CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 18, 2017
၆ နှစ်အရွယ်မိန်းခလေးငယ် တစ်ဦးအား ဖျားယောင်းသွေးဆောင် ခေါ်ယူသူ တစ်ဦးကို မြောက်ဦးနယ်တွင် ဖမ်းမိ
နိရဉ္စရာ၊ ဧပြီ ၁၉
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နကန်ကျေးရွာမှ ၆ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို သွေးဆောင် ဖျားယောင်း ခေါ်ဆောင်သူ တစ်ဦးကို ရွာသားများက ဖမ်းဆီးပြီး ရဲလက်ကို အပ်လိုက်သည်ဟု သတင်း ရရှိသည်။
ဖမ်းဆီးခံရသူမှာ မြောက်ဦး ထမရာဇ်ရပ်ကွက်တွင် နေထိုင်သူ ခမရ ၃၇၇ မှ ထောင်ကျ၍ ထွက်လာသူ လှကျော်ဆိုသူ ဖြစ်ကြောင်း သိရသည်။
မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က “ သူက ထမရာဇ်ကားဂိတ်ကနေ အဲဒီမိန်းခလေးငယ်ကို မုန့်ပေး ခေါ်ယူသွားပြီးတော့ ဓနိတော တစ်ခု အနားကို အရောက်မှာ င/ခေါ်ရွာက ရွာဘောလုံးပွဲ လာကန်တဲ့ လူငယ်တွေမြင်တော့ ၀ိုင်းဖမ်းကြတယ်။ ညနေ ၆ နာရီလောက်မှ သူ့ကို ဖမ်းမိတယ်” ဟု နိရဉ္စရာသို့ ပြောကြားသည်။
၎င်း ၆ နှစ်အရွယ် အမျိုးသမီးငယ်မှာ ခိုင်ခိုင်စိုး ဖြစ်ပြီး နကန်ကျေးရွာမှ ရွာဆော် ဦးဇော်ဦး၏ သမီးဖြစ်ကြောင်း သိရသည်။
“ အဲဒီ လှကျော်က ဦးဇော်ဦးအိမ်မှာတည်းပြီး အဲဒီကလေးမက ဧပြီ ၁၇ ရက် နေ့လယ် နှစ်နာရီခွဲ လောက်မှာ ခေါ်သွားတယ်။ ကျွန်တော်တို့က နီးစပ်ရာ ရွာတွေကို ဖုန်းဆက်ထားပါတယ်။ တစ်ဖက်ကလည်း လိုက်ရှာတာပေါ့။ ညနေ ၆ နာရီ ခွဲခန့်မှာမှ ဓနိတော တစ်ခုနားမှာ ကုတိုးကူးဖို့ လုပ်နေစဉ် ဖမ်းမိတာပါ” ဟု နကန်ကျေးရွာသား တစ်ဦးဖြစ်သူ ဦးခင်မောင်က ပြောသည်။
လှကျော်မှာ စိတ်မနှံ့သူ တစ်ဦးဖြစ်သည်ဟု ယူဆရကြောင်း၊ ထိုအထဲတွင် အရက်လည်း သောက်ထားကြောင်း၊ မည်သည့် အတွက် မိန်းခလေးငယ်အား ခေါ်ဆောင်သွားသည်ကို မေးမြန်းသော်လည်း တိတိကျကျ မပြောဆိုနိုင်ကြောင်း၊ ရောင်းစားရန် ခေါ်ယူခြင်းလားဟု မေးမြန်းလျှင်လည်း တိတိကျကျ မဖြေနိုင်ကြောင်း ဦးခင်မောင်က ပြောသည်။
“ အဲဒီတော့ လှကျော်ကို ဖမ်းမိပြီးတဲ့နောက် နကန်ကျေးရွာ အုပ်ချုပ်ရေးမှူးဆီကို အပ်ပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးကျတစ်ဆင့် မြောက်ဦးရဲစခန်းကို အပ်လိုက်ပါတယ်။ ဒီနေ့ကြားတာက သူ့ကို ပြန်လွတ်လိုက်ပြီလို့ ကြားပါတယ်” ဟု ဦးခင်မောင်ကဆက်လက် ပြောဆို သည်။
လှကျော်နှင့် ပတ်သက်ပြီး မြောက်ဦးရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ရဲစခန်း တာဝန်ရှိသူ တစ်ဦးက သူတို့ဆီတွင် ဦးလှကျော်ဆိုသူအား ချုပ်နှောင်ထား၍ မရှိကြောင်း ပြန်လည် ဖြေကြား ပြောဆိုသာည်။
Narinjara
https://www.facebook.com/Narinjara
၆ နှစ်အရွယ်မိန်းခလေးငယ် တစ်ဦးအား ဖျားယောင်းသွေးဆောင် ခေါ်ယူသူ တစ်ဦးကို မြောက်ဦးနယ်တွင် ဖမ်းမိ
Reviewed by MP4 YoU
on
April 18, 2017
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment