက သရက်တော ကျောင်းတိုက်ရှေ့ စံမတူ ထမင်းဆိုင်မှာစားပါ ဘားအံ မှာတော့ အကောင်းဆုံးဆိုင်ဖြစ်ပါတယ် ကရင်ရိုးရာ လုံခြည် တို့ သင်တိုင်းတို့ လက်ဆောင်ပေးဖို့ ဝယ်ချင်လဲ စံမတူ ထမင်းဆိုင်ဘေးမှာဝယ်လို့ရတယ် ပြီးရင် ရွေရင်မျှောဘုရား ကိုသွာလည်ပါ ဖူးပါ သွားရတာက လွယ်ပါတယ် ဘားအံ မြို့လည်ခေါင်ကနေ သံ လွင်ဆီကို တည့်တည့်ဆင်းဗျာ သံလွင်ဖြစ်ကမ်းပါးမှာ ညဆို သိပ်လှတာပဲ လေတဖြူးးဖြူးနဲ့ပေါ့
ပြီးရင်တော့ ညအိပ်ပြီပေါ့လေ မနက်ကျရင် နည်းနည်းစောစောထပါဗျ မနက် ၇:၀၀ ဟိုတယ်မနက်စားပြီးတာနဲ့ ကျုံထော်ရေ တံခွန်ကိုစတင်ထွက်ဖို့လုပ်ပါ နေပူရင်မကောင်းဘူး စောစောရောက်လေ ကောင်းလေပဲ ဟိုမှာအချိန် ပိုရအောင်လို့ပါ
စသွားပြီဆိုရင်လမ်းကတော့ ဇွဲကပင်တောင်နောက်နားလောက်ကျကျမှာ ဘားအံ လေပျံကွင်းတိုင်း မြိုင်းကြီးငူ ဘက်ကိုလှည့်ရင်ရပါပြီ ရွေဂွန်း မြိုင်ကြီးငူ ကျုံထော် ထိ ဆိုရင် ဖားအံကနေ ၃ နာရီ မောင်းရမယ် တောင်တက်လမ်းက ခဏပါပဲ မြိုင်ကြီးငူကျော်မှ တောင်တက်ရတာကားသေးသေးလေးတွေ Hijet hondafit အကုန်ရပါတယ် အေးဆေး တက်နိင်တယ်ဗျ လမ်းကတော်တော်ကောင်းလေးတယ် အမြန်ကီလို ၁၀၀ ထိ သွားလို့ရတယ်ဗျာ မြိုင်ကြီးငူ ဆရာတော်ကဖောက်ပေးထားတာလေ အဲလမ်းက ဆက်သွားရင် ထိုင်းနယ်စပ်ထိရောက်တယ် ခိုးလမ်းလို့လဲခေါ်တယ်ဟမဲသဝေါ တို့ ဘာတို့က အဲဘက်မှာပေါ့
အထူးသတိပေးလိုတာက အဲနေရာဟာ မြိုင်ကြီးငှု DKBA အထူးဒေသ နယ်မြေပါ ဘာသာခြားနိင်ငံခြားသားများလုံးဝ အဆင်မပြေပါ ပေးမသွားပါ နောက် သားငါးမစားရ သက်သက်လွတ်နယ်မြေဖြစ်ပါတယ် ကြက်ဥတောင် သယ်မရပါ လမ်းမှာ စစ်ဆေးရေးဂိတ်က မေးပါလိမ့်မယ်
နောက်အရက် အဆိုးဆုံးပါ အရက်ပုလင်းပါရင် လမ်းက တခုထဲသော မြိုင်ကြီးငူမရောက်ခင် ထမင်းဆိုင်လေးတဆိုင် မှာ အပ်ခဲ့ပါ ဆိုင်သေးသေးလေး တဆိုင်ကတော့ ဈေးသက်သာပြီး ကောင်းလဲ ကောင်းတယ် လမ်းညာဘက်ခြမ်းမှာ ဗျ လမ်းမှာ စစ်ဆေးရေးဂိတ်တွေ လက်နက်အစုံလင်နဲ့ တွေ့ရပါမယ် စိတ်ပူရန်မရှိပါ အေးဆေးပါ ပြသနာမရှိ
အဲနယ်ကိုသွားနေရင်းနဲ့တားမြစ်တာတခုခုကိုဖောက်ရင်တော့ ကားကိုပြန်လှည့်ခိုင်းလိမ့်မယ်
ဘားအံကနေ ၃နာရီလောက်မောင်းရင် ကျုံထော်ရေတံခွန်က သိပ်လှပါတယ် တခါတုန်းကပြင်ဦးလွင်က BE fall ဆိုတာထက် အများကြီးပို ကိုလှတယ် ရေဆော့ လိုပိုကောင်းတယ် အဆင်ပြေနိင်စရာလေးက တခု ပြောပြပါမယ် နားစရာတကယ်တော့ ရှားတယ်ဗျ အဲဒီမှာအခါရက်ဆို လူသိပ်များတာ တိုးတိုးလေးပြောပြမယ် တဲတွေ ရဲ့ အလယ်နားမှာ နားနေဆောင်လေး တခုရှိပါတယ် လူတိုင်းတော့ မသိပါဘူး အဲမှာနားပါ တယောက်ကို ၁၀၀၀ ကျပ်ပဲပေးရတယ် ရေထဲ မှာဆောက်ထားတာတဲလေးက အိပ်တောင်ပျော်တယ်ကျနော်ကတော့ သာယာလို့လေ
ကျုံထော်ရေတံခွန်က ဆိုင်တွေက
DKBA မိသားစု ဝင်တွေ ဖွင့်ထားတာပါ သက်သက်လွတ် ဟင်းလျာတွေ ရပါတယ် ကွေ့တယို တို့ ဘာတို့ပေါ့ အသားပုံစံ သက်သက်လွတ်ဟင်းတွေ လဲရှိပါတယ် ဈေးကတော့ ၂၀၀၀ ၃၀၀၀ လောက်ပေါ့ ရေမြင်ရင် အရမ်းပျော်မှာ သေချာပါတယ် မှာချင်တာကတော့ ရေ ကူးဝတ်စုံ နဲ့ ရေ စိုခံ ကင်မရာတွေ ဘာတွေ ရှိရင် ပိုအဆင်ပြေပါတယ်
ဒီရေ တံခွန်မှာ ကျောက်ငါးကြင်းတွေ စိမ်းလဲ့လဲ့ ရေ လေးတွေ တွေ့ရပါမယ် ရေ ကတိမ်ပါတယ် ရေ ကျတဲ့နေရာ အောက်ကိုသွားလို့ရပါတယ် အပေါ်မှာတော့ DKBA တွေ စောင့်ကြည့်နေလိမ့်မယ် စိတ်မသက်သာစရာ ဆိုပေမယ့် အေးဆေးပါ ရေတံ ခွန် ပေါ်ကို ရဟန်းတွေ ပဲ တက်လို့ရပါတယ် အပြင်လူ တွေ မရပါ
ပြန်မယ်ဆိုစောစောတော့လုပ်ပါ ညနေ ၇ နာရီဆို မြိုင်ကြီးငူ ဂိတ်ပိတ်ပါတယ် ညဘက်အိပ်လို့မရပါ ဘုန်ကြီးကျောင်းကိုလျှောက်ကြည့်ရင်ရတယ်လို့တော့ပြောတယ် သေချာတော့ မသိပါ ဖားအံကိုပြန်အိပ်ရပါမယ် မအိပ်ပဲ ရတယ်ဆိုရင့်တော့ နေ့လည် ၁ နာရီလောက်စောစောထွက်ပြီး မော်လမြိုင် ကိုတန်းမောင်းပါ မော်လမြိုင်ကိုတော့ အိမ် ဒုဘက်ကဖြတ်လို့ရသလို သံလွင်တံ တားဘေးကလဲ ရပါတယ်
မော်လမြိုင်ဘက်မှာဆိုရင် စက်စဲ ကမ်းခြေမှာ ညအိပ်ပါ မနက်ရေဆော့ ပြီးရင် နေ့လည်လောက်ဆိုရင် ပြန်ပေါ့လမ်းမှာ ကျိုက်ခမှီရေ လည်ဘုရား ကိုဝင်ပါ မော်လမြိုင် ကိုဝင်လည်ပါ ပြီးရင် လမ်းမှာ ဇင်းကျိုက်ရေ တံ ခွန်ကိုဝင်လည်နိင်ပါတယ် ပြီးရင်တော့ ရန်ကုန်ပြန်ပေါ့ ဒါဆိုနှံပါတယ် ဒီခရီးစဉ်အတွက် အဓိက နေရာကတော့ ကျုံထော်ရေ တံ ခွန်ဖြစ်ပါတယ် ဒီနေရာတော့ရောက်စေချင်တယ် မိုးတွင်းဆိုရင်အဆင်မပြေနိင်ပါ တောင်ကျရေ များပါတယ် လူတွေလဲ မရှိနိင်ပါ
အချိန်ကိုတော့ ၃ ည ၄ ရက်လောက်သွားဗျာ ဒါဆိုစုံတယ်
ကိုယ်က အေးဆေးနာချင်တယ်ဆိုရင်တော့ သိပ် အပင်ပန်း မခံပါနဲ့ ကားလဲ မောင်းရသေးတာဆိုတော့ ချိန်ပေါ့ဗျာ ပိုက်ဆံလဲ သိပ်မကုန်ပါဘူး စားတာ ဘယ်လောက်ကုန်မှာလဲ မသားစုနဲ့ တနပ် တသောင်းပဲထား ၂ရက်ဆို ၄ သောင်း ၁၃၀၀cc ကားနဲ့ ဆီကအပြည့် 2ခါ ဖြည့် အုံး ၃၅၀၀၀ လောက်ပေါ့ ဟိုတယ်က ၄ သောင်းဗျာ ဘာသုံးညာသုံး အုံး တ သိန်း ခွဲ ဆို မိသားစု ၃ ယောက်အေးဆေးပေါ့ ဒါကတော့ တညအိပ် ခရီးလေးပါ စနေ တနင်္ဂနွေလေး သွားလိုက်အေးဆေးပဲ ခရီးက ဘာမှ မဝေးဘူးရယ် နေပြည်တော် သာသာ လောက်ရယ် သွားကြည့်ပါဗျာ ပျော်ဖို့ ကောင်းတယ်
ပုံလေးတွေ 30 လောက်တင်ထားပါတယ် တချို့ပုံတွေ ကတော့ ကျတော် facebook ကနေ ကူးထားတာပါ မသွားခင်လေ့လာတာလေ အခုပြန်တင်ပေးလိုက်ပါတယ် တင်သူအားလုံး Credit ပေးပါတယ်ခင်ဗျာ ပုံများကိုမကူးယူပါရန်
ကျနော် မြေပုံလေးတွေ ပုံလေးတချို့နဲ့ ဟိုတယ်လေးတွေ တင်ပေးပါမယ် ခုချိန် မသွားဖြစ်လဲ ကိုယ်သွားရင်ဒီ Information ကလိုမှာပါ တကယ်ကို လိုအပ်တာလေးတွေပဲ တင်ပြပေးထားတာပါ ခရီးမှာတွေ့ရမယ့် အကြောင်းရာတွေက ရှာဖတ်ရင်ပေါပါတယ် ကျနော်ကတော့ ခရီးမှာ လိုတာပဲ အသားပေးဖော်ပြတာပါ ကျန်တာရှာချင်ရင် fb မှာသာလေ့လာလိုက် အကုန်သိမယ် ကိုယ်သွားဖြစ်ရင် ကိုယ့် Wall.မှာ Share ထားလိုက်ရင် ပြန်ရှာရလွယ်ပါတယ်
ပျော်ရွင်ပါစေခင်ဗျာ ကရင်ပြည်သွားလိုက်အုံး နော့
ကျုံထော်ကို ရောက်အောင်သွားပါ

by နေစေး
https://www.facebook.com/ManRighter/posts/1720450588198772

















Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)